အခန်း (၁၄၄၁-၁၄၄၆)
Vol. 92 Ch. 1441-1446
အပိုင်း ၁၄၄၁ မင်းမှာ လိမ္မာတဲ့သမီးလေးရှိတာပဲ...
သို့သော်လည်း အချို့သော အလှပြင်ဆိုင်များသည် ခိုကျီအစား သူတို့ အနှစ်သက်ဆုံး အသားအရေထိန်းသိမ်းမှု ထုတ်ကုန်များကို အသုံးပြုနေဆဲဖြစ်သည်။ အသားအရေထိန်းသိမ်းမှုထုတ်ကုန် အမှတ်တံဆိပ်များစွာ၏ရောင်းအားသည် ခိုကျီကြောင့်ထိခိုက်ခဲ့သော်လည်း သူတို့တွင် သစ္စာရှိဖောက်သည်များစွာရှိနေဆဲဖြစ်သည်။
Kameiအလှပြင်ဆိုင်သည် လူကြိုက်များမြဲများနေပြီး အသင်းဝင်သူများ များပြားလာသော်လည်း အချို့သောဖောက်သည်များအနေနှင့် ကြိုတင်မှာယူရန် အချိန်အကြာကြီးစောင့်ဆိုင်းရသော အားနည်းချက်ရှိသည်။ ထို့ကြောင့်၊ တချို့သည် Kameiအလှပြင်ဆိုင်ကို စွန့်လွှတ်ပြီး အခြားသော အလှပြင်ဆိုင်တွင် အသင်းဝင်ဖြစ်သွားနိုင်သည်။
"မင်္ဂလာနေ့လည်ခင်းပါ ဥက္ကဌကုနဲ့ မစ္စကု။"
ကုမန့်နှင့် ကုနင်းတို့ အထဲကို ဝင်လာသည်နှင့် ဧည့်ကြို ကောင်တာမှ ဝန်ထမ်းများက သူတို့ကို နှုတ်ဆက်သည်။
Kameiအလှပြင်ဆိုင်သည် ကုမ္ပဏီတစ်ခုအဖြစ် မှတ်ပုံတင်ထားသောကြောင့် ဝန်ထမ်းများက ကုမန့်ကို သူဌေးဟု မခေါ်ဆိုဘဲ ဥက္ကဌကုဟု ခေါ်ခြင်းဖြစ်သည်။ သို့သော်လည်း Kameiအလှပြင်ဆိုင်၏ ရုံးခန်း အဆောက်အအုံကို ဆောက်လုပ်နေဆဲဖြစ်သောကြောင့် တရားဝင် မဖွင့်လှစ်ရသေးပေ။
ကုမန့်သည် အမှီအခိုကင်းချင်သော်လည်း ထန်ယွင်ဖန်းသည် သူမကို ကိုယ်ဝန်ဆောင်စဉ်အတွင်း အလုပ်အလွန်အကျွံမလုပ်စေချင်သောကြောင့် သူသည် သူမအတွက် အရာများစွာလုပ်ဆောင်ခဲ့သည်။
ကုမန့်၏ကုမ္ပဏီ ဆောက်လုပ်ရေးနှင့် ဝန်ထမ်းခန့်အပ်ရေးကို ထန်ယွင်ဖန်း၏လူများက တာဝန်ယူကိုင်တွယ်ခဲ့သည်။ ထို့အပြင် Kameiအလှပြင်ဆိုင်သည် မန်နေဂျာတင်းနှင့် ထန်ယွင်ဖန်း၏လူများ တာဝန်ယူသည့် အခြားမြို့ကြီးများတွင်လည်း ဆိုင်ခများဖွင့်လှစ်ခဲ့သည်။
မန်နေဂျာတင်းအနေနှင့် ဤကဲ့သို့သော အရေးကြီး ပရောဂျက်တစ်ခုကို တစ်ယောက်တည်း ကိုင်တွယ်ရန် မလွယ်ကူသောကြောင့် သူမအတွက် အကူ လိုအပ်သည်။
ယခုအချိန်တွင် မန်နေဂျာတင်းသည် ကုမန့်၏ ကုမ္ပဏီတွင် အကျွမ်းကျင်ဆုံး အကြီးတန်း ဝန်ထမ်းဖြစ်သည်။ ထို့ကြောင့် မန်နေဂျာတင်းသာ ကုမန့်ကို သစ္စာစောင့်သိသရွေ့ သူမသည် ကုမ္ပဏီ၏ လစာမြင့်သည့် အရေးကြီး ရာထူးတစ်ခုတွင် ခန့်အပ်ခံရမည်ဖြစ်သည်။
စင်စစ် Kameiအလှပြင်ဆိုင်ကို ကုမန့် တာဝန်ယူပြီးကတည်းက မန်နေဂျာတင်း၏ လစာကို အဆပေါင်းများစွာ မြှင့်ထားပြီးဖြစ်သည်။
"ဒီရက်ပိုင်း အလုပ်က ဘယ်လိုလဲ။" ကုမန့်က မေးလိုက်သည်။
ထိုအခါ ဝန်ထမ်းကလည်း ၊ “အရမ်းကောင်းတယ်။” ဟု ပြန်ဖြေလာသည်။
ထိုအချိန်တွင် ချမ်းသာသော အမျိုးသမီးတစ်ဦး ဝင်လာပြီး ကုမန့်ကို တွေ့လိုက်ရသည်။ သူမ၏မျက်နှာသည် ချက်ချင်းတောက်ပလာပြီး ကုမန့်ကို နှုတ်ဆက်လိုက်တယ်။ "အို၊ မင်္ဂလာပါ၊ ထန်ကတော် မတွေ့တာကြာပြီ..."
"အိုး၊ မစ္စဖန်း မတွေ့ရတာကြာပြီ...အခုတလော နေကောင်းလား။" ကုမန့် သူ့ကို ပြုံးပြလိုက်သည်။
"ကောင်းပါတယ်။ ရှင်ရော၊"
“မေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မလည်း နေကောင်းပါတယ်။"
“ကြားရတာ ဝမ်းသာပါတယ်။” မစ္စဖန်းသည် ဝမ်းသာသွားပြီး၊ သူမ၏အကြည့်သည် ကုနင်းပေါ်သို့ ကျရောက်သွားသည်။ "ဒါ ရှင့်ရဲ့ သမီးလား။"
မစ္စဖန်းသည် ကုမန့်ကိုသိသော်လည်း ကုနင်းကိုမမြင်ဖူးဘဲ ကုမန့်ထံမှသာ ကုနင်း အကြောင်းအနည်းငယ် ကြားဖူးသည်။
"ဟုတ်တယ် ဒါ ကျွန်မသမီး ကုနင်း။"
“တွေ့ရတာဝမ်းသာပါတယ် မစ္စဖန်း။”
"တွေ့ရတာဝမ်းသာပါတယ် မစ္စကု။ ဒီနှစ် စာမေးပွဲ ရလဒ် ဘယ်လိုလဲ။ ဘယ်တက္ကသိုလ်ကို လျှောက်ထားခဲ့တာလဲ။”
"ဒီနှစ် ကျွန်မ ရမှတ်အပြည့်ရပြီးတော့ မြို့တော်တက္ကသိုလ်ကို ဝင်ခွင့်ရပြီးပါပြီ။" ကုနင်းက အေးဆေးတည်ငြိမ်စွာပင် ပြန်ဖြေခဲ့သည်။
"ဟမ်...ရမှတ်အပြည့်လား။ မင်းက အမှတ်အများဆုံးသူဖြစ်ရမယ်။” မစ္စဖန်း အံ့သြသွားသည်။ ကုနင်းသည် ရမှတ်အပြည့်ရသောကြောင့်၊ ကျော်ကြားသော တက္ကသိုလ်များစွာက သူမကိုပြိုင်လုကြမည်မှာ သေချာသည်။
ထိုအချိန်တွင် ချမ်းသာသောအမျိုးသမီး အများအပြားသည် လမ်းလျှောက်လာရင်း မစ္စဖန်း၏ ထိတ်လန့်တုန်လှုပ်ဖွယ် အာမေဋိတ်ကို ကြားလိုက်ရသည်။ သူတို့ လှည့်ကြည့်လိုက်တော့ ကုမန့် ကိုမြင်ပြီး လှမ်းနှုတ်ဆက်လိုက်သည်။
ကုမန့် ကိုယ်ဝန်မဆောင်ခင်က အလှပြင်ဆိုင်ကို နေ့တိုင်းနီးပါး လာသည့်အတွက် ဖောက်သည်အများစုနဲ့ ရင်းနှီးသည်။
ကုမန့်ကို နှုတ်ဆက်ပြီးနောက် ထိုသူဌေးမများသည် မစ္စဖန်းကို ဘာကြောင့် ဒီလောက်ထိ တုန်လှုပ်သွားရတာလဲဟု မေးသည်။ ထို့နောက် မစ္စဖန်းက သူတို့အား အံ့အားသင့်စေသည့် သတင်းကို ပြောပြသည်။
"ဝိုး၊ ထန်ကတော်၊ မင်းမှာ သမီးလိမ္မာလေးတစ်ယောက် ရှိတာပဲ။"
