← Chapters

ထူးဆန်းသည့် အတွင်းဒဏ်ရာ

Vol. 1 Ch. 73

ထူးဆန်းသည့် အတွင်းဒဏ်ရာ

Vol. 1 Ch. 73

ဝင်္ကပါတောအုပ် ဓားစံအိမ်

ယနေ့တွင် ဓားစံအိမ်မှလူများမှာ လှုပ်လှုပ်ရွရွဖြစ်နေကြသည်။

အကြောင်းမှာ သိုင်းလောကထဲသို့အတွေ့အကြုံရရန်ဆင်းသွားသည့် စံအိမ်သခင်၏တပည့်ကြီးရှောင်ကျန်းမင်မှာ သတိလစ်မေ့မျော၍ တောအုပ်ထဲသို့ရောက်လာသောကြောင့်ဖြစ်သည်။

သူ၏ခန္တာကိုယ်ထဲတွက်လည်း ထူးဆန်းသည့်အားလှိုင်းများမှ မွေနှောက်ဖျက်ဆီးနေကာ ယခုအချိန်အထိ သတိပြန်လည်မလာသေးပေ။

‌ဝင်္ကပါတောအုပ်အားစောင့်ကြပ်နေသည့် အကြီးအကဲသုံးမှ အချိန်မီတွေ့ရှိခဲ့၍သာတော်သေးသည်။

သို့မဟုတ်ပါက ရှောင်ကျန်းမင်မှာ တောအုပ်ထဲတွင် သေဆုံးသွားနိုင်သည်။ မည်သို့ပင်ဖြစ်စေ ယခုလည်း ရှောင်ကျန်းမင်မှာ ပြင်းထန်လှသည့်အတွင်းဒဏ်ရာရရှိနေသည်။

ဓားစံအိမ်အတွင်း အခန်းငယ်တစ်ခုထဲတွင်

ရှောင်ကျန်းမင်မှာ အိပ်ယာပေါ်တွင် သတိလစ်နေသည်။

သူ၏မျက်နှာမှာ အနည်းငယ်အညိုရောင်သမ်းလျက်ရှိကာ ယခုဆိုလျှင် အနက်ရောင်ဘက်သို့ပြောင်းလုလုပင်ရှိနေသည်။

သူ၏ဘေးတွင် အသက်နှစ်ဆယ့်ငါးနှစ်အရွယ်လူငယ်တစ်ယောက်နှငိ့ အသက်နှစ်ဆယ်ကျော်မိန်းကလေးတစ်ယောက်တို့မှာ စိုးရိမ်ပူပန်နေသည့်မျက်နှာဖြင့်ရှိနေကြသည်။

ပုံမှန်အချိန်များတွင် တစ်ယောက်နှင့်တစ်ယောက်မတည့်သည့်ထိုနှစ်‌ယောက်မှာ ယခုအချိန်တွင်စိတ်တူကိုယ်တူဖြစ်နေကြသည်။

သူတို့၏စိတ်ထဲတွင်ရှိသည့်တစ်ခုတည်းသောအရာမှာ သူတို့အစ်ကိုကြီးပြန်လည်ကောင်းမွန်လာရန်သာဖြစ်သည်။

ထင်းရှောင်ယင်မှယ မျက်ရည်များရစ်ဝိုင်းနေကာ ရှောင်ကျန်းမင်၏လက်ကိုဆုပ်ကိုင်ထားသည်။ သူမအားထင်းရှီမှာ နှစ်သိမ့်ပေးနေရသည်။

သူမကိုနှစ်သိမ့်နေသော်လည်း ထင်းရှီကိုယ်တိုင်ပင် မျက်နှာမကောင်းပေ။ သူ့အစ်ကိုကြီးမှာ အခြေအနေလုံးဝမကောင်းပေ။

ဓားစံအိမ်နှင့်ဓားကျေးရွာတွင် သူ့ဆရာပြီးလျှင် ထင်းရှီကိုဂရုအစိုက်ဆုံးမှာ ရှောင်ကျန်းမင်ဖြစ်သည် ။ထို့ကြောင့် ထင်းရှီလည်း လွန်စွာပူပန်နေမိသည်။

အခန်းဝတွင် လူရိပ်နှစ်ရိပ်ပေါ်လာသည်။ ပထမလူမှာ အသက်ငါးဆယ်ကျော်အရွယ်ရှိကာ ဖျင်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားသည်။

ထိုလူ၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း မျက်ဝန်းထဲတွင် စိုးရိမ်သည့်အရိပ်အယောင်တစ်ချို့ရှိသည်။

