← Chapters

မုန်တိုင်းဓား သို့မဟုတ် ဓားမုဆိုး

Vol. 1 Ch. 66

မုန်တိုင်းဓား သို့မဟုတ် ဓားမုဆိုး

Vol. 1 Ch. 66

ချုံယန်းဂိုဏ်းသားနှစ်ယောက်နှင့်လမ်းခွဲပြီးသည့်နောက် ဝမ်းတနှင့်ဝမ်းတုတို့မှာ တောအုပ်အတွင်းဘက်သို့ဆက်၍လျှောက်လာကြသည်။

လက်ရှိအချိန်တွင် ဝမ်းတမှာ အတွင်းဒဏ်ရာအပြင်းအထန်ရရှိထား၍ ပြန်လည်ကုစားရန်လိုအပ်နေပြီး နောက်မှလိုက်လာမည့်လူများရှိနိုင်၍ တောအုပ်အတွင်းပိုင်းသို့ဆက်၍တိုးဝင်လာခြင်းဖြစ်သည် ။

ထိုအချိန်တွင် သူတို့နှင့်အ‌တော်ကွာဝေးသည့်စားသောက်ဆိုင်ရှိရာဘက်ဆီမှ မီးခိုးလုံးကြီးများတလိမ့်လိမ့်တက်နေသည်ကို နှစ်ဦးစလုံးမြင်တွေ့လိုက်ရသည် ။

“ သူတို့စားသောက်ဆိူင်ကကိစ္စတွေရှင်းလင်းပြီးပြီပဲ…”

ထိုအရပ်မျက်နှာဆီသို့စူးစိုက်ကြည့်နေရင်စ ဝမ်းတုက ခပ်တိုးတိုးရေရွတ်လိုက်သည့်အတွက် ဝမ်းတလည်းရွှတ်နောက်နောက်ပြုံး၍ အထက်စီးဆန်သည့်လေသံဖြင့်ပြန်ပြောလိုက်သည်။

“ ဒါပေါ့ သူတို့ကိုအမိန့်ပေးခဲ့တာဘယ်သူမလို့လဲ ငါပါကွ ။ ခရမ်းရောင်သွေးလဂိုဏ်းရဲ့အာဏာရှင် အမှောင်လက်ဝါးဝမ်းတပါ…”

ဝမ်းတ၏ ဟန်ပန်အမူအယာကြောင့် ဝမ်းတုလည်းခေါင်းယမ်း၍ရယ်မောရင်းသူ၏ပခုံးကိုခပ်ဖွဖွထိုးလိုက်သည် ။

အကယ်၍ယခုအဖြစ်ကိုသိုင်းလောကသားများသာတွေ့မြင်ပါကလွန်စွာအံ့အားသင့်ကြပေမည်။

ရက်စက်မှုဂုဏ်သတင်းနှင့်နာမည်ကျော်ပြီး လွန်စွာဆိုးသွမ်းလှသည့်ဝမ်းတုနှင့်ဝမ်းတတို့က သူတို့အချင်းချင်းရှိချိန်တွင် တစ်ယောက်နှငိ့တစ်ယောက်ရင်းနှီးစွာစနောက်နေသည်ကိုကြားရပါက သိုင်းလောကသားများယုံကြည်နိုင်ကြမည်မဟုတ်ပေ။

အထူးသဖြင့် အပြုံးမျက်နှာဖြင့်ရက်စက်သည့်ဝမ်းတနှင့် အရယ်အပြုံးမရှိဘဲအေးစက်သည့်ဝမ်းတုတို့က ယခုအခါ သာမန်လူငယ်များပမာ ပေါ့ပါးလွတ်လပ်စွာစကားနိုင်လုလျက်ရှိနေကြသည်။

အခြားလူများ၏အမြင်တွင်မည်သို့ရှိသည်ဖြစ်စေ သူတို့နှစ်ယောက်က ငယ်စဉ်ကပင်အတူကြီးပျင်းလာရသူများဖြစ်၍ တစ်ယောက်ကိုတစ်ယောက်ရင်းနှီးမှူသံယောဇဉ်ကတိုင်းတာ၍မရဘဲ တစ်ခါတစ်ရံဆိုလျှင် ကလေးငယ်များလိုလုံးထွေးသတ်ပုတ်တတ်ကြသေးသည် ။

