နှုတ်ဆက်ခြင်း
Vol. 1 Ch. 78
ထင်းရှီမှာ သူနှင့်လက်ချင်းချိတ်ထားသည့် ထင်းရှောင်ယင်၏လက်ကိုအကြည့်ရောက်သွားသည်။ သူမ၏လက်ကောက်ဝတ်မှာ အနည်းငယ်နီရဲနေသည်။
ထိုနေရာမှာ စောစောကသူဓားဖြင့်ရိုက်လိုက်သည့်နေရာဖြစ်သည့် ထို့အတွက် သူမဓားလွတ်ကျသွားခြင်းဖြစ်သည်။
သူ၏ဓားတွင်အားအနည်းငယ်သာပါသော်လည်းအရိုက်ခံရသည့်သူမမှာ အနည်းနှင့်အများနာကျင်သွားမည်ကို သူသိသည်။
ထင်းရှီလည်း ထိုနေရာအားကြည့်ကာ အနည်းငယ်စိတ်မကောင်းဖြစ်သွားသည် ။ထင်းရှောင်ယင်မှာ ငယ်စဉ်ထဲက နုနယ်စွာနေခဲ့ရသည့်အတွက် ယခုလိုအသေးစားဒဏ်ရာရသည်ပင်ရှားပါးသည်။
ထင်းရှီလည်းသူ၏အင်္ကျီရင်ဘက်ထဲမှ အနက်ဪောင်ပဝါတစ်ထည်ကိုယူလိုက်ကာ သူမ၏လက်ကိုစည်းနှောင်ပေးလိုက်သည်။
ထင်းရှီယင်မှာ သူမ၏လက်ကိုအနည်းငယ်နောက်ဆုတ်လိုက်သော်လည်း ငြင်းဆန်ခြင်းကားမပြုပေ။
သူမ၏လှပသည့်မျက်ဝန်းလေးများက ထင်းရှီအားတစ်ခါမှမမြင်ဖူးသည့်လူကဲ့သို့ကြည့်နေသည်။
ထိုကောင်စုတ်နှင့် အမြဲလိုလိုမတည့်သည့်အတွက် ထိုကောင်၏နူးညံ့သည့်ဘက်ခြမ်းအား သူမမြင်ခဲ့ရပေ။
ယခု ရုတ်တရက် သူမအားကြင်နာလာသဖြင့် သူမ၏ရင်ထဲတွင်လှုပ်ရှားသွားသည် ထို့နောက် သူမ၏မျက်နှာနီရဲသွားကာ ခေါင်းအားငုံ့လိုက်သည်
ရှောင်ကျန်းမင်မှာ ထိုမြင်ကွင်းအားကြည့်ကာ နောက်ထပ်တစ်ကြိမ်ပြုံးလိုက်ပြန်သည် ။
ထိုနှစ်ယောက်မှာ အမြဲလိုလိုရန်ဖြစ်နေတတ်သော်လည်း တစ်ယောက်အပေါ်တစ်ယောက်သံယောဇဉ်များရှိနေကြောင်းကို သူယခင်ထဲက သိထားသည်။
“ အဟမျး အဟမျးး “
ရှောင်ကျန်းမင်၏ချောင်းဟန့်သံကြောင့် ထင်းရှောင်ယင်၏လက်မှာ နောက်သို့ဆက်ခနဲဆုတ်သွားပြီး လက်ကိုနောက်သို့ဝှက်လိုက်သည်။
သူမ၏လက်အားပဝါဖြင့်စည်းပေးနေသည့်ထင်းရှီမှာ အနည်းငယ်အံ့ဩသွားကာ ရှောင်ကျန်းမင်ရှိရာသို့ကြည့်လိုက်သည်။
ရှောင်ကျန်းမင်မှ ဘီးတပ်ကုလားထိုင်ပေါ်တွက်ထိုင်ကာ သူတို့အား ပြုံးစစဖြင့်ကြည့်နေသောကြောင့် ထင်းရှီ၏တည်ငြိမ်သောမျက်နှာပေါ်တွင် ရှက်ရွံ့ဟန်ဖြတ်ပြေးသွားသည်။
ရှောင်ကျန်းမင်၏အပြုံးမှာ ငါအားလုံးသိနေပါတယ်ဆိုသည့်အပြုံးမျိူးဖြစ်သည်။
“ ကဲကဲ ညီလေး မင်းသွားမှာဆိုရင်သွားတော့ ဆရာသိသွားရင် မင်းအတွက်မကောင်းဘူး “