သူ၏နောက်တွင် အဖြူရောင်ဝတ်စုံနှင့်အကြီးအကဲတစ်ယောက်လိုက်ပါလာသည်။

“ ဆရာ “

“ ဖေဖေ “

ထင်းရှီနှင့် ထင်းရှောင်ယင်တို့ဆီမှ ခေါ်သံများ ပြိုင်တူပေါ်ထွက်လာသည်။ စံအိမ်သခင်ထင်းချီယင်မှာ အခန်းတွင်းသို့ဖြေးညင်းစွာဝင်လာသည်။

“ ဖေဖေ ဦးလေးခုနစ် အစ်ကိုကြီးကိုကယ်ပေးပါ “

ထင်းရှောင်ယင်မှ ရှိုက်သံသဲ့သဲ့ဖြင့်ပြောလိုက်သည်။ ထင်းချီယင်မှ စကားပြန်မပြောပေ။ သူ၏မျက်နှာမှာ လေးနက်နေသည်။

ထို့နောက် ကုတင်ပေါ်တွင် သတိလစ်နေသည့်ရှောင်ကျန်းမင်အား တစ်ချက်ကြည့်လိုက်ကာသွေးကြောများကိုစမ်းသပ်လိုက်သည် ။

ထင်းချီယင်မှာ စမ်းသပ်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူ့နောက်ရှိ အကြီးအကဲခုနစ်မှာ ရှောင်ကျန်းမင်အားလာရောက်စမ်းသပ်လိုက်သည်။

ထင်းရှောင်ယင်နှင်ပ ထင်းရှီမှာ အသက်ပင်မရှူဝံ့ကြပေ။ ဝတ်စုံဖြူဝတ်အကြီးအကဲခုနစ်ကို စူးစိုက်ကြည့်နေကြသည်။

အကြီးအကဲခုနစ်မှာ ဓားစံအိမ်နှင့်ဓားကျေးရွာတွင်ဆေးပညာအကျွမ်းကျင်ဆုံးလူဖြစ်သည်။ ထို့ကြောင့် သူ၏အဖြေကို လူများမှာ မျှော်လင့်တကြီးစောင့်ဆိုင်းနေကြသည်။

အတန်ကြာပြီးနောက် အကြီးအကဲခုနစ်၏မျက်နှာထက်တွင် စိတ်ရှူပ်ထွေးမှုများပေါ်ပေါက်လာသည်။

သူ၏မျက်နှာအမူအယာကိုကြည့်ကာ ထင်းရှီနှင့်ထင်းရှောင်ယင်တို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

“ မဟုတ်ဘူး သူ့ရဲ့အခြေအနေကထူးဆန်းနေတယ် ။။အဆိပ်တစ်စုံတစ်ရာမိနေတာလဲမဟုတ်ဘူး ။ ဒါပေမယ်ပ သူ့ရဲ့ကိုယ်တွင်းမှာ မကောင်းတဲ့အတွင်းအားတွေရှိနေတယ် ။

အဲဒီအတွင်းအားတွေက သူ့ကိုဖျက်ဆီးပစ်နေတာ ။ အချိန်မီမတားဆီးနိုင်ရင် သူ့ရဲ့အသက်ကို ကယ်တင်နိုင်မှာမဟုတ်ဘူး “

အကြီးအကဲခုနစ်မှ ဦးခေါင်းအားခါယမ်းကာ စိတ်မကောင်းဟန်ဖြင့်ပြောလိုက်သည်။

သူ၏စကားကြောင့် ထင်းရှီနှင့်ထင်းရှောင်ယင်မှာမျက်နှာအကြီးအကျယ်ပျက်သွားကြသည်။

“ သု့ရဲ့အတွင်းအားတွေကိုဖျက်ဆီးပစ်ရင်အသက်ရှင်နိုင်လား “

ထင်းချီယင်မှ အနည်းငယ်စဉ်းစားကာမေးလိုက်သည်။

ရှောင်ကျန်းမင်၏ကိုယ်တွင်းမှပြဿနာမှာမကောင်းသည့်အတွင်းအားများကြောင့်ဖြစ်နေခြင်းဖြစ်ကာ အတွင်းအားများကိုသာဖျက်ဆီးလိုက်ပါက သိုင်းပညာပျက်စီးသွားသော်လည်း အသက်ရှင်နိုင်ပေမည်။

