အနိုင်အရှုံး
Vol. 1 Ch. 68
ရှောင်ကျန်းမင်နှင့်ဝမ်းတုတို့မှာ လက်ရည်တူပြိုင်ဘက်များဖြစ်ရာ သူတို့တတ်မြောက်ထားသမျှပညာရပ်များကိုအစွမ်းကုန်အသုံးလျတိုက်ခိုက်နေခြင်းဖြစ်၍ တိုက်ပွဲကလွန်စွာပြင်းထန်လှ၏။။
ရှောင်ကျန်းမင်၏ခန္တာကိုယ်ထက်တွင်နောက်ထက်ဒဏ်ရာအသစ်နှစ်ခုထွက်ပေါ်လာသလို ဝမ်းတ၏ကိုယ်ပေါ်တွင်လည်း သေးငယ်သည့်ဒဏ်ရာသုံးလေးခုရှိနေပြီဖြစ်သည် ။
သို့သော် ထိုဒဏ်ရာများမှာ သူတို့အတွက်မှုလောက်စရာမဟုတ်ဘဲ ဂရုမစိုက်ဘဲပြင်းထန်စွာတိုက်ခိုက်နေဆဲပင်။
တိုက်ပွဲ၏အရှိန်က အချိန်ကြာလာသညိနှင့်ပို၍မြင့်မားလာသလို သူတို့နှစ်ဦးစလုံးလည်း ပို၍တိုက်ခိုက်လေလေ သူတို့၏တိုက်ခိုက်လိုစိတ်များပိုများလာလေလေဖြစ်သည်။။
သူတို့၏ဓားကွက်များပင် ကုန်စင်အောင်အသုံးပြုပြီးဖြစ်၍နောက်တစ်ကြိမ်ထပ်ကျော့တိုက်ခိုက်နေရသည်။
ယခုတစ်ကြိမ်ပြန်လည်တိုက်ခိုက်ရာတွင် ရှောင်ကျန်းမင်က တဖြေးဖြေးအသာစီးရလာသည် ။
သူ၏တိုက်ခိုက်ပုံကအနည်းငယ်ပြောင်းလဲသွားပြီး တန်ပြန်တိုက်စစ်အစား တိုက်စစ်ခံစစ်မျှတအသုံးပြုလာ၍ ဝမ်းတုကိုဖြေးညင်းစွာအသာစီးရလာခြင်းဖြစ်သည် ။
ဝမ်းတုမှာမူ သူ၏လျှင်မြန်၍ကြောက်မက်ဖွယ်ကောင်းသည့်ဓားကွက်များဖြင့်အစွမ်းကုန်တိုက်ခိုက်နေဆဲဖြစ်သည့်တိုင် အောက်စည်းသို့ရောက်ရှိနေခြင်းကိုမတားဆီးနိုင်ပေ။
သူတို့နှစ်ဦးတိုက်ခိုက်နေသည်မှာ သိုင်းကွက်ငါးရာကျော်ပင်ရှိနေပြီဖြစ်ပြီး တစ်ဦး၏တိုက်ကွက်များကိုကျန်တစ်ယောက်ကရင်းနှီးနေပြီဖြစ်သည် ။
တိုက်ပွဲအချိန်ကြာလာသည်နှင့် သူတို့၏အတွင်းအားကွာဟမှုကစကားပြောလာကာ ဝမ်းတု၏ဓားကွက်များကအနည်းငယ်နှေးကွေးလေးလံလာသည့်တိုင် ရှောင်ကျန်းမင်ကား မယိုင်လဲနိုင်သည့်တောင်ကြီးတစ်လုံးအလားတည်ငြိမ်စွာရှိနေဆဲပင်ဖြစ်၏ ။
စင်စစ် ဝမ်းတု၏အတွင်းအားမှာ ဝမ်းတလောက်ကောင်းမွန်ခြင်းမရှိပေ။
ဤနေရာတွင် ဝမ်းတသာဆိုပါက ရှောင်ကျန်းမင်၏အတွင်းအားကိုကောင်းစွာယှဉ်နိုင်မည်ဖြစ်သော်လည်းဝမ်းတုကား ရှောင်ကျန်းမင်ထက်အတွင်းအားနိမ့်နေသည် ။