ရုတ်တရက် အချင်းချင်းစနောက်ပြောဆိုနေရာမှာ သူတို့၏မျက်နှာများကတည်ကြည်သွားကြပြီး ဝမ်းတုက ဘေးပတ်ဝန်းကျင်ကိုဝေ့ကြည့်ကာ အေးစက်သည့်လေသံဖြင့်အော်ဟစ်လိုက်သည် ။

တောအုပ်အတွင်းရှိအရာအားလုံးမှာတိတ်ဆိတ်နေပြီး ‌တစ်ခါတစ်ရံသစ်ရွက်လေတိုးသံများကိုပင်ကြားနေရသည်။။

သို့သော်လည်း ဝမ်းတနှင့်ဝမ်းတုမှာ သတိအနေအထားဖြင့်ရှိနေကြပြီး အမြဲလိုလိုပြုံးနေတတ်သည့်ဝမ်းတပင်တည်ကြည်နေသည် ။

အကြောင်းကား သူတို့၏ပတ်ဝန်းကျင်တွင်တစ်စုံတစ်‌ယောက်ရှိနေသည်ကိုအာရုံခံမိသော်လည်း ထိုလူရှိနေသည့်နေရာကိုမရှာဖွေနိုင်၍ဖြစ်သည်။။

ဝမ်းတု၏စကားအဆုံး၌ မလှမ်းမကမ်းရှိသစ်ပင်ကြီးတစ်ပင်ထက်မှစကားသံတစ်ခုထွက်ပေါ်လာသည် ။

“ ငရဲဓားဝမ်းတုနှင့် အမှောင်လက်ဝါးဝမ်းတက သိုင်းလောကထဲကသတင်းတွေလိုတကယ်ပဲချီးကျူးစရာကောင်းတာပဲ…”

ရုတ်တရက်ထွက်‌‌ပေါ်လာသည့်အသံ‌ကြောင့် ဝမ်းတနှင့်ဝမ်းတုလည်း ထိုနေရာသို့ပြိုင်တူကြည့်လိုက်မိကြသည် ။

သူတို့နှင့်ခြေလှမ်းနှစ်ဆယ်ခန့်အကွာရှိသစ်ပင်ကြီးတစ်ပင်ထက်တွင် အဖြူရောင်ဝတ်စုံဝတ်လူရွယ်တစ်ယောက်ရပ်နေသည်။

ထိုလူရွယ်မှာ များစွာကြီးမားခြင်းမရှိသည့်သစ်ကိုင်းဖျားတွင်ရပ်နေခြင်းဖြစ်သည့်တိုင်သူ၏ပုံစံက မြေပြင်တွင်ရပ်နေသလိုတည်ငြိမ်လှ၏ ။

ဝမ်းတနှင့်ဝမ်းတုတို့၏အကြည့်အောက်တွင် လူရွယ်က သစ်ကိုင်းထက်မှပေါ့ပါးစွာကျဆင်းလာသည် ။

ဝါးသုံးပြန်ခန့်အမြင့်ထက်မှ သစ်ရွက်တစ်ရွက်လိုကျဆင်းလာသည့်လူရွယ်၏ပုံစံမှာ ဝမ်းတနှင့်ဝမ်းတုတို့ကိုသတိကပ်စေသည်။

ထိုအချက်ကိုကြည့်၍ လူရွယ်၏ကိုယ်ဖော့ပညာမည်မျှကောင်းမွန်သည်ကိုသိရှိနိုင်ပေသည်။။

ထို့အပြင် ထိုလူရွယ်ကသူတို့နှစ်ဦးစလုံးကိုကောင်းစွာသိရှိထားသည့်တိုင် လာရောက်ရှာဖွေဝံ့သည်ကိုကြည့်၍ သူ့ကိုယ်သူယုံကြည်မှုပြည့်ဝကြောင်းကောင်းစွာမြင်တွေ့နိုင်သည် ။

ဝမ်းတနှင့်ဝမ်းတုတို့လည်းထူးဆန်းသည့်လူရွယ်ကို သတိအပြည့်ဖြင့်အကဲခပ်နေကြသည်။

ထိုလူရွယ်မှာ သူတို့ထက်နှစ်အနည်းငယ်မျှသာကြီးဟန်တူပြီးအသက်သုံးဆယ်ဝန်းကျင်ရှိပေသည်။။

