အသက်မသေသော်လည်း
Vol. 1 Ch. 74
“ ထင်းရှီ သိုးထိန်းကြီးက အစ်ကိုကြီးကိုကယ်နိုင်ပါ့မလား “
အပြင်ဘက်တွင် ထင်းရှောင်ယင်မှာ စိုးရိမ်ထိတ်လန့်နေသည့်မျက်လုံးဝိုင်းလေးများဖြင့် ထင်းရှီအားမော့ကြည့်ကာ အားကိုးတကြီးမေးလိုက်သည်။။
“ သူကယ်တင်နိုင်သည်ဖြစ်စေ မကယ်တင်နိုင်သည်ဖြစ်စေ ငါတို့ကလက်ခံရမယ်။ ငါတို့ဓားစံအိမ်ရဲ့တပည့်တွေက သိုင်းလောကထဲကိုဆင်းရင်းနဲ့ သေဆုံးသွားကြတဲ့လူတွေအများကြီးရှိတယ် “
ဘေးတွင်ငြိမ်သက်စွာရပ်နေသည့် ထင်းချီယင်မှ ဝင်ရောက်ပြောဆိုလိုက်သည်။
သူ၏မျက်နှာမှာ တည်ငြိမ်နေသည်။ ရှောင်ကျန်းမင်အသက်ရှင်မည်မရှင်မည်မသေချာသေးသော်လည်း တည်ငြိမ်နေသည်။
သို့သော် အပြင်ပန်းအားဖြင့်မည်မျှတည်ငြိမ်စေကာမူ သူ၏မျက်ဝန်းခဲတွင်ကား စိုးရိမ်သည့်အရိပ်အငွေ့တစ်ချို့ရှိနေမည်။
ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ်ဟု ပြော၍ရသော်လည်းရှောင်ကျန်းမင်မှာ သူ၏တပည့်ဖြစ်သဖြင့် အနည်းနှင့်အများတော့ စိုးရိမ်ပူပန်ပေသည်။
ထင်းရှောင်ယင်မှာ သူမဖခင်၏စကားကြေညင့်တိတ်ဆိတ်သွားသော်လည်း ထင်းရှီအား ကြည့်နေသည် ။
“ ဘာမှစိတ်မပူနဲ့ သိုးထိန်းကြီးကအစ်ကိုကြီးကို သေချာပေါက်ကယ်နိုင်မှာ “
ထင်းရှီ၏စကားလုံးများမှာ ခိုင်မာသည်။ သူ၏မျက်နှာတွင်လည်း တည်ကြည်သည့်ပုံစံဖြစ်သည်။
ယခုလို သေချာပေါက်ယုံကြည်နေသည့်အတွက် သူ့ကိုယ်သူလည်း အနည်းငယ်အံ့အားသင့်မိသည်။
အချိန်အတော်ကြာပြီးနောက် အခန်းတံခါးပေါက်မှာပွင့်ဟလာသည်။ အပြင်ဘက်မှလူများမှာ တံခါးအားစိုက်ကြည်ြလိုက်ကြသည်။
သိုးထိန်းကြီးမှာ တည်ငြိမ်နေသည့်မျက်နှာဖြင့်ထွက်လာကာ သူ့အားဝိုင်းဝန်းကြည့်ရှုနေကြသည့် အပြင်ဘက်မှလူများအား မျက်နှာချင်းဆိုင်လိုက်သည်။
“ သိုးထိန်းကြီး ကောင်လေးရဲ့အခြေအနေဘယ်လိုရှိလဲ “
ထင်းချီယင်မှ မေးလိုက်သည်။ သိုးထိန်းကြီးမှသူ၏မေးခွန်းအားခေါင်းညိမ့်ကာပြန်ဖြေလိုက်သည်။
“ သူ့ရဲ့ခန္တာက်ိုယ်ထဲက မကောင်းတဲ့အတွင်းအားတွေက မရှိတော့ဘူး ။ သူ့ရဲ့အသက်ကိုစိတ်ချလို့ရပြီ ။ ဒါပေမယ့် “
သိုးထိန်းကြီးမှ ရပ်တန့်သွားသည် ။ ထင်းရှောင်ယင်မှအားမလိုအားမကဖြင့် ဝင်ရောက်မေးမြန်းလိုက်သည်။
“ ဒါပေမယ့် ဘာဖြစ်လဲ “
