လက်စားချေရန်စတင်ခြင်း
Vol. 1 Ch. 59
သူဌေးကြီးကျန်းလီမှာ သေရာမှပြန်ရှင်လာခြင်းမဟုတ်ပေ။
မနေ့ညက စံအိမ်ဧည့်ခန်းထဲတွင်တုန်းဖန်းရှန်နှင့်ဝမ်းတတို့ကပြင်းထန်စွာတိုက်ခိုက်ခဲ့ကြသည်။ ငရဲဓားဝမ်းတုကလည်း သူ့ဆီသို့တစ်လှမ်းချင်းလျှောက်လာနေသည် ။
သိုင်းပညာနကန်းတစ်လုံးမှမသိသည့်သူဌေးကြီးကျန်းလီကား သူ့ဆီသိူ့ဖြေးညင်းစွာလာနေသည့်လူသတ်သမားကိုမည်သို့မကြောက်ရွံ့ဘဲရှိမည်နည်း။
သူလည်း ကြောက်ရွံ့ထိတ်လန့်စွာဖြင့်နောက်သို့ဆုတ်ရင်းဆုတ်ရင်း နံရံနှင့်ကျောနှင့်ကပ်မိသည့်အထိပင်ဖြစ်သည်။။
ထို့နောက် ဝမ်းတ၏ဓားကရိပ်ခနဲဝင်ရောက်လာပြိး သူတုန်လှုပ်စွာဖြင့်ရှောင်တိမ်းခဲ့သော်ငြား လွတ်မြောက်ခြင်းမပြုဘဲ သတိလစ်မေ့မျော၍လဲကျသွားခြင်းဖြစ်၏။။
ဝမ်းတု၏ဓားချက်က သူ၏နှလုံးနေရာမှအနည်းငယ်သာလွဲချော်ခဲ့ခြင်းက ကျန်းလီ၏အသက်ကိုရှင်သန်စေခဲ့ခြင်းဖြစ်သည် ။
ကျန်းလီတစ်ယောက်ကြောက်လန့်တကြားထိုင်ချလိုက်ခြင်းနှင့် ဝမ်းတုကလည်းသူ့ကိုများစွာအာရုံမထား၍ အသက်ဘေးမှလွတ်မြောက်ခဲ့ခြင်းဖြစ်ပေသည် ။
သူပြန်၍သတိရလာစဉ် ခြံဝန်းထဲသို့အခြားလူများရောက်နေကာ ညက ခြံဝန်းတစ်ခုလုံးရှိလူများသေဆုံးနေသည်ကိုမြင်တွေ့ခဲ့ရပြီး သူ၏မိတ်ဆွေကြီးတုန်းဖန်းရှန်ပါသေဆုံးနေသည်ကိုမြင်လိုက်ရ၍ ကျန်းလီမှာ လွန်စွာစိတ်ထိခိုက်ခဲ့ရသည် ။
ထို့အပြင် ယနေ့နံနက်ပိုင်း၌ တုန်းဖန်းရှန်၏သမီးဖြစ်သူတုန်းဖန်းလျှံပါရောက်ရှိလာရာ သူဌေးကြီးကျန်းလီမှာမည်သည့်မျက်နှာဖြင့်ထွက်တွေ့ရမှန်းပင်မသိတော့ပေ။
အဆုံး၌ ထိုအဖြစ်အပျက်များက သူ့ကြောင့်မဟုတ်သော်ငြား သူနှင့်တိုက်ရိုက်သက်ဆိုင်ခဲ့ပေသည်။
တုန်းဖန်းလျှံတစ်ယောက်လွန်စွာကြေကွဲဝမ်းနည်းနေသည်ကိုမြင်တွေ့ရချိန်၌ သူဌေးကြီးကျန်းလီမှာ မနေနိုင်တော့ဘဲ ထွက်၍နှစ်သိမ့်ခဲ့ခြငိးဖြစ်သည်။
အကြောင်းကား သူနှင့်ညီရင်းအစ်ကိုများပမာ ရင်းနှီးလှသည့်မိတ်ဆွေကြီးတုန်းဖန်းရှန်၏သမီးကိုသူကိုယ်တိုင်လည်း တူမတစ်ယောက်လိုသမီးတစ်ယောက်လို သံယောဇဉ်ရှိသည့်အတွက်ဖြစ်သည်။
&&&-
ရက်အနည်းငယ်ကြာပြီးနောက်၌
မိန်းမချောလေးတုန်းဖန်းလျှံနှင့်ကျန်းလီမှာ ကျန်းလီ၏စံအိမ်ဧည့်ခန်းထဲတွင်ရှိနေကြသည်။
