← Chapters

အခန်း (၁၄၂၃-၁၄၂၈)

Vol. 91 Ch. 1423-1428

အခန်း (၁၄၂၃-၁၄၂၈)

Vol. 91 Ch. 1423-1428

အပိုင်း ၁၄၂၃ မင်းရဲ့ပြစ်မှုတွေကို ဝန်ခံလိုက်ပါ

အကယ်၍ ချင်ဟောက်ကျီ ကြောင့်သာမဟုတ်လျှင် ချင်ဟောက်ကျီ အဖမ်းခံရပြီး ချက်ချင်း သူအတိုင်ခံရမည်မဟုတ်ပေ။ သို့သော် ချင်ဟောက်ကျီသည် ဤသို့သောကိစ္စမျိုး ဘယ်လိုလုပ်ပြီး လုပ်ဆောင်နိုင်စွမ်းရှိသည်ကို သူနားမလည်နိုင်ချေ။

ဖြစ်နိုင်သည်မှာ ချင်ဟောက်ကျီသည် သူ့ထက် အများကြီး အာဏာရှိသည့်သူကို သိပြီး ထိုလူက အုပ်ချုပ်ရေးမှူးရှောင်ကိုတောင် တိုင်ကြားလိုက်ခြင်းပင်။

"ကောင်းပြီ၊ ရှန်းကွမ်းလီရဲ့ ရာဇ၀တ်မှုဆိုင်ရာ သက်သေနဲ့ ပတ်သက်တာတော့ မင်းသိဖို့ မလိုဘူးထင်ပါတယ်။" စုန့်ကျန်းသည် ကျောက်ဟုန်းဝမ်ကို စိုက်ကြည့် "လက်ထောက်မြို့တော်ဝန်ကျောက်... အခုရော ဘာပြောချင်သေးလဲ?"

ကျောက်ဟုန်းဝမ်သည် တိတ်ဆိတ်နေသည်။ သူ၏အပြစ်အတွက် ဝန်ခံလိုစိတ်မရှိသော်လည်း မည်သို့ငြင်းရမည်ကို မသိပေ။ မည်သို့ပင်ဆိုစေကာမူ ကျောက်ဟုန်းဝမ် ဘာမှမပြောလျှင်ပင် သူ၏ ပြစ်မှုများကို ရှောင်လွှဲရန် မဖြစ်နိုင်ပေ။

F မြို့တွင် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်မှ လူများသည် နိုင်ငံပိုင် မီးရထားစီမံခန့်ခွဲရေးတွင် ရှန်းကွမ်းလီကို ဖမ်းဆီးသွားကြသည်။

ရှန်းကွမ်းလီသည် ချင်ဟောက်ကျီကို တိုက်ခိုက်ရန် ကြံစည်မှုဖြင့် အတိုင်ခံရသည်။

ရှန်းကွမ်းလီ စိုးရိမ်မိသော်လည်း အနည်းငယ်မျှသာဖြစ်သည်။ သူသည် သူ့တွင် တခြား အင်အားကြီး ပုဂ္ဂိုလ်တွေ၏ ကျောထောက်နောက်ခံ ရှိနေသေးသည်ဟု ယုံကြည်နေသောကြောင့်ပင်။ ထို့အပြင်၊ သူသည် အခြား အစီအစဉ်များ ချမှတ်ထားပြီးဖြစ်၍ အခြားသူသည် သူ၏ရာဇ၀တ်မှုအတွက် သူ့ကိုယ်စား အပြစ်ပေးခံရမည်ဖြစ်သည်။

စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်မှ ဝန်ထမ်းတစ်ဦးသည် ရှန်းကွမ်းလီကို အရင်က မေးခွန်းများကို ထပ်မံမေးမြန်းခဲ့ပြီး ရှန်းကွမ်းလီသည်လည်း ထိုဖိုင်ကို ချင်ဟောက်ကျီအား သူ မပေးခဲ့ကြောင်း ထပ်မံငြင်းဆိုသည်။

"ရှန်းကွမ်းလီ .. ဒီဖိုင်က မင်းနဲ့မဆိုင်ဘူးဆိုရင် ဒါကို ဘယ်လိုရှင်းပြမလဲ?" ဝန်ထမ်းသည် ကွန်ပြူတာကို ရှန်းကွမ်းလီဘက်ကို လှည့်ပေးလိုက်သည်။ ဖန်သားပြင်ပေါ်ရှိ ဗီဒီယိုထဲတွင် ရှန်းကွမ်းလီသည် ဖိုင်ကို လူတစ်ဦးထံ ပေးအပ်လိုက်သည်ကို ရိုက်ကူးထားခြင်းဖြစ်သည်။

ထိုအချင်းအရာကိုမြင်သော် ရှန်းကွမ်းလီ ထိတ်လန့်သွားပြီး သူ၏မျက်လုံးတွေကိုပင် မယုံနိုင်ဖြစ်သွားသည်။

“ငါ..ငါ..အဲဒီလူကို ငါပေးတုန်းက ဖိုင်တွဲထဲမှာ အိမ်အရောင်းအဝယ်စာချုပ်ရော ချက်လက်မှတ်ရောမရှိဘူး။ အထဲမှာရှိတဲ့အရာတွေကို သူ အစားထိုးလိုက်တာပဲ ဖြစ်ရမယ်။” ရှန်းကွမ်းလီက ငြင်းဆိုသည်။

"မင်းပြောတော့ ချင်ဟောက်ကျီကို တခြားတစ်ယောက်ဆီကနေတစ်ဆင့် ဖိုင်တွဲကို မပေးခဲ့ဘူးဆို။" ဝန်ထမ်းက မေးသည်။

“ငါ…” ရှန်းကွမ်းလီသည် တုန်လှုပ်သွားပြီး သူ မပြောသင့်တာကို ပြောခဲ့မိလိုက်သည်ကို သဘောပေါက်သွားသည်။

ဘာပဲဖြစ်ဖြစ် သူသည် ချင်ဟောက်ကျီကို အခြားလူမှတစ်ဆင့် ဖိုင်တွဲတစ်ခု ပေးခဲ့ကြောင်း စောင့်ကြည့်ကင်မရာတွင် ရှင်းရှင်းလင်းလင်း ပြထားသည်။ အကယ်၍ သူသည် ချင်ဟောက်ကျီကို အခြားသူတစ်ဦးမှ တစ်ဆင့် ဖိုင်တွဲကို ပေးခဲ့ကြောင်း ဝန်ခံခဲ့မည်ဆိုလျှင် ထိုလူသည်သံသယရှိသူဖြစ်သွားနိုင်ပြီး သူသည် လောလောဆယ်တော့ လုံခြုံနေပေလိမ့်မည်။ ထိုလူကို လွှဲချနိုင်လိုက်လျှင် သူသည် အပြစ်ကို ရှောင်လို့ရသည်။ ကံမကောင်းစွာ သူ အတွက်မှားသွားသည်။

ထို့အပြင် သူ၏ ပြစ်မှုများကို သက်သေပြရန် အခြားသော အထောက်အထားများလည်း ရှိသေးသည်။

" ရှန်းကွမ်းလီ၊ မင်း ဝန်ခံလား ?" ဝန်ထမ်းက ထပ်မေးသည်။

ရှန်းကွမ်းလီကို မျက်နှာမူထားသော ကင်မရာတစ်လုံးရှိပြီး ရှန်းကွမ်းလီ ခေါင်းညိတ်လိုက်သည်နှင့် ဤရာဇ၀တ်မှုမှာ ပြီးသွားမည်ဖြစ်သည်။

ရှန်းကွမ်းလီသည်လည်း ထိုအချက်ကို ကောင်းစွာသိသောကြောင့် ဝန်ခံရန်ငြင်းဆိုသည်။

ထို့နောက် ဝန်ထမ်းသည် သူ၏ ရာဇ၀တ်မှုဆိုင်ရာ သက်သေတွေကို ပြသည်။ သူသည် အိမ်များကို လာဘ်စားကာ လိင်မှုကိစ္စအတွက်ပင် ပိုက်ဆံသုံးခဲ့သည်။

ရှန်းကွမ်းလီသည် သူ၏ ညစ်ပတ်သော လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်ခံလိုက်ရပြီဖြစ်သောကြောင့် မျက်လုံးပြူးကာ တုန်လှုပ်ခြောက်ခြားသွားသည်။

"ဒါဆို...အခု မင်းရဲ့ ပြစ်မှုတွေကို ဝန်ခံတော့မလား? ကျောက်ဟုန်းဝမ်က မင်းကို ကူညီမယ်လို့ ထင်မနေနဲ့၊ သူ့ကိုယ်သူတောင် မကယ်နိုင်တော့ဘူး။ အုပ်ချုပ်ရေးမှူးရှောင်က ဒီကိစ္စကို ကိုယ်တိုင် ကိုင်တွယ်နေတာဆိုတော့ ဘယ်သူမှ မင်းကို ကာကွယ်ဖို့ သတ္တိမရှိဘူး” ဝန်ထမ်းက သတိပေးလိုက်သည်။

နောက်ဆုံးတွင် ရှန်းကွမ်းလီသည် မျှော်လင့်ချက်ပျောက်ဆုံးသွားသည်။ အုပ်ချုပ်ရေးမှူးရှောင်သာ ဤကိစ္စတွင် ပတ်သက်နေလျှင် သူ့ကို မည်သူမှ ကူညီမည် မဟုတ်ပေ။

"မင်းရဲ့ ပြစ်မှုတွေကို ဝန်ခံမှာလား ဝန်မခံဘူးလား?" ဝန်ထမ်းက မေးသည်။

“ကျွန်တော် ဝန်ခံပါတယ်။" ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံလျှင် ပေါ့ပါးသော ပြစ်ဒဏ်ကို ရနိုင်သည်။