“ ဒါပေမယ့် သူ့ရဲ့ ခြေထောက်တွေ လုံးဝလှုပ်ရှားနိုင်မှာမဟုတ်တော့ဘူး ။ ဒီအတိုင်းပဲတစ်သက်လုံးနေရတော့မှာ “
သိုးထိန်းကြီး၏စကားကြောင့် သူတို့အားလုံးအနည်းငယ်မျက်နှာပျက်သွားကြသည်။ သို့သော် အနည်းငယ်စဉ်းစားလိုက်ပြီး ပြန်၍ပြုံးလာကြသည်။
ခြေထောက်များမလှုပ်ရှားနိုင်လျှင်ပင်ဘာအရေးနည်း ။ သူ၏အသက်ကိုစိတ်ချရပြီဖြစ်သည့်အတွက် အဆိုးထဲမှအကောင်းဟုပြော၍ရသည်။
“ သိုးထိန်းကြီး ခင်ဗျားဘယ်လိုကုသလိုက်တာလဲ “
စကားနည်းသည့်အကြီးအကဲခုနစ်မှမေးလိုက်သည်။ သူကိုယ်တိုင်လည်း ဆေးပညာတွင်ထူးချွန်သည့်သမားတော်တစ်ယောက်ဖြစ်သည့်အတွက် ရှောင်ကျန်းမင်၏ခန္တာကိုယ်အတွင်းမှ ဆိုးရွားလှသည့်အခြေအနေအား ကောင်းစွာသိသည်။
ယခု သိုးထိန်းကြီးမှရှောင်ကျန်းမင်၏အသက်အားကယ်တင်နိုင်လိုက်ပြီဟုဆိုသဖြင့် သူသိချင်စိတ်အားထိမ်းမရဘဲမေးမြန်လိုက်ခြင်းဖြစ်သည်။
သိုးထိန်းကြီးမှ လေးနက်သည့်မျက်နှာဖြင့်ပြန်ဖြေလိုက်သည်။
“ ကောင်လေးရဲ့ခန္တာကိုယ်ထဲမှာ မကောင်းတဲ့အတွင်းအားတွေရှိနေတယ်။ အဲဒါက အဆိပ်အတွင်းအားတွေမဟုတ်ပေမယ့် သူ့ထက်ပိုပြီးဆိုးရွားတယ်။
အဆိပ်မိရင် ဖြေဆေးအမျိုးမျိုးနဲ့ကုသလို့ရပေမယ့်အခုအခြေအနေက ကုသဖို့အလွန်ခက်ခဲတယ် ။အခန့်မသင့်ရင် မြန်မြန်သေအောင်တွန်းအားပေးသလိုဖြစ်သွားနိုင်တယ် ။
မကောင်းတဲ့အတွင်းအားတွေက သူ့ရဲ့ခန္တာကိုယ်ထဲမှာရောနှောနေပြီးတော့ သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို ဖျက်ဆီးနေတာပဲ ။
သူကအတွင်းအားကောင်းတဲ့လူဖြစ်လို့ ဒီလောက်အထိခံနိုင်တာ ။။ပြီးတော့ အခုကောင်လေးကိုကယ်နိုင်တဲ့နောက်တစ်ချက်က သူကိုယ်တိုင်ကြောင့်ပဲ။
သူကသူ့ရဲ့ခန္တာကိုယ်ထဲက မကောင်းတဲ့အတွင်းအားအများစုကို သူ့ရဲ့ခြေထောက်တွေဆီမှာ စုပြီးပို့ဆောင်ထားတယ်။
ဒါကြောင့် သူ့ရဲ့ခန္တာကိုယ်ထဲက လက်ကျန်အနည်းငယ်ကို လွယ်လွယ်ကူကူနဲ့ထုတ်လို့ရတာ။
မကောင်းတဲ့အတွင်းအားအများစုက သူ့ရဲ့ခန္တာကိုယ်အောက်ပိုင်းကိုစုပြီးရောက်ရှိသွားတဲ့အတွက် သူတစ်သက်လုံးလမ်းပြန်မလျှောက်နိုင်တော့ဘဲ ဒုက္ခိတတစ်ယောက်ဖြစ်သွားမှာ “
သိုးထိန်းကြီးမှ ရှောင်ကျန်းမင်၏အခြေအနေအားရှင်းပြလိုက်သည်။ ။ထိုအခါမှ အကြီးအကဲခုနစ်မှာ ခေါင်တညိမ့်ညိမ့်ဖြင့် သဘောပေါက်သွားသည်။
