← Chapters

အတွင်းအား စုပ်သိုင်း

Vol. 1 Ch. 75

အတွင်းအား စုပ်သိုင်း

Vol. 1 Ch. 75

ထင်းချီယင် ၊ သိုးထိန်းကြီး ၊ အကြီးအကဲခုနစ်၊ ထင်းရှီနှင့်ထင်းရှောင်ယင်တို့မှာ ရှောင်ကျန်းမင်ပြောခဲ့သည့်အဖြစ်အပျက်များကိုနားထောင်ပြီး အတွေးကိုယ်စီဖြင့်ငြိမ်သက်သွားကြသည်။

အကြောင်းစုံရှင်းပြပြီးနောက် ရှောင်ကျန်းမင်မှာ အနည်းငယ်မောဟိုက်သွားဟန်ဖြင်ပ ရပ်နားလိုက်သည်။

ထင်းချီယင်မှ တိတ်ဆိတ်နေသောအခြေအနေအားဖြိုခွဲလိုက်သည် ။

“ ကျန်းမင် မင်းနားတော့လေ တစ်ခုခုလိုအပ်ရင် ငါတို့ကိုခေါ်လိုက် “

ရှောင်ကျန်းမင်အားပြောလိုက်သည်။ ရှောင်ကျန်းမင်လည်း ထင်းချီယင်ကို အရိုအသေပေးလိုက်သည်။

ထို့နောက် သူတို့လူစုမှာ အခန်းတွင်းမှထွက်ခွာသွားလိုက်ကြသည်။ ထင်းချီယင်မှာ ပြောစရာတစ်စုံတစ်ခုရှိနေမှန်း သူတို့အားလုံး သိလိုက်ကြသည်။

“ ညီလေး မင်းခဏနေခဲ့ဦး “

ရှောင်ကျန်းမင်၏အသံကြောင့် ထင်းရှီ၏ခြေလှမ်းများရပ်တန့်သွားသည် ။ ထို့နောက် ထင်းချီယင်မှ ခေါင်းတစ်ချက်ညိမ့်ပြကာ ထွက်သွားလိုက်သည်။

ထင်းရှီလည်း သူ့အစ်ကိုကြီး၏အသံကြောင့် ကျန်နေခဲ့တော့သည်။ အခန်းထဲတွင် သူတို့နှစ်ဦးသာရှိသည်။

“ ညီလေး မင်းငါ့အတွက်လက်စားချေဖို့စဉ်းစားနေတာလား “

ရှောင်ကျန်းမင်မှ ထင်းရှီအားစိုက်ကြည့်ကာ မေးလိုက်သည်။

‌ထင်းရှီမှာ ပုံမှန်အချိန်များတွင် အေးဆေးတည်ငြိမ်သော်လည်း ယခုအခါ ရှောင်ကျန်းမင်နှင့်မျက်လုံးချင်းမဆုံဘဲ ရှောင်လွှဲ၍နေသည် ။

ရှောင်ကျန်းမင်၏မေးခွန်းကိုလည်း ပြန်၍မဖြေကြားပေ။ သူ၏စိတ်ထဲတွင်စဉ်းစားနေသည်မှာလည်း ထိုအတိုင်းပင်ဖြစ်သည်။

သွေးကြွေး‌ကိုသွေးဖြင့်သာဆပ်ရမည်။ သူ့အစ်ကိုကြီးအား သတ်ဖြတ်ရန် ကြံစည်ခဲ့သည့် ဝမ်းတနှင့်ဝမ်းတုဆိုသောလူနှစ်ယောက်ကို သူအလွတ်ပေးလိမ့်မည်မဟုတ်ပေ။

ထင်းရှီ၏ မတုန်မလှုပ်ပုံစံကြောင့် ရှောင်ကျန်းမင်လည်း သက်ပြင်းသဲ့သဲ့ချလိုက်မိသည် ။ ထို့နောက် ထင်းရှီအားပြောလိုက်သည်။

“ ရန်ငြိုးကို ရန်ငြိုးနဲ့ပဲတုံ့ပြန်ရင် ဘယ်တော့မှပြီးဆုံးမှာလဲ ။အခုငါ့အသက်လဲမသေဘူး မင်းသိုင်းလောကထဲကိုဆင်းရင် သူတို့ကိုလက်စား‌မချေပါနဲ့ “

ရှောင်ကျန်းမင်၏စကားကြောင့် ထင်းရှီမှာ ခန္တာကိုယ်အနည်းငယ်တုန်သွားကာ ခေါင်းယမ်းလိုက်သည်။

