← Chapters

မြေကြွက်ဝမ်ဟို

Vol. 1 Ch. 40

မြေကြွက်ဝမ်ဟို

Vol. 1 Ch. 40

ရှောင်ကျန်းမင်နှင့် ဝမ်ဟိုမှာ သူတို့အနားသို့ရောက်လာသူအားမော့ကြည့်လိုက်သည်။ ထိုလူမှာ အသက်သုံးဆယ်ကျော်ခန့်ရှိကာ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

" မိတ်ဆွေ ဘာလုပ်တာလဲ "

ဝမ်ဟို၏နာကျင်နေသောအမူအယာကြောင့် ရှောင်ကျန်းမင်မှာ မျက်မှောင်ကြုတ်ကာမေးလိုက်သည်။

ထို့နောက် ဝမ်ဟို၏ပခုံးကိုဆုပ်ကိုင်ထားသောထိုလူ၏လက်အား ဖယ်ရန်ဆုပ်ကိုင်လိုက်သည်။

ထိုလူမှာ ဝမ်ဟို၏ပခုံးအား အတွင်းအားသုံး၍ဆုပ်ကိုင်ထားပုံရသည်။ ထို့ကြောင့် ဝမ်ဟိုမှာ နာကျင်နေသော်လည်း လွယ်လွယ်နှင့်ဖယ်မရပေ ။

ရှောင်ကျန်းမင်လည်း တစ်ချက်ပြုံးလိုက်ကာ ထိုလူ၏လက်အားအသာအယာဖယ်လိုက်သည် ။

မျက်စိဖြင့်ကြည့်လျှင်လွယ်သူသည်ဟုထင်ရသော်လည်း ရှောင်ကျန်းမင်၏ဆုပ်ကိုင်ခြင်းကို တခဏခံလိုက်ရသောလူမှာ မျက်စိမျက်နှာပျက်သွားသည်။

ရှောင်ကျန်းမင်၏လက်မှာ သူ၏လက်အာစ ပြုတ်တူကြီးဖြင့်ညှပ်ထားသလိုခံစားလိုက်ရသည်။ ထို့ကြောင်မည်မျှပင်အတွင်းအားထည့်၍ရုန်းကန်စေကာမူ ရုန်းကန်၍မရပေ။

သို့သော် ရှောင်ကျန်းမင်မှ ပြန်လွှတ်ပေးလိုက်သည်။ ထိုလူမှာ လက်ကောက်ဝတ်အားပွတ်ကာပြောလိုက်သည်။

" ငါ့ညီကလည်း ပညာရှင်ပါလား "

ထိုလူ၏စကားကြောင့် ရှောင်ကျန်းမင်မှာ အသာပြုံးလိုက်သည်။ ရှောင်ကျန်းမင်၏ဆုပ်ကိုင်မှုကြောင့် ထိုလူ၏လက်ကောက်ဝတ်တွင် အနီအစင်းကြီးငါးလု ကျန်နေခဲ့သည်။

" ကျုပ်က သာမန်သိုင်းသမားလေးတစ်ယောက်ပါ ။ အခု ခင်ဗျားက ဘာလို့အစ်ကိုဝမ်ဟို့ကို အနိုင်ကျင့်လိုက်တာလဲ "

ရှောင်ကျန်းမင်၏စကားဆုံးသည်နှင့် ဘေးတွင်ထိုင်နေသာဝမ်ဟိုမှာ ထရပ်လိုက်ကာ ရှောင်ကျန်းမင်အား အကြိမ်ကြမ်ဦးညွှတ်လိုက်သည်။

ရှောင်ကျန်းမင်နှင့် ထိုလူနှစ်ယောက်၏အဖြစ်အပျက်ကို ဆိုင်ထဲမှလူများမှာ သတိမထားမိကြပေ။ ဝမ်ဟိုမှာ သူတို့နှင့်အနီးဆုံးတွင်ရှိနေသူဖြစ်သည့်အတွက် ဖြစ်စဉ်အစအဆုံးအားသိလိုက်သည်

ထို့အပြင် ရှောင်ကျန်းမင်၏ခွန်အားကိုလည်း ခန်ြမှန်းမိသောကြောင့် အကြိမ်ကြိမ်အရိုအသေပြုလိုက်ခြင်းဖြစ်သည်။

" အစ်ကို ဟူကျုပ်ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပါ "

ထို့‌နောက် ဝမ်ဟိုမှ ထိုလူကိုလည်း အရိုအသေပေး၍ ဆိုင်အတွင်းမှ အလျှင်အမြန်ထွက်သွားလိုက်သည်။

