← Chapters

ရက်စက်သော အမှန်တရား

Vol. 1 Ch. 63

ရက်စက်သော အမှန်တရား

Vol. 1 Ch. 63

ဆိုင်ထဲရှိကြမ်းတမ်းရက်စက်လှသည့်တိုက်ပွဲက ပြီးဆုံးနေလေပြီ။

သူတို့ထဲတွင်အစွမ်းအထက်ဆုံးလူဖြစ်သည့် ချုံယန်းဂိုဏ်းချုပ်သေဆုံးပြီးသည့်အတွက် ကျန်ဂိုဏ်းသားများမှာ ကြာနီအဖွဲ့မှလူများကိုလုံးဝယှဉ်နိုင်ခြင်းမရှိရှာပေ ။

ဝမ်းတနှင့်ဝမ်းတုပင်ဝင်ပါစရာမလိုဘဲ ကြာနီအဖွဲ့ခေါင်းဆောင်နှင့်ကျန်လူများက ချုံယန်းဂိုဏ်းသားများကိုအပြက်အသက်အနိုင်ယူခဲ့ပြီး သူတို့ထဲရှိအများစုကိုသတ်ဖြတ်၍ ကျန်လူများကို ဆိုင်အလယ်တွင်ဒူးထောက်လျက်ထိုင်စေပြီး ကြာနီအဖွဲ့သားများမှဝိုင်းထားကြသည်။

ထို့နောက် ကြာနီအဖွဲ့ခေါင်းဆောင်က ဝမ်းတနှင့်ဝမ်းတုဆီသို့လျှောက်လာပြီး ရိုကျိုးသည့်လေသံဖြင့်ပြောလိုက်သည်။

“ အာဏာရှင်တို့ အမိန့်အတိုင်းသူတို့ကိုနှိမ်နင်းပြီးပါပြီ… အဆင့်လွန်ထိပ်သီးတစ်ယောက်နဲ့ ထိပ်တန်းအဆင့်သိုင်းသမားနှစ်ယောက်ကျန်သေးပါတယ် သူတို့ကိုဘယ်လိုစီမံရမလဲ. “

ကြာနီအဖွဲ့ခေါင်းဆောင်၏စကားကြောင့် ဝမ်းတုကတစ်ချက်ခေါင်းညိမ့်ပြလိုက်ပြီး ထိုင်နေသည့်ဝမ်းတ၏မျက်နှာထက်တွင်အပြုံးတစ်ခုထွက်ပေါ်လာသည်။

ထို့နောက် ဝမ်းတက ဖြေးညင်းစွာထရပ်လိုက်ပြီး ဒူးထောက်နေသည့်ချုံယန်းဂိုဏ်းသားသုံးယောက်ဆီသို့လျှောက်သွားလိုက်သည်။

ထိုအနီးတွင်ဝိုင်းထားကြသည့် ကြာနီအဖွဲ့သားများမှာ ဝမ်းတလျှောက်လာသည်ကိုမြင်သည်နှင့် အံ့ဩတုန်လှုပ်သည့်အမူအယာဖြင့်လမ်းဖယ်ပေးလိုက်ကြသည် ။

အဆုံး၌ ဝမ်းတနှင့်ဝမ်းတုက ကျော်ကြားမှုဖြစ်စေ သိုင်းပညာအရဖြစ်စေသူတို့ထက်များစွာသာလွန်နေသလို သူတို့၏ခေါင်းဆောင်ကပင် ထိုနှစ်ယောက်ကိုမည်မျှလေးစားရသည်ကို သူတို့တွေ့မြင်ပြီးဖြစ်သည်။

ဒူးထောက်နေကြသည့်ချုံယန်းဂိုဏ်းသားသုံးယောက်ထဲတွင်နှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရရှိထားပြီး မတတ်သာမှအညံ့ခံခြင်းဖြစ်သည်။

ကျန်တစ်ယောက်ကား အဆင့်လွန်ထိပ်သီးဖြစ်ပြီး သူ၏ကိုယ်ပေါ်တွင်ဒဏ်ရာအနည်းငယ်သာရှိသည်။

အံ့ဩဖွယ်ကောင်းစွာဖြင့် ထိုအဆင့်လွန်ထိပ်သီးက ဝမ်းတနှင့်ဝမ်းတုတို့ကိုတိုက်ခိုက်ရန်လှုံ့ဆော်ပေးခဲ့သူဖြစ်ပြီး အခြေအနေများရှုပ်ထွေးနေစဉ် သူထွက်ပြေးရန်ကြိုးစားခဲ့ပေသည် ။

