ဝမ်းတုနှင့် ဝမ်းတ
Vol. 1 Ch. 49
သုံးရက်ကြာပြီးသည့်နောက်တွင်
ရှောင်ကျန်းမင်မှာ မြင်းတစ်ကောင်ကိုဒုန်းသိုင်းစီးကာ ကျန်းပိုမြိုမှ ထွက်ခွာလာခဲ့သည် ။
သူ၏မြင်းမှာ အားကောင်မောင်းသန်ကာ မိုင်တစ်ရာအထိပြေးနိုင်သည်ဟုနာမည်ကြီးသော မြင်းကောင်းမြင်းသန့်ဖြစ်သည်။
ထိုမြင်းအား ဟူချင်းမှ လက်ဆောင်ပေးလိုက်ခြင်းဖြစ်ကာ ရှောင်ကျန်းမင်လည်း လွန်စွာသဘောကျသည် ။
မြင်းစီး၍ မျက်နှာကိုတိုက်ခိုက်လာသော လေနုအေးများကိုခံစားရသောခံစားချက်က သူ့ကိုနှစ်သက်စေသည်။
လွန်ခဲ့သည့်သုံးရက်က ညနဂါးဂိုဏ်းကိုဖြိုခွဲပြီးသည့်နောက်တွင် ဟူချင်းတို့နဂါးစိမ်းဂိုဏ်းခွဲမှာ ကျန်းပိုမြို့တွင် အင်အားအကြီးဆုံးဖြစ်လာသည်။
ထိုညက မိန်းကလေး၏လမ်းပြမှုနှင့် ဆိုးယုတ်နဂါး
မြေအောက်ခန်းကို သူတို့တွေ့ရှိခဲ့သည်။ ထောင်ချောက်အများအပြားဆင်ထားသော်လည်း ထိုထောင်ချောက်များက ရှောင်ကျန်းမင်ကို မခြိန်းခြောင်နိုင်ပေ ။
ရှောင်ကျန်းမင်မှ ဦးစွာသွား၍ထောင်ချောက်များအားဖျက်စီးပြီးသည့်နောက်တွင်မှ ဟူချင်းနှင့်မိန်းကလေးကိုခေါ်ကာ မြေအောက်ခန်းအတွင်းသို့ဝင်လာခဲ့သည် ။
မြေအောက်ခန်းထဲတွင် သူတို့ကိုမင်သက်သွားစေနိုင်သော ပစ္စည်းဥစ္စာများက ဆီးကြိုနေသည် ။ အထပ်ထပ်ဖြစ်နေသောငွေလွှဲလက်မှတ်များ ၊ ရွှေချောင်းများ ၊ ကျောက်စိမ်းရတနာများကိုလည်း တွေ့ရသည်။
ဟူချင်းမှ ရှောင်ကျန်းမင်ကို ထိုရတနာများအားလုံးကိုပေးသော်လည်း ရှောင်ကျန်းမင်မှ ဆယ်ပုံတစ်ပုံခန့်ယူခဲ့သည်။
ထိုဆယ်ပုံတစ်ပုံကပင် ရှောင်ကျန်းမင်ကို ဆယ်နှစ်အထိအလုပ်မလုပ်ဘဲထိုင်စား၍ရသည်။
သိုင်းသမားနှင့်ငွေကြေးမှာ များစွာမအပ်စပ်လှပေ။ အထူးသဖြင့် သူ့လိုနေရာအနှံ့သွားမည့်ခြေသလုံးအိမ်တိုင်းသိုင်းသမားမျိုးဖြစ်သည်။
ကျန်ရှိနေသည့်ရတနာများအား ညနဂါးဂိုဏ်းကြောင့်နစ်နာသူများနှင့် မရှိဆင်းရဲသားများကို ခွဲဝေပေးခဲ့သည်။
ဟူချင်းကိုယ်တိုင်လည်း ထိုပစ္စည်းဥစ္စာများကို နစ်ပြားတစ်ချပ်မှမယူခဲ့ပေ ။ ထို့အတွက်ကြောင့်လည်း ရှောင်ကျန်းမင်မှာ ဟူချင်းအား ပို၍လေးစားခင်မင်လာသည် ။