ရှန်းကွမ်းလီသည် သူ၏ပြစ်မှုများကို ဝန်ခံလိုက်ပြီဖြစ်၍ ချင်ဟောက်ကျီမှာ အပြစ်မရှိကြောင်း ပေါ်လွင်သွားပြီး နံနက် ၁၁ နာရီတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ အဆင်ပြေသွားပြီဖြစ်သော်လည်း အမှုမှာ မပြီးဆုံးသေးသည့်အတွက် အိမ်တွင်နေပြီး ခဏတဖြုတ်လောက် အလုပ်မသွားရသေးပေ ။

ချင်ဟောက်ကျီသည် လွတ်မြောက်သွားသည်နှင့် သူ၏မိန်းမကို ဖုန်းဆက်ပြီး သူအဆင်ပြေကြောင်း ပြောသည်။

ခင်ပွန်းဖြစ်သူ၏ အသံကို ကြားလိုက်ရသောအခါ ချင်ကတော်သည် စိတ်လှုပ်ရှားစွာ မျက်ရည်များ ကျလာသည်။

ချင်ကျီရွှမ်းသည် ချင်ဟောက်ကျီကို လာကြိုဖို့ လိုအပ်လားဟု မေးသည်။ သို့သော် ချင်ဟောက်ကျီက ငြင်းပယ်လိုက်သည်။

ယခု သူတို့ လုပ်ဖို့လိုအပ်သည်မှာ ချင်ဟောက်ကျီ အိမ်ပြန်ရောက်သည်အထိ စောင့်ပြီး ဂုဏ်ပြုဖို့ ထမင်းစားရန်သာဖြစ်သည်။

ကုနင်းသည် အမှားအယွင်းမရှိလျှင် ဒီမနက် ချင်ဟောက်ကျီ ပြန်လွတ်လာမည်ဟုပြောခဲ့ပြီး သူတို့သည် အသားကောင်းကောင်းနှင့် ဟင်းသီးဟင်းရွက်တွေ အများကြီး ပြင်ဆင်ထားခဲ့သည်။

ထိုအချိန်တွင် ချင်မိသားစုဝင် အမျိုးသမီးများသည် ဟင်းချက်ရန် အလုပ်များနေပြီး ဧည့်သည်ဖြစ်သူ ကုနင်းသည် ဧည့်ခန်းတွင်နေကာ ချင်ဟောက်ကျန်းနှင့် စကားစမြည်ပြောနေသည်။

ချင်ဟောက်ကျီသည် ယွင်ကျီစုန့်က ဤတစ်ကြိမ်တွင် သူ့ဘက်ကရပ်တည်ခဲ့၍ သူ့ကို ဖုန်းခေါ်လိုက်သည်။ ချင်ဟောက်ကျီ အဆင်ပြေကြောင်း သိလိုက်ရပြီး ယွင်ကျီစုန့်သည်လည်း စိတ်သက်သာရာရသွားသည်။

ချင်ဟောက်ကျီ အိမ်ရောက်သည်နှင့် သူ၏မိသားစုက သူ့ကို အပြုံးနှင့် ပွေ့ဖက်ကြိုဆိုသည်။

ကံကောင်းထောက်မစွာ ချင်ဟောက်ကျီသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ထိန်းသိမ်းခံထားရသော်လည်း အခြေအနေကောင်းနေဆဲဖြစ်သည်။ သူအဆင်ပြေကြောင်းမြင်လိုက်ရ၍ သူ၏မိသားစုသည် စိတ်သက်သာရာရသွားသည်။

"ဟောက်ကျီ၊ မင်း ကုနင်းကို ကျေးဇူးတင်ရမယ်။ သူမအကူအညီသာ မရှိရင် မင်း ရဲစခန်းမှာ နှစ်အတော်ကြာ ချုပ်နှောင်ခံရနိုင်တယ်” ချင်ဟောက်ကျန်းက ပြောသည်။

ထိုစကားကိုကြားတော့ ချင်ဟောက်ကျီ အံ့သြသွားသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်က အမှန်တရားကို ရှာတွေ့ခဲ့သည်ဟုထင်နေခဲ့ပြီး ယခုတစ်ကြိမ် သူတို့၏ စွမ်းဆောင်ရည်ကိုပင် သဘောကျမိနေသေးသည်။

***

အပိုင်း ၁၄၂၄ တောင်းပန်တာကိုလက်ခံတယ်

ချင်ဟောက်ကျီသည် သူ၏ စိတ်ရင်းကို ပြသရန် ကုနင်းကို လေးလေးစားစား ဦးညွှတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် မစ္စကု။ မင်း ငါနဲ့ ငါ့မိသားစုအတွက် လုပ်ပေးခဲ့တာတွေအတွက် အရမ်းကျေးဇူးတင်ပါတယ်။"

"အဲလိုလုပ်စရာမလိုပါဘူး အန်ကယ်ချင်” ကုနင်း ချင်ဟောက်ကျီကို တားလိုက်သည်။

ထို့နောက် သူတို့သည် ဧည့်ခန်းထဲတွင် အချင်းချင်း စကားဆက်ပြောကြသည်။

ကုနင်းသည် နောက်ဆုံးတွင် ချင်ဟောက်ကျီအား ရဲများ၏အဖမ်းခံရပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြရန် အခွင့်အရေးရသွားသည်။

ကုနင်းသည် မီးခံသေတ္တာထဲရှိ သစ်သားသေတ္တာငယ်ထဲတွင် ရွှေချောင်းများစွာ၊ ပိုင်ဆိုင်မှုစာချုပ်၊ သော့တစ်ချောင်းနှင့် ယွမ်နှစ်သိန်းတန် ချက်လက်မှတ်တစ်စောင်ကို တွေ့ရှိခဲ့ကြောင်း ပြောပြသည်။ သူမသည် ထိုသို့ပြောရင်း သူမ၏ကျောပိုးအိတ် (စိတ်စွမ်းအင်အာကာပြင်)ထဲမှ သေတ္တာကိုထုတ်ပြီး ချင်ဟောက်ကျီအား ပေးလိုက်သည်။

ချင်ဟောက်ကျန်းသည် ထိုအကြောင်းကို ယခုအချိန်အထိ မသိသေးသော်လည်း ကုနင်းကို လျှို့ဝှက်ထားသောကြောင့် အပြစ်မတင်ပေ။

သို့သော် ချင်ဟောက်ကျီသည် ရင်းနှီးသောသေတ္တာကို တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ဒေါသတကြီးဖြစ်သွားသည်။သူသည် ရှန်းကွမ်းလီကို သူ၏သူငယ်ချင်းဟောင်းအဖြစ် မှတ်ယူခဲ့သော်လည်း ရှန်းကွမ်းလီက သူ့ကို သစ္စာဖောက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် သူငယ်ချင်းဟောင်းအဖြစ် အမြဲမှတ်ယူထားသော လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရသောကြောင့် ဝမ်းနည်းမိသည်။ သူသည် နိုင်ငံရေးတွင် သူငယ်ချင်းအစစ်မရှိသည်ဆိုသောအချက်ကို လက်ခံရတော့မည်။ သူ၏သူငယ်ချင်းဟောင်းတွေကပင် အကျိုးအမြတ်အတွက် လွယ်လွယ် သစ္စာဖောက်နိုင်သည်။

ထို့အပြင် ရှန်းကွမ်းလီသည် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှုတို့၌လည်း အပြစ်ရှိကြောင်း သိလိုက်ရသည်။

သူသည် လိင်မှုကိစ္စအတွက် အခကြေးငွေပေးပြီး ကိုယ်လုံးတီးပုံများစွာကို ရိုက်ထားခဲ့သည်။

ချင်ဟောက်ကျီသည် သူ့တွင် ရှန်းကွမ်းလီနှင့် ပတ်သက်၍ အချိန်အတော်ကြာကြာ မှားယွင်းသော အမြင်ရှိခဲ့ကြောင်း သဘောပေါက်သွားသည်။

ထို့နောက် ကုနင်းသည် ကျောက်ဟုန်းဝမ်အကြောင်း ပြောပြသည်။

ကျောက်ဟုန်းဝမ်သည် ချင်ဟောက်ကျီ နှင့်ပတ်သက်၍ နှစ်ရှည်လများ အာဃာတ ထားခဲ့သည်၊ ထို့ကြောင့် ချင်ဟောက်ကျီသည် ကျောက်ဟုန်းဝမ်က သူ့ကို ဖြုတ်ချရန် ကြိုးစားသည်ကို မအံ့သြပဲ ကျောက်ဟုန်းဝမ် အသုံးပြုသော နည်းလမ်းကြောင့်သာ အံ့အားသင့်ရသည်။

မည်သို့ပင်ဖြစ်စေ ဖြစ်ပျက်ပြီးသားအရာတွေကို ပြောင်းလဲ၍မရပေ၊ ချင်ဟောက်ကျီသည် ဤတစ်ကြိမ်တွင် သူ ကုနင်း၏ အကူအညီကို ရခဲ့သည်ကို ကံကောင်းသည်ဟု ခံစားရသည်။

"ကျောက်ဟုန်းဝမ် သေချာပေါက် ကျရှုံးရတော့မှာ… သူ့နောက်ကွယ်လူကလည်း သူ့ကို မကူညီဝံ့တော့ဘူး။" နောက်ဆုံးအပိတ်အနေနှင့် ကုနင်းပြောလိုက်သည်။