ထိုလူမှာဝမ်ဟို၏နောက်အားလိုက်ရန်ပြင်လိုက်သေးသည်။ သို့သော် မလိုက်ဖြစ်လိုက်ပေ။

ဝမ်ဂိုမှ သူထွက်မသွားမီ စားပွဲပေါ်သို့ အထုပ်ငယ်တစ်ထုပ်ကိုလည်း တင်ခဲ့သေးသည်။ ထိုအထုပ်ငယ်မှာရှောင်ကျန်းမင်၏ငွေထုပ်ဖြစ်သည်။

ရှောင်ကျန်းမင်မှာ သူ၏နေရာတွင် ထိုငိနေရင်းမှ ရုတ်တရက်ဖြစ်သွားသော အဖြစ်အပျက်များကိုဉာဏ်မမှီတော့သလို ခံစားလိုက်ရသည်။

သူ၏ဘေးတွင်ရှိသောလူမှ ဝမ်ဟို၏ပခုံးအားဆုပ်ကိုင်ကာ နာကျင်စေခဲ့သည် ။ ထို့နောက်တွင် အံ့အားသင့်စရာကောင်းလောက်အောင် ဝမ်ဟိုမှ ပြောင်းပြန်တောင်းပန်ကု ဆိုင်အတွင်းမှ ပြေးထွက်သွားခဲ့သည်။

ထွက်မပြေးမီ စားပွဲပေါ်သို့ ငွေထုပ်တစ်ထုပ်တင်ခဲ့သေးသည်။ ထိုငွေထုပ်မှာ သူ၏ငွေထုပ်ဖြစ်နေသည်။

" ညီလေး သူကဝမ်ဟိုတဲ့ ဒီမြို့မှာ မြေကြွက်ဝမ်ဟိုဆိုရင်လူတိုင်းသိတယ်။ သူကလူလိမ်တစ်‌ယောက်ပဲ ။

တစ်ခုရှိတာက သူကနှံ့နှံ့စပ်စပ်ရှိတော့ ဒီမြို့ကိုအခုရောက်လာတာ ခရီးသည်တွေ ၊ ငါ့ညီတို့လို သိုင်းလောကထဲကို အခုမှဆင်းလာတဲ့လူတွေကို လိမ်လေ့ရှိတယ်။

အခုလည်း မင်းကိုစကားဝင်ရောရင်းနဲ့ မင်းသူ့ရဲ့စကားထဲမှာ နစ်မျောနေတုန်း မင်းရဲ့ငွေထုပ်ကို မသိအောင်ယူထားတာပဲ။

သူ့ကိုငါနှစ်ခါမိပြီးပြီ။ ဒါကြောင့် ငါ့ကိုမြင်တာနဲ့ တန်းပြီးတော့ထွက်ပြေးတာ "

ထိုလူမှ ဦးခေါင်းအားခါယမ်းကာ ရှင်းပြလိုက်သည်။ သူ၏စကားကြောင့် ‌ရှောင်ကျန်းမင်လည်းဇာတ်ရည်လည်သွားသည်။

တစ်ချိန်တည်းမှာပင် သူ့အားကူညီသည့်လူအား ရိုင်းပြသလိုဖြစ်ကာ အနည်းငယ်နာကျင်အောင်ပြုလုပ်မိခဲ့သေးသည်။ ရှောင်ကျန်းမင်မှာ ထိုလူအားကြည့်၍ အားတုံ့အားနာဖြစ်သွားသည်။

" ကျွန်တော်မသိလို့ပါ။ စောစောကဖြစ်ရပ်အတွက်တောင်းပန်ပါတယ်။ "

ရှောင်ကျန်းမင်မှ ရှက်ရွံ့စွာပြုံးလျက် ပြွုးလိုက်သည်။ ထို့နောက် ထိုလူအား သူ၏စားပွဲတွင်ထိုင်ရန်ဖိတ်ခေါ်သော်လည်း ထိုလူမှ လက်မခံခဲ့ပေ။

" ဟိုမှာ အစ်ကိုတို့ဂိုဏ်းသားတွေရှိတယ် ။ နောက်မှတွေ့ကြတာပေါ့ "

ထိုလူမှ ဆိုင်ထဲတွင်ထိုင်နေသော အစိမ်းရောင်ဝတ်စုံနှင့်သိုင်းသမားများကိုညွှန်ကာပြောလိုက်သည်။

ထွက်သွားသောထိုလူ၏နောက်ကျောအားကြည့်ကာ ရှောင်ကျန်းမင်မှာ စဉ်းစားလိုက်သည်။ ထိုလူမှာ ဝမ်ဟိုပြောပြခဲ့သည့် နဂါးစိမ်းဂိုဏ်းသားဟု သူထင်မိသည်။

