အနိုင်ရသူအနက်ရောင်သိမ်းငှက်
Vol. 1 Ch. 85
ယခင်လိုနေရာတစ်ခုတည်းအားပစ်မှတ်မထားတော့ဘဲ ချွင်းရှန်၏ဦးခေါင်း၊ ရင်ဘက်နှင့် ခြေအောက်ပိုင်းဆီသို့ဓားအရိပ်များစွာတိုးဝင်သွားသည် ။
သူ၏လှုပ်ရှားမှုမှာ မြန်ဆန်လှသဖြင့် မည်သည့်ဓားအရိပ်ကအစစ်ဆိုသည်ကိုပင်ခွဲခြားချိန်မရလိုက်ပေ
။
ထို့အပြင် ဓားကွက်များကိုအနားမပေးဘဲ ဆက်တိုက်တိုက်ခိုက်နေသည်။ သူတို့နှစ်ဦး၏ပတ်ဝန်းကျင်တွင် သူ၏ဓားမှထွက်သည့်ဓားရိပ်များလွှမ်းခြုံနေကာ အရောင်တလက်လက်ဖြစ်နေသည် ။
တစ်ခါတစ်ရံဓားရိပ်များကြားမှလက်သည်းရိပ်များပေါ်လာတတ်သည်။ ထိုအခါဓားရိပ်များမှာ အျာက်ကွယ်သွားကြသည်။
သို့သော် ဓားသုံးလက်သခင်လေး၏လှုပ်ရှားမှုအောက်တွင် ထိုနေရာများမှာ ဓားရိပ်များနှင့်ပြည့်နှက်သွားသည်။
ဓားသုံးလက်သခင်လေး၏ယခုတစ်ကြိမ်ဆက်တိုက်တိုက်ခိုက်မှုများမှာ ချွင်းရှန်အားပိတ်လှောင်ထားသည်။
သို့သော် သူချွင်းရှန်အား ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာဖြစ်အောင် မစွမ်းဆောင်နိုင်သေးပေ ။ချွင်းရှန်၏ခန္ဓာကိုယ်အနီးသို့ရောက်လျှင် သး၏ဓားရိပ်များမှာ ချေဖျက်ခံလိုက်ရကာ ပျောက်ကွယ်သွားသည်။
တစ်ခါတစ်ရံချွင်းရှန်၏လက်နှင့် သူ၏ဓားထိခိုက်မိလျှင် သူ၏လက်များထုံကျင်သွားသေးသည် ။ထို့ကြောင့် ချွင်းရှန်၏အတွင်းအားမှာ သူ့ထက်မြင့်မားမည်မှာ သေချာလှသည်။
အရှေ့ပိုင်းသိမ်းငှက်ညီနောင်မှ အနက်ရောင်သိမ်းငှက်မှာ သူ၏နာမည်နှင့်လိုက်ပေသည်။
“ အခုဓားသုံးလက်သခင်လေးက အသာစီးရနေတာလား “
ရှောင်ရှောင်မှထင်းရှီအားမေးလိုက်သည် ။ ထင်းရှီမှာ အမြင်စူးရှကာ တိုက်ပွဲအခြေအနေကိုကောင်းစွာခန့်မှန်းနိုင်မှန်း သူမသိသည်။
သူမ၏စကားကြောင့် ထင်းရှီမှ ပြုံးလျက်ခေါင်းယမ်းလိုက်သည်။ ဓားသုံးလက်သခင်လေးမှအသာစီးရနေသည်လား ။ ဤသည်ကမှားယွင်းနေသည် ။
“ မဟုတ်ဘူး ။ သူအသာစီးရနေတာမဟုတ်ဘူး နောက်ထပ်သိုင်းကွက်အနည်းငယ်အတွင်းမှသူရှုံးနိမ့်လိမ့်မယ် ။
သေသေချာချာကြည့်မယ်ဆိုရင် တိုက်ပွဲစထဲက ဓားသုံးလက်သခင်လေးက အနိုင်ရဖို့အတွက်ရည်ရွယ်တာမဟုတ်ဘဲ အနက်ရောင်သိမ်းငှက်ကို သရေကျဖို့ ဒါမှမဟုတ် ။ အကွက်ရေအတော်များများတိုက်နိုင်ဖို့ရည်ရွယ်တာကိုတွေ့လိမ့်မယ်။
အခုလိုမျိုး အနိုင်အရှုံးဆုံးဖြတ်တာမဟုတ်ဘဲ သူသေကိုယ်သေတိုက်ခိုက်ကြရင် စိတ်ဆုံးဖြတ်ချက်ပြက်သားမှုက အလွန်အရေးကြီးတယ်။