“ကောင်းပြီ၊ အဲ့တာ သူတို့ကိုယ်တိုင်လုပ်ခဲ့တဲ့အရာကို ပြန်ခံရတာပဲ။ ငါတို့နိုင်ငံမှာ အကျင့်ပျက်ခြစားတဲ့ အရာရှိတွေ အများကြီးရှိပေမယ့် သူတို့က အမြဲတမ်း မကောင်းတာမဟုတ်ဘူး။ တစ်ချို့က ပြည်သူတွေအတွက် ကောင်းတာတွေ လုပ်နေတုန်းမို့ အုပ်ချုပ်ရေးပိုင်းက သူတို့ကို မျက်ကွယ်ပြုထားပေမယ့် တစ်ခါတရံ သတိပေးဖို့လိုသေးတယ်။” ချင်ဟောက်ကျီက ပြောသည်။ သူသည် နိုင်ငံရေးအတွင်းပိုင်း၏ စည်းမျဉ်းစည်းကမ်းတွေကို ကောင်းစွာ သိသည်။

ကုနင်းသည်လည်း သဘောပေါက်သည်။ တခြားလူတွေသည်လည်း ထိုကဲ့သို့ပင်။ သို့သော် ချင်ကျီရွှမ်း၏ မျက်လုံးထဲတွင်တော့ လက်မခံနိုင်ပေ။ သူသည် ရုတ်တရက် နိုင်ငံရေးထဲပါဝင်ဖို့ကို စွန့်လွှတ်ဖို့ စိတ်ကူးရှိသွားသည်။

"မစ္စကု၊ မင်းရဲ့အကူအညီအတွက် ငါမင်းကို ထပ်ပြီးကျေးဇူးတင်ရမယ်။" ချင်ဟောက်ကျီသည် ကုနင်းကို ထပ်ခါတလဲလဲ ကျေးဇူးတင်နေသော်လည်း လုံလောက်သည်ဟုမထင်ပေ။

"ဦးလေးက ကျွန်မရဲ့အရင်းနှီးဆုံးသူငယ်ချင်းရဲ့အဖေပဲဟာ တတ်နိုင်သမျှ ကူညီရမှာပေါ့။"

သူမသည် ချင်မိသားစုအပေါ် အလွန်ကောင်းမွန်သော အမြင်ရှိသည်။ ချင်ဟောက်ကျီသည် ကုနင်းကို လက်ဆုပ်လက်ကိုင်ပြနိုင်သော တစ်စုံတစ်ခုနှင့် ကျေးဇူးတင်ချင်သော်လည်း သူမကို ဘာပေးရမည် မသိပေ။ ကုနင်းသည် အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သောကြောင့် သူမကို ပိုက်ဆံပေးလျှင် အဓိပ္ပါယ်မရှိပေ။ ထို့ကြောင့်၊ ချင်ဟောက်ကျီသည် ကုနင်း ပြန်သွားသောအခါမှ သူ၏မိသားစုနှင့် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ခဏအကြာတွင် ထမင်းစားရန် အဆင်သင့်ပြင်ပြီးဖြစ်သဖြင့် အတူတူစားကြသည်။

နေ့လည်စာစားချိန်တွင် ချင်မိသားစုဝင်တိုင်းသည် ကုနင်းကို ဝိုင်နှင့် ကျေးဇူးတင်ကြောင်းပြောကြသည်။

ကုနင်းသည် သူတို့ကို အရမ်း ယဉ်ကျေးမနေရန် ပြောသော်လည်း သူတို့ကတော့ ဆက်တိုက် ထိုသို့ တောင်းဆိုနေကြသည် ။

ချင်ယီချင်း၏အလှည့်ရောက်သောအခါတွင် သူမသည် အကြာကြီးအသက်ရှူသွင်းကာ ဖိစီးနေပုံပေါ်သော်လည်း သူမသည် မတ်တတ်ထရပ်ကာ ကုနင်းအား ပြောသည်။ "မစ္စကု၊ အရင်က ငါ မင်းကိုပြောခဲ့သမျှအတွက် ငါတောင်းပန်သင့်တယ်။ ငါ ဟိုတုန်းက အရမ်းမိုက်မဲခဲ့တယ်။ မင်းက အရမ်းကြင်နာပြီး သည်းခံတတ်တယ်ဆိုတာ ငါသိတယ်၊ မင်းအဲဒါကို လုံးဝစိတ်မဆိုးပေမယ့် ငါ တောင်းပန်ဖို့တော့လိုသေးတယ်လေ။ ငါတကယ် စိတ်မကောင်းပါဘူး။"

ထို့နောက် ချင်ယီချင်းသည် ကုနင်းကို အရိုအသေပေးခဲ့ပြီး ကုနင်းသည်လည်း သူမကို မတားပေ။

သူမ အမှန်တကယ်စိတ်မဆိုးသော်လည်း ချင်ယီချင်း စိတ်ချမ်းသာစေရန် ချင်ယီချင်း၏ တောင်းပန်မှုကိုလက်ခံလိုက်သည်။ " တောင်းပန်တာကို လက်ခံပါတယ်... ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့တော့။ ပြီးခဲ့တာတွေ ပြီးပါစေတော့။"

"ကျေးဇူးတင်ပါတယ် မစ္စကု" ချင်ယီချင်း စိတ်သက်သာရာရပြီး ပြုံးလိုက်မိသည်။ "အိုး၊ ဒီတစ်ခါ ငါ့ဦးလေးကို ကယ်ပေးလို့ မင်းကို ထပ်ပြီး ကျေးဇူးတင်ရမယ်။"

ကုနင်းသည် သူမ၏ ဖန်ခွက်ကို မြှောက်လိုက်ပြီး ချင်ယီချင်းရဲ့ ဖန်ခွက်ကို တိုက်ကာ သောက်လိုက်သည်။

နေ့လယ်စာစားပြီးနောက် သူတို့ အနားယူရန်သွားကြသည်။ ချင်ကျီရွှမ်းသည် ချူးဖေ့ဟန်နှင့် သူ၏သူငယ်ချင်းများ စိတ်မပူတော့ရန် သတင်းကောင်းကို မျှဝေလိုက်သည်။ ချင်ကျီရွှမ်း၏အဖေ အဆင်ပြေကြောင်း သိလိုက်ရသည့်အခါ ချူးဖေ့ဟန်နှင့် တခြားသူတွေသည် သူ့အတွက် ပျော်ရွှင်သွားသည်၊ သို့သော် သူတို့သည် F မြို့က မပြန်ခင် ကုနင်းကို တစ်ခေါက်လောက် ဆုံချင်နေကြသေးသည်။

ကုနင်းသည် နောက်နေ့တွင် F မြို့ မှ ပြန်မည်ဖြစ်သောကြောင့် ယနေ့ သူတို့နှင့် အတူတူ ထမင်းစားရန် သဘောတူခဲ့သည်။

နောက်တော့ သူမသည် ချင်မိသားစုအိမ်မှ ပြန်ပြီး မွန်းလွဲပိုင်းတွင် သူမ၏ သူငယ်ချင်းများနှင့် တွေ့ဆုံရန် မသွားမီ အိမ်တွင် တစ်ရေးတစ်မော အိပ်ရန် တွေးထားခဲ့သည်။ သူမသည် ရှောင်ချန်းချွမ်က အမှုကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မည်ဟု ယုံကြည်သောကြောင့် သူမ ထပ်ပတ်သက်ရန် မလိုအပ်တော့ပေ။

ချင်ယီဖန်းသည် ကုနင်းကို အိမ်ပြန်လိုက်ပို့ချင်သော်လည်း ကုနင်းသည် တက္ကစီငှားသွားမည်ဟုသာပြောသည်။ သူမ၏ အိမ်အပြန်လမ်းတွင် ရှော့ပင်းမောလ် အပြင်ဘက်၌ လူတစ်စုကို တွေ့လိုက်ရသည်။

၎င်းသည် သူမ၏ သိချင်စိတ်ကို နှိုးဆွပေးသောကြောင့် သူမသည် လူစုလူဝေး၏ အလယ်ဗဟိုတွင် ဘာရှိသည်ကိုကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုလိုက်ကာကြည့်လိုက်သည်။ ထို့နောက် အလယ်တွင် ထိုင်နေသော အမျိုးသမီးတစ်ဦးကို ကြည့်ရှုသူများက တီးတိုးပြောနေကြသည်ကို တွေ့ရသည်။ လက်သရမ်းသော ကလေးနှစ်ယောက်က သူမကို အမှိုက်တွေနဲ့တောင် ပစ်ပေါက်နေသော်လည်း ဘယ်သူကမှ သူတို့ကို မတားပေ။ အမျိုးသမီးသည် ကြောက်လန့်ပြီး ငိုနေသည်။

ကုနင်း သူမကို အကြည့်တစ်ချက်လိုက်ရုံဖြင့်ပင် မှတ်မိသွားခဲ့သည်။ အမျိုးသမီးမှာ လင်းလိကျွမ်းပင်။

ကုနင်း မျက်မှောင်ကြုတ်လိုက်သည်။ လင်းလိကျွမ်း သူမ၏အနားတွင် မိသားစုဝင်တစ်ဦးမှမရှိပဲ ဘာလို့ဒီမှာတစ်ယောက်တည်းနေနေရသည်လဲ?

***

အပိုင်း ၁၄၂၅ ကုနင်း ရှေ့ထွက်လာတယ်...

