← Chapters

ရှုပ်ထွေးသည့်ဓားသုံးလက်သိုင်း

Vol. 1 Ch. 84

ရှုပ်ထွေးသည့်ဓားသုံးလက်သိုင်း

Vol. 1 Ch. 84

အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်နှင့် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်မှာ ကွင်းပြင်အစပ်တွင်ပင်ရှိကြသေးသည် ။

သူတို့နှစ်ဦးမှာ လက်နှစ်ဖက်ကိုနောက်ဘက်သို့ပစ်ထားကြကာ အေးအေးဆေးဆေးရှိကြလွန်းသည်။

သူတို့၏ပုံစံမှာ တိုက်ခိုက်ရန်လာရောက်သူထက် ပွဲကြည့်ရန်လာရောက်သူများနှင့်တူလှသည် ။

ဘေးပတ်ဝန်းကျင်မှလူများမှာ ပြိုင်ဘက်အပေါ်ဂရုစိုက်ပုံမရသည့်သူတို့၏ပုံစံကြောင့် တီးတိုးဝေဖန်နေကြသည်။ သို့သော် မည်သူမှကျယ်‌ကျယ်လောင်လောင်ပြောဆိုဝံ့ခြင်းမရှိကြပေ။

“ ချွင်းရှန်မင်းသွားမှာလား ငါသွားရမှာလား “

အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်ချွင်းထုံမှ စိတ်မရှည်သည့်လေသံဖြင့်မေးလိုက်သည်။ သူတို့နှစ်ဦးမှာ ဓားသုံးလက်ခင်လေးကို ပြိုင်ဘက်ဟုစက်မှတ်ထားခြင်းမရှိပေ။

သို့သော် ထိုကောင်မှ သူတို့အားလူသိရှင်ကြားစိန်ခေါ်လာသဖြင့် သူတို့မတတ်သာဘဲတိုက်ခိုက်ရမည်ဖြစ်သည် ။

အကယ်၍ သူတို့သာစိန်ခေါ်ပွဲသို့မလာခဲ့ပါက သိုင်းလောကသားများမှာ သူတို့နှစ်ဦးအားကြောက်ရွံ့နေကြသည်ဟု သက်မှတ်ကြမည်ဖြစ်သည်။

“ ချွင်းထုံမင်းနေ ငါပဲသွားလိုက်မယ် “

အနက်ရောင်ဝတ်စုံနှင့်ချွင်းရှန်မှပြန်ဖြေလိုက်သည် ။ ဓားသုံးလက်သခင်လေး၏လှည့်ကွက်ကြောင့် ချွင်းထုံအတော်လေးဒေါသထွက်နေသည်ကို သူသိထားသည်။

သူတို့နှစ်ဦးမှာ ညီအစ်ကိုအရင်းအချာများဖြစ်ကြကာသူတို့၏စိတ်ဓာတ်များမှာအတော်များများတူညီကြသော်လည်း သူ၏အစ်ကိုချွင်းထုံမှသူ့ထက်ပို၍ဒေါသကြီးသည်။

ထို့ကြောင့် ယနေ့တိုက်ပွဲတွင် ချွင်းထုံလက်လွန်ခြေလွန်လုပ်လျှင် ဝမ်းနည်းစရာများဖြစ်လာမည်ဖြစ်သည် ။

မည်သို့ပင်ဖြစ်စေ ဓားသုံးလက်သခင်လေးနှင့်သူတို့မှာ ရန်ငြိုးရန်စမရှိသည့်အတွက် အသေအကျေတိုက်ခိုက်ရန်မလိုအပ်ပေ။

သူတို့လိုအပ်သည်က သူတို့အား ချနင်းကာနာမည်ကျော်ကြားရန်ကြံစည်နေသည့်‌ထိုကောင်အား ကောင်းကောင်းကြီးပညာပေးရန်သာဖြစ်သည်။

“ ဝှစ် “

အနက်ရောင်သိမ်းငှက်ချွင်းရှန်မှ မြေပြင်အားခြေတစ်ချက်ဆောင့်ကာ ခုန်လိုက်သည်။ သူ၏ခန္တာကိုယ်မှာ ပေါ့ပါးစွာမြောက်တက်သွားကာ ကွင်ူပြင်အလယ်တွင်ရှိသည့် ဓားသုံးလက်သခင်လေး၏ဘေးသို့အသာအယာရောက်သွားသည်။

“ ကောင်းလိုက်တဲ့လှုပ်ရှားမှု “

ကြည်ရှုနေကြသူများမှာ ချွင်းရှန်၏လှုပ်ရှားမှုကြောင့် မနေနိုင်ဘဲချီးကျူးလိုက်ကြသည်။ သူတို့၏ စိတ်ထဲတွင်လည်း စိတ်လှုပ်ရှားမှုများပို၍ပုည့်နှက်လာသည်။

