အလုံးစုံနှိမ်နင်းခြင်း
Vol. 1 Ch. 48
ရှောင်ကျန်းမင်မှာ သူရှိရာဘက်သို့စိုက်ကြည့်နေကြသည့်မျက်ဝန်းများကြောင့် သက်ပြင်းတစ်ချက်ချကာ ဟူချင်းကိုပြောလိုက်သည်။
“ သူတို့ရဲ့သိုင်းပညာတွေကိုဖျက်ဆီးလိုက်ပါ ပြီးရင်တော့ ပြန်လွှတ်ပေးလိုက်ပါ ။
သိုင်းပညာမရှိတဲ့သိုင်းသမားတစ်ယောက်က အစွယ်မရှိတဲ့ကျားထက်ဆိုးတယ်။ သူတို့ကသိုင်းပညာအားကိုးနဲ့ပဲအနိုင်ကျင့်ရဲတာပါ ။
မြို့ထဲကလက်ကျန်အင်အားတွေကိုတော့ အစ်ကိုကြိုက်သလိုသာလုပ်လိုက်ပါ “
ဟူချင်းလည်းရှောင်ကျန်းမင်၏စကားကြောင့်ခေါင်းငြိမ့်လိုက်သည်။ ဤအကြံမှာ ကောင်းမွန်ကာ များစွာရက်စက်ခြင်းလည်းမရှိပေ။
ထို့နောက် သူ၏လူများဆီသို့သွားကာ ညနဂါးဂိုဏ်းသားများကို သိုင်းပညာဖျက်ဆီးရန်ပြောလိုက်သည်။
ညနဂါးဂိုဏ်းသားများမှာ ခေါင်းကိုက်စိုက်ကျကုန်သည်။ ဤမြို့တွင် သူတို့အနိုင်ကျင့်ရခြင်းမှာသူတို့၏နောက်ခံအင်အားနှင့် ထင်ရာစိုင်းနိုင်သောသိုင်းပညာကြောင့်ဖြစ်သည် ။
ယခု သူတို့၏သိုင်းပညာပျက်စီးသွားကြသဖြင့်ဤမြို့တွက် ဆက်မနေလိုတော့ပေ။ အရင်က သူတို့အနိုင်ကျင့်ထားသောသူများမှ ပြန်လက်စားချေကြမည်ကို ကြောက်ရွံ့ကြသည်။
ထို့ကြောင့် ခြေဦးတည့်ရာထွက်သွားသူကများသည်။ အချို့မှာ ထွက်မသွားမီ ရှောင်ကျန်းမင်ကို ကျေးဇူးတင်စကားပြောသွားကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့အသက်မသေဆုံးခြင်းမှာ ရှောင်ကျန်းမင်၏ဆန္ဒကြောင့်ဖြစ်သည် ။ အသက်သေဆုံးခြင်းထက်စာလျှင် သိုင်းပညာဆုံးရှုံးခြင်းက ပို၍ကောင်းမွန်သည်။
နဂါးစိမ်းဂိုဏ်းသားများမှာ ခြံဝန်းအားရှင်းလင်းလိုက်ကြသည်။ ခြံဝန်းထဲရှိအလောင်းများကိုစုထားကာ မိုးလင်းသည်နှင့် သင်္ဂြုလ်မည်ဖြစ်သည်။
နဂါးစိမ်းဂိုဏ်းသားများ၏အလောင်းများကိုမူ သက်သက်ခွဲထားသည်။ နောက်မှ ခမ်းခမ်းနားနားသင်္ဂြုလ်မည်ဖြစ်သည်။
ဤလူများမှာ ကိုယ်ကျိုးမဖက်ဘဲတိုက်ခိုက်ရင်းမှ ကျဆုံးသွားကြခြင်းဖြစ်သည် ။ ထို့ကြောင့် ခမ်းနားသောသင်္ဂြုလ်ခြင်းမှာ သူတို့အတွက်ထိုက်တန်သည်။
ယခုညတိုက်ပွဲမှာ နဂါးစိမ်းဂိုဏ်းမှ လူအတော်များများဆုံးရှုံးရခြင်းမရှိသော်လည်း နှစ်ဖက်လူများပေါင်းလျှင် သေဆုံးသူအတော်များသည် ။