ဘယ်လိုပဲနေနေပါ အခုတိုက်ပွဲမှာလည်း လေးရဲ့ရည်ရွယ်ချက်ကိုကအနိုင်ရဖို့မဟုတ်တဲ့အတွက် သူသေချာပေါက်ရှုံးနိမ့်လိမ့်မယ် “
ထင်းရှီမှ ဖြေးညင်းစွာပြောလိုက်သည်။ သူ၏စကားကြောင့် ရှောင်ရှောင်မှထင်းရှီ၏မျက်နှာကို တအံ့တသြမော့ကြည့်လိုက်သည်
ထင်းရှီ၏ချောမောသောမျက်နှာမှာ တည်ကြည်နေကာ တိုက်ပွဲအားမျက်တောင်မခတ်တမ်းကြည့်နေသည်။
သူ၏အာရုံစူးစိုက်နေသည့်အမူအယာကြောင့် ပုံမှန်အချိန်များထက်ချောမောနေသည်ဟုရှောင်ရှောင်မှာ တစ်ဦးတည်းတွေးလိုက်မိသည်။
ထို့နောက် သူမ၏ဦးခေါင်းအားအလျှင်အမြန်ခါယမ်းကိုထိုအတွေးများအား ခပ်မြန်မြန်ရှင်းထုတ်လိုက်သည်။ သူမ၏စိတ်ထဲတွင်လည်းအထိတ်တလန့်တွေးလိုက်မိသည်။
သူမနှင့်တွေ့ဆုံသည်မှာ အချိန်များစွာမကြာသေးသည့်လူတစ်ယောက်ကိုနှစ်သက်သွားသည်လော ။ ဤသည်ကမဖြစ်နိုင်ပေ။
သို့သော် ထင်းရှီ၏တည်ကြည်သည့်အမူအယာနှင့် ဉာဏ်ပညာပြည့်ဝပုံပေါ်သည့်မျက်လုံးနက်နက်များက ကြည့်ကောင်းလှသည်ကိုတော့ သူမဝန်ခံရမည်။
ရှောင်ရှောင်၏အတွေးများပျံ့လွင့်နေစဉ် ထင်းရှီမှာ တိုက်ပွဲအားအာရုံစူးစိုက်၍ကြည့်နေသည်။
တိုက်ပွဲထဲတွင် ချွင်းရှန်မှာ နောက်ထပ်အချိန်ဆွဲလိုပုံမပေါ်ပေ။ သူ၏အတွင်းအားများကို လက်နှစ်ဖက်သို့ပို့လွှတ်ကာ ထက်မြက်သည့်သိုင်းကွက်တစ်ခုအားထုတ်သုံးလိုက်သည်။
“ သိမ်းငှက်စစ်သည်တော် “
သူ၏အော်ဟစ်မာန်သွင်းသံနှင့်အတူ သူ၏လက်နှစ်ဖက်မှာ လျှင်မြန်စွာလှုပ်ယမ်းသွားသည်။
ထို့အတူ ကျယ်လောင်သည့်အသံများနှင့် ဓားသုံးလက်သခင်လေး၏ဓားရိပ်များမှာ ပျောက်ကွယ်သွားသည်။
ဓားသုံးလက်သခင်လေးလည်းနောက်ကိုအလျှင်အမြန်ဆုတ်ခွာလိုက်သည် ။သို့သော် ချွင်းရှန်မှ သူ့ကိုမည်သို့အလွတ်ပေးမည်နည်း။
ချွင်းရှန်မှဓားသုံးလက်သခင်လေး၏နောက်သို့အရိပ်တစ်ခုကိုကပ်လျက်လိုက်လာသည်။ သူ၏လက်နှစ်ဖက်မှာ ဟန်ချက်ပျက်နေသည့်ဓားသုံးလက်သခင်လေးအား ကုတ်ဆွဲလိုက်သည်။
“ ဗြိ “
ဓားသုံးလက်သခင်လေးမှာ နောက်သို့လှဲချကာ အလျှင်အမြန်ရှောင်တိမ်းလိုက်သည် ။
သို့တိုင်အောင် သူ၏အင်္ကျီရင်ဘက်မှအဝတ်စမှာ ချွင်းရှန်၏လက်ထဲသို့ပါသွားည် ။ ထို့နောက် ချွင်းရှန်၏လက်မှာ နောက်တစ်ကြိမ်လှုပ်ရှားလိုက်ပြန်သည်။
ဓားသုံးလက်သခင်လေးမှာ အကျဉ်းအကြပ်ထဲသို့လုံးဝကျရောက်သွားသည်။ လူအများမှာလည်းယခုတစ်ကြိမ်တွင် ဓားသုံးလက်သခင်လေးသွားပြီဟု တွေးလိုက်မိကြသည် ။
ထင်းရှီမှာ ဓားသုံးလက်သခင်လေး၏ပုံပျက်ပန်းပျက်ရှောင်တိမ်းမှုအားကြည့်လိုက်ကာ သူ၏မျက်ခုံးနှစ်ဖက်စုကျုံ့သွားသည်။ ထို့နောက် သူ၏ဘေးမှရှောင်ရှောင်အားအလျှင်အမြန်ပြောလိုက်သည်။
