← Chapters

အင်အားကြီးနဂါးစိမ်းဂိုဏ်း

Vol. 1 Ch. 36

အင်အားကြီးနဂါးစိမ်းဂိုဏ်း

Vol. 1 Ch. 36

သိုင်းလောက

သိုင်းလောကဟူသည် ရှုပ်ထွေးပွေလီလှသည့်အပြင် သိုင်း‌လောကအတွင်းတွင် ဖြစ်ပျက်နေကြသေည အဖြစ်အပျက်များမှာနေ့စဉ်နှင့်အမျှ များပြားလှသည်။

သိုင်းပညာတဟုန်ထိုးမြင့်တက်လာသူမျာစ ၊ အမျိုးမျိုးသောစိန်ခေါ်ပွဲများ ၊ တိုကိပွဲများကြားတွင်အသက်ပေးလိုက်ရသောသိုင်းသမားများ ၊ သိုင်းကျမ်းလုပွဲများ စသည်ဖြင့် မရိုးနိုင်သော ကိစ္စများ နေ့စဉ်နှင့်အမျှဖြစ်ပျက်လှသည်။

ရန်ညိုးများ ၊ ကျေးဇူးတရား၊ အဖြူရောင်သိုင်းသမား ၊ အနက်‌ရောင်သိုင်းသမား လူထူးဆန်းသိုင်းသမားများစသည်တို့မှာလည်း သိုင်းလောကအတွင်းတွင် မပါမဖြစ်အဖြစ်အပျက်များဖြစ်ကြသည်။

နေ့စဉ်နေ့တိုင်းအဖြစ်အပျက်‌အများအပြားဖြစ်ပျက်နေကြသဖြင့် မည်မျှထင်ရှားသောအဖြစ်အပျက်ပင်ဖြစ်စေ အချိန်ကြာလာသည်နှင့် မေ့ပျောက်သွားကြသည်မှာ ဓမ္မတာဖြစ်သည်။

ဆယ့်ရှစ်နှစ်တာကာလအတွင်း အထင်ရှားဆုံးမှာ တဟုန်ထိုးအင်အားကြီးမားလာသည့် နဂါးစိမ်းဂိုဏ်းကြီးပင်ဖြစ်သည်။

နဂါးစိမ်းဂိုဏ်းမှာ ဆန်းကြယ်သည့်သိုင်းသမားတစ်ဦးဖြစ်သော နဂါးစိမ်းဓားသမားသွမ့်ကျန်းမင်၏ ဦးဆောင်မှုအောက်တွင် တစထက်တစ်စ အင်အားကြီးထွားလာခဲ့သည်။

နဂါးစိမ်းဂိုဏ်းမှ အကြီးအကဲများသည်လည်း အဆင့်လွန်သိုင်းသမားများဖြစ်ကြသော လူများသာဖြစ်ကြသည်။

ထိုအဖြစ်ကြောင့် သိုင်းလောကသားများမှာ အလန့်တကြားဖြစ်ရသေးသည်။

အဆင့်လွန်သိုင်းသမားများ များပြားစွာပါဝင်သောတည်‌ထောင်ကာစ နဂါးစိမ်းဂိုဏ်းမှာ သိုင်းလောကရှိမည်သည့် ပထမတန်းစားအဖွဲ့အစည်းအောက်မှ နိမ့်ကျမနေပေ

အံ့ဩဖွယ်ရာကောင်းသည်မှာ နဂါးစိမ်းဂိုဏ်း၏အကြီးအကဲများမှာ လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်က သွမ့်ကျန်းမင်၏လက်အောက်တွင် ရှုံးနိမ့်သွားကြသူများဖြစ်ကြသည်။

နဂါစိမ်းဂိုဏ်းတည်ထောင်ပြီးသည်နှင့် ဂိုဏ်းဝင်များမှာလည်း တဟုန်ထိုးတိုးတက်လာခဲ့သည်။ ထို့ကြောင့်ပင် နေရာအနှံ့နဂါးစိမ်းဂိုဏ်း၏ ဂိုဏ်းခွဲများရှိကြသည်။

များပြားလှသောဂိုဏ်းခွဲများကြောင့်ပင် နဂါးစိမ်းဂိုဏ်းတွင် ဂိုဏ်းခွဲပေါင်း ၃၆၅ခုရှိသည်ဟု သိုင်းလောကတွင် ပြောစမှတ်ပြုကြသည်။

နဂါးစိမ်းဂိုဏ်းမှာ ယခုလိုအင်အားကြီးထွားလာရန်မှာ လွယ်ကူသည်တော့မဟုတ်ခဲ့ပေ ။ မရေမတွက်နိုင်သောတိုက်ပွဲများအားဖြတ်ကျော်ခဲ့ပြီး၍ဖြစ်သည်။

