ပြင်းထန်သည့်လက်ရည်စမ်းပွဲ
Vol. 1 Ch. 89
ယခုတစ်ကြိမ်တွင် ရှောင်ရှောင်မှစတင်၍တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ သူမ၏ခန္တာကိုယ်လေးမှာပေါ့ပါးစွာဖြင့်ရွေ့လျားသွားကာ ချွင်းရှန်၏ရှေ့သို့ရောက်သွားသည်။
“ ပန်းနှစ်ပွင့်ပေါင်းစည်းခြင်း “
သူမ၏ဓားမှာ လျှင်မြန်စွာရွေ့လျားသွားသည်။ ထို့နောင် ချွင်းရှန်၏ဦးခေါင်းလည်ပင်းနှင့် ခန္တာကိုယ်အောင်ပိုင်းဆီသို့ဦးတည်တိုက်ခိုက်လိုက်သည်။
သူမ၏ဓားချက်များမှာ တစ်ချိန်တည်းလိုလိုအတူကျရောင်လာကာ ချွင်းရှန်အဖို့ရှောင်တိမ်းရန်လုံးဝအချိန်မရှိပါချေ။ ထို့ကြောင့် ခုခံကာကွယ်ရန်စူတတ်နိုင်သည်။
“ ထန် “
ချွင်းရှန်မှ သူ၏ခန္တာကိုယ်အောက်ပိုင်းဆီမှဓားချက်အားအဓိကထား၍ကာကွယ်လိုက်ကာ မြေပြင်တွင်လျောတိုက်၍လွတ်မြောက်သွားသည် ။
ထို့နောက်တွင် ရှောင်ရှောင်အားအလွတ်မပေးဘဲ ရှောင်ရှောင်၏နောက်ကျောအားသူ၏လက်ဖြင့်ကုတ်ဆွဲလိုက်သည်။
နောက်ကျောဘက်မှတိုက်ခိုက်ခြင်းမှာ အနည်းငယ်အောက်တန်းကျသည်ဟုဆိုနိုင်သော်လည်း ယခုတိုက်ခိုက်မှုက တိုက်ပွဲတွင်ဖြစ်ကာ အလစ်အငိုက်တိုက်ခိုက်ခြင်းမဟုတ်ပေ။
ရှောင်ရှောင်မှလည်း သူမ၏ဓားကွက်ထဲမှချွင်းရှန်လွတ်မြောက်သွားသည်နှင့်ချက်ခြင်းလိုလိုပင် နောက်သို့လှန်ချလိုက်ကာ ချွင်းရန်အားဓားဖြင့်ထိုးချလိုက်သည် ။
ချွင်းရှန်၏လက်နှစ်ဖက်မှာ သံတုံးသံခဲများကဲ့သို့မာကျောသည်မှန်သော်လည်း ဤသည်က လုံးဝမထိုးဖောက်နိုင်သည်မဟုတ်ပေ
ထို့ကြောင့် ရှောင်ရှောင်၏အတွင်းအားအပြည့်ပါသည့်ဓားထိပ်ဖျားနှင့်ထိတ်တိုက်ရင်မဆိုင်ဘဲ ဓားအားလက်သည်းဖြင့်ပုတ်ကာ နောက်ဆုတ်သွားလိုက်သည်။
အကယ်၍ ချွင်းရှန်မှာ စောစောကအခြေအနေမျိုးတွင် သူ၏လက်တစ်ဖက်အားဒဏ်ရာရရန်အထိခံ၍ ရှောင်ရှောင့်ကိုပါ ဒဏ်ရာပြင်းပြင်းထန်ထန်ရစေရန်လုပ်ဆောင်နိုင်သော်လည်း ယခုတိုက်ပွဲမှာသေခြင်းရှင်ခြင်းတိုက်ပွဲမဟုတ်ပေ။
ထို့အပြင် လက်ရည်စမ်းတိုက်ပွဲမျိုးတွင် ထိခိုက်ဒဏ်ရာတတ်နိုင်သမျှမရအောင်ရှောင်ရှားရမည်ဖြစ်သည်။
အကယ်၍ လက်ရည်စမ်းတိုက်ပွဲမျိုးတွင်သူ၏လက်ချက်ဖြင့် ရှောင်ရှောင်သာတစ်ခုခုဖြစ်သွားပါက ရှောင်ရှောင်၏နောက်မှလူအားအလေးမထားသလိုဖြစ်သွားပေမည်။
အကြောင်းကြောင်းကြောင့် ချွင်းရှန်မှ ယခုလိုအလျော့ပေးလိုက်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့်သူတို့နှစ်ဦးမှာ လက်ရည်တူသည်ဟုပြော၍ရသော်လည်း သေခြင်းရှင်ခြင်းတိုက်ပွဲတွင်မူ ချွင်းရှန်အနိုသ်ရပေလိမ့်မည်။
