သတ်ဖြတ်သူများ
Vol. 1 Ch. 54
ကျန်းနန်မြို့၏ညအချိန်မှာ ပုံမှနိအချိန်များဆိုလျှင် နတ်ရေကန်နံဘေးမှစားသောက်ဆိုင်များ၊ အပျော်အိမ်များမှဆူညံသံများ၊ ညဈေးတန်းများနှင့်လွန်စွာစည်ကားလှ၏ ။
ယခုအခါတွင်မူကား မြို့တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပြီး ညအချိန်တွင်ဖွင့်လေ့ရှိသည့်စားသောက်ဆိုင်များကိုပင်ပိတ်ထားကြပြီဖြစ်သည်။
မှောင်ရီပျိုးသည်နှင့်လမ်းမများထက်တွင်လူသွားလူလာလုံးမရှိတော့ဘဲ စည်ကားလှသည့်မြို့ကြီးကား တစ္ဆေမြို့တော်ကြီးတစ်ခုအလား တိတ်ဆိတ်ခြောက်ကပ်နေသည် ။
တိတ်ဆိတ်ခြင်းကြီးစိုးလွန်း၍ ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်ထိပင်ရောက်ရှိနေလေပြီ။
သုံးရက်
ကျန်းနန်မြို့ယခုလိုဖြစ်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်သည်။
ကျန်းနန်၏ထင်ရှားသညိ့သူဌေးကြီးကျန်းလီထံတွင်နေလသိုင်းကျမ်းရှိနေသည်ဆိုသည့်သတင်းကြောင့်သိုင်းလောကတစ်ခုလုံးရှိသိုင်းသမားများစွာ ကျန်းနန်သို့တဖွဲဖွဲရောက်ရှိလာကြသည်။
ပထမရက်များတွင်လူအနည်းငယ်သာလာကြသော်လည်း ဒုတိယရက်နှင့်တတိယရက်များတွင်ကားလူများအဆက်မပြင်ရောက်လာကြပြီး မြို့၏စားသောက်ဆိူင် ၊ တည်းခိုခန်းများ၌ ဂိုဏ်းအဖွဲ့အသီးသီးမှသိုင်းသမားများ တစ်ကိုယ်တော်သိုင်းသမားများသာပြည့်နှက်သွားသည် ။
သူဌေးကြီးကျန်းလီပိုငိဆိုင်သညိ့ရတနာစုရပ်တည်းခိုခန်းများနှင့်စားသောက်ဆိုင်များဆိုလျှင်ပို၍ပင်လူဝင်လူထွကိများပြီး ဤသုံးရက်အတွင်းဝင်ငွေက နှစ်လတာဝင်ငွေနှင့်ညီမျှသည် ။
သို့သော် စီးပွားရေးလုပ်ငန်းများမည်မျှကောင်းမွန်လာပါစေ သူဌေးကြီးကျန်းလီကတော့လုံးဝမပျော်နိုင်ရှာပေ။
ထိုလူအားလုံးက သိုင်းကျမ်း၏သတင်းကြောင့်သူ့ဆီသို့ဦးတည်၍လာကြခြင်းဖြစ်ရာ သူဌေးကြီးကျန်းလီအနေဖြင့်မည်သို့ပျော်ရွှင်နိုင်မည်နည်း။
ကျန်းနန်မြို့၏သက်ဆိုင်ရာအာဏာပိုင်များကလည်း ယခုကိစ္စကိုမျက်နှာလွှဲထားကြသည်။။
အကြောင်းကား သိုင်းလောကသားများဆိုသည်ကစိတ်ထင်ရာလုပ်တတ်ပြီး ထိမ်းချူပ်ရန်ခက်ခဲလှရာ သူတို့သာဝင်ပါလိုက်ပါက ပို၍ကြီးမားသည့်ကိစ္စကြိးများပင်ဖြစ်လာနိုင်သည်။။
ထို့ကြောင့် သူတို့လည်း သာမန်လူများမထိခိုက်စေရန်သာဂရုစိုက်ကာကွယ်ပေးနေပြိးသိုင်းလောကသားများကိုကား လွှတ်ထားလိုက်ရတော့၏။
