← Chapters

နေလသိုင်းကျမ်း

Vol. 1 Ch. 52

နေလသိုင်းကျမ်း

Vol. 1 Ch. 52

ကျန်းနန်မြို့သူဌေးကြီးကျန်းလီ၏စံအိမ်

စံအိမ်၏ကျယ်ဝန်းလှသည့်ခြံဝန်းကြီးထဲတွင် အသက်ငါးဆယ်ကျော်ခန့်ရှိမည့်လူကြီးတစ်ယောက်မှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည် ။

ထိုလူကြီးက ကောင်းမွန်သည့်အဖြူရောင်ပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားကာ ကြည်လင်ရွှင်ပြသည့်သူ၏မျက်နှာအမူအယာက မြင်သူတိုင်းခင်မင်ရင်းနှီးချင်စရာကောင်းပေသည်။

သို့သော် ယခုအခါ သူ၏မျက်နှာကညှိုးနွမ်းနေပြီး စိတ်နှလုံးညစ်ညူးဖွယ်ကိစ္စတစ်ခုခုနှင့်ရင်ဆိုင်ကြုံတွေ့နေဟန်တူသည်။

သိုင်းသမားများစွာ၏ကျားချောသ်းချောင်းခြင်းကိုခံရနေသည့်လူတစ်ယောက်အတွက်မည်သို့စိတ်ချမ်းမြေ့ဖွယ်ရှိမည်နည်း။

လူကြီးက လမ်းလျှောက်နေရာမှရပ်လိုက်ပြီး အချိန်အနည်းငယ်ကြာအောင်မျက်မှောင်ကြုတ်၍စဉ်းစားလိုက်သည်။ ထို့နောက် ခေါင်းယမ်း၍ တစ်စုံတစ်ခုကိုစဉ်းစားနေဟန်ဖြင့် ဆက်၍လမ်းလျှောက်နေတော့သည် ။

ထိုလူကြီးကား ကျန်းနန်နယ်တွင် မသိသူမရှိနာမည်ကျော်ကြားသည့်သူဌေးကြီးကျန်းလီပငိဖြစ်ပြီး အမြဲလိုလိုပြုံးနေတတ်သည့်သူ၏မျက်နှာကား ယခုအခါအပြုံးများပျောက်ရှနေသည် ။

ထိုစဉ် ခြံဝန်းထဲသို့အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူတစ်ဦးဝင်ရောက်လာသည် ။

အတွင်းအားကောင်းမွန်ကြောင်းသိရှိနိုင်သည့် ထိုလူ၏မျက်လုံးများကစူးရှတောက်ပနေပြီးသူ၏ဝတ်စုံရင်ဘက်တွင် သေးငယ်သဘ့်နဂါးတစ်ကောင်၏ပုံသဏ္ဍာန်နှင့် နဂါးပုံအောက်တွင် အဖြူရောင်တိမ်တိုက်လေးရှိသည် ။

ထိုလူကား ကျန်းနန်၏နဂါးစိမ်းဂိုဏ်းခွဲမှူးတူံးဖန်ရှန်ပင်ဖြစ်ပြီး သူဌေးကြီးကျန်းလီနှင့်လွန်စွာရင်းနှီးလှသူတစ်ဦးလည်းဖြစ်ပေသည်။

ခြံဝန်းထဲသို့ရောက်ရောက်ချင်း တုန်းဖန်ရှန်၏စူးရှသည့်မျက်လုံးများက နေရာအနှံ့ရွေ့လျားသွားပြီး ထူးခြားမှုတစ်စုံတစ်ရာကိုမတွေ့ရမှသူစပုံစံကအနည်းငယ်စိတ်သက်သာရာရသွားဟန်တူသည်။။

သို့သော် သူဝင်လာသည်ကိုပင်သတိမပြုမိဟန်မတူဘဲစိတ်ညစ်နေသည့်သူ၏မိတ်ဆွေကြီးကိုမြင်လိုက်ရသည့်အခါ တုန်းဖန်းရှန်လည်း သက်ပြင်းတစ်ချက်ချလိုက်မိ၏ ။

သူဌေးကြီးကျန်းလီကား ဤရက်များတွင်ကောင်းစွာအိပ်စက်နိုင်ဟန်မတူဘဲ သူ၏မျက်လုံးများပင်အနည်းငယ်နီရဲနေပြီး မျက်နှာက နွမ်းလျနေသည် ။

ယခုလိုအခြေအနေမျိုးတွင်မည်သူကရော ကောင်းမွန်စွာအိပ်စက်နိုင်မည်နည်း ။

ကျန်းလီ၏ပုံစံက အသက်အနည်းငယ်ပင်ကြီးရင့်သွားဟန်တူပြီး တုန်းဖန်းရှန်လည်းစိတ်ထဲတွင် ကျန်းလီအတွက်စိတ်မကောင်းဖြစ်နေမိကာ သူ၏အနီးသို့လျှာက်လာတော့သည် ။

“ သူ‌ဌေးကျန်း...”