"ဒါမျိုးအမှတ်ပြည့် အရင်က ဘယ်သူမှ မရဖူးဘူး။"
"အင်း.. ကျွန်မသားသမီးတွေကိုလည်း မင်းရဲ့သမီးရဲ့ တစ်ဝက်လောက်တော့ ထူးချွန်ပါစေလို့ ငါဆုတောင်းတယ်။"
“…”
ကုနင်း၏ အခြားအောင်မြင်မှုများအကြောင်း သူတို့မသိရသေးခင်မှာပင် သူမသည် သူတို့အတွက် မယုံနိုင်စရာဖြစ်နေသည်။
…
ကုနင်းနှင့် ကုမန့်တို့သည် ၁၀ မိနစ်ခန့်နေပြီးနောက် Kameiအလှပြင်ဆိုင်မှ ထွက်ခွာသွားကြသည်။ ကုမန့်သည် ကုနင်း ၏ မှော်စွမ်းအားအကာအကွယ်ရှိသော်လည်း သူမသည် လူနေထူထပ်သောနေရာတွင် အကြာကြီးနေလျှင် သူမ၏ခန္ဓာကိုယ်အတွက် ကောင်းမွန်မည်မဟုတ်ပေ။
သူတို့သည် ညနေ ၄း၃၀ တွင် အိမ်ပြန်ကြသည်။ ကုမန့် သည် ညစာမစားခင် သူမ၏အခန်းပြန်ပြီး အနားယူဖို့ သွားသည်။
ထိုအချိန်တွင်၊ ချိုးယွီရှင်းသည် ကုနင်းကိုဖုန်းဆက်ပြီး သူမအား ယနေ့ည အားလျှင် ချောင်ဝမ်ရှင်းနှင့် သုံးယောက်အတူ ထမင်းစားမလားဟု မေးသည်။
ချိုးယွီရှင်းနှင့် ချောင်ဝမ်ရှင်းတို့သည် အရင်က သိပ်မရင်းနှီးခဲ့ကြသော်လည်း သူတို့၏ ကောင်လေးတွေကြောင့် ရင်းနှီးလာခဲ့ကြခြင်းဖြစ်သည်။ သူတို့၏ ကောင်လေးတွေသည် ညီအစ်ကိုရင်းချာတွေမို့ အတူတူစုဝေးဖို့ အခွင့်အရေးတွေ အများကြီးရခဲ့သည်။
ကံမကောင်းစွာ ကုနင်းသည် သူမ၏မိသားစုနှင့် အချိန်ပိုဖြုန်းချင်တာကြောင့် နောက်တစ်ကြိမ်မှတွေ့ဖို့ပြောခဲ့သည်။
ချိုးယွီရှင်းလည်း မငြင်းပေ၊ အဘယ်ကြောင့်ဆိုသော် ချောင်ဝမ်ရှင်းသည် ကုနင်း၏မိခင်မှာ ကိုယ်ဝန်ရှိနေပြီဟု သူမအား ပြောပြထားသောကြောင့်ဖြစ်သည်။ ကုနင်းသည် သူမ၏အမေအနားမှာ ရှိနေဖို့ လိုသည်။
ချိုးယွီရှင်းသည် သူမစိတ်ကိုနားလည်သောကြောင့် စိတ်မပျက်မိပေ။
***
အပိုင်း ၁၄၄၂ ကုဖန်း
ည ၁၀ နာရီတွင် လင်ရှောင်းထင်သည် ကုနင်းကိုဖုန်းဆက်ပြီး မနေ့ညက သူကြုံတွေ့ခဲ့ရတာတွေကို ပြောပြသည်။
သူသည် နတ်ဆိုးကျင့်ကြံရေးက လူကို အဘယ်ကြောင့် ရုတ်တရက် အနိုင်ယူလိုက်နိုင်သည်ကို မသိသလို သူ၏ အင်အားကို သူ မထိန်းချုပ်နိုင်တော့မည်ကို ကြောက်ရွံ့ခဲ့သည်။ ဒါဟာ အရမ်းအရေးကြီးသည့်ကိစ္စဖြစ်၍ ကုနင်းကို စိတ်ပူစေမည်ဆိုလျှင်ပင် သူမနှင့် စကားပြောရမည်။
လင်ရှောင်းထင်သည် ထိုယောက်ျားကြောင့် ဒဏ်ရာရသွားသည်ကို သူမကြားလိုက်ရသောအခါ ကုနင်း တကယ်ပင် စိတ်ပူသွားသည်။ ထို့အပြင်၊ လင်ရှောင်းထင်သည် ညလင်းပုလဲ၏ မှော်စွမ်းအင်ကို သူ့ဘာသာသူ စုပ်ယူနိုင်သည်ကို သိလိုက်ရသဖြင့် သူမ အလွန်အံ့သြသွားသည်။
“အင်း၊ ရိုးရိုးသားသားပြောရရင် အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မ မသိပေမယ့် အဲဒါက ရှင့်ရဲ့ ခန္ဓာကိုယ်အပေါ် ဆိုးရွားတဲ့ သက်ရောက်မှု မရှိပါဘူး။ ရှင့်လက်ထဲမှာ ညလင်းပုလဲတစ်လုံးရှိနေပြီမို့ ရှင်ဘေးကင်းလိမ့်မယ်။ ပြတိုက်ကို ပြန်မပို့နဲ့တော့။” ကုနင်းက လေးနက်သော လေသံဖြင့် ပြောသည်။
လင်ရှောင်းထင်သည် သူနှင့်အတူ ညလင်းပုလဲတစ်လုံးရှိနေသရွေ့ သူအဆင်ပြေမည်ဟု သူမယုံကြည်သည်။
“ဟုတ်ပါပြီ။”
ဒီညလင်းပုလဲကို ထိန်းသိမ်းထားဖို့က သူ့အတွက် မခက်ခဲပေ။ ပြတိုက်ကိုလည်း ငွေပမာဏတစ်ခု ပေးချေနိုင်သည်။
နောက်ပိုင်းတွင် သူတို့သည် ထိုခေါင်းစဉ်ကို ချန်ထားခဲ့ကာ အချင်းချင်း ခဏတာ စကားပြောဆိုကြသည်။
ဖုန်းချလိုက်ပြီးနောက်၊ ကုနင်းသည် သူမကို ပြောခဲ့တာတွေကို ဆက်တွေးနေခဲ့သည်။
လင်ရှောင်းထင်သည် နတ်ဆိုးကျင့်ကြံရေးကလူကို အနိုင်ယူရန် သူ၏ခန္ဓာကိုယ်က ခွန်အားကို အသုံးချနိုင်ခဲ့လျှင်၊ သူသည် သေမျိုးမဖြစ်နိုင်တော့ပေ။ ထို့ကြောင့်၊ ကုနင်း၏ စိတ်ထဲတွင် ပထမဆုံးပေါ်လာသော အတွေးမှာ လင်ရှောင်းထင်သည် ကျင့်ကြံသူများနှင့် ပတ်သက်မှုရှိနိုင်သည်ဟူ၍ပင်။
ထို့အပြင်၊ လင်ရှောင်းထင်သည် သူမပေးသော စွမ်းအင်သလင်းကျောက်များစွာကို သောက်ပြီး နောက်ပိုင်း သူ၏ ခန္ဓာကိုယ် ပြောင်းလဲသွားခြင်းလည်း ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် သုတေသနတစ်ခုလုပ်ဖို့ လိုသည်။ ကုနင်း ဒီည အိပ်မပျော်နိုင်တော့ပေ။
…
ညလင်းပုလဲကြောင့် လင်ရှောင်းထင်၏ခန္ဓာကိုယ်သည် နေမကောင်းတော့ပေ။ တစ်ချိန်တည်းမှာပင်၊ သူ၏ခန္ဓာကိုယ်သည် ညလင်းပုလဲ၏ မှော်စွမ်းအင်ကို ဖြည်းညှင်းစွာ စုပ်ယူနေဆဲဖြစ်သည်။
ဤမြင်ကွင်းကို ကျင့်ကြံသူ တစ်ယောက်ယောက်သာ မြင်လျှင် လင်ရှောင်းထင်၏ ခန္ဓာကိုယ်အတွင်း မှော်စွမ်းအားများ ပျံ့နှံ့နေသည်မှာ ကျင့်ကြံသူတစ်ယောက် ကျင့်ကြံနေသကဲ့သို့ဖြစ်သည်ကို တွေ့ပြီး အံ့သြသွားနိုင်သည်။
တစ်နည်းဆိုရသော် လင်ရှောင်းထင်သည် ကျင့်ကြံစရာမလိုပဲ၊ မှော်စွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲတွင် သူ့ဘာသာသူ ပျံ့နှံ့သွားနိုင်သည်။