နဂါးစိမ်းဂိုဏ်းတွင် မူလကအကြီးအကဲကိုး‌‌ယောက်ရှိသော်လည်း အကြီးအကဲနှစ်‌‌ယောက်မှာ ဂိုဏ်းအင်အားကြီးထွားစမှာပင် သေဆုံးသွားခဲ့ကြသည်။

ယခုအချိန်တွင်တော့ သိုင်းဝိဇ္ဇာအဆင့်ဂိုဏ်းချုပ် ၊ သိုင်းဝိဇ္ဇာအဆင့်သို့ခြေလှမ်းတစ်ဝက်ဝင်ရောက်နေပြီဖြစ်သော အကြီးအကဲခုနစ်ယောက် ၊ ဂိုဏ်းဝင်အင်အားသောင်းကျော်သည့်နဂါးစိမ်းဂိုဏ်းမှာ သိုင်းလောကတွင် မည်သည့်အဖွဲ့အစည်းကမှ အလွယ်တကူရန်မစရဲသည့်ဂိုဏ်းကြီးတစ်ခုဖြစ်နေပြီဖြစ်သည်။

သိုင်းလောကရှိ အမျိုးမျိုးသောတိုက်ခိုက်မှုများကြားမှ မယိုင်မလဲကြံ့ကြံ့ခံနိုင်ခဲ့သောကြောင့် ယခုလိုဂိုဏ်းကြီးတစ်ခုဖြစ်လာခဲ့ခြင်းပင်။

နဂါးစိမ်းဂိုဏ်းကြီးမှာ သိုင်းလောကရှိ မလိုလားသူအချို့မှ အပုတ်ချသည့်အချိန်များကိုလည်း ကျော်ဖြတ်ခဲ့ရသေးသည်။

ထိုစဉ်က သွမ့်ကျန်းမင်မှာ သိုင်းလောကအားအုပ်စိုးလိုလိမ့်မည်ဟူသောကောလဟာလများကျယ်ကျယ်လောင်လောင်ထွက်လာခဲ့သေးသည်။

ထိုစဉ်က သိုင်းလောက၏‌နေရာအနှံ့တွင် နဂါးစိမ်းဂိုဏ်းအားဝေဖန်မှုများရှိလာကာ ဂိုဏ်းဝင်များသည်လည်း သဘောထားကွဲခဲ့ကြသည် ။

ထို့ကြောင့်ပင် ဂိုဏ်းပြိုကွဲတော့မလိုပင်ဖြစ်ခဲ့သေးသည်။ ကောလဟာလများ၏အစွမ်းမှာ လွန်စွာကြောက်မတ်ဖွယ်ကောင်းသေးသည်။

နောက်ပိုင်းတွင် သွမ့်ကျန်းမင်မှ သူ၏ဖခင်မှာ သမာဓိသိုင်းသမားသွမ့်ဟူဖြစ်ကြောင်းကိုဖော်ပြခဲ့သည့်အပြင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှဂိုဏ်းချာပ်များကပါ ကူညီ၍ရှင်းပြခဲ့သောကြောင့် ထိုကေယလဟာလများရပ်တန့်သွားကာ ပြောဆိုနေကြသူများလည်း ပါးစပ်ပေါက်ပိတ်သွားကြသည်။

မည်သို့သောဟာသမျိုးနည်း။ သွမ့်ဟူ၏သားမှ သိုင်းလောကအား မကောင်းသောရည်ရွယ်ချက်ရှိသည်ဟုဆိုပါက သိုင်းလောကအတွင်းတွင် မည်သူမှကောင်းသောရည်ရွယ်ချက်ရှိမနေနိုင်ပေ ။

သို့တိုင်အောင် သွမ့်ကျန်းမင်၏ခြေလှမ်းအမှားကို မျက်ခြေမပျက်စောင့်ကြည့်နေကြသူများ ရှိနေဆဲပင် ။

သွမ့်ကျန်းမင်မှလည်း ထိုသူများအား ဂရုစိုက်မနေဘဲ အလုပ်ဖြင့်သက်သေပြခဲ့သည်။

အဖြူအနက်ညီညွတ်ရေးကို ဦးစားပေးသည်။ ပြဿနာတစ်ခုခုရှိလာပါက ဘက်မလိုက်ဘဲမှန်ကန်စွာဖြေရှင်းပေးသည် ။

ဂိုဏ်းကြီးများအကြားမှ ဆက်ဆံရေးကောင်းမွန်‌စေရန်လည်း ကြားနေ၍ကြိုးပမ်းပေးခဲ့သည်။ ထို့ကြောင့်ပင် သွမ့်ကျန်းမင်အား ဒုတိယသမာဓိသိုင်းသမားဟုပင် ပြောဆိုကြသည်။