ကုနင်းသည် လင်းလိကျွမ်းနှင့် ဘယ်တော့မှ မတည့်သော်လည်း လင်းလိကျွမ်းသည် ယခုအခါတွင် စိတ်မနှံ့သူဖြစ်နေပြီး ကုနင်း သူမအား လူမြင်ကွင်းတွင် အနိုင်ကျင့်ခံနေရခြင်းကို မမြင်ချင်ပေ။ ထို့ကြောင့် ကုနင်းသည် တက္ကစီယာဉ်မောင်းအား ကားရပ်ရန်ပြောပြီး အခကြေးငွေပေးကာ ကားထဲမှ ဆင်းခဲ့သည်။

"ရပ်လိုက်ကြ၊" ကုနင်း ဆိုးသွမ်းသော ကလေးနှစ်ယောက်ကို အော်လိုက်သည်။

ကုနင်း၏ ဒေါသသံကြောင့် ဆိုးသွမ်းသော ကလေးနှစ်ယောက်သည် ကြောက်လန့်ပြီး ကျယ်လောင်စွာ အော်ငိုကြသည်။

"မင်းဘာလုပ်တာလဲ ငါ့ကလေးတွေက မင်းကြောင့် လန့်သွားပြီ။" အမျိုးသမီးတစ်ယောက်သဘ် ဒေါသထွက်ပြီး ကုနင်းကို လှမ်းအော်သည်။

ကုနင်းသည် သူမကို အေးစက်စွာ လှည့်ကြည့်လိုက်သည်။ "မင်းရဲ့ကလေးတွေက ဒီအမျိုးသမီးကို အမှိုက်တွေနဲ့ပစ်နေတာ၊ အဲဒါကို မင်းမတားတဲ့အပြင် ထောက်ခံပေးနေသေးတယ်။"

အမျိုးသမီးသည် အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရသော်လည်း ကြီးကြီးမားမား ပြသနာဟု မထင်ပေ။ "ဘာဖြစ်သလဲ သူတို့က ကလေးတွေပဲ ၊ သူမကို မထိခိုက်စေဘူး"

"ဟုတ်တယ်၊ ကလေးတွေက မသန်မာဘူးလေ။"

"ကလေးတွေက တခြားသူတွေကို သူတို့ထင်သလို အနိုင်ကျင့်လို့ရလား?”

“ကလေးတွေကိုလည်း ဆင်ခြင်ဖို့ ပညာပေးသင့်တယ်။”

တခြားလူတွေသည်လည်း ရှေ့ထွက်ကာ သူတို့၏ ထင်မြင်ချက်တွေကို ထုတ်ပြောကြသည်။

ကုနင်းက ဆက်ပြီး၊ "ရှင်က အကျင့်စာရိတ္တမကောင်းတဲ့ မိခင်တစ်ယောက်ပဲ၊ ရှင့်ရဲ့ကလေးတွေက အရမ်းရိုင်းစိုင်းတာ မဆန်းပါဘူး။ သူတို့ရဲ့ အပြုအမူ မကောင်းဘူးလို့ ရှင်မထင်ရင် ရှင့်ကိုလည်း ကျွန်မ ထပ်တူ ပြန်လုပ်လို့ရလား?"

"မင်း ဘယ်လိုပြောနိုင်ရတာလဲ? ငါ့ကလေးတွေ လုပ်တာ မင်းကိစ္စ နည်းနည်းမှ မဟုတ်ဘူး?" အမျိုးသမီးက စိတ်ဆိုးသွားသည်။

"မင်းရဲ့ ကလေးတွေက ငါ့အဒေါ်ကို အမှိုက်တွေ လာပစ်နေတာ ငါ့ကိစ္စပဲ အဲ့တာမို့ တားနေရတာ ။ မင်းကို ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါ့အဒေါ်က စိတ်မနှံ့ဘူး၊ ဒါပေမယ့် အဲ့တာက မင်း သူ့ကို အနိုင်ကျင့်လို့ရတယ်လို့ မဆိုလိုဘူး။” သူမသည် လင်းလိကျွမ်းနှင့် သူမ၏ဆက်ဆံရေးကို ဝန်ခံရသည်ကို စိတ်ထဲမထားပေ။

“မင်း…” အမျိုးသမီးသည် ဘာပြန်ပြောရမှန်းမသိတော့ပေ။

ထိုအခိုက်အတန့်တွင်၊ ဆိုးသွမ်းသောကလေးက လင်းလိကျွမ်းကို အခြားစကျင်ကျောက်တစ်လုံးနှင့် ပစ်ပေါက်တော့မည်။

ကုနင်းသည် သတိပြုမိသော်လည်း သူမသည် ကလေးတစ်ယောက်ကို ရိုက်၍မရသဖြင့် လင်းလိကျွမ်းကို ထိမှန်ခြင်းမှကာကွယ်ရန် ကလေး၏မိခင်ကို ဆွဲလိုက်သည်။ နောက်တစ်စက္ကန့်တွင် စကျင်ကျောက်ဘောလုံးသည်အမျိုးသမီး၏ မျက်လုံးကို ထိမှန်ကာ ထိုအမျိုးသမီးသည် နာကျင်စွာအော်လိုက်သည်။

"အခု ဘယ်လိုခံစားရလဲ? ကြီးကြီးမားမားကိစ္စမဟုတ်ဘူးလို့ ထင်နေသေးလား? ရှင့်ရဲ့သားဆီမှာ အရိုက်ခံရတာပဲ။" ကုနင်းက လှောင်ပြောင်လိုက်သည်။

အခြားလူများကလည်း ထိုအမျိုးသမီးကို သရော်ကြသည်။

“မင်း…” အမျိုးသမီးသည် အလွန်အမင်း ဒေါသထွက်နေသည်။ "မင်းသူ့ကိုကာကွယ်ဖို့ ဘယ်လိုတောင် ငါ့ကိုဆွဲရဲတဲ့ သတ္တိရှိတာလဲ?"

“ရှင့်ကလေးတွေက ကျွန်မအဒေါ်ကို ပစ်ပေါက်ဖို့ ဘယ်လိုတောင် သတ္တိရှိတာလဲ?"ကုနင်း ကပြောသည်။

"ငါ့ကလေးတွေက မင်းကို နာကျင်အောင်လုပ်တာမဟုတ်ဘူးလေ။" သူမသည် သူမ၏ကလေးတွေက လင်းလိကျွမ်းကို နာကျင်စေသည့်အတွက် ကုနင်း ဝင်ပါသင့်သည်ဟု မထင်ခဲ့ပေ။ သူမသည် အကြင်နာကင်းပြီး မိုက်မဲသည်။

"ကောင်းပြီ၊ ရှင့်ရဲ့ ကလေးတွေကို ဒီလိုဆက်သွန်သင်လို့ရတယ်၊ ဒါပေမယ့် သူတို့ တစ်နေ့တော့ ထောင်ကျလိမ့်မယ်။" သူမသည် ဆိုးသွမ်းသောကလေးများကို မုန်းတီးသော်လည်း ဆိုးသွမ်းသောကလေးများ၏မိခင်များသည် ပို၍ပင် မုန်းတီးစရာကောင်းသည်။ ကလေးတွေသည် မမိုက်မဲပေ။ သူတို့ မိဘတွေ၏ အလိုလိုက်ခြင်းကို ခံခဲ့ရခြင်းသာဖြစ်သည်။

တစ်နည်းဆိုရသော် ဆိုးသွမ်းသောကလေးများသည် ကိုယ့်ကိုကိုယ်ဆင်ခြင်ရန် သင်ခန်းစာတစ်ခု သင်ယူရန် လိုအပ်သည်။

"မင်း ငါ့ကလေးတွေ ကို ဘယ်လိုတောင် ကျိန်ဆဲရဲတာလဲ?" အမျိုးသမီးသည် ဒေါသတကြီးဖြင့် ကုနင်းကို လက်ညှိုးထိုးသည်။

ကျယ်လောင်သောအသံနှင့်အတူ ကုနင်းသည် သူမ၏လက်ကို ရိုက်ချလိုက်သည်။ သူမသည် ထိုအကြင်နာကင်းသောသူများက သူမကို လက်ညိုးထိုးပြခြင်းကို မုန်းသည်။ " ငါ့ကို လက်ညှိုးမထိုးနဲ့။"

"နင်က ခွေးမပဲ ..."ထိုအမျိုးသမီးသည် ရူးသွပ်သွားပြီး ကုနင်းကို ပါးရိုက်ချင်လာသည်။

သို့သော် ကုနင်း၏ အနီးသို့ရောက်သောအခါ၊ ကုနင်း သည် သူမ၏လက်ကို ဆုပ်ကိုင်ထားသည့်အတွက် သူမ လုံးဝမလွတ်မြောက်နိုင်ပေ။ "ငါ့ကို လွှတ်..ငါ့ကိုလွှတ်..."