လူရွယ်က အဖြူရောင်ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားပြီးသူ၏ရုပ်ရည်က ယောင်္ကျားပီသကာ ကြံ့ခိုင်တောင့်တင်းသည့်ခန္တာကိုယ်နှင့်ကြည့်ကောင်းပေသည် ။

ပွင့်လင်းကာရိုးသားမည့်ဟန်ရသည့်လူရွယ်၏မျက်လုံးများက အတွင်းအားကောင်းမွန်ဟန်ဖြင့်စူးရှလှပြီး သူ၏နောက်ကျောထက်တွင်လည်း ဓားတစ်လက်ကိုသိုင်းလွယ်ထားပေသည်။

ဝမ်းတု၏မျက်လုံးများက လူရွယ်၏နောက်ကျောမှဓားကိူကြည့်လိုက်မိသည့်အခါ သူ၏မျက်ခုံးများစုကြုံ့သွားပြီးလေးနက်သည့်လေသံဖြင့်မေးလိုက်သည်။

“ မင်းက အခုတစ်လောသိုင်းလောကမှာနာမည်ကျော်လာတဲ့မုန်တိုင်းဓားရှောင်ကျန်းမင်လား…”

လူရွယ်၏နောက်ကျောရှိဓားမှာ ပုံမှန်ဓားများထက်သိသိသာသာဗျပ်ကျယ်ပြီးသူ၏ရုပ်သွင်ကလည်း သိသာထင်ရှားလှပေသည်။

ဝမ်းတု၏မေးခွန်းကိုအဖြူရောင်ဝတ်စုံဝတ်လူရွယ်က တိတ်ဆိတ်စွာဖြင့်ခေါင်းညိမ့်ပြလိုက်သည်။

မှန်ပေသည် ။

ထိုလူရွယ်က ဓားစံအိမ်မှထွက်ခွာလာသည့်ရှောင်ကျန်းမင်ဖြစ်ပြီး သိုင်းလောကအတွင်းသို့ရောက်ရှိသည်မှာအချိန်များစွာကြာမြင့်ခြင်းမရှိသည့်တိုင် သူ၏နာမည်ကအတော်ပင်ကျော်ကြားနေပြီဖြစ်သည်။

ရှောင်မင်းမင်မှာကျန်းပိုမြို့တွင် ဆိုးယုတ်နဂါးနှင့်သူ၏ဂိုဏ်းကိုအလွယ်တကူဖြိုခွင်းပြီးနောက်တွင်စတင်ကျော်ကြားလာခြင်းဖြစ်၏။ ။

ဆိုးယုတ်နဂါးလိုအနက်ရောင်သိုင်းလောကတွင်ကျော်ကြားသည့်ဝါရင့်သိုင်းထိပ်သီးတစ်ဦးအား လူငယ်မျိုးဆက်တစ်ဦးကအလွယ်တကူအနိုင်ယူသတ်ဖြတ်ခဲ့၍ သိုင်းလောကသားများမှာ ထိုအကြောင်းကိုစိတ်ဝင်တစားဖြစ်ခဲ့ကြသည် ။

ထို့နောက် ရှောင်ကျန်းမင်မှာ သိုင်းလောကတွင်မုန်တိုင်းဓားဆိုသည့်ဘွဲ့အမည်ဖြင့်ကျော်ကြားလာတော့သည်။

မုန်တိုင်းဓားဆိုသည့်နာမည်ကသူ၏ပြင်းထန်အားကောင်းသည့်ဓားကွက်များကြောင့်ရရှိခဲ့ခြင်းဖြစ်ကာ မုန်တိုင်းကျသလိုပြင်းထန်လှသည့်ဓားသိုင်းကိုမြင်တွေ့သည့်သိုင်းလောကသားများက ထိုသို့ကင်ပွန်းတပ်ခဲ့ခြင်းဖြစ်၏။

တိုက်ဆိုင်စွာပင် သူ၏ဓားသိုင်းအမည်ကလည်းမိုးကြိုးမုန်တိုင်းဓားသိုင်းဖြစ်၍ ရှောင်ကျန်းမင်လည်းထိုတိုက်ဆိုင်မှုကြောင့် ပြုံးခဲ့မိသေးသည် ။

“ ဒါဆို မင်းကငါတို့အတွက်လာခဲ့တာလား ဓားမုဆိုး…”