ရှောင်ကျန်းမင်မှ အနေရခက်နေသည့်အခြေအနေအား ဖြိုခွဲလိုက်သည် ။သူ၏စကားကြောင့် ရှောင်ကျန်းမင်လည်း တည်ကြည်သွားသည်။
ထိုကောင်မလေးရောက်လာသောကြောင့် သူအချိန်အတော်လေးကုန်ဆုံးသွားသည်။ ထို့နောက် ရှောင်ကျန်းမင်နှင့် ထင်းရှောင်ယင်ကို တစ်လှည့်စီကြည့်ကာပြောလိုက်သည် ။
“ ဒါဆိုရင်အစ်ကိုကြီးနဲ့ယင်ယင်တို့ဂရုစိုက်ကြပါ ။ ကျွန်တော်သွားပြီ “
သူတို့နှစ်ယောက်အားနှုတ်ဆက်ကာ ထွက်လာလိုက်သည် ။ရှောင်ကျန်းမင်နှင့်ထင်းရှောင်ယင်မှာ ထွက်ခွာသွားသည့်ထင်းရှီအားကြည့်လိုက်ကြသည် ။
“ ညီမလေး မပူပါနဲ့ သူပြန်လာမှာပါ “
ရှောင်ကျန်းမင်မှ အနည်းငယ်စိတ်ပူနေဟန်ရသည့်ထင်းရှောင်ယင်အားကြည့်ကာပြောလိုက်သည်။သူ့စကားကြောင့် ထင်းရှောင်ယင်မှာ အရှက်သည်းသွားသည်။
“ အစ်ကိုကြီးကလည်း ကျွန်မသူ့ကိုစိတ်မပူပါဘူး “
ရှောင်ကျန်းမင်၏စကားကိုငြင်းဆန်လိုက်သော်လည်း သူမ၏လက်များက ထင်းရှီပေးထားခဲ့သည့်အနက်ရောင်ပဝါလေးအားပွတ်သတ်နေသည်။
သို့သော် ရုတ်တရက်ရှောင်ကျန်းမင်၏မျက်နှာမှာ ပျက်ယွင်းသွားသည်။
“ မကောင်းတော့ဘူး ငါတို့ဦးလေးနှစ်ကိုမေ့နေတယ် “
သူ၏စကားကြောင့် ထင်းရှောင်ယင်ပါမျက်နှာပျက်သွားသည် ။
ထင်းရှီမှာ တောအတွင်းဘက်သို့လျှောက်လာခဲ့သည် ။ ထိုဘက်တွင် အာရုံလှည့်စားသည့်ဝင်္ကပါတစ်ခုရှိမှန်းသူသိထားသည်။
ထိုနေရာမှာ ဓားကျေးရွာ၏အနောက်ဘက်ဖြစ်ကာ ထိုနေရာတွင် အာရုံလှည့်စားသည့်ဝင်္ကပါနှင့် ခုနစ်စင်ကြယ်နှစ်ထပ်ဝင်္ကပါရှိသည်။
ဝင်္ကပါတောအုပ်ကြီးမှာ လွန်စွာနက်ရှိုင်ူသည့်အကုင်ထို့ကြောင့် ဓားစံအိမ်၏အရပ်မျက်နှာရှစ်ခု၌ ဝင်္ကပါများစွာရှိသောကြောင့် အပြင်လူများမှာ ဓားကျေးရွာနှင့်ဓားစံအိမ်ကို ရှာမတွေ့ခြင်းဖြစ်သည် ။
သို့သော် သိုးထိန်းကြီးထံမှ ဝင်္ကပါညာရပ်အားလေ့လာထားသည့်သူ့အတွက် ထိုဝင်္ကပါများမှာ များစွာခက်ခဲမနေပါချေ ။ထို့ကြောင့် သူကောင်းစွာဖြတ်ကျော်နိုင်သည်။
အခြားအကြောင်းရင်းတစ်ခုမှာ သူကဝင်္ကပါ၏အတွင်းဘက်မှဖြစ်သောကြောင့်ဖြစ်သည်။ ဝင်္ကပါ၏အပြင်မှအတွင်းသို့ဝင်ရန်ကြိုးစားပါက သူ့အတွက်လည်းအတော်လေးခက်ခဲမည်ဖြစ်သည်။