“ ရှောင်ရှောင် သေချာကြည့်ထား ဓားသုံးလက်သခင်လေးက သူ့ရဲ့ဝှက်ဖဲကိုထုတ်သုံးတော့မယ် ငါ့အထင်ပြောရရင်လက်နက်ပုန်းတစ်မျိုးမျိူးဖြစ်ပုံရတယ် “
ထင်းရှီ၏စကားကြောင့် တိုက်ပွဲအားကြည့်နေသည့်ရှောင်ရှောင်မှာ အံ့အားသင့်သွားသည်။ ထင်းရှီ၏စကားမှာ တိုက်ပွဲအားကြိုတင်သိရှိနေသည့်လေသံပေါက်နေသည် ။
အောက်သို့လှဲချလိုက်သည့်ဓားသုံးလက်သခင်လေး၏မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာသည်။ ထို့နောက် သူ၏လက်နှစ်ဖက်မားလျှင်မြန်စွာလှုပ်ရှားလိုက်သည်။
“ လျှို့ဝှက်ဓားသုံးလက် “
သူ၏အင်္ကျီလက်အတွင်းမှဓားမြောင်ငယ်နှစ်လက်မှာ ချွင်းရှန်အားဘယ်ညာတိုးဝင်သွားသည် ။တစ်ဆက်တည်း မြေပြင်အားလက်ဖြင့်တစ်ချက်ထောက်ကာ ပြန်ခုန်ထလိုက်သည်။
ထို့နောက် ချွင်းရှန်အား လျှင်မြန်စွာခုတ်ပိုင်းလိုက်သည် ။
တိုက်ပွဲအားကြည့်နေကြသူများမှာ မျက်လုံးများပြူးကျယ်၍ပါးစပ်အဟောင်းသားဖြစ်သွားသည် ။ ဓားသုံးလက်သခင်လေး၏မထင်မှတ်ထားသည့်တန်ပြန်တိုက်စစ်မှာ သူတို့အားအံ့ဩတုန်လှုပ်သွားစေသည်။
ချွင်းရှန်၏ဘယ်ညာမှဓားပျံနှစ်လက်တိုးဝင်လာကာ သူ၏ဦးခေါင်းထက်မှလည်း ဓားသုံးလက်သခင်လေးမှ ခုတ်ပိုင်းလိုက်သည်။
ထိုအခြေအနေသို့ ကျရောက်နေသူမှာ သူတို့သာဖြစ်ပါက လုံးဝလွတ်မြောက်မည်မဟုတ်ပေ ။ လူငယ်မျိူးဆက်မှ ကျော်ကြားသူများမှာ နာမည်နှင့်လိုက်အောင်အစွမ်းထက်လှသည်။
ချွင်းရှန်မှာ မထင်မှတ်ထားသည့်အခြေအနေကြောင့် အနည်းငယ်အံ့ဩထိတ်လန့်သွားသော်လည်းများစွာထိတ်လန့်ခြင်းတော့မရှိပေ ။
ထိုတိုက်ကွက်မှာ သူ့အားပထမဦးဆုံးအကြိမ်အဖြစ် အကျဉ်းအကြပ်သို့တွန်းပို့နိုင်ခဲ့သည်။ ဓားသုံးလက်သခင်လေးမှယ အစွမ်းထက်သူတစ်ဦးဖြစ်သည်ကိုတော့ သူဝန်ခံရမည်။
သို့သော် ဤသည်က သူ့အားအနိုင်ရမည်ဟုဆိုလိုခြင်းမဟုတ်ပေ သူ၏စိတ်အားတည်ငြိမ်စွာထားကာ ခန္တာကိုယ်အားလှုပ်ယမ်းလိုက်သည် ။
“ လွတ်လပ်သောငှက် “
ထိုသိုင်းကွက်မှာ သူ၏သိမ်းငှက်လက်သည်းသိုင်းမှ အကောင်းဆုံးရှောင်တိမ်းကွက်ဖြစ်သည်။
“ ထန် ထန် “
သူ၏ဘယ်လက်မှာ ဓားပျံနှစ်လက်အားရိုက်ဖယ်လိုက်ကာ သူ၏ခန္တာကိုယ်မှ ထူးဆန်းသည့်အနေအထားဖြင့်ရှောင်တိမ်းထွက်သွားသည်။
ဓားသုံးလက်သခင်လေး၏ဓားပျံနှစ်လက်မှာမြေပြင်ပေါ်သို့စိုက်ဝင်သွားကြသလို သူ၏ဓားကွက်သည်လည်း လွဲချော်ကာ မြေပြင်အားခုတ်ပိုင်းချလိုက်သည်။