ယခုလိုပုံစံမျိုးဆိုလျှင် စောင့်ဆိုင်းနေရခြင်းမှာာအချည်းနှီးမဖြစ် းတော့ပေ။

စောင့်ဆိုင်းနေရသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ အနည်းငယ်ဒေါသထွက်နေသည့်ဓားသုံးလက်သခင်လေးမှာ ချွင်းရှန်၏လှုပ်ရှားမှုကိုမြင်သည်နှင့် သူ၏ရင်ထဲတွင်တင်းကြပ်သွားသည်။

ထိုလှုပ်ရှားမှုကိုအကဲခပ်ခြင်းအားဖြင့် ချွင်းရှန်၏ကိုယ်ဖော့ပညာမှာ သူ့ထက်သာလွန်ကြောင်းကိုသူသိသည် ။

သို့သော် သူစိတ်ပျက်မသွားပေ ။သူအဓိကအားထားသည်မှာ သူ၏ကိုယ်ဖော့ပညာမဟုတ်ဘဲ သူ၏ဓားသိုင်းဖြစ်သည်။

ထို့အပြင် ယနေ့သူ၏ရည်ရွယ်ချက်မှာ ထိုနှစ်ယောက်အားအနိုင်တိုက်ရန်မဟုတ်ဘဲ အကွက်ရေအတော်များများခုခံနိုင်လျှင်ပင် သူ၏ရည်ရွယ်ချက်အောင်မြင်ပြီဟုပြော၍ရသည်။

သူနှင့်အတူကျော်ကြားခဲ့သည့်လူငယ်အတော်များများမှာ ထိုနှစ်ယောက်၏သိုင်းဆယ်ကွက်အတွင်းပင်ရှုံးနိမ့်သွားကြသည်မဟုတ်လား ။

ဓားသုံးလက်သခင်လေးမှာ မျက်နှာတည်ကြည်နေကာ သူ၏ခါးမှဓားကိုဆွဲထုတ်လိုက်သည် ။ လူငယ်မျိုးဆက်၏ထိပ်တန်းတွင်ရှိနေသည့်လူတစ်ယောက်နှင့်တိုက်ခိုက်ရမည်မှာ သူ့အတွက်အနည်းငယ်ဖိအားများသည်။

ချွင်းရှန်လည်းအပိုစကားမဆိုဘဲ တိုက်ခိုက်မည်ပြင်နေသည့်ဓားသုံးလက်သခင်လေးကြောင့် အသာပြုံးလိုက်မိသည်။ ထို့နောက် သူ၏လက်ကိုဝေ့ယမ်းကုပြောလိုက်သည်။

“ စပါ “

“ ကောင်းပြီလေ မင်းလည်းသတိထားပါ “

ဓားသုံးလက်သခင်လေးလည်း ချွင်းရှန်၏လေးစားမှုပြသသည့်အမူအယာကြောင့် ခေါင်းတစ်ချက်ညိမ့်ကာ သ‌တိပေးစကားပြောလိုက်သည်။

ထို့နောက် ခန္တာကိုယ်မားမျဉ်းကြောင်းလိုတစ်ဖြောင့်တည်းထား၍ ချွင်းရှန်ထံသို့ပြေးဝင်သွားသည်။

သူ၏ခန္တာကိုယ်မှာ ရိပ်ခနဲရွေ့လျားသွားကာ ချွင်းရှန်၏အနားသို့ချက်ခြင်းရောက်သွားသည်။ တစ်ဆက်တည်း သူ၏ဓားအားလှုပ်ရှားလိုက်ရာ ဓားအရိပ်များစွာပေါ်နေသည်။

“ ဝိုးး.. ဓားသုံးလက်သခင်လေးင သူ့ရဲ့အကောင်းဆုံးဓားသိုင်းဖြစ်တဲ့ ဓားသုံးလက်သိုင်းကိုတောင်စပြီးသုံးနေပြီပဲ “

“ သူအကောင်းဆုံးတိုက်နေတာလို့ပြောလို့ရတယ် “

ထင်းရှီတို့ဘေးနားမှသိုင်းသမားများထံမှ ဝေဖန်သံများထွက်ပေါ်လာသည်။ ထိုလူများမှာ ဓားသုံးလက်သခင်‌လေး၏ဓားသိုင်းကို ယခင်ကမြင်ဖူးပုံပေါ်သည် ။

“ ဓားသုံးလက်သခင်လေးအသုံးပြုတဲ့ဓားသိုင်းက ဓားသုံးလက်သိုင်းပဲ။

သူ့ရဲ့ဓားသိုင်းက ဓားသုံးလက်ရဲတိုက်ရဲ့နာမည်ကျော်ကြားတဲ့သိုင်းပညာဖြစ်ပြီးတော့ သူကအဆင့်ကုန်အောင်မြင်ထားတာ။