ထိုလူမှာ သူ့လူများနှင့် ရယ်မောကာ စကားပြော နေသည်။ ဆိုင်အတွင်းရှိလူအတော်များများမှာလည်း ထိုလူအားခင်မင်ပုံရသည်။

" ဟေ့ ဆိုင်ရှင် ငါတို့ဆီကိုလာခဲ့ဦး "

အနက်ရောင်ဝတ်စုံနှင့်လူများရောက်လာကာ အော်ဟစ်လိုက်သည်။

ထို့နောက် ထိုလူများမှာ စားပွဲဝိုင်းတစ်ခုတွင်ဝင်ထိုင်ကာ မိန်းမပျိုများ ၊ လောင်းကစားဝိုင်းများအကြောင်းကိုကျယ်ကျယ်လောင်လောင်ပြောဆိုနေကြသည်။

ဆိုင်အတွင်းရှိလူအချို့မှာ ထိုလူများအား‌မြင်သည့်နှင့် ငွေရှင်းကာခပ်သုတ်သုတ်ထွက်သွားလိုက်ကြသည်။

ထိုလူများ၏ပုံစံမှာ အနက်ရောင်ဝတ်စုံနှင့်လူများကို ထိတ်လန့်နေကြသည့်ပုံဖြစ်သည်။ ဆိုင်အတွင်းတွင် သိုင်းသမားအချို့နှင့် သာမန်လူအနည်းငယ်သာကျန်ခဲ့သည်။

ရှောင်ကျန်းမင်မှာ ထိုလူများအား စိတ်ဝင်စားစွာကြည့်လိုက်သည် ။ သူတို့၏ပုံစံမှာ ဆိုင်တွင်လာရောင်ရမ်းကားနေကြဖြစ်ပုံရသည်။

ဆိုင်အတွင်းတွင် သိုင်းသမားအချို့ရှိသော်လည်း သူတို့မှ ဂရုမစိုက်ကြဘဲ ကိုယ့်အာရုံနှင့်ကိုယ်ဖြစ်ကြသည်။ သူတို့အားလာမရှုပ်လျှင် သူတို့မှလည်း မဆိုင်သည့်ကိစ္စအား ဝင်ပါမည်မဟုတ်ပေ။

ရှောင်ကျန်းမင်အားကူညီခဲ့သူမှာ ထိုဝိုင်းအားအေးစက်စက်ကြည့်လိုက်သည်။ သူနှင့်တစ်ဝိုင်းတည်းထိုင်နေကြသည့်လူသုံး‌ယောက်ကလည်းထိုလူစုကို မလိုလားသလိုကြည့်နေကြသည်။

မကြာမီ ထိုလူများ၏စားပွဲဝိုင်းကို ဆိုင်ရှင်ဖြစ်ဟန်တူသည့်လူတစ်‌ယောက်ရောက်လာသည်။

ဆိုင်ရှင်မှာ အသက်လေးဆယ်ကျော်အရွယ်ရှိလူတစ်ယောက်ဖြစ်ကာ ချမ်းသာကြွယ်ဝသူတို့၏ထုံးစံအတိုင်း အဖိုးတန်သောပိုးဖဲအင်္ကျီကို ဝတ်ဆင်ထားသည်။

သူ၏ရုပ်ရည်နှင့်ပေါင်းစပ်ပါက အထက်တန်းလွှာမှလူတစ်ယောက်ဖြစ်ကြောင်းသိနိုင်သည် ။ သို့သော် သူ၏မျက်နှာမှာ အမူအယာပျက်နေသည်။

" ဟေ့ ဆိုင်ရှင် ဒီလအတွက် ကျုပ်တို့ဂိုဏ်းကို အလှူတော်ငွေထည့်ပါဦး ။ ဂိုဏ်းရဲ့ရန်ပုံငွေအတွက်ပေါ့ "

အနက်ရောင်ဝတ်စုံနှင့်လူများထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူကပြောလိုက်သည်။ ထိုလူမှာ ဆိုင်ရှင်အား ပြုံးလျက်ကြည့်နေသည်။

ရှောင်ကျန်းမင်ထင်ထားသည့်အတိုင်းပင် ဆိုင်ရှင်၏မျက်နှာမှာ ရှုံ့မဲ့သွားသည် ။ သူ၏စိတ်ထဲလည်း ကြိတ်၍ကျိန်ဆဲနေမိသည်။ ထိုလူများမှာ လစဉ်လတိုင်း‌လာ‌၍ အနိုင်ကျင့်ကာငွေတောင်းသည်။