ရှောင်ရှောင်သည်လည်း လိမ္မာပါးနပ်သူဖြစ်သည့်အတွက် ထိုအချက်အားသိရှိသည် ။ထို့ကြောင့် ဆက်လင်မတိုက်ခိုက်တော့ဘဲရပ်နားလိုက်တော့သည်။
အရှေ့ပိုင်းသိမ်းငှက်ညီနောင်မှာ သိုင်းလောကထဲတွင်ထွက်နေသည့်သတင်းများကဲ့သို့အမှန်ပင်အားကောင်းလှသည်။
ထို့အပြင် ယခုတိုက်ခိုက်မှုမှာ သူမ၏သိုင်းပညာကိုအထင်မသေးရန် သွယ်ဝိုက်သည့်နည်းဖြင့် ချွင်းရှန်ကိုသတိပေးလိုက်ခြင်းဖြစ်သည်။
အကယ်၍ ချွင်းရှန်မှ အဖြူရောင်သိမ်းငှက်ချွင်းထုံနှင့်ပူးပေါင်း၍ထင်းရှီအားတိုက်ခိုက်ပါက သူမလည်းရပ်ကြည့်နေမည်မဟုတ်ပေ။
“ ဝုန်းး “
သူတို့၏ဘေးဘက်ဆီမှကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာသည်။ ချွင်းရှန်နှင့်ရှောင်ရှောင်တို့လည်း မြေကွက်လက်မှတိုက်ပွဲအား သတိရသွားကြကာ ကဗျာကယာကြည့်လိုက်မိကြသည်။
ချွင်းထုံနှင့်ထင်းရှီတို့မှာ ယခင်ကလိုပင်မျက်နှာချင်းဆိုင်ရပ်နေကြကာသူတို့နှစ်ဦးလုံးတစ်ဦးကိုတစ်ဦးအလွတ်မပေးဘဲ စူးစိုက်ကြည့်နေကြသည်။
သူတို့၏ပတ်ဝန်းကျင်မှာ မုန်တိုင်းငယ်တစ်ခုတိုက်ခက်သွားသလို အစိတ်စိတ်အမွာမွာဖြစ်နေသည်။
ချွင်းထုံ၏လက်ချက်ကြောင့်ကျိုးပြတ်သွားကြသည့် ပေါင်လုံးခန့်သစ်ပင်များ ၊ ကျောက်တုံးငယ်များနှင့် မြေပြင်တွင်အပေါက်များဖြစ်နေသည်။
ထို့အပြင် သစ်ပင်ကြီးအချို့၏ပင်စည်နှင့် အနီးအနားရှိမြေပြင်တွင် ဓားရာအတော်များများရှိနေသည်။ ဤသည်ကထင်းရှီ၏လက်ချက်ကြောင့်ဖြစ်မှန်း မေးစရာမလိုဘဲသိနိုင်သည်။
ထို့အပြင် ချွင်းထုံ၏ခန္တာကိုယ်ထက်တွင် အသေးစား ဓားဒဏ်ရာလေးငါးခုဖြစ်ပေါ်နေကာ ထိုနေရာများမှ သွေးအနည်းငယ်ထွက်နေသည် ။
စောစောကတိုက်ခိုက်မှုတွင် မည်သူအသာရသွားကြောင်းရှင်းလင်းနေသည်။
ချွင်းထုံ၏မျက်နှာမှာ တင်းမာနေသည် ။ သူတို့၏တိုက်ခိုက်မှုများအရ သူ၏ရှေ့ရှိလူငယ်မှာ သူ့ထက်သာလွန်ကြောင်းကို သူသိသည်။
သို့သော် သက်တူရွယ်တူထဲတွင် သူတို့ညီနောင်အားအနိုင်ရသူမရှိဟုတွေးထင်ထားခဲ့သောကြောင့် ယခုရလာဒ်အား သူအနည်းငယ်မယုံဂဲဖြစ်နေမိသည်။
ထို့နောက် အော်ဟစ်မာန်သွင်း၍ ထင်းရှီထံသို့တိုးဝင်သွားလိုက်သည်။
ထို့နောက် မြန်ဆန်သွက်လက်လှသည့်သိုင်းကွက်များဖြင့် တရစက်တိုက်လိုက်လိုက်သည်။ သူ၏တိုက်ခိုက်မှုများမှာလျှင်မြန်လှသဖြင့် လေထုထဲတွင် လက်ရိပ်များစွာထင်ကျန်ရစ်သည်။