ညနဂါးဂိုဏ်းမှ ဂိုဏ်းသားဆယ်ယောက်ကျော်သေဆုံးကာ နဂါးစိမ်းဂိုဏ်းမှ လေးယောက်ခန့်သေဆုံးသည်။
ဒဏ်ရာပြင်းထန်သူများလည်း မနည်းမနောပင်။ ထိုလူများအား ကုသပေးနေကြသည် ။
“ ခင်ဗျားတို့ကြည့်နေတာတော်လောက်ပြီထင်တယ် “
ရှောင်ကျန်းမင်မှ သစ်ပင်များထက်တွင်ပုန်းကွယ်နေကြသူများအားကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
ထိုလူများအား သူယခင်ကပင်မနှစ်သက်ခြင်းခြင်းဖြစ်သည်။ ရှောင်ကျန်းမင်၏စကားကြောင့် သစ်ပင်များနှင့် တံတိုင်းထက်မှ အရိပ်များမှာ ပျောက်ကွယ်သွားကြသည်။
သူတို့အနေဖြင့် အနည်းငယ်မကျေမနပ်ဖြစ်မိသော်လည်း ဤမျှကြောက်မက်ဖွယ်ကောင်းသောလူရွယ်နှင့် ရင်မဆိုင်လိုကြပေ။
ဆိုးယုတ်နဂါးမှာ အကောင်းဆုံးဥပမာဖြစ်သည်။
“ အစ်ကိုဟူ မြေခွေးနက်ကိုတွေ့မိသေးလား “
ရှောင်ကျန်းမင်မှ သူနှင့်ပြဿနာတက်ခဲ့သည့်မြေခွေးနက်ကိုသတိရကာမေးလိုက်သည်။
သူ၏မေးခွန်းကြောင့် ဟူချင်းမှ မျက်မှောင်ကြုတ်လိုက်သည် ။ ထို့နောက် မသက်မသာပြောလိုက်သည်။
“ သွားပြီ ။ မြေခွေးနက်လွတ်သွားပြီထင်တယ် ။ ညနဂါးဂိုဏ်းကအညံ့ခံတဲ့သိုင်းသမားတွေထဲမှာလည်းမတွေ့ဘူး ။ပြီးတော့ သေဆုံးတဲ့လူထဲမှာလည်းမရှိဘူး ။
ဒါပေမယ့် သူဒီခြံဝန်းထဲကို ညနေကဝင်သွားပြီးပြန်မထွက်လာဘူး။ ဒါကြောင့် သူတိုက်ပွဲဖြစ်နေတုန်းလစ်ထွက်သွားတာဖြစ်ရမယ် ။
ဒီကောင်ကအန္တရာယ်ကောင်ပဲ။ သူ့ရဲ့သိုင်းပညာကဒီလောက်မဟုတ်ပေမယ့် သိပ်ပြီးကောက်ကျစ်တယ်။ ညနဂါးဂိုဏ်းဒီမြို့မှာအမြစ်တွယ်ပြီးကြီးထွားလာတာ သူ့ရဲ့စွမ်းဆောင်ချက်တွေအများကြီးပါတယ် ။
သူ၏ညနဂါးဂိုဏ်းမှာ ဆိုးယုတ်နဂါးပြီးရင်အန္တရာယ်အကြီးဆုံးလူပဲ ။ ပြီးတော့ သိပ်ပြီးအငြိုးအတေးကြီးတယ် ။ နောက်ပိုင်းကျရင်ဒီမြို့ကိုပြန်လာပြီးလက်စားချေမှာပဲ “
ဟူချင်း၏ ပူပန်နေပုံရသည့်စကားကြောင့် ရှောင်ကျန်းမင်လည်း ပြုံးလိုက်မိသည်။ ထို့နောက် ဟူချင်းအားပြောလိုက်သည်။
“ သိပ်လည်းစိတ်ပူမနေပါနဲ့ ။ သူ့ရဲ့ညာလက်ကသိုင်းပညာအသုံးမပြုနိုင်တော့ပါဘူး။ စားသောက်ဆိုင်မှာထဲက ကျုပ်ပညာပေးလိုက်တာ “
ရှောင်ကျန်းမင်၏စကားကိုကြားမှ ဟူချင်းမှာ အနည်းငယ်စိတ်သက်သာရာရသွားသည်။
“ မြေခွေးနက်က လွတ်မြောက်မသွားပါဘူး “
စံအိမ်တံခါးဝတွင်လူရိပ်နှစ်ခုပေါ်လာကာ စကားပြောသံထွက်လာသည်။