လွန်ခဲ့သည့်ညက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုပြီးနောက်တွင် ကျန်းလီမှာ အလွနိအမင်းစိတ်ထိခိုက်ခဲ့ပြီး ထိုဖြစ်ရပ်များက သူ့ကြောင့်ဟုသာသက်မှတ်နေခဲ့ကာ အိပ်ယာထဲလဲနေသည်အထိဖြစ်သည်။
ရက်အနည်းငယ်ကြာမှထူထူထောင်ထောင်ဖြစ်လာသော်လည်း ကိုယ်အလေးချိန်များစွာကျဆင်း၍ ပိန်ချုံးသွားသည့်အပြင် အမြဲလိုလိုရွှင်ပြနေသည့်သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုမှမတွေ့ရတော့ပေ။
သူ၏စံအိမ်ကြီးတွင် အစောင့်သိုင်းသမားများကိုနောက်ထပ်ခေါ်ဆောင်ခြင်းမရှိတော့သလို လွန်စွာရင်းနှီးသည့်မိတ်ဆွေများကိုပင်လက်ခံတွေ့ဆုံခြင်းမရှိဘဲတစ်ဦးထဲနေခဲ့သည်။
ယနေ့နံနက်တွင်ကား တုန်းဖန်းလျှံကသူ့ကိုလာရောက်တွေ့ဆုံ၍ ကျန်းလီတစ်ယောက်ထွက်၍တွေ့ဆုံခြင်းဖြစ်သည် ။
“ တူမလေး မင်းဘယ်လိုလုပ်ဖို့စိတ်ကူးထားလဲ မင်းရဲ့အဖိုးနဲ့အတူလိုက်မသွားဘူးလား..”
သူမဖခင်၏အလောင်းကို မြေမြုပ်ပြိးသည်မှာ ရက်မနည်ငယ်ကြာပြီဖြစ်သော်ငြား တုန်းဖန်းလျှံမှာ ကျန်းနန်တွင်သာဆက်လက်နေထိုင်ခဲ့သည်။
တုန်းဖန်းရှန်ကိုမြေမြုပ်သည့်နေ့က ဆံပင်များဖြူဖွေးနေသည့်အဖိုးအိုတစ်ယောက်လည်းရောက်ရှိလာသေးသည် ။
ထိုအဖိုးအိုကသိုင်းလောကတွင်ကျော်ကြားလှသည့်နဂါးစိမ်းဂိုဏ်းကြိး၏ဂိုဏ်းထိမ်းခုနစ်ယောက်ထဲမှဖြစ်ကာ တုန်းဖန်းရှန်၏ဖခင်လည်းဖြစ်ပေသည်။
လေခွဲဓားဟုကျော်ကြားသည့်အဖိုးအိုတုန်းဖန်းလီက ထိုနေ့တွင် စကားတစ်ခွန်းမှမဆိုဘဲ သူ့သား၏အလောင်းကိုသာအချိန်အတော်ကြာရပ်နေခဲ့သည်။
ထိုနေရာတွင်ရှိနေသည့်လူတိုင်း တုန်းဖန်းလီ၏စိတ်ထဲတွင်မည်မျှခံစားရမည်ကိုကောင်းစွာခန့်မှန်းမိကြကာ တစ်ခါတစ်ရံ၌ စကားလုံးထောင်သောင်းမကပြောဆိုခြင်းထက် တိတ်ဆိတ်စွာခံစားရခြင်းကများစွာပို၍ခက်ခဲပေသည် ။
နောက်ရက်တွင်တုန်းဖန်းလီမှာ ဝမ်းတနှင့်ဝမ်းတုကိုလိုက်လံရှာဖွေ၍သတ်ဖြတ်မည်ဟုကြွေးကြော်ပြီးကျန်းနန်မှထွက်ခွာသွားကာ တုန်းဖန်းလျှံကား သူမ၏အဖိုးနှင့်အတူလိုက်ပါမသွားခဲ့ပေ။
တုန်းဖန်းလျှံက ကျန်းလီ၏မေးခွန်းကြောင့်သတိပြန်ဝင်လာသော်လည်းသူမ၏ပုံစံက ငူငူငိုင်ငိုင်ဖြစ်နေသည် ။။
ညများစွာအိပ်ရေးပျက်ထားသည့်အတွက် သူမ၏မျက်တွင်းများချောင်ကျနေသော်လည်း ချောမောလှပသည့်မျက်နှာလေးကား ပို၍ပင်ကရုဏာသက်ဖွယ်ကောင်းလာသည် ။
