← Chapters

နေလသိုင်းကျမ်း၏ နိဂုံး

Vol. 1 Ch. 71

နေလသိုင်းကျမ်း၏ နိဂုံး

Vol. 1 Ch. 71

တည်ငြိမ်သောဗုဒ္ဓလက်ဝါးကိုယ်တော်၏မျက်နှာထက်တွင် အံ့ဩရိပ်စွန်းထင်းသွားသည်။

ထို့နောက် သူမည်သို့မှမပြောနိုင်ခင် ဝမ်းတုမှ သူ၏အင်္ကျီအတွင်းမှသစ်သားမီးခြစ်တစ်လုံးအားထုတ်ယူလိုက်သည်။

လူအများ၏အံ့ဩနေကြသည့်မျက်စေ့အောက်တွင်ပင် ဝမ်းတမှာ နေလသိုင်းကျမ်းအားမီးရှို့လိုက်သည်။

“ ဝမ်းတု မင်း.. “

ဝမ်းတမှ တစ်စုံတစ်ရာပြောမည်ပြုသည်။ သို့သော် သူ၏မျကိနှာထက်တွင် ထူးဆန်းသည့်အရိပ်အယောင်‌ပေါ်ထွက်လာကာ ဝမ်းတုအားဟန့်တားခြင်းမရှိတော့ပေ။

ဝမ်းတုမှယ နေလသိုင်းကျမ်းအား မီးဖြင့်စိမ်ပြေနပြေရှို့နေသည်။ သိုင်းလောကသားများလွန်စွာလိုချင်တပ်မက်ကြကာ ထိုသိုင်းကျမ်းအတွက် သွေးချောင်းစီးခဲ့ရသည့်သိုင်းကျမ်းအား မီးရှို့နေသည် ။

မီးတောက်များမှာ သိုင်းကျမ်းအား တဖြေးဖြေးလောင်ကျွမ်းသွားသည်။ ဝမ်းတုမှ မီးတောင်များအား ပြုံးလျက်ကြည့်နေသည်။

ထို့နောက်တွင် စာအုပ်တစ်ဝက်ကျော်လောင်ကျွမ်းသွားပြီးနောက် ဝမတုမှ နေလသိုင်းကျမ်းအားအောက်သို့ပစ်ချလိုက်သည် ။

ရှောင်လင်မှကြေးရုပ်လူများ၏ခံစားချက်ကင်းမဲ့သည့်မျက်နှာများထက်တွင် အံ့သြဆွံ့အသည့်အရိပ်အယောင်များပေါ်ထွက်လာကြသည်။

ထိုလူများသာမကပေ ထိုနေရာတွင်ရှိနေသည့်လူများမှာ တစ်ယောက်မှ ဝမ်းတု၏လုပ်ရပ်ကိုနားမလည်ကြပေ။

“ ကိုယ်တော် ကြည့်လိုက် “

ဝမ်းတုမှ သူ့လက်အတွင်းတွင်ဖြဲယူထားသည့်စာရွက်ပိုင်းလေးအား ဗုဒ္ဓလက်ဝါးကိုယ်တော်ဆီသိူ့ ပစ်ပေးလိုက်သည်။

စာရွက်မှာ အတွင်းအားထည့်သွင်းကာပစ်လွှတ်လိုက်ခြင်းဖြစ်သဖြင့် ဗုဒ္ဓလက်ဝါးကိုယ်တော်ဆီသို့ ရွှီး ခနဲမည်သဲပေးကာ ပြေးဝင်လာသည်။

ဗုဒ္ဓလက်ဝါးကိုယ်တော်မှ လက်ချောင်းနှစ်ချောင်းဖြင့်ညှပ်၍ တည်ငြိမ်စွာဖြင့်ဖမ်းယူလိုက်သည်။

ထို့နောက် စာရွက်အားကြည့်လိုက်သည်။ စာရွက်ထဲတွင် သိုင်းကွက်အချို့နှင့် သိုင်းအလင်္ကာတစ်ခုပါသည် ။

သိုင်းကွက်များမှာ ဓားသိုင်းတစ်မျိုးမျိုးကိုပြသနေသည့်ပုံဖြစ်ကာ အပြည့်အစုံမရှိသော်လည်း အဆင့်မြင့်သည့်ဓားသိုင်းဖြစ်ကြောင်းကို သိနိုင်သည်။

