တစ်ဖွဲ့လုံးနဲ့ တစ်ယောက်
Vol. 1 Ch. 42
လူများမှာ မထင်မှတ်ထားသောအဖြစ်အပျက်ကြောင့် ကြောင်အသွားကြသည်။ ရှောင်ကျန်းမင်မှာ မြေခွေးနက်အား နေရင်းထိုင်ရင်းဖြင့် ပါးရိုက်ချလိုက်သည်။
မြေခွေးနက်၏မျက်နှာကြီးမှာ မည်းမှောင်လာကာ ရှောင်ကျန်းမင်အား လူသတ်လိုသည့်အကြည့်ဖြင့်ကြည့်လိုက်သည် ။
လူအများကြားတွင် သူ၏ပါးကိုရိုက်လိုက်ခြင်းမှာ လုံးဝခွင့်မလွှတ်နိုင်းရာဖြစ်သည်။ မည်သည့်အကျိုးဆက်ကိုမှဂရုမစိုက်နိုင်ဘဲ သူ၏ဓားအားဆွဲထုတ်လိုက်သည်။
ထို့နောက် ရှောင်ကျန်းမင်အား သူ၏အ၏ွမ်းအထက်ဆုံးဓားကွက်ဖြင့် လျှင်မြန်စွာခုတ်ပိုင်းလိုက်သည် ။
ဓားချက်မှာ အနီးကပ်ဖြစ်သည့်အပြင် ရုတ်တရက်တိုက်ခိုက်လိုက်သောကြောင့် ဟူချင်းသည်ပင် တုံ့ပြန်ချ်ိန်မရလိုက်ပေ။
ကြည့်နေကြသူများမှာ ရှောင်ကျန်းမင်တစ်ယောက် အသက်နှင့်ခန္တာအိုးစားကွဲပြီဟု တွက်လိုက်ကြသည်။
စားသောက်ဆိုင်၏ကြမ်းခင်ပေါ်တွင် ရှောင်ကျန်းမင်၏သွေးများဖြင့် စိုရွှဲလာပေတော့မည်။ ဆိုင်အတွင်းမှမိန်းကလေးတစ်ချို့မှာ လန့်၍ပင်အသံထွက်လိုက်မိကြသည် ။
သို့သော် သူတို့ထင်သလိုဖြစ်မလာပေ ။ မြေခွေးနက်၏ဓားမှာ ရှောင်ကျန်းမင်၏ဦးခေါင်းနှင့်လက်နှစ်လုံးခန့်အလိုတွင် ရပ်တန့်သွားခဲ့သည်။
ဤသည်မှာ မြေခွေးနက်မှ သက်ညှာပေးလိုက်သော
ကြောင့်မဟုတ်ပေ။ မြေခွေးနက်မှာ ရှောင်ကျန်းမင်အား လွန်စွာသတ်ချင်နေသည် ။
ယခုအချိန်တွင် မြေခွေးနက်အား ကမ္ဘာပေါ်တွင်အမုန်းဆုံးလူကိုညွှန်ပြပါဟုခိုင်းလျှင် ရှောင်ကျန်းမင်အား ပြပေလိမ့်မည်။
သို့သော် သူရှောင်ကျန်းမင်အား မသတ်နိုင်ပေ ။ သူ့ဓားကိုင်လက်၏လက်ကောင်ဝတ်ကို ရှောင်ကျန်းမင်၏လက်တစ်ဖက်မှ ဖမ်းဆုပ်ထားသည်။
မြေခွေးနက်မှာ အတွင်းအားသုံး၍ရုန်းကန်သော်လည်း အသုံးမဝင်ပေ ။ သူ၏လက်မှာ သံလက်ကြီးဖြင့် အကိုင်ခံထားရသလို ရှောင်ကျန်းမင်၏လက်ထဲတွင် မလှုပ်မယှက်ဖြစ်နေသည်။
“ ကျွတ် “
အရိုးကျိုးသံထွက်ပေါ်လာသည်။ မြေခွေးနက်မှာ သူ၏ဓားအားဆွဲမယူနိုင်သည့်အပြင် လက်ကောက်ဝတ်အရိုးပါကျိုးသွားလေပြီ။
မူလတွင်ရှောင်ကျန်းမင်မှာ ယခုလောက်ရက်စက်မည်မဟုတ်သော်လည်း မြေခွေးနက်၏တိုက်ခိုက်မှုကိုမြင်လိုက်ရပြီးနောက် သူစိတ်ပြောင်းသွားသည်။