ကံမကောင်းစွာဖြင့် ထိုလူ၏အကြံအစည်ကိုကြိုတင်ရိပ်စားမိသည့်ကြာနီအဖွဲ့ခေါင်းဆောင်ကသူကိုယ်တိုင်သွားရောက်တိုက်ခိုက်ခဲ့ပြီး ကျန်ဂိုဏ်းသားများသတ်ဖြတ်ခံရပြီးအခြေအနေမဟန်သည်နှင့် ထိုလူကချက်ခြင်းအညံ့ခံခဲ့ပေသည် ။

“ သခင်လေး ကျုပ်ကို အသက်ချမ်းသာပေးပါ။ ကျုပ်သခင်လေးတို့ဆီမှာ နောက်လိုက်တစ်ယောက်အဖြစ်သစ္စာရှိရှိနေပါ့မယ်။။

ကျုပ်ကအဆင့်လွန်သိုင်းသမားတစ်ယောကဆိုတော့ သခင်လေးတို့အတွက်အများကြီးအကူအညီပေးနိုင်မှာပါ “

ချုံယန်းဂိုဏ်း၏အဆင့်လွန်ထိပ်သီးက ဝမ်းတ၏ရှေ့သို့ချက်ခြင်းတိုးလာလိုက်ပြီး အကြိမ်ကြိမ်ဦးညွှတ်၍တောင်းဆိုလိုက်သည် ။

ထိုလူက အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်သည့်တိုင်သူ၏ဂုဏ်သိက္ခာကိုပင်ဂရုမစိုက်ဘဲ သေရမည်ကိုလွန်စွာကြောက်လန့်ဟန်တူသည် ။

သူ၏အပြုအမူကြောင့်အနီးရှိ ကြာနီအဖွဲ့သားများပင်အထင်အမြင်သေးစွာဖြင့်ကြည့်လိုက်ကြပြီး ကျန်ချုံယန်းဂိုဏ်းသားနှစ်ယောက်၏အမူအယာကလည်း တင်းမာခတ်ထန်သွားသည်။

သို့သော် သူက ကျန်လူများ၏အထင်အမြင်ကိုဂရုမစိုက်ဘဲ ဝမ်းတကိုသာမျက်နှာချိုသွေးနေသည်။

ဝမ်းတနှင့်ဝမ်းတုမှာ ဤနေရာတွင်ခေါင်းဆောင်ဖြစ်သည်ကိုသူကောင်းစွာသိရှိနေပြီး အစွမ်းထက်ထိပ်သီးတစ်ဦးဖြစ်သည့်

ကြာနီအဖွဲ့ခေါင်းဆောင်ပင် သူတို့နှစ်ယောက်အားလွန်စွာလေးစားရသည်။

ထို့ကြောင့် သူ၏အသက်ချမ်းသာရာရစေရန် ဂုဏ်သိက္ခာကိုပင်ဂရုမစိုက်ဘဲ ဝမ်းတ၏ဖိနပ်ကိုပင် လျှက်လုမတတ်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဝမ်းတလည်း ထိုလူ၏အရှက်ကင်းမဲ့ပုံကြောင့်သူ၏စိတ်ထဲတွင်အံ့အားသင့်မိသော်လည်းမျက်နှာထက်တွင်မဖော်ပြဘဲ ခပ်လှမ်းလှမ်းတွင်ရပိနေသည့်ဝမ်းတုကိုတစ်ချက်ကြည့်လိုက်သည် ။

မူလနေရာတွင်ရပ်နေပြီးသူ၏ဓားကိုလက်ထဲတွင်ပိုက်ထားသည့်ဝမ်းတုက ချုံယန်းဂိုဏ်း၏အရှက်မရှိသည့်အဆင့်လွန်ထိပ်သီးကိုအထင်သေးစွာကြည့်ရင်းခေါင်းယမ်းပြလိုက်သည် ။

သူ၏အမူအယာကြောင့်ဝမ်းတ၏မျက်နှာထက်၌နွေးထွေးသည့်အပြုံးတစ်ခုထွက်ပေါ်လာပြီး သူ၏‌ရှေ့တွင်ဒူးထောက်နေသည့်အဆင့်လွန်ထိပ်သီးကိုမေးလိုက်သည် ။

“ ခင်ဗျားက ကျုပ်တို့ရဲ့နောက်လိုက်အဖြစ်လုပ်မယ်ဆိုရင် ခင်ဗျားရဲ့အသက်ကိုချမ်းသာကောင်း ချမ်းသာပေးနိုင်ပါတယ် ..တစ်ခုတော့ရှိတယ် ကျုပ်အတွက် ချုံယန်းဂိုဏ်းကို ခင်ဗျားပြန်ပြိးရင်ဆိုင်ဝံ့မလား “