ကျန်းလီလည်း တုန်းဖန်းလျှံ၏ပုံစံကြောင့် သူ၏စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုပို၍ပင်အပြစ်တင်လာမိပြိး လေးနက်တည်ကြည်သည့်လေသံဖြင့်ဆက်ပြောလိုက်ူည် ။
“ တူမလေး မင်းသာဆန္ဒရှိမယ်ဆိုရင် မင်းကိုငါအမွေစားအမွေခံအဖြစ်မွေးစားပြီး ဒီမှာပဲဆက်နေစေချင်တယ် ။
မင်းရဲ့ဖခင်ဆီကသိထားတာအရဆိုရင် မင်းကသိုင်းပညာကိုဝါသနာမပါတဲ့အပြင် အေးအေးချမ်းချမ်းနေရတဲ့ဘဝကိုနှစ်သက်တယ်မဟုတ်လား ..”
ကျန်းလီက စိတိရင်းဖြင့်ပြောလိုက်ခြင်းဖြစ်သော်လည်း တုန်းဖန်းလျှံက ကျန်းလီ၏မေးခွန်းကိုပြန်မဖြေသေးဘဲ အချိန်အတော်ကြာအောင်စဉ်းစားတွေးတောနေသည်။
ထို့နောက် သူမ၏မျက်လုံးထဲတွင်အရောင်တစ်ချက်လက်သွားပြီး အသက်ကိုပြင်းပြင်းရှူလိုက်ကာ တည်ငြိမ်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ ကျမ သိုင်းလောကဲကိုဝင်တော့မည်ဦးလေး…”
တုန်းဖန်းရှန်၏တိုတောင်းသည့်အဖြေက ကျန်းလီကိုအံ့ဩတုန်လှုပ်သွားစေပြီး အလျှင်အမြန်မေးလိုက်သည်။။
“ တူမလေး မဟုတ်မှလွဲရော မင်းအဖေကိုသတ်သွားတဲ့လူတွေကို လက်စားချေမလို့တော့မဟုတ်ပါဘူးနော်.. ။
ဝမ်းတနဲ့ဝမ်းတုဆိုတာ နဂါးစိမ်းဂိုဏ်းကြီးကတောင် ဖမ်းဆီးလို့မရသေးတဲ့အစွမ်းထက်သိုင်းသမားတွေပဲ ။မင်းလိုနုနယ်ဆဲ့မိန်းကလေးက သူတို့လိုအနက်ရောင်သိုင်းသမားတွေကိုဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ…”
ကရုဏာဒေါသဖြင့်ပြောလိုက်သည့် ကျန်းလီ၏လေသံကအနည်းငယ်တင်းမာနေသော်လည်း တုန်းဖန်းလျှံကပြက်သားသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ ကျမရဲ့သိုင်းပညာက သူတို့ကိုယှဉ်နိုင်ဖိူ့မလုံလောက်ရင်တောင် တခြားလက်စားချေနိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါသေးတယ် ။
ကျမဖေဖေကိုသတ်ဖြတ်သွားတဲ့ ဝမ်းတု ၊ ဝမ်းတတို့ကိုသာမက သူတို့ရဲ့နောက်ကလူတွေအားလုံးကိုကျမဖျက်ဆီးပစ်မယ်…”
တုန်းဖန်းလျှံ၏စကားမှာ သတ်ဖြတ်လိုစိတ်များပြည့်နှက်နေပြီး နူးညံ့ကြင်နာတတ်သည့်မိန်းကလေးကယခုလိုပုံစံပြောင်းလဲသွား၍ ကျန်းလီလည်း စိတ်မကောင်းစွာဖြင့်ခေါင်းယမ်းမိလိုက်ပြီး အနုနည်းဖြင့်စည်းရုံးကြည့်လိုက်သည် ။
“ အခုဆိုရင်သူတို့ကို နဂါးစိမ်းဂိုဏ်းကြီးကလည်းလိုက်ပြီးဖမ်းဆီးနေပြီလေ ။ ပြီးတော့မင်းရဲ့ဖိုးဖိုးက အလွန်အစွမ်းထက်တဲ့သိုင်းသမားတစ်ယောက်ပဲ သူကဝမ်းတနဲ့ဝမ်းတုကို ကျိန်းသေပေါက်လက်စားချေနိုင်မှာပါ။