ထိုလူမှာ သူတစ်ပါး၏အသက်ကို ဖက်ရွက်ကလေးလောက်မှ တန်ဖိုးမထားတတ်သူဖြစ်ကာ သူ၏လက်တွင်သေဆုံးခဲ့ရသူပေါင်းမနည်းမနောရှိခဲ့မည်ဖြစ်ကြောင်းကို သိလိုက်သည်။
ထို့ကြောင့် သူလည်းသက်ညှာမနေတော့ဘဲ မြေခွေးနက်၏လက်ကောက်ဝတ်ကို ချိုးလိုက်ခြင်းဖြစ်သည် ။
ထို့နောက် ရှောင်ကျန်းမင်မှလွှတ်ပေးလိုက်သည်။ မြေခွေးနက်မှာ သူ၏လက်မှလွတ်သော်လည်းကြမ်းပြင်ပေါ်တွင် ခွေလဲကျသွားကာ ကျိုးသွားသောလက်ကို အုပ်ကိုင်ထားသည်။
သူ၏မျက်နှာမှာ လွန်စွာကြည့်ရဆိုးနေကာ ဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရသည့် ပုံဖြစ်သည်။
အမှန်မှာ ရှောင်ကျန်းမင်မှ မြေခွေးနက်၏လက်အားချိူးရင်းဖြင့် အကြောတစ်ချို့ကိုပါ ဖျက်ဆီးလိုက်ခြင်းဖြစ်သည် ။ ယခုဘဝတွင် မြေခွေးနက်မှာ ဤလက်ဖြင့် တိုက်ခိုက်နိုင်မည်မဟုတ်တော့အေ။
ကြည့်နေကြသူများမှာ ထိုအဖြစ်အပျက်အားကြည့်ကာ တံတွေးမြိုချလိုက်မိကြသည် ။ ရှောင်ကျန်းမင်အား သူတို့၏စိတ်ထဲတွင်မှတ်သားထားကာ သွားမရှုပ်မိစေရန် ကိုယ့်ကိုယ်ကိုသတိပေးလိုက်ကြသည်။
ပထမတစ်ခါမှ မြေခွေးနက်သတိမထားမိ၍ခံရသည်ဆိုဦး ဒုတိယတစ်ကြိမ်မှာမူ မတူညီတော့ပေ။
ထိပ်တန်းအဆင့် သိုင်းသမားတစ်ယောက်အား ယခုလိုအချိန်တိုအတွင်းအနိုင်ရရန်မှာ သူတို့အနေဖြင့် လုံးဝမတတ်နိုင်သောအရာဖြစ်သည် ။
အမှန်ဆိုလျှင် ရှောင်ကျန်းမင်မှ မည်သည့်သိုင်းကွက်ကိုမှ မည်မည်ရရမထုတ်ခဲ့ပေ။ သူဒီအတိုင်းပါးရိုက်ကာ လက်ကောက်ဝတ်အရိုးကိုချိုးလိုက်ခြင်းသာဖြစ်သည်။
“ ဟေ့ကောင်တွေဘာလုပ်နေတာလဲ မင်းတိုအဖေကိုသတ်ကြလေ “
မြေခွေးနက်မှ ရှောင်ကျန်းမင်အား စက်ဆုပ်စွာကြည့်ကာ အော်ဟစ်လိုက်သည်။
ထိုအခါမှ ကြောင်လျက်ကြည့်နေကြသော အနက်ရောင်ဝတ်စုံများနှင့် သူ၏လူများမှာ ရှောင်ကျန်းမင်အားဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသည်။
“ ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း “
ပါးရိုက်သံများမှာ တန်းစီ၍ထွက်ပေါ်လာသည်။ မည်သို့သောဟာသမျိုးနည်း ။ ထိုအလယ်အလက်အဆင့်သိုင်းသမားလေးယောက်မှာ ရှောင်ကျန်းမင်အား ထိခိုက်အောင်လုပ်နိုင်ပါမည်လော ။
တိုက်ပွဲမှာ လူအများထင်ထားသည်ထက်ပို၍လျှင်မြန်စွာပြီးဆုံးသွားသည် ။ အသက်ရှူချိန်အနည်းငယ်အတွင်း အနက်ရောင်ဝတ်စုံနှင့်လူများမှာ လက်နက်များပြန့်ကျဲကုန်ကာ ပါးတစ်ချက်စီအရိုက်ခံလိုက်ရသည်။
