ညအချိန်တိုက်ခိုက်ခြင်း
Vol. 1 Ch. 44
ခမ်းနားလှသောစံအိမ်ကြီးတစ်ခု
ထိုစံအိမ်ကြီးမှာ ကျန်းတီမြို့၏အရှေ့ဘက်လူရှင်းသည့်နေရာတွက်တည်ရှိသလို မသိသ်ူရှိနာမည်ကျော်ကြားသောနေရာတစ်ခုလည်းဖြစ်သည်။
ခြံဝန်းထဲတွင် ခမ်းနားလှသောစံအိမ်ကြီးအပြင် ကျယ်ဝန်းသည့်ခဲ့အတွင်း အခြားအဆောက်အဦးများလည်းရှိသည်။
ထိုခြံဝန်းကြီးမှာ ညနဂါးဂိုဏ်း၏ ဌာနချြပ်ဖြစ်သလို ညနဂါးဂိုဏ်း၏အရှင်သခင် ဆိုးယုတ်နဂါး၏ခြံဝန်းကြီးဖြစ်သည်။
စံအိမ်အတွင်းတွင် အပေါ်ပိုင်းဗလာနှင့်လူကြီးနစ်ဦးမှာ ပျော့ပြောင်းသည့်အိပ်ယာထက်တွင်ထိုင်နေသည်။
သူ၏ဘေးတွက် မလုံ့တလုံဝတ်ဆက်ထားသည့် အသက်နှစ်ဆယ်အရွယ်မိန်းမလှလေးတစ်ယောက်ရှိကာ ထိုလူကြီး၏လက်များက မိန်းကလေး၏ဝတ်ရုံအတွင်း ပြေးလွှားဆော့ကစားလျက်ရှိသည်။
မိန်းကလေးမှာ ပတ်ဝန်းကျက်ကို ဂရုမစိုက်နိုင်ဘဲ စိတ်အားတတ်ကြွဖွယ် ညည်းညူနေသည်။
သူတို့၏ရှေ့တွင် မြေခွေးနက်မှာ ဦးခေါင်းကိုငုံ့ထားသည်။ သူ၏ပုံစံမှာ ရှေ့တွင်ဖြစ်ပျက်နေသည်များမှာ သူမမြင်မတွေ့သကဲ့သို့ဖြစ်သည်။
လွန်စွာဆိုးသွမ်းကာ ဉာဏ်များကောက်ကျစ်သည့်မြေခွေးနက်တစ်ယောက် ယခုလိုဖြစ်နေခြင်းမှာ တွေ့သည်လူများက အံ့ဩကြပေမည်။
သို့သော် ကုတင်ပေါ်ရှိလူကြီးကိုမြင်လျှင်ကား သူတို့၏စိတ်များရှင်းလင်းသွားပေမည်။ ထိုလူကြီးမှာ သိုင်းလောကထဲတွက်ပါကျော်ကြားသည့် ဆိုးယုတ်နဂါးဖြစ်သည်။
ဆိုးယုတ်နဂါးမှာ ယခုနှစ်များအတွင်းများစွာစည်းစိမ်ခံစားနေသည့်ထင် သူ၏ပုံစံမှာ သိုင်းသမားတစ်ယောက်ပုံပင်မပေါ်တော့ပေ။
ဝတ်ဆင်ထားသည့် အကောင်းစား ပိုးဖဲဝတ်စုံများ၊ အနည်းငယ်ပူနေသောဗိုက်နှင့် အဆီပြန်နေငောမျက်နှာတို့မှာ သူဌေးသူကြွယ်တစ်ဦးနှင့်တူစေသည်။
သို့သော် သူ၏စူးရှသောမျက်လုံးများက ကြောက်မတ်ဖွယ်ကောင်းသော အဆင့်လွန်သိုင်းသမားတစ်ယောက်ဖြစ်နေသေးကြောင်း ဖော်ပြနေသည်။
ဆိုးယုတ်နဂါးမှာ မိန်းမလှလေးအားကျီစယ်နေခြင်းအားရပ်တန့်လိုက်သည်။ ထိုမိန်းကလေးမှာသူ၏အပျော်မယားဖြစ်ကာ မြောက်မြားလှစွာသောမယားများအနက် သူသဘောအကျဆုံးမယားဖြစ်သည်။