တုန်းဖန်းရှန်၏ခေါ်သံကြောင့် ကျန်းလီ၏ခန္တာကိုယ်ကဆက်ခနဲဖြစ်သွားပြီး အနီးသို့ရောက်နေသည့်တုန်းဖန်းရှန်ကိုမြင်သည့်အခါ သူ၏မျက်နှာထက်၌ ပျော်ရွှင်ဝမ်းမြောက်သည့်အရိပ်အယောက်အချို့ဖြတ်ပြေးသွားသည်။

“ ဂိုဏ်းခွဲမှူးကြွပါ...”

ကျန်းလီက လေးစားသည့်လေသံဖြင့်ပြောလိုက်ရင်း တုန်းဖန်းရှန်ကိုဖိတ်ခေါ်လိုက်သည်။ သူ၏မျက်နှာထက်တွင်ကား အပြုံးတစ်ပွင့်ရှိနေပြီး မသိလျှင် မည်သည့်အရာမှမဖြစ်ပွားသည့်အလားပင် ။

သို့သော် ကျန်းလီ၏မျက်နှာထက်ရှိထိူအပြုံးမှာ အပြုံးတုတစ်ခုဖြစ်နေသည်ကိုသိလိုက်၍ တုန်းဖန်းရှန်လည်းပို၍စိတ်မကောင်းဖြစ်ပြီးပြီး ကျန်းလီကိုမေးလိုက်သည်။

“ ခင်ဗျားဒိရက်ပိုင်းအဆင်ပြေရဲ့လားသူဌေးကျန်း..”

တုန်းဖန်းရှန်၏မေးခွန်းကြောင့် ကျန်းလီကမည်သည့်ပူပန်စရာမှမရှိသည့်အလား ပေါ့ပါးစွာပြုံးရင်းပြန်ဖြေလိုက်သည်။

“ ကျုပ်ဘာမှမဖြစ်ပါဘူး ။ မစိုးရိမ်ပါနဲ့ဂိုဏ်းခွဲမှူး ကျုပ်ရဲ့စံအိမ်မှာ အဆင့်မြင့်သိုင်းသမားတွေအများအပြားရှိနေပါတယ်။

နောက်ပြီး ဂိုဏ်းခွဲမှူးကလည်းကျုပ်ကိုစောင့်ရှောက်ပေးနေတာပဲ။ ဒါ့အပြင် နောက်ထပ်အဆင့်မြင့်သိုင်းသမားတွေကိုထပ်ပြီးခေါ်ဖို့စဉ်းစားထားတယ် ။

ဒါဆိုရင် သိုင်းလောကသားတွေက ကျုပ်ကိုလွယ်လွယ်ရန်စဝံ့မှာမဟုတ်ပါဘူး...”

ကျန်းလီ၏ရှင်းပြချက်ကြောင့်တုန်းဖန်းရှန်၏မျက်နှာကအနည်းငယ်ပျက်ယွင်းသွားပြီးအလျှင်အမြန်ပြောလိုက်သည်။

“ နောက်ထပ် အစောင့်အရှောက်သိုင်းသမားတွေထပ်ပြီးငှားလို့မဖြစ်တော့ဘူးသူ‌ဌေးကျန်း ။။အခုချိန်မှာ သိုင်းလောကတစ်ခုလုံးကသိုင်းသမားတွေက သူ‌ဌေးကျန်းကိုမျက်စေ့ထောက်ထောက်ကြည့်နေကြပြီ ။

သူဌေးကျန်းသာဒီလိုလုပ်လိုက်ရင် အကြံအစည်သမားတွေအတွက်အခွင့်ကောင်းဖြစ်ပြီး သူတို့၏အစောင့်အရှောက်တွေအဖြစ် သူဌေးကျန်းရဲ့အနီးကိုရောက်လာနိုင်တယ် ။

အကောင်းဆုံးက အခုလူတွေနဲ့ဆက်ပြီးနေတာအကောင်းဆုံးပဲ ...”

တုန်းဖန်းရှန်ကသူ၏စကားကိုခေတ္တရပ်နားလိုက်ပြီး ဆက်ပြောလိုက်သည်။

“ ကျုပ်တို့နဂါးစိမ်းဂိုဏ်းခွဲကလည်း ခင်ဗျားကိုအစွမ်းကုန်ကာကွယ်ပေးနေတာပဲလေ။ သိပ်တော့စိုးရိမ်စရာမရှိပါဘူး..”

