← Chapters

နံပါတ်တစ် ဓားသမား

Vol. 1 Ch. 86

နံပါတ်တစ် ဓားသမား

Vol. 1 Ch. 86

စိန်ခေါ်ပွဲပြီးနောက်တွင် သိုင်းသမားများမှာ ထွက်ခွာသွားကြသည်။

ခပ်စောစောအချိန်ကပင် လူများများပြားစွာရှိနေသည့် သူရဲကောင်းကွင်ပြင်တွင် လူအနည်းငယ်သာကျန်ခဲ့တော့သည်။

ထိုလူများထဲမှအချို့မှာ တိုက်ပွဲအကြောင်းကို စားမြုံ့ပြန်နေကြသေးသည်။ ထင်းရှီနှင့်ရှောင်ရှောင်လည်းကျန်းနန်မြို့ထဲသို့သွားမည်ဖြစ်သဖြင့် အေးအေးဆေးဆေးဖြစ်နေသည်။

“ ဝါး... ရှင်ကတကယ်တော်တာပဲ ဓားသုံးလက်သခင်လေးရဲ့လှည့်ကွက်ကိုကြိုမြင်နိုင်တယ် “

ရှောင်ရှောင်မှ ထင်းရှီအား ဝိုင်းစက်သည့်မျက်လုံး လေးများဖြင့်ကြည့်ကာ တအံ့တဩချီးကျူးလိုက်သည်။

ဓားသုံးလက်သခင်လေး၏တိုက်ကွက်မစမီ ထင်းရှီမှ သူမ‌အားကြိုတင်၍ပြောထားခဲ့သည် ။ တကယ်လည်း သူပြောသည့်အတိုင်းဖြစ်‌လာသောကြောင့် သူမအနည်းငယ်အံ့ဩမိသည်။

သူမ၏စကားကြောင့် ထင်းရှီလည်းပြုံး၍ပြန်ဖြေလိုက်သည်။

“ ဒါက သိပ်မခက်ပါဘူး ။ ပထမဦးဆုံးအနေနဲ့ ချွင်းရှန်ရဲ့သိုင်းကွက်ကြောင့် သူ့ရဲ့အင်္ကျီစပြဲသွားခဲ့တယ် ။သူကိုယ်တိုင်ကလည်း နောက်ကိုအလျှင်အမြန်လှဲချလိုက်လို့လွတ်မြောက်သွားခဲ့တာ ။

ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် နောက်ကိုမလှဲချဘဲလွတ်မြောက်နိုင်တဲ့နည်းလမ်းသုံးခုလောက်ရှိတယ် ။

ဒါကိုတောင်မှ သူက စွန့်စားပြီးတော့ နောက်ဘက်ကိုပဲရှောင်တိမ်းခဲ့တဲ့အတွက် သူ့မှာ စောကြီးထဲကအကြံအစည်တစ်ခုခုရှိနေတယ်ဆိုတာခန့်မှန်းလို့ရတယ်။

စွန့်စားမှုမရှိဘဲ အကျိုးအမြက်ဆိုတာမရှိဘူးလေ ။သူနောက်ကိုလဲကျသွားတော့ သူ့ရဲ့ခန္တာကိုယ်ကဓားသမားတစ်‌ယောက်အနေနဲ့ဟန်ချက်ပျက်သွားတယ်လို့ပြောလို့ရပေမယ့် နောက်တစ်ခုရှိသေးတယ်။

အဲဒါကသူ့ရဲ့နောက်ကိုလိုက်လံတိုက်ခိုက်နေတဲ့သူကို လက်နက်ပုနိးနဲ့အလစ်တိုက်ဖို့အကောင်းဆုံးပဲ။ တကယ်လည်းသူကအဲဒီအချက်ကိုအသုံးချသွားခဲ့တယ်။