တခြားလူတွေသည်လည်း ကုနင်း၏ အင်အားကြောင့် အံ့အားသင့်သွားသည်။

"အမေ၊ အမေ...." ဆိုးသွမ်းသော ကလေးနှစ်ယောက်သည် သူတို့၏အမေကို သူစိမ်းတစ်ယောက်က ဖမ်းချုပ်ထားသည်ကို တွေ့လိုက်ရသောအခါ မျက်ရည်တွေပါကျသွားသည်။

ကုနင်းသည် ထိုအမျိုးသမီးကို အေးစက်စွာ သတိပေးလိုက်သည်။ "ရှင် ထပ်ပြီး ဒုက္ခပေးရင် ကျွန်မ ရဲခေါ်လိုက်မယ်" နောက်တော့ သူမ အမျိုးသမီးကို လွှတ်ပေးလိုက်သည်။ စင်စစ် ထိုအမျိုးသမီးတွင် ကလေးနှစ်ယောက်သာမရှိလျှင် ကုနင်း လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ပေ။

ကုနင်း၏ ရုတ်တရတ်လှုပ်ရှားမှုကြောင့် အမျိုးသမီးသည် ထိတ်လန့်သွားပြီး သူမ၏စကားကို နားထောင်သည်။ သူမသည် အလျှော့ မပေးချင်သော်လည်း ကလေးတွေကိုခေါ်ကာ အလျင်စလို ထွက်သွားသည်။

"ဒီမိန်းမက အရမ်းရိုင်းစိုင်းပြီး အကျင့်ပျက်တယ်။"

"သူ့ကလေးတွေကလည်း သူ့လိုပဲ ရိုင်းစိုင်းတယ်။"

“သူသေချာမသွန်သင်ရင် သူ့ကလေးတွေဟာ အနာဂတ်မှာ ဥပဒေကို ချိုးဖောက်လိမ့်မယ်လို့ ငါထင်တယ်။”

“ဟုတ်တယ်၊ ကလေးတွေက ငယ်ငယ်တုန်းကတောင် ဒုက္ခပေးလေ့ရှိတယ်ဆိုရင်၊ သူတို့ အသက်ကြီးလာတဲ့အခါ ကြီးမားတဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်လာနိုင်တယ်။"

"ငါ လက်ခံတယ်။"

"မိဘဖြစ်ဖို့မလွယ်ဘူး"

“…”

လူတွေသည် သူတို့ ထွက်သွားသည်နှင့် သူတို့၏ အကြောင်းကို ဆက်ပြောကြသည်။

ကုနင်းသည် လင်းလိကျွမ်း အဆင်ပြေနေသေးကြောင်းတွေ့ပြီး စိတ်သက်သာရာရသွားသည်။ ထို့နောက် ကုချင်ကို ချက်ချင်းဖုန်းဆက်ပြီး ရှော့ပင်းမောလ်အပြင်ဘက်မှာ လင်းလိကျွမ်းနှင့် တွေ့သည်ကို ပြောပြသည်။

ကုနင်းတွင် ကုချင်းရှန်၏ဖုန်းနံပါတ်မရှိသောကြောင့် ကုချင်ကိုသာဖုန်းဆက်လိုက်ခြင်းဖြစ်သည်။

ငါးမိနစ်ခန့်ကြာသော် ကုချင် ရောက်လာပြီး လမ်းတွင် သူမသည် ကုချင်းရှန်ကိုပါ ဖုန်းခေါ်ခဲ့သည်။

***

အပိုင်း ၁၄၂၆ ဒါရိုက်တာကု

“မင်းရဲ့ဦးလေးအကြီးဆုံးက ခုပဲပြောတာ သူနာပြုဆရာမက မင်းရဲ့အဒေါ်ကို ခဏလောက် ဂရုမစိုက်မိလိုက်တာ၊ မင်းရဲ့အဒေါ်က ချက်ချင်းအိမ်ကနေ ထွက်ပြေးသွားတာတဲ့။ အခု သူ့ကို အသည်းအသန် ရှာနေကြတာ ရဲကိုတောင် ဖုန်းဆက်တော့မလို့။” ကုချင်က ကုနင်းကို ပြောပြသည်။

မကြာခင် ကုချင်းရှန်နှင့် သူနာပြုဆရာမ ရောက်လာသည်။

သူနာပြုသည် သူမကိုယ်သူမ အပြစ်တင်နေသော်လည်း ကုချင်းရှန်သည် သူမအား အပြစ်မပြောလိုပေ။ လင်းလိကျွမ်းသည် ယခုအခါ စိတ်မနှံ့သူဖြစ်နေပြီး ဘာမှနားမလည်သော ကလေးတစ်ယောက်လို ပြုမူနေသောကြောင့်ဖြစ်သည်။ ထို့အပြင်၊ သူနာပြုသည် လင်းလိကျွမ်းကို ကောင်းကောင်း ဂရုစိုက်ပြီး စိတ်မနှံ့သူဆိုပြီး ဆိုးဆိုးရွားရွား မဆက်ဆံပေ။

လင်းလိကျွမ်းသည် စိတ်မနှံ့သူဖြစ်နေသော်လည်း အော်ဟစ်ခြင်း သို့မဟုတ် အရာဝတ္ထုများကို ဖျက်စီးပစ်ခြင်းမျိုး မရှိပဲ အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ်သာနေသည်။

ကုနင်းသည် သူမအား ကုသပေးနိုင်သော်လည်း ထိုသို့မလုပ်ချင်ပေ။ လင်းလိကျွမ်း ပြန်လည်ကောင်းမွန်လာလျှင် သူမကြုံတွေ့ခဲ့ရသော မုဒိမ်းမှုကြီးကို ပြန်လည်မှတ်မိသွားမည်ဖြစ်ပြီး၊ သူမ၏ဘဝကို လုံးဝပျက်စီးသွားစေနိုင်သည်။ ယခုမူ လင်းလိကျွမ်းသည် အသက်ရှင်နေသေးပြီး ကောင်းမွန်စွာ နေထိုင်နိုင်သေးသည်။

ကုချင်းရှန်သည် လင်းလိကျွမ်းကိုရှာတွေ့သည်မှာ ကုနင်း ဖြစ်သည်ဟု ကုချင် မှပြောသောကြောင့် ကုနင်း အနားရောက်လာသည်နှင့် ကျေးဇူးတင်စကားပြောသည်။

"နင်းနင်း ကျေးဇူးတင်ပါတယ်။" ကုနင်းသည် သူ့အပေါ် အများကြီး ကူညီပေးသည့်အတွက် ကုနင်းကို စိတ်ရင်းနှင့် ကျေးဇူးတင်မိသည်။

“အဆင်ပြေပါတယ်။” ကုနင်းက သူ့ကို ပြုံးပြသည်။ ကုချင်းရှန်သည် ကုနင်း လင်းလိကျွမ်းကို ရှာတွေ့ရန် ကူညီပေးခဲ့ခြင်းကြောင့်သာ ကျေးဇူးတင်သည်မဟုတ်ပဲ အရေးကြီးသော စီးပွားရေးကိစ္စရပ်တစ်ခုကို ကူညီဖြေရှင်းပေးခဲ့သည့်အတွက်ပါ ကျေးဇူးတင်ခြင်းဖြစ်သည်ကို ကုနင်း မသိပေ။

ကုနင်း၏ကျေးဇူးကြောင့် ကုချင်းရှန်၏ကုမ္ပဏီသည် ပုံမှန်ပြန်ဖြစ်သွားပြီး ယခင်ကထက်ပင် ဝင်ငွေပိုရသည်။ သူသည် ကုနင်း၏ဦးလေးအကြီးဆုံးဖြစ်ကြောင်း လူတွေ ပိုပြီးသိရှိလာသောကြောင့် သူနှင့်စီးပွားရေးအတူလုပ်ချင်ကြသည်။

ကုချင်းရှန်သည် ယခင်က ကုနင်း ၏ မိသားစုအပေါ် လုပ်ခဲ့သည့်အရာများအတွက် အပြစ်ရှိသည်ဟု ခံစားမိသောကြောင့် ကုနင်းနှင့်ပတ်သက်မှုအကြောင်းကို သူ၏နှုတ်မှ ကိုယ်တိုင် ထုတ်မပြောပေ။ သို့သော် ထိုသတင်းသည် အချိန်တိုလေးအတွင်း နိုင်ငံခြားအထိပင် ပျံ့နှံ့သွားသည် ။

ကုနင်းသည် သူမကြောင့် ကုချင်းရှန်၏ လုပ်ငန်းက ပိုအဆင်ပြေလာသည်ကို စိတ်မဆိုးပေ။ သူမ၏အရှိန်အဝါနှင့် မကောင်းမှုတွေ မလုပ်သရွေ့သူမသည် သူ ငွေပိုရှာခြင်းကို တားမည် မဟုတ်ပေ။

“ဒီနှစ် စာမေးပွဲမှာ စုစုပေါင်းရမှတ် အများဆုံးရတယ်လို့ ကြားတယ်။ ဂုဏ်ယူပါတယ်။” ကုချင်းရှန်က ပြောသည်။

“ကျေးဇူးတင်ပါတယ်။”

ထို့နောက် ကုချင်းရှန်သည် လင်းလိကျွမ်းကို အိမ်သို့ ပြန်ခေါ်သွားသည်။ သူသည် လက်ရှိအခြေအနေတွင် လင်းလိကျွမ်းကို ကလေးတစ်ယောက်လို ဆက်ဆံပေးသည်။ လင်းလိကျွမ်းသည် စိတ်မနှံ့သူဖြစ်နေသော်လည်း သူမကို မစွန့်လွှတ်ခဲ့ပေ။

ခဏနေတော့ ကုနင်းလည်း ပြန်သွားပြီး ကုချင်က သူမ၏ဆိုင်ကို ပြန်သွားသည်။

ကုနင်း အိမ်ပြန်ရောက်သော် အချိန်သည် ညနေ ၃ နာရီထိုးနေပြီဖြစ်သည်။

တစ်ရေးတစ်မောအိပ်ပြီးနောက်၊ ကုနင်းသည် နောက်တစ်နေ့နံနက်အတွက် B မြို့ သို့ပြန်ရန် လေယာဉ်လက်မှတ် ဝယ်သည်။ ချီကျီယွဲ့နှင့် ထန်ယရှင်း၏မင်္ဂလာပွဲသည် သုံးရက်သာလိုတော့သောကြောင့် သန်ဘက်ခါ မြို့တော်သို့ ပြန်ရန် စီစဉ်ထားသည်။

ယွီမီရှီသည် ညနေ ၅ နာရီတွင် အလုပ်မှာရှိနေဆဲဖြစ်ပြီး ကျန်သူများအားလုံး ချိန်းထားသည့်နေရာသို့ ထွက်ခွာသွားကြသည်။ အချိန်သည် စောနေသေးသည်မို့ ထမင်းမစားခင် လက်ဖက်ရည်ကို သုံးဆောင်ကြသည်။

