← Chapters

အရှေ့ပိုင်းသိမ်းငှက်ညီနောင်

Vol. 1 Ch. 83

အရှေ့ပိုင်းသိမ်းငှက်ညီနောင်

Vol. 1 Ch. 83

အလယ်ပိုင်းဒေသကျန်းနန်မြို့

ကျန်းနန်မြိုမှ ယခင်ကဖြစ်ပွားခဲ့သည့်သွေးလွှမ်းသောဖြစ်ရပ်များကြောင့်အတန်ကြာငြိမ်သကိသွားသေးသည်။

သို့သော် တစ်လခန့်ကြာကြီးသည်နှင့် အရင်လိုပင်ပြန်၍စည်ကားသွားတော့သည်။ သူတို့၏စိတ်ထဲတွင် သူဌေးကြီးကျန်းရှင်း၏စံအိမ်တိုက်ခိုက်ခံရခြင်းကို ‌မေ့လျော့သွားကြလေပြီ။

လမ်းပေါ်တွက်လည်းလူများစွာပြည့်နေကာ ဈေးဆိုင်များ ၊ စားသောက်ဆိုင်နှင့်တည်းခိုခန်းများလည်း ပြန်၍ဖွင့်လာကြသည်။

ညအချိန်တွင်လည်း ဈေးတန်းများနှင့် နာမည်ကျော်နတ်ရေကန်၏အလှအပကိုခံစားသူအများအပြားရှိကြသည် ။

ထို့ကြောင့်ပင်ကျန်းနန်မြို့အား အလယ်ပိုင်းဒေသ၏နိဗ္ဗာန်ဘုံဟု ခေါ်ဆိုကြခြင်းဖြစ်ရမည်။

ကျန်းနန်မြို့၏အဝေး လမ်းမထက်တွင်မြင်းနှစ်စီးအပြင်းနှင်လာသည် ။ ရှေ့မှမြင်းထက်တွင် ပန်နုရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက်ရှိကာနောက်မှမြင်းထက်တွင် အဖြုရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်ပါသည်။

ရှေ့မှဦးဆောငိနေသည့်မိန်းကလေး၏မြင်းမှအနည်းငယ်နှေးကွေးသွားကာ လူငယ်နှင့်ဘေးချင်းယှဉ်လျက်စီးလိုက်သည်။

“ ဟေ့ ကျွန်မတို့ စီးမင်မြို့ကိုမသွားခင်ကျန်းနန်ကိုသွားပြီးလည်ပတ်ရင်မကောင်းဘူးလား ရှေ့နားမှာလမ်းခွဲရှိတယ် ။

သိုင်းလောငဆွေးနွေးပွဲက ရက်နှစ်ဆယ်‌‌ကျော် လိုသေးတာပဲ ။ ပြီးတော့ ကျန်းနန်ကလဲစီးမင်မြို့နဲ့နီးတယ် “

ရှောင်ရှောင်၏စကားကြောင့် ထင်းရှီမှာ အနည်းငယ်စဉ်းစားလိုက်သည်။ သူကျန်းနန်မြို့၏သတင်ကိုကြားဖူးနေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။

‘ ကျန်းနန်မှနတ်ရေကန်အားမရောက်လျှင် အလယ်ပိုင်းဒေသအားမရောက် ‘

ဟုပင်ဆိုရိုးရှိသည်။ ထို့ကြောင့် သူလည်းနာမည်ကျော်နတ်ရေကန်အားသွားရောက်လည်ပတ်လိုစိတ်ရှိသည်။