သို့သော် အကြီးအကဲခုနစ်မှခေါင်းယမ်းလိုက်သည်။

“ မရဘူး အဲလိုလုပ်လိုက်ရင် သူ့ရဲ့ကိုယ်ပိုင်အတွင်းအားတွေပျက်စီးကုန်တာပဲရှိမယ် ။ ပြီးတော့ အဲဒီနည်းလမ်းက သူ့ကိုကယ်နိုင်မကယ်နိုင်ဆိုတာမသေချာဘူး ပြီးတော့ အဆိုးဘက်ကိုရောက်ဖို့များတယ် “

အကြီးအကဲခုနစ်၏ရှင်းပြမှုကြောင့် သူတို့အားလုံးတိတ်ဆိတ်သွားသည်။

“ အီးး အစ်ကိုကြီးကိုကယ်လို့မရတော့ဘူးလား ထင်းရှီ နင်ကကိစ္စတွေအတော်များများသိတယ်လေ နင်အစ်ကိုကြီးကိုကယ်ပေး “

ထင်းရှောင်ယင်မှ ထင်းရှီ၏အင်္ကျီစအားဆွဲကိုင်ကာ

အော်ဟစ်လိုက်သည်။ တစ်ဆက်တည်း ကလေးတစ်ယောက်လိုပါငိုယိုလိုက်သည်။

သူမအား မည်သူမှဟန့်တားခြင်းမရှိကြပေ။ အခန်းတွင်းရှိလူအားလုံးလည်း မျက်နှာမသာမယာဖြစ်နေကြသည်။

ထင်းရှီမှာ သူမအားတုံ့ပြန်ပြောဆိူခြင်းမရှိဘဲ ငိုင်တွေနေမိသည်။ သူသာရှောင်ကျန်းမင်ကိုကယ်တင်နိုင်ပါက အစောပိုင်းထဲက ကယ်တင်ပြီးဖြစ်ပေမည်။

ထင်း‌ချီယင်မှာ အတန်ကြာမျက်မှောင်ကြုတ်လိုက်ပြီးနောက် တစ်စုံတစ်ရာစဥ်းစားရသွားသလို သူ၏မျက်နှာလှုပ်ရှားသွားသည် ။

“ ထင်းရှီ သိုးထိန်းကြီးကိုသွားခေါ်လာခဲ့ ။ တကယ်လို့ သူလိုက်လိုတဲ့စိတ်မရှိရင်တော့အတင်းအကြပ်မခေါ်လာနဲ့ “

သူ၏စကားကြောင့် အခန်းထဲရှိလူများမှာ အံ့အားသင့်သွားကြသည်။

ဓားစံအိမ်တွင်ဆေးပညာအတော်ဆုံးဖြစ်သည့် အကြီးအကဲခုနစ်ပင်မတတ်နိုင်သည့်အရာကို အမြဲလိုလိုငိုက်မျဉ်းနေသည့်သိုးထိမ်းကြီးမှ မည်သို့ဖြေရှင်းနိုင်မည်နည်း ။

သို့သော် ထင်းချီယင်၏စကားကို ကန့်ကွက်သူမရှိပေ။

မည်သို့ပင်ဖြစ်စေ သိုးထိန်းကြီးမှာ ဓားစံအိမ်သို့ ဆန်းကြယ်စွာရောက်ရှိလာသူဖြစ်သည်။ ထို့ကြောင့် စံအိမ်သခင်က ခေါ်ဆောင်ခိုင်းခြင်းဖြစ်ရမည်ဟု တွေးလိုက်ကြသည်။

ထင်းရှီမှာ ဆက်ခနဲဖြစ်သွားကာ ခန္တာကိုယ်တစ်ချက်တုန်သွားသည်။ ထို့နောက် သူ့အားထုရိုက်နေသည်ပ ထင်းရှောင်ယင်အား အယာဖယ်ကာ အခန်းတွင်းမှပြေးထွက်သွားလိုက်သည်။

အခြားလူများမသိသော်လည်း သိုးထိမ်းကြီး၏အစွမ်းကို သူကောင်းကောင်းသိသည် ။ထို့ကြောင့်သူ့အစ်ကိုကြီးအား ကယ်တင်နိုင်စွမ်းရှိမည်ဟု သူယုံကြည်သည်။

အစောပိုင်းကသူစိုးရိမ်စိတ်ဖြင့် ထုပူနေ၍ ထိူအချက်အား မစဉ်းစားမိခြင်းဖြစ်သည်။ ယခု သူ၏အစွမ်းအစများကို ထိမ်ချန်မထားဘဲ ကိုယ်ဖော့ပညာကိုအစွမ်းကုန်အသုံးပြု၍ ပြေးထွက်သွားလိုက်သည်။