ဓားသုံးလက်သခင်လေးလို့နာမည်ကျော်တဲ့အကြောင်းရင်းကသူကဓားသုံးလက်ကိုအသုံးပြုလို့မဟုတ်ဘူး ။

သူ့ရဲ့ဓားသိုင်းက လျှင်မြန်ရှုပ်ထွေးပြီး သူနဲ့တိုက်ခိုက်နေတဲ့လူအတွက် ဓားသုံးလက်နဲ့တစ်ပြိုင်တည်းတိုက်ခိုက်နေရသလိုခံစားကြရလို့ ဓားသုံးလက်သခင်လို့ နာမည်ကျော်လာတာပဲ “

ရှောင်ရှောင်မှ ထင်းရှီအနားသို့ကပ်ကာ ခပ်တိုးတိုးရှင်းပြလိုက်သည် ။ ထင်းရှီလည်း သူမ၏စကားကြောင့် ခေါင်းညိမ့်လိုက်မိသည်။

သူကိုယ်တိုင်လည်းဓားသမားတစ်ယောက်ဖြစ်သောကြောင့် ဓားသုံးလက်သခင်လေး၏တိုက်ခိုက်မှုကိုကြည့်ကာ မည်သို့ဖြစ်မည်ကို အနည်းငယ်ခန့်မှန်းမိသည်။

“ မင်းကဘာဖြစ်လီု့လောက်သိနေတာလဲ မင်းရဲ့ဗိုက်ထဲမှာ ပုဏ္ဏားလေးရှိနေတာတော့မဟုတ်လောက်ပါဘူးနော် “

ထင်းရှီမှ အသာပြုံးလိုက်ကာ ရှောင်ရှောင်၏အနားသို့ကပ်၍‌စနောက်လိုက်သည်။ သူ၏စနောက်မှုကြောင့် ရှောင်ရှောင်မှ အနည်းငယ်ဒေါသထွက်သွားပုံရကာ ပြန်၍ပြောဆိုလိုက်သည် ။

“ ကျွန်မရဲ့ဗိုက်ထဲမှာ ပုဏ္ဏားရှိမရှိတော့မသိဘူး ဒါပေမယ့်ရှင့်ကိုတော့ နောက်ထပ်ရှက်းမပြတော့ဘူး “

သူမ၏စိတ်ဆိုးမာန်ဆိုးစကားကြောင့် ထင်းရှီလည်းရယ်မောလိုက်သည်။ သူမ‌အမှန်တကယ်ဒေါသမထွက်မှန်းသူသိသော်လည်း သူမစိတ်ကျေနပ်မှုရှိစေရန်ချော့မော့ရမည်ဖြစ်သည်။

“ ကောင်းပါပြီ ငါပဲမှားပါတယ် ။ပြောပါဦးမင်းကဘယ်လိုလုပ်သိုင်းလောကထဲမှာ အတော်များများကို သိနေရတာလဲ “

ထင်းရှီ၏အလျော့ပေးသည့်စကားကြောင့် သူမကျေနပ်သွားသည် ။ထို့နောက် သူမ၏ဦးခေါင်းအားမော့ကာပြောလိုက်သည် ။

“ ဒါတွေကပြောရရင်ကျွန်မရဲ့ဆရာကြောင့်ပဲ ။ ဆရာကပုံမှန်ဆိုရင်ကျွန်မကိုချစ်ခင်ပြီးအလိုလိုက်ပေမယ့် သိုင်းပညာသင်ကြားတဲ့အချိန်ဆိုရင်တင်းကြပ်တယ် ။

ပြီးတော့ သိုင်းပညာသင်ကြားပြီးရင်လည်း သိုင်းလောကထဲကအကြောင်းအရာတွေ ဗဟုသုတတွေကိုပြောပြတတ်သေးတယ်။ ဒါကြောင့်ကျွန်မကအခုလို ကိစ္စအတော်များများသိနေတာပဲ “

ရှောင်ရှောင်မှဂုဏ်ယူဝံ့ကြွားသလိုသူမ၏‌ဦးခေါင်းမားမော့ကာပြောလိုက်သည်။ သူမ၏စကားကြောင့်ထင်းရှီလည်းတစ်စုံတစ်ရာထပ်မံပြောဆိုခြင်စမရှိတော့ဘဲပြုံး၍နေလိုက်သည်။

သို့သော် သူ၏စိတ်ထဲတွင်တော့ ရှောင်ရှောင်၏ဆရာကိုကြိတ်၍ချီးကျူးလိုက်သည် ။ သိုင်းသမားတစ်ယောက်မှာ သိုင်းပညာထူးချွန်နေရုံဖြင့်မလိုလောက်ဘဲ လုံလောက်သည့်ဗဟုသုတရှိမှဖြစ်ပေမည်။