ကျန်းနန်မြို့၏မြို့ခံများကလည်း ထူးခြားသည့်အခြေအနေကိုရိပ်စားမိ၍ နေ့လည်ခင်းတွင်ပင်အပြင်မထွက်ကြပေ။ အတတ်နိုင်ဆုံးအိမ်ထဲတွင်သာနေကြပေသည် ။
သိုင်းလောက၏သွေးချောင်းစီးတိုက်ပွဲများကိုသူတို့အနေဖြင့်ကောင်းစွာကြားဖူးထားရာ ထိုအထဲတွင်မတော်တဆညပ်ပါမိပါပမည်သူမှကယ်တင်နိုင်မည်မဟုတ်ပေ။
မြို့တော်ဝန်နှင့်တာဝန်ရှိသူများကလည်း မြို့သူမြို့သားများကိုဤရက်များအတွင်းအိမ်ထဲတွင်သာနေရန်ကြေညာပြီးဖြစ်ပေသည်။
ထို့အပြင် ညဘက်မထွက်ရဆိုသည့်အမိန့်ကိုလည်းထုတ်ပြန်ထားသေးသည် ။
သို့သော် သိုင်းလောသားများကား ညမထွက်ရအမိန့်ကိုမည်သူမှဂရုမစိုက်ကြပေ။ ယခုအချိန်ထိသူတို့တစ်ဦးမှမလှုပိရှားသေးခြင်းက သိုင်းကျမ်းအစစ်အမှန်ဖြစ်သည်ကိုသိလို၍ဖြစ်ပြီး ပထမဆုံးရရှိသူအနေဖြင့်ကျန်လူများ၏ဝိုင်းဝန်းတိုက်ခိုက်မှုကိုခံရမည်ဟု သိရှိနေ၍ဖြစ်သည်။
သူဌေးကြီးကျန်းလီ၏စံအိမ်
သူဌေးကြီးကျန်းလီကား လွန်ခဲ့သည့်ရက်ပိုင်းအတွင်း စိုးတထိတ်ထိတ်နေရသော်လည်း ယမန်နေ့က ဂိုဏ်းခွဲမှူးတုန်းဖန်းရှန်၏အကြံကြောင့်ဝမ်းမြောက်၍သွားမိသည်။
ထို့ကြောင့် ယခုသူ၏စံအိမ်ဧည့်ခန်းထဲတွင် တုန်းဖန်းရှန်နှင့်စကားပြောဆိုနေပြီး သူ၏မျက်နှာကဝင်းပနေသည် ။
တုန်းဖန်းရှနိမှာ သူ၏ဂိုဏိးခွဲမှဂိုဏ်းသားများကိုပါခေါ်၍ သူဌေးကြီးကျန်းလီ၏ခြံဝန်းကိုစောင့်ရှောက်ပေးနေသည်မှာ နှစ်ရက်ခန့်ပြီးမြောက်သွားပြီဖြစ်သည်။
ဤညတစ်ညကိုဖြတ်ကျော်ပြီးပါက ရှောင်လင်နှင့်နဂါးစိမ်းဂိုဏ်းမှလူများရောက်လာမည်ဖြစ်၍ တုန်းဖန်းရှန်လည်းစိတ်လက်ပေါ့ပါးနေမိသည် ။
ဤနှစ်ရက်အတွင်း ထူးခြားသည့်တစ်စုံတစ်ဂာမဖြစ်ဘဲသိုင်းလောကသားများကလည်းခြံဝန်းကိုစောင့်ကြည့်နေကြသည့်တိုင်မည်သူမှလှုပ်ရှားခြင်းမရှိပေ။
သို့သော် တုန်းဖန်းရှန်၏စိတ်ထဲတွင်အကြောင်းပြချက်မရှိဘဲလေးလံနေမိပြီး ကြီးမားသည့်တစ်စုံတစ်ရာဖြစ်ပျက်တော့မည်ဟု ခံစားနေမိသည် ။
သို့သော် သူဌေးကြီးကျန်းလီစိတ်ပူမှာစိုး၍ ထိုအကြောင်းကိုသူ၏စိတ်ထဲတွင်သာသိမ်းဆည်းထားလိူက်ရပြီးကျန်းလီနှင့်ထွေရာလေးပါးပြောဆိုနေကြသည်။
ခြံဝန်းထဲတွင်တော့ နဂါးစိမ်းဂိုဏ်းခွဲ၏ထိပ်တန်းသိုင်းသမားဆယ်ယောက်နှင့်အဆင့်မြင့်သိုင်းသမားအယောက်သုံးဆယ်၊ ကျန်းလီ၏အစောင့်အရှောက်အဆင့်မြင့်သိုင်းသမားဆယ်ယောက်က စောင့်ကြပ်နေကြသည်။