“ ကျွန်တော်ဒီစကားကိုနားမထောင်နိုင်ဘူးအစ်ကိုကြီး “

ထင်းရှီမှ ငယ်စဉ်ထဲက ရှောင်ကျန်းမင်၏စကားကိုနားထောင်ခဲ့သော်လည်း ယခု ပထမဦးဆုံးအနေဖြင့် ငြင်းဆန်ခြင်းဖြစ်သည်။

ထို့နောက်ရှောင်ကျန်းမင်၏အဖြေကိုစောင့်ဆိုင်းမနေတော့ဘဲ အခန်းအပြင်ဘက်ငို့ထွက်သွားလိုက်သည် ။

ရှောင်ကျန်းမင်မှာ ထင်းရှီ၏နောက်ကျောအားကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခပ်တိုးတိုးပြောလိုက်မိသည်။

“ လက်စားချေဖို့ကြိုးစားရင်းနဲ့ မင်းကိုမင်းထိခိုက်စေချင်ဘူး ညီလေး “

အခန်းအပြင်ဘက်တွင် သိုးထိန်းကြီး နှင့်ထင်းချီယင်တို့မှာ တစ်စုံတစ်ခုကိုဆွေးနွေးနေကြသည် ။ထင်းရှောင်ယင်မှာမူ သူတို့၏ဘေးတွင် စိတ်မပါလက်မပါဖြင့်ရပ်နေသည်။

ထင်းရှီအပြင်သို့လာသည်ကိုတွေ့သည်နှင့် ထင်းရှောင်ယင်မှ ပြေးကပ်လာသည် ။

“ ထင်းရှီ နင့်ကိုအစ်ကိုကြီးဘာပြောလိုက်သေးလဲ “

သူမ၏ သိလိုစိတ်ပြင်းပြနေသည့်လေသံကြောင့် ထင်းရှီအနည်းငယ်စိတ်ညစ်သွားသည်။ ထို့နောက်ခေါင်းယမ်းပြကာ ထင်းချီယင်တို့ဆီသို့ဆက်လာခဲ့သည်။

ရှောင်ကျန်းမင်နှင့်ပြောခဲ့သည့် အကြောင်းများကို သူပြန်ပြောပြလိုစိတ်မရှိပေ။ ထင်းရှောင်ယင်မှာ နေရာတွင် ခြေဆောင့်ကာကျန်ခဲ့သည်။

ထင်းချီယင်နှင့်သိုးထိန်းကြီးမှာ ရှောင်ကျန်းမင်၏အခြေအနေနှင့်ပတ်သတ်၍ ဆွေးနွေးနေကြခြင်းဖြစ်သည်။

လက်ရှိရှောင်ကျန်းမင်၏အခြေအနေမှာ အသက်အန္တရာယ်စိုးရိမ်စရာမလိုတော့သော်လည်း ခြေထောက်များမှာ ပြန်ကောင်းလာမည်မဟုတ်ပေ။

“ သိုးထိန်းကြီး အစ်ကိုကြီးကိုကယ်ဖို့နည်းလမ်းရှိရဲ့လား “

ထင်းရှီမှ သိုးထိန်းကြီးအား အနည်းငယ်မျှသောမျှော်လင့်ချက်ဖြင့်မေးလိုက်သည်။

သိုးထိန်းကြီး၏အိုမင်းသည့်မျက်နှာမှု အနည်းငယ်လှုပ်ရှားသွားကာ ဖြေးညင်းစွာခေါင်းညိမ့်ပြလိုက်သည် ။

သူ၏အပြုအမူကြောင့် တည်ငြမ်သည့်ထင်းချီယင်ပင်အနည်းငယ်လှုပ်ရှားသွားသည်။ သိုးထိန်းကြီးမှာ ထိုနည်းလမ်းကို ထင်းရှီအားပြောပြလိုက်သည် ။

“ ကောင်လေး မင်းအတွင်းအားစုပ်သိုင်းကို မှတ်မိလား “

သူ၏ မဆီမဆိုင်မေးခွန်းကြောင့်ထင်းရှီလည်းအနည်းငယ်မျက်မှောင်ကြုတ်သွားသည် ။ ထို့နောက်ပြန်ဖြေလိုက်သည်။

“ သိုးထိန်းကြီးပြောတဲ့အကြောင်းတွေထဲကအတွင်းအားစုပ်သိုင်းဆိုရင် ကျွန်တော်မှတ်မိတယ်။

