← Chapters

အခန်း (၁၄၁၇-၁၄၂၂)

Vol. 91 Ch. 1417-1422

အခန်း (၁၄၁၇-၁၄၂၂)

Vol. 91 Ch. 1417-1422

အပိုင်း ၁၄၁၇ ကျန်ရှိတဲ့ဘဝတစ်လျှောက်ကို ထောင်ထဲပဲကုန်ဆုံးတော့...

"သူတို့က အရမ်းဆိုးဝါးတာပဲ၊ ကျောက်ဟုန်းဝမ်လည်းပဲ အပြစ်ပေးခံရသင့်တယ်။" ချင်ကျီရွှမ်း မုန်းတီးစွာ ပြောလိုက်သည်။ လွန်ခဲ့သော သုံးနှစ်က ဖြစ်ပျက်ခဲ့တာကို သူသိရှိပြီး ထိုအချိန်ကတည်းက ကျောက်ဟုန်းဝမ်ကို သူမုန်းတီးခဲ့သည်။ သို့သော် ထိုအချိန်က ကျောက်ဟုန်းဝမ်ကို လက်စားချေရန် သူသည် ငယ်လွန်းနေခဲ့သည်။

ကေသည် ကျောက်ဟုန်းဝမ် ကျူးလွန်ခဲ့သော ပြစ်မှုဆိုင်ရာ အထောက်အထားများကိုလည်း ရရှိခဲ့သည်။

ကျောက်ဟုန်းဝမ်သည် ယခုနှစ် နှစ်သစ်ကူးပွဲတော်တွင် လူတစ်ဦးကို ကားဖြင့်တိုက်မိခဲ့သော်လည်း သူသည် ထွက်ပြေးလွတ်မြောက်သွားပြီး သူ၏ ဒါရိုင်ဘာသည် ချနင်းခံရကာ ထောင်ကျသွားသည်။ နောက်ပိုင်းတွင် စောင့်ကြည့်ကင်မရာမှတ်တမ်းကို ဖျက်စီးလိုက်သည်။

ကေသည် စောင့်ကြည့်ကင်မရာများမှ တဆင့် အစိုးရရုံး၏ အပြင်ဘက်တွင် အကြိမ်ပေါင်းများစွာ ကျောက်ဟုန်းဝမ်ဆီသို့ ဦးတည်၍ ပြေးလာရန်ကြိုးစားနေသော စုံတွဲတစ်တွဲကို သတိထားမိသောကြောင့် ထိုအကြောင်းကို သိရှိခဲ့သည်။ သူတို့စုံတွဲသည် ခဏအကြာတွင် ပျောက်ကွယ်သွားသော်လည်း ကေ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

ကေသည် အလွန်ထက်မြက်ပြီး ကျောက်ဟုန်းဝမ်အပေါ် ထိုစုံတွဲ၏ နက်ရှိုင်းသောမုန်းတီးမှုကို သူခံစားမိခဲ့သည်။ ထို့ကြောင့် သူသည် စုံတွဲကို စုံစမ်းစစ်ဆေးခဲ့ရာ ကျောက်ဟုန်းဝမ်၏ ကားမောင်းသူသည် ထိုစုံတွဲ၏သားဖြစ်ကြောင်း သိလာရသည်။ သူတို့၏သားကို ချနင်းပြီး ထောင်ချခဲ့ခြင်းကို သူတို့မျက်စိထဲတွင် လုံးဝလက်မခံနိုင်ပေ။

ကျောက်ဟုန်းဝမ်က သူတို့ကို သူ၏အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေဖို့ လုံးဝခွင့်မပြုနိုင်၍ သူတို့ကို ရိုက်ဖို့ လူတစ်စုကို ငှားရမ်းခဲ့သည်။

သူတို့လင်မယားနှစ်ယောက်သည် ကြောက်လန့်သွားကာ ကျောက်ဟုန်းဝမ်ကို ဒုက္ခမပေးရဲတော့ပေ။

ကားတိုက်မှုမြင်ကွင်း၏ စောင့်ကြည့်ကင်မရာမှတ်တမ်းများကို ဖျက်ပစ်လိုက်သော်လည်း ကေသည် ကားတိုက်မှုမဖြစ်မှီနှင့် ဖြစ်အပြီးရှိ စောင့်ကြည့်ကင်မရာမှတ်တမ်းများကို ရှာတွေ့ခဲ့သည်။ ထိုမှတ်တမ်းများတွင် ကျောက်ဟုန်းဝမ်သည် ထိုနေ့တွင် ကားထဲတွင် တစ်ယောက်တည်း ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ပြသထားသည်။ တစ်ချိန်တည်းမှာပင် ကေသည် ထိုနေ့တွင် ကျောက်ဟုန်းဝမ် ၏ကားမောင်း မလာကြောင်း သက်သေပြရန် အထောက်အထားများလည်း ရှိသည်။

ကျောက်ဟုန်းဝမ်ရဲ့ ကားမောင်းသူသည် သူနှင့် အတူ ထမင်းစားရန် သွားခဲ့သော်လည်း သူသည် ကားမောင်းသူကို သူ့အရင် ထွက်သွားဖို့ ပြောပြီး ကလပ်တစ်ခုထဲတွင် ရှန်းကွမ်းလီကို သွားတွေ့သည်။

"ကျောက်ဟုန်းဝမ်က ကျန်ရှိတဲ့ဘဝတစ်လျှောက်ကို ထောင်ထဲပဲကုန်ဆုံးသင့်တယ်..." ချင်ကျီရွှမ်း ဒေါသထွက်သွားသည်။

အခြားသူများလည်း ဒေါသထွက်ကြသော်လည်း ၎င်းသည် ယနေ့လူ့အဖွဲ့အစည်းတွင် ထူးထူးခြားခြား ဖြစ်ရပ်မဟုတ်ကြောင်း သူတို့သိကြသည်။

"ဘော့စ် ကျေးဇူးပြုပြီး ကျောက်ဟုန်းဝမ်ကို ဖြုတ်ချပြီး သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေး,ပေးပါ။ ငါ မင်းကို တောင်းဆိုတာပါ။" ချင်ကျီရွှမ်းက ကုနင်းကို တောင်းဆိုလိုက်သည်။ သူသည် ကျောက်ဟုန်းဝမ်အပေါ် ယခုအခါ နက်နက်ရှိုင်းရှိုင်းကို မုန်းနေပြီဖြစ်သည်။

ကျောက်ဟုန်းဝမ်၏အကြံအစည်သာ တကယ်အောင်မြင်ခဲ့ပါက ချင်ဟောက်ကျီသည် ထောင်ဒဏ် ၁၀နှစ် အထက် ကျခံရနိုင်သည်။ ထို့အပြင် ၎င်းသည် အဆိုးဆုံးရလဒ်မဟုတ်ပါ အကြောင်းမှာ ချင်ဟောက်ကျီသည် သံတိုင်နောက်ကွယ်တွင် ဘာမဆိုဖြစ်သွားနိုင်သည် ။

"ရတာပေါ့... မင်းဆန္ဒအတိုင်းပဲ"

ကုနင်းသည် သူတို့ကို ကူညီပေးဖို့ သဘောတူခဲ့သည့်အတွက် သူမသည် သူမ၏ ကတိအတိုင်း ဖြည့်ဆည်းပေးမည်ဖြစ်သည်။ ထို့အပြင်၊ ကျောက်ဟုန်းဝမ်သည် အမှန်တကယ်ပင် ဆိုးရွားပြီး အပြစ်ရှိသောကြောင့် သူမ ဝင်ရောက်စွက်ဖက်ခြင်းသည်လည်း မမှားပေ။

ချင်ဟောက်ကျန်းနှင့် အခြားသူများသည် ကျောက်ဟုန်းဝမ်ကို အလွန်မုန်းတီးနေကြပြီး အားလုံးက သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ရန် မျှော်လင့်နေကြသည်။ ထို့ကြောင့် ချင်ကျီရွှမ်းက ကုနင်းကို အကူအညီတောင်းသည်ကို သူတို့ သဘောမတူစရာမရှိပေ။

ကေသည် ကျောက်ဟုန်းဝမ်၏ဇနီးနှင့် ယောက်ဖတို့၏ နာမည်ပေါက်နှင့် အိမ်များစွာရှိသည်ကိုလည်း သိရှိခဲ့သည်။ သူ၏ ယောက်ဖမှာ လုပ်ငန်းသေးသေးလေးသာ ပိုင်ဆိုင်သဖြင့် အိမ်များစွာဝယ်ရန် မဖြစ်နိုင်ပေ။ လာဘ်စားခြင်း ဖြစ်ရမည်မှာ အလွန်ထင်ရှားသည်။

သို့သော် ကေ့တွင် လုံလောက်သော သက်သေမရှိသောကြောင့် ထိုအကြောင်းကို သေချာမပြောနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ ကျောက်ဟုန်းဝမ်မှာ အပြစ်ရှိကြောင်း သက်သေပြရန် အခြားအရေးကြီးသော သက်သေများရှိသေးသောကြောင့် ၎င်းသည် ပြဿနာကြီးကြီးမားမားမဟုတ်ပေ။

ကျောက်ဟုန်းဝမ်သည် အခြားသူများနှင့် မိတ်ဆုံစားရန် သွားသောအခါတွင် သူသည် ထမင်းစားပြီးနောက် ၁၂ လက်မ အနက်ရောင် ခရီးဆောင်အိတ်ကို ကိုင်ဆောင်ကာ ပြန်သွားသည်။ ထိုအိတ်သည် အစပိုင်းတွင် တဖက်လူက သယ်လာခဲ့သည်။