“ ကောင်းပြီလေ ငါတို့သွားတာပေါ့ “

ထင်းရှီမှ သူမ၏စကားကိုသဘောတူကာ သူ၏မြင်းအားရှေ့သို့ရောက်အောင်ဒုန်းစိုင်းလိုက်သည် ။

သို့သော် အနည်းငယ်သွားလိုက်ပြီး ထင်းရှီမှာ ရပ်တန့်လိုက်သည် ။

“ ဟေ့ ဘာဖြစ်လို့လဲ “

ရှောင်ရှောင်မှထင်းရှီမားနားမလည်နိုင်သည်အမူအယာဖြင့်ကြည့်လိုက်သည်။ ရှေ့မှသွားနေရင်းရုတ်တရက်ရပ်တန့်လိုက်သောကြောင့် ကိစ္စတစ်စုံတစ်ခုရှိသည်ဟု သူမထင်လိုက်သည် ။

“ ငါဘယ်ကိုချိုးရမလဲဆိုတာမသိဘူး “

ထင်းရှီမှ ခပ်တည်တည်ဖြင့်ပြောလိုက်သည်။ သို့သော် သူ၏ရင်ထဲတွင်တော့ အနည်းငယ်ရှက်ရွံ့နေမိသည် ။

လမ်းတစ်လျှောက်လုံးတွင် သူဤမိန်းကလေး၏နောက်မှလိုက်ခဲ့ရသည် ။ ယခုလည်းရှေ့မှသွားနေစဉ်လမ်းမသိ၍ရပ်စောင့်နေရသည်။ ဤအဖြစ်က အနည်းငယ်ရှက်ရွံ့ဖွယ်ကောင်းသည်။

သို့သော် သူမနှင့်ခရီးအတူထွက်လာ၍လည်း သူအတော်လေးအချိန်ကုန်သက်သာသည်ကိုဝန်ခံရပေမည် ။

သူတစ်ဦးတည်းသာဆိုလျှင် စမ်းတဝါးဝါးဖြင့်မေးမြန်၍သွားရမည်ဖြစ်သော်လည်း သူမနှင့်အတူလာသောကြောင့် သက်ရှိမြေပုံတစ်ခုအားရထားသည့်နှယ် သူမ၏နောက်မှအသာလိုက်နေရုံပင်ဖြစ်သည်။

ရှောင်ရှောင်လည်း ကိုးယိုကားယားဖြစ်နေသည့် ထင်းရှီအားကြည့်ကာရယ်မောလိုက်ရင်း သူမ၏ပတ္တမြားနက်ကို ကျန်းနန်မြို့ဆီသို့အပြင်းနှင်လိုက်သည် ။

ကျန်းနန်မြို့၏အပြင်ဘက် သူရဲကောင်းကွင်းပြင်

သူရဲကောင်းကွင်းပြင်တွင် လူမျာစုဝေးနေကြသည် ။ များသောအားဖြင့် လူအုပ်ထဲတွင်သိုင်းသမားများအများဆုံးပါဝင်ကြသည် ။ သူတို့ယခုလိုစုဝေးနေရသည့်အကြောင်းရင်းမှာ ယနေ့ပြုလုပ်မည့်စိန်ခေါ်ပွဲကြောင့်ဖြစ်သည်။

သူရဲကောင်းကွင်းပြင်တွင် ပြဿနာများကိုတရားမျှတစွယတိုက်ခိုက်၍ ဖြေရှင်းရန်လည်းကောင်း ၊ အချို့မှာ နာမည်ကျော်ကြားလို၍လည်းကောင်း သိုင်းလောကသားများမှာ နေ့စဉ်နှင့်အမျှစိန်ခေါ်ပွဲများပြုလုပ်ကြသည် ။

အချို့စိန်ခေါ်ပွဲများမှာ လူမသိသူမသိဖြင့်ပြီးသွားလေ့ရှိသော်လည်း အချို့ပွဲများမှာမူ ယခုလိုလူများများပြားစွာလာရောက်ကြည့်ရှုကြသည်။

စိန်ခေါ်ပွဲတွင်ပါဝင်ကြသည့်လူများမှာ နာမည်ကျော်ကြားသူများဖြစ်လျှင် ယခုလိုလူအများအပြားလာရောက်ကြည့်ရှုကြခြင်းဖြစ်သည်။