ထို့နောက် မိန်းကလေး၏နှုတ်ခမ်းကို မခွဲနိုင်မခွာဂန်ဖြင့်လျှာဖြင့်သပ်ကာ မြေခွေးနက်ဘက်သို့လှည့်လိုက်သည်။
ခပ်စောစောက ရမ္မတ်များဖြင့်ပြည့်နှက်နေသောသူ၏မျက်နှာမှာ အေးစက်နေကာ မြေခွေးနက်အား စူးစိုက်ကြည့်လိုက်သည်။
မြေခွေးနက်မှာ ဆိုးယုတ်နဂါး၏အကြည့်ကို ထိတ်တိုက်ရင်မဆိုင်နိုင်ဘဲ မျက်လုံးကိုလွှဲသွားသည်။
“ မင်းတို့ဘာဖြစ်လာတာလဲ “
ဆိုးယုတ်နဂါးမှ အေးစက်စက်မေးလိုက်သည်။ သူ၏လေသံမှာ အနည်းငယ်တင်းမာနေသည် ။
သူ၏အချိန်ကောင်းကိုလာရောက်နှောက်ယှက်သည့်အတွက်ကြောင့် သူအနည်းငယ်ဒေါသထွက်နေမိသည်။
အခြားတစ်ယောက်ဆိုလျှင် သူပြင်းထန်သောအပြစ်တစ်ခုပေးမည်ဖြစ်သော်လည်း မြေခွေးနက်မှာ ဉာဏ်နီဉာဏ်နက်များကာ သူ၏အားအကိုးရဆုံးလက်အောက်ငယ်သားဖြစ်သည့်အတွက် သူလက်ခံတွေ့ဆုံခြင်းဖြစ်သည်။
ထို့နောက် မြေခွေးနက်၏ပုံစံကိုမြင်ပြီးမှာ သူတည်ငြိမ်သွားသည်။ တစ်စုံတစ်ခုဖြစ်လာမှန်းကိုလည်း သူသိလိုက်သည်။
လက်ရှိမြေခွေးနက်၏ပုံစံမှာ ပါးနှစ်ဖက်လုံးယောင်ကိုင်းနေကာ မူလရုပ်ပင်အနည်းကယ်ပျက်နေသည်။ ထို့ကြောင့် မြေခွေးနက်တိုက်ခိုက်ခံလာရမှန်းသူသိလိုက်သည်။
ညနဂါးဂိုဏ်းသားကို မည်သူတိုက်ခိုက်ဝံ့သနည်း။ ကျန်းပိုမြို့မှာ သူ၏မြို့ဖြစ်သည်။ ကျန်းပိုမြို့တွင် သူ့ကိုအရှင်သခင်ဟုခေါ်ဆို၍ရသည်။
မြို့တင်မြို့လုံးတွင် သူ၏အဆက်အနွယ်များပြည့်နေကာ နဂါးစိမ်းဂိုဏ်းခွဲပင်မလှုပ်ဝံ့ပေ။ ယခု သူ၏လက်အောက်ငယ်သားတစ်ယောက်မှ လူရုပ်ပင်မပေါ်အောင် ရိုက်နှက်ခံလာရသည် ။
ထိုအခြေအနေတွင် သူဒေါသအကြီးအကျယ်ထွက်နေမိသည် ။ သို့သော် ဝုန်းဒိုင်းမကျဲဘဲ အေးဆေးစွာမေးလိုက်သည်။
“ မြေခွေးနက် မင်းဘာဖြစ်သွားတာလဲ “
ဆိုးယုတ်နဂါး၏မေးခွန်းကြောင့် မြေခွေးနက်မှ သနားစရာကောင်းသည့်မျက်နှာဖြင့်ကြည့်လာသည်။
“ အခါတိုင်းလိုပဲ ကျွန်တော်တို့ ကာကွယ်ခသွားတောင်းတာပါ။ ဒါပေမယ့် စားသောက်ဆိုင်တစ်ခုမှာ ဆိုင်ရှင်က အင်တင်တင်လုပ်နေလို့ပြဿနာတတ်ကြတယ်။
အဲဒီအချိန်မှာ နဂါးစိမ်းဂိုဏ်းက ဟူချင်းဆိုတဲ့ကောင်ကဝင်ပါခဲ့တယ် “
ဆိုယုတ်နဂါးမှာ မြေခွေးနက်၏စကားမဆုံးမီဖြတ်မေးလိုက်သည်။