သူတို့နှစ်ယောက်တွင် မိစ္ဆာအမှောင်လက်ဝါးသိုင်းကိုလေ့ကျင့်ထားသည့်ဝမ်းတက အတွင်းအားပို၍ကောင်းမွန်ပြီး မြူနှင်းငရဲဓားသိုင်းကိုလေ့ကျင့်ထားသည့်ဝမ်းတုက တိုက်ပွဲစွမ်းရည်ပိုကောင်းမွန်သည်။
ဝမ်းတု၏မြူနှင်းငရဲဓားသိုင်းက လျှင်မြန်တိကျမှုကိုအခြေခံ၍ ရက်စက်သည့်ဓားကွက်များနှင့်သာဖွဲ့စည်းထားပြီး အဆင့်တူတစ်ယောက်ကိုအချိန်တိုအတွင်းသတ်ဖြတ်နိုင်သည်အထိအစွမ်းထက်ပေသည် ။
သို့သော်လည်း ဝမ်းတု၏ဓားကွက်များမှာ ခံစစ်အားကောင်း၍တည်ငြိမ်စွာတိုက်ခိုက်သည့်ရှောင်ကျန်းမင်နှင့်တွေ့ဆုံရာ၌ အသာစီးမရတော့ဘဲ အတွင်းအားကွာခြားမှုကြောင့်ပင်အရေးနိမ့်လာတော့သည်။။
အကျိုးဆင်အနေဖြင့် အတွင်းအားအနည်းငယ်သာကျန်တော့၍ ဝမ်းတု၏ဓားကွက်များကလျော့တိလျော့ရဲဖြစ်လာသလိုသူ၏ခန္တာကိုယ်ထက်တွင်လည်း ဒဏ်ရာအသစ်များဆက်တိုက်ပေါ်ထွက်လာသည် ။
ယခုအချိန်တွင် ဝမ်းတု၏ပုံစံကိုကြည့်မည်ဆိုပါက သွေးချင်းချင်းနီရဲနေသည့်ခန္တာကိုယ်နှင့် ရူးသွပ်စွာတိုက်ခိုက်နေသည့်ပုံရိပ်ကိုတွေ့မြင်နိုင်ပေမည်။
ယခုပုံစံအတိုင်းသာဆက်သွားပါက ဝမ်းတုမှာသိုင်းကွက်တစ်ရာမပြည့်မီ ကျန်းသေပေါက်ရှူံးနိမ့်သွားမည်ဖြစ်ကာ သေဆုံးသည်အထိပင်ဖြစ်နိုင်သည် ။
သို့သော် သူ၏မျက်နှာကအေးစက်တင်းမာနေပြီးအလျော့မပေးဘဲ စိတ်ဓတ်ကြံ့ခိုင်စွာဖြင့်ဆက်လက်တိုက်ခိုက်နေပေသည် ။
တစ်ဖက်တွင်ရှောင်ကျန်းမင်သည်လည်း အတွင်းအားထက်ဝက်ခန့်သာကျန်ရှိတော့သော်လည်း သူ၏အေးဆေးသည့်စိတ်နေစိတ်ထားအတိုင်း တည်ငြိမ်စွာဆက်လက်တိုက်ခိုက်နေသည် ။
သူတို့၏တိုက်ပွဲကိုကြည့်ရှုနေသည့် ဝမ်းတ၏မျက်နှာထက်တွင်ကားစိုးရိမ်ပူပန်သည့်အမူအယာတစ်ခုရှိနေပြီး သွေးချင်းချင်းနီရဲနေသည့်ဝမ်းတုကိုကြည့်၍ သူ၏လက်ထဲရှိပုလင်းငယ်လေးတစ်ခုကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်။။
သူကိုယ်တိုင်လည်း အစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်၍ တိုက်ပွဲအခြေအနေကိုကောင်းစွာအကဲခပ်မိကာ သိုင်းကွက်အနည်းငယ်အတွင်းဝမ်းတုရှုံးနိမ့်တော့မည်ကိုသိရှိနေသည်။