ယခုလည်း ဓားသုံးလက်သခင်လေးမှ နာမည်ကျော် အရှေ့ပိုင်းသိမ်းငှက်ညီနောင်အား လူသိရှင်ကြားစိန်ခေါ်ထားခြင်းကြောင့်ဖြစ်သည်။

ဓားသုံးလက်ရဲတိုက်မှာ သိုင်းလောက၏ပထမတန်းစားအင်အားစုတစ်ခုဖြစ်သည် ။သို့သော် ယခုမျိုးဆက်တွင် ဓားသုံးလက်သခင်လေးကဲ့သို့ထူးချွန်သူပေါ်ထွက်လာသောကြောင့် သူတို့ရဲတိုက်အနေဖြင့် ခေါင်းမော့ရင်ကော့နိုင်သည်။

ဓားသုံးလင်သခင်လေးမှာ အသက်နှစ်ဆယ်ကျော်အရွယ်ဖြင့် အဆင့်လွန်သိုင်းသမားဖြစ်‌နေကာ လက်ရှိမျိုးဆက်၏ထိပ်တန်းလူငယ်များထဲမှတစ်ဦးဖြစ်သည် ။

တစ်ဖက်တွင်အရှေ့ပိုင်းသိမ်းငှက်ညီနောင်မှာ ပို၍‌နာမည်ကျော်ကြားသေးသည်။

သူတို့၏ဆရာအရှေ့ပိုင်းဓားသမားမှာ အရှေ့ပိုင်းဒေသတွင်ပြိုင်ဘက်ကင်းကာ ဝူတန်းဂိုဏ်းချုပ်နှင့်အဆင့်တူဟုကျော်ကြားသူဖြစ်သည်။

လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်ကျော်က မြစိမ်းရောင်ဓားသမားကိုရှုံးနိမ့်သွားချိန်မှစ၍ သိုင်းလောကအတွင်းမှအနားယူခဲ့သော်လည်း သူ၏ကျော်ကြားမှုကို သိုင်းလောကကသားများမှာ မမေ့နိုင်ကြပေ။

ထို့အတူ အရှေ့ပိုင်းသိမ်းငှက်ညီနောင်မှာ သူတို့ဆရာ၏ဓားပညာကိုဆက်ခံခြင်းမရှိသော်လည်း ထူးခြားသည့်သိမ်းငှက်လက်သည်းသိုင်းပညာဖြင့် သိုင်းလောကအတွင်းမှလူငယ်အတော်များများအားအနိုင်ယူထားကြသည် ။

ယခု ဓားသုံးလက်သခင်လေးမှ နာမည်ကျော်ကြားသည့် အရှေ့ပိုင်းသိမ်းငှက်ညီနောင်ကိုစိန်ခေါ်ခဲ့ခြင်းမှာ ကြည့်ကောင်းမည့်ပွဲဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူရဲကောင်းကွင်းပြင်အစပ်တွင်လူအများအပြားရောက်ရှိနေကြခြင်းဖြစ်သည် ။

သူရဲကောင်းကွင်းပြင်အလယ်တွင် အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်ရပ်နေသည်။ ထိုလူငယ်မှာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ သူ၏အင်္ကျီရင်ဘက်တွင် သေးငယ်သည့်ဓားသုံးလက်ပုံပါသည်။

ထိုသင်္ကေတမှာ ဓားသုံးလက်ရဲတိုက်၏သင်္ကတဖြစ်၍ ထိုလူငယ်မှာ သိုင်းလောကထဲတွင်နာမည်ကျော်ကြားသူတစ်ဦးဖြစ်သည့်ဓားသုံးလက်သခင်လေးဖြစ်သည်။

လူငယ်မှာ ဓားသုံးလက်သခင်လေးဟုဆိုသော်လည်း သူ၏ခါးတွင်ဓားတစ်လက်ကိုသာချိတ်ဆွဲထားသည်။

ထိုလူငယ်မှတည်ကြည်သည့်မျက်နှာဖြင့် ကျန်းနန်မြို့ဆီသို့ကြည့်နေသည်။ လူအုပ်ကြီးမှာ သူတို့၏တိုက်ပွဲအားစိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေကြသည် ။