လေပြင်းတစ်ချက်တိုက်သွားပြီးနောက် ထင်းရှီ၏ခန္တာကိုယ်မှာ ပျောက်ကွယ်သွားသည် ။ အကြီးအကဲခုနစ်မှာ ဤအဖြစ်ကိုကြည့်ကာ အံ့အားသင့်သွသည်။

ယခု ထင်းရှီသုံးသွားသည့်ကိုယ်ဖော့ပညာမှာအဆင့်မြင့်လှသည်။ ဓားစံအိမ်၏အကြီးအကဲဆယ့်နှစ်ယောက်ထဲတွင်ပါဝင်သောသူ့ထက်ပင် ပို၍ကောင်းမွန်နိုင်သည်။

အချိန်တခဏအတွင်း ထင်းရှီမှာ ပြန်လည်ရောက်ရှိလာသည် ။ သူနှင့်အတူ မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုတစ်ယောက်ပါလာသည်။

အကြီးအကဲခုနစ်မှာ ထင်းရှီအား ပို၍အံ့အားသင့်သွားသည် ။သိုးထိန်းကြီး၏နေအိမ်မှာ ဓားကျေးရွာအစွန်တွင်ရှိကာ သူကိုယ်တိုင်သွားလျှင်ပင် အသွားအပြန် အချိန်အနည်းငယ်ပေးရပေမည်။

ထို့အတူ ထင်းရှီနှင့်အတူပါလာသည့် သိုးထိန်ူကြီး၏ကိုယ်ဖော့ပညာကိုလည်းအံ့အားသင့်သွားသည်။

သိုးထိန်းကြီးမှာ ဓားစံအိမ်သို့အောင်မြင်စွာရောက်ရှိလာသည့် ပထမဦးဆုံးလူဖြစ်သည့်အတွက် သူတို့မြင်တွေ့ရသလောက်ရိုးရှင်းပုံမရပေ။

ယခု ထင်းရှီ၏ကြာချိန်မှာ အသက်ရှူချိန်ငါးဆယ်ပင်မပြည့်ပေ။ အမှန်မှာ ထင်းရှီမှ ‌သိုးထိန်းကြီးအား အကျိူးအကြောင်းအနည်းငယ်သာရှင်းပြကာခေါ်ဆောင်လာခြင်းဖြစ်သည်။

သိုးထိန်းကြီးမှာလည်း ထင်းရှီ၏အမူအာာကိုကြည့်ကာများစွာမေးမြန်းမနေတော့ဘဒ ချက်ခြင်းလိုက်လာခြင်းဖြစ်သည်။

သို့သော် ရှောင်ကျန်းမင်၏ပုံစံကိုမြင်သည်နှင့်ဘသူ၏ခန္တာကိုယ်လှုပ်ရှားသွားကာ မျက်နှာအနည်းငယ်ပျက်သွားသည်။

“ သူက သိုင်းလောကထဲကနေဒီဒဏ်ရာကိုရလာတာလား “

သိုးထိန်းကြီးမှ ထင်းချီယင်အားမေးလိုက်သည်။ ထင်းချီယင်လည်း ဒဏ်ရာအကြောင်းကို များစွာမသိသော်လည်း သိုင်းလောကအတင်းသို့ဆင်းရာမှဖြစ်လာသဖြင့် ခေါင်းညိမ့်ပြလိုက်သည်။

သိုးထိန်းကြီးမှာ တစ်စုံတစ်ရာ ဆက်၍မမေးတော့ပေ။ သူ၏ပုံစံမှာ အံ့သြနေပုံရသည်။ထို့နောက် အခန်းထဲမှလူများအားဝေ့ကြည်ကာ အလျှင်အမြန်ပြောလိုက်သည်။

“ အခုသူ့ကိုကျုပ်ကယ်တင်ပေးမယ်။ သူ့ရဲ့အသက်ကိုတော့ အာမခံနိုင်ပါတယ်။ ။ဒါပေမယ့် မင်းတို့အကုန်လုံးအခန်းထဲကထွက်သွားပေးရမယ် “

သိုးထိန်းကြီး၏စကားကိုမည်သူမှပြန်မဖြေပေ။ ထင်းချီယင်ကိုသာ ကြည့်လိုက်ကြသည် ။ နောက်ဆုံးအဆုံးအဖြတ်ပေးရမည့်လူမှ စံအိမ်သခင်ဖြစ်သည်။

ထို့နောက် ထင်းချီယင်မှ ဦးစွာထွက်သွားသောကြောင့် ကျန်လူများလည်း အခန်းထဲမှ ထသွားလိုက်ကြသည်။

All Chapters