ဝမ်းတ၏အကြည့်အောက်တွင်ပင် တိုက်ပွဲအရှိန်ကအမြင့်ဆုံးသို့ရောက်ရှိလာပြီး ဝမ်းတု၏တိုက်ကွက်များက ပို၍ကြောက်မက်ဖွယ်ကောင်းလာသည်။။
ဝမ်းတုမှာ သူ၏ကိုယ်ပေါ်ရှိဒဏ်ရာများကိုပင်လုံးဝဂရုမစိုက်တော့ဘဲ ကျားနာကြီးတစ်ကောင်အလား သူသေကိုယ်သေတိုက်ကွက်များကိုပင်အသုံးပြုနေလေပြီ။
ရှောင်ကျန်းမင်ကားအနိုင်ရလာဒ်မှာ သေချာသလောက်ရှိနေပြီဖြစ်၍ တိုက်ပွဲကိုဆက်လက်ထိမ်းချုပ်ထားကာ အပေါ်စီးမှအေးဆေးစွာတိုက်ခိုက်နေသည်။
သူတို့နှစ်ယောက်၏သိုင်းပညာကများစွာကွာဟခြင်းမရှိသော်လည်း ရှောင်ကျန်းမင်က ဝမ်းတုထက် ပို၍တည်ငြိမ်မှုရှိခြင်း၊ တိုက်ပွဲအတွေ့အကြုံပို၍ကောင်းမွန်ခြင်း၊ သူ၏ဓားသိုင်းက ဝမ်းတုကိုထိမ်းချုပ်နိုင်ခြင်းနှင့် အတွင်းအားပို၍သာလွန်ခြင်း စသည့်အချက်များကြောင့်အနိုင်ရခြင်းဖြစ်ပေမည်။
ထိုအခြေအနေကိုကောင်းစွာသဘောပေါက်နားလည်၍ ဝမ်းတလည်းဆက်လက်ကြည့်ရှုမနေနိုင်တော့ဘဲ ပုလင်းငယ်လေးအတွင်းမှအပြာရောင်ဆေးလုံးတစ်လုံးကိုထုတ်ယူလိုက်ပြီး ပါးစပ်အတွင်းသို့ပစ်ထည့်လိုက်သည်။
ချက်ခြင်းပင် အေးစိမ့်သည့်အားလှိုင်းကြီးတစ်ခုက ဝမ်းတ၏ဝမ်းဗိုက်အတွင်းမှထိုးတက်လာပြီး သူ၏ခန္တာကိူယ်ရှိသွေးကြောများကိုလျှင်မြန်စွာဖြတ်စီးသွားသည် ။
ချုံယန်းဂိုဏ်းချုပ်ကိုလုပ်ကြံခဲ့စဉ်က ဝမ်းတမှာ အတွင်းဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်ငြား ယခုအခါ ထိုအတွင်းဒဏ်ရာကလုံးဝပျောက်ကင်းသွားသည့်အပြင် အတွင်းအားများပါအမြင့်ဆုံးအခြေအနေသို့ရောက်ရှိလာသည် ။
“ ဒီခံစားချက်က…”
ဝမ်းတလည်း ခပ်တိုးတိုးရေရွတ်လိုက်ပြီး အားအင်ပြည့်ဝလှသည့်သူ၏ခန္တာကိုယ်ကြောင့်အနည်းငယ်ပင်အံ့အားသင့်သွားမိ၏။ သူ၏မျက်ဝန်းထဲတွင်တေယ့ရက်စက်သည့်အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။
ရှောင်ကျန်းမင်မှာ ဝမ်းတု၏သူသေကိုယ်သေတိုက်ကွက်များကိုတည်ငြိမ်စွာကိုင်တွယ်နေရင်း ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကိုခံစားလိုက်မိ၍ နောက်သို့ချက်ခြင်းခုန်ဆုတ်ကာ လှည့်၍တိုက်ခိုက်လိုက်သည်။