သိုင်းလောကသားများမှာ အမြဲလိုလိုတိုက်လိုက်နေရခြင်းကိုမွေ့လျော်ကာ ယခုလိုညနာမည်ကျော်များ၏စိန်ခေါ်ပွဲများပွဲလည်း လွန်စွာစိတ်ဝင်စားကြသည်။

ယခုသူရဲကောင်းကွင်ပြင်သို့ရောက်နေကြသည့်လူများမှာခန်မှန်းချေ အ‌ယောက်တစ်ရာ့ငါးဆယ်ကျော်နိုင်သည်။

သူရဲကောင်းကွင်းပြင်မှာ တိုက်ခိုက်နိုင်ရန်အတေယ်ကျယ်ဝန်း၍ ထိုလူများလည်းကွင်းပြင်ပတ်လည်တွင်နေရာကောင်ယူ၍စောင့်မျှော်နေကြသည်။

သို့သော် ယခုအချိန်အထိ အရှေ့ပိုင်းသိမ်းငှက်ညီနောင်မှာ ရောက်ရှိမလာသေးပေ။ ထို့ကြောင့် လူအများအပြားမှာ ကျွတ်စီကျွတ်စီဖြင့် တစ်ယောက်တစ်ပေါက်ဝေဖန်နေကြသည်။

ထင်းရှီနှင့် ရှောင်ရှောင်တို့မှာ သူတို့၏မြင်းများကိုဆွဲကာ ကွင်းပြင်၏အရှေ့ဘက်တွင်‌ရှိနေကြသည်။ သူတို့လည်းအခြားလူများနည်းတူ စိန်ခေါ်ပွဲအားလာကြည့်ကြခြင်းဖြစ်သည် ။

သူတို့သူရဲကောင်းကွင်းပြင်အားလာရင်း ယခုလိုစိန်ခေါ်ပွဲနှင့်ကြုံရသည်မှာ ‌တိုက်ဆိုင်လှသည်။

ထင်းရှီလည်း အနည်းငယ်စိတ်လှုပ်ရှားနေသည် ။ သူသိုင်းလောကထဲမှလူများ၏တိုက်ခိုက်မှုကို ပထမဦးဆုံးအကြိမ်အဖြစ် မျက်ဝါးထင်ထင်တွေ့မြင်ရတော့မည်ဖြစ်သည်။

သူ၏သိုင်းပညာနှင့်ထိုလူများ၏သိုင်းပညာကိုနှိုင်းယှဉ်ကြည့်နိုင်သည်။ ထို့ကြောင့်သူအနည်းငယ်တတ်ကြွနေသည် ။

သူနှင့်ဆန့်ကျင်ဘက်ရှောင်ရှောင်မှာမူ ယခုလိုတိုက်ပွဲများကိုများစွာကြုံဖူးသဖြင့် ရိုးအီနေပြီဖြစ်သည်။

သို့သော်တိုက်ခိုက်မည့်လူများမှာ သိုင်းလောကမှနာမည်ကျော်လူငယ်များဖြစ်၍ သူမလည်း ကြည့်ရှုရန်ဆန္ဒစောနေမိသည် ။

သူတို့နှစ်ဦးမှာ မြင်းများကိုင်ထားကြကာရပ်နေကြသည် ။ထို့ကြောင့် သူတို့၏နေရာမှာ အတော်လေးယူသဖြင့် ဘေးမှလူများ၏မကျေနပ်သည့်အကြည့်များကိုရင်ဆိုင်ရသေးသည် ။