သူ့ရဲ့ လျှင်မြန်တဲ့ဓားပျံနှစ်ချောင်းကြောင့်ချွင်းရှန်က ရှေ့တိုးမရနောက်ဆုတ်မရဖြစ်သွားခဲ့တယ် ။ ဓားသုံးလက်သခင်လေးကာပိုပြီးတော့သေချာအောင် ချွင်းရှန်ရဲ့အထက်ကနေအတွင်းအားအကုန် သုံးပြီးတိုက်ခိုက်လိုက်သေးတယ်။

ဒါပေမယ့် သူမထင်မိလိုက်တာက ချွင်းရှန်ရဲ့သိုင်းပညာက သူ့ထက်အတော်များများသာလွန်နေတယ်ဆိုတာပဲ။

ဘာပဲဖြစ်ဖြစ်လေ သူ့ရဲ့ရည်ရွယ်ချက်အောင်မြင်တယ်လို့ပြောလို့ရပါတယ် “

ထင်းရှီမှ ရှည်လျားစွာရှင်းပြလိုက်ကာ အပြင်းကျောတစ်ချက်ဆန့်လိုက်သည်။ သူ၏ပုံစံမှာ ပေါ့ပေါ့ပါးပါးပင်ရှိနေသည်။

သို့သော် သူ၏ဘေးရှိရှောင်ရှောင်မှာမူ မက်ေဝန်းများပြူးကျယ်နေကာ ထင်းရှီကို လူထူးဆန်းတစ်ယောက်ကဲ့သို့စိုက်ကြည့်နေမိသည်။

ဤမျှကြောက်မက်ဖွယ်ကောင်းလှသည့် အမြင်စူးရှမှုနှင့် တွက်ချက်နိုင်စွမ်းမှာ သူမမြင်တွေ့ဖူးသမျှထဲတွင် အကောင်းဆုံးဖြစ်သည်။

သူမတဖြေးဖြေးနှင့် ထိုလူငယ်အားပို၍စိတ်ဝင်စားလာသည်။ ထိုလူငယ်မှာ ထူးဆန်းကာလျှို့ဝှက်သလို နားလည်ရလဲခက်လှသည်။

သူနှင့်အချိန်ပို၍အတူရှိလေ သူ့အကြောင်းအား သိထားသည်မှာ အပေါ်ယံလေးဖြစ်ကြောင်းကိုလည်း ပို၍နားလည်လာလေလေဖြစ်သည်။

“ ဟေ့ မင်းဘာဖြစ်နေတာလဲ “

ထင်းရှီမှ သူ့အားစူးစိုက်ကြည့်ကာငြိမ်သက်နေသည့်ရှောင်ရှောင်၏ပုံစံကြောင့် နောက်ကျောတစ်ချက်တွန့်သွားကာပြောလိုက်သည်။

ရှောင်ရှောင်လည်း ထင်းရှီ၏စကားကြောင့် သတိပြန်ဝင်လာကာ မျက်နှာကိုကဗျာကယာလွှဲဖယ်လိုက်မိသည်။ ထို့နောက် သူမ၏မြင်းပေါ်သို့ခုန်တတ်လိုက်သည်။

“ ကျန်းနန်မြို့ထဲကိုသွားမယ်လေ ဟိုမှာ လေးငါးရက်လောက်အချိန်ဖြုန်းပြီးမှ စီးမင်မြို့ကိုသွားရအောင် “

ရှောင်ရှောင်၏စကားကြောင့် ထင်းရှီလည်းခေါင်းညိမ့်ကာ သူ၏မြင်းပေါ်သို့ခုန်တတ်လိုက်သည်။ ထို့နောက် သူ့မြင်းအားကြည့်ကာ ခေါင်ယမ်းလိုက်သည်။

သူ၏မြင်းမှာ တစ်စီစတည်းဆိုလျှင် သန်မာကြံ့ခိုင်သည့်မြင်းကောင်းဖြစ်သော်လည်း ရှောင်ရှောင်၏ပတ္တမြားနက်နှင့်ယှဉ်ကြည့်ပါက သူ၏မြင်းမှာ အရုပ်ဆိုးသွားသည်ဟုထင်ရသည်။