သူတို့၏အပြုအမူမှာ ဓားပြများနှင့်မခြားပေ ။ သို့သော် ထိုလူများအား သူမလွန်ဆန်နိုင်သမျှတော့ ဆက်၍ ဒုက္ခခံနေရဦးပေမည်။

ဆိုင်ရှင်အပြင်ပန်းတွင် ကြိုးစား၍ ပြုံးလိုက်ရသည်။ သို့သော် သူ၏အပြုံးမှာ လုပ်ယူထားသောအပြုံးမှန်းသိသာလှသည်။

အနက်ရောင်ဝတ်စုံနှင့်လူမှာ ဆိုင်ရှင်အား ကြည့်၍လှောင်ပြုံးပြုံးလိုက်သည်။ ထိုဆိုင်ရှင်တွေူနေ‌သည့်အရာများအား သူလည်း ရိပ်မိသည်။

ထို့နောက် ဆိုင်ရှင်မှာ သူ၏အင်္ကျီထဲမှ ငွေတုံးအချို့အား ထုတ်ယူလိုက်သည်။ သူ၏လက်များမှာတုန်ယင်နေကာ မည်မျှ နှမြောတွန့်တိုနေမှန်း သိသာသည်။

" ဆရာကြီး ဒီတစ်လတော့ သိပ်ပြီး စီးပွားရေးမကောင်းလို့ နည်းနည်းလျော့ယူနိုင်မလား "

ဆိုင်ရှင်မှ အနည်းငယ်တွန့်ဆုတ်တွန့်ဆုတ်ဖုင့်ပြောလိုက်သည်။

အနက်ရောင်ဝတ်စုံနှင့်လူများ၏ခေါင်းဆောင်မှာမည်သည့်စကားမှပြန်မပြောပေ။ ငွေတုံးများအား ရေတွက်နေသည်။

" ငွေတုံးနှစ်ဆယ် ဟုတ်လား "

ထိုလူမှ ခေါင်းညိမ့်ကာပြောလိုက်သည်။ သူတို့၏အဖြစ်အပျက်ကို စောင့်ကြည့်နေသောရှောင်ကျန်းမင်မှာ အနည်းငယ်အံ့ဩသွားသည်။

ငွေတုံးနှစ်ဆယ်ဆိုသောပမာဏမှာ သာမန်မိသားစုတစ်စု တစ်လခန့်လုံလုံလောက်လောက် စားသောက်နိုင်သည်။

ယခုမူ အနက်ရောက်ဝတ်စုံနှင့်လူများမှ အသာအယာဖြင့်ရရှိသွားသည်။ ထို့အပြင် သူတို့၏စကားအရ လစဉ်လာရောက်တောင်းယူနေပုံရသည်။

ဆိုင်ရှင်မှာ ထိုလူ၏မျက်နှာအရိပ်အကဲအား ရင်တထိတ်ထိတ်ဖြင့်ကြည့်နေသည်။ ထိုလူမှ ငွေတုံးများအားခေါင်းတညိမ့်ညိမ့်ဖြင့်ရေတွက်နေသောကြောင့် သူအနည်းငယ်စိတ်သက်သာရာရသွားသည်။

သို့သော်

" ဖြန်း.. "

ပီသကြည်လင်သောပါးရိုက်သံကြီးမှာ ထွက်ပေါ်လာသည်။ ဆိုင်ရှင်၏မျက်နှာမှာ ဘေးသို့လည်ထွက်သွားသည်။

ဆိုင်အတွင်းရှိလူများမှာ ထိုစားပွဲဝိုင်းကိုအာရုံစိုက်မိသွားကြသည်။ သူတို့၏အကြည့်များက ဆိုင်ရှင်နှင့် အနက်ရောင်ဝတ်စုံနှင့်လူများ၏ခေါင်းဆောင်ဆီသို့ရောက်သွားကြသည်။

သို့သော် မည်သူမှ တစ်ခွန်းဝင်ရောက်ဟန့်တားခြင်းမပြုပေ။ သူတို့မှ ပွဲကြည့်နေရသလိုသာ သဘောထားနေသည်။

" မင်းရဲ့မျက်နှာက အတော်အရေထူတာပဲ။ ငါ့ရဲ့လက်တောင် နည်းနည်းနာသွားတယ် "

အနက်ရောင်ဝတ်စုံနှင့်လူများ၏ခေါင်းဆောင်မှ အမြင်ကပ်စရာကောင်းသည့်လေသံဖြင့် ပြောလိုက်သည်။

-----------------------------------------

All Chapters