← Chapters

ဓားစံအိမ်မှ ထွက်ခွာခြင်း

Vol. 1 Ch. 79

ဓားစံအိမ်မှ ထွက်ခွာခြင်း

Vol. 1 Ch. 79

ထင်းရှီနှင့်‌ထင်းရှောင်ယင်တို့မှာ ပူးပေါင်း၍ စစ်ချွေအားတိုက်ခိုက်နေကြသည်။ သို့သော် သူတို့နှစ်ဦးမှာ စစ်ချွေအားများစွာမခြိမ်းခြောက်နိုင်ပေ။

စစ်ချွေမှ သူတို့၏တိုက်ခိုက်မှုများအား လွယ်ကူစွာချေဖျက်နိုင်သည် ။ ယခုအချိန်အထိ တိုက်စစ်မဆင်ရသေးပေ။

ထင်းရှီမှာ တိုက်ခိုက်နေရင်းဖြင့်မျက်မှောင်ကြုတ်လိုက်မိသည်။ ဦးလေးနှစ်၏ဓားပညာမှာ သူတို့ထက်များစွာသာလွန်လှသည်။

သူတို့နှစ်ဦးပေါင်းတိုက်ခိုက်မှုကိုပင် သာသာယာယာခုခံနိုင်သည်။ ထိုပုံစံအတိုင်းသာဆက်သွားပါက သူယနေ့ထွက်သွားနိုင်တော့မည်မဟုတ်ပေ။

ထင်းရှောင်ယင်မှာမူ သူမ၏နှုတ်ခမ်းအားတင်းတင်းစေ့ကာ တိုက်ခိုက်နေသည်။ သူမ၏ဓားကွက်များကို စစ်ချွေမှ လွယ်လွယ်ကူကူခြခံနေသဖြင့် သူမပို၍ဒေါသထွက်လာသည်။

သို့သော် သူမနှင်ထင်းရှီတို့မှာ တိုက်ခိုက်နေရင်းပို၍ အပေးအယူမျှလာသည်။ ထို့ကြောင့် ယခင်ကထက်ပို၍ဖိအားပေးနေနိုင်သည်။

“ ယင်ယင် အိပ်မက်ပိတ်နှောင်ခြင်းဓားကွက် “

ထင်းရှီမှ အော်ဟစ်လိုက်သည် ။ထင်းရှောင်ယင်လည်း ခေါင်းတစ်ချက်ငြိမ့်ကာ သူမ၏ဓားကွက်ကိုပြောင်းလဲလိုက်သည် ။

သူမ၏ဓားမှာ စစ်ချွေအားဦးတည်တိုက်ခိုက်နေရာမှ ပုံစံပြောင်းကာ စစ်ချွေအားမထိခိုက်စေသော်လည်း ဘေးသို့လှုပ်မရအောင်ဖိအားပေးနေသည် ။

ဓားရိပ်များမှာ လွင့်ပျံ့နေသည် ။ထင်းရှီလည်း ဤမြင်ကွင်းအားကြည့်ကု သူအချိန်များစွာမရမှန်းသိလိုက်သည်။ ထို့နောက် နောက်သို့လှည့်ကာ လျှင်မြန်စွာပြေးထွက်သွားသည်။

စစ်ချွေမျက်နှာမှာမူ အနည်းငယ်လေးနက်သွားသည် ။ထင်းရှောင်ယင်၏ဓားကွက်မှာ သူ့အားမထိခိုက်စေသော်လည်း ထင်းရှီလွန်မြောက်ရန်အခွင့်အရေးပေးးလိုဖြစ်သွားပေမည်။

ထို့ကြောင့် သူ၏လက်အားလျှင်မြန်စွာလှုပ်ရှားလိုက်ရာအလင်းတန်းနှစ်ခုပေါ်လာပြီး ထင်းရှောင်ယင်၏ဓားအရိပ်များမှာ ရပ်တန့်သွားသည် ။

ယခုတစ်ကြိမ်မှာ စစ်ချွေအမှန်အကန်တိုက်ခိုက်နေရခြင်းဟုဆိုနိုင်သည်။ ထို့နောက် ခြေတစ်ချက်ဆေုင့်လိုက်ရာ သူ၏ခန္တာကိုယ်မှာ ထင်းရှောင်ယင်အပေါ်မှ ပေါ့ပါးစွာဖြတ်ကျော်သွားသည် ။