နှစ်ဦးမှာ နောက်ရှိစားပွဲခုံပေါ်သို့လွင့်ကျသွားသောကြောင့် စားပွဲခုံမှာ အစိတ်စိတိအမွာမွာကျိုးသွားသည် ။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ရှောင်ကျန်းမင်၏လက်ချက် မည်မျှပြင်းကြောင်းသိနိုင်သည်။
ယခု ထိုလေးယောက်မှာ စားသောက်တိုင်ကြမ်းပြင်ပေါ်တွင်လဲကျနေကြကာ သူတို့၏ယောင်ကိုင်းနေသောပါးများကို အုပ်ကိုင်ထားကြသည်။
လက်ဝါးတစ်ချက်ဖြင့်ပင် သူတို့အားအနိုင်ယူခဲ့သူအားဆက်၍တိုက်ခိုက်ရန်မှာ ကျောက်တောင်အားကြက်ဥဖြင့်ပေါက်သည်ထက် ဆိုးပေမည်
“ ခင်ဗျားတို့ထွက်သွားကြရင်ကောင်းမယ် “
ရှောင်ကျန်းမင်မှ အေးစက်စက်ပြောလိုက်သည်။ မြေခွေးနက်နှင့် သူ၏လူများမှာ ကြောက်ရွံ့သွားကြကာ လဲကျနေရာမှ လူးလဲထ၍ ဆိုင်ဝသို့ ဒရောသောပါးပြေးထွက်သွားကြသည်။
“ နေဦး ဆိုင်ရှင်ဆီကယူထားတဲ့ငွေတုံးတွေပြန်ထားခဲ့ “
ရှောင်ကျန်းမင်မှာ ပါးတစ်ခြမ်းယောင်ကိုင်းကာ သူ့အားကျေးဇူးတင်စွာကြည့်နေသည့်ဆိုင်ရှင်ကိုမြင်မှ ထိုကိစ္စအာစ သတိရသွားသည်။
ထို့ကြောင့် ဆိုင်ထဲမှထွက်ရန်ပြင်နေသော မြေခွေးနက်အားလှမ်း၍အော်ဟစ်လိုက်သည်။
မြေခွေးနက်မှာ ရှောင်ကျန်းမင်၏အသံကြောင့် တစ်ကိုယ်လုံးတုန်ယင်သွားကာ နောက်သို့လှည့်ကြည့်လာသည်။
ထို့နောက် သူ၏ရင်ဘက်ကြားထဲမှ ငွေတုံးများအားအကုန်ထုတ်ကာ အနီးရှိစားပွဲတစ်လုံးပေါ်သို့ တင်ထားခဲ့သည် ။
ထို့နောက် သူကရှောင်ကျန်းမင်အား ဒေါသကြောင့် နီရဲနေသောမျက်လုံးများဖြင့်ကြည့်လိုက်သည် ။
“ ဒီကိစ္စကို ဒီမှာ တင်မပြီးသေးဘူး ။ မင်းနဲ့ငါနဲ့တွေ့ဦးမယ် “
မြေခွေးနက်မှ လွန်စွာမုန်းတီးနေပုံရသည့်လေသံဖြင့်ကြုံးဝါးကာ ဆိုင်ထဲမှလျှင်မြန်စွာထွက်သွားသည်။
ရှောင်ကျန်းမင်မှာ ဦးခေါင်းကိုခါယမ်းကာ ငွေတုံးများအား သွား၍ယူလိုက်သည် ။ ထို့နောက် ဆိုင်ရှင်အားပြန်ပေးလိုက်သည်။
“ သူရဲကောင်းလေး ကျုပ်မယူပါရစေနဲ့။ ကျုပ်အတွက်လက်စားချေပေးတာနဲ့တင် ကျေနပ်နေပါပြီ “
ဆိုင်ရှင်မှ ရှောင်ကျန်းမင်ပေးသော ငွေတုံးများကိုငြင်းဆိုလိုက်သည်။ သို့သော် ရှောင်ကျန်းမင်၏အတင်းပေးမှုကြောင့် မတတ်သာတော့ဘဲယူထားလိုက်ရသည်။
“ သူရဲကောင်းလေး မင်းဒီမြို့ကနေအမြန်ဆုံးထွက်သွားသင့်တယ်။ ညနဂါးဂိုဏ်းက ဒီမြို့မှုအရှင်သခင်လိုပဲ ။ ။ ညနဂါးဂိုဏ်းက ဒီမြို့မှုအရှင်သခင်လိုပဲ ။