“ နဂါးစိမ်းဂိုဏ်းခွဲသေးသေးလေးကကောင်ကဝင်ပါပြန်ပြီလား။ နဂါးစိမ်းပင်မဂိုဏ်းကြီးက ရှိန်လောက်စရာဆိုပေမယ့် သူတို့ဂိုဏ်းခွဲလေးကတော့ အသာလေးနင်းချေလိုက်လို့ရတယ် “
ဆိုးယုတ်နဂါးမှ လက်သီးဆုတ်ကာကြုံးဝါးလိုက်သည်။ သူ၏စကားကြောင့် မြေခွေးနက်မှ ဦးခေါင်းအားခါယမ်းလိုက်သည်။
“ ကျွန်တော်တို့ကိုတိုက်ခိုက်သွားတဲ့ကောင်က နဂါးစိမ်းဂိုဏ်းခွဲကဟုချင်းမဟုတ်ဘူး ။ အသက်နှစ်ဆယ်ကျော်လူရွယ်တစ်ယောက်ပဲ ။
တစ်ခုရှိတာက သူကဟူချင်းနဲဆက်စပ်နေနိုင်တယ် ။ အခုနဂါးစိမ်းဂိုဏ်းခွဲမှာ အဲဒီကောင်ရောက်နေတယ်လို့ သတင်းကြားတယ် “
မြေခွေးနက်မှ ပြောလိုက်သည်။ ရှောင်ကျန်းမင်ကိုစောင့်ကြည့်ထားရန် သူ၏လူများအား ခိုင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ရှောင်ကျန်းမင်မည်သည့်နေရာတွင်ရှိသည်ကို သူသိရှိနေသည်။
မြေခွေးနက်၏စကားကြောင့် ဆိုးယုတ်နဂါး၏မျက်နှာပေါ်တွင် စဉ်းစားသည့်အမူအယာပေါ်ထွက်လာသည်။ ထို့နောက် ဖြေးညင်းစွာပြောလိုက်သည်။
“ မင်းကိုတောင်မှ တစ်ကွက်ထဲနဲ့အနိုင်ယူသွားတယ်။ ပြီးတော့ အဲဒီကောင်က သိုင်းပညာအဆင့်မြင့်ပြီးအသက်ငယ်သေးတယ်။ ဘယ်အိမ်တော်က လူငယ်ပါလိမ့် “
ဆိုးယုတိနဂါးမှ တီးတိုးရေရွတ်လိုက်သည်။ သူ၏အမူအယာကိုကြည့်ကာ မြေခွေးနက်မှ လျှင်မြန်စွာပြောလိုက်သည်။
“ သူကဘယ်သူပဲဖြစ်နေဖြစ်နေ ကျင်းပိုမြို့မှာတော့ စိတ်ထင်တိုင်းလုပ်လို့မရစေရဘူး။ ဒီမြို့မှာ ဘယ်သူကနဂါးလဲဆိုတာ သူသိမှဖြစ်မှာ ။
ပြီးတော့ ဂိုဏ်းချုပ် သူ့ကိုပညာမပေးဘူးဆိုရင် လူထုရဲ့ကြောက်ရွံ့မှုကလျော့နည်းသွားပြီး ကျွန်တော်တို့ရဲ့ဩဇာကလျော့နည်းလာနိုင်တယ် “
မြေခွေနက်မှ အလျှင်အမြန်ပြောလိုက်သည်။ ထိုကောင်မှာ သူ၏လက်အားချိုးသွားသူဖြင်သဖြင့် သူမည်သို့အလွတ်ပေးနိုင်မည်နည်း။
ထိုကောင်သေမှဖြစ်ပေမည်။ ထိုသို့သတ်ဖြတ်ရန်သူမလုပ်နိုင်သော်လည်း သူ၏ဂိုဏ်းချုပ်မှလုပ်ဆောင်နိုင်စွမ်းရှိသည်။
ဆိုးယုတ်နဂါးမှ အတန်ကြာငြိမ်သက်နေပြီးနောက် ပြောလိုက်သည်။