သို့သော် သူလည်းမတတ်နိုင်သည်ကိစ္စဖြစ်သဖြင့် မြင်းပေါ်သို့ခုန်တတ်၍ ကျန်းနန်မြို့ဆီသို့ခပ်ဖြေးဖြေးစီးလာခဲ့သည်။

“ ထင်းရှီ ရှင်အရှေ့ပိုင်းသိမ်းငှက်ညီနောင်ရဲ့သိုင်းပညာကိုဘယ်လိုထင်လဲ “

လမ်းတွင်ရှောင်ရှောင်မှ ထင်းရှီအားမေးလိုက်သည်။ ထင်းရှီလည်း သူမ၏စကားကြောင့် အနည်းငယ်တွေးလိုက်ကာပြန်ဖြေလိုက်သည်။

“ သူတို့ရဲ့သိုင်းပညာက လူငယ်မျိုးဆက်မှာထိပ်တန်းလို့ပြောလို့ရတယ်။

လူငယ်မျိုးဆက်ကထိပ်တန်းမှာရှိတဲ့သူတွေကိုငါမသိပေမယ့် ငါမြင်‌တွေ့ဖူးတဲ့လူငယ်တွေထဲက ခန့်မှန်းသလောက်ဆိုရင် သူတို့ကထိပ်ဆုံးလေး‌ယောက်ထဲဝင်နိုင်တယ် “

ထင်းရှီ၏စကားကြောင့် ရှောင်ရှောင်လည်းစိတ်ဝင်စားသွားသည် ။ ထို့ကြောင့် သူမထပ်၍မေးလိုက်သည်။

“ အဲဒီလူတွေကဘယ်သူတွေလဲ “

သူမ၏စကားကြောင့် ထင်းရှီလည်း အနည်းငယ်စဉ်းစားကာ ပြန်ဖြေလိုက်သည်။

“ အဲဒီလူတွေက သူတို့နှစ်‌ယောက်ရယ် ငါ့ရဲ့သွေးသောက်ညီစီးတုမင်ရယ် မင်းရယ်ပဲ “

ထင်းရှီ၏စကားအားနားထောင်နေရင်း သူမ၏မျက်လုံးများပြူးကျယ်သွားသည်။ ထို့နောက် ရယ်မောကာ ထင်းရှီအားပြန်၍မေးလိုက်ပြန်သည် ။

“ ကျွန်မလိုသိုင်းပညာနည်းနည်းပါးပါးပဲတန်တဲ့လူက အရှေ့ပိုင်းသိမ်းငှက်ညီနောင်နဲ့တစ်တဋ်းထဲရှိပါ့မလား “

သူမ၏ရယ်သွမ်းသွေးသည်စကားကြောင့် ထင်းရှီလည်း ဘာမှမပြောဘဲပြုံးနေလိုက်သည်။

ထင်းရှီ၏ပုံစံကြောင့် ရှောင်ရှောင်မှာထိုအကြောင်းနှင့်ပတ်သတ်၍ ထပ်မံမပြောတော့ပေ။ သူမတစ်စုံတစ်ခုအားစဉ်းစားမိကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ ရှင်က ဓားသမားတစ်ယောက်ဆိုတော့ သိုင်းလောကထဲမှာ ဘယ်သူ့ရဲ့ဓားပညာကအဆင့်အမြင့်ဆုံးလို့ထင်လဲ “

ရှောင်ရှောင်၏မေးခွန်းအား ထင်းရှီမှများစွာမစဉ်းစားဘဲချက်ခြင်းပြန်ဖြေလိုက်သည်။

“ ဒါကလူတိုင်းသိနေတာပဲ ။ ဇာတ်မြှုပ်‌ေနတဲ့လူ‌တွေမပါရင် လက်ရှိသိုင်းလောကထဲမှာ ဓားပညာအမြင့်ဆုံးဆိုရင်ဝူတန်းဂိုဏ်းချုပ်ပဲလေ “