ဝမ်းတ၏တည်ငြိမ်သည့်စကားကြောင့် ထိုလူကပျော်ရွှင်ဝမ်းမြောက်သွားပြီးချက်ခြင်းဦးညွှတ်၍ တည်ကြည်လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ ကျုပ်ရဲ့အသက်ကိုချမ်းသာပေးရင် ချုံယန်းဂိုဏ်းကျန်တဲ့လူတွေကိုတောင် ကျုပ်ပြန်ပြီးတိုက်ခိုက်နိုင်ပါတယ်။

ကျုပ်တို့ရဲ့ဂိုဏ်းက အင်အား‌တောင့်တင်းတဲ့ပထမတန်းစားဂိုဏ်းတစ်ခုတော့ အရင်းအမြစ်တွေလည်းအများကြီးရှိပါတယ် ။

ဂိုဏ်းချုပ်က သိုင်းကျမ်းရဲ့နောက်ကိုလိုက်ဖို့အစွမ်းထက်သိုင်းသမားတွေကိုပဲခေါ်ဆောင်လာတဲ့အတွက် ဂိုဏ်းမှာ အဆင့်လွန်ထိပ်သီးတစ်ယောက်ထိပ်တန်းအဆင့်သိုင်းသမားသုံးယောက်နဲ့ အဆင့်မြင့်သိုင်းသမားဆယ်ယောက်ကျော်ပဲကျန်ခဲ့ပါတယ်။

ကျန်တဲ့လူတွေက သာမန်လူတွေနဲ့အဆင့်နိမ့်သိုင်းသမားတွေပါ။ သခင်လေးရဲ့သိုင်းပညာနဲ့ဆိုရင်ချုံယန်းဂိုဏ်းကိုဖျက်ဆီးဖို့က လုံးဝလွယ်ကူနေမှာပါ…”

ထိုလူကဝမ်းတ၏စကားကိုသဘောတူလက်ခံရုံသာမက ဂိုဏ်း၏အတွင်းရေးများကိုပင် ထုတ်‌ဖော်ပြောဆိုနေပေသည်။

သူ၏ဘေးရှိ ဒဏ်ရာအပြင်းအထန်ရရှိထားသည့်ထိပ်တန်းအဆင့်သိုင်းသမားနှစ်ယောက်မှာမူ သူတို့၏အကြီးအကဲကိုမယုံကြည်နိုင်သလိုကြည့်နေကြရင်း အသက်ရှင်ခွင့်အတွက် ဂိုဏ်းကိုပင်သစ္စာဖောက်ဝံ့သည့်ထိုလူကို အံ့ဩခြင်း ၊ စက်ဆုပ်ရွံရှာခြင်း ၊ ဒေါသထွက်ခြင်းစသည့်ခံစားချက်မျိုးစုံဖြင့်ကြည့်နေမိကြသည် ။

ထိုလူ၏စကားကိုဆက်လက်သည်းမခံနိုင်တော့သည့်အဆုံး၌ ဂိုဏ်းသားတစ်ယောက်ကအေးစက်စက်လေသံဖြင့်ပြောလိုက်သည်။

“ ဟမ့် ငါတို့ဂိုဏ်းချုပ်က အမြင်မရှိလို့ဒီလိုသစ္စာမရှိတဲ့လူမျိုးကိုအကြီးအကဲအဖြစ်ရာထူးကြီးကြီးပေးခဲ့တာပဲ…”

“ ဖွီ…အသက်သေရမှာကြောက်လို့ ခွေးတစ်ကောင်လိုဖားလျားနေတဲ့အပြင် ဂိုဏ်းကိုပါသစ္စာဖောက်လိုက်သေးတယ်.. သေသွားတဲ့ညီအစ်ကိုတွေကိုတောင်အားနာဖို့ကောင်းသေးတယ် “

ကျန်ဂိုဏ်းသားတစ်ယောက်ကလည်း အထင်သေးသည့်လေသံဖြငိ့လှောင်ပြောင်လိုက်သည်။

သူတို့၏စကားများကြောင့် အဆင့်လွန်ထိပ်သီး၏မျက်နှာထက်၌ တင်းမာခတ်ထန်သည့်အမူအယာများထွက်ပေါ်လာသော်လည်း တစ်စုံတစ်ရာမလှုပ်ရှားဝံ့၍ စကားဖြင့်ပင်ပြန်၍ချေပလိုက်သည်။