“ ဟော အရှေ့ပိုင်းသိမ်းငှက်ညီနောင်ရောက်လာပြီ “

မည်သူမှအော်ဟစ်လိုက်သည်မသိ သူရဲကောင်းကွင်းပြင်၏မြောက်ဘက်ဆီမှအသံထွက်လာသည် ။

လူအများမှာ ထိုနေရာသို့ဝိုင်းဝန်းကြည့်ရှုလိုက်ကြသည်။ မြောက်ဘက်မှလူအများမှာ ဘေးဘက်သို့ရှဲသွားကြကာ လူငယ်နှစ်ယောက်လျှောက်လာသည်။

မည်သည့်အတွက်ကြောင့်ရယ်မသိထိုလူများမှာ ထိုလူငယ်နှစ်ယောက်မှ အရှေ့ပိုင်းသိမ်းငှက်ညီနောငိဖြစ်သည်ကိုသိသည်နှင့် အလိုလိုလမ်းဖယ်ပေးလိုက်ကြခြင်းဖြစ်သည်။

‌ထင်းရှီလည်းအများနည်းတူ ထိုလူငယ်နှစ်ယောက်ကိုအကဲခပ်လိုက်သည် ။ထိုနှစ်‌ယောက်မှာ အသက်များစွာမကြီးသေးဘဲ နှစ်ဆယ့်ခြောက်နှစ်ဆယ့်ခုနစ်နှစ်ခန်သာရှိကြသေးသည်။

သူတို့နှစ်ဦးမှာ ဆန့်ကျင်ဘက်ဖြစ်သည့်အဖြူရောင်ဝတ်စုံနှင့် အနက်ရောင်ဝတ်စုံများကိုဝတ်ဆင်ထားကြသောကြောင့် အဝေးမှကြည့်လျှင်အလွယ်တကူထင်းနေအောင်မြင်ရသည်။

သူတို့နှစ်ယောက်ထံတွင်လက်နက်တစ်စုံတစ်ရာမပါပေ။

“ သူတို့က အရှေ့ပိုင်းသိမ်းငှက်ညီနောင်ပဲ။ သူတို့ရဲ့နာမည်တွေက သူတို့ဝတ်ထားတဲ့ဝတ်စုံတွေလိုပဲ အဖြူရောင်သိမ်းငှက်ချွင်းထုံနဲ့ အနက်ရောင်သိမ်းငှက်ချွင်းရှန်တဲ့ ။ သူတို့က သိမ်းငှက်လက်သည်းသိုင်းကို အဓိကသုံးတယ် ။

ပြီးတော့ သူတို့ကဲ့သိမ်းငှက်လက်သည်းသိုင်းက အထင်သေးလို့မရဘူး ။။သိုင်းလောကထဲကကျော်ကြားတဲ့လူအတော်များများကိုအနိုင်ယူထားပြီး လူငယ်မျိုးဆက်မှာ ထိပ်တန်းနေရာမှာရှိတဲ့ ဝူတန်းက ထိုက်ကျိဓား စန်းဟုန်းလျန်ကို လက်ရည်တူတိုက်နိုင်တယ် “

ရှောင်ရှောင်မှ ထင်းရှီအနားသို့ကပ်ကာ ခပ်တိုးတိုးရှင်းပြလိုက်သည်။ ထင်းရှီလည်း သူမ၏စကားကြောင့် ထိုနှစ်‌ယောက်အား ပို၍စိတ်ဝင်စားသွားသည်။

ထို့အတူ ရှောင်ရှောင့်ဆီမှ သင်းပျံ့သည့်ရနံ့တစ်ခုကိုရရှိသည်။ ထိုရနံ့မှာအမွှေးနံ့သာများကြောင့်မဟုတ်ဘဲ သူမ၏ကိုယ်သင်းရနံ့ဖြစ်သည်။

ထင်းရှီလည်း သင်းပျံ့သည့်ရနံ့ကိုရှုရှိုက်လိုက်ကာ ရှောင်ရှောင်အားတစ်ချက်စောင်းကြည့်လိုက်သည် ။ ထို့နောက် ခေါင်းယမ်း၍ သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။

All Chapters