ကားသည် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရှေ့မှ ဖြတ်မိသောအခါ ကုနင်း ခဏလောက် စဉ်းစားပြီး ကားကို ရပ်ခိုင်းလိုက်သည်။ သူမသည် ယွီမီရှီကိုတွေ့ချင်နေပြီး သူမနှင့်အတူ တခြားသူငယ်ချင်းများနှင့် သွားတွေ့ချင်သည်။

ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် သူမ၏ကုမ္ပဏီဖြစ်သော်လည်း၊ သူမသည် ဤနေရာကို လာသည်မှာ ရှားသည်။ သို့သော် ကုနင်းတွင် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ ဒါရိုက်တာလက်မှတ်ရှိသောကြောင့် သူမအား မည်သူမျှ မတားဝံ့ကြပေ။

ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းတွင် ဒါရိုက်တာ နှစ်ယောက်သာ ရှိပြီး ကုနင်းနှင့် အန်းကွမ်းယောင်သာဖြစ်သည်ကို ဝန်ထမ်းများက မသိကြပေ။ ကုနင်း၏ ဒါရိုက်တာ လက်မှတ်ကို သူတို့ မြင်ကြသော်လည်း သူမသည် ကုမ္ပဏီ၏ ပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်း မသိကြပေ။

ကုနင်းသည် ဘဏ္ဍာရေးဌာနတွင် ယွီမီရှီကို တွေ့သောအခါ ယွီမီရှီသည် နေမကောင်းကြောင်း သူမ သတိပြုမိသည်။ သူမ၏မျက်နှာက ဖြူဖျော့နေပြီး အခြေအနေဆိုးပုံရသည်။

"မင်းဘယ်သူလဲ... ဒါက ဘဏ္ဍာရေးဌာန၊ အပြင်လူတွေကို ဝင်ခွင့်မပြုဘူး" ဝန်ထမ်းတစ်ယောက်သည် ကုနင်း တံခါးဖွင့်လိုက်သည်နှင့် တားဆီးသည်။

ဝန်ထမ်းသည် သူ၏တာဝန်ကိုဆောင်ရွက်နေခြင်းမို့ ကုနင်း မကျေမနပ်မဖြစ်ပေ။

ကုနင်း ဒါရိုက်တာလက်မှတ်ကို ပြလိုက်ကာ ဝန်ထမ်းမှာ အံ့သြသွားပြီး တောင်းပန်သည်။ "တောင်းပန်ပါတယ် ဒါရိုက်တာကု ကျွန်မ ...မသိလို့ပါ"

ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ အကြီးတန်း စီမံခန့်ခွဲမှုကလူတွေနှင့် တွေ့ဆုံရန် မဖြစ်နိုင်သည်မှာ သာမာန်သာဖြစ်ပြီး သူမကိုမသိသည်မှာမဆန်းပေ။ မည်သို့ပင်ဆိုစေကာမူ၊ သူတို့ကုမ္ပဏီတွင် ထိုကဲ့သို့ ငယ်ရွယ်သော ဒါရိုက်တာတစ်ယောက်ရှိသည့်အတွက် ဝန်ထမ်းသည် အလွန်အံ့သြသွားမိသည်။

"ကိစ္စမရှိပါဘူး..။" ကုနင်းသည် စိတ်ထဲမထားပဲ ယွီမီရှီဆီကို လျှောက်သွားသည်။

တခြားဝန်ထမ်းများလည်း အံ့သြသွားသည် သို့သော် အားလုံးသည် မတ်တပ်ရပ်ကာ ကုနင်းကိုလေးလေးစားစား နှုတ်ဆက်ကြသည်။

"တွေ့ရတာဝမ်းသာပါတယ် ဒါရိုက်တာကု"

ယွီမီရှီသည်လည်း ဆူညံသံကို ကြားလိုက်ရပြီး အံ့သြသွားမိသည်။ "နင်းနင်း ဒီမှာ ဘာလုပ်နေတာလဲ?"

ယွီမီရှီသည် ဒါရိုက်တာကုမှာ ကုနင်း ဖြစ်သည်ကို သူမ,မသိသလို ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနှင့် ကုနင်း၏ဆက်ဆံရေးကိုလည်း သူမမသိသောကြောင့် သူမသည် များများမတွေးပဲ ကုနင်း၏အမည်ကို တိုက်ရိုက်ခေါ်လိုက်သည်။

သို့သော် သူမ၏ လုပ်ဖော်ကိုင်ဖက်များကမူ အလွန်အံ့သြသွားကြသည်။ ယွီမီရှီသည် ဒါရိုက်တာကုနှင့် အလွန်ရင်းနှီးသည်မှာ ထင်ရှားသည်။

"မီရှီ မင်းအဆင်ပြေရဲ့လား? မင်းနေမကောင်းဘူးလား?" ကုနင်း စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

" နင်းနင်း၊ ငါ အခု ဓမ္မတာဖြစ်နေလို့ ဗိုက်နာနေတယ်။" ယွီမီရှီ သူမ၏အသံကို နှိမ့်ပြောလိုက်သည်။ သူမသည် ဓမ္မတာကြောင့်ကိုက်ခဲလို့နေသည်။

"ဘာလို့ အိမ်မှာ နားဖို့ ခွင့်မယူတာလဲ? သွား ဆေးသွားဝယ်လိုက်ဦး။”ဟု ကုနင်း ပြောပြီး ယွီမီရှီ သောက်ရန်အတွက် စွမ်းအင်သလင်းကျောက်ကို ထုတ်လိုက်သည်။

ယွီမီရှီသည် စွမ်းအင်သလင်းကျောက်ကို မဆိုင်းမတွပင် သောက်လိုက်ပြီး စက္ကန့်ပိုင်းအတွင်း သက်သာလာသည်။ သူမသည် ကုမ္ပဏီကနေ စောစောထွက်သွားရမည်ကို ရှက်နေပြီး နာရီဝက်အတွင်း အလုပ်က ဆင်းတော့မည်မို့ သည်းခံဖို့ဆုံးဖြတ်ခဲ့သည်။

“နောက်မှ ဗိုက်အောင့်တာအတွက် ကိုလိန်းဆေးကို သွားဝယ်ပါ၊ ဓမ္မတာဖြစ်တဲ့အခါတိုင်း အဲ့တာကိုသောက်။”

***

အပိုင်း ၁၄၂၇ အမျိုးသမီးဥက္ကဌ

F မြို့တွင် ကိုလိန်းကုမ္ပဏီ၏ စတိုးဆိုင်များမရှိသော်လည်း၊ ကိုလိန်း ဆေးဝါးများသည် အဓိကမြို့ကြီးတိုင်းရှိ ဆေးဆိုင်ကြီးများစွာ၌ရှိသည်။

"ငါဝယ်လိုက်ပါ့မယ်။" ယွီမီရှီကပြောသည်။

တခြားအမျိုးသမီးဝန်ထမ်းတွေသည်လည်း ထိုအကြံပေးစကားကို မှတ်ထားလိုက်ကြပြီး ရာသီကိုက်ခဲလျှင် ကိုလိန်းဆေးကို ဝယ်ဖို့ ဆုံးဖြတ်ခဲ့လိုက်ကြသည်။ သူတို့၏မသိစိတ်တွင် ကုနင်း အကြံပေးသော ကိုလိန်းဆေးသည် ထိရောက်လိမ့်မည်ဟု ယုံကြည်နေကြသည်။

ယွီမီရှီသည် တစ်မိနစ်အတွင်းတွင် နာကျင်မှုတွေ ပျောက်သွားပြီး ပုံမှန်ပြန်ဖြစ်သွားကာ သူမ၏မျက်နှာသည် ကျန်းမာသော ပန်းသွေးရောင်သန်းလာသည်။

"နင် ဒီမှာ နားလိုက်ဦး ငါ အပြင်ပတ်ကြည့်လိုက်ဦးမယ်။ ပြီးရင် အတူတူ တခြားသူတွေနဲ့ သွားတွေ့မယ်။”

“အင်း။” ယွီမီရှီ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ကုနင်း ထွက်သွားသည်။

သူမထွက်သွားသည်နှင့် ဘဏ္ဍာရေးဌာနက ဝန်ထမ်းများသည် ယွီမီရှီကို ဝိုင်းလိုက်ပြီး သူတို့၏ ပတ်သက်မှုကို မေးသည်။

ယွီမီရှီသည် ခေတ္တတုံ့ဆိုင်းနေပြီးမှ သူမနှင့် ကုနင်းတို့သည် အတန်းဖော်များဖြစ်ကြပြီး သူတို့နှစ်ဦးစလုံးသည် ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေခဲ့ကြကြောင်း ပြောပြလိုက်သည်။

ကုနင်းသည် ကိုယ့်အားကိုကိုးပြီး ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ ဒါရိုက်တာတစ်ဦး ဖြစ်လာနိုင်သည်ဟု မည်သူမျှမယုံကြည်နိုင်ကြသောကြောင့် ကုနင်း၏မိသားစုသည် အလွန်ချမ်းသာသည်ဟု သူတို့အားလုံးက ယူဆကြသည်။

ကုနင်း၏ စာမေးပွဲ စုစုပေါင်းရမှတ်ကိုလည်း ယွီမီရှီကို မေးမြန်းသည်။ ယွီမီရှီသည် ကုနင်းက ယခုနှစ် တစ်နိုင်ငံလုံး အမှတ်အများဆုံးရခဲ့ကြောင်း ပြောသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