ဝမ်းတက ရှောင်ကျန်းမင်ကိုကြည့်၍အေးဆေးသည့်ပုံစံဖြင့်မေးလိုက်သည် ။

တစ်ဖက်လူသည်လည်းကျော်ကြားသည့်သိုင်းသမားတစ်ဦးဖြစ်သည့်တိုင် ဝမ်းတ၏မျက်နှာထက်တွင်အပြုံးတစ်ခုရှိနေပြီးသူ၏ပုံစံကလည်းတည်ငြိမ်လှသည်။

ရှောင်ကျန်းမင်၏ဘွဲ့အမည်မှာ မုန်တိုင်းဓားဖြစ်သော်လည်း အချို့သိုင်းလောကသားများက အခြားနာမည်တစ်ခုကိုလည်း ခေါ်ဝေါ်ကြသေးသည်။

ဓားမုဆိုး

ထိုနာမည်ကိုရရှိလာခဲ့သည်ကလည်းသူ၏လုပ်ရပ်များကြောင့်ဖြစ်သည် ။။

ကျန်းပိုမြိူမှထွက်ခွာလာပြီးနောက်တွင် ရှောင်ကျန်းမင်မှာ သိုင်းလောက၌ကျင်လည်ခဲ့ပြီးအလုပ်တစ်ခုရရှိလာခဲ့သည် ။

ထိုအလုပ်က နဂါးစိမ်ဂိုဏ်း၏အလိုအရှိဆုံးစာရင်းဝင်သိုင်းသမားများကိုလိုက်လံဖမ်းဆီးခြင်းပင်ဖြစ်သည်။

ထိုအလုပ်ကိုမည်သည့်အတွက် ရှောင်ကျန်းမင်လုပ်ကိုင်ခဲ့သည်ကိုမည်သူမှတိတိကျကျမသိရသော်လည်းလအနည်းငယ်အတွင်း အလိုအရှိဆုံးစာရင်းမှသိုင်းသမားဆိုးကိုးယောက်အထိဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်သည်။

အကယ်၍ သေချာသတိထားကြည့်ရှုမည်ဆိုပါက ထိုလူများမှာ ဓားသမားများဖြစ်သည်ကိုသတိပြုမိမည်ဖြစ်ပြီး ရှောင်ကျန်းမင်က ဓားပညာချင်းဦးစွာယှဉ်ပြိုင်တိုက်ခိုက်ပြီးမှသူတို့အားလုံးကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။။

တစ်ခုသိထားရမည်မှာ ထိုစာရင်းရှိသိုင်းသမားတိုင်းက လွန်စွာဆိုးသွမ်းရက်စက်သည့်သိုင်းသမားများသာဖြစ်ပြီး သူတို့၏သိုင်းပညာကအနည်းဆုံးအဆင့်လွန်ထိပ်သီးအဆင့်ရှိကြသည်။

သို့သော်ရှောင်ကျန်းမင်၏လက်တွင်အလိုအရှိဆုံးစာရင်းမှကိုးယောက်အထိဖမ်းဆီးခံခဲ့ရပြီး သူ၏နာမည်သည်လည်း ပို၍ပင်ကျော်ကြားခဲ့ပေသည် ။

“ မင်းက ငါတို့ကိုအနိုင်ယူနိုင်မယ်ထင်လို့လား…”

ဝမ်းတက ရှောင်ကျန်းမင်ကိုကြည့်၍ မေးလိုက်ပြန်သည်။ သူ၏မျက်နှာထက်၌ ထူးဆန်းသည့်အပြုံးတစ်ခုရှိနေပြီး စူးရှသည့်မျက်လုံးများက ရှောင်ကျန်းမင်၏အမူအယာကိုမလွတ်တမ်းအကဲခပ်နေသည် ။

သို့သော် ရှောင်မင်းမင်း၏မျက်နှာက ပကတိတည်ငြိမ်နေကာ ခေါင်းယမ်း၍တည်ငြိမ်စွာပြန်ဖြေလိုက်သည် ။

“ မင်းတို့နှစ်ယောက်ပေါင်းရင် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိတဲ့လူတွေကိုတောင်အနိုင်ယူနိုင်တာ ငါသိတာပေါ့ ။

ဒါပေမယ့် မင်းတို့နှစ်ယောက်လုံးရဲ့အကောင်းဆုံးအခြေအနေမှာရှိနေမှဖြစ်မယ်။။အခုက မင်းကအတွင်းဒဏ်ရာကြောင့် ပြန်ပြီးကုစားဖို့လိုအပ်နေတယ်။။

