စစ်မှန်သည့်ဓားသမား
Vol. 1 Ch. 90
ထင်းရှီ၏တည်ငြိမ်သောစကားသံက တိုက်ပွဲအဖြေပင်ဖြစ်သည်။
ချွမ်းထုံမှာ ယခုအချိန်အထိ ရလာဒ်ကိုမယုံနိုင်သေးဘဲဖြစ်နေသည် ။ သို့သော် သူအစွမ်းကုန်ထုတ်သုံးခဲ့သည့်တိုင် ထင်းရှီမှသူ့အားအနိူင်ယူသွားခဲ့သည်။
ထင်းရှီမှ ချွမ်းထုံ၏နောက်ကျောအားထောက်ထားသည့်သူ၏ဓားကို ဓားအိမ်ထဲသို့ပြန်ထည့်လိုက်သည်။ ထို့နောက် ချွင်းထုံမှ သူ့ဘက်သို့လှည့်လာသည်။
ချွင်းထုံ၏ပုံစံမှာ အနည်းငယ်မျက်မှောင်ကြုတ်နေကာ စိတ်ရှုပ်ထွေးနေပုံရသည်။ ထို့နောက်တွင် သက်ပြင်းတစ်ချက်ရှိုက်ကာပြောလိုက်သည်။
“ ငါလက်ခံပါတယ် “
ချွင်းထုံ၏စကားကြောင့် ထင်းရှီလည်းပြုံးလိုက်သည် ။
ထိုလူငယ်နှစ်ယောက်မှာ လူငယ်သဘာဝမာနကြီးကာအနည်းငယ်မောက်မာသော်လည်း စိတ်ဓာတ်အဆိုးကြီးမဟုတ်ပေ။
ထို့နောက် ချွင်းရှန်နှင့် ရှောင်ရှောင်တို့လည်း သူတို့အနီးသို့ရောက်လာကြသည် ။။ချွင်းရှန်မှ သူ၏အစ်ကိုအားအနည်းငယ်အံ့ဩသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
ချွင်းထုံမှာ ငယ်စဉ်ထဲကစိတ်ဓာတ်ပြက်သားကာ ဒေါသပိုကြီးသည်။ ထို့ကြောင့်သူ့အနေဖြင့် ယခုလိုအရှုံးကိုဝန်ခံလိုက်သည်ကို အနည်းငယ်အံ့ဩမိနေသည် ။
သို့သော် ဤသည်ကမဖြစ်နိုင်သည့်အရာမဟုတ်ပေ။ သူကိုယ်တိုင်တိုက်ခိုက်လျှင်လည်း ရလာဒ်မှာ ထိုအတိုင်းသာဖြစ်ပေမည်။ သူနှင့်ချွင်းထုံတို့မှာ သိုင်းပညာများစွာကွာခြားခြင်းမရှိပေ။
ထို့နောက်ချွင်းရှန်မှ ထင်းရှီအားကြည့်ကာ အနည်းငယ်နားမလည်နိုင်သည့်ပုံစံဖြင့်မေးလိုက်သည်။
“ မင်းကဘာဖြစ်လို့ တိုက်ပွဲစတင်ထဲကမင်းရဲ့ကိုယ်ဖော့ပညာကိုအစွမ်းကုန်အသုံးမပြုခဲ့တာလဲ မဟုတ်ရင် မင်းသိုင်းကွက်အနည်းငယ်အတွင်းမှာ ပဲအနိုင်ရနိုင်တယ် “
ချွင်းရှန်၏စကားကြောင့် ချွင်းထုံလည်း ထင်းရှီအားကြည့်ကာ အနည်းငယ်စဉ်းစားလိုက်သည်။
သူတို့တိုက်ခိုက်နေစဉ်တစ်လျှောက်လုံး ထင်းရှီ၏လှုပ်ရှားမှုများမှာ သူ့ထက်အနည်းငယ်သာမြန်သော်လည်း နောက်ဆုံးတိုက်ခိုက်မှုများတွင် သူ့ထက်အဆများစွာမြန်ဆန်သွားသည်။
သူသေချာတွေးကြည့်သည့်အခါမှ ထိုအချက်ထွက်ပေါ်လာသည်။ ချွင်းရှန်မေးသလို ခပ်စောစောထဲက ထိုလူငယ်မှသူ့အား သိုင်းကွက်အနည်းငယ်အတွင်းအနိုင်ယူနိုင်စွမ်းရှိသည်။
