တောအုပ်ထဲမှဝင်္ကပါများ
Vol. 1 Ch. 37
နံနက်ခင်းတွင် နေမင်းကြီးမှာ သူ၏တာဝန်ကိုကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။ နွေးထွေးသောနေရောင်ခြည်များမှာ ဓားစံအိမ်၏ရှေ့မြေကွက်လပ်သို့ ဖြာကျနေသည်။
မြေကွက်လပ်ထဲတွင် လူငယ်သုံးယောက်ရပ်နေသည်။ သုံးဦးစလုံးအသက်နှစ်ဆယ်ကျော်အရွယ်များဖြစ်ကြကာအကြီးဆုံးလူငယ်မှာအသက်သုံးဆယ်နားသို့ပင် ကပ်နေပြီဖြစ်သည်။
ထိုလူငယ်မှာ ကြံခိုင်တောင့်တင်းသောခန္တာကိုယ်ရှိကာ ပွင့်လင်းရိုးသားသည့်မျက်နှာရှိသည်။
သူ၏နောက်ကျောတွင် အသွားဗျက်ကျယ်သည့်ဓားတစ်လက်အား အဝတ်ထုပ်တစ်ထုပ်နှင့်အတူသိုင်းလွယ်ထားသည်။
သူ၏ပုံစံမှာ ခရီးတစ်ခုခုအားထွက်တော့မည့်ပုံဖြစ်သည်။
သူ၏ဘေးမှလူငယ်လေးမှာ အသက်နှစ်ဆယ့်ခြောက်နှစ့်ခန့်ရှိကာ ရုပ်ရည်ချောမော၍ ပိန်ပိန်ပါးပါးဖြင့် ခန္တာကိုယ်အားနည်းပုံရသည် ။
ထိုလူငယ်မှာ နက်မှောင်နေသည့်မျက်ဝန်းများဖြင့်ခရီးထွက်တော့မည့်လူငယ်အားကြည့်ကာ စကားအနည်းငယ်ပြောနေသည်။
ထိုလူငယ်နှစ်ဦးမှာ သိုင်းပညာပြည့်စုံ၍ သိုင်းလောကသို့ဆင်းမည့် ရှောင်ကျန်းမင်နှင့် ထင်းရှီတို့ဖြစ်သည်။
ရှောင်ကျန်းမင်မှာ လွန်ခဲ့သည့်တစ်လက သူ၏လေပြင်းမုန်တိုင်းဓားသိုင်းအားအဆင့်ကုန်ေလေပြင်းမုန်တိုင်းဓားသိုင်းအားအဆင့်ကုန်အောင်မြင်ခဲ့ပြီးဖြစ်ကာ စံအိမ်သခင်၏စမ်းသက်မှုကိုလည်းအောင်မြင်ခဲ့သည်။
ထို့ကြောင့် ယနေ့သိုင်းလောကအတွင်းသို့ အတွေ့အကြုံရရန်အတွက် ဆင်းတော့မည်ဖြစ်သည်။
ထင်းရှီနှင့် ထင်းရှောင်ယင်မှာ သူတို့၏အစ်ကိုကြီးအား သိုင်းလောကအတွင်းသို့ မဆင်းစေလိုပေ ။ ဓားစံအိမ်တည်ရှိခဲ့သည့်အချိန်မှစ၍ သိုင်းလောကအတွင်းသေဆုံးသွားကြသူများလည်း မနည်းမနောပင်။
ထို့ကြောင့် သူတို့ရှောင်ကျန်းမင်အတွက် အနည်းငယ်စိုးရိမ်မိကြသည် ။
ထင်းရှီမှာ သူ၏အစ်ကိုကြီးကို ဆောင်ရန်ရှောင်ရန်များအား မှာကြားနေသည်။
လွန်ခဲ့သည့်ဆယ်နှစ်
ကျိဟွာသေဆုံးသွားပြီးသည့်အချိန်မှစ၍ ရှောင်ကျန်းမင်နှင့်ထင်းရှီတို့မှာ တစ်ဦးအပေါ်တစ်ဦးမှီခိုခဲ့ရသည်။
သူတို့နှစ်ဦး၏သံယောဇဉ်မှာ သွေးသားအရင်းအချာထက်ပက် ခိုင်မြဲသေးသည်။ ထို့အတွက်ကြောင့်လည်း ထင်းရှီမှာ သူ၏အစ်ကိုကြီးကို အနည်းငယ်စိတ်မချဖြစ်နေသည်။
ရှောင်ကျန်းမင်မှာ ပွင့်လင်းရိုးသားသော်လည်း သိုင်းလောကအတွင်း၌ သူ၏ရိုးသားပွင့်လင်းမှုက အနည်းငယ်စိုးရိမ်စရာဖြစ်နေသည်။
