← Chapters

ပညာပေးရန်ကြံစည်ခြင်း

Vol. 1 Ch. 87

ပညာပေးရန်ကြံစည်ခြင်း

Vol. 1 Ch. 87

ရှောင်ရှောင်၏နောက်ထပ်ပြောလိုက်သည့်စကားကြောင့် ထင်းရှီ၏မျက်နှာမှာ တင်းမာသွားသည်။

သူ့အနေဖြင့် ကိစ္စအတော်များများတွင် ခံစားချက်ကိုပြင်ပတွင်မထုတ်ဖော်ခြင်းမပြုသော်လည်း သူ၏ဆရာနှင့်ပတ်သတ်လျှင်ကားမရပေ။ သူ၏ဆရာမှာ ဤလောကကြီးထဲတွင် သူအလေးစားဆုံးနှင့် သူအတွယ်တာဆုံးပုဂ္ဂိုလ်ဖြစ်သည်။

ထို့နောက် သူ၏ပုံစံအားသတိပြုမိသွားကာ ချက်ခြင်းဘာမှမဖြစ်သလိုဟန်ဆောင်လိုက်သည်။ ထို့နောက်ရှောင်ရှောင်အားပြန်မေးလိုက်သည်။

“ ဒါဆို သူတို့က မြစိမ်းရောင်ဓားသမားကိုလိုက်ရှာနေတာ သူတို့ဆရာရဲ့အရှုံးကိုလက်မခံနိုင်လို့လား “

သူ၏လေသံမှာ မသိမသာတင်းမာနေသည် ။သို့သော် ရှောင်ရှောင်မှာ ဤအချက်အား သတိပြုမိခြင်းမရှိပေ။ သူမ၏မျက်နှာသည်လည်း အလိုကျသည့်ပုံမပေါ်ပေ ။

ထို့နောက်သူမ မကျေမနပ်ဖြင့်ပြောလိုက်သည် ။

“ ဟုတ်တယ် သူတို့နှစ်ယောက်က အရှုံးကိုလက်မခံနိုင်ဘူးလို့ပြောရမယ် ဘာလို့လဲဆိုတော့ သူတို့ဆရာရဲ့ရှုံးကြွေးကို တပည့်ကတပ်တာပုံမှန်ပဲဆိုပေမယ့် သူတို့လိုလူသိရှင်ကြားကြေညာတာမဟုတ်ကြဘူး။

ဒါကြောင့် သူတို့ရဲ့လုပ်ရပ်တွေက မြစိမ်းရောင်ဓားသမားကို နည်းနည်းသိက္ခာချသလိုဖြစ်နေတယ်။

ဒါပေမယ့် မြစိမ်းရောင်ဓားသမားက လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်ထဲကပျောက်ဆုံးနေတာ အခုအချိန်အထိပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် သိုင်းလောကထဲကလူတွေအတော်များများကတော့ သူတို့ရဲ့ကြွေးကျော်မှုကို ဟာသတစ်ခုလိုသဘောထားကြတာ။

လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်တုန်းက သူတို့ဆရာတောင်မနိုင်ခဲ့တဲ့လူကို သူတို့က အခုအနိုင်ရဖို့ဆိုတာ အတော်လေးမဖြစ်နိုင်ဘူး “

ရှောင်ရှောင်၏လေသံအရ ထိုကိစ္စကို သူမလည်းအနည်းငယ်မကျေမနပ်ဖြစ်နေပုံရသည်။

သူမလေးစားရသည့်လူတစ်ဦးအား အရှေ့ပိုင်းသိမ်းငှက်ညီနောင်တို့မှ သွယ်ဝိုက်၍ သိက္ခာချသလိုဖြစ်နေသည်မဟုတ်လား ။ ဤအဖြစ်က သူမကိုအနည်းငယ် ဒေါသထွက်စေသည်။

သို့သော် သူမလည်း အရှေ့ပိုင်းသိမ်းငှက်ညီနောင်တို့အားပညာပေးရန် ယုံကြည်ချက်မရှိပေ။ ထို့ကြောင့် ထိုအတိုင်းပင်ထားလိုက်ခြင်းဖြစ်သည်။

ထင်းရှီမှ သူ၏မြင်းကိုရပ်တန့်လိုက်သည်။ ရှေုင်ရှောင်လည်းအလားတူရပ်တန့်လိုက်ကာထင်းရှီအား ပဟေဠိမျက်လုံးများဖြင့်ကြည့်လိုက်သည်။

သူတို့နှစ်ဦးမှာ ခပ်ဖြေးဖြေးသွားနေခြင်းဖြစ်သည့်တိုင် သူရဲကောင်းကွင်းပြင်နှင့်ကျန်းနန်မြို့မှာ များစွာမဝေးလှသောကြောင့် ရှေ့နားတွင်မြို့ရိုးကိုပင်လှမ်းမြင်နေရပြီဖြစ်သည်။

