← Chapters

နောက်ဆက်တွဲ လှုပ်ခတ်မှုများ

Vol. 1 Ch. 72

နောက်ဆက်တွဲ လှုပ်ခတ်မှုများ

Vol. 1 Ch. 72

သိုင်းလောကထဲတွင် သတင်းတစ်ခုထွက်ပေါ်လာသည် ။

အချိန်အနည်းငယ်ပျောက်ဆုံးနေသည့်နေလသိုင်းကျမ်းမှာ ဝမ်းတနှင့်ဝမ်းတုတို့၏လက်ထဲသို့ပြန်၍ရောက်နေကြသည် ။

ထို့နောက် ရှောင်လင်မှဗုဒ္ဓလက်ဝါးကိုယ်တော်နှင့် ကြေးရုပ်လူဆယ့်ရှစ်ယောက်မှ ဝမ်းတနှင့်ဝမ်းတုအား ဖမ်းမိခဲ့ကြသည်။

ဝမ်းတုနှင့်ဝမ်းတုတို့မှာ သူတို့မလွတ်မြောက်နိုင်ကြောင်းသိသည့်အတွက် နေလသိုင်းကျမ်အားဖျက်ဆီးကာ ထွက်ခွာသွားခဲ့ကြသည်။

ထိုသတင်းအား ရှောင်လင်မှထုတ်ပြန်ထားခြင်းဖြစ်သောကြောင့် သိုင်းလောကသားများမှာ တောက်တခေါက်ခေါက်ဖြစ်ကုန်ကြသည်။

ထို့အပြင် မစားရသည့်အမဲသဲနှင့်ပတ်သလို လွန်စွာတန်ဖိုးရှိသည့်နေလသိုင်းကျမ်းအား ဖျက်ဆီးပစ်သည့်အတွက် ဝမ်းတနှင့်ဝမ်းတုတို့အား ပို၍ရွံမုန်းသူပေါများလာခဲ့သည်။

ဝမ်းတနှင့်ဝမ်းတုတို့မှာ နဂါးစိမ်းဂိုဏ်း၏ အလိုအရှိဆုံးစာရင်းအနီရောင်သတ်မှတ်ချက်တွင်ရှိခြင်းကြောင့်လည်းကောင်း ၊ သိုင်းကျမ်းအားဖျင်ဆီးပစ်လိုက်သည့်အတွက်ကြောင့်လည်းကောင်း သူတို့အား သိုင်းလောကသားအများအပြားမှ လိုက်လံရှာဖွေခဲ့ကြသည်။

သို့သော် ထိုနှစ်ယောက်မှာ မျက်လှည့်ပြလိုက်သည့်နှယ် သိုင်းလောကမှရုတ်တရက်ပျောက်ကွယ်သွားကြသည် ။

အချို့မှလည်း ထိုနှစ်ယောက်အားတာလီပြည်နယ်တွင်တွေ့လိုက်သည်ဟူ၍လည်းကောင်း ၊ အချို့မှလည်း သူတို့နှစ်ယောက် တိဗက်ဒေသနှင်းဖုံးတောင်တန်းများဆီသို့ထွက်ပြေးသွားသည်ဟူ၍လည်းကောင်း အမျိုးမျိုးပြောဆိုနေကြသည်။

သို့သော် ထိုနှစ်ယောက်၏သတင်းအတိအကျကိုမူကား မည်သူမှမသိကြပေ။

သူတို့နှစ်ဦးနှင့်အတူတွဲ၍နာမည်ကျော်ကြားလာသည်ကား နှင်းငွေ့မိစ္ဆာသခင်ကြီးဆိုသည့် လူပင်ဖြစ်သည်။

ထိုလူမှာ ဝမ်းတနှင့်ဝမ်းတုတို့၏ဆရာဖြစ်ကာ လျှို့ဝှက်သည့်ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။

သို့သော် ထိုလူမှ သိုင်းလောကထဲတွင်မျက်နှာပြသခြင်းမရှိသဖြင့် ထိုလူ၏အကြောင်းမှာ ရေရေရာရာမရှိဘဲ တံလျှပ်ကဲ့သို့ ပုံရိပ်ယောင်ဆန်ဆန်မရေမရာဖြစ်နေသည်။