ထိုသို့ပြောလိုက်သော်လည်း သူ၏ရင်ထဲတွင်မူလေးလံနေပေသည်။

“ အခုအခြေအနေက ကျုပ်ကိုင်တွယ်နိုင်တာထက်ပိုနေပြီ ...”

ထိုစကားကိုတော့ သူ၏ရင်ထဲတွင်သာပြောလိုက်ခြင်းဖြစ်သည်။

နေလသိုင်းကျမ်းဆိုသည်က နေလသိုင်းရာဇာ၏အစွမ်းထက်သိုင်းကျမ်းဖြစ်ပြီး မရေမတွက်နိုင်သည့်သိုင်းသမားများလိုချင်တပ်မက်ကြပေသည် ။

ယခု ကျန်းနန်မြို့သို့ရောက်ရှိနေကြသည့်သိုင်းသမားများထဲတွင် သူနှင့်အဆင့်တူသူများစွာပါဝင်နေပြီးသူ့ထက်အစွမ်းထက်သည့်သိုင်းသမားများပင်ပါဝင်ကြသည် ။

ထို့အပြင် သူတို့၏အရေအတွက်ကလည်းများပြားလွန်ရာ ထိုလူများက သူတို့နဂါးစိမ်းဂိုဏ်းခွဲကိုကြောက်ရွံ့ကြမည်မဟုတ်ပေ။

ဤနေရာတွင်ပင်မနဂါးစိမ်းဂိုဏ်းကြိးဆိုလျှင်မည်သူမှမထိပါးဝံ့ကြမည်ဖြစ်သော်လည်း ကျန်းနန်မြို့တွင်ရှိသည်ကားဂိုဏ်းခွဲလေးတစ်ခုသာဖြစ်သည်။

ထို့ကြောင့် သူတို့၏သိုင်းပညာတိုးတက်ရေးအတွက်ဘာမှမဆိုလုပ်ဝံ့ကြသည့်သိုင်းလောကသားများမှာ နဂါးစိမ်းဂိုဏ်းခွဲလေးကိုဂရုစိုက်ကြမည်မဟုတ်ပေ။

ပို၍ဆိုးရွားသည့်အချက်ကား ယခုကိစ္စကို ပင်မနဂါးစိမ်းဂိုဏ်းကြီးက ဝင်ပါလိမ့်မည်မဟုတ်ပေ။

အကြောင်းကား နေလသိုင်းကျမ်း၏သတင်းကသိုင်းလောကတစ်ခုလုံးသို့ပျံ့နှံ့ပြီးဖြစ်ရာ နဂါးစိမ်းဂိုဏ်းကြီးသာဝင်ပါလိုက်ပါက သိုင်းကျမ်းကိုလက်ဝါးကြီးအုပ်လိုသည်ဟုစွပ်စွဲချက်များအစီအရီထွက်ပေါ်လာပေမည်။

မည်သို့ပင်ဖြစ်စေ သူဌေးကြီးကျန်းလီမှာ သူ၏မိတ်ဆွေကောင်းတစ်ဦးဖြစ်၍ ကျန်းလီထံတွင်သိုင်းကျမ်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူကတော့ ကျန်းလီ၏အသက်ကိုကာကွယ်ရပေမည်။

“ ဒါနဲ့ သူဌေးကျန်း ခင်ဗျားဆီမှာ နေလသိုင်းကျမ်းကတကယ်ရှိတာလား...”

တုန်းဖန်းရှန်လည်း အနည်းငယ်သိလိုစိတ်ဖြစ်သည့်အတွက်မေးလိုက်ခြင်းဖြစ်သည် ။

နေလသိုင်းရာဇာ၏နေလသိုင်းကျမ်းက ကျန်းနန်မြို့ရှိသူဌေးကြီးကျန်းလီထံတွင်ရှိနေသည်ဆိူသည်သတင်းကသိုင်းလောကတစ်ခုလုံးတွင်ပျံ့နှံ့နေပြီး အတော်လေးခိုင်မာနေပြီဟုပြော၍ရသည်။။

ထို့ကြောင့်တုန်းဖန်းရှန်အနေဖြင့် နေလသိုင်းကျမ်းကိုလိုချင်တပ်မက်စိတ်မရှိသည့်တိုင် အနည်းငယ်စိတ်ဝင်စားမိပေသည်။

တုန်းဖန်းရှန်၏မေးခွန်းကြောင့် ကျန်းလီက သက်ပြင်းတစ်ချက်ချ၍ သူ၏ရင်ဘက်ကြားမှစာအုပ်တစ်အုပ်ကိုထုတ်ကာ တုန်းဖန်းရှန်ကိုကမ်းပေးလိုက်သည်။