ထိုဓားကွက်မှာ အတွင်းအားအပြည့်ထည့်သွင်းထားသဖြင့် မြေပြင်တွင် ဓားချက်ကြီးတစ်ခုကိုဖြစ်ပေါ်စေသည်။
ဓားသုံးလက်သခင်လေးမှာ သူ၏ဝှက်ဖဲဖြစ်သည့်လျှို့ဝှက်ဓားသုံးလက်သိုင်းကွက်ပျက်စီးသွားသညိနှင့် မျက်နှာကွက်ခနဲပျက်သွားသည်။
ထို့အတူ သူ၏ခေါင်းထဲတွင်လည်း အချက်ပေးခေါင်းလောင်းများမည်ဟည်းလာကာ နောက်သို့အလျှင်အမြန်လှည့်ရန်ပြင်လိုက်သည် ။ သို့သော် သူနောက်ဘက်သို့လှည့်မကြည့်ပေ။
သူ၏နောက်ကျောအား လက်တစ်ဖက်မှဖိကပ်ထားသည် မာကျောသည့်လက်ငါးချောင်းအထိအတွေ့ကိုခံစားမိနေသည် ။
အကယ်၍ သူသာလှုပ်ရှားမှုတစ်စုံတစ်ခုပြုလုပ်လိုက်ပါက သူ၏နှလုံးအားထိုလက်ချောင်းများမှထိုးဖောက်သွားလိမ့်မည်ဖြစ်ကြောင်းသိရှိနေသည် ။
ဓားသုံးလက်သခင်လေးမှာ နောက်ကျောတွင်ချွေးများစိမ့်ထွက်လာကာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့မလှုပ်မှယှက်ရပ်နေသည်။ သူ၏စိတ်ထဲတွင်တော့ လွန်စွာထိတ်လန့်နေမိသည်။
သူ၏နောက်ဘက်တွင် ချွင်းရှန်၏ညာလက်က ဓားသုံးလက်သခင်လေး၏နောက်ကျောကိုဖိကပ်ထားကာ သူ၏မျက်နှာမှာ ပြုံးနေသည်။
သူရဲကောင်းကွင်းပြင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။ မူလက သူတို့ထဲမှအတော်များများမှာ ဓားသုံးလက်သခင်လေးအနိုင်ရတော့မည်ဟုတွေးလိုက်ကြစဉ် အခြေအနေများမှာ ပြောင်းလဲသွားခြင်းဖြစ်သည်။
အနိုင်အရှုံးမှာ ကွဲကွဲပြားပြားပေါ်ထွက်လာလေပြီ။ သူတို့အားလုံးမင်တပ်မိနေသလို တိတ်ဆိတ်နေကြသည်။
“ မဆိုးပါဘူး မင်းကငါ့ရဲ့သိုင်းကွက်နှစ်ဆယ်အထိခုခံလိုက်နိုင်တာပဲ “
ချွင်းရှန်၏တည်ငြိမ်သည့်လေသံထွက်ပေါ်လာသည် ။
ထို့နောက် ဓားသုံးလက်သခင်လေး၏နောက်ကျောတွင်ဖိကပ်ထားသည့်သူ၏လက်အားပြန်ရုတ်လိုက်ကာ ကွင်းပြင်အစပ်တွင်ရပ်နေသည့် အဖြူရောင်စိမ်းငှက်ချွင်းထုံဆီသို့လျှောက်သွားလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးမှာ ကိုယ်ဖော့ပညာကိုအသုံးပြု၍ စီးမင်မြို့ဆီသို့ လျှင်မြန်စွာထွက်သွားလိုက်ကြသည် ။
ဓားသုံးလက်သခင်လေးမှာ ယခုမှ သူ၏စိတ်ထဲမှစိုးရိမ်မှုများသက်သာသွားကာ သေမင်းလက်မှလွတ်မြောက်လာသလိုခံစားလိုက်ရသည်။
အရှေ့ပိုင်းသိမ်းငှက်ညီနောင်မှ အနက်ရောင်သိမ်းငှက်ချွင်းရှန်အား သိုင်းကွက်နှစ်ဆယ်အထိခုခံနိုင်သဖြင့် သူ၏ရည်ရွယ်မှာအောင်မြင်သည်ဟုဆိုရမည်။
သို့သော် ထိုနှစ်ယောက်နှင့်နောက်တစ်ကြိမ်ထိတ်တိုက်မတွေ့တော့ဟု သူ့ကိုယ်သူကြိတ်၍ပြောလိုက်မိသည်။