သူထွက်မသွားမီ ညနဂါးဂိုဏ်း၏ဌာနချုပ်ဖြစ်သောခြံဝန်းကြီးကို နဂါးစိမ်းဂိုဏ်းခွဲအဖြစ်ပြောင်းပေးခဲ့သည် ။
သူတို့ကိုကူညီခဲ့သည့်မိန်းကလေးကိုမူ ရှောင်ကျန်းမင်မှ ရွှေငွေဥစ္စာများခွဲပေးသော်လည်း သူမမှ မယူဘဲ နဂါးစိမ်းဂိုဏ်းထဲသို့ ဝင်ခဲ့သည်။
ကျန်းကိုမြို့မှ ပြဿနာများကိုဖြေရှင်းပြီးသည့်နောက်တွင် ရှောင်ကျန်းမင်၏စိတ်များမှာ လွတ်လပ်ပေါ့ပါးလာသည်။
ထို့နောက် ကျယ်ပြန်လှသောသိုင်းလောကကြီးဆီသို့ ခရီးဆက်လာခဲ့သည်။
မြေအောက် နန်းဆောင်ကြီး
မည်သည့်အချိန်ထဲမှ ဆောက်လုပ်ထားမှန်းမသိသောနန်းဆောင်ကြီးမှာ မြေအောက်တွင် ခန့်ညားစွာတည်ရှိနေသည် ။
မြေအောက်တွင်ဖြစ်သော်လည်း လွန်စွာရှားပါးလှသော ညလင်းပုလဲများကနေရာအနှံ့ရှိကာ လင်းထိန်နေသည်။
ထိုညလင်းပုလဲများမှာ ရှားပါးကာ တစ်လုံးပေါ်ထွက်လျှင်ပင် အုတ်အော်သောင်းနင်းဖြစ်သွားပေမည်။
ယခု ထိုနန်းဆောင်ကြီးထဲတွင်မူ သာမန်ကဲ့သို့ နံရံများ မျက်နှာကြက်များတွင် မြုပ်နှံထားသည်။
ယခင်က လူသူတစ်ဦးတစ်ယောက်မှ ရှာဖွေမတွေ့သော်လည်း ယခုအခါတွင်မူ အနက်ရောင်ဝတ်စုံနှင့်လူများ သွားလာနေကြသည် ။
နန်းဆောင်ကြီး၏နောက် တိတ်ဆိတ်သောနေရာတွင် လူရွယ်နှစ်ယောက်မှာ တိုက်ခိုက်နေကြသည်။
ထိုလူရွယ်များမှာ အသက်သုံးဆယ်ခန့်အရွယ်ရှိကြကာ ကြံခိုင်တောင့်တင်းသောခန္တာကိုယ်များရှိကြသည် ။
ယခုမူတစ်ဦးမှ သွေးနီရောင်ဓားတစ်ချောင်းဖြင့် ဓားသိုင်းကိုအသုံးပြု၍တိုက်ခိုက်ကာကျန်တစ်ဦးမှ လက်ဝါးသိုင်းကိုအသုံးပြု၍လက်ဗလာတိုက်ခိုက်နေသည်။
သူတို့၏ဘေးပတ်ဝန်းကျင်တွင် အတွင်းအားလှိုင်းများမှ တဟူးဟူးမည်သံများထွက်ပေါ်နေကာ သာမန်သိုင်းသမားတစ်ယောက်မှာ ထွက်ပေါ်နေသောအတွင်းအားများကြောင့် ကိုယ်တွင်းအင်္ဂါများပျက်စီးကာ သေဆုံးသွားနိုင်သည်။
“ မြူနှင်းအရိပ် “
ဓားကိုင်ထားသောလူရွယ်မှ အော်ဟစ်မာန်သွင်းကာ တိုက်ခိုက်လိုက်သည် ။
သူ၏ဓားမှ အနီရင့်ရောင်အားလှိုင်းမှာ ဓားရိပ်များစွာခွဲဖြာ၍ရှေ့သို့တိုးဝင်သွားကာ ပြိုင်ဘက်လူရွယ်ထံသို့ရောက်ရှိသွားသည် ။
သူ၏ပြိုင်ဘက်မှာလည်း မခေပေ။ သူ၏ရှေ့မှဒားသမား၏တိုက်ကွက်မစမီထဲက လွန်စွာပြင်းထန်မည်ကို ကြိုတင်သိရှိထားသည် ။