သို့သော် ခြေလှမ်းနှစ်ရာမပြည့်မီ ထင်းရှီ၏ခြေလှမ်းများရပ်တန့်သွားသည်။ သူအကြောင်းမဲ့ရပ်သွားခြင်းမဟုတ်ပေ သူ၏မျက်လုံးများက ရှေ့သို့လေးနက်စွာကြည့်နေသည် ။
သူ၏ရှေ့တွင် အဖြူရောင်ဝတ်စုံနှင့်လူတစ်ယောက်ရှိနေသည်။ ထိုလူမှာ ဓားတစ်ချောင်းကိုထောင်ထားသလို မက်မက်ရပ်နေကာ သူ၏ခန္တာကိုယ်မှ ထက်ရှသည့်အငွေ့အသက်များထွက်ပေါ်နေသည်။
“ ဦးလေးနှစ် “
ထင်းရှီမှ တိုးညင်းစွာခေါ်လိုက်သည်။ သူ၏မျက်နှာမှာ အနည်းငယ်ပျက်ယွင်းနေသည် ။
ဓားစံအိမ်တွင် သူ့ဆရာပြီးလျှင် သူမရင်မဆိုင်ချင်ဆုံးဓားသမားမှာ သူ၏ရှေ့မှလူဖြစ်သည်။
ထင်းရှီ၏ရှေ့တွင်ရပ်နေသည့်အဖြူရောင်ဝတ်စုံနှင့်လူမှာ အကြီးအကဲဆယ့်နှစ်ယောက်ထဲမှ နံပါတ်နှစ်ဖြစ်သူစစ်ချွေဖြစ်ကာ သူတို့နှင့်ရင်းနှီးသည့်လူဖြစ်သည်။
အခြားအကြီးအကဲများမှာ သူတို့၏လုပ်ငန်းများအားလုပ်ကိုင်ပြီးသည့်နောက်တွင် အချိန်အတော်များများအား သိုင်းပညာလေ့ကျင့်ခြင်း ဓားကွက်များတီထွင်ခြင်းဖြင့် အချိန်ကုန် ဆုံးကြသည် ။
စစ်ချွေမှာမူ သူတို့ငယ်စဉ်ထဲက သူတို့နှင့်ရင်းနှီးကသူတို့သုံးယောက်လုံးအား ထိန်းကြောင်းခဲ့သူဟုပြော၍ရသည်။ ထို့ကြောင့် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ စစ်ချွေကို သူရင်မဆိုင်လိုပေ။
ယနေ့စောင့်ကြပ်မည့်လူမှာ ဦးလေးနှစ်ဖြစ်မည်ဟု ထင်းရှီမထင်ထားခဲ့ပေ ။ ယခု သူ၏အစီအစဉ်မှာ အနည်းငယ်ခက်ခဲမည့်ပုံရသည်။
ဓားစံအိမ်မှအကြီးအကဲဆယ့်နှစ်ယောက်မှာ ဓားစံအိမ်အားစောင့်ရှောင်ရသည့်အပြင် ဝင်္ကပါတောအုပ်အတွင်း၌ပါ လှည့်လည်နေရသည်။
ထို့ကြောင့်လည်း ရှောင်ကျန်းမင်အား အကြီးအကဲသုံးမှတွေ့ရှိကာခေါ်ဆောင်လာခဲ့ခြင်းကြောင့် ရှောင်ကျန်းမင်အသက်ရှင်ခဲ့ခြင်းဖြစ်သည်။
သူငယ်စဉ်က သူ့ဆရာမှသူ့အားကယ်တင်လာပြီးနောက် တောအုပ်ထဲသို့ပို့ခဲ့သည်။ ထိုစဉ်က စစ်ချွေရောက်ရှိလာပြီး သူ့ကို ဓားစံအိမ်သို့ခေါ်ဆောင်လာခြင်းဖြစ်သည် ။
နောက်ထပ်သုံးနှစ်နေမှ သူ၏ဆရာဓားစံအိမ်သို့ပြန်ရောက်လာခြင်းဖြစ်သည် ။
ထင်းရှီမှာ သူ၏အတိတ်အားပြန်၍တွေးလိုက်ကာသက်ပြင်းဖွဖွချလိုက်သည်။
“ ကောင်လေးရှီ မင်းပြန်လှည့်ပြီး မင်းဆရာဆီကိုအပြစ်ဝန်ခံဖို့သွားရင်ပိုကောင်းမယ် “