ရုတ်တရက် ထင်းရှီမှရပ်တန့်လိုက်သောကြောင့်သူမအနည်းငယ်နားမလည်နိုင်ဘဲဖြစ်သွားသည်။ ထင်းရှီထံတွင် လုပ်စရာတစ်ခုခုရှိသေး၍လော..။

ထင်းရှီလည်း ရှောင်ရှောင်၏လေသံအတွင်းမှမကျေမနပ်ဖြစ်မှုကိုခံစားမိသည်။ ထို့နောက် ရှောင်ရှောင်အကြည့်၍ ခေါင်းတဆက်ဆက်ညိမ့်ကာပြောလိုက်သည်။

“ ဒါဆိုရင်မင်းသူတို့နှစ်ယောက်ကို ပညာမပေးချင်ဘူးလား “

ထင်းရှီ၏စကားကြောင့် သူမ၏မျက်လုံးများတောက်ပသွားသည် ။ သို့သော် ချက်ခြင်းပြန်၍မှေးမှိန်သွားသည်။

“ ကျွန်မသူတို့ကိုအနိုင်တိုက်ပြီးသူတို့မျက်နှာကိုသေချာကြည့်ပြီးပြောချင်တာပေါ့ ။ ဒါပေမယ့်ကျွန်မသူတို့တစ်ယောက်ချင်းစီကိုတောင်မနိုင်နိုင်ဘူး ။

ကျွန်မရဲ့သိုင်းပညာက သူတို့တစ်ယောက်ချင်းစီကိုယှဉ်နိုင်ရုံပဲရှိလိမ့်မယ် ။။ အနိုင်ရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး “

ရှောင်ရှောင်မှ စိတ်ပျက်အားလျော့စွာပြောလိုက်သည် ။ သူမ၏စကားအရ သူမ၏သိုင်းပညာမှာ အရှေ့ပိုင်းသိမ်းငှက်ညီနောင်ထဲမှတစ်ယောက်ကိုယှဉ်နိုင်သည်ဟူ၍ပါရှိသည်။

တစ်ခုရှိသည်က ရှောင်ရှောင်မှာ အသက်နှစ်ဆယ်အရွယ်သာရှိသည့်မိန်းကလေးဖြစ်သော်လည်း သိုင်းလောကထဲမှလူငယ်မျိုးဆက်တွင်ထိပ်တန်းဟုဆိုရမည့်လူများနှင့်ယှဉ်နိုင်သည့်အတွက် သူမ၏သိုင်းပညာမှာ အံ့ဩဖွယ်ရာဖြစ်သည်။

ထင်းရှီ၏ခန့်မှန်းမှုမှာ မှန်ကန်သည်ဟုဆိုရမည်။ သို့သော် ထင်းရှီမှာ ဤသည်ကိုများစွာအာရုံမထားပေ ။ယခုအချိန်တွင် သူ၏စိတ်ထဲ၌ ကိစ္စတစ်ခုသာရှိနေသည်။

“ ငါသူတို့ထဲကတစ်ယောက်ကိုအနိုင်တိုက်ပြီး သူတို့ရဲ့မာန်တတ်နေတဲ့စိတ်ကိုချိုးနှိမ်ပေးမယ် “

ထင်းရှီမှတည်ကြည်သည့်မျက်နှာဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့် ရှောင်ရှောင်မှ သူ့မျက်နှာကို စိုက်ကြည့်လာသည်။

ထင်းရှီ၏သိုင်းပညာကို သူမသေချာမခန့်မှန်းနိုင်သော်လည်း အရှေ့ပိုင်းသိမ်းငှက်ညီနောင်ကို အန်ုရမည်ဟု ထူးဆန်းစွာယုံကြည်နေမိသည် ။

ထိုယုံကြည်မှုမှာ မည်သည့်နေရာမှလာသည်ကိုမသိသော်လည်း သူမ၏စိတ်ထဲတွင်ပေါ်လာခြင်းဖြစ်သည်။ ထို့နောက် သူမခေါင်းငုံ့ကာမေးလိုက်သည်။

“ ရှင်ကဘာဖြစ်လို့ရှင်နဲ့မဆိုင်ဘဲ သူတို့ကိုပညာပေးချင်နေတာလဲ “

သူမ၏လေသံမှာအနည်းငယ်တိုးနေသည်။ ထင်းရှီမှာ သူမ၏လေသံကိုသတိမပြုမိပေ။ သူမ၏စကားအရ သူ၏အကြံအစည်အောင်မြင်ကြောင်းသိလိုက်သည်။