အချို့မှလည်း ထိုလူမှာ သိုင်းပညာလုံးဝမတတ်ဘဲ စာပေသမားတစ်ဦးဖြစ်ကြောင်း အချို့မှလည်း ထိုလူမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းသည့် ဇာတ်မြှုပ်နေသောသိုင်းပညာရှင်တစ်ဦးဟူ၍လည်းကောင်း သူ၏အကြောင်းနှင့်ပတ်သတ်ပြီး အမျိူးမျိူးပြောဆိုနေကြသည်။

သို့သော် ထိုလူ၏အကြောင်းကို မည်သူမှတိတိကျကျမသိသည့်အတွက် သိုင်းလောက၏မဖြေရှင်းနိုင်သောပုစ္ဆာများထဲမှ တစ်ပုဒ်ဖြစ်နေသည်။

တည်ငြိမ်မှူမရှိသည့်အခြေအနေများအတွင်း မုန်တိုင်းဓားရှောင်ကျန်းမင်ဆိုသည့် နာမည်ကျော်သိုင်းသမားလူငယ်လေးတစ်ယောက်ပျောက်ဆုံးသွားသည်ကိုတော့ မည်သူမှသတိမထားလိုက်မိကြချေ ။

နန်းမြို့တော် နန်းမြို့တော်မှာ ဘုရင်မင်းမြတ်ဟန်ချူးနန်းစိုက်ရာမြို့ဖြစ်၍ လွန်စွာစည်ကားသိုက်မြိုက်သည်ကို ပြောစရာမလိုပေ။

နန်းမြို့တော်ထဲတွင် သိုင်းသမားများစွာရှိကြသော်လည်း သိုင်းပညာအသုံးပြု၍တိုက်ခိုက်ခြင်းကို တားမြစ်ထားသောကြောင့် မည်သူမှအတင့်ရဲ၍တိုက်ခိုက်ခြင်းမပြုဝံ့ပေ ။

အကယ်၍ တားမြစ်ချက်အား ဖောက်ဖျက်သူတစ်စုံတစ်ရာရှိပါကလည်း မြို့စောင့်တပ်သားများ၏ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံရကာအကျဉ်းထောင်ထဲတွင် အချိန်အတော်များများနေရမည်ဖြစ်သည်။

ထို့ကြောင့်နန်းမြို့တော်မှာ အခြားမြို့ကြီးများနှင့်မတူဘဲ ထူးထူးခြားခြားအေးချမ်းနေသည့်မြို့ဖြစ်သည်။

မြို့အစွန်ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင်

လွန်ခဲ့သည့်နှစ်များက ခမ်းနားခဲ့ဟန်တူသည့်စံအိမ်ကြီးမှာ ယခုအချိန်တွင် ယိုယွင်းပျက်စီးနေပြီဖြစ်သည်။

စံအိမ်၏နေရာအတော်များများတွင်အပျက်အစီးများစွာရှိကာ ပြုပြင်ခြင်းလည်းမရှိသဖြင့် လးသူမနေသည့်အိမ်အိုကြီးနှင့်တူလှသည် ။

သို့သော် ထိုစံအိမ်တွင် သက်ရှိလူသားနှစ်ဦးနေထိုင်သည် ။ သို့သော် စံအိမ်ခြံဝန်းကြီးမှာ အတော်ကျယ်ဝန်းလှသည်။

ထိုစံအိမ်အား ငွေကြေးတတ်နိုင်သည့်လူအချို့မှ လာရောက်ဝယ်ယူသော်လည်း ပိုင်ရှင်အဖိုးကြီးမှ ခေါင်းမာစွာဖြင့်ငြင်းဆန်ကာ ပေကပ်နေခဲ့သည်။

ပိုင်ရှင်အဖိုးကြီးကိုမူ နန်းမြို့တော်အတွင်းရှိလူအတော်များများသိကြကာ ပုံပြောသည့် အဖိုးယွမ်ဆိုလျှင် နန်းမြို့တော်တွင်သာမက သိုင်းလောကသားများပါသိကြသည် ။