သိုးထိန်းကြီးမှ ရှောင်ကျန်းမင်၏ခန္တာကိုယ်ထဲမှအတွင်းအားလက်ကျန်များကိုမည်သည့်နည်းလမ်းဖြင့်ဖယ်ရှားခဲ့သည်ဆိုသည်ကိုတော့ သူမမေးခဲ့ပေ။
ဤသည်က သိုးထိန်းကြီး၏လျှို့ဝှက်ချက်ဖြစ်ကောင်းဖြစ်နိုင်သည်။
“ သိုးထိန်းကြီး ကျွန်တော်တို့ အစ်ကိုကြီးကိုသွားကြည့်လိုက်ရပြီလား “
ရှောင်ကျန်မင်မှ စိတ်အားထက်သန်သည့်အမူအယာဖြင့်မေးလိုက်သည်။ သူ၏စကားကိုသိုးထိန်းကြီးမှ လက်ခံလိုက်သည်။
“ သွားကြည့်လို့ရပါတယ်။ သူသတိရလာဖို့ကတော့ အချိန်နည်းနည်းစောင့်ရဦးမယ် ပြီးတော့ ငါကိုယ်တိုင်လည်း သူ့ကိုမေးစရာနည်းနည်းရှိသေးတယ် ။
ရှောင်ကျန်းမင်မှာ အပြင်ဘက်မှအလင်းရောင်များသူ၏မျက်စေ့အတွင်းသို့တိုးဝင်လာသဖြင့် မျက်စေ့အား ကမန်းကတန်းဖွင့်ကြည့်လိုက်သည်။
သူ၏မြင်ကွင်းထဲသို့ပထမဆုံးဝင်ရောက်လာသည်က အပေါ်မှ အဖြူရောင်မျက်နှာကျက်ဖြစ်သည်။ ထိုနေရာအား သူရင်းနှီးနေသည် ။
သူဝင်္ကပါတောအုပ်ဆီသို့ပြန်လာရာလမ်းတွင် သတိလစ်မေ့မြောသွားခဲ့သည်ကို သူရှင်းလင်းစွာမှတ်မိနေသည်။
ယခု သူ၏ကျောအောင်မှ နူးညံ့သည့်အထိအတွေ့ကြောင့် အိပ်ယာတစ်ခုပေါ်သို့ ရောက်ရှိနေမှန်းသိလိုက်သည်။
ထို့နောက် သူအိပ်နေရာမှထကြည့်လိုက်သည်။ သို့သော် ထ၍မရပေ ။ သူ၏ခန္တာကိုယ်တစ်ခုလုံး အားအင်များလျော့နည်းနေသည်။
ထို့နောက် အိပ်ယာဘေးတွက်လက်ထောက်ပြီးမှ ထနိုင်သွားသည်။ ထို့နောက် ဘေးပတ်လည်အား အလျှင်အမြန်ကြည့်လိုက်သည်။ သူမည်သည့်နေရာသို့ရောက်နေသနည်း။
သူနောက်ထပ်မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ရှောင်ကျန်းမင်မှာ မျက်စေ့များပြူးကျယ်သွားသည် ။
သူ၏ဆရာ ၊ ညီလေးထင်းရှီ ၊ညီမလေးထင်းရှောင်ယင်နှင့် အခြားလူနှစ်ယောက်တို့မှ သူ့အားစိုးရိမ်တကြီးဖြင့် စူးစိုက်ကြည့်နေသည်။
ရှောင်ကျန်းမင်မှာ သူ၏အမြင်အာရုံများမှားယွင်းနေသည်ဟုထင်မိကာ မျက်စေ့အားပွတ်သတ်ကြည့်လိုက်သည်။ သို့သော် ထိုမြင်ကွင်းမှာ မပြောင်းလဲသွားပေ။
“ အီးး အစ်ကိုကြီး “
ထင်းရှောင်ယင်မှ ဦးစွာပြေးကာ ရှောင်ကျန်းမင်အားဖတ်လျက်ငိုလိုက်သည်။ ထင်းရှီလည်း ဘေးမှရပ်ကာ ပြုံးလျက်ကြည့်နေသည်။ သူ၏မျက်လုံးထဲတွင်လည်း မျက်ရည်အနည်းငယ်ရှိသည်။
“ ဟမ် ဘယ်လို “
ရှောင်ကျန်းမင်မှာ လွန်စွာအံ့ဩသွားကာ ထင်းရှောင်ယင်၏ခန္တာကိုယ်လေးအားခွာလိုက်သည် ။ သူအိပ်မက်မက်နေခြင်းမဟုတ်ပေ ။