ထို့နောက် ကျောက်ဟုန်းဝမ်သည် အိမ်သို့ပြန်သွားသော်လည်း သူ၏ကားပေါ်မှ ဆင်းလာပြီး အိမ်ထဲသို့ ချက်ခြင်းဝင်သွားရမည့်အစား သူ၏ကားထဲမှာပင် ခရီးဆောင်အိတ်ကို တိုက်ရိုက်ဖွင့်လိုက်ပြီး ငွေသားတွေကို စောင့်ကြည့်ကင်မရာမှတစ်ဆင့်မြင်ရသည်။

ထိုသဲလွန်စဖြင့် ကေသည် ကျောက်ဟုန်းဝမ်ကို အနက်ရောင် ခရီးဆောင်အိတ် လွှဲပေးသူ အကြောင်း စုံစမ်းခဲ့သည်။

ထိုအမျိုးသားသည် အိမ်ခြံမြေကုမ္ပဏီတစ်ခု၏ ပိုင်ရှင်ဖြစ်ပြီး ကျောက်ဟုန်းဝမ်မှတစ်ဆင့် ဒေသခံအစိုးရထံက မြေကွက်တစ်ကွက်ရယူဖို့ ကြိုးစားခဲ့ပြီး ကျောက်ဟုန်းဝမ်က သူ့ကို ကူညီပေးခဲ့သည်။ ထိုအဖြစ်အပျက်နှစ်ခုကြားက ဆက်နွှယ်မှုကိုပြသရန် သက်သေအတိအကျမရှိသော်လည်း၊ သူတို့၏ ပုံမှန်မဟုတ်သောဆက်ဆံရေးကြောင့် ထိုနှစ်ခုဆက်နွှယ်သည်မှာ သိသာထင်ရှားသည်။

ကေ့ထံတွင် စောင့်ကြည့်ကင်မရာများမှ သက်သေများ ရှိသောကြောင့် တခြား သက်သေတွေ ရှာဖွေရန်လည်း ခက်ခဲမည်မဟုတ်ပေ။

၎င်းကို ဖော်ထုတ်ပြီးလျှင် စည်းကမ်းထိန်းသိမ်းရေးဗဟိုကော်မရှင်မှ တာဝန်ရှိသူများက ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ထိုအခြေအနေတွင် ကျောက်ဟုန်းဝမ်သည် ဤတစ်ကြိမ်တွင်တော့ ထောင်ကျခံရမည်မှာ သေချာသည်။

"ကောင်းပြီ၊ ဒီတစ်ခေါက်တော့ ကျောက်ဟုန်းဝမ် အဆုံးသတ်ပြီထင်တယ်။" ချင်ကျီရွှမ်း ကျေနပ်စွာပြောသည်။

မည်သို့ပင်ဆိုစေကာမူ ချင်ဟောက်ကျန်းသည် စိုးရိမ်နေသေးသည်။

ကုနင်းသည် သူ၏အမူအရာကိုမြင်ပြီး မေးလိုပ်သည်။ "သခင်ကြီးချင် တစ်ခုခုမှားလို့လား?"

"မဟုတ်ပါဘူး၊ ကျောက်ဟုန်းဝမ်ရဲ့နောက်ကွယ်မှာ အားကောင်းတဲ့ နောက်ခံတစ်ခုရှိနေနိုင်တယ်လို့ ငါတွေးမိပြီး စိုးရိမ်နေတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က ဖြစ်ပျက်ခဲ့တာတွေကနေ သူ့ကို ကူညီဖို့က မလွယ်ဘူးလေ။”

တခြားသူတွေလည်း ထိုစကားကိုကြားသောအခါ စိတ်ပူသွားကြသည်။

ကုနင်းက ရိုးရှင်းစွာပြုံးပြီး ယုံကြည်မှုအပြည့်နှင့်ပြောသည်။ "သခင်ကြီးချင်၊ စိတ်ပူနေဖို့ မလိုပါဘူး။ ကျွန်မကိုယုံရင် ကျောက်ဟုန်းဝမ်ကို ဘာအနှောင့်အယှက်မှမရှိဘဲ ထောင်ချနိုင်မယ်လို့ ကတိပေးပါတယ်။ ဒါ့အပြင် သူ့ကို ကယ်ဆယ်ဖို့ ဘယ်သူမှ သတ္တိရှိမှာ မဟုတ်ပါဘူး။”

“သူ့နောက်ခံက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကျောက်ဟုန်းဝမ်က ဒီတစ်ကြိမ်တော့ ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပါလိမ့်မယ်။ သူ့နောက်ခံဟာ ဒီပြဿနာနဲ့ ပတ်သက်ချင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။”

“ပြီးတော့ ပြောပြစရာတစ်ခုရှိသေးတယ်။ မြို့တော်တောင်ပိုင်း ခရိုင်က ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ ဒါရိုက်တာ ချန်းပင်းကျန်းက အရင်တစ်ပတ်က ထောင်ကျခဲ့တယ်။ ကျွန်မလူတွေက သူ့ပြစ်မှုတွေနဲ့ ပတ်သက်တဲ့ သက်သေတွေ စုဆောင်းဖို့ ကူညီပေးခဲ့တယ်။ ချန်းပင်းကျန်းရဲ့ မိသားစုနောက်ခံကို သိလား။ သူက မြို့တော်က ချန်းမိသားစုဝင်တစ်ဦးဖြစ်ပေမယ့် ကြီးလေးတဲ့ ရာဇ၀တ်မှုတွေကျူးလွန်ခဲ့တာမို့ နောက်ခံက အသုံးမဝင်တော့ဘူး။

***

အပိုင်း ၁၄၁၈ သူကအရမ်းအားနည်းလွန်းတယ်...

“ကျွန်မရဲ့ အရည်အချင်းကိုကြွားနေတာမဟုတ်ပါဘူး။ ဘာလို့ဆို အထောက်အထားတွေ အားလုံးကိုကျွန်မရဲ့ လက်အောက်ငယ်သားတစ်ယောက်က စုဆောင်းပေးခဲ့တာ။ ချန်းပင်းကျန်းကို ဖြုတ်ချတာကလည်း ကျွန်မတစ်ယောက်တည်းမဟုတ်ဘူး၊ သူ့ရဲ့ နိုင်ငံရေးအရ ရန်သူတွေကို သက်သေပေးလိုက်ရုံတင်ပါ။ ဘာပဲဖြစ်ဖြစ် အားလုံးကို စိတ်ပူနေဖို့ မလိုပါဘူး၊ အားလုံး အဆင်ပြေသွားမှာပါ။”ဟု ကုနင်းက ဆိုသည်။

ထိုအရာကို သိလိုက်ရသောအခါ အားလုံးက အံ့သြသွားကြသည်။ သူတို့ အံ့ဩမိသည်မှာ ကုနင်းသည် မြို့တော်ရှိ ချန်းမိသားစုဝင်တစ်ဦးကိုပင် ဖယ်ရှားနိုင်ခဲ့ခြင်းကို ဖြစ်သည်။

သူမ ပြောတာမှန်သည်။ ကျောက်ဟုန်းဝမ်ကို ခိုင်လုံသော သက်သေများရှေ့တွင် မည်သူမှ ခုခံကာကွယ်ဝံ့လိမ့်မည်မဟုတ်ပေ။ ကျောက်ဟုန်းဝမ်၏နောက်ကွယ်မှ အင်အားကြီးသောသူသည် အ,အ မဖြစ်နိုင်ပေ။

"ဝိုး ဘော့စ်၊ မင်းက အရမ်း အံ့သြဖို့ကောင်းတယ်။" ချင်ကျီရွှမ်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။ သူသည် ကုနင်းကို အရင်ကထက် ပိုလေးစားမိသည်။

ကုနင်း ပြုံးသာပြုံးပြီး ဘာမှ ပြန်မပြောပေ။

ချင်ကျီရွှမ်းက ဆက်ပြီး၊ “ဒီလောကမှာ အကျင့်ပျက် အရာရှိတွေ အရမ်းများနေတယ်၊ သူတို့အားလုံးကို ထောင်ထဲ ရောက်စေချင်တယ်။” ၎င်းသည် မကောင်းသောအကြံမဟုတ်သော်လည်း ယနေ့ခေတ်လူ့အဖွဲ့အစည်းနှင့်ယှဉ်လျှင် ရိုးသားလွန်းသည်။ ချင်ကျီရွှမ်းသည်လည်း မဖြစ်နိုင်ကြောင်းကို နားလည်ခဲ့ပြီး ၎င်းသည် သူ၏ဆန္ဒမျှသာဖြစ်သည်။

“ဒီကမ္ဘာမှာ အကျင့်ပျက် အရာရှိတွေ များလွန်းတော့ သူတို့ ဘယ်တော့မှ မျိုးသုဉ်းသွားတော့မှာ မဟုတ်ဘူး။ ငါတို့က ကမ္ဘာကြီးတစ်ခုလုံးကို မကယ်တင်နိုင်ပေမယ့် ငါတို့ကိုယ်တိုင် အနေအထိုင်ဆင်ခြင်လိုရတယ်။ အနာဂတ်မှာ မင်းငါ့ရဲ့အကူအညီလိုတဲ့အခါတိုင်း ငါ့ကိုပြောပြဖို့ အားမနာနဲ့ အဲဒါဥပဒေနဲ့အညီဖြစ်နေသရွေ့ မင်းကိုကူညီဖို့ ဝန်မလေးဘူး။" ကုနင်းက ချင်ကျီရွှမ်းကိုပြောလိုက်သည်။ သူမသည် ချင်ကျီရွှမ်း၊ ချူးဖေ့ဟန်နှင့် သူမ၏ အခြားရင်းနှီးသော သူငယ်ချင်းများကို တန်ဖိုးထားပြီး တစ်စုံတစ်ရာ ပြန်ပေးစရာမလိုပဲ ကူညီပေးရန် ဆန္ဒရှိသည်။