“ နေလသိုင်းကျမ်းဟုတ်မဟုတ်တော့မသိဘူး ကျုပ်ဆီမှာသိုင်းကျမ်းတစ်ခုတော့ရှိတယ်။ ဒါကလည်း ကျုပ်အဖေမသေခင်ကျုပ်ကိုပေးသွားတာပဲ။

ကျုပ်ကသိုင်းပညာကိုစိတ်မဝင်စားလို့လက်မခံချင်ပေမယ့် သူကဘိုးဘွားအမွေလို့ပြောပြီး ကျုပ်မလေ့ကျင့်ဖြစ်ရင်တောင် သေချာစောင့်ရှောက်ဖို့ပြောသွားတ ...”

ကျန်းလီက အဝေးကိုငေးကြည့်၍ဖြေးညင်းစွာပြောလိုက်သည် ။

တုန်းဖန်းရှန်လည်းအနည်းငယ်စိတ်ဝင်စားမိသည့်အတွက် စာအုပ်ကိုယူ၍ဖတ်ရှုလိုက်သည် ။

လက်တစ်ဝါးကျော်ခန့်သာအရွယ်အစားရှိသည့်စာအုပ်ငယ်လေးက အတော်ပင်ဟောင်းနွမ်းနေသော်လည်း စာရွက်များစွာပါဝင်သည်။။

တန်းဖန်းရှန်လည်း စာအုပ်ကိုအနည်းငယ်လှန်လှောကြည့်လိုက်မိပြီး သူ၏မျက်နှာကတည်ကြည်သွားကာ အသက်ရှူသံများပင်မြန်ဆန်လာမိသည်။။

“ ဒါတွေကအဆင့်မြင့်လှတဲ့သိုင်းကွက်တွေပါလား...”

တုန်းဖန်းရှန်လည်း သူ၏စိတ်ထဲတွင်ထိတ်လန့်စွာရေရွတ်လ်ြုမိသည် ။

ကျန်းလီပေးသည့်စာအုပ်လေးထဲ၌ ဓားသိုင်းကွက်များအပြင် လက်ဝါးသိုင်းများ အတွင်းအားကျင့်စဉ်များပင်ပါဝင်ပြီး ထိုသိုင်းပညာများကလည်း အနည်းဆုံးထိပ်တန်းအဆင့်ရှိပေသည် ။

သိုင်းကျမ်းတွင်နာမည်မပါဝင်သော်လည်း အထဲရှိသိုင်းပညာများက ထိပ်တန်းအဆင့်ရှိရာ နေလသိုင်းကျမ်းဖြစ်ရန်ရာခိုင်နှုန်းအတော်လေးများပေသည်။

သူကိုယ်တိုင်ကအဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်ရာ တုန်းဖန်းရှန်လည်း ထိုသိုင်းကျမ်းမည်မျှတန်ဖိုးရှိသည်ကိုကောင်းစွာသိရှိထားပြီး ကျန်းလီကိုပြန်ပေးလိုက်ကာ လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

“ သူဌေးကျန်း ခင်ဗျားစာအုပ်ကိုပြန်သိမ်းထားလိုက်။ ပြီးတော့ ဘယ်သူကိုမှမပြမိစေနဲဘ အထူးသဖြင့်သိုင်းလောကသားတွေကိုပဲ ...”

တုန်းဖန်းရှန်လည်း ကျန်းလီကိုစာအုပ်ပြန်ပေးလိုက်ပြီး စိုးရိမ်ပူပန်သည့်ဟန်ဖြင့်ပြောလိုက်သည်။

“ ဒါက တကယ်ပဲနေလသိုင်းကျမ်းလား...ဒါပေမယ့် ကျုပ်အဖေကသိုင်းပညာမတတ်ဘူးလေ “

တုန်းဖန်းရှန်၏လေးနက်သည့်စကားကြောင့် ကျန်းလီ၏မျက်နှာကလည်းအနည်းငယ်ပျက်ယွင်းနေသည်။

“ ကျုပ်အတိအကျမပြောနိုင်ပေမယ့် နေလသိုင်းကျမ်းဖြစ်နိုင်ဖို့အတော်လေးရာခိုင်နှုန်းများတယ်။။ ခင်ဗျားကဲ့ဖခင်ဒီသိုင်းကျမ်းကိုဘယ်ကရလာတာလဲတော့ သူကိုယ်တိုင်ပဲသိနိုင်မှာ...”

တုန်းဖန်းရှန်၏သေချာသည့်အဖြေကိုကြားပြီး ကျန်းလီလည်းချွေးများပင်စိမ့်ထွက်လာမိတော့၏ ။

All Chapters