အဖိုးယွမ်နှင့်အတူနေထိုင်သူမှာ သူမွေးစားထားသည့်ကောင်လေးတစ်ယောင်ဖြစ်သည်။

ခြံဝန်းအနောက်ဘက်တွင်

“ အဖိုးလေး ကျွန်တော်ဘယ်အချိန်အထိရပ်နေရဦးမှာလဲ “

အသက်ငါးနှစ်အရွယ်ကလေးငယ်တစ်ယောက်မှာ ရှုံ့မဲ့နေသည့်မျက်နှာဖြင့်အော်ဟစ်လိုက်သည်။

ထိုကလေးငယ်မှာ မြင်းထိုင်ပုံစံဖြင့်ထိုင်နေခြင်းဖြစ်ပြီး သူ၏လက်နှစ်ဘက်ပေါ်တွင် ရေအပြည့်ထည့်ထားသည့်ပန်းကန်လုံးသုံးလုံးစီ ၊ ခေါင်းပေါ်တွင်တစ်လုံးနှင့် ပေါင်ပေါ်တွင်တစ်လုံးစီတင်ထားသည်။

သူနှင့်မနီးမဝေးရှိသစ်ပ်ုရိပ်အောက်တွင် အသက်ခြောက်ဆယ်အရွယ်ဝတ်စုံစိမ်းနှင့်အဖိုးအိုတစ်ယောက်မှာ ဆေးတံအား ရှိုက်ဖွာ၍ ပက်လက်ကုလားထိုင်ပေါ်တွင်ဇိမ်ယူနေသည်။

သို့သော် သူ၏မှိန်းနေသည့်မျက်လုံးမှာ ကလေးငယ်၏အသံကြောင့်ဖျက်ခနဲပွင့်သွားကာ ပြန်အော်လိုက်သည်။

“ မင်းကိုပြစ်ဒဏ်ပေးထားတာလေ တစ်နာရီအထိပဲ ဒီလိုဆက်နေ “

ထို့နောက် အဖိုးအိုမှာ ပြန်၍မှိန်းနေလိုက်သည်။ ကလေးငယ်မှာမူ ကူကယ်ရာမဲ့နေသည့်မျက်နှာဖြင့်ရှိနေသည်။

မနက်က သူသိုင်းပညာလေ့ကျင့်ရန်ပျက်ကွက်သဖြင့် အဖိုးအိုမှဒဏ်ပေးထားခြင်းဖြစ်သည်။

အဖိုးယွမ်မှာ ပုံမှန်အချိန်များတွင် သဘောကောင်းသည့်အဖိုးအိုတစ်ဦးဖြစ်သော်လည်း သူ့ကိုသိုင်းပညာသင်ကြားရာတွင်တော့ကြပ်ကြပ်မက်မက်ရှိလှသည်။

သူနှင့်အဖိုးယွမ်တို့မှာ သူငယ်စဉ်ထဲက အိမ်နီးနားချင်းများဖြစ်ကာ သူ၏မိခင်သေဆုံးသွားပြီးသည့်နောက်တွင် အဖိုးယွမ်မှမွေးစားခဲ့ခြင်းဖြစ်သည် ။

ထိုအချိန်မှစ၍ သူ့ကိုအတွင်းအားကျင့်စဉ်တစ်ခုနှင့် အခြေခံသိုင်းပညာများကိုပါသင်ကြားပေးခဲ့သည်။

သိုင်းပညာသင်ကြားခဲ့သည်မှာ ငါးလသာရှိသေးသော်လည်း တစ်ခါမြင်ရုံနှင့်အလွယ်တကူမှတ်မိနိုင်သောသူ၏မှတ်ဉာဏ်ကြောင့် အခြေခံသိုင်းပညာကို ကျေကျေညပ်ညပ်တတ်ကျွမ်းခဲ့သည်။

သို့သော် ယနေ့မနက် နန်းမြို့တော်အတွင်းသို့သွားရောင်နေသဖြင့် သိုင်းပညာလေ့ကျင့်ရန်ပျက်ကွက်ခဲ့သောကြောင့် ယခုလိုဒဏ်ပေးခံရခြင်းဖြစ်သည် ။

ကလေးငယ်မှာ အတွင်းအားလေ့ကျင့်သည်မှာငါးလရှိ၍ သာမန်လူများထက်သာလွန်သော်လည်း ယခုလို မြင်းထိုင်ပုံစံဖြင့်သုံးနညရီဒဏ်ပေးခံရသည်မှာ မလွယ်ကူလှပေ။

သူ၏ကိုယ်ပေါ်တွက်လည်း ရေအပြည့်ဖြည့်ထားသောခွက်များတင်ထားသေးရာ ခွက်မျပြုတ်ကျလျှင် သို့မဟုတ်ရေများဖိတ်စင်လျှင် အစမှပြန်၍လုပ်ဆောင်ရမည်ဖြစ်သည်။