ထို့နောက် ထင်းရှီ၏နောက်သို့လိုက်သွားသည်။ သို့သော် သူ့အားဆီးကြိုနေသည်က ပြင်းထန်သည့်ဓားချက်တစ်ချက်ဖြစ်သည်။

“ တောင်နှင့်မြစ်အားပိုင်းဖြတ်ခြင်း “

ထင်းရှီမှ သူထင်သကဲ့သို့ထွက်ပြေးသွားခြင်းမဟုတ်ပေ။ သစ်ပင်အားခြေဖြင့်ကန်ကာ နောက်သို့အရှိန်ဖြင့်ဆုတ်လာ၍ သူ့အားလှည့်၍ ပြင်းထန်လှသည့်ဓားကွက်ဖြင့်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

“ ချွမ်းး “

စစ်ချွေမှာ ပုံမှန်ဆိုလျှင် ထင်းရှီထက်များစွာသာလွန်သော်လည်း ယခုလေထဲသို့ရောက်နေသည့်အပြင် ထင်းရှီ၏ပြင်းထန်သည့်ဓားချက်ပါကျရောက်လာသောကြောင့် ဓားချင်းထိကာ နောက်သို့လွင့်သွားသည်။

ထင်းရှီ၏တိုက်ခိုက်မှုများမှာဤမျှနှင့်မပြီးသေးပေ ။ သူ၏လက်အားလှုပ်ရှားလိုက်ပြီးမှ ခြေတစ်ချက်ဆောင့်ကာ မီးခိုးတန်းကဲ့သို့ လျှင်မြန်စွာ ပြေးထွက်သွားသည် ။

စစ်ချွေမှာ မြေပြင်ပေါ်တွက်ခြေကုတ်မယူရသေးခင် သူ့ဆီသို့လွင့်လာသည့် သေးငယ်သည့်အရာလေးများကို ဓားဖြင့်ရိုက်ဖယ်လိုက်ရပြန်သည် ။

“ ထန် ထန် “

အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ထိုအရာလေးများမှာ မြေပြင်ထက်သို့ပြုတ်ကျသွားသည်။ သေးငယ်သည့်ကျောက်ခဲလေးနှစ်လုံးပင်။

စစ်ချွေမှာ ရှေ့သို့ကြည့်လိုက်ရာ ထင်းရှီ၏အရိပ်အယောင်ကိုပင်မမြင်ရတော့ပေ။

စစ်ချွေမှာ ထင်းရှီ၏နောက်သို့ပြေးလိုက်သွားရန်ပြင်သော်လည်း သူ၏ရှေ့တွင်လက်နှစ်ဖက်အားဆန့်တန်းကာပိတ်ရပ်နေသည့်ထင်းရှောင်ယင်ကြောင့်လက်လျော့လိုက်ရသည်။

“ ဟားးဟားးဦးလေးနှစ် ဒီတစ်ခါခံလိုက်ရပြီ “

ကျယ်လောင်သည့်ရယ်မောသံနှင့်အတူ ရှောင်ကျန်းမင်ပါ သူတို့အနားသို့ရောက်လာသည်။

သူရောက်ရှိနေသည်မှာ အချိန်အနည်းငယ်ရှိပြီဖြစ်သော်လည်း တိုက်ပွဲတွင်မပါဝင်နိုင်၍ ဘေးထွက်နေရခြင်းဖြစ်သည်။

ထင်းရှောင်ယင်မှာလည်း မချိုမချင်မျက်နှာဖြင့် စစ်ချွေအားလမ်းပိတ်ထားကာ ပြုံးနေသည် ။

သူတို့နှစ်ဦးကြောင့် စစ်ချွေ၏မျက်နှာထက်တွင်ကူကယ်ရာမဲ့သည့် အရိပ်အ‌ယောင်များပေါ်ထွက်လာသည်။

“ ဟမ် ကောင်မလေး တော်တော်သတ္တိကောင်းနေတာပေါ့ မင်းရဲ့အဖေနဲ့တိုင်ပြောဦးမှာ “

စစ်ချွေမှာ ထင်းရှောင်ယင်၏နဖူး‌အားလက်ဖြင့်တောင်ကာ ပြောလိုက်သည် သို့သော် သူ၏မျက်နှာထက်တွင် ဒေါသအရိပ်အယောင်မရှိပေ။

“ ဟိုကောင်လေးကလည်းတော်တော်ဉာဏ်များတဲ့ကောင်လေးပဲ “

မကျေမနပ်ဖြင့်ရေရွတ်၍ နောက်လှည့်၍ပြေးထွက်သွားသည်။

သူ၏ဦးတည်ရာမှာ ဓားစံအိမ်သို့ဖြစ်သည်။ ယခုကိစ္စကို စံအိမ်သခင်ဆီသို့ သတင်းပို့ရပေဦးမည်။