အနည်းဆုံးနေ့တစ်ဝက်လောက်မကုသဘဲ အတွင်းဒဏ်ရာမပျောက်ကင်းနိုင်တဲ့အတွက် ငါ့ကိုပူးပေါင်းတိုက်ခိုက်ဖိူ့မဖြစ်နိုင်ဘူး…”

ရှောင်ကျန်းမင်၏အသေးစိတ်ကျသည့်သုံးသပ်ချက်က ဝမ်းတု၏အမူအယာကိုအနည်းငယ်ပြောင်းလဲသွားစေပြီး သူ၏စိတ်ထဲတွင်လည်းထိုလူရွယ်ကိုပို၍သတိထားလာသည် ။

ရှောင်ကျန်းမင်က ဘေးတွင်အေးစက်တင်းမာသည့်အမူအယာဖြင့်ရှိနေသည့်ဝမ်းတုကိုစူးစိုက်ကြည့်ရင်း လေးနက်သည့်လေသံဖြင့်ဆက်ပြောလိုက်သည်။

“ အခု ငါလာတာက ငရဲဓားဝမ်းတုနဲ့တိုက်ခိုက်ချင်လို့ပဲ။ တကယ်လို့ ငါရှုံးနိမ့်သွားခဲ့ရင် မင်းတို့ကိုဘာမှပြဿနာမရှာဘဲထွက်သွားပေးမယ်။။

ငါအနိုင်ရခဲ့ရင်တော့ မင်းတို့ကိုဖမ်းဆီးဖို့ကြိုးစားပြီး နဂါးစိမ်းဂိုဏ်းရဲ့လက်ကိူအပ်ရလိမ့်မယ်…”

ရှောင်ကျန်းမင်၏မျှော်လင့်မထားသည့်စကားကြောင့် ဝမ်းတလည်းအတွေးများစွာဖြတ်ပြေးသွားပြီး ဝမ်းတုကိုအဓိပ္ပာယ်ပါဝင်သည့်အကြည့်ဖြင့်ကြည့်လိုက်သည် ။

ဝမ်းတုက ဝမ်းတကိုခေါင်းညိမ့်ပြ၍ရှောင်ကျန်းမင်ကိုအေးစက်စက်စိုက်ကြည့်လိုက်ပြီးပြောလိုက်သည် ။

“ ကောင်းပြီ ငါလက်ခံတယ်….”

ဝမ်းတု၏စကားအဆုံးတွင် သူ၏နောက်ကျောရှိဓားက ရွှပ် ခနဲမည်သ့နှင့်အတူလက်ထဲသို့မျက်လှည့်ပြလိုက်သလိုရောက်ရှိပြီးဖြစ်သည် ။

“ မြန်လိုက်တဲ့လှုပ်ရှားမှု…မင်းက ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်လာမှာပဲ…”

ဝမ်းတု၏လှုပ်ရှားမှုကိုကြည့်၍ ရှောင်ကျန်းမင်၏မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားတက်ကြွသည့်အရိပ်အယောင်တစ်ခုပေါ်လာပြီးနောက်ကျောရှိဓားကိုဖြေးညင်းစွာဆွဲထုတ်လိုက်သည်။

သူတို့နှစ်ဦးစလုံးမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ရုံနှင့် မလွယ်ကူသည့်ပြိုင်ဘက်များဖြစ်ကြောင်းကိုရိပ်စားမိလိုက်ကြသည်။။

ထို့ကြောင့်ပင် သူတို့၏တိုက်ပွဲကလွန်စွာပြင်းထန်မည်ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိသလို ဝမ်းတသည်လည်း ခပ်လှမ်းလှမ်းသို့သွား၍ ရောက်ရှိလာတော့မည့်တိုက်ပွဲကြီးကိုစိတ်အေးလက်အေးပုံစံဖြင့်စောင့်ကြည့်နေလိုက်သည် ။

ထိုနေရာတွင်ဓားကိုယ်စီဆုပ်ကိုင်ထားကြပြီးတစ်ယောက်ကိုတစ်ယောက်မျက်နှာချင်းဆိုင်ရပ်နေသည့်လူနှစ်ဦးသာကျန်ခဲ့တော့သည် ။

All Chapters