ခြံဝန်းကိုစောင့်ရှောက်ရန်သိုင်းပညာအဆင့်မြင့်သူများကိုသာတုန်းဖန်းရှန်ကရွေးချယ်ထားခြင်းဖြစ်ပြီး ထိုလူအင်အားနှင့်ဆိုပါက အဆင့်လွန်ထိပ်သီးများပင်လက်လွတ်စပယ်ပြုမူရဲခြင်းရှိမည်မဟုတ်ပေ။
ထိုအခိုက် ခြံဝန်းထဲမှထွကိပေါ်လာသည့် ဆူညံသံများထ နာကျင်စွာအော်ဟစ်ညည်းတွားသံများကြောင့် ကျန်းလီနှင့်တုန်းဖန်းရှန်လည်းချက်ခြင်းထရပ်လိုက်မိ၏ ။
အေးစိမ့်သည့်ခံစားချက်ကိုသူတို့နှစ်ဦးလုံးခံစားလိုက်မိကြပြီး သွေးညှီနံ့များကလည်း ဧည့်ခန်းထဲထိအောင်လွင့်ပျံ့လာသည်။။
တုန်းဖန်းရှန်အနေဖြင့် အပြင်ဘက်သို့ထွက်၍အခြေအနေကိုသိလိုစိတ်များဖြစ်နေမိသော်လည်း သူဌေးကြီးကျန်းလီကိုတစ်ဦးထဲမထားခဲ့နိုင်ဘဲ သူ၏စိတ်ကိုထိမ်းချုပ်ထားရသည် ။
ထိုအခိုက် အော်ဟစ်သံများက ချက်ခြင်းလိုလိုတိတ်ဆိတ်သွားပြီး ခြံဝန်းထဲရှိမီးများလည်းတစ်ခုပြီးတစ်ခုငြိမ်၍ မှောင်မည်းသွားသည်။
လက်ရှိအချိန်တွင်သူတို့ရှိနေသည့်စံအိမ်ထဲတွင်သာမီးများထိန်လင်းနေပြီး ကြောက်မက်ဖွယ်ခံစားချက်ကလည်းပို၍အားကောင်းလာသည် ။
“ ဂိုဏ်းခွဲမှူး…”
သူဌေးကြီးကျန်းလီ၏မျက်နှာကဖြူဖျော့နေပြီး တုန်းဖန်းရှန်ကိုအားကိုးတကြီးကြည့်လိုက်သည်။
“ မစိုးရိမ်ပါနဲ့သူဌေးကျန်း ကျုပ်တစ်ယောက်လုံးရှိနေတာပဲ ..”
ကျန်းလီကိုနှစ်သိမ့်လိုက်သော်လည်း တုန်းဖန်းရှန်၏နောက်ကျောတွင်ပင်ချွေးများစိမ့်ထွက်နေပြီး သူ၏လက်ထဲရှိဓားကိုတင်းကြပ်စွာဆုပ်ကိုင်ထားမိ၏ ။
ရုတ်တရက်ဖြစ်ပျက်လာသည့်အခြေအနေများက အကောင်းထက်အဆိုးကိုပို၍ဦးတည်နေပြီး ခြံဝန်းထဲရှိသူ၏လူများအတွက်လည်းလွန်စွာစိုးရိမ်နေမိသည် ။
အကယ်၍ သူဌေးကြီးကျန်းလီကိုကာကွယ်ရန်တာဝန်သာမရှိပါက အမှောင်ထဲသို့ပြေးဝင်သွားပြီးရန်သူများနှင့်သူသေကိုယ်သေတိုက်ခိုက်မိပေမည်။
ထိုအခိုက် တုန်းဖန်းရှန်လည်းတစ်စုံတစ်ခုကိုသိရှိလိုက်၍ သူ၏မျက်လုံးများစူးရှသွားပြီး အမှောင်ထဲသို့ကြည့်ကာ အော်ဟစ်လိုက်သည် ။
“ ဘယ်သူလဲ ထွက်ခဲ့စမ်း…”
တုန်းဖန်းရှန်၏ကျယ်လောင်သည့်စကားသံအဆုံးတွင်အပြင်ဘက်မှလေအေးတစ်ချက်ဝေ့လာပြီး သွေးနံ့များက ပို၍ပြင်းထန်လာသည် ။