ယခုနှစ်များအတွင်း သွေးချောင်းစီးတိုက်ပွဲဟူ၍ မရှိသလောကနည်းပါးကာ ငြိမ်းချမ်းနေသည်။

မည်သို့ပင်ဖြစ်စေ ယခုဆယ်နှစ်အတွင်းမှာ နဂါးစိမ်းဂိုဏ်းကြီးစိုးသည့်ကာလဖြစ်ကာ နှစ်တစ်ရာအတွင်း အအေးချမ်းဆုံးကာလဟုပင် ပြောစမှတ်ပြုကြသည်။

နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်

နဂါးအိမ်တော်

ခြံအနောက်ဘက်ရှိ မြေကွက်လပ်တွင် အသက်ဆယ့်ခြောက်နှစ်ခန့်ရှိမည့်မိန်းကလေးတစ်ဦး သိုင်းလေ့ကျင့်နေသည်။

သူမ၏ခန္တာကိုယ်လေးမှာ လေထဲတွင်ဝေ့ကာဝိုက်ကာဖြင့် လှပစွာရွေ့လျားလျက်ရှိသည်။

မိန်းကလေးမှာ အသက်ဆယ့်ခြောက်နှစ်ခန့်သာရှိသေးသော်လည်း အဖုအထစ်၊ အကွေ့အကောက်များဖြင့် ခန္တာကိုယ်အချိုးအစားလှပလှသည်။

အချိုးအစားကျသော ခန္တာကိုယ်လေးပေါ်တွင် လှပသောပန်းရောင်ဝတ်စုံလေးဖြင့် နတ်သမီးလေးတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။

သူမ၏မျက်နှာလှလှလေးမှာ ဖြူဝင်းသောအသားအရေ၊ ဇင်‌ယော်တောင်ကဲ့သို့မျက်ခုံးလေးနှစ်ဖက်နှင့် အရည်လဲ့နေသောမျက်ဝန်းလှလှလေးတို့ဖြင့် ပနံသင့်လျက်ရှိသည်။

မျက်ဝန်းလှလှလေး၏‌ အောက်တွင် ဖြောင့်စင်းနေသောနှာတံလေးနှင့် နီထွေးသောနှုတ်ခမ်းပါးတိုါရှိသည် ။

သူမ၏မျက်နှာလေးမှာ အသေးစိတ်ချယ်မှုန်းထားသော ပန်းပုရုပ်ကဲ့သို့ လွန်စွာလှပနေသည်။

သူမ၏အလှမှာ ထိတ်တန်းအလှမျိုးဖြစ်ကာ အရွယ်ကောင်းစွာမရောက်သေးသော်လည်း လွန်စွာလှပနေသည်။

သူမသာအရွယ်ရောက်၍ အစွမ်းကုန်လှပသည့်အချိန်ရောက်ပါက သူမ၏အလှကြောင့် လှပသော ပန်းလေးများပင်ငိုကြွေးရပေလိမ့်မည်။

သူမ၏လက်ထဲမှဓားသည်လည်း လက်တစ်ချက်လှုပ်သည်နှင့် အရိပ်များထွက်ပေါ်လာကာ သူမ၏လှပမှုကို အားဖြည့်ပေးနေသည်။

သူမ၏ဘေးတွင်မူ အသက်လေးဆယ်ကျော်အရွယ်ခန့်ညားသောလူတစ်ယောက်မှ လက်နှစ်ဖက်နောက်ပစ်ကာ ရပ်နေသည်။

သူ၏ခါးတွင်မူ အစိမ်းရောင်ဓားတစ်ချောင်းရှိသည်။ သိုင်းလောကတွင် ထိုဓားပိုင်ရှင်မှာ တစ်ဦးတည်းရှိကာ နဂါးစိမ်းဂိုဏ်း၏ဂိုဏ်းချုပ်သွမ့်ကျန်းမင်ဖြစ်သည်။

အချိန်အ‌တော်ကြာပြီးနောက် မိန်းမလှလေးမှ သိုင်းလေ့ကျင့်ခြင်းအား ရပ်တန့်လိုက်ကာ သွမ့်ကျန်းမင်၏အနီးသို့ ခုန်ပေါက်၍ရောက်လာသည်။

" ဖေဖေ သမီးရဲ့သိုင်းပညာကဘယ်လိုလဲ "

မိန်းကလေးမှ ပျော်ရွှင်စွာမေးလိုက်သည် ။ သူမအနေဖြင့် ဆယ့်သုံးနှစ်လုံးလုံး တောင်ပေါ်တွင်သိုင်းပညာသင်ကြားနေပြီးသည့်နောက်တွင် ပထမဆုံးအကြိမ်အဖြစ် အိမ်ပြန်ခွင့်ရခြင်းဖြစ်သည် ။