သိုင်းလောကမှာ ဖြောင့်မတ်မှန်ကန်ကာ ကတိတစ်လုံးကိုအသက်ထက်တန်ဖိုးထားသော ၊ ကိုယ်ကျိုးကိုမကြည့်ဘဲ အများအကျိုးကိုရှေးရှူတတ်သော သိုင်းသမားများစွာရှိသကဲ့သို့ ဘယ်သူသေသေငတေမာလျှင်ပြီးရောဆိုသည့်သိုင်းသမားများကလည်း ဒုနှင့်ဒေးပင်။
ထိုလူများမှာ ဝံပုလွေထင်ကောက်ကျစ်ကာ သားရဲများထက်ရက်စက်ကြမ်းကြုတ်ကြသည်။ သူတို့၏
ကောင်းကျိုးအတွင် မည်သူ့ကိုချနင်းရသည်ပင်ဖြစ်စေ သူတို့နင်းခြေကြမည်ဖြစ်သည်။
ထင်းရှီမှာ သူကိုယ်တိုင်သိုင်းလောကအတွင်းမဆင်းဖူးသော်လည်း သိုးထိန်းကြီး၏သင်ပြမှုများကြောင့် သိုင်းလောကအတွင်းမှဗဟုသုတများအား လွန်စွာနှံ့စပ်နေပြီဖြစ်ကာ သူ၏ဉာဏ်ရည်ထက်မြတ်မှုကလည်း သိုးထိန်းကြီးပင်ချီးကျူးရသည်။
အထီးကျန်ဓားသိုင်းကျမ်းကို သူအောင်မြင်ပြီးသည့်အချိန်မှ သိုင်းလောကအတွင်းအတူဆင်းရန်ပြောခဲ့သော်လည်း ရှောင်ကျန်းမင်မှ ငြင်းပယ်သောကြောင့် သူမည်သည့်အရာမှမတတ်နိုင်တော့ပေ။
ထို့အတွက် ရှောင်ကျန်းမင်အား များစွာမှာကြားနေရခြင်းဖြစ်သည်။
သူတို့နှစ်ဦး၏ဘေးမှ အသက်နှစ်ဆယ်ကျော် မိန်မပျိုမှာမူ သူမ၏မျက်ဝန်းများအနည်းငယ်စိုစွတ်နေကာ ကြံခိုင်သည့်လူငယ်အား စိုးရိမ်သည့်အကြည့်ဖြင့်ကြည့်နေသည်။
လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်ကျော်က တစ်ရွာလုံးအားဗိုလ်ကျကာ စိတ်ဆိုးလျှင်အော်ဟစ်ငိုယိုတတ်သည့်ကလေးမလေးမှာ လွန်စွာလှပသည့်မိန်းမပျိုလေးတစ်ယောက်ဖြစ်နေပြီဖြစ်သည်။
သူမလည်း ရှောင်ကျန်းမင်အား သိုင်းလောကအတွင်းသို့မသွားစေလိုပေ။ သူမ၏အစ်ကိုကြီးတစ်ယောက်လိုချစ်ခင်သောရှောင်ကျန်းမင်အားတစ်စုံတစ်ခုဖြစ်မည်ကို သူမ မလိုလားပေ။
ဟိုကောင်စုတ်ထင်းရှီဆိုလျှင်တော့ ဤမျှစိုးရိမ်မိမာ်မဟုတ်ပေ။ ထင်းရှီမှာ လွန်စွာဉာဏ်များကာ အရာအတော်များများအား နှံ့စပ်ကျွမ်းကျင်သည့်မဟုတ်လား ။
ရှောင်ကျန်းမင်မှာ သူ့အားမခွဲခွာလိုသည့်အပြင် သူ့အတွင်စိုးရိမ်နေကြသည့် ပညာသင်ဖက်ညီနှင့်ညီမအားကြည့်ကာ သူ၏ရင်ထဲတွင်နွေးထွေးသွားသည်။
စံအိမ်အတွင်းမှ ထင်းချီယင်လျှောက်လာသည်။ ရှောင်ကျန်းမင်တို့သုံးယောက်လည်း သူတို့၏ဆရာအားကြည့်လိုက်ကြသည်။
ထင်းချီယင်မှာ လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်ခန့်ကလိုပင် ဘာမှပြောင်းလဲခြင်းမရှိပေ။ သို့သော် သူ၏ဆံပင်တစ်ချို့ မီးခိုးရောင်ပြောင်းနေပြီဖြစ်ကာ မျက်နှာတွင် အရေးအကြောင်းအချို့ပေါ်နေပြီဖြစ်သည်။