အတွင်းအားစုပ်သိုင်းက သူများအနှစ်နှစ်အလလလေ့ကျင့်ထားတဲ့အတွင်းအားတွေကို စုပ်ယူတဲ့သိုင်းပညာပဲ ။

ပြီးတော့ သိုင်းလောကထဲမှာ အတွင်းအားစုပ်သိုင်းကို မိစ္ဆာသိုင်းပညာအဖြစ်သက်မှတ်ထားတယ် ။ အဲဒါကအခုနဲ့ဘာဆိုင်လို့လဲ “

ထင်းရှီမှ နားမလည်သည့်ပုံစံဖြင့်ပြောလိုက်သည်။ သို့သော်အနည်းငယ်စဉ်းစားပြီးနောက် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

“ သိုးထိန်းကြီးဒီလိုဆိုရင် ခင်ဗျားပြောချင်တာက “

သူ၏စိတ်လှုပ်ရှားနေသည့်ပုံစံအားကြည့်ကာ သိုးထိန်းကြီးမှပြုံးလိုက်သည်။

“ ဟုတ်တယ် အတွင်းအားစုပ်သိုင်းက ပြိုင်ဘက်ရဲ့အတွင်းအားတွေကို ကိုယ့်ရဲ့ကိုယ်ပိုင်အတွင်းအားတွေအဖြစ်ပြောင်းလဲရတာပဲ ။

ဒါကြောင့် မင်းအစ်ကိုကြီးရဲ့ကိုယ်ထဲကအတွင်းအားတွေကိုစုပ်ယူပြီး ချေဖျက်လိုက်ရင် မင်းအစ်ကိုကြီးရဲ့ခြေထောက်တွေပြန်ကောင်းနိုင်တယ်။

ဒါပေမယ့် အဲလိုလုပ်ဖို့က အတွင်းအားအလွန်နက်ရှိုင်းနေမှရမယ်။

အတွင်းအားစုပ်သိုင်းကိုတတ်မြောက်ဖို့က လိုအပ်ချက်တွေများတယ်။ လေ့ကျင့်မယ့်လူက အတွင်းအားပြည့်ဝမနေရင် သူစုပ်ယူလိုက်တဲ့အတွင်းအားတွေက ဒဏ်ဖြစ်စေနိုင်တယ်။

ပြီးတော့ အပူနဲ့အအေးလို မတူညီတဲ့အတွင်းအားတွေကို စုပ်ယူလို့မရဘူး။ အဆိပ်အတွင်းအားတွေရောပဲ ။။ နောက်ထပ်တစ်ခုက ကိုယ်နိုင်တာထက်ပိုပြီး စုပ်ယူလို့ မရဘူး ဒီလိုမှမဟုတ်ရင် သွေးကြောတွေပေါက်ကွဲသွားနိုင်တယ်။

ဒါတွေက အတွင်းအားစုပ်သိုင်းရဲ့အခြေခံသဘောတရားတွေပဲ ။ အဲဒါထက်ပိုပြီးခက်ခဲတာက အတွင်းအားစုပ်သိုင်းက သိုင်းလောကမှာတားမြစ်ထားပြီးတော့ အလွန်ရှားပါးတယ် ။ ဒါကြောင့်မင်းရရှိနိုင်ဖို့မလွယ်ကူဘူး။ “

သိုးထိန်းကြီးမှ ရှည်လျားစွာရှင်းပြလိုက်သည်။ သူ၏စကားကြောင့် ‌ကျန်လူများမှာ ငိုင်တွေသွားကြသည်။

“ သိုးထိန်းကြီး အတွင်းအားစုပ်သိုင်းက လက်ရှိသိုင်းလောကရဲ့ဘယ်နေရာမှာ ရှိနေတာလဲ “

‌ထင်းရှီမှ အရောင်တလက်လက်တောက်ပနေသည့်မျက်ဝန်းများဖြင့်မေးလိုက်သည်။ ရှောင်ကျန်းမင်သာပျောင်ကင်းနိုင်မည်ဆိုပါက သူ့အနေဖြင့် မည်မျှအန္တရာယ်များသည်ဖြစ်စေ သူရအောင်ယူမည်ဖြစ်သည်။

ထင်းရှီ၏စကားကြောင့် သိုးထိန်းကြီးမှသူ၏ဦးခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် ဖြေးညင်းစွာပြောလိုက်သည် ။

“ ငါသိုင်းလောကထဲမှာ နေရာအနှံ့သွားခဲ့ပေမယ့် အတွင်းအားစုပ်သိုင်းကို တစ်နေရာပဲကြားဖူးခဲ့တယ် ။