ကုနင်းသာ ဒါကိုသိလျှင် စိတ်ပူနေလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် လင်ရှောင်းထင်သည် ကျင့်ကြံနေသည့်အခြေအနေတွင်ရှိနေလို့ပင်။
…
ကုနင်းသည် မနေ့ညက လုံးဝအိပ်မပျော်ခဲ့သော်လည်း နောက်နေ့မနက် အိပ်ရာထချိန်တွင် အားအင်တွေပြည့်နေသည်။ သူမ၏ မှော်စွမ်းအား၏အကူအညီဖြင့် သူမသည် အိပ်မပျော်လျှင်ပင် တက်ကြွနေနိုင်သည်။
နံနက် ၁၀ နာရီတွင် ကုနင်းသည် ကောဝေ့ချောင်ထံမှ ဖုန်းလက်ခံရရှိပြီး ဖန်းရှင်းဟောက်၏ ဒီဇိုင်းများကို နှစ်သက်ကြောင်း ကြားသိရသည်။
ကုနင်း Bမြို့ သို့ပြန်သွားပြီး နောက်တစ်နေ့တွင် ဖန်းရှင်းဟောက်နှင့် ဖန်းရှောင်မန်တို့ ရောက်လာခဲ့သည်။ ဖန်းရှင်းဟောက်သည် ကုနင်း၏ အထည်ချုပ်ကုမ္ပဏီတွင် အလုပ်ဝင်ရန် ငှားရမ်းခံခဲ့ရပြီး ဖန်းရှောင်မန်သည် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှု မရှိသော်လည်း သူမသည် အရောင်းသမားကောင်းတစ်ဦးဖြစ်သောကြောင့် အရောင်းဌာနတွင် အလုပ်ဝင်ခဲ့သည်။
ကုနင်း၏ ကုမ္ပဏီများတွင် ဝန်ထမ်းတိုင်းနီးပါး လစာကောင်းကောင်းရသောကြောင့် သူမသည် အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်မည်ဟု ဖန်းရှောင်မန်က ယုံကြည်နေသည်။
ထို့နောက် ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်တို့သည် သူမအား ကျေးဇူးတင်စကား ပြောကြားရန် ကုနင်းကို ဖုန်းခေါ်သည်။ သူတို့တွင် ပိုက်ဆံအနည်းငယ်ရှိပေမဲ့ Bမြို့ မှာ အိမ်တစ်လုံးဝယ်ရန် မလုံလောက်သေးပေ။
ဖန်းရှင်းဟောက်သည် သူ၏အလုပ်အတွက် ဆိတ်ငြိမ်သောနေရာတစ်ခု လိုအပ်သောကြောင့် သူ၏အစ်မနှင့်အတူ တိုက်ခန်းငှားရန် ဆုံးဖြတ်ခဲ့သည်။ သူတို့သည် အိမ်ငှားစရိတ် ယွမ်နှစ်ထောင်ရနိုင်သောကြောင့် ကုမ္ပဏီအနီးရှိ တိုက်ခန်းကောင်းတစ်ခန်းကို ငှားရန် နောက်ထပ် ယွမ်တစ်ထောင်သာ ပေးရသည်။
Bမြို့သည် နိုင်ငံတကာမြို့ဖြစ်သောကြောင့် ငှားရမ်းခမှာ အလွန်ဈေးကြီးသည်။ ကံကောင်းစွာ သူတို့သည် အိမ်လခ တတ်နိုင်သည်။
ဖန်းရှင်းဟောက်အကြောင်း ကုနင်းကို အသိပေးခြင်းအပြင် ကောဝေ့ချောင်သည် သူတို့၏ အဝတ်အစားအမှတ်တံဆိပ် ကုဖန်းကို ဖြန့်ချိတော့မည် ဖြစ်ပြီး ၎င်း၏ တိုက်ရိုက်စတိုးဆိုင်ကြီးသည် တစ်လခွဲအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ကုနင်း အား ပြောသည်။
ကုနင်း၏ အဝတ်အစားအမှတ်တံဆိပ်၏အမည်မှာ ကုဖန်းဖြစ်ပြီး ကုမ္ပဏီသည်လည်း ထို့အတူပင်။ ကုဖန်းသည် အမျိုးသား၊ အမျိုးသမီးအဝတ်အစား၊ ဖိနပ်၊ အိတ်များ နှင့် Charm ဂါဝန်များကို ထုတ်လုပ်သည်။
ကုဖန်း၏ တိုက်ရိုက်စတိုးဆိုင်ကြီးသည် အလွန်ကြီးမားပြီး စတုရန်းမီတာလေးရာခန့် ကျယ်ဝန်းသည်။
ပေါ့ပေါ့ပါးပါးအ၀တ်အစားများအပြင် Charm ဂါဝန်များနှင့်အတူ ပွဲတက်ဂါဝန်များလည်း ရှိသည်။
***
အပိုင်း ၁၄၄၃ ထန်ချင်းယန် နှင့် ညစာစားခြင်း
ကောဝေ့ချောင်သည် ဤအရာအားလုံးကို တာဝန်ယူရသောကြောင့် ကုနင်းအား ၎င်းတို့၏တိုးတက်မှုများကို အစီရင်ခံရန် လိုအပ်သည်။
ကုဖန်းကို မြှင့်တင်ရာတွင်၊ ကုနင်း၏ လွှမ်းမိုးမှုကို အပြည့်အဝ အသုံးချသွားမည်ဖြစ်သည်။ ၎င်းသည် ကုနင်း၏ ကုမ္ပဏီပင်။ ကုနင်းတွင် သူတို့၏ အနာဂတ် ဖောက်သည်များ ဖြစ်လာနိုင်သည့် သစ္စာရှိ ပရိသတ်များစွာရှိသည်။
လူတိုင်း ကုဖန်းကို ကြိုက်ကြမယ်ဆိုတာ မသေချာသော်လည်း ၎င်း၏ အရည်အသွေးမြင့်ပြီး ဆွဲဆောင်မှုရှိသည့် ဒီဇိုင်းတွေကြောင့် လူကြိုက်များလာနိုင်သည်ဟု ယုံကြည်ကြသည်။
ကုဖန်းသည် အဆင့်မြင့်ဘရန်းတစ်ခုအဖြစ်သတ်မှတ်ထားသော်လည်း အစပိုင်းတွင်ရောင်းအားနှင့်ကျော်ကြားမှုလိုအပ်သည်။ ထို့ကြောင့် ကုဖန်း၏အဝတ်အစားများအတွက် အလွန်မြင့်မားသောစျေးနှုန်းများ မသတ်မှတ်ထားပေ။
တိုက်ရိုက်စတိုးဆိုင်ကြီးမဖွင့်ခင် ကုနင်းသည် သူမ ရုပ်လုံးထွက်ပြရမည့် ထုတ်လုပ်မှုကွန်ဖရင့်တစ်ခုကျင်းပဖို့ လိုသည်။
ကုနင်းသည် ကုဖန်း၏တရားဝင်ဝဘ်ဆိုဒ်နှင့် Weibo အကောင့်ဖွင့်ပြီးသောအခါ သူမကို မက်ဆေ့ချ်ပို့ရန် ကောဝေ့ချောင်ကို ပြောသည်။ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနှင့် ခိုကျီတို့သည် ယခုအချိန်တွင် အလွန်ကျော်ကြားသော အမှတ်တံဆိပ်များဖြစ်သောကြောင့် ၎င်းထုတ်ကုန်များကို ဖွင့်ပွဲအခမ်းအနားတွင် တက်ကြွလှုပ်ရှားမှုများအတွက် ဆုများအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။
ကောဝေ့ချောင်ကလည်း သဘောတူသည်။ ကုဖန်းကို ပိုမိုအာရုံစိုက်လာစေရန် ကူညီပေးနိုင်သည့် Jade Beautyလက်ဝတ်ရတနာနှင့် ခိုကျီတို့မှာ ရေပန်းစားသောကြောင့် သူသည် အရင်ထဲက ထိုအကြံရှိခဲ့သည်။ သို့သော်၊ Jade Beauty လက်ဝတ်ရတနာနှင့် ခိုကျီသည် အလွန်စျေးကြီးသောကြောင့် ကုနင်း၏ခွင့်ပြုချက်လိုအပ်သည်။