ယွီမီရှီသည် သူတို့မယုံလျှင် အင်တာနက်မှာ စစ်ကြည့်ဖို့ ပြောသည်။

လူအများအပြားသည် ချက်ချင်း အင်တာနက်တွင် ရှာဖွေကြသည်။ သို့သော်လည်း သူတို့သည် အင်တာနက်ပေါ်တွင် ကုနင်းနှင့်ပတ်သက်သည့် ပိုမိုအံ့သြဖွယ်ကောင်းသောအချက်အလက်များကို သိရှိလာကြသည်။

ကုနင်းသည် ယခုနှစ်တွင် တစ်နိုင်ငံလုံးမှာ အမှတ်အပြည့်ရပြီး အမှတ်အများဆုံးသူဖြစ်ရုံသာမက ယွမ်ဘီလီယံနှင့်ချီသော ကြွယ်ဝမှုလည်းရှိသည်။ သူမသည် ၁၉ နှစ်သာရှိသေးသည်လေ...။

စင်စစ် သူတို့သည် ကုနင်း၏ ကုမ္ပဏီတချို့ကို အရင်တည်းက ကြားဖူးသော်လည်း သိပ်စိတ်ထဲမထားပေ။ ယခု ထိုကုမ္ပဏီများ၏ ပိုင်ရှင်မှာ အသက် ၁၉ နှစ်အရွယ် မိန်းကလေးဖြစ်နေသည်။

ထိုမိန်းကလေးသည် သူတို့ကုမ္ပဏီ၏ ဒါရိုက်တာလည်းဖြစ်နေသည်။

"ဘုရားရေ" အမျိုးသမီးဝန်ထမ်းတစ်ဦးက အံ့အားသင့်စွာ အော်ပြောလိုက်သည်။

ထိုအချိန်တွင် သူတို့၏ဘဏ္ဍာရေးမန်နေဂျာက ဝင်လာသည်။ "ဘာလုပ်နေတာလဲ? အလုပ်ချိန်မှာ အတင်းအဖျင်းပြောပြီး အချိန်မဖြုန်းနဲ့လေ..." ဘဏ္ဍာရေးမန်နေဂျာက သူတို့ကို ဆူသည်။

"မန်နေဂျာလည်း ...ဒါကို...ကြည့်သင့်တယ်။" ဝန်ထမ်းတစ်ဦးသည် သူတို့၏ဘဏ္ဍာရေးမန်နေဂျာကိုလှမ်းခေါ်လိုက်သည်။

သူတို့၏ဘဏ္ဍာရေးမန်နေဂျာသည် အလွန်ကြင်နာတတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သည်။

"ဘာဖြစ်လို့လဲ?" သူ ချက်ချင်း ရောက်လာသည်။

"သတင်းကို ကိုယ်တိုင်ဖတ်ကြည့်လိုက်။" ဝန်ထမ်းတစ်ယောက်က သူ၏ကွန်ပြူတာ မျက်နှာပြင်ကို ညွှန်ပြသည်။

သတင်းကိုဖတ်ပြီးနောက် ဘဏ္ဍာရေးမန်နေဂျာလည်း ထိတ်လန့်သွားသည်။

"သူမက ငါတို့ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက်ပဲလို့ ထင်ခဲ့တာ၊ ဒါပေမယ့် သူ့နာမည်နဲ့ တခြားကုမ္ပဏီတွေ အများကြီးရှိနေတာပဲ။" အခြားဝန်ထမ်းတစ်ဦးက စိတ်လှုပ်ရှားစွာပြောသည်။

"ဘာ... သူက ငါတို့ကုမ္ပဏီရဲ့ ဒါရိုက်တာလား?” ဘဏ္ဍာရေးမန်နေဂျာက မျက်လုံးပြူးလျက် အံ့အားသင့်သွားသည်။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းတွင် ဒါရိုက်တာနှစ်ဦးသာရှိကြောင်း အခြားအငယ်တန်းဝန်ထမ်းများက မသိနိုင်သော်လည်း ထိုအကြောင်းကို သူသိသည်။ ကုနင်းသည် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ ဥက္ကဌပင်။

အရင်က သူ့ကို တစ်ယောက်ယောက်က ထိုသို့ပြောလျှင် ယုံမည် မဟုတ်ပေ၊ သို့သော် ယခု ကုနင်း၏ နာမည်နှင့် တခြားအောင်မြင်သည့် ကုမ္ပဏီတွေ အများကြီးရှိမှန်း သိလိုက်ရပြီးနောက် သူလက်ခံနိုင်သွားသည်။ သို့သော် ကုနင်းသည် သူ၏မျက်လုံးထဲတွင် ငယ်လွန်းနေသောကြောင့် အမှန်တရားသည် သူ့ကို အံ့အားသင့်စေခဲ့သည်။

ယွီမီရှီသည်လည်း သူတို့၏ ဆွေးနွေးမှုကို ကြားသောအခါတွင် အံ့အားသင့်သွားပြီး ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းတွင် အလုပ်သင်လုပ်ရန် ကုနင်းမှ သူမအား အဘယ်ကြောင့် စီစဉ်ပေးသည်ကို သူမ နားလည်သွားသည်။

ကုနင်းသည် သူမ၏နာမည်နှင့် စီးပွားရေးလုပ်ငန်းများစွာရှိသောကြောင့် သူမသည် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ ဒါရိုက်တာတစ်ဦးဖြစ်သည့်အကြောင်းမှာ အံ့သြစရာမရှိပေ။ သို့သော်လည်း ကုနင်းသည် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ ပိုင်ရှင်ဖြစ်ကြောင်းကိုတော့ သူမ မသိသေးပေ။

“ဟုတ်တယ်၊ သူမ အခုလေးတင် ဒီကိုလာသွားတယ်။” ဝန်ထမ်းတစ်ဦးက ရုတ်တရက်ပြောသည်။

"သူမ အခုဘယ်မှာလဲ?" ဘဏ္ဍာရေးမန်နေဂျာကမေးသည်။

“မသိဘူး၊ အပြင်မှာ ပတ်ကြည့်မယ်လို့ ပြောတယ်…” ဝန်ထမ်းက ယွီမီရှီကို လှည့်ကြည့်ပြီး ညွှန်ပြလိုက်သည်။ "သူမက ယွီမီရှီ ရဲ့ အတန်းဖော်လေ၊ ပြီးရင် အတူတူ ပြန်မှာ။"

သူတို့အားလုံး ယွီမီရှီကို မနာလိုဖြစ်သွားကြသည်။ ကုနင်းသာ သူတို့၏သူငယ်ချင်းဖြစ်ခဲ့လျှင် သူတို့သည် ကုနင်းထံမှ ပံ့ပိုးကူညီမှုများစွာရနိုင်သည်။ ယွီမီရှီ သည် ဤကုမ္ပဏီတွင် အလုပ်သင်အဖြစ် လုပ်ကိုင်ခွင့်ရသည်မှာ ကုနင်း၏ အစီအစဉ်ဖြစ်ကြောင်းလည်း သိရှိနားလည်သွားသည်။

ဘဏ္ဍာရေးမန်နေဂျာသည် ယွီမီရှီကို အံ့သြစွာဖြင့် စိုက်ကြည့်လိုက်သည်။ ယွီမီရှီသည် အန်းကွမ်းယောင် ...သူငယ်ချင်း၏သမီးဖြစ်နိုင်သည်ဟု သူထင်ခဲ့သော်လည်း သူမသည် ကုနင်း၏သူငယ်ချင်းဖြစ်နေသည်။ ကုနင်းသည် သိသိသာသာကို အန်းကွမ်းယောင်ထက် ပို၍ အောင်မြင်သည်။

ယွီမီရှီသည် လူများစွာက သူမကိုကြည့်နေကြသောအခါ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။

"ကုနင်းက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း ရဲ့ ဒါရိုက်တာလား?" ဘဏ္ဍာရေးမန်နေဂျာက ယွီမီရှီကိုမေးလိုက်သည်။

ကုနင်းသည် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ ဒါရိုက်တာသာဖြစ်ခဲ့ပါက၊ သူမသည် ဥက္ကဌဖြစ်ရမည်။

“သူတို့ ပြောမှ ကျွန်မ သိလိုက်ရတာ။” ယွီမီရှီ ရိုးရိုးသားသားပင် ပြန်ဖြေခဲ့သည်။

ထိုစကားကိုကြားသော် ဘဏ္ဍာရေးမန်နေဂျာသည် စိတ်ရှုပ်သွားပုံရသည်။

“အိုး၊ သူ အထဲကို ဝင်လာတော့ သူ့ကို တားတာခံရတယ်။ အဲ့တုန်းက ဒါရိုက်တာ လက်မှတ်ကို ပြခဲ့တာ။” ဝန်ထမ်းတစ်ဦးက ဝင်ပြောပြသည်။

အန်းကွမ်းယောင် မဟုတ်သည့် ကျန်ဒါရိုက်တာမှာ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ပိုင်ရှင်ဖြစ်ကြောင်း မန်နေဂျာသည် သိရှိပြီးဖြစ်၍ ယခုအခါတွင် ကုနင်းသည် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ဥက္ကဌဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။

မထင်မှတ်ရသည်မှာ သူတို့၏ တကယ့်သူဌေးသည် ငယ်ရွယ်သော မိန်းကလေးဖြစ်နေသည်။

"ကောင်းပြီ အခု ကိုယ့်အလုပ်ကိုပြန်လုပ်ကြတော့.." ဘဏ္ဍာရေးမန်နေဂျာသည် သူတို့ကို အလုပ်ပြန်ခိုင်းပြီး ဤထိတ်လန့်ဖွယ်ရာသတင်းကို လက်ခံနိုင်ဖို့ သူ၏ရုံးခန်းကို ပြန်သွားသည်။

***

အပိုင်း ၁၄၂၈ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ပိုင်ရှင်...