သူ၏နောက်ဘက်မှဝင်ရောက်လာသည့် အနက်ရောင်အရိပ်တစ်ခုက ရှောင်ကျန်းမင်၏ဓားကိုပေါ့ပါးစွာရှောင်တိမ်းလိုက်ပြီး တန်ပြန်လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်ကိုတွေ့လိုက်ရသည်။
ရှောင်ကျန်းမင်ကိုနောက်ကျောဘက်မှနေ၍အလစ်ဝင်တိုက်ခိုက်သည့်ဝမ်းတ၏မျက်နှာထက်၌ အေးစက်သည့်အမူအယာတစ်ခုရှိနေပြီးသူ၏အနက်ရောင်အခိုးအငွေ့များယှက်သမ်းနေသည့်လက်ဝါးက ရှောင်ကျန်းမင်ထံသို့လှစ်ခနဲဝင်ရောက်လာသည်။
ရှောင်ကျန်းမင်မှာ ဝမ်းတ၏လက်ဝါးချက်ကြောင့် သူ၏စိတ်ထဲ၌အချက်ပေးခေါင်းလောင်းများမည်ဟည်းလာပြီး ဘေးသို့ရှောင်တိမ်းလိုက်သည်။
သို့သော် ရှောင်ကျန်းမင်၏လမ်းတွင် ဒဏ်ရာပရပွဖြင်းသွေးချင်းချင်းနီရဲနေသည့်ဝမ်းတုကပိတ်ရပ်နေပြီး ရှောင်ကျန်းမင်ကိုဆီးကြိုတိုက်ခိုက်လိုက်ပြန်သည် ။
“ ထန်း…ထန်း ..”
ဝမ်းတု၏ရက်စက်လှသည့်ဓားကွက်များကိုရင်ဆိုင်လိုက်ရပြီးနောက်တွင်ရှောင်ကျန်းမင်လည်း ပြေးပေါက်ပိတ်သွားပြီဖြတ်၍ အံကိုတင်းတင်းကြိတ်ကာ သူ၏ရင်ဘက်ဆီသို့တိုးဝင်လာသည့်ဝမ်းတ၏လက်ဝါးကိုညာဘက်ခြေထောက်ဖြင့်ကန်ထုတ်လိုက်သည်။
“ ဝုန်း…”
ကျယ်လောင်သည့်အသံတစ်ခုနှင့်အတူ သူတို့သုံးယောက်လုံးအသီးသီးလွင့်ထွက်သွားကြ၏။
ရှောင်ကျန်းမင်ကိုအလွတ်မပေးဘဲချောင်ပိတ်တိုက်ခိုက်လိုက်သော်ငြား တစ်ဖက်လူ၏ပြင်းထန်သည့်ဓားကွက်များကြောင့်အတွင်းဒဏ်ရာပင်ရရှိသွားကာ ဝမ်းတု၏နှုတ်ခမ်းထောင့်စွန်းတွင်သွေးများစီးကျလာသည်။
ဝမ်းတုသည်လည်း ရှောင်ကျန်းမင်၏ခြေကန်ချက်ကြောင့် လက်တစ်ခုလုံးထုံကျင်သွားပြီး နောက်ဘက်သို့ဆုတ်ပေးလိုက်ရသည်။
ရှောင်ကျန်းမင်ကား ကိုယ်ရှိန်ပြန်သပ်၍ ဝမ်းတနှင့်ဝမ်းတုကိုစူးစိုက်ကြည့်နေပြီး သူ၏မျက်နှာကအနည်းငယ်ပျက်ယွင်းနေသည်။
အစောပိုင်းက ဝမ်းတ၏လက်ဝါးချက်ကို လက်မတင်လေးကာကွယ်နိုင်လိုက်သော်လည်း ထိုလက်ဝါးနှင့်ထိသည့်ညာဘက်ခြေထောက်တစ်ခုလုံးထုံကျင်နေကာ အမည်မသိအတွင်းအားများက သူ၏သွေးကြောများထဲသို့မွှေနှောက်ဖျက်ဆီးလာပေသည်။