သွမ့်ကျန်းမင်မှ သူ၏သမီးချောအားကြည့်ကာပြုံးလိုက်သည်။

" သမီးကို ‌အော့မေ့ဂိုဏ်းချုပ်ကြီးကိုယ်တိုင်သိုင်းပညာသင်ကြားပေးထားတာပဲ ။ အဖေကဘာပြောရဦးမှာလဲ ။

အခုဆို သမီးရဲ့သိုင်းပညာက ထိပ်တန်းအဆင့်ကိုရောက်နေပြီ။ သိုင်းလောကရဲ့လူငယ်မျိုးဆက်ကညအထူးချွန်ဆုံးဆိုတဲ့လူတွေထဲမှာပါတယ် "

သွမ့်ကျန်းမင်၏စကားကြောင့် မိန်းမလှလေးမှ ဂုဏ်ယူစွာပြုံးလိုက်သည်။

ထိုမိန်းမလှလေးမှာ နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်၏သမီး သွမ့်ရှင်းရှောင်ဖြစ်သည်။

နဂါးစိမ်းဂိုဏ်း၏သခင်မလေးဖြစ်သည့်အပြင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှအော့မေ့ဂိုဏ်းချုပ်၏ တပည့်မဖြစ်သဖြင့် သိုင်းလောကတွင်ကျော်ကြားသည် ။

သူမ၏အလှနှင့်သိုင်းပညာမှာ သိုင်းလောကလူငယ်များအကြားတွင် ရေပန်းစားလေသည်။ သူမ၏နောက်ခံအင်အားမှာလည်း တောင့်တင်းလှသဖြင့် သူမအားကြိုက်နှစ်သက်သူများမှာ မရေမတွက်နိုင်ကြပေ ။

သို့ရာတွင် သူမ၏ထူးချွန်မှုမှာ တော်ရုံတန်ရုံလူအား သိမ်ငယ်သွားစေသကဲ့သို့ တပည့်များအား လွန်စွာကာကွယ်ပေးတက်သည့် သိုင်းလောကထဲတွင်ဒေါသအိုးဟုနာမည်ကြီးသော သူမ၏ဆရာကြောင့် သူမအားပေါ်တင်လိုက်ဝံ့သူဟူ၍ အနည်းငယသာရှိသည်။

ထိုလူငယ်များသည်လည်း သိုင်းလောကမှလူငယ်မျိူးဆက်တွင်တွင် နာမည်ကျော်သိုင်းသမားလူငယ်များဖြစ်ကြသည် ။

သိုင်းပညာထူးချွန်ပာနှင့်ရုပ်ရည်ချော‌မောသူ လူငယ်များစွာ သူမအားကြိုက်နှစ်သက်ကြသော်လည်း သူမကမူ ထိုလူငယ်များအား တုံ့ပြန်ခြင်းမပြုဘဲ ယဉ်ကျေးစွာပင်ငြင်းပယ်လေ့ရှိသည်။

တစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ သူမ၏အသည်းနှလုံးအား လှုပ်ယမ်းနိုင်သူ ပေါ်ပေါက်လာမည်ဖြစ်သည်။

သို့သော် ယခုအချိန်ထိတော့ သူမ၏နှလုံးသားအား လှုပ်ရှားအောင် ဆောင်ရွက်နိုင်သူ မရှိသေးပေ။

" ဟေ့ ဟိုသားအဖတွေ နေ့လည်စာစားမယ်လေ။ သမီးကလည်း စံအိမ်ကိုအလည်ပြန်ရောက်တုန်း အမေ့ဆီကောလာပါဦး "

စံအိမ်တွင်းမှထွက်လာသည့် အသက်သုံးဆယ်ကျော်အရွယ် လှပသည့်အမျိုးသမီးမှပြောလိုက်သည်။

" မဟုတ်ပါဘူး‌အမေရဲ့ သမီးကမေ့မေ့ကိုပိုချစ်တာ ။ အခုကသိုင်းပညာအကြောင်းဆွေးနွေးနေတာ "

သွမ့်ရှင်းရှောင်မှာ ထိုစကားကြောင့် သူမ၏မိခင်ဆီသို့သွားကာ ချွဲနွဲ့လိုက်သည်။ ‌

သွမ်းကျန်းမင်မှာ ယခုအချိန်ထိအနည်းငယ်ကလေးဆန်နေသေးသော သူ၏ဇနီးယိတုရှောင်အားကြည့်ကာ ပြုံးလိုက်မိသည်။

-----------------------------------------------

All Chapters