ယခု ကုနင်း ကိုယ်တိုင် အဆိုပြုလိုက်သည်နှင့် ချက်ချင်း သဘောတူလိုက်သည်။
ဆုအရေအတွက်မှာ ကန့်သတ်ထားပြီး စတိုးဆိုင်တွင် ယွမ်တစ်ထောင်ကျော်သုံးစွဲထားသူများသာ ကံစမ်းမဲတွင် ပါဝင်နိုင်မည်ဖြစ်သည်။ ဆုရရန်မှာတော့ ကံကြမ္မာပေါ်တွင်သာ လုံးဝမူတည်ပါသည်။
…
နေ့လည် ၁ နာရီတွင် ကုနင်း လေဆိပ်သို့သွားခဲ့သည်။ နေ့လည် ၂ နာရီ ၅၀ တွင် မြို့တော်သို့ လေယာဉ်နှင့် ပြန်မည်။
ထန်ဟိုင်ဖုန်းနှင့် ကုမန့်တို့သည် ကုနင်း ထွက်သွားသည်ကို မမြင်ချင်သော်လည်း သူမ၏ ကိုယ်ပိုင်လုပ်ငန်းကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း သူတို့နားလည်သည်။ ကုနင်းသည် သူမ၏ ရွယ်တူချင်းများကြားတွင် ထူးချွန်လွန်းပြီး သူမ ရင်ဆိုင်ရမည့်အရာများစွာရှိသည်။
သူတို့သည် ကုနင်းအတွက် ဂုဏ်ယူသော်လည်း သူမ၏ ကျန်းမာရေးကိုလည်း စိတ်ပူသည်။ သူမသည် အလွန်ငယ်သေးသော်လည်း နေ့တိုင်းနီးပါး အလုပ်လုပ်သည်။
ကုနင်း မသွားခင်တွင် ကုမန့်ကို စွမ်းအင်သလင်းကျောက် ၁၀ ပုလင်း ပေးခဲ့သည်။ ကုမန့်ကို စိတ်မသက်မသာ ခံစားရသည်နှင့် ဆေးတစ်လုံးသောက်ရန်မှာကြားခဲ့သည်။
လေဆိပ်သို့ရောက်သောအခါ ကုနင်းသည် ကောင်းယိကိုဖုန်းဆက်ပြီး သူမကို မြို့တော်ရောက်လျှင် လာကြိုရန်ပြင်ထားခိုင်းသည်။
ကုနင်း မြို့တော်လေဆိပ်ကို ရောက်သောအခါတွင် ကောင်းယိ နှင့် ချောင်ယသည် သူမကို စောင့်နေကြပြီ။ ညစာစားချိန်ရောက်ပြီမို့ သူတို့ အတူတူထမင်းစားကြသည်။
ကုနင်းသည် ထန်ချင်းယန်ကို သတိရပြီး ထမင်းစားရန် ဖိတ်ခေါ်လိုက်သည်၊ အကြောင်းမှာ ထန်ယရှင်းနှင့် ချီကျီယွဲ့၏ မင်္ဂလာပွဲသည် သဘက်ခါဖြစ်ပြီး သူနှင့် စကားပြောရန် လိုအပ်သောကြောင့် ဖြစ်သည်။
ကုနင်းသည် သူ့ကို ပြောရန် အရေးကြီးကိစ္စတစ်ခုရှိသည်ဟုပြော၍ ထန်ချင်းယန် ချက်ချင်းသဘောတူလိုက်သည်။
သူသည် တောင်ပိုင်းခရိုင်တွင်ရှိနေသောကြောင့် ကုနင်းသည် ဟွမ်းဒင်ဟိုတယ်တွင် သီးသန့်အခန်းကို ကြိုတင်မှာယူထားလိုက်သည်။ သို့သော်လည်း မြို့တော်သည် အလွန်ကြီးမားသောကြောင့် တောင်ပိုင်းခရိုင်သို့ ရောက်ရန် အချိန်အနည်းငယ်ကြာခဲ့သည်။
ကုနင်း ထန်ချင်းယန်ကိုဖုန်းဆက်ပြီးနောက် ချောင်ယက ၊ "ဘော့စ်၊ ပြောစရာသတင်းတစ်ခုရှိတယ်။ ဒီလူက ထန်ပင်းစန်ရဲ့ ဘေးမှာ ပုံမှန်အတိုင်း နေတယ်။ မဟုတ်ရင် အိမ်မှာဘဲဖြစ်ဖြစ် ပါဝါကျန်းမာရေးကလပ်မှာပဲဖြစ်ဖြစ် ရှိနေတတ်တယ်။ သူက ပါဝါကျန်းမာရေးကလပ် မန်နေဂျာနဲ့ မကြာခဏ သီးသန့်စကားပြောလေ့ရှိတယ်၊ ဒါကြောင့် ကြည့်ရတာ ကလပ်က သတင်းဖလှယ်ရာနေရာဖြစ်နိုင်တယ် ထင်တယ်။ ငါ့အထင် ပါဝါကျန်းမာရေးကလပ်က ထန်ပင်းစန် နာမည်နဲ့တော့ မဟုတ်လောက်ဘူး။"
ကုနင်းသည် ကောင်းယိ နဲ့ ချောင်ယတို့ကို စုံစမ်းစစ်ဆေးဖို့အတွက် မြို့တော်မှာနေခဲ့ ခိုင်းခဲ့သည်။ သူမသည် ထန်ပင်းစန်၏နောက်ကွယ်မှတရားမ၀င်အင်အားများအကြောင်း သိချင်ခဲ့သည်။ ထန်ပင်းစန်ကို ထိုင်ခုံမှ ဖြုတ်ချချင်လျှင် တရားမဝင်တပ်ဖွဲ့ကို အရင် ကိုင်တွယ်ရမှာ ဖြစ်ပြီး ချနိထားလျှင် အခက်အခဲ အများကြီး ရင်ဆိုင်ရလိမ့်မည်။
"ကောင်းပြီ၊ ငါနားလည်ပါတယ်။"
ထန်ချင်းယန်သည် ကုနင်း၏ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိပြီး မိနစ် ၂၀ ခန့်အကြာတွင် ဟွမ်းဒင်ဟိုတယ်သို့ ပါးထျန်းယန်နှင့်အတူရောက်လာသည်။ သူ့ကို ဘယ်သူမှထပ်ပြီးတိုက်ခိုက်ခြင်းမရှိတော့သော်လည်း၊ လူအချို့ကသူ့ကိုနောက်ယောင်ခံလိုက်နေသည်ဟုခံစားရသေးသည်။
ကုနင်းသည် ထန်ချင်းယန်ကို မက်ဆေ့ခ်ျပို့ပြီး သူမကြိုတင်မှာထားသည့် သီးသန့်အခန်းနံပါတ်ကို ပြောပြသည်။
ထန်ချင်းယန် ဟိုတယ်တံခါးဝသို့ရောက်သောအခါ ထန်ပင်းစန်နှင့် ထန်ပင်းစန်၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များဖြစ်သော အခြားလူများစွာနှင့် တိုးသည်။
ထန်ပင်းစန်ကိုမြင်သောအခါ ထန်ချင်းယန် အံ့အားသင့်သွားသော်လည်း မကြာမီ သူ့အပေါ်ထားသည့် သူ၏မုန်းတီးမှုကို ဖုံးကွယ်ထားလိုက်သည်။
***
အပိုင်း ၁၄၄၄ ရန်သူ
ထန်ချင်းယန်ကိုမြင်သောအခါ ထန်ပင်းစန်၏မျက်လုံးများတွင် မနှစ်သက်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ချက်ချင်းနီးပါး ပျောက်ကွယ်သွားသော်လည်း ထန်ချင်းယန်က ရိပ်မိလိုက်သေးသည်။ သို့သော်လည်း သူ လုံးဝစိတ်မ၀င်စားပေ။ သူတို့သည် ရန်သူများဖြစ်၍ အချင်းချင်း အလွန်မုန်းတီးကြသည်မှာ သဘာဝပင်။
သူသည် ထန်ပင်းစန်က သူ့ကို ပြိုင်ဖက်တစ်ဦးအဖြစ် မှတ်ယူထားပြီးသားမှန်း သိသော်လည်း ထန်ပင်းစန်က သူ့ကို ရှုံးလိမ့်မည်ဟု ထင်နေသည်။
စင်စစ် ထန်ချင်းယန်သည် ထန်ပင်းစန်က သူ၏ဖခင်ကိုသေဆုံးစေခဲ့ကြောင်းကို သိရှိခဲ့သော်လည်း ထန်ပင်းစန်သည် ၎င်းကို လျှို့ဝှက်ချက်ဟု ထင်နေဆဲပင်။