ဟူချင်းလည်း ထိုနေရာသို့ကြည့်လိုက်ရာ အံ့အားသင့်သွားသည်။ ရှောင်ကျန်းမင်သည်ပင် ထိုနှစ်ယောက်ကိုမြင်သောအခါ အနည်းငယ်အံ့အားသင့်သွားမိသည်။
အသက်နှစ်ဆယ်ကျော်အရွယ်သာရှိသေးမည့် ဆွဲဆောင်မှုပြင်းသောမိန်းမချောလေးမှာ လက်ထဲတွင် သွေးအနည်းငယ်စွန်းထင်းနေသော ဓားရှည်တစ်လက်ကိုင်ကာ စံအိမ်တံခါးဝတွင်ရပ်နေသည်။
သူ၏လက်ထဲတွင်ဖမ်းချုပ်ထားသူမှာ ဟူချင်းတို့အလိုရှိနေသည့် မြေခွေးနက်ဖြစ်သည်။ မြေခွေးနက်မှာ မိန်းမချောလေးနစ်ဦး၏လက်ထဲတွင်အမိခံရခြင်းမှာ အံ့အားသင့်ဖွယ်ကောင်းနေသည် ။
မြေခွေးနက်၏မျက်နှာမှာ ရှောင်ကျန်းမင်ရိုက်နှက်ထားသည့်ဒဏ်ရာများကြောင့် ဖူးယောင်နေသည်။
သူ၏ခန္တာကိုယ်တွင်လည်း ဓားဒဏ်ရာများမှ သွေးများစီးကျနေသည် ။
ယခုသူ၏လည်ပင်းပေါ်တွင် မိန်းကလေး၏ဓားရှည်ရှိနေကာ မိန်းမချောလေးမှ သူ့ကို ဖမ်းချုပ်ထားသည်။
“ ဒူးထောက် “
မိန်းမချောလေးမှဟူချင်း၏နောက်ကျောအား ဓားပြားဖြင့်ရိုက်လိုက်သည်။ ဟူချင်းမှာ ပြင်းထန်သည့်ရိုက်အားကြောင့် ရှေ့သို့ငိုက်သွားကာ ဟူချင်းမှ ဖမ်းချုပ်ထားလိုက်သည်။
မိန်းကလေးမှာ ဟူချင်းအား မုန်းတီးစွာကြည့်လိုက်သည် ။ထို့နောက် သူမ၏လက်ထဲမှဓားရှည်အားအောက်သို့ ပစ်ချလိုက်သည်။
“ မိန်းကလေး မင်းကဘယ်သူလဲ ။ ဘယ်လိုလုပ်ပြီး မြေခွေးနက်ကို ဖမ်းဆီးထားတာလဲ “
ဟူချင်းမှ မြေခွေးနက် နဂါးစိမ်းဂိုဏ်းသားတစ်ဦး၏လက်ထဲသို့အပ်လိုက်ပြီးနောက် ထိုမိန်းမချောလေးကိုမေးလိုက်သည် ။
မိန်းကလေးမှာ ဟူချင်း၏မေးခွန်းကြောင့် မျက်နှာကွက်ခနဲပျက်သွားသည်။ ထို့နောက် တွန့်ဆုတ်စွာပြန်ဖြေလိုက်သည်။
“ ကျွန်မက ဆိုးယုတ်နဂါးရဲ့အပျော်မယားပါ ပြီးတော့ သူ့ကိုမုန်းတီးနေတာ “
မိန်းကလေး၏လေသံမှာ တိုးညင်းနေသည်။ ရှောင်ကျန်းမင်နှင့်ဟူချင်းလည်း သူမကို ဂရုဏာသက်စွာကြည့်လိုက်ကြသည်။
မိန်းကလေး၏မျက်လုံးထဲတွင် မျက်ရည်စအချို့ဝေ့တက်လာသည်။ သို့သော် မျက်ရည်အကျမခံဘဲ လက်ခံဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည် ။ထို့နောက် သူမဆက်ပြောလိုက်သည်။
“ ကျွန်မက ဒီမြို့နားကရွာကပါ ။ တစ်ရက်မှာ ရွာကို ညနဂါးဂိုဏ်းသားတွေလာရင်းနဲ့ကျွန်မကိုတွေ့သွားပြီး ဖမ်းဆီးခဲ့ကြတယ်။