" ရှောင်ကျန်းမင် မင်းကဒီနေ့သိုင်းလောကကထဲကိုဆင်းရတော့မယ် "
ထင်းချီယင်မှစကားပြောလိုက်သည်။ ရှောင်ကျန်းမင်လည်း သူ့ဆရာ၏စကားကို အလေးအနက်ထားကာနားထောင်နေသည်။
" သိုင်းလောကထဲကိုဆင်းပြီးရင် သုံးနှစ်အတွင်း မင်းကြိုက်နှစ်သက်ရာလုပ်နိုင်တယ်။ မင်းရဲ့ဓားပညာတိုးတက်ချင်ရင် ဓားသမားတွေကိုလိုက်ပြီးစိန်ခေါ် ။
ဒါမှမဟုတ်ရင် အပြင်ဘက်လောကကြီးမှာ မင်းခြေဆန့်ကြည့်လိုက်။ အဲဒီအခါ အပြင်လောကကြီးက ဘယ်လောက်ကျယ်ပြန့်တယ်ဆိုတာသိရလိမ့်မယ်။
သုံးနှစ်ပြည့်ရင် စံအိမ်ကိုပြန်လာချင်ရင်လာခဲ့ ။ ဒါမှမဟုတ်ရင် အပြင်ဘက်လောကမှာဘဲ နေမယ်ဆိုရင်လဲရတယ် ။
တစ်ခုတော့ရှိတယ် ။ အပြင်လောကမှာ မင်းကဓားစံအိမ်နဲ့ပတ်သတ်ပြီး တစ်စုံတစ်ရာထုတ်ဖော်ပြောလို့မရဘူး။
ပြီးတော့ မင်းကသုံးနှစ်အတွင်းမှာ စံအိမ်ကိုပြန်ရောက်မလာရင် မင်းဘယ်တော့မှပြန်လာလို့ရမှာမဟုတ်တော့ဘူး "
ထင်းချီယင်မှ တိုတိုတုတ်တုတ်သာမှာသည်။ သူ၏တပည့်မှာ မိမိလုပ်ဆောင်ရမည့်အကောင်းအဆိုးကို ခွဲခြားသိကြောင်းကို သူသိသည်။
ရှောင်ကျန်းမင်လည်း
ထို့နောက် သူတို့နှစ်ယောက်စလုံးအား သူ၏ကျယ်ပြန့်သည့်ရင်ခွင်ထဲတွင် ဖတ်ထားလိုက်သည်။
ထိုအခါမှ ထင်းရှောင်ယင်မှာ ရှောင်ကျန်းမင်၏ရင်ခွင်ထဲတွင် အီး ခနဲငိုချလိုက်သည်။ ထင်းရှီလည်း သူ၏မျက်ဝန်းထောင့်စွန်းများ အနည်းငယ်စိုစွတ်နေသည်ကို သတိမိသည်။
ရှောင်ကျန်းမင်ကိုယ်တိုင်လည်း အနည်းငယ်မျက်ရည်ဝဲနေမိသည်။
ထင်းချီယင်မှာမူ သံယောဇဉ်ကြီးမားလှသည့် သူ၏တပည့်သုံးဦးအားကြည့်ကာ ဘာမှမပြောဘဲ အသာပြုံးနေသည်။
ရှောင်ကျန်းမင်မှ သူ၏ပညာသင်ဖက်ညီနှင့်ညီမအား ဆွဲခွာလိုက်သည် ။
" ကဲကဲ တော်ကြတော့ အစ်ကိုကြီးကပြန်မလာမှာလဲမဟုတ်ဘဲနဲ့ "
ရှောင်ကျန်းမင်၏စကားကြောင့် သူတို့ပြုံးလိုက်မိကြသည်။ ရှောင်ကျန်းမင်မှဆက်ပြောလိုက်သည်။
" ငါသိုင်းလောကထဲကပြန်လာရင် မင်းတို့ရဲ့ဆက်ဆံရေးဒီ့ထက်ပိုပြီးတိုးတက်တာကိုမြင်ချင်တယ် "
ရှောင်ကျန်းမင်၏စကားကြောင့် ထင်းရှောင်ယင်မှ မျက်နှာနီရဲသွားကာအော်ဟစ်လိုက်သည် ။
သူမ၏အပြုအမူကြောင့် ထင်းရှီနှင့်ရှောင်ကျန်းမင်တို့မှာ ပြိုင်တူရယ်မောလိုက်ကြသည်။
" ဟေ့ ကောင်မလေး ငါကမင်းတို့သင့်သင့်မြတ်မြတ်နေလို့ပြောတာလေ ။ နင်ကဘာတွေစဉ်းစားနေတာလဲ "