ထိုစကားကိုကြားသော် ချင်ကျီရွှမ်း ရင်ထဲထိ သွားပြီး သူ၏မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာသည်။ ကုနင်း၏ ကျေးဇူးကြောင့် သူ၏အဖေက ဤဒုက္ခကြီးကို ရှောင်ရှားနိုင်ခဲ့သည်။ သူ၏အဖေသည် ရဲတွေ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း အနှေးနဲ့အမြန် ပြန်လွတ်လာလိမ့်မည်ဟု သူ ယုံကြည်နေသည်။

အမှန်တရားနှင့် လုံလောက်သော သက်သေများ ရှာဖွေတွေ့ရှိရန် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ကိုသာ မှီခိုအားထားမည်ဆိုပါက အချိန်အတော်ကြာမြင့်နိုင်သော်လည်း ကံကောင်းထောက်မစွာဖြင့် ကုနင်းသည် သူ၏ အဖေ၏ ရန်သူများ၏ ရာဇ၀တ်မှုသကသေများရှာတွေ့ခဲ့သောကြောင့် ထိုသူတို့ အပြစ်ပေးခံရမည်ဖြစ်သည်။

ချင်ကျီရွှမ်းသည် ထိုသို့တွေးပြီး ဝမ်းသာသွားသည်။ ကုနင်း၏ စကားကြောင့် အခြားမိသားစုဝင်များလည်း စိတ်လှုပ်ရှားသွားကြသည်။

သူတို့ ရုတ်တရက် ထငိုမည်စိုး၍ ကုနင်းကပဲ သူတို့ကို နှောင့်ယှက်လိုက်သည်။ “ကောင်းပြီ၊ အခုက မစောတော့ဘူးဆိုတော့ ကျွန်မတို့ ညစာစားသင့်တယ်လို့ ထင်တယ်။"

သူမထိုသို့ မပြောမချင်း ကုနင်း ဗိုက်ဆာနေကြောင်း တခြားသူများက မသိကြပေ။

"ဟုတ်သားပဲ စားချိန်တောင်ရောက်နေပြီ။" ချင်ကတော်က ပြောသည်။ သူတို့အားလုံး ချင်ဟောက်ကျီ ၏လုံခြုံရေးအတွက် အလွန်စိုးရိမ်နေခဲ့ကြပြီး အစာစားရန် လုံးလုံးမေ့သွားသော်လည်း ချင်ဟောက်ကျီ ယခုအဆင်ပြေတော့မည်ကို သိလိုက်ရသောကြောင့် သူတို့၏ စားချင်စိတ်ကို ပြန်လည်ဖြစ်ပေါ်စေသည်။

တစ်ချိန်တည်းမှာပင်၊ ချူးဖေ့ဟန်နှင့် ချင်ကျီရွှမ်း၏ အခြားသူငယ်ချင်းများသည်လည်း သူ၏မိသားစုတွင် ဖြစ်ပျက်ခဲ့သည်များကို သိရှိလာကြသည်။ သူတို့သည် လက်ရှိအခြေအနေအကြောင်း ချင်ကျီရွှမ်းနှင့် ကုနင်းကို WeChat ဂရု၌ မေးမြန်းခဲ့သည်။ ကုနင်းသည် စိတ်ချရကြောင်း သူတို့သိသော်လည်း ချင်ကျီရွှမ်းသည် သူတို့၏ သူငယ်ချင်းဖြစ်သောကြောင့် စိုးရိမ်နေကြသေးသည်။

ချင်ကျီရွှမ်းသည် ညစာစားပြီးမှသာ မက်ဆေ့များကို တွေ့ခဲ့ရသည်။ ကုနင်း၏အကူအညီဖြင့် အရာအားလုံးအဆင်ပြေကြောင်း ပြောပြခဲ့ပြီး သူ၏ဖခင်မှာ အပြစ်ကင်းစင်သော်လည်း ဤအမှုကို ဆက်လက်လုပ်ဆောင်နေသေးသောကြောင့် အသေးစိတ်အချက်အလက်များကို သူ မပြောပြခဲ့ပေ။ သူသည် သူတို့ကို နောက်ထပ်အချက်အလက်များ ပြောပြလိုလျှင်ပင် အားလုံးပြီးသည်အထိ စောင့်ရမည်။

ချင်ကျီရွှမ်း၏ အဖြေကို ဖတ်ပြီးနောက် သူငယ်ချင်များအားလုံးလည်း စိတ်သက်သာရာ ရသွားသည်။

ကုနင်းသည် ခဏအကြာနေပြီးနောက် ချင်ကျီရွှမ်း၏အိမ်မှ ထွက်ခွာသွားပြီး မနက်ဖြန်မနက်တွင် သူတို့ဆီ လာလည်မည်ဟု ပြောခဲ့သည်။

ချင်ကျီရွှမ်းသည် ကုနင်းကို အိမ်ပြန်လိုက်ပို့ပေးချင်သော်လည်း ကုနင်းက ငြင်းဆိုသည့်အတွက် သူဆက်လက် မတိုက်တွန်းပေ။

ကုနင်း ထွက်သွားပြီး မကြာခင်မှာ ချင်ယီချင်းနှင့် သူ၏ခင်ပွန်း ရောက်လာသဘ်။ သူတို့သည် မြို့ထဲမှာ ရှိမနေသောကြောင့် ချင်ဟောက်ကျီ၏ အဖြစ်အပျက်ကို ကြားပြီးပြီးချင်း ပြန်မလာနိုင်ခဲ့ပေ။

"ဖေဖေ၊ ဦးလေး ဘယ်လိုနေလဲ?" ချင်ယီချင်း သူမရောက်သည်နှင့် စိုးရိမ်တကြီးမေးသည်။

"စိတ်အေးအေးထား၊ မင်းဦးလေး အဆင်ပြေပါတယ်၊ ရက်အနည်းငယ်အတွင်း ပြန်လွတ်လာမှာပါ။" ချင်ဟောက်ကျန်းက ပြောလိုက်ပြီး၊ "အဲ့ဒီအစား မင်းရဲ့ဦးလေးအပေါ် ချောက်ချတဲ့သူကို ထောင်ချမယ်။"

"တကယ်လား?" ချင်ယီချင်း၏ မျက်နှာသည် ချက်ချင်း တောက်ပလာသည်။

ချင်ယီချင်း၏ခင်ပွန်းကလည်း၊ "ဦးလေးကို ဘယ်သူက ချောက်ချတာလဲ?"

"ရှန်းကွမ်းလီ၊ မင်းဦးလေးရဲ့ သူငယ်ချင်းတစ်ယောက်ပဲ။ မကြာသေးမီက နိုင်ငံပိုင် မီးရထား စီမံခန့်ခွဲရေးရဲ့ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် D မြို့ကို ပြောင်းရွှေ့ခံရပြီး သူ့ကိုထောက်ခံပေးသူက ကျောက်ဟုန်းဝမ်ပဲ”

"ဘာ...ကျောက်ဟုန်းဝမ်" ချင်ယီချင်းနှင့် သူမ၏ခင်ပွန်းတို့ နှစ်ယောက်စလုံး အံ့သြသွားကြသည်။ ချင်ဟောက်ကျီနှင့် ကျောက်ဟုန်းဝမ် အကြားတွင် ရှိသော ရန်ငြှိုးကိုသိပြီး ကျောက်ဟုန်းဝမ်က ချင်ဟောက်ကျီကို လက်စားချေခြင်းဖြစ်ကြောင်း မကြာမီ နားလည်လိုက်သည်။

"ကောင်းပြီ၊ ကျောက်ဟုန်းဝမ်က လွယ်လွယ်နဲ့ ဖော်ထုတ်ခံရတယ် ပြောရရင် သူက နိုင်ငံရေးမှာ အားနည်းလွန်းတယ်။" ချင်ယီချင်းက အထင်အမြင်သေးစွာ ပြောခဲ့သည်။

ကျောက်ဟုန်းဝမ်၏နောက်တွင် အင်အားရှိသူတစ်ယောက်ရှိရမည်ကို သူမသိသော်လည်း သူမသည် နိုင်ငံရေးအကြောင်းအနည်းငယ်သာသိသည်။

ကျောက်ဟုန်းဝမ်သည် လွန်ခဲ့သည့်သုံးနှစ်က ချင်ဟောက်ကျီကို တိုက်ခိုက်ရန် ကြံစည်ခဲ့ကြောင်း လူတိုင်းသိကြသော်လည်း သူတို့တွင် သက်သေအခိုင်အလုံမရှိသဖြင့် ကျောက်ဟုန်းဝမ် လွတ်မြောက်သွားခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် မတူတော့ပေ။

"ချင်မိသားစု ဒါမှမဟုတ် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်က အချိန်တိုအတွင်း လွယ်လွယ် သိရှိနိုင်မယ်လို့ ထင်နေတာလား?" ချင်ဟောက်ကျန်းက ချင်ယီချင်းကို စိုက်ကြည့်လိုက်သည်။

သူသည် ကုနင်းအပေါ် အရင်က ချင်ယီချင်း ဘာလုပ်ခဲ့သည်ကို သတိရပြီး ကုနင်းသည် အရမ်း သည်းခံနိုင်စွမ်းရှိ၍ သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားရသည်။

"တစ်ခုမှမှမဟုတ်ဘူးလား?" ချင်ဟောက်ကျန်း၏ လေသံတွင် တစ်ခုခု ထူးထူးခြားခြားနေကြောင်း ချင်ယီချင်း ခံစားလိုက်ရသည်။

***

အပိုင်း ၁၄၁၉ ရှောင်ချန်းချွမ်ကိုလှည့်ပြီး အကူအညီတောင်း...