ထင်းရှောင်ယင်တို့ ရှောင်ကျန်းမင်မှာ တစ်ဦးမျက်နှာတစ်ဦးကြည့်၍ ပြိင်တူရယ်မောလိုက်ကြသည်။

တောအုပ်အတွင်း

ထင်းရှီမှာ လျှင်မြန်စွာရွေ့လျားနေသည် ။

တောအုပ်အတွင်းရှိသစ်ပင်များမှာ သဘာဝအားဖြင့်ဝင်္ကပါတစ်ခုလိုရှုပ်ထွေးစွာပေါက်ရောက်နေသည့်အပြင် ဓားစံအိမ်ကိုစတင်တည်ထောင်ခဲ့သည့်ဘိုးဘေးပြုလုပ်ထားသည့်ဝင်္ကပါများလည်းရှိသည် ။

ထို့ကြောင့် ဓားစံအိမ်အား ပြင်ပလူများမှရှာဖွေမတွေ့ခြင်းဖြစ်သည် ။

သို့သော် ဤသည်က သိုးထိန်းကြီးထံမှ ဝင်္ကကါပညာရပ်အားလေ့လာထားသည့်ထင်းရှီအတွက်မခက်ခဲပါချေ။ ထို့ကြောင့် သူလျှင်မြန်စွာသွားလာနိုင်ခြင်းဖြစ်သည်။

ဓားစံအိမ်မှအခြားအကြီးအကဲများလိုက်ဖမ်းပါက သူ့အတွက်အကောင်းထက်အဆိုးပိုများသည် ။ထို့ကြောင့် သူအနည်းငယ်အလျှင်လိုနေခြင်းဖြစ်သည်။

ထင်းရှီ၏ခြေလှမ်းများရပ်တန့်သွားကာ တောင်ဘက်သို့ကြည့်လိုက်သည်။ ထို့နောက် သူ၏ဦးတည်ချက်အားအနည်းငယ်ပြောင်းလဲကာ ထိုနေရာသို့လျှင်မြန်စွာပြေးသွားလိုက်သည် ။

ထင်းရှီ ရှိ‌နေသောနေရာ၏တောင်ဘက်အရပ်မလှမ်းမကမ်းတွင်

“ ဟေ့ အစ်ကိုကြီးတင်း ကျုပ်တီု့နေရာကိုပြန်ပြန်ရောက်နေတာသုံးခေါက်ရှိပြီလားလို့ “

အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်တစ်ယောက်မှပြောလိုက်သည်။ ထိုလူငယ်မှာ သစ်ပင်တစ်ပင်အားမှီလျက် အားအင်လျော့နည်းသည့်ဟန်ဖြင့်ရပ်နေသည်။

သူ၏နောက်ကျောက်ဘက်မှသစ်ပင်ကြီးမှာလူကြီးနှစ်ဖက်စာကြီးမားကာ အတော်လေးမြင့်မားသည်။သစ်ပင်ပင်စည်တွင်တော့ ဓားခုတ်ရာအနည်းငယ်ရှိသည်။

ထိုအရာများမှာ လူငယ်တို့မှတ်သားထားပုံရသည် ။

ထိုလူငယ်၏စကားကြောင့် သူ၏ဘေးမှ အသက်သုံးဆယ်ကျော်လူရွယ်မှာ ခေါင်းကုတ်လိုက်သည်။

“ ငါတို့မတူညီတဲ့အရပ်မျက်နှာတွေကိုသွားတာပဲလေ ။အခုလိုတစ်နေရာထဲပြန်ရောက်နေတာတော့ ငါလဲမသိဘူး “

အစ်ကိုကြီးတင်းဆိုသည့်လူရွယ်၏စကားကြောင့်လူငယ်မှာ စိတ်ပျက်လက်ပျက်ဖြင့်ထိုင်ချလိုက်သည် ။ထို့နောက် အနည်းငယ်ညည်းတွားလိုက်သည် ။

“ ကျုပ်တို့ဝင်္ကပါတောထဲကိုစွန့်စားပြီးဝင်လာတာမှားပြီထင်တယ်။ ဒီတောအုပ်ကိုပြန်လမ်းမဲ့တောအုပ်လို့လဲခေါ်ကြသေးတယ် ။ကျုပ်တို့ခေါင်းမာခဲ့တာမှားပြီထင်တယ် ။ ဟူးးးကျုပ်မသေချင်သေးဘူး ကျုပ်မှာ လက်မထပ်ရသေးတဲ့ဇနီးလောင်းလေးတစ်ယောက်ရှိသေးတယ် “