ရှောင်ကျန်းမင်မှ ဆက်လက်စနောက်လိုက်ငောကြောင့် ထင်းရှောင်ယင်မှာ မျက်နှာထားစရာနေရာပင်မရှိတော့ပေ။
နီရဲနေသောမျက်နှာလေးနှင့်ရှက်သွေးဖြန်းနေသောသူမမှာ လွန်စွာ ဆွဲဆောင်မှုရှိနေသည် ။
ထို့နောက် ရှောင်ကျန်းမင်မှ သူမအားစနောက်နေခြင်းအားရပ်တန့်ကာ တည်ကြည်သောမျက်နှာဖြင့်ပြောလိုက်သည်။
" ဆရာ ကျွန်တော်အဆင်သင့်ဖြစ်နေပြီ "
သူ၏စကားကြောင့် ထင်းချီယင်မှ အိမ်ရှေ့မှလျှောက်လာကာ ရှောင်ကျန်းမင်အား ဦးဆောင်ခေါ်သွားသည်။
ဓားစံအိမ်မှ ပြင်ပသို့ထွက်ခွာသည်မှာ ဝင်္ကပါများအားဖြတ်ကျော်ရန်လိုအပ်သေးသည်။ ထို့ကြောင့် ထင်းချီယင်မှ ဦးဆောင်ကာခေါ်သွားခြင်းဖြစ်သည်။
ဝင်္ကပါတောအုပ်မှာ နာမည်နှင့်လိုက်အောင် သဘာဝမှဖန်တီးထားသည့်ဝင်္ကပါများနှင့် ဓားစံအိမ်၏ဘိုးဘေးများဖန်တီးထားသည့်ဝင်္ကပါများရှိကြသည်။
ပြင်ပမှလူတစ်ယောက်အနေဖြင့် ဓားစံအိမ်အားရောင်ရှိရန်မဖြစ်နိုင်ပေ။ ဓားစံအိမ်မှလူပင် ထိုဝင်္ကပါများအား ဖြတ်ကျော်နိုင်စွမ်းမရှိကြပေ ။
ဝင်္ကပါပညာတွင်လွန်စွာထူးချွန်သူများသာ ဖြတ်ကျော်၍ရနိုင်ပေမည်။
ဓားစံအိမ်၏ဘိုးဘေးမှာ လိုက်စားသည့်လူနည်းပါးသည့်ဝင်္ကပါပညာအား နှစ်သက်သည်။ သူကိုယ်တိုင်လည်း လွန်စွာထူးချွန်သောဝင်္ကပါပညာရှင်တစ်ဦးဖြစ်သည်။
ထို့ကြောင့်ပင် ဝင်္ကပါအထပ်ထပ်အားကျော်ဖြတ်ကာစံအိမ်သို့ရောက်လာသူများမှာ အရမ်းကြီးမမြင့်မားသည့်တစ်စုံတစ်ရာကို တောင်းဆိုခွင့်ပြုထားခြင်းဖြစ်သည်။
သုံးနှစ်ပြည့်သည့်အချိန်တွင်လည်း ထင်းချီယင်မှ ဝင်္ကပါတောအုပ်၏အစပ်တွင် ဆယ်ရက်တိုင်တိုင်စောင့်နေမည်ဖြစ်သည်။
သုံးနှစ်ပြည့်ပြီး၍ ဆယ်ရက်လွန်သည်အထိရောက်မလာသူမှာ ဓားစံအိမ်သို့ ဝင်ခွင့်ရတော့မည်မဟုတ်ပေ။
ဝင်္ကပါတောအုပ်မှ ဝင်္ကပါများအား စံအိမ်သခင်တစ်ဦးသာ သိခွင့်ရသည်။ ဓားစံအိမ်နှင့်ဓားကျေးရွာမှလူများမှာ သိုင်းလောကအတွင်း တစ်ကြိမ်သာဆင်းခွင့်ရှိသော်လည်း စံအိမ်သခင်မှာမူချွင်းချက်ဖြစ်သည်။
သို့သော် စံအိမ်သခင်တိုင်းမှာ သိုင်းလောကသို့ အကြိမ်အနည်းငယ်သာ ဆင်းလေ့ရှိသည်။
ရှောင်ကျန်းမင်လည်း သူ၏နောက်ကျောအားကြည့်နေကြသောထင်းရှီနှင့် ထင်းရှောင်ယင်အား လှည့်မကြည့်ဘဲလက်ပြကာ သူ့ဆရာ၏နောက်သို့လိုက်သွားလိုက်သည်။
သူ၏သိုင်းလောကခရီးမှာမည်သို့ရှိဦးမည်ဆိုသည်ကိုတော့
---------------------------------------------