ထိုအချက်မှာ လူအများ လက်ခံထားသည့်အချက်ဖြစ်သည် ။ သိုင်း‌ လောကထဲတွင်ဓားပညာဖြင့်ပတ်သတ်လျှင် ဝူတန်းမှာ ထိပ်ဆုံးတွင်ရှိနေသည်။

သူ၏အဖြေကို ရှောင်ရှောင်မှ သဘောမတူသလို ခေါင်းယမ်းလိုက်သည်။ ထို့နောက် ဖြေးညင်းစွာမေးလိုက်သည်။

“ မဟုတ်ဘူး။ လူအများသိထားကြတာက ဒီလိုဆိုပေမယ့် တကယ်ကဒီလိုမဟုတ်ဘူး။ ဒါနဲ့ ရှင်မြစိမ်းရောင်ဓားသမားကိုသိလား “

သူမ၏မေးခွန်းကြောင့် ထင်းရှီမှာ သူ၏စိတ်ထဲတွက်အနည်းငယ်တုန်လှုပ်သွားသည်။

မြစိမ်းရောင်ဓားသမားဆိုသည့်နာမည်မှာ သူ့ဆရာသိုင်းလောကထဲတွင်လှုပ်ရှာစဉ်က သိုင်းလောကသားများခေါ်ဆိုသည့်နာမည်ဖြစ်ကြောင်းကို သူသိသည်။

ယခု ရှောင်ရှောင်မှမြစိမ်းရောင်ဓားသမားအကြောင်းကိုမေးလာသဖြင့် သူအနည်းငယ်အံ့ဩသွားသည်။

သို့သော် သူအပြင်ပန်းတွင် အမူအယာပြောင်းလဲခြင်းမရှိပေ ထို့နောက် အနည်းငယ်စဉ်းစားဟန်ပြုကာပြန်ဖြေလိုက်သည်။

“ ငါကြားဖူးပါတယ် ။ သူက လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်ကျော်က နာမည်ကျော်တဲ့လူပဲ “

ထင်းရှီ၏စကားကြောင့် ရှောင်ရှောင်မှကျေနပ်သည့်ပုံဖြင့်ပြုံးလိုက်သည် ။ထို့နောက် သူမ၏စကားကိုဆက်လိုက်သည်။

“ ရှင့်လိုသိုင်းလောကထဲကိုအခုမှဆင်းလာတဲ့လူတောင်သူ့ရဲ့နာမည်ကိုသိနေတာပဲ ။ နှစ်တွေကြာလာပေမယ့် တကယ်ပဲသိုင်းလောကသားတွေက သူ့ကိုမမေ့ကြသေးဘူး။

လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်ကျော်တုန်းက ကျွန်မတော်မွေးမလာသေးဘူး။ ဒါပေမယ့် သူကအဲဒီအချိန်က သိုင်းလောကတစ်ခုလုံးကိုလှည့်လည်ပြီးတော့ဓားသမားတွေအတော်များများကိုစိန်ခေါ်ခဲ့တယ် ။

တိုက်ပွဲမှန်သမျှလည်း သူကအနိုင်ရခဲ့တာပဲ ။ပြီးတော့ သူ့ရဲ့ပုံစံက ဖျင်ကြမ်းအင်္ကျီကိုအမြဲဝတ်ဆင်ထားပြီး အစိမ်းရောင်ဓားတစ်ချောင်းကိုကိုင်ဆောင်ထားတယ်တဲ့။

ဒါပေမယ့် သူက အရှေ့ပိုင်းသိုင်းလောကထဲက သိုင်ူပညာအမြင့်ဆုံးဖြစ်တဲ့ အရှေ့ပိုင်းသိမ်းငှက်ညီနောင်ရဲ့ဆရာအရှေ့ပိုင်းဓားသမားထန်းဝူကို ရွက်ကြွေတောင်မှာ အနိုင်ယူခဲ့ပြီးသိုင်းလောကထဲကပျောက်ကွယ်သွားခဲ့တာ်။