“ဒါပေါ့ ချင်မိသားစု ဒါမှမဟုတ် စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က အမှန်တရားကို ရှာဖွေတွေ့ရှိဖို့ဆို လုံလောက်တဲ့ သက်သေတွေ စုဆောင်းဖို့ အချိန်အတော်ကြာလိမ့်မယ်။ ဒါ့အပြင် အမှန်တရား ထွက်လာမှာလားလည်း မသေချာဘူး" ချင်ဟောက်ကျန်းက ပြောသည်။

ချင်ဟောက်ကျန်းသည် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ကို ယုံကြည်သော်လည်း ထိုထဲတွင် အမှန်တရား ပေါ်မလာစေလိုသော တစ်စုံတစ်ယောက်ရှိနေမည်ကို သူစိုးရိမ်သည်။

"ဒါဆို ဒါဘယ်သူလုပ်တာလဲ?" ချင်ယီချင်း စူးစမ်းလိုစိတ်ဖြင့် မေးသည်။

"ကုနင်း" ချင်ယီဖန်းက ဝင်ဖြေလိုက်သည်။

"ဘာ.." ချင်ယီချင်း အံ့သြသွားသည်။ "ကုနင်း.."

သူမသည် ကုနင်းနှင့် ယခင်က ငြင်းခုံခဲ့ဖူးသော်လည်း ကုနင်းသည် အလွန်ထူးချွန်ထက်မြက်သော မိန်းကလေးတစ်ဦးဖြစ်ကြောင်း တဖြည်းဖြည်း သိရှိလာကာ ကုနင်းအပေါ် မကောင်းမြင်မှုကို စွန့်လွှတ်ခဲ့သည်။ သို့သော်လည်း သူတို့သည် အတိတ်တွင် မပြေလည်ခဲ့ကြသောကြောင့် ယခု ကုနင်း အကြောင်းပြောသောအခါ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ကုနင်းက သူမ၏မိသားစုကို အများကြီး ကူညီပေးခဲ့သည့်အတွက် ချင်ယီချင်း သူမကို ကျေးဇူးတင်နေမိသည်။

ကုနင်း အိမ်ပြန်ရောက်သောအခါ သူမသည် ကုချင်၏မိသားစုကို ဦးစွာနှုတ်ဆက်ပြီးနောက်မှ သူမ၏အခန်းသို့ပြန်သွားသည်။

ကုချင်သည် ကုနင်းကို မနက်အစောကြီး ဖုန်းခေါ်စဉ်က ကုနင်း ၏စာမေးပွဲရမှတ်ကို သိထားပြီးဖြစ်သော်လည်း ကုနင်းကိုတွေ့လိုက်ရသောအခါ သူမ စိတ်လှုပ်ရှားနေတုန်းပင်။ သူမသည် ကုနင်းကို ချီးမွမ်းပြီး ဝမ်းသာလွန်း၍ ငိုမိသည်။

ကုချင်သည် ကုနင်းကို သူမ၏သမီးလေးအဖြစ် မှတ်ယူသည့်အတွက် ကုနင်းသည် သူမနှင့် ရွယ်တူတွေကြားတွင် သာလွန်ထူးချွန်လာသည့်အခါ ကုနင်းအတွက် ဂုဏ်ယူနေမိသည်။

နေ့လည်ပိုင်းတွင်၊ ပညာရေးဗျူရိုသည် ကုနင်းက ယခုနှစ်တွင် စုစုပေါင်းရမှတ်အများဆုံးရခဲ့ကြောင်း သတင်းကောင်းထုတ်ပြန်သည်။

ဒုတိယနေရာရခဲ့သည့် ကျောင်းသားသည် စုစုပေါင်းရမှတ် ၇၃၉ မှတ်ရထားပြီး မြို့တော် အမှတ် ၁ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ယောက်ဖြစ်ပြီး နာမည်ကတော့ လော့ရှူးယန် ဖြစ်သည်။

မိန်းကလေးတစ်ဦးက တတိယနေရာရရှိခဲ့ပြီး သူမသည် B မြို့ မှ ဖြစ်သည်။ သူမ၏ စုစုပေါင်းရမှတ်မှာ 722 မှတ်ဖြစ်သည်။

စုစုပေါင်း ရမှတ် ၇၀၀ အထက်ရှိသော ကျောင်းသား တစ်ဒါဇင်ခန့်သာ ရှိသည်။ သို့သော်ယခုနှစ်တွင် စုစုပေါင်းရမှတ် 700 ထက်ကျော်လွန်သော ကျောင်းသားအရေအတွက်သည် နည်းသည်ဟု မယူဆနိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် ယခင်က ကျောင်းသား 10 ဦးထက်နည်းသော အရေအတွက်သာ ဤကဲ့သို့ စုစုပေါင်းရမှတ် မြင့်သောကြောင့်ဖြစ်သည်။

ယခုနှစ် စာမေးပွဲသည် အလွန်ခက်ခဲသည်မဟုတ်သောကြောင့် သာလွန်ထူးချွန်သော ကျောင်းသားများသည် အတော်လေး အမှတ်ကောင်းနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ စာမေးပွဲမအောင်သော ကျောင်းသား အများကြီးရှိနေသေးသည်။

လော့ရှူးယန်သည် သူ၏ စုစုပေါင်းရမှတ်မှာ အလွန်ကောင်းသောကြောင့် ယခုနှစ်စာရင်းတွင် ပထမနေရာရလိမ့်မည်ဟု တွေးထင်ခဲ့သည်။ သူ အံ့အားသင့်မိသည်မှာ သူ့ထက်ပင် စုစုပေါင်းရမှတ် ပိုများသော မိန်းကလေးတစ်ဦး ရှိခဲ့ပြီး ထိုအချက်ကို လက်ခံရန်ပင် ခက်ခဲသည်။

သူ အလွန်ထိတ်လန့်သွားပြီး မနာလိုစိတ်နှင့် မုန်းတီးမှုတွေ ပြည့်နှက်သွားသည်။ သူ့ထက်ပိုသာသော မိန်းကလေးကို အနာဂတ်မှာ တွေ့နိုင်လျှင် သင်ခန်းစာပေးမည်ဟု သူ့ကိုယ်သူ ကတိပေးလိုက်သည်။ သူသည် လုံးဝ ကြင်နာသူတစ်ယောက်မဟုတ်သည်မှာ သိသာသည်။ လော့ရှူးယန် တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အတွက်ကိုသာသိပြီး သူလိုချင်သောအရာကို တခြားတစ်ယောက်မှရခြင်းကို သည်းမခံနိုင်ပေ။ သို့သော် သူ့တွင် ကုနင်းကို သင်ခန်းစာပေးနိုင်သည့် အရည်အချင်းရှိမရှိကို မည်သူမျှ မသိပေ။

ဆန့်ကျင်ဘက်အားဖြင့် တတိယနေရာရသော ကျောင်းသူသည် မုန်းတီးမှု လုံးဝ မရှိပေ။ ထိုအစား သူမသည် ကုနင်းကို လေးစားသည်။

အရင်က ဘယ်သူမှ ရမှတ်အပြည့် မရဖူးခဲ့ပေ။ ဖြစ်နိုင်လျှင် သူမသည် ကုနင်းနှင့် သူငယ်ချင်းဖွဲ့ချင်မိသည်။

တစ်ချို့လူတွေသည် သူတို့ထက် ပိုသာသောသူတွေကို မနာလိုဖြစ်ပြီး တချို့က သူတို့ထက် ပိုထူးချွန်သည့် သူတွေဆီကနေ သင်ယူရတာကို နှစ်သက်ကြသည်။

ကုနင်း သူမ၏အခန်းထဲသို့ပြန်ရောက်သည်နှင့် ရှောင်ချန်းချွမ်ကိုဖုန်းဆက်သည်။

ယခုအချိန်သည် မစောတော့သော်လည်း နောက်မကျသေးသည်မို့ ဤအချိန် ဖုန်းဆက်လျှင် အနှောင့်အယှက်ဖြစ်မည် မဟုတ်ပေ။

ကုနင်းသည် သူမ၏လက်ထဲတွင် သက်သေရှိသော်လည်း ဤအမှုကို လူကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းရန် အင်အားရှိသူတစ်ဦး လိုအပ်နေသေးသည်။ ရှောင်ချန်းချွမ်သည် ယခုတွင် ပြည်နယ် D ၏ အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုးလာသောကြောင့် သူ့တွင် အခွင့်အာဏာရှိသည်မှာ သေချာသည်။ သူပါဝင်ပတ်သက်သရွေ့ သူ့ကို ဘယ်သူကမှ မတားရဲပေ။

ည ၉ နာရီသာရှိသေးပြီး ရှောင်ချန်းချွမ်သည် သူ့ဇနီးနှင့် အိမ်မှာ TV ကြည့်နေသည်။ သူ၏သမီး နှစ်ယောက်သည် ကောလိပ်မှာ ကျောင်းတက်နေ၍ ယခု သူ့ဇနီးတစ်ယောက်သာ သူနှင့် အတူရှိသည်။

ရှောင်ချန်းချွမ်သည် ကုနင်း၏ စုစုပေါင်းရမှတ်နှင့်ပတ်သက်သည့် သတင်းကောင်းကို ကြားသိရပြီး ၎င်းကို ချီးကျူးဂုဏ်ပြုရန် မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။ သူသည် ကုနင်းကို အကောင်းမြင်ပြီး ရှောင်ကတော်ကလည်း ကုနင်းကို သဘောကျသည်။

ရှောင်ချန်းချွမ်သည် ကုနင်း၏ခေါ်ဆိုမှုကို လက်ခံရရှိသောအခါ အနည်းငယ် အံ့သြသွားပြီး ကောက်ကိုင်လိုက်သည်။ "မင်္ဂလာပါ မစ္စကု။"

"ဦးလေးရှောင်၊ ကျွန်မနဲ့ဖုန်းပြောဖို့ အခု အဆင်ပြေလား?" ကုနင်းက ယဉ်ယဉ်ကျေးကျေးပင် မေးသည်။

"ရပါတယ် ဘာဖြစ်လို့လဲ?" အရေးကြီးသည့်အရာဖြစ်မည်ဟု ရှောင်ချန်းချွမ် နားလည်သည်။

"ကျောက်ဟုန်းဝမ်က ဦးလေးရဲ့လူလား?"