စစ်ချွေမှ အနည်းငယ်ပြုံးလျက်ပြောလိုက်သည်။ ထင်းရှီ၏လှုပ်ရှားမှုများကို ရှောင်ကျန်းမင်တစ်ဦးတည်းသာမဟုတ်ဘဲ သူလည်းရိပ်မိနေသည်။
ထို့ကြောင့်ရှောင်ကျန်းမင်အားလိုက်လံစောင့်ကြည့်နေခြင်းဖြစ်သည်။
“ ဦးလေးနှစ် ကျွန်တော့်ကိုလွှတ်ပေးလို့ရမလား “
ထင်းရှီမှလေသံပျော့ပျော့ဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့် စစ်ချွေမှခေါင်းယမ်းလိုက်သည် ။
“ မရဘူးကောင်လေး ပုံမှန်ဆိုရင်ငါမင်းကိုအလိုလိုက်နိုင်ပေမယ့် အခုမင်းဆရာအမိန့်ထုတ်ထားတဲ့အတွက် ငါမင်းကိုမကူညီနိုင်ဘူး မင်းရဲ့အကြံကိုလက်လျော့လိုက်တာကောင်းမယ် “
စစ်ချွေ၏ အလျော့ပေးမည့်ပုံမရသည့် စကားကြောင့် ထင်းရှီလည်း စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းယမ်းလိုက်သည်။
ထို့နောက် သူ၏ဓားအားဆွဲထုတ်ကာပြောလိုက်သည်။
“ ဒါဆိုရင်ဦးလေးနှစ်ကို အပြစ်ပြုမိပါပြီ “
ထင်းရှီ၏စကားကြောင့် စစ်ချွေမှ တဟားဟားအော်ဟစ်ရယ်မောလိုက်သည် ။
“ လာစမ်းကောင်လေး မင်းရဲ့ဖင်ကိုယောင်ကိုင်းနေအောင်ရိုက်ပြီး မင်းဆရာဆီလိုက်ပို့မယ် “
စစ်ချွေမှ သူ၏ဓားအား ဆွဲထုတ်ရင်းလှောင်ပြောင်လိုက်သည်။ သို့သော် ထင်းရှီ၏အမူအယာမှာလေးနက်နေသည်။
သူဦးလေးနှစ်ကိုမနိုင်နိုင်ပေ။ ထို့ကြောင့် အနည်းငယ်တိုက်ခိုက်ကာ အခွင့်အရေးရသည်နှင့်ထွက်ပြေးရန်ကြံစည်ထားခြင်းဖြစ်သည်။
ဓားသိုင်းတွင်သူအကြီးအကဲများ၏ပြိုင်ဘက်မဟုတ်သော်လည်း လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းပညာကို အဆင့်နှစ်အထိအောင်မြင်ထားသည့်အတွက် ကိုယ်ဖော့ပညာတွင် စစ်ချွေမှသူ့အားမီအောင်လိုက်နိုင်မည်မဟုတ်ဟုယုံကြည်သည်။
ထိုမတိုင်ခင်တော့ စစ်ချွေ၏တိုက်ခိုက်မှုများကို အသည်းအသန်ခုခံရမည်ဖြစ်သည် ။ စစ်ချွေ၏သိုင်းပညာကို သူတိတိကျကျမသိသော်လည်း သိုင်းဝိဇ္ဇာအဆင့်သို့ရောက်နေသည်ကဖြစ်နိုင်ချေများသည်။
သူ၏သိုင်းပညာမှာ အဆင့်လွန်သိုင်းအဆင့်သာရှိသေးသည် ။ အဆင့်ကွာဟချက်မှာ ရယ်စရာမဟုတ်ပေ။
“ ထင်းရှီ ငါနင့်ကိုကူညီမယ် “
ကျယ်လောက်သည့်အော်သံနှင့်အတူ ထင်းရှေယင်ယင်မှ စစ်ချွေမားဝင်ရောက်တိုက်ခိုက်လိုက်သည် ။
ထင်းရှီလည်း သူမအားဘာမှပြောချိန်မရလိုက်ဘဲ သူမနှင့်ပူးပေါင်း၍ တိုက်ခိုက်လိုက်ရသည်။