ထင်းရှီမှာ သူ၏ဓားကိုပုံမှန်ပင်လှုပ်ရှားနေသော်လည်း သူဓားကွက်တစ်ကွက်ထုတ်လိုက်လျှင်ပင် ချွင်းထုံ၏သိုင်းကွက်ကိုကောင်းစွာခုခံနိုင်သည် ။
ထင်းရှီ၏ဓားသိုင်းမှာ တိုက်ခိုက်ရသည့်ဓားကွက်များစွာမပါဘဲတစ်ဖက်လူ၏ဟာကွက်ကိုရှာဖွေကာ ပြန်လည်တိုက်လိုက်ရခြင်းဖြစ်သည်။
ထို့ကြောင့် ကြောက်မက်ဖွယ်ကောင်းလှသည့်ဓားသိုင်းအမျိုးအစားထဲတွင်ပါဝင်သည်။ ဓားစံအိမ်မှ ထိပ်တန်းဓားသိုင်းတစ်ခုမှာ မည်သို့ညံ့ဖျင်းပါမည်နည်း။
ထင်းရှီမှာ သူ၏အထီးကျန်ဓားသိုင်းကို ယခုအချိန်ထိအဆင့်ကုန်အောင်မြင်ခြင်းမရှိသေးပေ။ သို့သော် သိုင်းလောကထဲမှလူငယ်မျိုးဆက်တွင်ထိပ်တန်းနေရာ၌ရှိနေသည့် အဖြူရောင်သိမ်းငှက်ချွင်းထုံကို ကောင်းစွာဖိနှိပ်နိုင်သည်။
ချွင်းထုံမှာမူ သူ၏တိုက်ကွက်များ အမြဲလိုလိုပျက်ပြယ်သွားသောကြောင့် ပို၍ဒေါသထွက်လာသည် ။။သူ၏စိတ်ထဲတွင်လည်း အနည်းငယ်ထိတ်လန့်လာမိသည်။
ထို့နောက် သက်ပြင်းတစ်ချက်ချကာ ခပ်တိုးတိုးအော်ဟစ်လိုက်သည်။
“ အမဲလိုက်သိမ်းငှက် “
ချွင်းထုံ၏လက်ချောင်းများမှာ အနည်းငယ်ကွေးသွားကာ ထင်းရှီအား ပုံစံပြောင်း၍ တိုက်ခိုက်လိုက်သည် ။
ယခုတစ်ကြိမ်တွင်တော့ ထင်းရှီ၏ခန္တာကိုယ်ထက် သူ၏ဓားကိုပစ်မှတ်ထားခြင်းဖြစ်သည် ။။အကယ်၍ ထင်းရှီ၏ဓားသာသူ၏လက်ထဲရောက်လာပါက တိုက်ပွဲရလာဒ်မှာအဖြေပေါ်သွားနိုင်သည်။
ဓားမရှိသည့်ဓားသမားမှာ အစွယ်မရှိသည့်စက္ကူကျားနှင့်သဏ္ဍာန်တူသည် ။ သူ၏ဓားကိုသာလက်လွတ်လိုက်ရပါက ထင်းရှီမှာ ကျိန်းသေရှုံးနိမ့်ရပေမည်။
ချွင်းထုံ၏တိုက်ကွက်တိုင်းမှာ ထင်းရှီ၏လက်မောင်းနှစ်ဖက်နှင့် သူ၏လက်ထဲမှဓားကို
ဦးတည်းထားသည် ။
အကယ်၍ ချွင်းထုံအဖို့ လက်နက်မဲ့သိုင်းသမားများနှင့်ရင်ဆိုင်ရပါကလည်း သူ၏သိုင်းကွက်တစ်ခုမိလျှင်ပင် ရန်သူ၏လက်မောင်းတစ်ခုလုံးကျိုးကြေသွားကာ နောက်ထက်သုံး၍ရတော့မည်မဟုတ်ပေ။
“ ဒါက သိမ်းငှက်လက်သည်းသိုင်းရဲ့အစွမ်းအထက်ဆုံးသိုင်းကွက်ပဲ အစ်ကိုကြီးကမီးကုန်ယမ်းကုနိတိုက်ခိုက်တော့မှာလားမသိဘူး ။
အခြေအနေတွေပိုပြီး ဆိုးရွားမလာခင် ငါတို့ဝင်ပြီးဟန့်တားရအောင် “
ချွင်းရှန်မှ အထိတ်တလန့်ရေရွတ်ကာ ရှောင်ရှောင်အားပြောလိုက်သည်။ သူ၏လေသံအရညထိုသိုင်းကွက်မှာ မည်မျှပြင်းထန်မည်ကို သိရှိနိုင်သည်။
ရှောင်ရှောင်မှ သူမ၏ဦးခေါင်းအား ဖြေးညင်းစွာခါယမ်းလိုက်သည်။ သူမ၏မျက်နှာမှာ လေးနက်နေသည် ထိုသိုင်းကွက်အားအကဲခက်ရသလောက် လွန်စွာပြင်းထန်မည်ကို သူမသိသည်။
