ပြိုင်ဘက်ကိုယ်စီ
Vol. 1 Ch. 88
‘ မသင့်လျော်တဲ့အပြုအမူ ‘
ချွင်းတုနှင့်ချွင်းရှန်တို့ တစ်ယောက်မျက်နှာတစ် ယောက်ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာထက်၌ စိတ်ရှုပ်ထွေးဟန်များအထင်းသားပေ့်ထွက်နေသည်။
“ မသင့်လျော်တဲ့အပြုအမူဟုတ်လား မင်းတို့ကိုငါတို့အခုမှတွေ့ဖူးတာမဟုတ်လား ။မင်းတို့ကိုဘာမှလုပ်မထားပါဘူး “
ချွင်းရှန်၏စကားကြောင့် ရှောင်ရှောင်၏မျက်နှာအနည်းငယ်နီရဲသွားသည်။ သူမစကားပြောလောသွားကြောင်းကိုလည်း သတိပြုမိလိုက်သည်။
ထို့ကြောင့် ချောင်းတစ်ချက်ဟန့်ကာ ထပ်၍ပြောလိုက်သည်။
“ ကျွန်မပြောချင်တာကရှင်တို့နှစ်ယောက်သိုင်းလောကထဲကကိုဝင်လာတုန်းက မြစိမ်းရောင်ဓားသမားကိုအနိုင်ယူပြီး ရှင်တို့ဆရာရဲ့ရှုံးကြွေးကိုဆပ်မယ်လို့ကြွေးကြော်ခဲ့ကြတယ်လေ ။
အဲဒီအပြုအမူကို မြစိမ်းရောင်ဓားသမားကိုလေးစားတဲ့သူတစ်ဦးဖြစ်တဲ့ကျွန်မကလက်မခံနိုင်ဘူး ။ ဒါကြောင့် သူကရှင်တို့နှစ်ယောက်ကိုစိန်ခေါ်လိမ့်မယ် “
သူမ၏လက်ညိုးဖြင့်ထင်းရှီအားညွန်ပြလိုက်သည်။ထင်းရှီလည်း သူမ၏အနည်းငယ်ရယ်ချင်စရာကောင်းသည့်စကားကြောင့် ပြုံးလိုက်မိသည်။
အရှေ့ပိုင်းသိမ်းငှက်ညီနောင်တို့မှာ ရှောင်ရှောင်၏စကားများအား နားလည်သွားသည်။ သူတို့၏မျက်နှာထက်တွင်လည်း တင်းမာခက်ထန်သည့်အရိပ်အယောင်များပေါ်လာသည်။
ထို့နောက် ချွင်းထုံမှ ဒေါသတကြီးပြောလိုက်သည်။
“ ငါတို့ဆရာရဲ့ရှုံးကြွေးကိုဆပ်မယ်လို့ကြွေးကျော်တာ မသင့်လျော်တဲ့အပြုအမူမဟုတ်ဘူး ။ ငါပေမယ့် မင်းတို့ရဲ့စိန်ခေါ်မှုကို ငါဝမ်းမြောက်စွာပဲလက်ခံပါတယ် “
ချွင်းထုံမှထိုသို့ပြောကာ ထင်းရှီအားစူးစိုက်ကြည့်လိုက်သည်။ ရှောင်ရှောင်လည်း မြင်းပေါ်မှဆင်းလာ၍ သူတို့အနားသို့ရောက်လာသည်။
ထို့နောက် ချွင်းထုံနှင့် ထင်းရှီတို့မှာ တိုက်ခိုက်ရန် ကျယ်ဝန်းသောနေရာသို့လျှောက်သွားလိုက်သည်။
တောအုပ်အတွင်းမှအနည်းငယ်ကျယ်ဝန်းသည့်နေရာတွင် သူတို့နှစ်ဦးမျက်နှာချင်းဆိုင်လိုက်ကြသည် ။
ချွင်းရှန်နှင့်ရှောင်ရှောင်တို့ကမူ သစ်ပင်များအောက်တွင်ရှိနေကြသည်။ ရှောင်ရှောင်၏နောက်မှသစ်ပင်တွင် ထင်းရှီ၏မြင်းနှင့် သူမ၏ပတ္တမြားနက်ကိုချည်ထားသည် ။
ချွင်းထုံမှာ သူ၏ရှေ့မှလူငယ်အားလေးနက်စွာကြည့်လိုက်သည်။ ထိုလူငယ်မှ သာမန်ပုံစံသာရှိသော်လည်း ယခုသူတို့တိုက်ခိုက်ခါနီးတွင် လူငယ့်ဆီမှ ကြောက်မက်ဖွယ်ကောင်းသည့်အငွေ့အသက်များထွက်ပေါ်လာသည်။