ရှောင်ကျန်းမင်လည်း ထိုအတွင်းအားများကိုသူ၏ကိုယ်ပိုင်အတွင်းအားဖြင့် ချေဖျက်နေသော်ငြားယခုအချိန်ထိ ကောင်းမွန်ခြင်းမရှိသေးဘဲ ဝမ်းတ၏လက်ဝါးချက်ထဲတွင်ထူးဆန်းသည့်အတွင်းအားများပါဝင်နေသည်ကို သိရှိလိုက်ရ၏ ။
သူ့ကိုအလစ်ဝင်တိုက်သည့်ဝမ်းတကား အတွင်းဒဏ်ရာရထားသည်မှာသိသာသော်လည်း ယခုအခါ သူ၏ပုံစံကအကောင်းပကတိဖြစ်နေပြီး ပြင်းထန်သည်အရှိန်အဝါများပင်ထွက်ပေါ်နေသည်။
ဝမ်းတု၏အခြေအနေက ဆိုးရွားနေသော်လည်း ဝမ်းတ၏ထူးဆန်းစွာကောင်းမွန်လာမှုကြောင့် ရှောင်ကျန်းမင်မှာ ထိုနှစ်ယောက်ကိုသူယှဉ်ပြိုင်နိုင်မည်မဟုတ်သည်ကိုသိရှိလိုက်သည်။
ထို့အပြင် သူ၏ကိုယ်ထဲတွင်မွှေနှောက်ဖျက်ဆီးနေသည့်ဝမ်းတ၏ထူးဆန်းသည့်အတွင်းအားများက သူ၏ကိုယ်အပေါ်ပိုင်းသို့ပါတက်ရေုက်လာသည်ကိုအာရုံခံလိုက်မိပြီး ရှောင်ကျန်းမင်၏မျက်နှာကကွက်ခနဲပျက်ယွင်းသွားကာ သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။
ထို့နောက် အခြေအနေမဟန်သည်ကိုသိရှိသည်လည်း ရှောင်ကျန်းမင်လည်း ချက်ခြင်းလိုလိုနောက်ဆုတ်လိုက်ပြီး သစ်ပင်များကြားသို့ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ဝမ်းတမှာ ရှောင်ကျန်းမင်ထွက်ပြေးလွတ်မြောက်သွားသည်ကိုအသေအချာကြည့်ရှုနေပြီးမှသူ၏မျက်နှာအနည်းငယ်ပြောင်းလဲသွားပြီး ဒဏ်ရာများစွာဖြင့်ယိုင်နဲ့နေသည့်ဝမ်းတုကို ကမန်းကတန်းပြေး၍တွဲထားလိုက်သည်။။
အကယ်၍ အခြားအချိန်များသာဆိုပါက ရှောင်ကျန်းမင်ကို လုံးဝအလွတ်ပေးမည်မဟုတ်ဘဲ လိုက်လံသတ်ဖြတ်မည်ဖြစ်သော်ငြား ဒဏ်ရာများစွာရရှိနေသည့်ဝမ်းတကို သူတစ်ဦးထဲမထားခဲ့နိုင်ပေ။
နဂါးစိမ်းဂိုဏ်း၏ဆုကြေးကြောင့် သူတို့၏နောက်သို့ ခြေရာခံလိုက်လံနေကြသည့်သိုင်းသမားများစွာရှိနေခြင်းကြောင့်လည်း ဝမ်းတကို ဤနေရာတွင်ထားခဲ့ခြင်းမှာ ဉာဏ်ရှိသည့်လုပ်ရပ်မဟုတ်ပေ ။
ထို့အပြင် သူ၏အစွမ်းအထက်ဆုံးတိုက်ကွက်ကိုမိသွားသည့်ရှောင်ကျန်းမင်တစ်ယောက် အသက်ရှင်ရန်အခွင့်အလမ်းလွန်စွာနည်းပါးသည်ကိုသိရှိထားခြင်းကလည်း ဝမ်းတကိုပို၍တည်ငြိမ်စေခြင်းဖြစ်သည်။