သို့သော် သူမ၏စိတ်ထဲတွင် ယခုအချိန်အထိ ထင်းရှီအနိုင်ရလိမ့်မည်ဟုယုံကြည်နေမိသည်။
သူတို့ပြောဆိုနေကြစဉ် ချွင်းထုံ၏တိုက်ကွက်များမှာ လွန်စွာပြင်းထန်သည့်အရှိန်အဟုန်ဖြင့် ထင်းရှီထံသို့တိုးဝင်လာသည် ။။
ထို့အပြင် ချွင်းထုံ၏အရှိန်မှာလည်း ပို၍လျှင်မြန်လာသောကြောင့် ထင်းရှီအတွက် အခက်တွေ့နေပြီဟုပင်ပြော၍ရသည်။
သို့သော် ထင်းရှီမှ ခေါင်းယမ်းလိုက်ကာ သူ၏ခန္တာကိုယ်အားလှုပ်ရှားလိုက်၍ လျှင်မြန်စွာရှောင်တိမ်းလိုက်သည်။
“ လေနတ်ဆိုး၏မိစ္ဆာခြေလှမ်း “
ထင်းရှီ၏ခန္တာကိုယ်မှာ မှုန်ဝါးသွားပြီး ချွင်းထုံ၏တိုင်ကွက်သည်လည်းလွဲချော်သွားသည်။ ထို့နောက် ထင်းရှီ၏ခန္တာကိုယ်မှာ ချွင်းထုံ၏ဘေးတွင်ပေါ်ထွက်လာသည်။
ဘေးမှကြည့်နေကြသည့် ရှောင်ရှောင်နှင့် ချွင်းရှန်တို့မှာ မျက်လုံးများပြူးကျယ်သွားကြသည်။ ဤမျှကြောက်မက်ဖွယ်ကောင်းလှသည့်လှုပ်ရှားမှုပညာရပ်။
အကယ်၍ ထင်းရှီသာတိုက်ခိုက်လိုစိတ်မဘဲ ရှောင်တိမ်းနေပါက သူတို့နှစ်ဦးမှာ ထင်းရှီ၏အင်္ကျီစလေးအားထိရန်ပင် အတော်လေးကြိုးစားရမည်ဖြစ်သည်။
သူတို့တွေ့ဖူးသမျှလူများထဲတွင် ထင်းရှီမှာ ကိုယ်ဖော့ပညာအဆင့်အဆင့်အမြင့်ဆုံးဟုဆိုနိုင်သည်။
မည်သည့်အတွက် ထင်းရှီမှာ ယခုလို ကြောက်မက်ဖွယ်ဓားပညာနှင့် အံ့ဩစရာကောင်းလှသည့်ကိုယ်ဖော့ပညာရပ်တို့အားတတ်ကျွမ်းနေကြသည်ကို သူတို့စဉ်းစားမရပေ။
တိုက်ပွဲစတင်ထဲက ထင်းရှီမှယခုလိုတိုက်ခိုက်ခဲ့ပါက ချွင်းထုံအနေဖြင့် သိုင်းကွက်အနည်းငယ်အတွင်းရှုံးနိမ့်သွားရမည်ဖြစ်ဟည်။
ချွင်းရှန်မှာ ထင်းရှီမှလျှင်မြန်စွာရှောင်တိမ်းလိုက်၍ သူ၏တိုက်ခိုက်မှုလွဲချော်သွားသော်လည်း လူငယ်မျိုးဆက်မှထိပ်တန်း အဆင့်လွန်သိုင်းသမားပီသစွာ ထင်းရှီရှိနေသည့်နေရာအားသိလိုက်သည်။
“ လွတ်လပ်သောငှက် “
ချွင်းထုံမှ သူ၏ခန္တာကိုယ်အား ထူးဆန်းစွာလှုပ်ရှားလိုက်ကာ ဘေးဘက်သို့ရွေ့လျားလိုက်သည်။ တစ်ဆက်တည်း သူ၏လက်ကပါ ထင်းရှီအားတိုက်လိုက်လိုက်သည် ။
သို့သော် ချွင်းထုံမှာ သူ၏လက်နှစ်ဖက်လေဟာနယ်မားဖမ်းဆုပ်လိုက်မိသည်နှင့် တစ်စုံတစ်ရာလွဲချော်သွားကြောင်းသိလိုက်သည်။
သို့သော် သူ၏ခန္တာကိုယ်အားပြန်မလှည့်မီနောက်ကျောကိုချွန်ထက် အေးစက်သည့်အရာတစ်ခုဖြင့်ထောက်ထားခြင်းကိုခံလိုက်ရသည်။
“ မင်းရှုံးသွားပြီ “