သူဌေးကြီးကျန်းလီမှာ တုန်လှုပ်ချောက်ချားနေပြီဖြစ်၍ မက်တပ်ပက်ကောင်းစွာမရပ်နိုင်ဘဲ စားပွဲခုံပေါ်တွင်ထိုင်ရင်းအနည်းငယ်တုန်ယင်နေသည်။
ကျန်းလီမှာ ပင်ကိုယ်သတ္တိနည်းပါးလှသူမဟုတ်သော်လည်း ယခုလိုအခြေအနေမျိုးကိုပထမဆုံးအကြိမ်အဖြစ်ကြုံတွေ့ဖူး၍ ကြောက်လန့်တုန်လှုပ်နေသည့်သူ၏ခန္တာကိုယ်ကြီးကိုညထိမ်းချုပ်မထားနိုင်ပေ။
သူတို့၏အကြည့်အောက်မှာပင် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူနှစ်ယောက်က ဧည့်ခန်းထဲသို့ဖြေးညင်းစွာဝင်ရောက်လာသည်။
ထိုလူနှစ်ယောက်မှာ ဓားကိုယ်စီကိုင်ဆောင်ထားကြသည့်လူရွယ်များဖြစ်ကြပြီးအသက်သုံးဆယ်ခန့်သာရှိကြမည်ဖြစ်သည် ။
သူတို့၏ရုပ်ရည်များက ယောင်္ကျားပီသသော်လည်း အေးစက်တင်းမာနေကြပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်းအများအပြားပေါ်ထွက်နေသည်။
ကြောက်မက်ဖွယ်အကောင်းဆုံးအချက်ကား သူတို့၏အနက်ရောင်ဝတ်စုံများက သွေးများဖြင့်စိုရွဲနေပြီး ကြမ်းပြင်ထက်သို့တစက်စက်ကျဆင်းနေကာ ပြင်းထန်သည့်သွေးညှီနံ့နှင့်အတူ အနီရောင်သို့ပြောင်းလုနီးနီးပင်ဖြစ်နေခြင်းဖြစ်၏။
လူရွယ်နှစ်ယောက်အားမြင်သည်နှင့်တုန်းဖန်းရှန်၏မျက်နှာကဆိုးရွားစွာပျက်ယွင်းသွားပြီး တင်းမာခတ်ထန်သည့်လေသံဖြင့်မေးလိုက်သည် ။
“ ငရဲဓားဝမ်းတုနဲ့ အမှောင်လက်ဝါးဝမ်းတ မင်းတို့ကငါ့ရှေ့မှာပေါ်လာရဲသေးတာလား…”
တုန်းဖန်းရှန်၏စကားကြောင့်ထိုလူရွယ်နှစ်ယောက်မည်သူမည်ဝါဖြစ်သညကိုသိရှိသွားသည့် သူဌေးကြီးကျန်းလီမှာပို၍ထိတ်လန့်သွားသည်။။
ငရဲဓားနှင့်အမှောင်လက်ဝါးဆိုသည်က လက်ရှိလူငယ်မျိုးဆက်တွင်ထိပ်ဆုံး၌နေရာယူထားကြသူများဖြစ်သည့်အပြင် နှင်းငွေ့မိစ္ဆာသခင်၏တပည့်များဖြစ်သည်ဆိုသည့်အချက်မှလွဲ၍သူတို့၏အကြောင်းများကိုမည်သူမှ ရေရေရာရာမသိကြပေ။
ထိုနှစ်ယောက်က အနက်ရောင်သိုင်းသမားများထက်ပို၍ရက်စက်ကြမ်းကြုတ်ပြီးစိတ်ထင်ရာလုပ်ကြသူများဖြစ်ကာ လူသတ်ခြင်းကိုထမင်းစားရေသောက်လိုပြုမူတတ်သူများဖြစ်သည်။
သူတို့နှစ်ယောက်သိုင်းလောကတွင်ပေါ်ထွက်လာချိန်မှလွဲ၍ လူရာကျော်သည်အထိသတ်ဖြတ်ဖူးပြီး နဂါးစိမ်းဂိုဏ်းကြီး၏အလိုအရှိဆုံးစာရင်းတွင်အသက်အငယ်ဆုံးလူများလည်းဖြစ်သည် ။