ထန်ချင်းယန်၏မျက်နှာမှာ သူ၏ခံစားချက်အစစ်အမှန်ကို တစ်ခါမှမပြဖူးသည့်အတွက် သူတကယ်ဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။ သူသည် ဒီလိုနည်းဖြင့် သူ့ကိုယ်သူ ကာကွယ်နေခဲ့သည်။ ရင်းနှီးသောသူငယ်ချင်းများနှင့်အတူရှိမှသာလျှင် သူ၏စိတ်ရင်းကိုဖော်ပြလေ့ရှိသည်။
ထန်ပင်းစန်သည် ထန်ချင်းယန်ကို သဘောမကျသော်လည်း၊ လောလောဆယ်တွင် သူ့ကို ကြင်နာဟန်ဆောင်နေရမည်ဖြစ်သည်။
"မင်္ဂလာပါ၊ ဥက္ကဌထန်၊ ဥက္ကဌဖုန်းနဲ့ ဥက္ကဌယွီတို့ တွေ့ရတာဝမ်းသာပါတယ်။" ထန်ချင်းယန် သူတို့ဆီသို့ အရင် လျှောက်လို့သွားသည်။
"မင်္ဂလာပါ" ထန်ပင်းစန်က မတ်တပ်ရပ်လိုက်သည်။
တစ်ဖက်တွင် ဥက္ကဌဖုန်းက ထန်ချင်းယန်ကို ပြုံးပြကာ "တွေ့ရတာဝမ်းသာပါတယ် ဒါရိုက်တာထန်၊ မင်း Bမြို့ ကိုသွားတယ်လို့ ငါကြားတော့ ခဏလေးအတွင်းမှာ မင်းပြန်လာသေးမှာမဟုတ်ဘူးလို့ ထင်ခဲ့တာ။"
ဥက္ကဌဖုန်း၏ နာမည်အပြည့်အစုံမှာ ဖုန်းမင်တ ဖြစ်သည်။ သူသည် အသက် ၄၀ ခန့်ရှိပြီး ရှန်းမင်လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်သည်။
ရှန်းမင်လုပ်ငန်းစုသည် စက်ယန္တရားလုပ်ငန်းတွင် ပါဝင်ခဲ့ပြီး မကြာသေးမီက ထန်လုပ်ငန်းစုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထန်လုပ်ငန်းစုသည် ယခင်က ထိုစက်မှုလုပ်ငန်းတွင် မတူညီသော စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးရှိခဲ့သော်လည်း နောက်ပိုင်းတွင် အဆင်မပြေမှုတစ်ခု ဖြစ်ခဲ့သောကြောင့် ၎င်း၏လုပ်ငန်းပါတနာကို ပြောင်းလဲခဲ့သည်။
ထန်လုပ်ငန်းစုနှင့် ရှန်းမင်လုပ်ငန်းစု ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောစဉ်က ထန်ချင်းယန် သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သောကြောင့် ဖုန်းမင်တသည် သူ့ကို လေးလေးနက်နက် မှတ်မိသည်။
ဖုန်းမင်တသည် ထန်ချင်းယန်မှာ ထန်လုပ်ငန်းစုတွင် အရေးကြီးသော ရာထူးကို ရယူထားနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ထန်ချင်းယန်ကို ဒါရိုက်တာထန်ဟုခေါ်သည်။
ထန်ပင်းစန်က မကျေနပ်သော်လည်း ထန်ချင်းယန်သည် အမှန်တကယ်ပင် ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သောကြောင့် ၎င်းနှင့်ပတ်သက်၍ သူဘာမှ မလုပ်နိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ထန်ပင်းစန်သည် ထန်ချင်းယန်ကို ဉီးဆောင်တစ်ဦးဖြစ်စေရန် အရာအားလုံးကို ပြုလုပ်ခဲ့ပြီးဖြစ်သောကြောင့် ထန်ချင်းယန်သည် အမှန်တကယ်တွင် အင်အားများစွာမရှိပေ။ ကုနင်းနှင့် မဆုံခင်က သူ ဒါကို မကြိုက်သော်လည်း ယခုမူ ကုနင်း၏အကူအညီနှင့်ဆိုလျှင် မတူတော့သည်မို့ ကြီးကြီးမားမားပြသနာမဟုတ်ဟု သူထင်သည်။
"ကျွန်တော် ပြန်ရောက်တာ ရက်အနည်းငယ်ရှိပါပြီ။" ဟု ထန်ချင်းယန် ပြန်ဖြေလိုက်သည်။ "ကျွန်တော် ဥက္ကဌတို့ရဲ့အချိန်တွေကို မဖြုန်းသင့်ဘူး။ သွားခွင့်ပြုပါဦး။" သူသည် လက်ဟန်ပြပြီး သူတို့၏ရှေ့မှ ဖြတ်သွားခွင့်ပေးလိုက်သည်။
"ဟုတ်ပါပြီ။ နောက်မှ တွေ့မယ်။" ဖုန်းမင်တက ပြောသည်။
ထန်ပင်းစန်သည် ထန်ချင်းယန်အား အခြားအရေးကြီးသော စီးပွားရေးသမားများနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်ကို မကြိုက်သောကြောင့် ထန်ချင်းယန်ကို မျက်စောင်းထိုးနေခဲ့သည်။ သို့သော်လည်း လူမြင်ကွင်းတွင် ရှိနေသောကြောင့် ယခုအချိန်တွင် သူဘာမျှ မပြောတော့ပေ။
“နောက်မှ တွေ့မယ်" ထန်ချင်းယန်က ပြုံးပြီးပြောသည်။ သူတို့နဲ့အတူတူ ဓာတ်လှေကားမစီးချင်တာကြောင့် ပါးထျန်းယန်နှင့် အတူသွားထိုင်လိုက်သည်။ ဟွမ်းဒင်ဟိုတယ်တွင် ဓာတ်လှေကား ခြောက်စင်းရှိသော်လည်း သူ အောက်ထပ်မှာပဲစောင့်နေတော့မည်။
ထိုအခိုက်အတန့်တွင် လူသုံးယောက် အထဲကို ၀င်လာသည်။
အသက် ၃၀ လောက်ရှိတဲ့ အမျိုးသမီးတစ်ယောက်က ရှေ့မှ လျှောက်လာသည်။ သူမသည် ပရော်ဖက်ရှင်နယ် ရုံးဝန်ထမ်းတစ်ယောက်လို ၀တ်ဆင်ထားသည်။ သူမ၏နောက်တွင် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားနှစ်ဦးရှိကာ ၎င်းတို့အနက်မှ တစ်ဦးက ပါးထျန်းယန်၏အာရုံကိုဖမ်းစားခဲ့သည်။
ထိုလူသည် ပါးထျန်းယန် ၏ တုံ့ပြန်မှုကို သတိပြုမိသော်လည်း လျင်မြန်စွာ ဖြတ်လျှောက်သွားသဖြင့် ပါးထျန်းယန်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော်လည်း ပါးထျန်းယန်သည် သူ၏အကြည့်ကို ရည်ရွယ်ချက်ရှိရှိ လွှဲလိုက်သည်ကို သတိပြုမိသောကြောင့် သူ မျက်မှောင်ကြုတ်လိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ယခုအချိန်တွင် သက်တော်စောင့်အဖြစ် လုပ်ဆောင်နေသောကြောင့် ဘေးထွက်မသွားနိုင်ပေ။
ထန်ချင်းယန်သည် ပါးထျန်းယန်၏ တုံ့ပြန်မှုကို မြင်လိုက်သောကြောင့် ထိုလူအုပ်စု ဓာတ်လှေကားထဲဝင်သည်နှင့် မေးလိုက်သည်။ “ဘာဖြစ်နေတာလဲ။”