သိုင်းလောကဆိုတာရန်ငြိုးတွေသတ်ဖြတ်မှုတွေပြည့်နှက်နေတဲ့နေရာကြီးပဲ။ မင်းရဲ့စိတ်ဓာတ်နဲ့ဆိုရင် ဒီလိုနေရာမျိုးက လုံးဝသင့်လျော်မှာမဟုတ်ဘူး…”
ကျန်းလီ၏လေသံက ညင်သာလှပြီး တုန်းဖန်းလျှံကိုသိုင်းလောကအတွင်းမဝင်ရောက်စေရန်အစွမ်းကုန်တားဆီးနေသည် ။
သို့သော်လည်း ထိုမိန်းကလေး၏စိတ်ဆုံးဖြတ်ပြီးသည့်အမူအယာနှင့်ပြောင်းလဲမှုမရှိပြက်သားသည့်မျက်ဝန်းတို့ကြောင့် သူ၏ရည်ရွယ်ချက်အောင်မြင်မည်မဟုတ်ဟုလည်းသိရှိလိုက်သည်။
သူတွေးထင်ထားသည့်အတိုင်းပင် တုန်းဖန်းရှန်က တည်ငြိမ်သည့်လေသံဖြင့်ပြန်၍တုံ့ပြန်လာသည် ။
“ ကျမကိုထပ်ပြီးမဖြောင့်ဖျပါနဲ့တော့ဦးလေးကျန်း ကျမဆုံးဖြတ်ပြီးပြီ ဖေဖေ့ကိုသတ်ဖြတ်သွားတဲ့သူတို့နှစ်ယောက်ကို ကျမသေချာပေါက်လက်စားချေမယ် …”
စိတ်နှလုံးဒုံးဒုံးချ၍ဆုံးဖြတ်ထားပြီးမှန်းသိသာသည့် သူမ၏လေသံကြောင့် ကျန်းလီလည်း ထိုမိန်းကလေးကိုဖြောင်းဖျမရနိုင်တော့မှန်းသိလိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ။
ထို့နောက်သူတို့နှစ်ဦးမှာ အချိန်အနည်းငယ်ကြာအောင်တိတ်ဆိတ်နေကြပြီး ကျန်းလီက သက်ပြင်းနောက်တစ်ကြိမ်ချလိုက်ပြန်ကာ လေးနက်သည့်လေသံဖြင့်မှာကြားလိုက်သည် ။
“ ဒါဆိုရင်လည်း မင်းရဲ့အဖိုးကိုအရင်ရှာပြီး သူနဲ့အတူလက်စားချေဖို့ကြိုးစားပါ။ မင်းတစ်ယောက်ထဲဆိုရင် သိုင်းလောကမျာ အန္တရာယ်များတယ်…”
ကျန်းလီ၏စကားကသူမကိုစိုးရိမ်ပူပန်၍ပြောမှန်းသိရှိနေ၍ တုန်းဖန်းလျှံလည်းအသာခေါင်းညိမ့်ပြလိုက်သည်။
သူမ၏အမူအယာကိုတစ်ချက်ကြည့်၍ ကျန်းလီကအိမ်အတွင်းဘက်သို့ရုတ်တရက်ထသွားကာ အချိန်တိုအတွင်း ပြန်ထွက်လာသည်။ သူ၏လက်ထဲတွင်တော့ပဝါတစ်ထည်ဖြင့်ထုပ်ထားသည့်အထုပ်ငယ်တစ်ခုရှိနေသည် ။
ကျန်းလီ၏အပြုအမူကိုကြည့်၍ တုန်းဖန်းလျှံက တစ်စုံတစ်ခုပြောမည်ပြုလိုက်သော်လည်း ကျန်းလီက လေးနက်တည်ကြည်သည့်အမူအယာဖြင့်ပြောလိုက်သည် ။
“ ဒါကိုတော့ ငြင်းမနေပါနဲ့တူမလေး ။ ဒီထဲမှာ မင်းတစ်ဘဝလုံးလုံလုံလောက်လောက်သုံးလို့ရတဲ့ ရွှေတုံးနဲ့ရတနာအချို့ပါတယ် ။
ဦးလေးတတ်နိုင်တာဒါပဲရှိလို့ စိတ်မကောင်းပါဘူး။ သိုင်းလောကထဲကိုသွားမယ်ဆိုရင်ငွေကြေးကလည်းမရှိမဖြစ်လိုအပ်တဲ့အရာပဲ ..”