လက်ရှိထင်းရှီ၏ပုံစံမှာ နက်မှောင်သည့်မျက်ဝန်းများဖြင့် ချွင်းရှန်အားစူးစိုက်ကြည့်နေကာ သူ၏ပုံစံမှာ ဓားအိမ်မှမချွတ်ရသေးသည့် ထက်မြက်သည့်ဓားတစ်လက်နှင့်တူသည်။
ထိုဓားမှာအချိန်မရွေးကျွတ်လာနိုင်သလို အရာရာအားပိုင်ဖြတ်ကာ တားဆီးမရနိုင်သည့်ခံစားချက်ကိုလည်းရရှိပြနိသည်။
ချွင်းထုံမှာ မျက်မှောင်ကြုတ်လိုက်မိသည် ။ သိုင်းလောအတွင်းသို့ရောက်ရှိသည့်အချိန်မှစ၍ ယခုအချန်ထိသက်တူရွယ်တူတစ်ဦးမှ သူ့အားစိတ်မသက်မသာဖြစ်စေခြင်းဖြစ်သည်။
သို့သော် ဤသည်က သူ့အားနောက်ဆုတ်ကာ ကြောက်ရွံ့သွားစေရန်မလုံလောက်ပေ ။ထိုအစားသူ၏တိုက်ခိုက်လိုစိတ်များပို၍နိုးကြားလာသည်။
“ စလိုက်ကြတာပေါ့ “
ချွင်းထုံမှ သတိပေးသည့်အသံဖြင့်ပြောကာ ခြေတစ်ချက်ဆောင့်၍ ထင်းရှီထံသို့လျှင်မြန်စွာတိုးဝင်သွားသည်။
သူ၏ခန္တာကိုယ်မှာ အရိပ်တစ်ခုကဲ့သို့လျှင်မြန်စွာရွေ့လျားကာ ထင်းရှီ၏အနားသို့ရောက်ရှိသွားသည်။ သူ၏ကိုယ်ဖော့ပညာမှာ အံ့ဩဖွယ်ကာဖြစ်သည်။
သို့သော် ဤသည်ကထင်းရှီကိုလှုပ်လှုပ်ရှားရှားဖြစ်စေရန်မလုံလောက်သေးပေ။ ထင်းရှီမှ လက်နှစ်ဖက်အားနောက်ပစ်ထားကာ တည်ငြိမ်စွာရပ်နေသည်။
ချွင်းထုံ၏လက်နှစ်ဖက်မှာလည်း ထင်းရှီ၏ရင်ဘက်ကို လေ၏အလျှင်ဖြင့်ကုတ်ဆွဲလိုက်သည်။ သို့သော် ထင်းရှီမှ ဘေးဘက်သို့တိမ်းစောင်းပေးလိုက်သောကြောင့် ရင်ဘက်ဘေးမှပွတ်ကာသီကာဖြင့်ဖြတ်သန်းသွားသည်။
သိုင်းကွက်၏ အရှိန်အဟုန်ကြောင့် ထင်းရှီ၏အင်္ကျီစပင် တဖျက်ဖျက်လွင့်သွားသည် ။ သူ၏ခန္တာကိုယ်သာထိုတိုက်ခိုက်မှုထိမှန်သွားပါက အတွင်းဒဏ်ရာအပြင်းအထန်ရရှိသွားနိုင်သည်။
သို့သော် ချွင်းထုံ၏ခန္တာကိုယ်မှာ ထင်းရှီ၏နောက်သို့လွန်သွားသည်နှင့် ခန္တာကိုယ်အားတစ်ပတ်လှည့်၍တိုက်ခိုက်လိုက်သည်။
ယခုတစ်ကြိမ်မှာ ထင်းရှီ၏ခြေထောက်နှစ်ဖက်အား ပစ်မှတ်ထားတိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း ထင်းရှီမှလေပေါ်သို့ခုန်တတ်လိုက်သောကြောင့် လွဲချော်သွားသည် ။
ချွင်းထုံ၏တိုက်ခိုက်မှုကြောင့် မာကျောသည့်မြေပြင်ထက်တွင်အပေါက်ကြီးတစ်ခုဖြစ်ပေါ်နေခဲ့သည်။
သို့သော် သူ၏လက်နှစ်ဖက်မှာ သံတုံးသံခဲများကဲ့သို့မာကျောအောင်လေ့ကျင့်ထားသဖြင့် ဘာမှမဖြစ်ပေ။
ထိုတိုက်ခိုက်မှုသာ ထင်းရှီ၏ခြေထောက်နှစ်ဖက်ပေါ်သို့ကျရောက်သွားပါက ထင်းရှီမှာတစ်ချက်တည်းဖြင့်ပင်ရှုံးနိမ့်သွားနိုင်သည် ။
ချွင်းထုံလည်း သူ၏လက်နှစ်ဖက်အားပွတ်လိုက်ကုာထင်းရှီအာကြည့်လိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်းရှိထင်းရှီအားကြည့်လိုက်သည်။