ထို့အတွက်ကြောင့်လည်း သူဤမျှသတိထားနေရခြင်းဖြစ်သည်။

ကလေးငယ်မှာ စိတ်ထဲတွင်မကျေမနပ်တွေးတောကာ ဇိမ်ယူကာမှိန်းနေသည်အဖိုးယွမ်အားကြည့်လိုက်သည်။

အဖိုးယွမ်မှာ ပြောသည့်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုသောကြောင့် သိုင်းလောကမှအကြောင်းအရာများကိုပါ နှံ့နှံ့စပ်စပ်သိထားသည် ။

သူလည်းအဖိုးယွမ်ပြောသည့်ပုံပြင်များထဲမှ သူရဲကောင်းများကဲ့သို့ဖြစ်ချင်မိသည်။ ထို့ကြောင့်လည်း အဖိုးယွမ်သင်ကြားပေးသည့် သိုင်းပညာကို လေ့ကျင့်နေခြင်းဖြစ်သည်။

သူ၏ပင်ကိုပျင်းရိသည့်စိတ်ဖြင့်ဆိုလျှင် အပင်ပန်းခံ၍လေ့ကျင့်နေမည်မဟုတ်ပေ။

ထို့အပြင် အဖိုးယွမ်ကိုလည်း သူပြောပြသည့်ဇာတ်လမ်းများထဲကလို လူထူးလူဆန်းဟုသူထင်မိသည်။

အကြောင်းမှာ အဖိုးယွမ်သိုင်းပညာတတ်မြောက်သည်ကို မည်သူမှမသိကြဘဲ သူတစ်ဦးနည်းသာသိရှိခြင်းဖြစ်သည်။ ထို့အတူ အဖိုးယွမ်မှလည်း သူသင်ကြား‌ပေးသည့်သိုင်းပညာကို ထုတ်ဖော်အသုံးပြုခြင်းအားတားမြစ်ထားသည်။

ထို့ကြောင့် ကလေးငယ်၏စိတ်ထဲတွင် အဖိုးယွမ်မှာ ပို၍လျှို့ဝှက်ဆန်းကြယ်လာသည်။

အခြားလူများမှအဖိုးယွမ်၏အကြောင်းနှင့်ပတ်သတ်၍များစွာမသိကြသော်လည်း သူကမူ အဖိုးယွမ်မှာ ထက်မြက်သည့်သိုင်းပညာရှင်တစ်ယောက်ဖြစ်မှန်းသူသိသည် ။

ထိုအကြောင်းကြောင့်လည်း သူဒုက္ခခံကာ သိုင်းပညာသင်ကြားနေရခြင်းဖြစိသည်။

ကလေးငယ်မှာ တစ်ရက်တွင် အဖိုးယွမ်၏ပုံပြင်များထဲကလို သိုင်းလောကတွင်လှည့်လည်သွားလာကာ မကောင်းသူပယ်ကောင်းသူကယ်သည့် လူစွမ်းကောင်းတစ်ဦးဖြစ်ချင်မိသည်။

သူစိတ်ကူးယဉ်၍ကောင်းနေစဉ် ဒူးပေါ်တွက်တင်ထားသည့်ပန်းကန်ပြုကျကာကွဲသွားခြင်းကြောသ့် သတိဝင်လာကာ မျက်နှာရှုံ့မဲ့သွားသည် ။

ထို့နောက် နောက်ထပ်ပန်းကန်တစ်ခုယူ၍ ရေဖြည့်ကာ ဆက်လက်ထိုင်နေသည်။

အဖိုးယွမ်မှာ ကလေးငယ်ထင်သလို မှိန်းနေခြင်းမဟုတ်ပေ ။ မျက်မှောင်ကြုတ်ကာတစ်စုံတစ်ရာစဉ်းစားနေခြင်းဖြစ်သည်။

ထိုနောက်အဖိုးယွမ်မှာ ဦးခေါင်းအားခါယမ်းကာစိတ်ပျက်လက်ပျက်ဖြင့်သက်ပြင်းချလိုက်သည်။

“ တော်တော်ရူးတဲ့လူတွေ နေလသိုင်းကျမ်းကငါ့ဆီမှာရှိနေတာကို ပြီးတော့ ငါကသေမှမသေသေးဘဲနဲ့ “

သူ၏တီးတိုးရေရွတ်သံကိုတော့ မည်သူမှမကြားပေ ။

All Chapters