ကျန်းလီ၏ဖြောင်းဖျမှုကြောင့် တုန်းဖန်းရှန်လည်းအနည်းငယ်တုံ့ဆိုင်းနေပြီးမှ ကျန်းလီပေးသည့်အထုပ်ငယ်လေးကိုလက်ခံလိုကိသည် ။
ကျန်းလီက ဆက်ပြောလိုက်သည် ။
“ တူမလေး မှတ်ထားဖို့က ဦးလေးရဲ့စံအိမ်က တူမလေးအတွက်အမြဲတမ်းတံခါးဖွင့်ထားပေးမယ်ဆိုတာပါပဲ။ တူမလေး သိုင်းလောကမှာမကျင်လည်ချင်တော့ရင် ကျန်းနန်ကိုသေချာပေါက်ပြန်လာခဲ့ပါ…”
ကျန်းလီ၏မျက်ဝန်းထဲမှ ဂရုစိုက်ကြင်နာသည့်အကြည့်ကိုခံစားမိ၍ တုန်းဖန်းလျှံလည်း သူမ၏ဦးခေါင်းကိုဖြေးညင်းစွာညိမ့်ပြလိုက်သည်။
ထို့နောက် သူ့ကိုနှုတ်ဆက်၍ထွက်ခွာသွားသည့်မိန်းကလေး၏နောက်ကျောကိုကြည့်ရင်း ကျန်းလီ၏နားထဲတွင် သူ၏မိတ်ဆွေကြီးတုန်းဖန်းရှန်ပြောခဲ့သည့်စကားသံများကိုပြန်၍ကြားယောင်လာမိသည်။
“ သမီးလေးက ဒီနှစ်ဆိုရင်ဆယ့်ရှစ်နှစ်ပြည့်ပြီ ။ သူ့ရဲ့အမေဆုံးပြီးထဲကသူ့အဖိုးနဲ့နေပြီး စာပေနဲ့ဂီတကိုပဲလေ့လာနေတော့သိုင်းပညာမှာ သိပ်မထူးချွန်ဘူး။။
ဒါပေမယ့် ကျုပ်ကလည်းသူ့ကိုသိုင်းလောကသားတစ်ယောက်ဖြစ်လာမှာထက်သာမန်မိန်းကလေးတစ်ယောက်အဖြစ်အေးအေးချမ်းချမ်းကြီးပျင်းလာစေချင်တယ်လေ …”
ထိုအကြောင်းကိုပြန်၍ကြားယောင်လာမိရင်း ကျန်းလီ၏မျက်ဝန်းထဲတွင်ဝမ်းနည်းသည့်အရိပ်အယောင်အချို့ထွက်ပေါ်လာပြီး ခပ်တိုးတိုးရေရွတ်လိုက်မိသည် ။
“ မင်းရဲ့သမီးက မင်းဖြစ်စေချင်သလို အေးအေးချမ်းချမ်းနေရတော့မယ်မထင်ဘူးမိတ်ဆွေကြီး…ငါ့ကိုခွင့်လွှတ်ပါ “