လူငယ်မှ အဆက်မပြက်အော်ဟစ်လိုက်သည်။ သူ၏အော်သံကြောင့် အစ်ကိုကြီးတင်ဆိုသာ့်လူရွယ်မှာနားနှစ်ဖက်အားကုပ်ကိုင်ထားကာ ဆဲဆိုလိုက်သည်။

“ သောက်ပဲမင်းတစ်ယောက်ပဲလက်မဖပ်ရသေးတာလား ငါလဲအသက်သုံးဆယ်ကျော်တဲ့အထိ လက်မထပ်ရသေးဘူး မင်းထပ်ပြီးညည်းတွားနေရင် ငါမင်းရဲ့မျက်နှာကိုရိုက်ပစ်မှာ “

သူ၏စကားကြောင့် အနက်ရောင်ဝတ်စုံနှင့်လူငယ်မှာ ဒေါသထွက်သွားပုံရသည်။

“ ကောင်းပြီလေ ခင်ဗျားကတိုက်ချင်တယ်ဆိုရင်လဲတိုက်ကြတာပေါ့ ။

ကျုပ်ကခင်ဗျားကိုကြောက်တယ်လို့ထင်မနေနဲ့ ပြောတော့ ဝင်္ကပါပညာကိုလေ့လာဖူးတယ်ဆိုပြီး အခုကျဒီတောထဲကတောင်ပြန်မထွက်နိုင်ဘူး။ ခင်ဗျားကအသုံးမကျဘဲလေကြီးတာပဲရှိတာ “

လူငယ်မှလည်း အကျောမခံဘဲပြန်၍နှုတ်လှန်ထိုးလေသည် ။ အစ်ကိုတင်းဆိုသည့်လူမှာ လူငယ်၏စကားကြောင့်‌ဒေါသထွက်သွားကာ တိုက်ခိုက်မည်ပြုလိုက်သည်။

လူငယ်မှလည်းအလျော့မပေးပေ။ သူ၏လက်ဝါးနှစ်ဖက်အားပွတ်ကာ အသင့်စောင့်နေသည် ။

ထင်းရှမှာ သစ်ပင်ကြီးတစ်ပင်၏အထက်မှနေ၍ ထိုနှစ်ယောက်အားအကဲခပ်နေသည် ။

သူရှိသောနေရာနှင့် ထိုနှစ်ယောက်ရှိသည့်နေရာမှာ အနည်းငယ်ကွာဝေးသော်လည်း သူတို့ပြောနေသည့်စကားများကိုကောင်းစွာကြားရသည်။

ထင်းရှီလည်း ထိုနှစ်ယောက်အားကူညီသင့်မကူညီသင့်စဉ်းစားလိုက်သည်။

ထိုလူများမှာ ဝင်္ကပါတောအုပ်အတွင်းသို့စူးစမ်းလိုသောကြောင့်ဝင်လာကြပြီး ပိတ်မိနေသူများဖြစ်နိုင်သည်။

ဓားစံအိမ်မှအကြီးအကဲများမှာ ပုံမှန်အားဖြင့် ဝင်္ကပါတောအုပ်အတွင်းလှည့်လည်စောင့်ကြပ်သော်လည်း သူတို့မှာ လူမြင်ကွင်းတွင်မနေပေ။

ထို့ကြောင့် ဝင်္ကပါအတွက်းပိတ်မိနေသူများဖြစ်စေ လမ်းပျောက်နေသူများဖြစ်စေ သူတိုဘမကူညီကြပေ ။သူတို့၏တာဝန်မှာ တောအုပ်အားထိမ်းသိမ်းရန်ဖြစ်သည် ။

ထို့ကြောင့် ဤနှစ်ယောက်မှာ ဓားစံအိမ်မှအကြီးအကဲများနှင့်တွေ့လျှင်လည်း။အကူအညီမရနိုင်ပေ ။

သူတို့အားအကဲခပ်ကြည့်ရသလောက် မကောင်းသည့်လူများဖြစ်ပုံမရပေ။ ထို့ကြောင့်ထင်းရှီလည်း ထိုလူများအားကူညီရန်ဆုံးဖြတ်လိုက်သည်။

All Chapters