သူဘယ်နေရာကလာတယ် ပြီးတော့ ဘယ်ကိုရောက်သွားတယ်ဆိုတာ ဘယ်သူမှမပြောနိုင်ကြဘူး ။ ဒါပေမယ့် သူ့ရဲ့ဓားပညာကိုတော့ ပထမလို့သိုင်းလောကထဲကလူတွေအကုန်လက်ခံထားကြတယ်။

ရှင်ပြောတဲ့ဝူတန်းဂိုဏ်းချုပ်ကြီးက ဓားပညာနဲ့ပတ်သတ်ရင်အစွမ်းထက်တယ်ဆိုတာမှန်ပေမယ့် အဲဒီအချိန်တုန်းက သူကအရှေ့ပိုင်းဓားသမားနဲ့လက်ရည်တူလောက်ပဲရှိတာ။

‌အရှေ့ပိုင်းဓားသမားကိုအနိုင်ယူထားတဲ့မြစိမ်းရောင်ဓားသမားက သူ့ကိုအနိုင်ရဖို့ရာခိုင်နှုန်းအတော်များတယ် ။

ဒါပေမယ့် မြစိမ်းရောင်ဓားသမားက သိုင်းလောကထဲကပျောက်ကွယ်သွားတဲ့အတွက် သူတို့နှစ်ဦးဘာ်သူပိုသာလဲဆိုတဲ့မေးခွန်းက အခုအချိန်အထိ ငြင်းခုန်လို့ကောင်းဆဲပဲ ။

ကျွန်မငယ်ငယ်ထဲကသူ့အကြောင်းတွေကိုအတော်များများကြားဖူးတယ် ။ပြီးတော့ ကျွန်မရဲ့ဖေဖေကလည်း လူချင်းမတွေ့ဖူးပေမယ့် သူ့ကိုအတော်လေးစားတယ် ။

ကျွန်မလဲ ငယ်ငယ်ထဲက သု့အကြောင်းတွေကိုကြားပြီး လေးစားမိတယ်။ ဒါကြောင့် ကျွန်မသိတဲ့အမြင့်ဆုံးဓားသမားက ဝူတန်းဂိုဏ်းချုပ်မဟုတ်ဘဲ မြစိမ်းရောင်ဓားသမားပဲ “

ရှောင်ရှောင်မှ မမောနိုင်မပန်းနိုင်ဖြင့် ရှည်လျားစွာပြောလိုက်သည် ။ ထင်းရှီလည်း သူမ၏စကားကြောင့် အနည်းငယ်ငေးမောသွားသည်။

သူ၏စိတ်ထဲတွင်မူ လွန်စွာကျေနပ်နေမိသည်။ လောကထဲမှထွက်ခွာလာသည်မှာကြာမြင့်ပြီဖြစ်သော်လည်း ယခုလို သတိတရရှိကြဦးမည်ဟု သူမထင်ခဲ့မိပေ။

သူ့ဆရာ၏‌အကြောင်းကိုချီးမွမ်းနေသည်ကို ဘယ်တပည့်က မကျေနပ်ဘဲနေမည်နည်း ။ ရှောင်ရှောင်မှလည်း ‌ထင်းရှီ၏အမူအယာကိုကြည့်ကာကျေနပ်သွားသည် ။ ထို့နောက်တွင် သူမတစ်စုံတစ်ရာကို သတိရသွားပုံပေါ်သည်။

“ စောစောက အရှေ့ပိုင်းသိမ်းငှက်ညီနောင်က အရှေ့ပိုင်းဓားသမားထန်းဝူရဲ့တပည့်တွေပဲ ။ သူတို့ကသိုင်းလောကထဲကိုဆင်းကာစက မြစိမ်းရောင်ဓားသမားကိုအနိုင်ယူပြီး သူတို့ဆရာရဲ့ရှုံးကြွေးကိုပြန်ဆပ်မယ်ဆိုပြီး ကြွေးကြော်ခဲ့ကြသေးတယ် “

All Chapters