ထိုစကားကိုကြားသော် ရှောင်ချန်းချွမ်သည် မျက်မှောင်ကြုတ်လိုက်သည် သူသည် ကျောက်ဟုန်းဝမ်ကို မကြိုက်သည့်အတွက် ကျောက်ဟုန်းဝမ်က လူကောင်းမဟုတ်ဘူးဆိုတာ သူသိသည်။ ကုနင်းက သူ့ကို ဒီမေးခွန်းမေးသည့်အတွက် ကျောက်ဟုန်းဝမ်ကြောင့် သူ့ကို ဖုန်းခေါ်ခဲ့ခြင်းဖြစ်မည်။

ရှောင်ချန်းချွမ်သည် ကုနင်းက ကျောက်ဟုန်းဝမ်နှင့် အဆက်အသွယ်ရှိမည်ကို စိုးရိမ်သောကြောင့် မကျေမနပ်ဖြစ်သွားသည်။

"မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲ?"

“ကောင်းလိုက်တာ” ကုနင်း စိတ်အေးသွားသည်။ ကျောက်ဟုန်းဝမ်သည် ရှောင်ချန်းချွမ်၏လူဖြစ်လျှင်ပင် အပြစ်ပေးမည်ဟု စိတ်ပိုင်းဖြတ်ထားသော်လည်း ငြင်းဆန်သောအဖြေကို ကြားလိုက်ရသောအခါ ပိုအဆင်ပြေသွားသည်။

“ကောင်းပြီ၊ ကျွန်မသူငယ်ချင်းရဲ့ အဖေ၊ F မြို့ရဲ့ အထွေထွေအတွင်းရေးမှူး ချင်ဟောက်ကျီကို ကျောက်ဟုန်းဝမ်နဲ့ ရှန်းကွမ်းလီတို့ အကွက်ချပြီး ဒီနေ့ပဲ စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က လူတွေက ခေါ်သွားတယ်၊ သူငယ်ချင်းက ကျွန်မကို အကူအညီတောင်းခဲ့တဲ့အတွက် ကျောက်ဟုန်းဝမ်နဲ့ ရှန်းကွမ်းလီတို့ရဲ့ ရာဇ၀တ်မှုသက်သေတွေ ရှာတွေ့ခဲ့ပေမယ့် ထုတ်မပြရသေးဘူး။ ကျောက်ဟုန်းဝမ်က အာဏာရှိတဲ့သူမလို့ F မြို့က အစိုးရက သူ့ကို အောင်အောင်မြင်မြင် မဖမ်းဆီးနိုင်မှာကို စိုးရိမ်တယ်။ ဦးလေးရှောင်၊ ကျွန်မ ရှန်းကွမ်းလီနဲ့ ကျောက်ဟုန်းဝမ်ကို ဦးလေးဆီ အပ်ချင်ပါတယ်၊ ကျေးဇူးပြုပြီး ဒီကိစ္စကို ကူညီဖြေရှင်းပေးပါ။"

***

အပိုင်း ၁၄၂၀ ငါတို့အမေနေကောင်းလား...

ရှောင်ချန်းချွမ်သည် ဖြောင့်မတ်သော အရာရှိကောင်းတစ်ဦးဖြစ်ကြောင်း ကုနင်းသိသည်။ သူသည် ထိုကိစ္စ ကိုသိပြီးသည်နှင့် လျစ်လျူရှုလိုက်မည်မဟုတ်ပေ။ ထို့အပြင် ရှောင်ချန်းချွမ်သည် သူမထံတွင် ကျေးဇူးကြွေးတင်နေသေးသည်ဖြစ်သောကြောင့် ယခုတစ်ကြိမ်တွင် သူမကို ကူညီမည်ဟု သူမယုံကြည်သည်။ မဟုတ်လျှင် သူမ သူ့ဆီလှည့်ပြီး အကူအညီတောင်းမည် မဟုတ်ပေ။

ရှောင်ချန်းချွမ်က ငြင်းမှာမဟုတ်ကြောင်း သူမသိနေသော်လည်း သူမသည် ယဉ်ကျေးစွာမေးရမည်ဖြစ်သည်။ သူ၏အကူအညီကို လိုအပ်နေပြီး ပေးကိုပေးရမည်ဟုယူဆလျှင် အနည်းငယ် ရိုင်းပုံပေါ်သည်။

"ဘာ .." ရှောင်ချန်းချွမ် အံ့သြသွားသော်လည်း ထိုကိစ္စမျိုးသည် နိုင်ငံရေးလုပ်လျှင် ကြုံတွေ့နေကျကိစ္စမျိုးသာ။

"ကျောက်ဟုန်းဝမ်နဲ့ ရှန်းကွမ်းလီတို့ရဲ့ ရာဇ၀တ်မှုတွေအကြောင်း သက်သေတွေ အခိုင်အမာရှာတွေ့ထားတယ်လို့ မင်းပြောချင်တာလား?"

ပုံမှန်အားဖြင့် အကြီးတန်းအရာရှိများသည် သူတို့၏ လူသိမခံနိုင်သောလျှို့ဝှက်ချက်များကို အခြားသူများရှာမတွေ့နိုင်ရန် လုံခြုံစွာဝှက်ထားကြသည်။ စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ပင်လျှင် ၎င်းကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်သော်လည်း ကုနင်းသည် အချိန်တိုအတွင်း ရှာတွေ့နိုင်ခဲ့သည်။ ကုနင်းသည် သာမန်မိန်းကလေးမဟုတ်ကြောင်း သူသိသော်လည်း သူမ၏ မယုံနိုင်စရာစွမ်းရည်က သူ့ကို တုန်လှုပ်စေနိုင်သည်။

ရှောင်ကတော်သည် အံ့အားသင့်စွာဖြင့် ချက်ချင်း ရှောင်ချန်းချွမ်ကို လှည့်ကြည့်လိုက်သည်။ ဖုန်းခေါ်သူမှာ ကုနင်းဖြစ်သည်ကို သူမသိသောကြောင့် သူမ ပိုပြီးအံ့သြနေမိသည်။ ထို့အပြင် ကျောက်ဟုန်းဝမ်နှင့် ရှန်းကွမ်းလီတို့အကြောင်း သူမကြားဖူးသည်၊ အထူးသဖြင့် ကျောက်ဟုန်းဝမ်အကြောင်းကို သူမသေချာကြားဖူးသည်။ သူတို့သည် လူကောင်းမဟုတ်မှန်း သူမသိသော်လည်း ကုနင်းသည် သူတို့၏ ရာဇ၀တ်မှုဆိုင်ရာ သက်သေများကို စုဆောင်းနိုင်ခဲ့ပြီး သူမကို အံ့အားသင့်စေခဲ့သည်။

"ဟုတ်တယ်၊ အခုကျွန်မလက်ထဲမှာ သက်သေတွေ ရှိတယ်။"

"မင်းမှာ သက်သေရှိနေပြီဆိုမှတော့ တစ်ခုခုလုပ်မှဖြစ်မယ်။"

သာမာန်အားဖြင့် ထိုကိစ္စမျိုးကို စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်က ကိုင်တွယ်သော်လည်း ကုနင်းအတွက် သူ လူကိုယ်တိုင်ဖြေရှင်းရန် ဆန္ဒရှိနေသည်။ ကုနင်းသည် ယခင်က သူ၏အသက်ကို ကယ်တင်ခဲ့ဖူးပြီး သူမအကူအညီလိုသောအခါတွင် သူ မငြင်းပယ်နိုင်ပေ။

ထို့အပြင် ကျောက်ဟုန်းဝမ်သည် သူ၏ နိုင်ငံရေးအရ ရန်သူများထဲမှ တစ်ဦးဖြစ်သောကြောင့် ကုနင်း သူ့အား နောက်ထပ်ကူညီပေးလိုက်သလိုပင်။

"ကျေးဇူးတင်ပါတယ် ဦးလေးရှောင်"

"ကိစ္စမရှိပါဘူး၊ အဲ့ဒီအစား ငါကတောင် မင်းကို ကျေးဇူးတင်ရဦးမှာ ။" ရှောင်ချန်းချွမ်သည် အလွန်ပွင့်လင်းသည်။

ထို့နောက် ကုနင်းသည် သူ့ ထံသို့ အထောက်အထားများကို အီးမေးလ်ဖြင့် ပေးပို့ခဲ့သည်။

ရှောင်ချန်းချွမ် ဖုန်းချလိုက်သောအခါ ရှောင်ကတော်သည် ဘာဖြစ်တာလဲဟု အရင် မေးသည်။

ရှောင်ချန်းချွမ်သည် ရှောင်ကတော်ကို အရာအားလုံးကို ပြောပြခဲ့ပြီး ရှောင်ကတော်သည် ကုနင်းကို သေချာမှတ်မိသည်။ သူမသည် ကုနင်းက ၁၉ နှစ်သာရှိသေးသည်ကို မယုံနိုင်ဖြစ်နေသည်။

ထို့နောက် ရှောင်ချန်းချွမ်သည် ကုနင်း ပေးပို့သည့် အီးမေးလ်ကို ဖတ်ရန် သူ၏စာကြည့်ခန်းကို သွားသည်။ သူသည် ၎င်းကိုဖတ်ပြီးသောအခါ ထိတ်လန့်တုန်လှုပ်သွားပြီး တဆက်တည်းမှာပင် ကျောက်ဟုန်းဝမ်နှင့် ရှန်းကွမ်းလီတို့ကို ဒေါသထွက်မိသည်။ ကုနင်း စုဆောင်းထားသော သက်သေများသည် အလွန်ခိုင်လုံမှုရှိပြီး ကုနင်း၏စွမ်းရည်ကြောင့် သူ ထိတ်လန့်တုန်လှုပ်မိပြီး ကျောက်ဟုန်းဝမ်နှင့် ရှန်းကွမ်းလီတို့၏ မကောင်းမှုကြောင့် ဒေါသထွက်ရသည်။