ဘုရင့်နန်းတွင်းက မိန်းမစိုးကြီးဟော်တတ်မြောက်တယ်လို့ သတင်းကြားဖူးတယ် ။ မိန်းမစိုးကြီးဟောင်က နန်းတွင်းစာကြည့်တိုက်မှာသိမ်းဆည်းထားတဲ့စာအုပ်တွေကိုဖတ်ရင်းနဲ့ အဲဒီသိုင်းပညာကိုတတ်မြောက်ခဲ့တာလို့ ကြားဖူးတယ်။

သူကအဲဒီသိုင်းပညာနဲ့ သိုင်းသမားအယောက်သုံဆယ်ကျော်ရဲ့အတွင်းအားတွေကိုစုပ်ယူပြီးတော့ နေ့ချင်းညချင်းသိုင်းဝိဇ္ဇာအဆင့်နီးနီးအတွင်းအားတွေရရှိလာခဲ့တယ် ။

ဒါပေမယ့် သူ့ရဲ့ခန္တာကိုယ်ကအတွင်းအားတွေကိုလက်မခံနိုင်တဲ့အတွက် အတွင်းဒဏ်ရာတွေလည်းရရှိခဲ့တယ် ။

ဒါပေမယ့် မိန်းမစိုးကြီးဟော်က လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်ထဲက ဟူပေနယ်စားပုန်ကန်မှုပါပါဝင်လို့ အသတ်ခဲရပြီးပြီ။

အတွင်းအားစုပ်သိုင်းပညာရဲ့သတင်းက အဲဒီအချိန်ထဲက ပျောက်ကွယ်သွားခဲ့တာ “

သိုးထိန်းကြီး၏စကားကြောင့် ရှောင်ကျန်းမင်မှာ ငိုင်တွေသွားသည် ။ထိုပုံစံအတိုင်းသာဆိုပါက သိုင်းကျမ်းမှာ မည်သည့်နေရာတွင်ရှိသည်ကိုပင် မသိနိုင်တော့ပေ။

“ ကဲကဲ ငါလဲသွားပြီ ဒီ‌နေ့ရဲ့တာဝန်တွေလစ်ဟင်းကုန်ပြီ။ ကောင်လေး မင်းငါ့ဆီလာချင်ရင်ညနေမှလာတော့ “

သိုးထိန်းကြီးမှ တစ်ချက်သမ်းဝေကာ ပျင်းရိစွာပြောလိုက်သည်။ ထို့နောက် နှေးကွေးလေးလံသည့်ခြေလှမ်းများဖြင့် ဓားကျေးရွာဆီသို့ မသွားချင်သွားချင် ပုံစံဖြင့် ထွက်ခွာသွားသည် ။

“ ကောင်လေးရှီ “

ထင်းရှီမှာ သိုးထိန်းကြီး၏စကားများကြောင့်ငိုင်တွေနေရာမှ သူ့ဆရာ၏အသံကြောင့် ခန္တာကိုယ်တစ်ချက်တုန်သွားသည်။

ထို့နောက် ထင်းချီယင်အားကြည့်လိုက်ရာ စူးရှသည့်မျက်လုံးများဖြင့် သူ့ကိုစူးစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

‌ထင်းရှီမှာ သူ့ဆရာ၏အကြည့်အောက်တွင် ခန္တာကိုယ်တစ်ခုလုံးထွင်းဖောက်အမြင်ခံရသလို ခံစားနေရသည် ။

ထင်းချီယင်မှ သက်ပြင်းတစ်ချက်ချကာဖြေးညင်းစွာပြောလိုက်သည်။

“ ငါတို့ဓားစံအိမ်က တပည့်တွေသိုင်းလောကကိုအတွေ့အကြုံရှာသွားတယ်လို့ ငါပြောခဲ့တယ်နော် ။ အဲလိုပဲ သိုင်းလောကထဲမှာ အခြေချနေသွားတဲ့တပည့်တွေရှိသလို သေဆုံးသွားကြတဲ့တပည့်တွေလဲ အများကြီးပဲ။ ဒါကြောင့် မင်းရှောင်ကျန်းမင်အတွက် လက်စားချေဖို့ကြံစဥ်နေတာကိုရပ်တန့်လိုက်ရင်ကောင်းမယ် “

ထင်းချီယင်၏ အနည်းငယ်တင်းမာနေသည့်စကားကြောင့် ထင်းရှီမှာ တုန်လှုပ်သွားသည်။

All Chapters