ထို့ကြောင့်လက်ဝါးနှစ်ဖက်အား ရှေ့တွက်ထုတ်ကာ အတွင်းအားများပြားစွာနှိုးဆွလိုက်သည်နှင့် သူ၏ခန္တာကိုယ်အတွင်းမှ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာသည်။
“ မိစ္ဆာတစ်ထောင်လက်ဝါး “
သူ၏လင်ဝါးအား လျှင်မြန်စွာလှုပ်ရှားလိုက်ကာသူ၏နှုတ်မှခပ်တိုးတိုးရေရွတ်လိုက်သည် ။
သူ၏လှုပ်ရှားမှုများမှာ မြန်ဆန်လွန်းလှသဖြင့် အရိပ်တစ်ခုကိုသာမြင်လိုက်ရသည်။ သို့သော် တစ်စက္ကန့်ဆိုသောအချိန်အတွင်း လူရွယ်မှာ လက်ဝါးချက်ပေါင်းဆယ်ချက်ကို ရိုက်ထုတ်ပြီးဖြစ်သည်။
သူ၏လက်ဝါးရိပ်များမှာလည်း ရှေ့သို့တိုးဝင်သွားကာ သူတို့နှစ်ယောက်၏အလယ်တွင် ဓားလှိုင်းများဖြင့် ဆုံတွေ့သွားသည်။
“ ဝုန်းး “
ကျယ်လောင်သည့်အသံကြီးပေါ်ထွက်လာကာ မြေအောက်နန်းဆောင်တစ်ခုလုံးပင် တုန်ဟည်းသွားသလို ထင်လိုက်ရသည်။
သူတို့၏တိုက်ကွက်များမှာ အချင်းချင်းထိတ်တိုက်တွေ့ကာ ပျက်ပြယ်သွားသော်လည်း အားလှိုင်းအနည်းငယ်မှ သူတို့၏နောက်သို့လွင့်သွားကြသေးသည်။
ဓားသမားလူရွယ်၏နောက်သစ်ပင်တွင် အနက်ရောင်လက်ဝါးရာကြီးရှိနေကာ တခဏအတွင်း ထိုသစ်ပင်မှာအစာရေစာပြက်လပ်သွားသလို ချက်ခြင်းညိုးခြောက်သွားသည်။
တစ်ဖက်မှလူငယ်၏နောက်ရှိ မြေပြင်တွင်လည်း အတော်နက်ရှိုင်းသောဓားရာကြီးတစ်ခုရှိနေသည် ။
သူတို့၏တိုက်ပွဲမှ အားလှိုင်းအကြွင်းအကျန်များသည်ပင် ယခုလောက်အစွမ်းထက်နေသည် ။
အကယ်၍ သူတို့၏တိုက်ကွက်တစ်ခုခုကိုသာ ထိမှန်သွားပါက ပြိုင်ဘက်မှာ အစအနပင်ရှာတွေမည်မဟုတ်ပေ ။
သိုင်းလောကထဲရှိလူများမှာ ထိုတိုက်ခိုက်မှုများကိုသာတွေ့ပါကသူတို့၏မျက်ဝန်းများပြူးကျယ်သွားကြပေမည် ။။
အမှန်မှာ လူရွယ်နှစ်ယောက်မှာ လက်ရည်စမ်းနေကြခြင်းဖြစ်သော်လည်း သူသေကိုယ်သေတိုက်ပွဲအလား သူတို့၏တိုက်ခိုက်မှုများမှာပြင်းထန်လှသည်။
“ ဟားဟား ကျားကြီး မင်းတော်တော်တိုးတက်လာတာပဲ “
လက်ဝါးသိုင်း အသုံးပြုသောလူရွယ်မှဓားသမားလူရွယ်၏ ပခုံးအားပုတ်ကာ တရင်းတနှီး ချီးကျူးလိုက်သည်။
ဓားသမားလူရွယ်မှာ ထိုလူရွယ်၏ဦးခေါင်းအားပိတ်ရိုက်လိုက်သည်။
“ မင်းလဲဘာထူးလဲ ငါတို့မတွေ့တာတစ်နှစ်လောက်ပဲရှိသေးတယ်။ ဒီလောက်အထိတိုးတက်လာပြီ “