ကျွန်မကို ခေါ်ဆောင်သွားတဲ့လူကတော့မြေခွေးနက်ပဲ ။ ပြီးတော့ သူကဆိုးယုတ်နဂါးဆီကိုဆက်သခဲ့တယ်။
အဲလိုနဲ့ကျွန်မလည်း ဆိုးယုတ်နဂါးရဲ့အပျော်မူားဖြစ်လာပြီး ဒီခြံဝန်းထဲမှာပဲနေခဲ့ရတယ်။
လေးနှစ် ။ လေးနှစ်လုံးလုံး ကျွန်မအံကြိတ်ပြီးစောင့်ခဲ့တယ်။ ဆိုးယုတ်နဂါးနဲ့မြေခွေးနက်ကို လက်စားချေလို့ရမယ့်အခွင့်အရေးကို ။
ဒီနေ့မှာ ညနဂါးဂိုဏ်းကို အစ်ကိုတို့ဖြိုခွဲပြီးတော့ ဆိုးယုတ်နဂါးကိုသတ်ပစ်လိုက်တာကျွန်မမြင်ခဲ့တယ်။
အဲဒီအချိန်မှာ ထွက်ပြေးဖို့ပြင်ဆင်နေတဲ့မြေခွေးနက်ကိုဖမ်းဆီးခဲ့တာပဲ “
မိန်းကလေးမှ သူမ၏အကြောင်းကို ပြောပြလိုက်သည်။ ရှောင်ကျန်းမင်နှင့်ဟူချင်းတို့လည်း နစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြမိသည်။
“ မင်းက သိုင်းပညာတတ်လား “
ရှောင်ကျန်းမင်မှ မိန်းကလေးကိုကြည့်ကာမေးလိုက်သည်။ မိန်းကလေးလည်း ရှောင်ကျန်းမင်၏မေးခွန်းကိုခေါင်းညိမ့်ပြလိုက်သည်။
“ ကျွန်မဆိုးယုတ်နဂါးကိုအချိုသပ်ပြီးတော့ သိုင်းပညာသင်ကြားခိုင်းခဲ့တယ် ။ဒါပေမယ့်သိပ်ပြီးတော့အဆင့်မမြင့်ဘူး။
အရင်ကဆို မြေခွေးနက်ကိုကျွန်မမနိုင်ဘူး ။ဒါပေမယ့် ဒီနေ့သူအလစ်အငိုက်ခံရတဲ့အတွက် သူ့ကိုအနိုင်ရခဲ့တာ “
မိန်းကလေးမှပြန်ဖြေလိုက်သည် ။ ရှောင်ကျန်းမင်လည်း မိန်းကလေး၏အဖြေကြောင့် ကျေနပ်သွားသည်။
သူမသာသိုင်းပညာလုံးဝမတတ်ဟုပြောပါက သူသံသယဝင်မိမည်ဖြစ်သည်။ သို့သော် မိန်းကလေးအမှန်အတိုင်းပြောသည်ကို သူသိရှိသည်။
သူမ၏သိုင်းအဆင့်မှာ အဆင့်နိမ့်သိုင်းအဆင့်သာရှိသေးသည် ။ ဆိုးယုတ်နဂါးမှ သူမအားသိုင်းပညာများစွာသင်ပေးပုံမရပေ။
အကယ်၍ မြေခွေးနက်သာ ရှောင်ကျန်းမင်၏လက်ချက်ကြောင့်ဒဏ်ရာရရှိမထားပါကသူမအလစ်အငိုက်လုပ်ကြံလျှင်ပင်အနိုင်ရရန်လမ်းမရှိပေ။
“ ဒီက အစ်ကိုတို့ကို ကျေးဇူးတင်ပါတယ် ။ ဆိုးယုတ်နဂါးကိုသတ်ဖြတ်လိုက်တဲ့အတွက်ရော ညနဂါးဂိုဏ်းကိုနှိမ်နင်းတဲ့အတွက်ပါ ။ ကျွန်မနောက်ဆုံးတော့ လက်စားချေနိုင်ခဲ့ပြီ။
ကျွန်မမှာ ပြန်ပေးဆပ်စရာတော့မရှိပါဘူး ဒါပေမယ့် ကျွန်မ ဆိုးယုတ်နဂါးရဲ့မြေအောက်ခန်းကိုသိထားတယ် “
သူမ၏မျက်လုံးများအရောင်လက်သွားကာပြောလိုက်သည်။ ရှောင်ကျန်းမင်တို့လည်း သူမ၏စကားကြောင့် စိတ်ဝင်စားသွားကာ သူမ၏နောက်မှ လိုက်ပါသွားကြသည်။