“ ကိုယ်တော် ကျုပ်မီးရှို့လိုက်တဲ့စာအုပ်က နေလသိုင်းကျမ်းဆိုတာ သိပြီလား “

ဝမ်းတုမှ ဗုဒ္ဓလက်ဝါးကိုယ်တော်အားပြုံးလျက်မေးလိုက်သည်။ သူ၏မေးခွန်းကြောင့် ဗုဒ္ဓလက်ဝါးကိုယ်တော်လည်း ခေါင်းညိမ့်လိုက်သည်။

သိုင်းကျမ်းအား သူမကကြည့်လိုက်ရသော်လည်းသိုင်းကျမ်းမှ ဖြဲယူထားသည့်စာရွက်အပိုင်းအစလေးကပင် အဆင့်မြင့်ဓားကွက်များပါနေရာ သိုင်းကျမ်းတစ်ခုလုံးသာဆိုပါက သူတို့တွေးထက်မထားမိသည်အထိအစွမ်းထက်နိုင်သည်။

ထိုသို့သော သိုင်းလောကသားများ လွန်စွာလိုချင်တပ်မက်နေကြသည့်သိုင်းကျမ်းအား ဝမ်းတုမှဖျက်ဆီးပစ်လိုက်သဖြင့် ဝမ်းတုမှာ ရူးသွပ်နေ၍လော။

လုံးဝမဟုတ်ပေ။ ဝမ်းတုမှာ ယ‌ခုသူတို့ရှောင်လင်‌ကျောင်းမှဘုန်းကြီးများလက်မှ မလွတ်နိုင်ကေကြာင်းကိုသိရှိသည် ။

ထို့အတွက်ကြောင့် ‘ မစားရသောအမဲသဲနှင့်ပတ် ‘ သကဲ့သို့ သူတို့မရနိုင်သည့်သိုင်းကျမ်းအား ရှောသ်လင်ကျောင်းသို့ ရောက်ရှိမသွားစေရန်ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

ဗုဒ္ဓလကိဝါးကိုယ်တော်မှာ အနည်းငယ်စဉ်းစယးပြီးနောင် ဝမ်းတအား သူ၏စိတ်ထဲတွင် မချီးကျူးဘဲမနေနိုင်ပေ

သိုင်းကျမ်းအားမီးဖြင့်ရှို့ခြင်းမှာလူတိုင်းလုပ်နိုင်သော်လည်း နေလသိုင်းကျမ်းကဲ့သို့ လွန်စွာအစွမ်းထပ်သည့်သိုင်းကျမ်းမျိုးကို ပေါ့ပေါ့ပါးပါးမီးရှို့ရန်မှာ လွန်စွာပြတ်သားသည့်စိတ်သဘောထားရှိရန်လိုအပ်သည်။

“ ကိုယ်တော် ကျုပ်တို့နှစ်ယောက်ထွက်သွားလို့ရပြီလား မဟုတ်မှလွဲရော ကျုပ်တို့ကိုဖမ်းပြီး နဂါးစိမ်းဂိုဏ်းကိုအပ်မလို့တော့မဟုတ်လောက်ပါဘူးနော် “

ငြိမ်သက်နေသော ဗုဒ္ဓလက်ဝါးကိုယ်တော်အားကြည့်ကာ ဝမ်းတမှ ခနဲ့တဲ့တဲ့ပြောလိုက်သည်။

သူ၏စကားကြောင့် ဗုဒ္ဓလက်ဝါးကိုယ်တော်မှ ခေါင်းယမ်းပြလိုက်သည်။

“ ကိုယ်တော်တို့မှာ ဒီလိုစိတ်ကူးမျိုးမရှိပါဘူး ။ သိုင်းလောကအရှုပ်အထွေးတွေကို ရှောင်လင်ကျောင်းက ပါဝင်ပတ်သတ်မှုမရှိချင်ဘူး ။ ဒကာတို့လွတ်လွတ်လပ်လပ်သွားလို့ရပါပြီ။

ဒီစာရွက်ပိုင်းလေးကိုတော့ ကိုယ်တော်ယူသွားမယ် “

ဗုဒ္ဓလက်ဝါးကိုယ်တော်မှ ဝမ်းတနှင့်ဝမ်းတြတို့၏အဖြေကိုပင်စောင့်ဆိုင်းမနေတော့ဘဲ ကြေးရုပ်လူဆယ့်ရှစ်ယောက်နှင့်အတူ ထိုနေရာမှထွက်သွားသည်။

သူတို့၏မျက်စေ့ရှေ့တွက်ပျောက်ကွယ်သွားသည့်ဘုန်းကြီးများအားကြည့်ကာ ဝမ်းတတို့မှာ စိတ်သက်သာရာရသွားကြသည်။