“ ငါကလဲသူ့ကိုအလွတ်ပေးဖို့စိတ်ကူးမရှိပါဘူး။ နည်းနည်းပါးပါးစုံစမ်းပြီးလို့ နောက်ခံမရှိရင် ဒီမြို့ကနေအသက်ရှင်လျက်ထွက်မသွားစေရဘူး။ မင်းတို့သူ့ကို ဒီမြို့ကထွက်မသွားနိုင်အောင်သေချာစောင့်ကြည့်ထား ။
ပြီးတော့ နဂါးစိမ်းဂိုဏ်းခွဲက ဟူချင်းက အဲဒီကောင်နဲ့ပတ်သတ်နေတယ်ဟုတ်လား။ သူ့ကိုတောင်ဂိုဏ်းခွဲမှာလက်ခံထားလိုက်သေးတယ်။
ကြည့်ရတာ ငါလူရှေ့ကိုမထွက်တာကြာလို့ ငါ့ကိုမေ့လျော့သွားကြတဲ့ပုံပဲ။ ဒီနေ့ညအင်အားစုစည်းထားလိုက်။ မနက်ဖြန်မနက်နေထွက်တာနဲ့ ငါကိုယ်တိုင်နဂါးစိမ်းဂိုဏ်းခွဲကိုသွားမယ် “
ဆိုးယုတ်နဂါးမှ တည်ငြိမ်စွာပြောလိုက်သည် ။သူ၏လေသံထဲတွက် အေးစက်တင်းမာမှုများ ရောယှက်နေသည်။
မြေခွေးနက်လည်း ဝမ်းသာအားရအရိုအသေပြုကာ အပြင်သို့ပြေးထွက်သွားသည်။ သူလက်စားချေရတော့မည်မဟုတ်ပါလား။
သူ၏လက်ကိုချိုးကာ ပါးရိုက်သွားသောရှောင်ကျန်းမင်အား လက်နှစ်ဖက်ကိုဖြတ်ကာ အမျိုးမျိုးနှိပ်စက်ပြီးမှ အဆုံးသတ်ပေးရန်ဆုံးဖြတ်လိုက်သည်။
သို့သော် သူအပြင်သို့ရောက်သည်နှင့် သူ၏မျက်လုံးများပြူးကျယ်ကုန်သည်။ ခြံဝန်းထဲတွင် နေဝင်သွားပြီဖြစ်သောကြောင့်မီးများထွန်းညိထားသည်။
သို့သော် ခြံဝန်းထဲတွင် လူအများမှာ အပြင်းအထန်တိုက်ခိုက်နေကြသည်။ အော်ဟစ်မာန်သွင်းသံများ ၊ နာကျင်စွာအော်ဟစ်သံများမှာ အနှံ့အပြားထွက်ပေါ်နေကြသည်။
အနက်ရောင်ဝတ်စုံနှင့်ညနဂါးဂိုဏ်းသားများ၏အလောင်းများမှာ ဟိုတစ်နေရာသည်တသ်နေရာပြန့်ကျဲနေသည်။
အလစ်တိုက်ခိုက်ခံရသောကြောင့် ညနဂါးဂိုဏ်းသားများမှာ အလဲလဲအပြိုပြိုဖြစ်နေကြသည်။
ညနဂါးဂိုဏ်း၏စုပေါင်းအင်အားမှာတစ်ရာကျော်သော်လည်း လက်ရှိအချိန်တွင် စုစည်းထားခြင်းမရှိသဖြင့် ငါးဆယ်ကျော်သာရှိသည်။
ရန်သူအင်အားမှာလည်း ငါးဆယ်နီးပါးဖြစ်သော်လည်း ထိုလူများကညနဂါးဂိုဏ်းသားများထက်သိုင်းပညာပိုကောင်းကာ တိုက်ခိုက်မှုများမှာ ပို၍စည်းစနစ်ကျသည်။
အထင်ရှားဆုံးမှာ ရန်သူများ၏အစိမ်းရောင်ဝတ်စုံနှင့် ဝတ်စုံပေါ်ရှိနဂါးတစ်ကောင်၏ပုံဖြစ်သည်။
“ နဂါးစိမ်းဂိုဏ်း “
မြေခွေးနက်မှာ တုန်လှုပ်စွာရေရွတ်လိုက်သည်။ ထို့နောက်ကျယ်လောင်စွာအော်ဟစ်ကာ အဆောင်တွင်းသို့ပြေးဝင်သွားသည်။
“ ဂိုဏ်းချုပ် ဂိုဏ်းချုပ် “