ရှောင်ချန်းချွမ်သည် သူတို့ဟာ လူကောင်းတွေ မဟုတ်မှန်း သေချာ သိသော်လည်း သူတို့၏ ဆိုးယုတ်မှုနှင့် တရားမ၀င် လုပ်ရပ်တွေသည် သူ့ကိုအံ့အားသင့်စေသည်။

မိုးအရမ်းချုပ်နေပြီဖြစ်သောကြောင့် သူသည် မနက်ဖြန်မှသာ ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုညက သူကောင်းကောင်းအိပ်မပျော်ပေ။

အပြစ်ပေးခံရတော့မည်ကို မသိကြသေးသော ကျောက်ဟုန်းဝမ်နှင့် ရှန်းကွမ်းလီတို့ကတော့ သူတို့၏ အောင်မြင်မှုကို ခံစားနေကြသည်။

ယနေ့အတွက် သူတို့၏ အစီအစဉ်မှာ အဆင်မပြေခဲ့သော်လည်း မနက်ဖြန်တွင် အကောင်အထည်ဖော်ဖို့ စီစဉ်ထားသည့် နောက်ထပ် အစီအစဉ်တစ်ခု ရှိပါသေးသည်။

ည ၁၀ နာရီခန့်တွင် လင်ရှောင်းထင် ကုနင်းကို ဖုန်းဆက်လာသည်။

"နင်းနင်း ...ဘာလုပ်နေတာလဲ?"

"ရှင့်ကို လွမ်းနေတာ"

သူမသည် ရာဇ၀တ်မှုဆိုင်ရာ သက်သေတွေကို ပရင့်ထုတ်နေခြင်းဖြစ်သည်။

ထိုစကားကိုကြားသော် လင်ရှောင်းထင်၏ အသက်ရှူသံသည် ရုတ်တရက် ပြင်းထန်လာသည်။ "ကိုယ်လဲမင်းကိုသတိရတယ်။"

သူတို့နှစ်ယောက် ခွဲရသည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း ကုနင်းကို အရမ်းလွမ်းနေပြီဖြစ်သည်။

"ကျွန်မ နောက်ထပ်နှစ်ရက်လောက် F မြို့ မှာ နေပြီး B မြို့မှာ ရက်အနည်းငယ်လောက်ထပ်နေပြီးရင် မြို့တော်ကို လာမယ်။"

"မင်း F မြို့ မှာတစ်ခုခု ကိုင်တွယ်စရာ ရှိလို့လား?”

“ဟုတ်တယ်။” ကုနင်းသည် ချင်ဟောက်ကျီထံတွင် ဖြစ်ပျက်ခဲ့သမျှကို လင်ရှောင်းထင်ကို ပြောပြသည်။ "ကျွန်မ သက်သေရှာတွေ့ပြီး ရှောင်ချန်းချွမ်ကလည်း ကူညီပေးမယ်ဆိုတော့ ပြဿနာမရှိတော့ဘူး ထင်ပါတယ်၊ ဒါပေမယ့် နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ဖို့အတွက် F မြို့ မှာ ဆက်နေဖို့လိုတယ်။"

“ဟုတ်ပါတယ်”

"အိုး ကိုယ်တို့အမေရော နေကောင်းလား?" လင်ရှောင်းထင်က စိုးရိမ်တကြီး မေးသည်။

"ဟမ်..." ကုနင်း သည် တစ်စက္ကန့်မျှ ကြောင်အသွားပြီးနောက် လင်ရှောင်းထင်သည် ကုမန့်အကြောင်း ပြောနေမှန်း သိလိုက်သည်။

"ကျွန်မတို့ အခုထိ မစေ့စပ်ရသေးဘူးလေ။" သူမ အနည်းငယ်ရှက်သွားသည်။

"နောင်တရလို့လား? မရဘူးနော် မင်းက တစ်သက်လုံး ကိုယ့်ကောင်မလေးပဲ။”

ယခုလိုစကားမျိုး အလွန်ချိုမြိန်သည်ဟု ကုနင်း ခံစားမိသော်လည်း "ကောင်းပြီလေ... ရှင်..ကျွန်မကို ကောင်းကောင်း မဆက်ဆံရင် ကျွန်မ ရှင့်ကို ထားခဲ့မှာ။"ဟု ပြောလိုက်သေးသည်။

"ကိုယ် မင်းကို အဲ့ဒီဖြစ်ဖို့ အခွင့်အရေးမပေးဘူး" သူသည် ကုနင်းကို တတ်နိုင်သမျှ ကောင်းကောင်း ဆက်ဆံမည်ဟု ကတိပေးခဲ့သည်။

ကုနင်းသည် ဝမ်းသာအားရ ရယ်မောလိုက်သည်။ ဤကမ္ဘာတွင် လင်ရှောင်းထင်လောက် သူမကို မြတ်နိုးမည့်သူမရှိပေ။

အိပ်ရာမဝင်ခင် တစ်နာရီခန့်ကြာအောင် ဖုန်းပြောကြသည်။

နောက်တစ်နေ့ မနက်ခင်းတွင် ကုနင်းသည် ချင်ကျီရွှမ်း၏ မိသားစုဆီ လာလည်သည်။

ချင်ကျီရွှမ်းနှင့် သူ၏အမေသည် ထိုမနက်က စောစော အိပ်ယာထသည့်အတွက် ကုနင်းကို အတူစောင့်နေခဲ့ကြသည်။ ချင်ဟောက်ကျန်းနှင့် ချင်ယီဖန်းတို့လည်း နံနက် ၈ နာရီတွင် ရောက်လာကြသည်။ သူတို့သည် ချင်ဟောက်ကျီကို စိတ်ပူသည့် အတွက် စောစောရောက်လာချင်ကြသည်။ ချင်ယီချင်းနှင့် သူ၏ခင်ပွန်းသည် မနက် ၈း၃၀ မှာ ရောက်ရှိလာသည်။

နံနက် ၉ နာရီတွင် ကုနင်း ရောက်လာသောအခါ၊ ချင်မိသားစုဝင်များအားလုံး စုံနေပြီဖြစ်သည်။

***

အပိုင်း ၁၄၂၁ ကျောက်ဟုန်းဝမ် အဖမ်းခံရတယ်...

ချင်ယီချင်းသည် ကုနင်းကိုတွေ့သောအခါ အနည်းငယ်စိတ်မသက်မသာဖြစ်မိသော်လည်း ကုနင်းကမူ ယခင်က သူမလုပ်ခဲ့သမျှအတွက် ခွင့်လွှတ်ပြီးသားဖြစ်သည်။ ကုနင်း၏မျက်လုံးထဲတွင် ချင်ယီချင်းသည် သူစိမ်းတစ်ယောက်သာဖြစ်သည်။

"ကုနင်း မင်း မနက်စာစားပြီးပြီလား?" ချင်ကတော်က ယဉ်ယဉ်ကျေးကျေး မေးသည်။

"ဟုတ်ကဲ့၊ စားပြီးပါပြီ။ စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ကနေ တစ်ခုခုကြားထားသေးလား?”

“တစ်ရက်ပဲရှိသေးတယ် ပြီးတော့ ငါတို့ ဘာမှမကြားရသေးဘူး။ သူတို့သာ မင်းလောက် တော်ရင် အဲဒီအကျင့်ပျက် အရာရှိတွေကို အကုန် ဖမ်းမိနေပြီပေါ့။" ချင်ဟောက်ကျန်းက ပြောသည်။ သူသည် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ကို စိတ်ဆိုးခြင်းမရှိသော်လည်း သူတို့၏လုပ်ကိုင်နိုင်စွမ်းနှင့် ပတ်သက်၍ အနည်းငယ် မကျေမနပ်ဖြစ်မိသည်။

တစ်ခါတစ်ရံတွင် ဖြောင့်မတ်သော အရာရှိများသည် သက်သေမပြနိုင်၍ ဆဲဆိုခြင်းနှင့် အပြစ်ပေးခြင်းများ ခံရသည်။ နှစ်အတော်ကြာမှ လွတ်မြောက်လာပြီး နာမည်ဆိုးကို ရှင်းပစ်နိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးခဲ့ရသည်။

"ကျွန်မ အဲ့ဒါက အုပ်ချုပ်ရေးမှူးရှောင်ကို အကြောင်းကြားပြီးပြီ၊ သူက ကျွန်မကို ကူညီဖို့ သဘောတူခဲ့တယ်။ ကျွန်မတို့ အခုလုပ်ရမှာက စောင့်ရမှာပဲ အန်ကယ်ချင်ကတော့ မကြာခင် ပြန်လွတ်လာမှာပါ။”

"တကယ်လား?" ထိုစကားကိုကြားသော် အားလုံးသည် စိတ်လှုပ်ရှားသွားကြသည်။

"ကုနင်း မင်းက အုပ်ချုပ်ရေးမှူးရှောင်ရဲ့ မိတ်ဆွေလား?" ချင်ကတော်က အံ့သြစွာ မေးလိုက်သည်။ ကုနင်းသည် အာဏာရှိသည့်လူတွေနှင့် အဆက်အသွယ်တွေရှိမှန်း သူမသိသော်လည်း ရှောင်ချန်းချွမ်က သူမကို ကူညီဖို့ ဆန္ဒရှိကြောင်း ကုနင်းက ပြောသောအခါ သူမ အံ့သြနေဆဲပင်။ အရေးအကြီးဆုံးမှာ ကုနင်းသည် ငယ်လွန်းနေသေးသည်။

"ဟုတ်တယ်၊ ကျွန်မတို့ကအရင်ထဲက အသိတွေလေ။"

နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကျောက်ဟုန်းဝမ်သည် ရုံးခန်းသို့ရောက်ရှိပြီး မကြာမီ စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်မှ လူများဝင်ရောက်လာသည်။

ကျောက်ဟုန်းဝမ် သူတို့ကို မြင်သောအခါ အံသြသွားသည်။ အကြီးတန်းအရာရှိတစ်ဦးအနေနှင့် သူသည် သူတို့ကို မှတ်မိသည်။

“မင်းတို့..ဘာကိစ္စ…” ကျောက်ဟုန်းဝမ် စပြောလိုက်သည်။သူတို့ဘာကြောင့် သူ၏ရုံးခန်းထဲ ရုတ်တရက် ဘာလို့ဝင်လာရသည်ကို သူနားမလည်ပေ။

"ကျောက်ဟုန်းဝမ်၊ မင်းကို လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုတွေ၊ မင်းတိုက်ခဲ့တဲ့ ကားမတော်တဆမှုအတွက် သူများကို လွှဲချခဲ့တဲ့အမှုအပါအဝင် အားလုံးအတွက် စွဲချက်တင်ခံထားရတယ်၊ အခု မင်းကို စုံစမ်းစစ်ဆေးဖို့ လိုက်ခဲ့ပေးပါ။” ဟု စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင်မှ ဝန်ထမ်းတဦးက ပြောသည်။

"ဘာ...." ကျောက်ဟုန်းဝမ်သည် အထက်ဖော်ပြပါ အားလုံးကို အမှန်ပင် သူလုပ်ခဲ့ သောကြောင့် ထိတ်လန့် သွားသည်။ သို့သော် မကြာခင်မှာ သူ စိတ်ငြိမ်ငြိမ်ထားလိုက်သည်။ “ဒါဟာ မဟုတ်မမှန် စွပ်စွဲတာပဲ။ စွပ်စွဲတာ..”

စင်စစ် ကျောက်ဟုန်းဝမ်သည် သူ၏စကားကို သူကိုယ်တိုင်ပင် မယုံပေ။ အကြောင်းမှာ စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်မှလူများရောက်လာပြီဆိုသည်နှင့် သူတို့တွင် သက်သေများ ရှိပြီးဖြစ်သည်။ ကျောက်ဟုန်းဝမ်သည် ထိုအတွက် စိုးရိမ်နေမိသည်။ သက်သေများသည် သူ့ကို ထောင်ထဲထည့်ဖို့ လုံလောက်ခြင်း ရှိ၊ မရှိမှာ တရားသူကြီး အပေါ်မှာ မူတည်သည်။ အရေးကြီးဆုံးမှာ သူသည် အရင်က ရာဇ၀တ်မှုတွေ အများကြီး ကျူးလွန်ခဲ့ဖူးသည့်အတွက် ယခုအချိန်တွင် ကြောက်လန့်နေမိသည်။

“နောက်ကျသိရမှာပေါ့..” ဝန်ထမ်းက ပြန်ပြောသည်။

ကျောက်ဟုန်းဝမ်သည် သူ ရုန်းကန်၍မရမှန်း သိသော်လည်း ထိုကဲ့သို့ ဆွဲခေါ်မခံရချင်ပေ။ သူ၏ ကျောထောက်နောက်ခံလူဆီ လှည့်ပြီး အကူအညီတောင်းရဦးမည်။

"ခွင့်လွှတ်ပါ၊ ငါ့ဗိုက်က နည်းနည်း အဆင်မပြေဖြစ်နေလို့ ငါ အိမ်သာခဏသုံးရမယ်။"

"မြန်မြန်လုပ်..။" ဝန်ထမ်းသည် ကျောက်ဟုန်းဝမ် ဘာလုပ်ချင်သည်ကို သိသော်လည်း အဲဒါက အသုံးမဝင်သည့်အတွက် စိတ်ထဲမထားပေ။ ကျောက်ဟုန်းဝမ်၏ရာဇ၀တ်မှုများအတွက် ခိုင်လုံသောသက်သေများရှိနေပြီး ရှောင်ချန်းချွမ် ကိုယ်တိုင်က ၎င်းကို အလေးအနက်ထားကိုင်တွယ်ရန် အမိန့်ပေးခဲ့သည်။

ကျောက်ဟုန်းဝမ်သည် အိမ်သာထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် တံခါးကို သော့ခတ်ကာ နံပါတ်တစ်ခုကို ဖုန်းခေါ်လိုက်သည်။

"ဘာလဲ.." တည်ငြိမ်သော ယောက်ျားအသံ တစ်သံ ထွက်ပေါ်လာသည်။

“ကျွန်တော့်ကို တစ်ယောက်ယောက်က တိုင်လိုက်တယ် အခု စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က လူတွေက ကျွန်တော့် ရုံးမှာ ရောက်နေပြီ။ ကူညီပေးပါ။" ကျောက်ဟုန်းဝမ်၏ အသံသည် ကြောက်ရွံ့တုန်ရီနေသည်။

"ဘာ ...မင်းအတိုင်ခံရတာလား..." တစ်ဖက်ကလူသည် အံ့သြသွားသည်။ "ဘယ်သူလုပ်တာလဲ သိလား?" သူကမေးသည်။

"မသိပါဘူး" ကျောက်ဟုန်းဝမ် သူ့ကို သတင်းပို့တဲ့လူကို တွေးမိပြီး ဒေါသထွက်ကာ လက်သီးဆုပ်ထားသည်။

"မင်းဘာအမှုနဲ့ အတိုင်ခံရတာလဲ?" ထိုလူက ထပ်မေးသည်။

"လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ ကားတိုက်ပြေးမှုနဲ့ ကျွန်တော်ကြောင့်ဖြစ်တဲ့ ကားတိုက်မှုအတွက် အခြားသူတစ်ဦးကို ကိုယ်စားခံခိုင်းတဲ့အမှုတွေပါ။" ကျောက်ဟုန်းဝမ်က ပြောသည်။

ထိုသို့ သိလိုက်ရသောအခါ တစ်ဖက်က အသံတိတ်သွားခဲ့သည်။

ကျောက်ဟုန်းဝမ်သည် စက္ကန့်အနည်းငယ်ကြာအောင် စောင့်ပြီးနောက် စိုးရိမ်လာကာ မေးလိုက်သည်။ “အတွင်းရေးမှူး…”

“သူတို့နဲ့ လိုက်သွားပါ၊ ဒါပေမယ့် မင်းလုပ်ခဲ့တာတွေကို ဝန်မခံနဲ့။”

“ဟုတ်ကဲ့ပါ၊ နားလည်ပါတယ်။” ကျောက်ဟုန်းဝမ်သည် ထိုလူကို အလွန်ယုံကြည်သည့်အတွက် သူပြောတာကို နားထောင်သည်။

ကျောက်ဟုန်းဝမ်သည် ယခုအမှုကို ရှောင်ချန်းချွမ်က ကိုင်တွယ်ဖြေရှင်းနေသည်ကို မသိပေ။ ကုနင်း စုဆောင်းထားသော သက်သေများဖြင့် ကျောက်ဟုန်းဝမ်သည် ထောင်ကျရန် သေချာနေသော်လည်း အသေးစိတ်အချက်အလက်များကို သိရှိရန် လိုအပ်နေသေးသောကြောင့် ရှောင်ချန်းချွမ်သည်လည်း စုံစမ်းစစ်ဆေးရန် လူတစ်စုကို စေလွှတ်ခဲ့သည်။

ကျောက်ဟုန်းဝမ်သည် ပြီးမှ အိမ်သာက ထွက်လာပြီး စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင်မှ လူများနှင့်အတူ ထွက်ခွာသွားသည်။ သူထွက်သွားသည့်လမ်းတစ်လျှောက်တွင် တခြားသူများသည် သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

ကျောက်ဟုန်းဝမ်သည် အကျင့်ပျက် အရာရှိတစ်ဦးဖြစ်သည်မှာ မည်သူမှမသိသော လျှို့ဝှက်ချက်မဟုတ်ပေ။

***

အပိုင်း ၁၄၂၂ ပိုက်ဆံတွေဘယ်ကရတာလဲ...

ထိုလူသည် ကျောက်ဟုန်းဝမ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးသည့်နောက်တွင် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်မှ သူ၏သူငယ်ချင်းအား ဖုန်းဆက်ပြီး ချက်ချင်းမေးမြန်းသည်။

စင်စစ် ဘယ်အဖွဲ့အစည်းတွင်မဆို အကျင့်ပျက် အရာရှိတွေ ရှိသလို စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင်တွင်လည်း ထိုသို့ ရှိသည်။ ထိုအမျိုးသား၏ သူငယ်ချင်းမှာ ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။

သူ၏သူငယ်ချင်းသည် ရှောင်ချန်းချွမ်က ခိုင်လုံသည့် သက်သေတွေ ရှာတွေ့ထား၍ ကျောက်ဟုန်းဝမ်ကို ဖမ်းခေါ်သွားကြောင်း ပြောပြပြီး သူ့ကို မပတ်သက်ဖို့ ပြောသည်။

သူသည် အံ့အားသင့်ကာ ကျောက်ဟုန်းဝမ်ကို မည်သူက ရှောင်ချန်းချွမ်ထံ သတင်းပို့ခဲ့သည်ကို သိချင်သွားသည်။ သို့သော်လည်း ကိစ္စများမှာ ဤအခြေအနေထိရောက်နေ၍ သူလက်ရှောင်ရတော့မည်။

ကျောက်ဟုန်းဝမ်သည် သူ့အား စွန့်ပစ်လိုက်ပြီးဖြစ်သည်ကို မသိသောကြောင့် စွပ်စွဲချက်အားလုံးကို ဆက်တိုက်ငြင်းဆိုနေသည်။ သို့သော် သူ့ကို မေးခွန်းထုတ်သော ဝန်ထမ်းထံမှ လှောင်ပြောင်သော အပြုံးဖြင့်သာ ရင်ဆိုင်လိုက်ရသည်။