ထို့နောက် သူ၏မျက်နှာထက်တွင်ကျေနပ်မှုများနှင့်ပြည့်နေကာပြေ လိုက်သည်။

“ ဘာလို့လဲဆို‌တော့ရှင်းရှင်းလေးလေ ။မင်းပသူတို့ကိုကြည့်လို့မှမရတာ “

သူမ၏ဦးခေါင်းအားလှမ်းပွတ်ကာ သူ၏မြင်းအားဦးတည်ချက်ပြောင်းလိုက်သည် ။။ထို့နောက် သူမအား လည်ပြန်ကြည့်ကာအော်ဟစ်လိုက်သည်။

“ မြန်မြန်လာ သူတို့ကို လမ်းမှာ လိုက်မီနိုင်တယ် “

ထင်းရှီ၏စကားနှင့် သူမ၏ဦးခေါင်းကိုပွတ်လိုက်သော အပြုအမူကြောင့်ရှောင်ရှောင်နှာ ထိတ်လန့်ကာကြောင်အနေသည်။

ထို့နောက် သူမ၏မျက်နှာထက်တွင် ရှက်ရွံ့သည့်အရိပ်အ‌ယောင်ပေါ်ထွက်လာကာ ခပ်တိုးတိုးပြောလိုက်သည်။

“ အရှက်မရှိလျှောက်ပြောနေတယ် “

သို့သော် သူမ၏နှုတ်ခမ်းများကလှပစွာပြုံးလျက်ရှိကာ ထင်းရှီ၏နောက်သို့လိုက်ရန် သူမ၏ပတ္တမြားနက်အား အပြင်းနှင်လိုက်သည်။

ထင်းရှီမှာတော့ ကျေနပ်သည့်မျက်နှာဖြင့် မြင်းကိုဒုန်းစိုင်းစီးနေသည် ။သူ၏စကားကြောင့် ရှောင်ရှောင်မှ နားလည်မှုလွဲသွားခြင်းကို သူမသိပေ။

ဤသည်ကမမျှော်လင့်ဘဲနှင့်‌ ရှောင်ရှောင်၏သံယကိုပျက်ပြယ်သွားစေကာ ပြဿနာအတော်များများကိုဖြေရှင်းပြီဖြစ်သွားသည်ကိုတော့ သူမသိပေ။

အရှေ့ပိုင်းသိမ်းငှက်ညီနောင်ကိုပညာပေးလိုခြင်းမှာ သူ့ဆရာမြစိမ်းရောင်ဓားသမားကြောင့်ဆိုသည်ကိုတောပ သူမည်သူ့ကိုမှထုတ်ပြောလိမ့်မည်မဟုတ်ပေ။

တောအုပ်တစ်ခုအတွင်း

အနက်ရောင်ဝတ်စုံဝတ်လူနှင့်အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်မှာ စကားတပြောပြောဖြင့်လျှောက်လာကြသည်။ ။

သူတို့နှစ်‌ဦးမှာ သိုင်းလောကတွင် အရှေ့ပိုက်းသိမ်းငှက်ညီနောင်ဟုနာမည်‌ကျော်သည့်အဖြူရေုင်သိမ်းငှက်ချွင်းထုံနှင်ပဘအနက်ရောင်သိမ်းငှက်ချွင်းရှန်တို့ဖြစ်ကြသည်။

လူအများရှိစဉ်က ကိုယ်ဖော့ပညာကိုအသုံးပြု၍ လျှင်မြန်စွာပြေးလွှားလာသော်လည်း လမ်းတွင်အေးအေးဆေးဆေးသာခရီးဆက်နေကြသည်။

သူတို့နှစ်ဦးမှာ သိုင်းလောကဆွေးနွေးပွဲပြုလုပ်မည့်စီးမင်မြို့ဆီသို့ သွားနေခြင်းဖြစ်သည် ။သူရဲကောင်းကွင်းပြင်နှင့်စီးမင်မြို့မှာ လမ်းလျှောက်သွားလျှင်ပင်နှစ်နာရီခန့်သာသွားရ၍ သူတို့ယခုလိုအေးအေးဆေးဆေးသွားနေခြင်းဖြသ်သည်။

“ ခွပ် ခွပ် “

နောပ်နားဆီမှ မြင်းခွာသံသဲ့သဲ့ကြောင့် သူတို့နှစ်ဦးမျက်မှောင်ကြုတ်လိုက်မိသည်။

သူတို့စီးမင်မြို့သို့သွားစဉ် အများသူငါသွားလာကြသည့်လမ်းမှမလာဘဲ သစ်တောအုပ်အတွင်းမှဖြတ်သန်း၍လာခြင်းကြောင့် ခရီးသွားများနှင့်တွေ့ဆုံးရာကြောင်းမရှိပေ။