ဓားသမားလူရွယ်မှ မျက်နှာရှုံ့မဲ့၍ပြောလိုက်သည် ။ ထို့နောက် သူတို့နှစ်ယောက်မှာ အားအင်ကုန်ခမ်းစွာဖြင့်မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်ကြသည်။
အစောပိုင်းကတိုက်ပွဲတွင် သူတို့နှစ်ဦးစလုံးမှာ အစွမ်းကုန်ထုတ်ခဲ့ရခြင်းဖြစ်သည် ။
သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦးလွန်စွာရင်းနှီးကျွမ်းဝင်သူများဖြစ်သော်လည်း တိုက်ခိုက်ရာတွင် တကယ့်ရန်သူတော်များပမာ သူသေကိုယ်သေတိုက်ခိုက်လေ့ရှိသည်။
ဤသည်မှာလည်း သူတို့၏လေ့ကျင့်မှုများကြောင့််ဖြစ်သည်။ ယခုနှစ်များတွင် သူတို့၏လေ့ကျင့်မှုများမှာ လူမဆန်အောင်ကြမ်းတမ်းကာ တိုက်ခိုက်မှုမှန်သမျှမှာလည်း အသေသတ်ရန်ရည်ရွယ်ဿတိုက်ခိုက်ရသည်။
ထို့ကြောင့် အချင်းချင်းတိုက်ခိုက်ရာတွင်လည်း ဤမျှပြင်းထန်နေခြင်းဖြစ်သည်။
ထိုနှစ်ယောက်မှာ လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်က နန်းမြို့တော်အပြင်ဘက်မှဘုံကျောင်းထဲတွင် ပစ္စည်းအလစ်သုတ်နေကြသောကောင်လေးနှစ်ယောက်ဖြစ်သည်။
အကယ်၍ ယခုအချိန်တွင်သာထိုနှစ်ယောက်မှာကျားကြီးနှင့်ကျားလေးဖြစ်သည်ဟုပြောလျှင် တစ်ယောက်မှယုံကြည်ကြမည်မဟုတ်ပေ။
အခြေအနေများမှာ ကွာခြားသွားလေပြီ။ ယခုအချိန်တွင် သူတို့၏နာမည်များမှာ ငရဲဓားဝမ်းတုနှင့် အမှောင်လက်ဝါးဝမ်းတဟူ၍ဖြစ်နေကာ အနက်ရောင်နှင့်အဖြူရောင်သိုင်းလောကသားများ နာမည်ကြားရုံနှင့် ဖိန့်ဖိန့်တုန်အောင်ကြောက်ရွံ့သူများဖြစ်ကြသည်။
သိုင်းလောကထဲမှလူများမှာ သူတို့၏ဇာတ်မြစ်ကို ရေရေရာရာမသိကြပေ ။ သိုင်းလောကသားများသိရှိထားကြသည်မှာ သူတို့ထံတွင် စဉ်းမျဉ်းမရှိပေ။
သူတို့၏သိုင်းပညာမှာ လွန်စွာကြောက်မတ်ဖွယ်ကောင်းသည်။ သိုင်းလောကအတွင်းတွင် မည်သည့်အဖွဲ့အစည်းကိုမှဂရုမစိုက်ဘဲထင်ရာစိုင်းသူများဟု သိထားကြသည်။
သိုင်းလောကသားများမသိသည့်အချက်မှာ ထိုနှစ်ယောက်မှာ အချင်းချင်းညီအစ်ကိုအရင်းများထက်ချစ်ခင်ကာ သူတို့နှစ်ယောက်မှာ ကောင်းကင်နှင့်မြေကြီးကိုပင်ဂရုမစိုက်ကြသော်လည်း လူတစ်ယောက်ကိုမူ လွန်စွာလေးစားရိုသေကြခြင်းဖြစ်သည်။