သို့သော် ဝမ်းတုနှင့်ဝမ်းတတို့၏သိုင်းပညာကလွန်စွာကြောက်မက်ဖွယ်ကောင်းပြီးအစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးများဖြစ်ရာ သူတို့ကိုလာရောက်ဖမ်းဆီးသူများကိုပင်ပြန်၍သတ်ဖြတ်ပစ်တတ်သည်။
သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိသည့်နဂါးစိမ်းဂိုဏ်း၏ကာကွယ်သူများရောက်လာလျှင်ကား အလျှင်အမြန်တိမ်းရှောင်သွားတတါသည်။
ထို့ကြောင့် ယခုအချိန်ထိဝမ်းတုနှင့်ဝမ်းတကိုဖမ်းဆီးနိုင်သူဟူ၍မပေါ်သေးဘဲ သူတို့နှစ်ဦးအတူတူလှုပ်ရှားလာသည်က ယခုပထမဦးဆုံးအကြိမ်ဖြစ်ပေမည်။
တုန်းဖန်းရှန်မှာ သူကိုယ်တိုင်ကအဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်သည့်တိုင်ဝမ်းတုနှင့်ဝမ်းတတို့အနက် တစ်ယောက်ယောက်ကိုပင်အနိုင်ယူနိုင်ရန်မသေချာပေ။
သို့သော် သူ၏မိတ်ဆွေဖြစ်သည့်ဌေးကြီးကျန်းလီကိုကာကွယ်ရန်တာဝန်ရှိနေ၍ ထိုနှစ်ယောက်ကိုခြိန်းချောက်လိုက်ခြင်းဖြစ်၏။
တုန်းဖန်းရှန်၏ချိန်းခြောက်စကားကြောင့် ဘယ်ဘက်ရှိ အမှောင်လက်ဝါးဝမ်းတက သဘောကျစွာရယ်မောလိုက်ပြီး ပြန်၍မေးလိုက်သည်။
“ ခင်ဗျားရှေ့မှာပေါ်လာရဲသေးတယ်ဟုတ်လား ။။ခင်ဗျားက ကိုယ့်ကိုယ်ကိုအထင်ကြီးနေတာပဲ။
တကယ်လို့နဂါးစိမ်းဂိုဏ်းရဲ့ကာကွယ်သူခုနစ်ယောက်ထဲကတစ်ယောက်ယောက်သာကျုပ်တို့ရှေ့မှာရှိနေရင်တော့ ကျုပ်တို့နောက်ဆုတ်ရမှာအမှန်ပဲ။
ဒါပေမယ့် ခင်ဗျားတို့မဟုတ်ဘူး။ နဂါးစိမ်းဂိုဏ်းမှာလည်း ဂိုဏ်းချုပ်နဲ့ ဂိုဏိးထိမ်းခုနစ်ယောက်ကလွဲရင်အသုံးကျတဲ့လူမှသိပ်မရှိတာ …”
ဝမ်းတ၏လှောင်ပြောင်သည့်စကားကြောင့် တုန်းဖန်းရှန်၏မျက်နှာကတင်းမာခတ်ထန်သွားပြီး သူ၏ဓားကိုခပ်တင်းတင်းဆုပ်လိုက်မိသည်။
သို့သော် လက်ရှိအချိန်၌ ထိုနှစ်ယောက်ကိုမယှဉ်နိုင်မှန်းသိ၍ သူ၏စိတ်ကိုလျော့ချကာ ထပ်၍မေးလိုက်သည်။။
“ အခုမင်းတို့က သိုင်းကျမ်းအတွက်ရောက်လာကြတာလား…”
တုန်းဖန်းရှန်၏မေးခွန်းကိုဝမ်းတမှပြန်ဖြေရန်ပြင်လိုက်သော်လည်း အေးစက်စက်မျက်နှာထားဖြင့်ဝမ်းတုကဝင်ပြောလိုက်သည်။
“ ကျုပ်တို့ရည်ရွယ်ချက်ကိုသိနေရင် အချိန်ကုန်မခံဘဲသိုင်းကျမ်းကိုထုတ်ပေးလိုက်မဟုတ်ရင် ခင်ဗျားတို့ရဲ့ကံကြမ္မာက ခြံဝန်းထဲကလူတွေလိုဖြစ်သွားမယ် “
ဝမ်းတု၏ခံစားချက်ကင်းမဲ့ဟန်ရသည့်လေသံကြောင့် တုန်းဖန်းရှန်က အဆိုးဆုံးအခြေအနေကိုရိပ်စားမိလိုက်ပြီး သူ၏မျက်နှာကဖြူဖျော့သွားသည် ။