“အိုး၊ ငါ ရင်းနှီးတဲ့ မျက်နှာတစ်ခုကို မြင်လိုက်လို့ပါ။”
တကယ်တော့ ပါးထျန်းယန်သည် သူတို့၏ ဆက်ဆံရေးကို ဘယ်လိုဖော်ပြရမှန်းမသိပေ။ သူတို့သည် တူညီသော လူသတ်ဂိုဏ်းတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း ပါးထျန်းယန်သည် ထိုဂိုဏ်းမှ ထွက်ခဲ့ပြီးဖြစ်ကာ သူ့ကိုမြင်လိုက်သည်နှင့် ထိုလူက တိုက်ခိုက်မည်လား မသိပေ။
သူ မကြောက်သော်လည်း ကုနင်းကို ဒုက္ခမပေးချင်ပေ။ သို့သော်လည်း ထိုလူက သူ့ကိုမြင်ပြီးဖြစ်ကြောင်းကို သူသိထားပြီး ထိုလူကို နောက်တစ်ကြိမ် ရှောင်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။
ထန်ချင်းယန်က ခေါင်းညိတ်လိုက်ပြီး ဒီအကြောင်းကို ဆက်မမေးတော့ပေ။ ခဏအကြာတွင် သူတို့ ဓာတ်လှေကားဖြင့် အပေါ်တက်သွားသည်။
မိနစ် ၂၀ လောက်ကြာတော့ ကုနင်း၊ ကောင်းယိနှင့် ချောင်ယတို့ ရောက်လာသည်။ လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် သူတို့ နောက်ကျနေသည်။
"မင်္ဂလာပါ ဘော့စ်၊"
ပါးထျန်းယန် ချက်ချင်းထရပ်ပြီး ကုနင်းကို လေးလေးစားစား နှုတ်ဆက်သည်။
"ထိုင်ပါဦး။" ကုနင်းကပြောသော်လည်း ပါးထျန်းယန်သည် ကုနင်း မထိုင်မချင်း မထိုင်ပေ။
ထို့နောက် သူတို့ အစားအစာ စမှာကြသည်။
***
အပိုင်း ၁၄၄၅ သူတို့ကိုအပြစ်ပေး
"ထန်ယရှင်းနဲ့ ချီကျီယွဲ့တို့ရဲ့ မင်္ဂလာပွဲက သဘက်ခါဖြစ်ပြီး၊ ငါ့မှာ သူတို့ရဲ့ ညစ်ပတ်တဲ့ လျှို့ဝှက်ချက်တချို့ ရှိတယ်။ သူတို့ရဲ့ မင်္ဂလာဆောင်မှာ အခြားအထောက်အထားတစ်ခုနဲ့ ငါလာမယ်၊ ပြီးတော့ သူတို့ရဲ့ ညစ်ပတ်တဲ့လျှို့ဝှက်ချက်ကို လူသိရှင်ကြား ထုတ်ဖော်မယ်။ သူတို့အပေါ် ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ အာဃာတတွေချည်းပဲ၊ ဒါပေမယ့် နောက်ပိုင်းမှာ ထန်လုပ်ငန်းစုကို ကိုင်တွယ်ဖို့ လုပ်မယ်။” ဟု ကုနင်းက စပြောလိုက်သည်။
ထန်ယရှင်းသည် သူမ၏ ပထမဆုံးပစ်မှတ်ဖြစ်သည်။
ကုနင်းသည် တစ်စက္ကန့်မျှ ရပ်တန့်လိုက်ပြီး နောက်ဆက်ပြောလာသည်။ “ထန်ယရှင်းကို အမွေဆက်ခံပိုင်ခွင့်ကို ဆုံးရှုံးစေရမယ်၊ သူမကို သတ်ပစ်ရမယ်၊ ရူးသွပ်သွားအောင် ဒါမှမဟုတ် ကိုမာဝင်နေအောင်... သူမ လုံးဝ ပုံမှန်ဘဝနဲ့ မနေထိုင်နိုင်အောင်ကိုလုပ်ရမယ် ချီကျီယွဲ့ကိုတော့ မသန်မစွမ်းဖြစ်ပြီး သူ့ရဲ့ အာရုံငါးပါးကို ဆုံးရှုံးရအောင်လုပ်မယ်။” သူမထိုသို့ပြောနေစဉ် ကုနင်းသည် သူတို့အပေါ် သူမ၏ပြင်းထန်သောမုန်းတီးမှုကို ဖုံးကွယ်ဖို့ စိတ်မကူးပေ။
ချီကျီယွဲ့နှင့် ထန်ယရှင်းသည် သူ၏ ဝမ်းကွဲ ထန်အိုက်နင်းကိုသတ်ခဲ့ပြီး ထန်အိုက်နင်းသည် ကုနင်း၏ဆရာဖြစ်ကြောင်းကို ထန်ချင်းယန် သိသောကြောင့် သူမသည် သူတို့ကို နက်နက်ရှိုင်းရှိုင်း အဘယ်ကြောင့် မုန်းတီးကြောင်း သူ နားလည်သည်။
ကုနင်းက ချီကျီယွဲ့နဲ့ ထန်ယရှင်းကို ဘာလုပ်ချင်နေပါစေ ထန်ချင်းယန်ကတော့ အဆင်ပြေသည်။
ကုနင်းက ဆက်ပြီး၊ “ထန်ပင်းစန်ရဲ့တရားမ၀င်သားဖြစ်သူက အပြစ်ကင်းတဲ့အတွက် ပေါ့ပေါ့ပါးပါးပဲ အပြစ်ပေးခံရမှာ။ ထန်ပင်းစန်က သူ့ရဲ့တရားဝင် အမွေဆက်ခံသူကို ဆုံးရှုံးတာနဲ့ ထန်လုပ်ငန်းစုကို အုပ်စိုးဖို့ အခွင့်အရေးရလိမ့်မယ်။ ထန်လုပ်ငန်းစုရဲ့ အဓိက အစုရှယ်ယာရှင်တွေနဲ့ ပတ်သက်ပြီး ငါ့မှာ တစ်စုံတစ်ခု ရှိတယ်၊ ဒါပေမယ့် မင်းကို အခု မပေးနိုင်ဘူး။ ငါ့လက်ထဲမှာဆို ပိုလုံခြုံလိမ့်မယ်၊ လိုအပ်ရင် မင်းကို ငါပေးမယ်။"
ထန်ယရှင်းနှင့် ထန်ပင်းစန်တို့ကို သတ်ရန် လွယ်ကူသော်လည်း သူမသည် သူတို့ကို ညှဉ်းပန်းနှိပ်စက်ချင်ခဲ့သည်။
ကုနင်းသည် ထန်လုပ်ငန်းစု၏ အဓိကရှယ်ယာရှင်များနှင့် ပတ်သက်၍ တစ်ခုခုရှိနေကြောင်း ကုနင်း ပြောပြသောအခါ ထန်ချင်းယန်သည် စိတ်လှုပ်ရှားသွားသည်။ ထိုအခြေအနေမျိုးတွင် ထန်လုပ်ငန်းစုကို အုပ်စိုးရန် သူ့အတွက် လွယ်ကူသွားမည်ဖြစ်သည်။
"ထန်ပင်းစန်မှာ အစွမ်းထက်တဲ့တရားမ၀င်တပ်ဖွဲ့ရဲ့ ပံ့ပိုးကူညီမှုတစ်ခု ရှိတယ်၊ ဒါက ငါတို့ကို ဒုက္ခဖြစ်စေလိမ့်မယ်။"
"ဘာ တရားမ၀င်တပ်ဖွဲ့လား။" ထန်ချင်းယန် အံ့သြသွားသည်။ သို့သော် သူ အံ့အားသင့်သွားသော်လည်း ကုနင်းမှာလည်း ခိုင်မာသော အဆက်အသွယ်များ ရှိနေကြောင်း သူသိသောကြောင့် ကြီးလေးသော ပြဿနာဟု မထင်ပေ။ ကုနင်းသည် ထန်မိသားစုကို သူမဘာသာသူမ ကိုင်တွယ်ဖို့ စီစဉ်နေသည်ကို သူခံစားမိသည်။
သူသည် ကုနင်းနှင့် လက်တွဲရန် ဆန္ဒရှိပြီး သူတို့အနိုင်ရမည်ဟု ယုံကြည်သည်။ ကုနင်းနှင့် သူ၏ ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးအမြတ် အများကြီး ရရှိနိုင်ပြီး သူလုပ်ရမည်မှာ သူမ၏ အစီအစဉ်ကို လိုက်နာဖို့ပင်။ ကုနင်းက သူ့ထက် အများကြီး သြဇာရှိသည်ပင်။