ကုနင်းသည် အန်းကွမ်းယောင်၏ ရုံးခန်းကိုသွားပြီး မပြန်ခင် စီးပွားရေးအကြောင်း ခဏလောက်ဆွေးနွေးကြသည်။

ယွီမီရှီသည် အလုပ်သင်တစ်ဦးသာဖြစ်သောကြောင့် အခြားသူများထက်စော၍ အလုပ်ဆင်း၍ရပြီး ညနေ ၅:၃၀တွင်အိမ်ပြန်နိုင်သည်။

ကုနင်းသည် ဘဏ္ဍာရေးဌာနသို့ ပြန်လာမည်ဟု ဘဏ္ဍာရေးမန်နေဂျာက ထင်ခဲ့သော်လည်း ကုနင်းသည် တိုက်ရိုက်ပြန်သွားသည်။ သူမသည် ယွီမီရှီကို ဖုန်းဆက်ပြီး တံခါးဝတွင် သူမကို စောင့်မည်ဟု ပြောသည်။

ယွီမီရှီ အပြင်ကို ထွက်ပြီး ကုနင်းနှင့်အတူ ပြန်သွားသည်။ ကုနင်းပေးသော စွမ်းအင်သလင်းကျောက်ကို သောက်ထားပြီးဖြစ်သောကြောင့်၊ သူမသည် နေလို့ကောင်းနေကာ သူမ၏သူငယ်ချင်းများနှင့် တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည်။

"နင်းနင်း.. နင်က ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း ရဲ့ ဒါရိုက်တာလား?" ယွီမီရှီက ကုနင်းကို ရုတ်တရက် မေးလိုက်သည်။

"ဟုတ်တယ်၊ ဒါပေမယ့် အတိအကျဆိုရင် ငါက ပိုင်ရှင်။" ယွီမီရှီ ထိုသို့မေးလာသောကြောင့် ကုနင်း သူမကို အမှန်အတိုင်းပြောရန် ဆုံးဖြတ်ခဲ့သည်။

"ဘာ?" ယွီမီရှီ အံ့သြသွားသည်။ ကုနင်းသည် တကယ်တော့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ပိုင်ရှင်ဖြစ်နေသည်။

"ဒါက အန်းယိရဲ့ မိသားစုကို ကူညီခဲ့တာလို့ ဆိုလိုတာလား?”

"ဟုတ်တယ်၊ အဲဒါ ငါပဲ"

ယွီမီရှီ အံ့အားသင့်စွာဖြင့် အသက်ပြင်းပြင်းရှူလိုက်သည်။

"အခုထိ ငါ တစ်ယောက်ပဲ အဲဒါကို သိသေးတာလား?" ယွီမီရှီက မေးသည်။ သူမသည် ချူးဖေ့ဟန်နှင့် အခြားသူငယ်ချင်းများအကြောင်းပြောနေခြင်းဖြစ်သည်။

"ဟုတ်တယ်၊ ဒါပေမယ့် အန်းယိက ဒါကို သိနေသလား မသိဘူး?"

ထိုအကြောင်းကို သိလိုက်ရသောအခါ ယွီမီရှီ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာသည်။

"သူတို့ကို ပြောပြလို့ရလား?" ယွီမီရှီ စိုးရိမ်တကြီး မေးလိုက်သည်၊ အကြောင်းမှာ သူမသည် မှားယွင်းပြီး ထုတ်ပြောလိုက်မိမှာ စိုး၍ဖြစ်သည်။

“အဆင်ပြေပါတယ်။ ဘယ်သူကမှ မမေးလို့သာ မပြောခဲ့တာ။”

"ဒါဆို ငါသူတို့ကို ပြောပြလိုက်ရမလား?"

“အင်း...။” ကုနင်း ပြုံးလိုက်သည်။

"ကောင်းပြီ၊ သူတို့ကို အံ့သြသွားအောင် ငါ နောက်မှပြောမယ်။" ယွီမီရှီ စိတ်လှုပ်ရှားသွားသည်။

ကုနင်းသည် သူမ၏ တုံ့ပြန်မှုကြောင့် သဘောတကျရယ်နေပြီး သူမကို မတားပေ။

ချိန်းထားသောနေရာသို့ ရောက်သောအခါ တခြားသူငယ်ချင်းများ အားလုံး ရှိနေကြသည်။

သီးသန့်ခန်းထဲကို ဝင်လိုက်သည်နှင့် တပြိုင်နက် ယွီမီရှီကပြောလိုက်သည် "အားလုံးပဲ၊ ငါ နင်းနင်း နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခုကို သိလိုက်ရတယ်။ နင်တို့ရော သိချင်ကြလား?"

"ဘာကြီးလဲ ငါတို့ကိုပြောပြ” အခြားသူများကလည်း သိချင်သောကြောင့် ယွီမီရှီအား ပြောပြရန် တိုက်တွန်းသည်။

“နင်းနင်းက…” ယွီမီရှီ က ထိုသို့ပြောပြီး သူတို့ ထိုအကြောင်းကို ပိုသိချင်လာအောင် တမင်တကာ ရပ်တန့်လိုက်သည်။

"ပြောလေ..."

"အခု ငါတို့ကိုပြောတော့..."

“…”

ယွီမီရှီ ကျေနပ်သွားပြီး ပြောလိုက်သည်။ "နင်းနင်းက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း ရဲ့ပိုင်ရှင်ပဲ။" ဟု ပြောလိုက်သည်။

"ဘာ.."

"တကယ်လား..."

"ဘော့စ်က ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း ပိုင်ရှင်လား?"

လူတိုင်း တုန်လှုပ်သွားကြသည်။

ကုနင်းသည် အလွန်ထူးချွန်ပြီး သူမတွင် သူတို့မသိသေးသော အခြားကုမ္ပဏီများစွာရှိကြောင်း သူတို့သိထားသော်လည်း ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကိုလည်း သူမပိုင်ဆိုင်ကြောင်း ကြားသိရသောအခါ အံ့သြနေကြဆဲဖြစ်သည်။

သူတို့သည် ကုနင်း၏ ကုမ္ပဏီများနှင့် မရင်းနှီးဘူးဆိုလျှင် ထိုသို့ အံ့သြမည် မဟုတ်ပေ။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းတွင် ပိုင်ရှင်အသစ်ပြောင်းခဲ့မှာ လျှို့ဝှက်ချက်မဟုတ်သော်လည်း ကုနင်းက ၎င်းကိုဝယ်လိုက်တဲ့သူဖြစ်သည့်အတွက် အလွန်အံ့သြသွားကြသည်။

အန်းယိ၏ဖခင်သည် ယခု ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း လုပ်ငန်း၏အမှုဆောင် ဒါရိုက်တာဖြစ်သည်။

ယွီမီရှီသည် သူတို့၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများကို မြင်ပြီး.. ရယ်မောလိုက်သည်။

"ဘော့စ် ဒါအမှန်လား?" ဟောင်ရန်က ကုနင်းကိုမေးသည်။

"ဟုတ်တယ်၊ အဲဒါ အမှန်ပဲ။"

"ဘာလို့ မပြောခဲ့တာလဲ?" ချူးဖေ့ဟန်က စောဒကတက်သည်။

"ငါတို့က ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနဲ့ ရင်းနှီးမှန်းသိရဲ့သားနဲ့..." စုအန်းယာက ပြောသည်။

“…”

ကုနင်းကို စတင်ဝေဖန်နေကြသော်လည်း ကုနင်း စိတ်မဆိုးပေ။

"ကောင်းပြီ၊ အဲဒါ ငါ့အမှားဆိုတာ ငါသိတယ်၊ ဒါကြောင့် ဒီည ငါ ငွေရှင်းမယ်။"

ပုံမှန်အားဖြင့် သူတို့သည် တစ်စုံတစ်ယောက်က အရေးကြီးသည့်ပွဲတစ်ခုခုကြောင့် ရှင်းတာမဟုတ်လျှင် ဘေလ်ကို မျှရှင်းကြသည်။ ဥပမာအားဖြင့်၊ အခြားသူများသည် ကုနင်း ၏အပြုအမူကို မကျေနပ်သောကြောင့် ကုနင်း ရှင်းရန် လိုအပ်သည်။

"ဟုတ်တယ် နင်လုပ်သင့်တယ်။"

"နင် ငါတို့ဆီက လျှို့ဝှက်ထားလို့မရဘူး"

“…”

သူတို့သည် ရင်းနှီးသောသူငယ်ချင်းတွေဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် အရမ်းယဉ်ကျေးနေဖို့ မလိုအပ်ပေ။

စင်စစ် ဘယ်သူမှ အန်းယိ ထက် ပို၍ ထိတ်လန့်မနေပေ။ ကုနင်း က ဝန်ခံလိုက်သောအခါ သူသည် သူ၏နားကိုပင် မယုံနိုင်ခဲ့ပေ။ ထိုသို့ဆိုလျှင် ကုနင်းသည် သူမသိလိုက်ပဲ ကျေးဇူးတင်စရာကောင်းသောကိစ္စတစ်ခုကို သူ့အတွက်လုပ်ပေးခဲ့သည်။

ကုနင်းသည် အန်းယိ၏ အမူအရာနှင့် တုံ့ပြန်မှုကို သတိပြုမိသည်။

"အန်းယိ .. ဒီအချိန်ထိ မင်းကို လျှို့ဝှက်ထားလို့ ငါ့ကို အပြစ်တင်နေတာလား?" ကုနင်းက အန်းယိကို မေးသည်။

တကယ်တော့ ကုနင်းသည် သူ၏အဖေဆီက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကို ဝယ်ယူကာ အန်းယိ၏ မိသားစုကို ကယ်တင်ခဲ့သည့်အတွက် သူမကို ကျေးဇူးတင်သင့်သည်။

All Chapters