“ အဲဒီတော့ဘာဖြစ်လဲ…ငါက ကိုယ့်အသက်ကိုကာကွယ်ဖို့အတွက်လုပ်ခဲ့တာပဲ ။ မင်းတို့ရဲ့ဂိုဏ်းချုပ်ကရော မင်းတို့ကိုသိပ်ပြီးဂရုစိုက်တယ်ထင်နေလား…ဂိုဏ်းကရော ဂုဏ်သိက္ခာရှိတဲ့အဖြူရောင်သိုင်းဂိုဏ်းလား.. ဟမ့် အပေါ်ယံတွေ …”

ထိုလူ၏စကားကြောင့် ချုံယန်းဂိုဏ်းသားနှစ်ယောက်မှာတစ်စုံတစ်ခုပြန်ပြောမည်ပြုလိုက်သော်လည်း သူက ဆက်ပြောလိုက်သည်။

“ အေး…ငါတို့ရဲ့ချုံယန်းဂိုဏ်းက သိုင်းကျမ်းလုပွဲထဲကိုဝင်ပါလာတာ မတော်တဆသက်သက်မဟုတ်ဘဲ ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေရဲ့လောဘအတွက်ကြောင့်ပဲကွ ။။

အကြီးအကဲနတ်ပုလွေကို ကျန်းနန်ဆီမစေလွှတ်ခင်ထဲက သူသေဆုံးမယ်လို့ဂိုဏ်းချုပ်က ကြိုတွက်ပြီးသား။ ရှင်းရှင်းပြောရရင် သူက စတေးခံကျားစေ့လေးပေါ့ ။။

ဘာလို့လဲဆိုတော့ ငါတို့ဂိုဏ်းကသိုင်းကျမ်းလုပွဲကိုဝင်ပါဖို့ဆိုရင်အကြောင်းပြချက်တစ်ခုလိုအပ်လို့ပဲ။ နတ်ပုလွေသေသွားရတာက ငါတို့အတွက်အခွင့်ကောင်းတစ်ခုဖြစ်လာပြီး ဂိုဏ်းရဲ့အစွမ်းထက်သိုင်းသမားအားနီးပါးသုံးပြီးသိုင်းကျမ်းနောက်ကိုလိုက်ခဲ့ကြတယ်။

သိုင်းကျမ်းလုပွဲမှာဝင်ပါရင် ငါတို့ဂိုဏ်းရဲ့အင်အားကိုအများကြိးချိနဲ့သွားစေပြီး ဂိုဏ်းကအစွမ်းအထက်သိုင်းသမားအများစုသေဆုံးရမည်ဆိုတာငါတို့ကောင်းကောင်းသိထားတယ်။။

ဒါပေမယ့် ငါတို့ဂရုမစိုက်ခဲ့ကြဘူး။ ဘာကြောင့်လဲဆိုတော့ ထိပ်တန်းအဆင့်သိုင်းကျမ်းတစ်ခုက သူတို့ရဲ့အသက်ထက်အများကြီးပိုပြီးတန်ဖိုးရှိနေလို့ပဲ …”

ထိုလူ၏စကားက ချုံယန်းဂိုဏ်းသားနှစ်ယောက်၏မျက်နှာကိုသွေးဆုတ်ဖြူလျော်သွားစေပြီး သူတို့ယုံကြည်အားကိုးရသည့်ဂိုဏ်းချုပ်ကယခုလိုမျိုးလုပ်ဆောင်လိမ့်မည်ဟု တစ်ကြိမ်ကလေးမှပင်မစဉ်းစားမိကြပေ။

သူတိူ့၏အမူအယာကိုကြည့်၍ အဆင့်လွန်ထိပ်သီးက ဆက်ပြောလိုက်သည် ။

“ ဒုတိယတစ်ချက်ကိုသိရင်မင်းတို့ပိုပြီးတောင်ထိတ်လန့်သွားကြဦးမယ်။။သိုင်းကျမ်းကိုငါတို့ရပြီးတာနဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲလေးယောက်ကလွဲပြီးကျန်တဲ့လူတွေကိုရှင်းပစ်ဖို့ကြိုတင်စီစဉ်ထားကြပြီးပြီ။

ကြားထဲမှာမမျှော်လင့်ထားတာတွေဖြစ်ပြီး ဂိုဏ်းချုပ်နဲ့တခြားလူတွေသေကုန်တာတော့ ကံကြမ္မာရဲ့စီစဉ်မှုပေါ့။

ဘယ်လိုပဲဖြစ်ဖြစ်ပါ အခု မင်းတို့သစ္စာရှိလှပါချည်ရဲ့ဆိုတဲ့ဂိုဏ်းက မင်းတို့ကိုဘယ်လိုမျိုးဆက်ဆံတယ်ဆိုတာ သိပြီလား…”