ပြီးတော့ သူတို့ရဲဂိုဏ်းချုပ်ဆိုးယုတ်နဂါးက သိုင်းပညာကြောက်မတ်ဖွယ်ကောင်းပြီးတော့ အလွန်ရက်စက်တယ်။
သူနဲ့ရန်သူဖြစ်လာရင် အဆင့်လွန်သိုင်းသမားဖြစ်နေရင်တောင် အရက်စက်ဆုံးနည်းလမ်းတွေနဲ့ပဲ အဆုံးသတ်လေ့ရှိတယ်။ ဒါကြောင့်ဒီကနေထွက်သွားတာက အကောင်းဆုံးပဲ “
ဆိုင်ရှင်မှ ရှောင်ကျန်းမင်အား စိုးရိမ်စွာကြည့်ကာ အလောတကြီးပြောလိုပ်သည်။
ရှောင်ကျန်းမင်မှ သူ့အား ကူညီထားသည့်အတွက် ညနဂါးဂိုဏ်းနှင့်ရင်ဆိုင်ပြီး ရှောင်ကျန်းမင်တစ်ယောက် အဆုံးသတ်သွားမည်ကို သူမမြင်လိုပေ။
“ ညနဂါးဂိုဏ်းက ဒီလောက်တောင်ကြောက်စရာကောင်းတာလား “
ရှောင်ကျန်းမင်မှ မေးလိုက်သည်။ မူလက သူသာမန်ကာလျှံကာသဘောထားသော်လည်း ယခုအနည်းငယ်စိတ်ဝင်စားနေပြီဖြစ်သည်။
ဆိုင်ရှင်မှ သူ၏မေးခွန်းကိုပြန်မဖြေဘဲ ဤမြိုမှ အမြန်ဆုံးထွက်သွားရန်သာတိုက်တွန်းလိုက်သည်။
ဘေးတွင်ရပ်နေသော ဟူချင်းလည်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် ရှောင်ကျန်းမင်အားပြောလိုက်သည်။
“ ညီလေးက ဒီလောက်သိချင်နေရင်လည်း ကျုပ်ပြောပြမယ် ။ ကျုပ်တို့စားပွဲကိုလိုက်ခဲ့ “
ရှောင်ကျန်းမင်အား ဖိတ်ခေါ်လိုက်သည်။ ထို့ကြောင့်ရှောင်ကျန်းမင်လည်း ဟူချင်း၏လူများနှင့်အတူ သူတို့ထိုင်နေသောစားပွဲသို့လျှောက်သွားလိုက်သည်။
တိုက်ပွဲအစမှနေ၍ ကြည့်ရှုနေကြသူများမှာ ယခုအချိန်မှ မျက်နှာလွှဲလိုက်ကြသည်။ ယခုအခြေအနေများအရ ဆိုးယုတ်နဂါးနှင့်လူငယ်သိုင်းသမားတို့ ထိတ်တိုက်တိုးမည်ပုံရသည်။
ရှောင်ကျန်းမင်မှ ဆိုးယုတ်နဂါး၏အမည်ကိုမကြားဖူးသော်လည်း သူတို့ကောင်းစွာကြားဖူးသည်။
ဆိုးယုတ်နဂါးမှာ သိုင်းလောကတွင် လူသိများသောနာမည်ဖြစ်သည်။ အထူးသဖြင့် အနက်ရောင်သိုင်းလောကသားများမှ သူ၏ရက်စက်မှုများကို ပို၍သိကြသည်။
တစ်ဖက်မှ ရှောင်ကျန်းမင်မှာလည်းခေသူမဟုတ်ပေ။ သိုင်းပညာခန့်မှန်းမရသည့်အပြင် ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကိုပင် သိုင်းကွက်နှစ်ကွက်ထဲဖြင့် အနိုင်ယူခဲ့သူဖြစ်သည်။
ထိုနှစ်ယောက်သာ ထိတ်တိုက်တိုးပါက ကြည့်ကောင်းသောပွဲတစ်ခုဖြစ်လာပေမည်။ ထိုလူများမှာ သိုင်းလောကသားများပီပီ တိုက်ပွဲများအား သဘောကျသည် ။
ထို့ကြောင့် သူတို့ထိုပွဲအားစောင့်ကြည့်ရန် ဤမြို့လေးတွင် သုံးလေးရက်ခန့်နေရန် ဆုံးဖြတ်လိုက်ကြသည်။