ထို့နောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြိုင်တူရယ်မောလိုက်မိကြသည် ။သူတို့ရက်အတော်ကြာကြိုးပမ်းထားမှုမှာ ယခု ပြာမှုန့်များအဖြစ်သို့ပြောင်းလဲသွားလေပြီ။

ဝမ်းတနှင့်ဝမ်းတုမှာ အနည်းငယ်နှမြောတသဖြစ်မိသော်လည်း များစွာခံသားနေရခြင်းကားမရှိပေ။

နေလသိုင်းကျမ်းအား သူတို့များစွာလိုချင်တပ်မက်ခြင်းမရှိပေ။ သူတို့၏‌ဆရာမှ ယူဆောင်ခိုင်း၍သာ သူတို့အရှုပ်ထုပ်အတွင်းသို့နောက်တစ်ကြိမ်ပြန်ရောက်လာခြင်းဖြစ်သည်။

သို့သော် နှင်းငွေ့မိစ္ဆာသခင်မှ နောက်ထပ်တစ်ခုမှာကြားလိုက်သေးသည်။ ဤသည်က သိုင်းကျမ်းအား သူတို့မရလျှင် အခြားလူများရရှိခြင်းမရှိသေရန် ဖျက်စီးပစ်ရမည်ဆိုသောအမိန့်ဖြစ်သည် ။

ယခု ဝမ်းတုနှင့်ဝမ်းတုတို့မှာ နေလသိုင်းပျမ်းအားဖျက်ဆီးပစ်လိုက်ခြင်းမှာ ရှောင်လင်မှလူများမရစေရန်ဖြစ်သည်။

ထို့နောက် သူတို့နှစ်ဦးတောတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

ထိုနေရာတွင်ကား ကျိုးကျေနေသောသစ်ပင်များ၊ မြေပြင်မှသွေးစသွေးနများနှင့် မွစာကျဲနေသည့်ဓားရာများကျန်ခဲ့သည်။

ထို့အတူ သေးငယ်သည့်ပြာမှုန့်လေးများလည်းရှိသေးသည်။ ပြာမှုန့်များမှာ အချိန်အနည်းငယ်ကြာသည်နှင့် လေ၏သယ်ဆောင်မှုကြောင့် အခြားအရပ်များဆီသို့ လွင့်ပါသွားကြသည် ။

သိုင်းလောကသားများစွာ၏သွေးများ ၊အသက်များဖြင့်ရင်းနှီးခဲ့ရသည့်အရာမှာ လေနှင့်အတူပျောက်ကွယ်သွားချေပြီ ။

အိုဟောင်းနေသောလမ်းမ

ထိုလမ်းမမှာ အနောက်ဘက်ပြည်နယ်များနှင့်အလယ်ပိုင်းဒေသကို ဆက်သွယ်ထားသည့်လမ်းများထဲမှ တစ်ခုဖြစ်သည်။

လမ်းမမှာ တိတ်ဆိတ်ခြောက်သွေ့ကာ မြင်းလှည်းများပင်ကောင်းစွာမောင်း၍မရပေ။ ထို့ကြောင့် ထိုလမ်းမမှာ လူသွားလူလာနည်းပါကာ နာရီအတော်ကြာမှ တစ်ယောက်စနှစ်ယောက်စကိုတွေ့နိုင်သည်။

ထိုလမ်းမမှာ အခြားအကြောင်းအရာတစ်ခုကြောင့်လည်းကျော်ကြားသည်။

အကြောင်းမှာ ထိုလမ်းမမှာ သိုင်းလောကဆွင်နာမည်ကြီး ပြန်လမ်းမဲ့တောအုပ် သို့မဟုတ် ဝင်္ကပါတောအုပ်အစပ်ကိုဖြတ်သန်းသွားရသော်ကြောင့်ဖြစ်သည်။

ယခု ထိုလမ်းမအတိုင်းမြင်းတစ်စီးမှာ ပြင်းထန်စွာအပြင်းနှင်လာသည်။ မြင်း၏ခွာပေါက်ချက်များကြောင့် လမ်းမထက်တွင် ဖုံတထောင်းထောင်းထသွားသည်။

ထိုမြင်းပေါ်ရှိလူမှာ ခန္တာကိုယ်တစ်ခုလုံးယိမ်းထိုးနေကာ မြင်းပေါ်မှအချိန်မရွေးပြုတ်ကျတော့မည့်ပုံဖြစ်သည် ။