"ဟုတ်တယ်၊ ငါ ဒီအကြောင်းကို နည်းနည်းပဲ ရှာဖွေနိုင်ခဲ့ပေမယ့် အဲဒါကို ရှင်းရှင်းလင်းလင်း နားလည်ပြီးတာနဲ့ ဖယ်ရှားပစ်ဖို့ စီစဉ်ထားပါတယ်။"
ထန်ချင်းယန်က ခေါင်းညိတ်လိုက်ပြီး ကုနင်း၏အစွမ်းအစကို ယုံကြည်လိုက်သည်။
စင်စစ် ကုနင်း၊ ကောင်းယိ၊ ချောင်ယ၊ ပါးထျန်းယန်နှင့် ကျိုးဝေ့ဖန်းတို့ ပူးပေါင်းလျှင် တရားမဝင်ဂိုဏ်းငယ်လေးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။ ကုနင်းသည် ကျောင်းလုံကို ထုတ်လိုက်လျှင် သူမကို မည်သူမှနိုင်လိမ့်မည်မဟုတ်တော့ပေ။
ကုနင်းသည် ထန်ပင်းစန်ကိုထောက်ခံသည့်တရားမဝင်ဂိုဏ်းမှ အကျိုးခံစားခွင့်အချို့ရရှိရန်စိတ်ကူးရှိသည်။ ဂိုဏ်းသည် တရားမ၀င်ဖြစ်ပြီး ၎င်း၏အဖွဲ့ဝင်များကို သူမ ကရုဏာမရှိပေ။
ကုနင်းသည် ထန်ချင်းယန်နှင့် စကားပြောအပြီးတွင် ပါးထျန်းယန်က သူမအား "ဘော့စ်၊ ငါနဲ့ အဖွဲ့အစည်းတစ်ခုတည်း အလုပ်လုပ်ဖူးတဲ့ လူတစ်ယောက်ကို ခန်းမထဲမှာ တွေ့ခဲ့တယ်။"
သူမ အဆင်သင့်ဖြစ်ဖို့အတွက် ကုနင်းကို သတင်းပို့ဖို့လိုသညိ။ အကယ်၍ ထိုလူက သူ့ကို အမှန်တကယ် တိုက်ခိုက်မည်ဆိုပါက ကုနင်း ဒုက္ခရောက်နိုင်သည်။
ထိုစကားကိုကြားတော့ ကောင်းယိနှင့် ချောင်ယ နှစ်ယောက်လုံး စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့ကိုယ်သူတို့ စိတ်မပူပေ။ ကုနင်း၏ လုံခြုံရေးအတွက်ပူပန်မိသည်။ သူတို့သည် ယခု ကုနင်း၏လူများဖြစ်ကြပြီး ကုနင်း ဒုက္ခရောက်ပါက သူတို့ပါ ဒုက္ခရောက်လိမ့်မည်။
ကုနင်း အံ့သြသွားသော်လည်း ဂရုမစိုက်ပါ။ “အဆင်ပြေပါတယ်။ ငါ့ကိုယ်ငါ ကာကွယ်နိုင်တယ် ဒါပေမယ့် မင်းသတိထားရမယ်။"
ကုနင်းသည် ပါးထျန်းယန်နှင့်သာမက ကောင်းယိနှင့် ချောင်ယတို့နှင့်လည်း စကားပြောခဲ့သည်။ ကမ္ဘာကြီးက ကြီးမားပြီး လမ်းပေါ်မှာ ရင်းနှီးတဲ့ မျက်နှာတွေကို တွေ့ဖို့ မလွယ်ပေမယ့် သတိထားဖို့တော့ လိုပါသေးသည်။
ထန်ချင်းယန်ကတော့ စိတ်ရှုပ်သွားသည်။ ကုနင်း ဘာတွေပြောနေလဲ သူနားမလည်ပေ။ သို့သော် သူ သိချင်နေသော်လည်း ထိုအကြောင်းကို မမေးပေ။
“ကောင်းပါပြီ။” ပါးထျန်းယန် ခေါင်းညိတ်လိုက်သည်။
ထို့နောက် ညစာစားကြသည်။ ရုတ်တရက် ကုနင်းသည် နောက်ခန်းမှ အမျိုးသမီးတစ်ဦး၏ ဒေါသသံကို ကြားလိုက်ရသည်။ အမျိုးသမီးက ဒေါသနှင့် ပြောသည်။ “ပုဘာဒါ၊ အဲဒါ အဓိပ္ပါယ်မရှိဘူး...”
ကောင်းယိ၊ ချောင်ယနှင့် ပါးထျန်းယန်တို့လည်း ကြားရသည်။ ဟွမ်းဒင်ဟိုတယ်ရှိ အခန်းများတွင် ကာရံကောင်းများ တပ်ဆင်ထားသော်လည်း အသံသည် ကျယ်လွန်းလျှင် အခြားသူများ ကြားနိုင်သေးသည်။
သူတို့နှင့် ဘာမှမဆိုင်၍ သူတို့ သိပ်ဂရုမစိုက်ပေ။ သို့သော်လည်း ကုနင်းသည် ယခင်ဘ၀တွင် ပုဘာဒါနှင့် သိခဲ့သောကြောင့် ထိုကိစ္စကို စိတ်ဝင်စားသည်။
ဤကမ္ဘာပေါ်တွင် နာမည်တူသူများစွာရှိသော်လည်း ကုနင်းနှင့် ပုဘာဒါ ကြားတွင် ဇာတ်လမ်းတစ်ပုဒ်ရှိသောကြောင့် သူမ သိချင်လာသည်။
***
အပိုင်း ၁၄၄၆ ဇာတ်လမ်း...
သူမ၏ ယခင် ဘဝတွင် ထန်အိုက်နင်းသည် ထန်ပင်းစန်၏ တာဝန်ကို ထမ်းဆောင်စဉ် ဒဏ်ရာရရှိခဲ့သည်။ သူမသည် ပုဘာဒါ၏ကားကိုတွေ့ရှိပြီး သူမကိုကူညီရန် သူ့ကို တွန်းအားပေးခဲ့သည်။ သို့သော်လည်း ပုဘာဒါ၏ကားသည် လမ်းတွင် ရုတ်တရက်ပေါ်လာသော ကားနှစ်စီး၏ တားဆီးခြင်းခံရပြီး အခြားသော ကြေးစားလူသတ်သမားများနှင့် ကြုံတွေ့ခဲ့ရသည်။
ထန်အိုက်နင်းသည် ပုဘာဒါနှင့်အတူ မသေချင်သောကြောင့် ထိုလူသတ်သမားများကို သတ်ရန် တတ်နိုင်သမျှလုပ်ပြီးနောက် မေ့လဲသွားခဲ့သည်။ သူမ ပြန်နိုးလာသောအခါတွင် ဆေးရုံပေါ်ရောက်နေပြီး သူမ၏ဘေးနားတွင် ပုဘာဒါ ရှိနေသည်။
သူတို့သည် တစ်ယောက်အသက်ကိုတစ်ယောက် ကယ်တင်ခဲ့ကြသည်။
ထိုအဖြစ်အပျက်မှာ လွန်ခဲ့သောလေးနှစ်က ဖြစ်ပွားခဲ့ပြီး ထန်အိုက်နင်းသည် ပုဘာဒါကို ဖုန်းနံပါတ်ပေးရန် ငြင်းဆိုခဲ့သောကြောင့် အချင်းချင်း အဆက်အသွယ် ပြတ်တောက်ခဲ့ကြသည်။
ကုနင်းသည် ဘေးခန်းက ပုဘာဒါမှာ သူမသိသည့်လူ ဟုတ်မဟုတ် သိချင်တာကြောင့် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုခဲ့သည်။
ဘေးခန်းတွင် လူခြောက်ယောက်ရှိသည်။ အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး အုပ်စုနှစ်စုကွဲနေသည်။
ကုနင်းသည် ပုဘာဒါကို မြင်မြင်ချင်း မှတ်မိလိုက်သည်၊ ထိုလူသည် သူမ၏ ယခင်ဘဝက သူမတွေ့ဖူးသော လူဖြစ်သည်မှာ အတိအကျပင်။
ပုဘာဒါသည် အသက်သုံးဆယ်ကျော်ခန့် သန်မာပြီး ချောမောသူဖြစ်သည်။ သူသည် ညိုမည်းသော အသားအရေ ရှိသော်လည်း ကျန်းမာပုံရပြီး လှပသည်။