‘ ရန်သူနှင့်မတိုက်မီ ရန်သူအကြောင်းကိုသိရှိနေပါကအနိုင်တစ်ဝက်သေချာသည် ‘ ဟူသောစကားလည်းရှိသည် ။

ထို့ကြောင့်သိုင်းလောကထဲမှအကြောင်းအရာအတော်များများကိုသိရှိနေပါက သာ၍ကောင်းသေးသည် ။

ထို့နောက်တွင် သူ၏အာရုံမှာ တိုက်ပွဲဆီသို့ရောက်သွားသည်။

ဓားသုံးလက်သိုင်းပညာမှာ လျှင်မြန်ရှုပ်ထွေးမှုကိုအခြေခံထားကာ ဓားရိပ်များစွာထွက်ပေါ်လာ၍ ဓားအစစ်နှင့်ပုံရိပ်‌ယောင်ရောနှောနေပေမည်။

ထိုအခါတိုက်ခိုက်ခံရသူမှာ မည်သည့်ဿားအရိပ်ကအစစ်ဖြစ်သည်ကိုခွဲခြားချိန်မရတော့ဘဲ အားလုံးကိုကာကွယ်ရမည်ဖြစ်သည်။ ထိုအခါ ဓားသုံးလက်သို့မဟုတ်ဓားပေါင်းများစွာနှင့်တစ်ပြိုင်နက်တိုက်လိုက်နေရသလို ခံစားရပေမည်။

ယခုလည်း ဓားသုံးလက်သခင်လေးမှာ သူ၏ဓားအားလျှင်မြန်စွာလှုပ်ရှားလိုက်၍ အနက်ရောက်သိမ်းငှက်ချွင်းရှန်၏ခန္တာကိုယ်တစ်ခုလုံး ဓားအရိပ်များလွှမ်းခြုံသွားသည်။

များပြားလှသည့်ဓားအရိပ်များအားကြည့်ကာ ချွင်းရှန်မှာ ပြုံးလိုက်ပြီး သူ၏လက်အားလျှင်မြန်စွာလှုပ်ရှားလိုက်သည်။

“ ပုံရိပ်ယောင်သိမ်းငှက်တိုက်ကွက် “

ချွင်းရှန်၏လက်မှာလည်းလျှင်မြန်စွာရွေ့လျားသွပြီး အရိပ်များစွာပေါ်လာသည်။ ထိုလက်သည်းရိပ်များမှာ ချွင်းရှန်၏ဓားရိပ်များကိုဖျက်ဆီးပစ်လိုက်သည် ။

“ ထန် “

သံချင်းထိသည့်အသံပေါ်လာကာ ဓားသုံးလက်သခင်လေးမှာ နောက်သို့ခြေတစ်လှမ်းဆုတ်ပေးလိုက်ရသည်။ ထို့နောက် ချွင်းရှန်အားမယုံကြည်နိုင်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

သူကြားရသည့်သတင်းများမှာ မှန်ကန်ပုံရသည်။ အရှေ့ပိုင်းသိမ်းငှက်ညီနောင်၏လက်များမှာ ဓားလှံများကိုပင် ချိုးဖျက်နိုင်သည်ဟုနာမည်ကျော်သည်။

ယခု ထိုသတင်းများမှာ အမှန်ဖြစ်ပုံရသည်။ သူ၏ဓားနှင့်ထိတ်တိုက်ရင်ဆိုင်မိသည်ကိုပင် ချွင်းရှန်မှဘာမှဖြစ်မသွားဘဲ သူသာနောက်သို့ခြေတစ်လှမ်းဆုတ်ပေးလိုက်ရသည်။

“ စိတ်မကောင်းပါဘူး ငါ့ရဲ့လက်ဝါးနှစ်ဖက်က မင်းရဲ့ဓားလိုပဲမာကျောတယ် “

ချွင်းရှန်မှ သူ၏လက်ဝါးနှစ်ဖက်ကိုပွတ်ကာပြောလိုက်သည်။ သူ၏စကားကြောင့် ဓားသုံးလက်သခင်လေးလည်း အံကိုတင်းတင်းကြိတ်လိုက်သည်။

ထို့နောက် သူ၏ဓားအားမြောက်ကာ ချွင်းရှန်ထံသို့တိုးဝင်သွားပြန်သည်။

“ ဓားသုံးလက်ဓားသိုင်း အရိပ်လှုပ်ရှားမှု “

ယခုတစ်ကြိမ်တွင် ဓားသုံးလက်သခင်လေး၏သိုင်းကွက်မှာပို၍လျှင်မြန်လာသလို သူ၏ဓားသည်လည်း ဦးတည်ချက်ပြောင်းလဲသွားသည် ။

All Chapters