ထိုလူ၏မျက်နှာမှာ အညိုရောင်သမ်းနေကာ အဆိပ်တစ်စုံတစ်ရာမိလာသည့်ပုံဖြစ်သည်။ သူ၏နောက်ကျောတွင်မူ ပုံမှန်ဓားများထက်ဗျပ်ကျယ်သည့်ဓားတစ်လက်ကို လွယ်ထားသည်။

ထိုလူမှာ မုန်တိုင်းဓားရှောင်ကျန်းမင်ဖြစ်သည် ။ မြောက်ပိုင်းဒေသမှတောအုပ်ထဲတွင် ဝမ်းတနှင့်ဝမ်းတုတို့၏ အလစ်အငိုက်ပူးပေါင်းတိုက်ခိုက်ခြင်းကိုခံခဲ့ရကာ ယခု ဓားစံအိမ်သို့အလျှင်အမြန်ပြန်နေခြင်းဖြစ်သည် ။

ဝမ်းတ၏လက်ဝါးမှာ ထူးဆန်းကာ မကောင်းသည့်အတွင်းအားကျင့်စဉ်တစ်မျိူးမျိူးကို လေ့ကျင့်ထားပုံရသည်။

ဝမ်းတ၏လက်ဝါးရိုက်ချက်ထိမိသွားသည့် သူ၏ညာဘက်ခြေထောက်မှာ နာရီအနည်းငယ်ကြာသည်နှင့် လှုပ်ရှားမရဖြစ်ကာ ခန္တာကိုယ်တစ်ခုလုံးပျံ့နှံ့သွားသည်။

ထို့အတူ ထိုအားလှိုင်းမှာသူ၏ကိုယ်တွင်းတွင်မွှေနှောက်နေကာ အချိန်ကြာလာသည်နှင့်ပို၍ဆိုးရွလာသည် ။

ရှောင်ကျန်းမင်မှာထိုအတွင်းအားများကို သူ၏ခြေထောက်နှစ်ဖက်သို့ပို့ထားကာ ယာယီထိမ်းချုပ်ထားရသည်။ သို့မှသာသူအနည်းငယ်သက်သာသွားသည် ။

သို့သော် အချိန်များထိမ်းမထားနိုင်တော့ပေ ။ထို့ကြောင့် သူဓားစံအိမ်သို့အမြန်ဆုံးပြန်လာခဲ့ခြင်းဖြစ်သည်။

လမ်းတွင် သူ၏မိတ်ဆွေများရှိသည့် ကျင်းပိုမြို့သို့ပင်မဝင်ခဲ့ပေ။ မြောက်ပိုင်းဒေသမှ ဝင်္ကပါတောအုပ်သို့ရောက်သည်အထိသုံးရက်သာခရီးနှင်လာခဲ့ရသည်။

ရှောင်ကျန်းမင်မှာ တောအုပ်အတွင်းသို့စတင်ဝင်ရောက်လာသည်။ သို့သော် သူမည်သည့်နေရာသို့သွားရမှန်းမသိပေ။

သူ့ဆရာ၏ပြောစကားများကိုပြန်၍သတိရလာသည်။ တောအုပ်ထဲတွင် ဝင်္ကပါများစီစဉ်ထားကာ ဓားစံအိမ်မှအကြီးအကဲများသာသိရှိသည်ဟုဆိုသည်။

ရှောင်ကျန်းမင်မှာ ဆက်လက်၍တောင့်မခံနိုင်တော့ပေ။ မြေပြင်ပေါ်သို့ပြုတ်ကျကာ သတိလစ်မေ့မြောသွားသည်။

အချိန်အနည်းငယ်ကြာပြီးနောက် သစ်ပင်ထက်မှ လူရိပ်တစ်ရိပ်ရောက်လာသည် ။ထိုလူရိပ်မှာ ရှောင်ကျန်းမင်၏နောက်ကျောမှဓားကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက် မှောက်လျက်လဲကျနေသည်ရှောင်ကျန်းမင်အားဆွဲလှန်လိုက်သည် ။

“ ဟင် ကျန်းမင် “

ထိုလူ့ဆီမှ အံ့အားသင့်စွာရေရွတ်သံထွက်ပေါ်လာသည် ။ထိုလူမှာ ရှောင်ကျန်းမင်အားကောင်းစွာသိပုံရသည် ။ထို့နောက် ရှောင်ကျန်းမင်အား ပခုံးပေါ်တွင်ထမ်းလျက် ထိုနေရာမှတ‌စ္ဆေသရဲတစ်ကောင်လိုပျောက်ကွယ်သွားသည်။

All Chapters