ကုနင်းသည် ပုဘာဒါအကြောင်း အများကြီးမသိပေ။ သူသည် အထက်ပိုင်း ထျန်းရှန်မြို့မှ လာသည်ဟုသာ သိသည်။ သူသည် သူ၏မွေးရပ်မြေတွင် သြဇာရှိသောမိသားစု၏ အမွေဆက်ခံသူဖြစ်ပြီး သူတို့မိသားစုဝင် ဆွေမျိုးများက ငှားရမ်းထားသော လူသတ်သမားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထန်အိုက်နင်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူ့ကို အထင်ကြီးစေသောကြောင့် သူမအား သူ၏ကိုယ်ရံတော်အဖြစ် ခန့်အပ်ချင်သော်လည်း သူမကငြင်းဆိုခဲ့သည်။
ဘေးခန်းတွင် အမျိုးသမီးတစ်ယောက်ပဲရှိပြီး သူမသည် စောနက ဒေါသထွက်ခဲ့သောသူဖြစ်ရမည်။ ထိုအမျိုးသမီးသည် အသက် ၃၀ ဝန်းကျင်ရှိနေပြီဖြစ်သော်လည်း သူမသည် သူမ၏မျက်နှာကို ကောင်းစွာဂရုစိုက်ပုံရကာ နုပျိုသူဖြစ်သည်။
သူမ၏နောက်တွင် လူနှစ်ယောက် ရပ်နေသည်။ သူတို့ထဲမှ တစ်ယောက်သည် လူသတ်သမားအငွေ့အသက်ရှိပြီး သူ သည် ပရော်ဖက်ရှင်နယ်လူသတ်သမားဖြစ်ရမည်ဟု ကုနင်း ခံစားမိသည်။ သူမသည်လည်း ပရော်ဖက်ရှင်နယ် လူသတ်သမားဖြစ်ခဲ့ဖူးသောကြောင့် သူမနှင့်တူသောသူများကို သတိပြုမိရန် အလွန်လွယ်ကူသည်။ ထို့ကြောင့် ကုနင်းသည် ပုဘာဒါ၏ လုံခြုံရေးအတွက် စိုးရိမ်နေခဲ့သည်။
သူမသည် ပုဘာဒါနှင့် ရင်းနှီးသော ဆက်ဆံရေးမရှိသော်လည်း သူသည် လူကောင်းတစ်ယောက်ဟု သူမထင်သည်။ ထို့အပြင်၊ ဤသည်မှာ သူမ၏မိသားစုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဟွမ်းဒင်ဟိုတယ်တွင်ဖြစ်ပြီး၊ ဤနေရာတွင် ဆိုးရွားသည့်အရာတစ်ခုဖြစ်မည်ကို သူမမြင်ချင်ပါ။
"မစ္စထျန်း၊ မင်းမလာခင်က မစ္စတာထျန်းက မင်းကို ဒီကုန်ပစ္စည်းအသုတ်ရဲ့စျေးနှုန်းကို မပြောထားဘူးလား။ ဒါက မင်းနဲ့ မင်းအကိုကြီး ရဲ့ လှည့်ကွက်လား။" ပုဘာဒါက မကျေမနပ်ဖြစ်သွားသည်။
"ဘာ... ဒါ မင်းတို့ နှစ်ယောက် သဘောတူထားတဲ့ စျေးနှုန်းလား။” ထျန်းပိုင်ဟွေ့ မျက်မှောင်ကြုတ်လိုက်သည်။ သူမအစ်ကိုကြီးက သူမကိုဘာလို့ မပြောတာလဲ။
“ဒီနှစ် အထွက်နှုန်း နည်းတယ်။ စျေးမတက်ရင် ငါတို့ ဘာမှ ရမှာမဟုတ်ဘူး။” ပုဘာဒါက ပြန်ပြောသည်။
ထျန်းပိုင်ဟွေ့သည် အသက်အရှည်ကြီးရှုသွင်းလိုက်သည်။ သူမသည် မအပေ။ ထို့ကြောင့် သူမ၏အကိုဖြစ်သူက သူမကို တိုက်ခိုက်ရန် ကြံစည်နေကြောင်း သဘောပေါက်လိုက်သည်။ မိသားစု အမွေအတွက် သူမသည် သူနှင့် ပြိုင်လုရန် ရည်ရွယ်ချက်မရှိဟု သက်သေပြခဲ့ပြီးဖြစ်သည်။ သို့သော်လည်း သူမ၏ဖခင်က သူမ၏အစ်ကိုကို သူမထက် ပိုချစ်သော်လည်း သူမ၏အကိုသည် သူမအား အားကောင်းသောပြိုင်ဘက်အဖြစ် ခံယူထားဆဲဖြစ်သည်။
သဘောတူညီချက်ကို မပြီးမြောက်နိုင်သည့်အတွက် ဖခင်ဖြစ်သူက သူမကို စိတ်ပျက်စေရန် အကိုဖြစ်သူသည် သူမကို စျေးနှုန်းအမှန်ကို မပြောပြခဲ့ပေ။
စီးပွားရေးသမားများသည် အကျိုးအမြတ်ကိုသာ အလေးထားကြသည်။ အကယ်၍ စီးပွားရေးသမားတစ်ဦးသည် အပေးအယူတစ်ခုကနေ အကောင်းဆုံးအကျိုးအမြတ်ကို မရရှိနိုင်ပါက၊ သူသည် အရည်အချင်းပြည့်မီသော စီးပွားရေးသမားမဟုတ်ပေ။
"မဟုတ်ဘူး၊ မင်း အရူးလုပ်ခံရတာမဟုတ်ဘူး၊ ငါ အရူးလုပ်ခံရတာ..." ထျန်းပိုင်ဟွေ့ကပြောသည်။ သူမသည် ပုဘာဒါက သူမအကိုကြီး၏လူဟု ထင်ခဲ့သည်။
ပုဘာဒါသည် နားလည်မှုလွဲသွားကြောင်း သိသောကြောင့် ချက်ချင်းရှင်းပြသည်။ "မစ္စထျန်း၊ မင်းငါ့ကိုရော မင်းအကိုကြီးကိုပါ မယုံဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ဒါက ငါနဲ့ဘာမှမဆိုင်ဘူးဆိုတာ ငါ ကတိပေးတယ်။ ငါ့မှာ ဝယ်သူအများကြီးရှိပြီး မင်းအစ်ကိုက ငါ့ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်ပါ။ ငါသူ့ကို ငါ့သူငယ်ချင်းအဖြစ်မသတ်မှတ်ဘူး၊ ဒီလိုမိုက်မဲတဲ့လှည့်ကွက်တွေကို ငါကစားဖို့အချိန်မရှိဘူး။"
ပုဘာဒါ၏ရှင်းပြချက်ကိုကြားတော့ ထျန်းပိုင်ဟွေ့က ခေါင်းညိတ်လိုက်သည်။ သူမသည် ပုဘာဒါအကြောင်း တော်တော်များများ ကြားဖူးပြီး သူသည် လိမ်တာကို မကြိုက်ကြောင်း သူမ သိသည်။
“ငါတို့နှစ်ယောက်လုံး ဒီတစ်ခါ အရူးလုပ်ခံရတယ်ထင်တယ်။” ပုဘာဒါက စိတ်တိုတိုနဲ့ ပြောသည်။ သူသည် ထျန်းပိုင်ဟွေ့၏အစ်ကိုနှင့် လက်တွဲရန် မရွေးချယ်ခဲ့သဖြင့် သူသည်လည်း အရူးလုပ်ခံရသည်။
ထျန်းပိုင်ဟွေ့က ရယ်မောလိုက်သည်။ သူမ၏အစ်ကိုကြီးက အမြဲတမ်း မာနကြီးသည်။ သူသာ သူတို့မိသားစု၏ လုပ်ငန်းကို သိမ်းပိုက်နိုင်လျှင် အန္တရာယ်ရှိသည်။
"အင်း အဲ့တာ ငါ့အကိုကြီးရဲ့အမှားဆိုမှတော့ မင်းသူ့ကို အဖြေရှာခိုင်းသင့်တယ်။" ထျန်းပိုင်ဟွေ့ စိတ်မရှည်တော့ပေ။ သူမသည် အစ်ကို၏အမှားအတွက် တာဝန်မယူလိုပေ။
"ငါတို့ဒီကိုရောက်နေပြီဆိုမှတော့ မင်းစိတ်မရှိရင် ဒီအစားအစာတွေ ပြီးအောင်စားရအောင်။" ထျန်းပိုင်ဟွေ့က ဆိုသည်။
အမှန်တရားကိုသိပြီးနောက် သူမ အစာစားချင်စိတ် ပျောက်ဆုံးသွားသော်လည်း သူမသည် အပြုအမူကောင်းရှပြီး ပုဘာဒါကို ကောင်းမွန်စွာဆက်ဆံရမည်။
"ကောင်းပြီလေ။" စင်စစ် သူ ဒီမှာသာ ထမင်းမစားရင် တခြားတစ်နေရာမှာ စားနေရလိမ့်မည်။