“ ကျန်းမင် မင်းဘယ်လိုခံစားရသေးလဲ “
ထင်းချီယင်မှ သူ့တပည့်အားမေးလိုက်သည် ။။သူ၏မျက်နှာမှာ ပုံမှန်အတိုင်းဖြစ်သော်လည်း သူ၏လေသံမှာ နွေးထွေးနေသည်။
“ ကျွန်တော်ပြန်ကောင်းသွားပြီဆရာ “
ရှောင်ကျန်းမင်မှ သူ၏ခန္တာကိုယ်အား ပြန်၍စစ်ဆေးကြည့်ကာ ဝမ်းသာအရပြောလိုက်သည်။
သူဝမ်းတ၏လက်ဝါးချက်ကြောင့် သေလုနီးနီးဖြစ်ခဲ့ကာ ယခု ပြန်၍ကောင်းမွန်နေသည် ။ သို့သော် သူ၏ခြေထောက်များအားသတိပြုမိသွားကာ သူ၏အပြုံးမှာရပ်တန့်သွားသည်။
ပါးနပ်သည့်ထင်းရှီမှာ ထိုအချက်အားအလျှင်အမြန်ရပ်မိလိုက်သည်။ ထို့ကြောင့် ရှောင်ကျန်းမင်အားအပြုံးလျက်ပြောလိုက်သည်။
“ အစ်ကိုကြီးရဲ့ခြေထောက်တွေက အလျှင်အမြန်ပြန်ကောင်းလာမှာမဟုတ်သေးဘူး ။ ဒါပေမယ့် အချိန်တစ်ခုကိုရောက်ရင် တဖြေးဖြေးပြန်ပြီးကောင်းသွားမှာပါ “
ထင်းရှီမှ ရှောင်ကျန်းမင်အား အားမလျော့လိုသည့်အတွက်လိမ်ညာပြောလိုက်သည်။
ကျန်လူများမှာ တစ်ခွန်းမှဝင်မပြောကြဘဲ ခေါင်းညိမ့်လိုက်ကြသည်။ တစ်ခါတစ်ရံတွင် အဖြူရောင်မုသားများမှာ အပြစ်မဖြစ်စေပေ။
သို့သော်ရှောင်ကျန်းမင်မှ ဝမ်းနည်းခြင်းမရှိပေ။ သူအမြဲပြုံးနေကြဖြစ်သည့် နွေးထွေးသည့်အပြုံးတစ်ခုဖြင့်ပြောလိုက်သည် ။
“ ကျွန်တော့်ရဲ့ခြေထောက်တွေပြန်မကောင်းရင်လဲ ကျွန်တော်ဝမ်းမနည်းပါဘူး။ ဆရာနဲ့ညီလေးညီမလေးတို့ကို မတွေ့ရတော့ဘူးလို့ထင်ထားတာ ။အခု ပြန်တွေ့ခွင့်ရတော့ ကျွန်တော်ဝမ်းသာပါတယ် “
ရှောင်ကျန်းမင်၏စကားကြောင့် အားလုံးစိတ်မကောင်းဖြစ်သွားကြသည်။ ထင်းချီယင်မှ သူ၏တပည့်အား စိတ်မကောင်းသည့်အကြည့်ဖြင့်ကြည့်ကာမေးလိုက်သည် ။
“ မင်းတောအုပ်ထဲမှာလဲကျနေတာကို အကြီးအကဲသုံးကအချိန်မီတွေ့လို့ မင်းအသက်ရှင်ခဲ့တာ ပြီးတော့ မင်းအဲဒီအတွင်းဒဏ်ရာက ဘယါလိုရလာတာလဲ “
သူ၏မေးခွန်းကြောင့် လူများတိတ်ဆိတ်သွားကြသည်။ သူတို့လည်း ထိုဆန်းကြယ်သည့်အတွင်းဒဏ်ရာမှာ မည်သူ၏လက်ချက်ဖြစ်ကြောင်းသိလိုသည်။
ရှောင်ကျန်းမင်လည်း ထိုအကြောင်းအားပြန်တွေးကာ မငိမသာပြုံးလိုက်မိသည် ။ ထို့နောက် နေလသိုင်းကျမ်းအကြောင်း ဝမ်းတုနှင့်တိုက်ခိုက်ခဲ့ပုံ ၊ နှစ်ယောက်တစ်ယောက် ဝိုင်းဝန်းတိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပုံတို့အား ပြန်၍ပြောပြလိုက်သည်။