"အပြစ်ကင်းတယ်လား? ကျောက်ဟုန်းဝမ် မင်းက တကယ်အပြစ်ကင်းတယ်လို့ မင်းထင်နေတာလား?" ဝန်ထမ်းစုန့်ကျန်းက မေးသည်။

"မင်းဘာကိုဆိုလိုတာလဲ?" ကျောက်ဟုန်းဝမ် လန့်သွားသည်။ သူသည် အာဏာရှိသည့် ကျောထောက်နောက်ခံရှိနေသရွေ့ သူတကယ် အပြစ်ရှိလျှင်တောင် ကောင်းကောင်းနေနိုင်သေးသည်။ အကယ်၍ သက်သေအထောက်အထားများ တိတိကျကျရခဲ့လျှင်တော့ သူသည် သေချာပေါက်ထောင်ကျရမည်ဖြစ်ပြီး မည်သူမှ မကူညီနိုင်မည်မဟုတ်ပေ။

ခိုင်လုံသောသက်သေကိုရရန်မှာ မလွယ်ကူသောကြောင့် သက်သေအတိအကျရှိသည်ဟု သူမယုံချင်ပေ။ ကံမကောင်းစွာ သူသည် ဤတစ်ကြိမ်တွင် ကုနင်းနှင့် ကေကို ရင်ဆိုင်လိုက်ရသည်။

"ငါဘာကိုဆိုလိုတာလဲ? မင်းကိုယ်မင်း ပြန်မေးသင့်တယ်။” စုန့်ကျန်းက ပြန်ပြောသည်။ "ဒီတစ်ခါ မင်းကိုဘယ်သူသတင်းပို့လဲသိလား?"

"ဘယ်သူလုပ်တာလဲ?" ကျောက်ဟုန်းဝမ်က မေးသည်။ သူသည် တစ်နည်းနည်းဖြင့် ထိုသတင်းပို့သည့်လူသည် မရိုးရှင်းဘူးဟူသော ခံစားချက်ကို ရသည်။

“အဲဒီလူက ဘယ်သူလဲဆိုတာ ငါမသိပေမယ့် အဲဒီလူက မင်းကို အုပ်ချုပ်ရေးမှူးရှောင်ဆီကို တိုက်ရိုက်သတင်းခဲ့တာ... အုပ်ချုပ်ရေးမှူးရှောင်က မင်းကို သက်သေအထောက်အထားတွေနဲ့ စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ကို အကြောင်းကြားခဲ့တယ်။”

"ဘာ..." ကျောက်ဟုန်းဝမ် အံ့သြသွားသည်။ အုပ်ချုပ်ရေးမှူးရှောင်သာ ဤကိစ္စကို လူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းလျှင် သူ အကြီးအကျယ်ဒုက္ခရောက်လိမ့်မည်။

ကျောက်ဟုန်းဝမ် အလွန်အမင်း ထိတ်လန့်သွားသော်လည်း လက်မခံချင်သေးပေ။ "ငါ့ကို သက်သေပြ..."

သူသည် အုပ်ချုပ်ရေးမှူးရှောင်မှာ သက်သေတွေ ရှိပြီးသားဆိုလျှင်ပင် သူ၏ ပြစ်မှုတွေကို အလွယ်တကူ ဝန်ခံရန် ငြင်းဆန်နေသေးသည်။

“ပြဿနာမရှိပါဘူး” ကျောက်ဟုန်းဝမ်ကို သက်သေများပြရမည်မှာ သူ၏အလုပ်...တစ်စိတ်တစ်ပိုင်းဖြစ်သည်မို့ စုန့်ကျင်း သဘောတူလိုက်သည်။ ထို့နောက် အခြားဝန်ထမ်းတစ်ဦးသည် ကျောက်ဟုန်းဝမ်ကို ကုနင်း စုဆောင်းထားသော သက်သေအားလုံးကို ပြသသည်။

“ပထမဆုံးကတော့ ကားတိုက်ပြီးထွက်ပြေးမှု။ အဲဒီလူကို ဝင်တိုက်တာ မင်းရဲ့ ကားမောင်းသူလို့ မင်းပြောခဲ့တယ်၊ ဒါပေမယ့် မင်းရဲ့ ကားမောင်းသူက ထမင်းစားပြီးနောက် ထွက်သွားခဲ့ပြီး အဲဒီလူကို တိုက်တာ မင်းကိုယ်တိုင်ပဲ။ အခင်းဖြစ်ပွားရာနေရာက စောင့်ကြည့်ကင်မရာတွေ ပျက်သွားပေမယ့် ကားတိုက်မှု မဖြစ်ခင်နဲ့ ဖြစ်ပြီးနောက် စောင့်ကြည့်ကင်မရာတွေမှာ မင်းမျက်နှာကို ငါတို့ ကြည့်လို့ရတယ်။” စုန့်ကျန်းက စကားဆက်သည်။

ယခုတော့ ကျောက်ဟုန်းဝမ်သည် မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရသည်။ စောင့်ကြည့် ကင်မရာများမှာ ခိုင်မာသော သက်သေများဖြစ်ပြီး ငြင်းဖို့ မဖြစ်နိုင်ပါ။

“မင်းကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုအတွက် မင်းရဲ့ယာဉ်မောင်းကို မင်းကိုယ်စားခံစေပြီး ယာဉ်မောင်းရဲ့မိဘတွေကိုလည်း ဒဏ်ရာအပြင်းအထန်ရစေခဲ့တယ်။ ရိုက်နှက်တဲ့သူတွေကို မင်းငှားထားသလားဆိုတာကတော့ မကြာခင် ငါတို့သိမှာပါ။”

ကျောက်ဟုန်းဝမ် ထိတ်လန့်သွားသည် ။

"လက်ထောက်မြို့တော်ဝန်ကျောက်၊ အရာရှိတစ်ယောက်အနေနဲ့ မင်းမိသားစုမှာ စီးပွားရေးလုပ်ငန်းလည်းမရှိပဲ မင်းအိမ်က ပိုက်ဆံက ဘယ်ကလာတာလဲ?" စုန့်ကျန်းသည် စောင့်ကြည့်ကင်မရာမှတ်တမ်းတစ်ခုတွင် ကျောက်ဟုန်းဝမ်က သူ၏ကားထဲတွင် ပိုက်ဆံတွေကို စစ်ဆေးနေသည့် ဗီဒီယိုကို ပြသည်။

ကျောက်ဟုန်းဝမ် ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူ၏အိမ်အပြင်ဘက် ကားထဲ၌ ပိုက်ဆံများကို စစ်ဆေးနေသည်ကို စောင့်ကြည့်ကင်မရာက ရိုက်မိသွားခဲ့သည်။

"မင်းမိန်းမနာမည်ပေါက် အိမ်ကရော....." စုန့်ကျန်းက ဆက်ပြောသည်။ "မင်းတို့မိသားစုက ဒီလောက်ဈေးကြီးတဲ့ အိမ်တွေကို ဘယ်လိုတတ်နိုင်မှာလဲ?"

စင်စစ် သူ့တွင် အဖြေရှိပြီးသားဖြစ်သော်လည်း ဤမေးခွန်းကို သူဆက်မေးသည်။ ထိုငွေသည် လာဘ်စားထားခြင်းဖြစ်မည်မှာ သေချာပါသည်။

ကျောက်ဟုန်းဝမ်သည် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း စုန့်ကျန်းက သူ့ကို နှောင့်ယှက်သည်။ “မင်းယောက်ဖက လက်ဆောင်အဖြစ် ပေးလိုက်တယ်လို့ ငါ့ကို မပြောနဲ့။ မင်းယောက်ဖက ယွမ်ငွေ သန်းချီပြီး ချမ်းသာပေမယ့် အဲဒီအိမ်တွေက ယွမ်သန်းပေါင်းများစွာ တန်တယ်။”

ကျောက်ဟုန်းဝမ် သူ၏ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။

စုန့်ကျန်းသည် ချင်ဟောက်ကျီကိုအကွက်ချသည့် ရှန်းကွမ်းလီ၏အကြံအစည်အကြောင်း သက်သေကို ဆက်လက်ပြသသည်။

“ရှန်းကွမ်းလီက မင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး မင်းရဲ့ထောက်ခံချက်ကြောင့် သူက F မြို့ကို ပြောင်းရွှေ့ခံခဲ့ရတယ်။ ဒါပေမယ့် သူ F မြို့ကိုရောက်ပြီး မကြာခင် F မြို့ရဲ့ အထွေထွေအတွင်းရေးမှူး ချင်ဟောက်ကျီကို ချောက်ချပြီး လာဘ်စားမှုနဲ့တိုင်ခဲ့တယ်။ အဲဒီအထဲမှာ မင်းလည်း ပါဝင်ပတ်သက်ကြောင်း သက်သေ မရှိပေမယ့် နောက်တော့ အမှန်တရားကို ငါတို့ သိလာမှာပါ။”

သူတို့သည် ကျောက်ဟုန်းဝမ် ကျူးလွန်ခဲ့သော ပြစ်မှုတိုင်းအတွက် သက်သေ ခိုင်ခိုင်မာမာ လိုအပ်သော်လည်း မည်သို့ပင်ဖြစ်စေ ကျောက်ဟုန်းဝမ်သည် ဥပဒေနှင့်အညီ ပြင်းထန်စွာ အပြစ်ပေးခံရမည်ဖြစ်သည်။

ကျောက်ဟုန်းဝမ်သည် သူအတိုင်ခံရခြင်းမှာ ချင်ဟောက်ကျီနှင့် တစ်ခုခုပတ်သက်နိုင်သည်ဟု ရုတ်တရက် အတွေးဝင်လာခဲ့သည်။

All Chapters