သူ၏မျက်နှာမှာ အနည်းငယ်တင်းမာနေကာ ဒေါသအကြီးအကျယ်ထွက်နေသည်။ သူတို့တိုက်ကွက်နှစ်ခုခန့်ဖလှယ်ပြီးသည့်နောက်တွင်ပင် ထင်းရှီမှသူ၏ဓားအားထုတ်မသုံးသေးပေ။
ဤသည်က သူ့ကိုစော်ကားခြင်းဖြစ်သည်ဟုလည်းခံစားမိလိုက်သည်။ သို့သော် ထင်းရှီ၏ကိုယ်ဖော့ပညာကိုတော့ ကြိတ်၍ချီးကျူးလိုက်မိသည်။
သူ၏တိုက်ကွက်နှစ်ခုမှာ ထင်းရှီ၏အင်္ကျီစကိုပင်ထိအောင်မတိုင်နိုင်သောကြောင့် ယခင်ကထက်ပို၍ သတိကြီးစွာထားလာရသည်။
တစ်ဖက်တွင်ထင်းရှီမှာ ချွင်းထုံအားစိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ခါးမှဓားကိုဖြေးညင်းစွာဆွဲထုတ်လိုက်သည်။
“ မင်းကငါ့ရဲ့ဓားနဲ့တိုက်ခိုက်ဖို့ထိုက်တန်တဲ့ပြိုင်ဘက်ပဲ “
ချွင်းထုံ၏မျက်နှာမှာ တည်ငြိမ်နေသည်။ နောက်ဆုံးတွင် သူ၏ရှေ့မှလူငယ်မှ ဓားထုတ်လာပြီဖြစ်သည်။
ထင်းရှီ၏စကားကြောင့် နောက်တွင်ရပ်ကြည့်နေသည့်ချွင်းရှန်၏မျက်နှာပင်အရုပ်ဆိုးသွားသည်။ သို့သော် ယခုတစ်ကြိမ်တွင် သူတို့နှစ်ယောက် အမှန်အကန်တိုင်ခိုက်ကြမည်ဖြစ်မှန်းသိလိုက်သည်။
ချွင်းရှန်မပြောနှင့် နေသည့်ရှောင်ရှောင်ပင်အနည်းငယ်ရှက်ရွံ့သွားသည့်ပုံဖြစ်လာသည် ။ ထိုအကောင်မှာ အနည်းငယ်မာန်တတ်နေသည်ဟုသူမထင်မိသည်။
သိုင်းလောကထဲရှိလူငယ်မျိုးဆက်တွင် အရှေ့ပိုင်းသိမ်းငှက်ညီနောင်မှာ ထိပ်တန်းဖြစ်သည်။ ဤသို့သောလူများကိုပင် သူ၏ဓားခုတ်ရအောင်ထိုက်တန်သည့်ဟုအပေါ်စီးမှပြောခြင်းမှာ အနည်းငယ်လွန်သည်ဟုသူမတွေးလိုက်မိသည်။
သို့သော် ထင်းရှီ၏သိုင်းပညာကိုတော့ သူမအံ့ဩမိသည်။ ထိုလူငယ်နှင့်သူမရင်းနှီလာသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်သော်လည်းထိုလူငယ်မှာ ပို၍လျိူ့ဝှက်ဆန်းကျယ်လာသည်ဟုတွေးလိုက်မိသည်။
ထို့နေသူမခပ်လှမ်းလှမ်းရှိသစ်ပင်အောက်မှ အနက်ရောင်ဝတ်စုံနှင့်ချွင်းရှန်ထံသို့လျှောက်သွားလိုက်သည်။
ချွင်းရှန်လည်း ထိုမိန်းကလေးသူ့ဆီလျှောက်လာသောကြောင့် အနည်းငယ်အံ့ဩသွားကာ မေးခွန်းများပြည့်နှက်သည့်မျက်ဝန်းများဖြင့်ကြည့်လိုက်သည်။
“ ရှင်နဲ့ကျွန်မလည်း တစ်ပွဲလောက်တိုက်ရအောင် “
ရှောင်ရှောင်၏စိန်ခေါ်စကားကြောင့် ချွင်းရှန်မှာ အံ့အားသင့်သွားသည် ။ယနေ့တစ်နေ့တည်းတွင်ပင်ညသူတို့ကိုစိန်ခေါ်သူအတော်လေးများပြားနေသည်။
သို့သော် မဆိုင်းမတွပင် သူသဘောတူလိုက်သည် ။သူ၏စိတ်ထဲ၌ ထိုမိန်းကလေးသည်လည်း ထူးဆန်းသည့်ဟုထင်နေမိသည်။
“ သတိထားပါ “