သူ၏စကားအဆုံး၌ ချုံယန်းဂိုဏ်းသားနှစ်ယောက်မှာ ကျောက်ရုပ်များစဖွယ်ဖြစ်သွားကြပြီး သူတို့၏မျက်နှာများကဆိုးရွားစွာပျက်ယွင်းနေကြသည်။

ချုံယန်းဂိုဏ်းတွင်းအရှုပ်အထွေးများကိူအစအဆုံးကြားခဲ့ရသည့်ကြာနီအဖွဲ့သားများသည်လည်း အမူအယာအမျိုးမျိုးဖြင့်ရှိနေကြပြီးတစ်ဖက်အင်အားစု၏ခေါင်းဆောင်များကဤမျှယုတ်ညံ့လိမ့်မည်ဟုထင်မထားကြပေ။

နောက်ဆုံးတွင် အနက်ရောင်သိုင်းသမားအများစုဖြင့်ဖွဲ့စည်းထားသည့်သူတို့အဖွဲ့အစည်းပင် သိုင်းကျမ်းက်ုလိုချင်တပ်မက်၍လိုက်လံတိုက်ခိုက်ခဲ့ကြသည့်တိုင် အဖွဲ့သားချင်းသတ်ဖြတ်သည်အထိဖြစ်လိမ့်မည်မဟုတ်ပေ။

ထို့နောက် အဆင့်လွန်သိုင်းသမားက ဝမ်းတကိုမော့ကြည့်၍ အပြုံးဖြင့်ပြောလိုက်သည်။

“ သခင်လေး …ဒီနှစ်ကောင်ကိုရှင်းပစ်ပြီးရင် ချုံယန်းဂိုဏ်းနဲ့ပတ်သတ်ပြီးသခင်လေးကြိုက်သလိုစီမံနိုင်ပါတယ်…”

စိတ်ထိခိုက်‌နေကြသည့် ဂိုဏ်းသားနှစ်‌ယောက်ကား သူ၏စကားကိုတုန့်ပြန်ခြင်းပင်မပြုနိုင်ရှာပေ။

ဝမ်းတုကား သူတို့၏စကားဝိုင်းကိုအစအဆုံးနားထောင်နေပြီး သူ၏မျက်နှာထက်ရှိနွေးထွေးသည့်အပြုံးက ပို၍ပီပြင်လာကာ ချုံယန်းဂိုဏ်း၏အဆင့်လွန်ထိပ်သီးကိုကြည့်၍ပြောလိုက်သည် ။

“ ဟုတ်တာပေါ့ …ဒီမတိုင်ခင်တော့ လုပ်စရာလေးတစ်ခုရှိသေးတယ်…”

ပြောပြောဆိုဆိုဖြင့် ဝမ်းတ၏လက်အစုံကလွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်လှုပ်ရှားသွားပြီး ထိုလူ၏ခန္တာကိုယ်ရှိသွေးကြောကွက်အတော်များများကိုထိတွေ့လိုက်သည်။

ဝမ်းတ၏လက်ဖြင့်ထိခဲ့သည့်နေရာတိုင်းတွင်အနည်းငယ်စူးအောင့်သည့်ဝေဒနာကိုခံစားမိလိုက်သော်လည်း ထိုလူမှာ ခုခံမှုတစ်စုံတစ်ရာမလုပ်ဝံ့ဘဲအသာတကြည်ငြိမ်ခံနေရသည် ။

သို့သော် အချိန်အနည်းငယ်အတွင်းသူ၏အပြုံးကပျောက်ကွယ်သွားပြီး မျက်နှာအမူအယာကဆိုးရွားလာပြီး သူ၏ခန္တာကိုယ်ကြီးက သွေးများဖြင့်စိုရွှဲနေသည့် စားသောက်ဆိုင်ကြမ်းပြင်ပေါ်သို့ဝုန်းခနဲလဲကျသွားတော့သည်။။

အနီးရှိလူများပင် ထိုလူ၏အဖြစ်ကြောင့် ထိတ်လန့်တကြားနောက်ဆုတ်လိုက်မိကြပြီး ကြောက်လန့်တုန်လှုပ်စွာဖြင့်ကြည့်နေကြသည် ။

ထိုစဉ် ဝမ်းတ၏နွေးထွေးသည့်စကားသံကထွက်‌ပေါ်လာပြန်သည်။

“ ဒီနည်းက ချိုမြိန်သောသေဆုံးခြင်းလို့ခေါ်တဲ့နည်းလမ်းပဲ။ အားလပ်ချိန်မှာငါတီထွင်ထားတာ ..”

All Chapters