ထို့နောက် သူတို့၏မြင်ကွင်းအတွင်းမြင်းနှစ်စီးပေါ်လာကာ သူတို့၏ရှေ့တည့်တည့်၌ရပ်တန့်သွားကြသည်။

ချွင်းထုံနှင့်ချွင်းရှန်တို့မှာ တစ်‌ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကာ မြင်းစီးသမားများကိုအကဲခပ်လိုက်ကြသည်။

သူတို့၏ရှေ့တွင်လာရပ်သည့်နောက်မှတော့ ထိုမြင်းစီးသမားများမှာ သူတို့အားလာရှာခြင်းဖြစ်နိုင်သည်။

ရှေ့မှမြင်းပေါ်တွင် အသက်နှစ်ဆယ့်ငါးနှစ်အရွယ်လူငယ်တစ်ယောက်ရှိကာ ရုပ်ရည်ချောမော၍ အဖြူရောင်ဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားသည်။

လူငယ်မှာ စူးရှနက်မှောင်နေသည့်မျက်လုံးအစုံကိုပိုင်ဆိုင်ထားကာထိုမျက်ဝန်းများထဲသို့စူးစိုက်ကြည့်မိလျှင် သူတို့ကိုထူးဆန်းစွာဖြင့် မသက်မသာဖြစ်စေသည်။

နေညက်မှမြင်းပေါ်တွင်မူ အသက်နှစ်ဆယ်ခန့်ရှိမည့်မိန်းကလေးတစ်ဦးရှိနေသည်။ ထိုမိန်းကလေးအားမြင်လိုက်ရစဉ် သူတို့မှာ သူတို့မြင်ဖူးသည့်တစ်စုံတစ်‌ယောက်ကိုသတိရသွားကြသော်လည်း

ချက်ချင်းပင်ခေါင်းယမ်းလိုက်မိကြသည်။

မိန်းကလေးမှာ ခန္တာကိုယ်အချိုးအစားလွန်စွာလှပကာ ပန်းနြရောင်ဝတ်စုံပိုဝတ်ဆင်ထားသော်လည်းရုပ်ရည်မှာ သာမန်သာရှိသည်။

“ ထင်းရှီ ရှင်ကတကယ်တော်တာပဲ ရှင်ပြောတဲ့အတိုင်းလာလို့ သူတို့ကိုလိုက်မီခဲ့တာ “

ရှောင်ရှောင်မှ ထိုနှစ်ယောက်အားလျစ်လျူရှုထားကာထင်းရှီအားချီးကျူးလိုက်သည်။

သူတို့နှစ်ယောက် အရှေ့ပိုင်းသိမ်းငှက်ညီနောင်နောက်သို့လိုက်လာစဉ် ထင်းရှီ၏ခြေရာကောက်အတတ်ကြောင့် ယခုလိုလိုက်မီခြင်းဖြသ်သည်။

ချွင်းထုံနှင့်ချွင်းရှန်မှာ ထင်းရှီတို့မှသူတို့အားမေ့လျော့ထားကာ နှစ်ဦးတည်းပြောဆိုနေကြသည့်အတွင် အနည်းငယ်ဒေါသထွက်လာသည်။

“ မင်းတို့ကဘယ်သူတွေလဲ ဘာလို့ ငါတို့နောက်ကိုလိုက်နေတာလဲ “

ချွင်းထုံမှအေး‌စက်စက်အသံဖြင့်မေးလိုက်သည်။ သူ၏စကားကြောင့်‌ထင်းရှီမှ သူ့အားကြည့်လိုက်သည်။

ထို့နောက် မြင်းပေါ်မှာပေါ့ပါးစွာဆင်းလိုက်ကာ ရှောင်ရှောင်၏ဘက်သို့လှည့်ကာပြောလိုက်သည်။

“ ရှောင်ရှောင် ငါတို့ဘာလို့လာတာလဲသူတို့ကိုပြောပြလိုက် “

ထင်းရှီး၏စကားကြောင့် ရှောင်ရှောင်လည်း အနည်းငယ်ကြောင်အန်းသွားသည် ။ထို့နောက် သူမ၏မျက်နှာလေးအားတင်းကာ ဦးခေါင်းကိုမော့လိုက်သည်။

“ ကျွန်မတို့လာတာက ရှင်တို့ရဲ့မသင့်လျှော်တဲ့အပြုအမူအတွက် ပညာပေးချင်လို့ပဲ “

ရှောင်ရှောင်၏စကားကြောင့် ချွင်းထုံနှင့်ချွင်းရှန်တို့မှာ အံ့အားသင့်သွားကြသည်။

All Chapters