ချွင်းရှန်မှသတိပေးစကားပြောကာ ရှောင်ရှောင့်ထံသို့တိုးဝင်သွားသည်။ ထို့နောက် သူ၏လက်နှစ်ဖက်ကိုလျှင်မြန်စွာလှုပ်ရှားလိုက်သည်။
“ ပုံရိပ်ယောင်သိမ်းငှက်တိုက်ကွက် “
ချွင်းရှန်မှ အော်ဟစ်မာန်သွင်းလိုက်သည်။ သူ၏လက်သည်းရိပ်များမှာ ရှောင်ရှောင်၏တစ်ကိုယ်လုံးလွှမ်းခြုံသွားသည်။
ထိုသိုင်းကွက်မှာ ဓားသုံးလက်သခင်လေးကိုပင် အသာစီးရခဲ့သည့်ဓားကွက်ဖြစ်သည်။ သို့သော် ရှောင်ရှောင်မှနောက်ဆုတ်ရှောင်တိမ်းခြင်းမပြုဘဲရှေ့သို့တိုးလာသည်။
“ ပန်းသုံးပွင့်ဓားသိုင်း လွတ်လပ်သောနှင်းပန်းပွင့် “
ရှောင်ရှောင်မှ ခပ်တိုးတိုးရေရွတ်လိုက်ကာ သူမ၏လက်အားလှုပ်ရှားလိုက်သည်။
“ ရွှပ် “
အစိမ်းရောင်အလင်းတန်းသုံးခုထွက်ပေါ်လာကာ ချွင်းရှန်၏တိုက်ကွက်ပျက်စီးသွားသလို ထိုအလင်းတန်းများမှာ ချွင်းရှန်ဆီသို့ ဆက်လက်တိုးဝင်လာသည်။
“ ထန် ထန် “
ချွင်းရှန်မှ ထိုဓားချက်နှစ်ချက်အား နောက်ဆုတ်၍အသာအယာကာကွယ်လိုက်နိုင်သော်လည်း သူ၏မျက်နှာထက်၌ မယုံကြည်နိုင်သည့် အမူအယာထွက်ပေါ်နေသည်။
ပြိုင်ဘက်မိန်းကလေးအားညှာတာသည့်အနေဖြင့် သူ၏သိုင်းကွက်အား အတွင်းအားထက်ဝက်ခန့်သာအသုံးပြုခဲ့သော်လည်း ထိုမိန်းကလေးမှ သူ၏သိုင်းကွက်အား ချေဖျက်နိုင်သည့်အပြင်သူ့ကိုပင်ထိခိုက်စေသေးသည်။
သိုင်းလောကထဲတွင် ဤအသက်အရွယ်နှင့်သိုင်းပညာလွန်စွာမြင့်မားနေသူမှာ များများစားစားမရှိပေ။
ထို့နောက် ရှောင်ရှောင်၏လက်ထဲမှဓားအားစိုက်ကြည့်လိုက်မိကာ သူ၏မျက်ဝန်းများပြူးကျယ်သွားပြန်သည်။
“ ရေခဲကျောက်စိမ်းဓား နဲ့ ပန်းသုံးပွင့်ဓားသိုင်း မင်းက သခင်မလေး “
“ ဟုတ်တယ် ကျွန်မပဲ “
ချွင်းရှန်၏စကားမဆုံးမီ ရှောင်ရှောင်မှဖြတ်ပြောလိုက်သည်။ သူမထိုနာမည်အား ထုတ်ဖော်ပြောလိုပုံမရပေ။
ချွင်းရှန်လည်း ရှောင်ရှောင်၏စကားကြောင့် တစ်စုံတစ်ရာအား သဘောပေါက်သွားပုံရကာ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ထို့နောက် ခေါင်းတစ်ချက်ညိမ့်ကာပြောလိုက်သည်။
“ မထူးဆန်းတော့ပါဘူး။ မင်းက ငါ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်တယ်။ သတိထားပါ ငါဒီတစ်ခါထိမ်ချန်နေမှာမဟုတ်တော့ဘူး “
ချွင်းရှန်၏စကားကြောင့် ရှောင်ရှောင်လည်း မဲ့ပြုံးပြုံးလိုက်သည်။ ထို့နောက် ချွင်းရှန်၏စကားကို ပြန်လှန်တုံ့ပြန်လိုက်သည်။
“ ကောင်းပြီလေ ကျွန်မကလည်း သိုင်းလောကမှာနာမည်ကြီးနေတဲ့ အရှေ့ပိုင်းသိမ်းငှက်ညီနောင်က အနက်ရောင်သိမ်းငှက်ချွင်းရှန်က ဘယ်လောက်အစွမ်းထက်လဲဆိုတာ ကြည့်ချင်တယ် “