ထင်းရှီမှ သူတို့ညီအစ်ကို၏ သိလိုစိတ်ပြင်းပြနေသည့်ပုံစံကြောင့် သူ၏ဦးခေါင်းအား ဖြေးညင်းစွာခါယမ်းလျက်ပြောလိုက်သည်။
“ ငါသာလွယ်လွယ်ကူကူနဲ့အနိုင်ရသွားရင် လက်ရည်စမ်းတိုက်ခိုက်မှုက ဘယ်လိုလုပ်အဓိပ္ပာယ်ရှိမှာလဲ ။။
ပြီးတော့ ငါ့ရဲ့ဓားပညာသက်သက်နဲ့ဆိုရင် သူ့ကိုအနိုင်ယူဖို့မလွယ်ဘူး ။ အခုဆိုရင် ငါ့ရဲ့ဓားသိုင်းထဲက ပျော့ကွက် ဟာကွက်တွေကို ငါပြန်ပြီးတွေ့ထားတယ်။
ဒါကြောင့် နောက်တစ်ခါငါတို့ထပ်ပြီးတိုက်ခိုက်ဖြစ်ရင် ငါ့ရဲ့ကိုယ်ဖော့ပညာကိုအားမကိုးဘဲနဲ့ အနိုင်ယူနိုင်စွမ်းရှိနေပြီ “
ထင်းရှီ၏တည်ငြိမ်သောစကားကြောင့် သူတို့၏မျက်လုံးများပြူးကျယ်သွားကြသည်။ ထို့နောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည် ။
သူတို့တို့၏ပုံစံမှာ တစ်စုံတစ်ရာအား ထိတ်လန့်အံ့ဩကာ အလန့်တကြားဖြစ်သွားပုံရသည်။
သူတို့နှစ်ဦး၏ထူးဆန်းသည့်အမူအယာကြောင့်ထင်းရှီနှင့်ရှောင်ရှောင်တို့မှာ အံ့ဩသွားကြသည်။ သို့သော် ချွင်းထုံမှ သူတို့ဘက်သို့လှည့်လာသည်။
“ ဘာပဲဖြစ်ဖြစ် ငါရှုံးတာကရှုံးတာပါပဲ။ ငါတို့ဘာလုပ်ပေးရမှာလဲ တိုက်ပွဲရလာဒ်ကို သိုင်းလောကသားတွေသိအောင်ဖြန့်ပေးရမလား “
ချွင်းထုံ၏မေးခွန်းကြောင့် ထင်းရှီမှပြုံးလိုက်ပြန်သည် ။ ထို့နောက် ပေါ့ပါးစွာဖြင့်ပြောလိုက်သည်။
“ သိုင်းလောကသားတွေသိသွားတော့ရော ငါရဲ့နာမည်ကျော်ကြားလာရုံကလွဲပြီး ဘယအကျိုးကျေးဇူးရှိမှာလဲ။ ဒါတွေက အပိုအလုပ်တွေပါ ။
မင်းတို့ကိုပြောချင်တာက နောက်တစ်ခါ သိပ်ပြီးဘဝင်မမြင်ဖို့နဲ့ မင်းတို့ထက်သိုင်းပညာသာနေတဲ့လးတွေရှိနေတယ်ဆိုတာ မှတ်ထားရင်ရပါပြီ။
သိူင်းလောကထဲက ဆိုရိုးစကားလိုပဲ တစ်တောင်ထပ်နောက်ထပ်တောင်တစ်လုံးက ပိုပြီး မြင့်မားတယ်လေ “
ထင်းရှီမှ ထို့သို့ပြောကာ သူတို့၏မြင်းများချည်ထားသည့်သစ်ပင်ဆီသို့လျှောက်သွားလိုက်သည်။
ကျန်ရှိနေသည့်လူငယ်များမှာ အနည်းငယ်ငေးငိုင်သွားကြသည် ။ထို့နောက်ရှောင်ရှောင်မှသတိဝင်လာကာ ထင်းရှီ၏နောက်သို့ပြေးလိုက်သွားသည်။
ထို့နောက် သူတို့နှစ်ဦးမှာ မြင်းကိုယ်စီဖြင့် ထိုတောအုပ်အတွင်းမှ ထွက်ခွာသွားကြသည်
ချွင်းထုံနှင့်ချွင်းရှန်တို့မှာ သူတို့၏နေရာတွင်ပင် မလှုပ်မယှက်ရှိနေကြသေးသည်။ အတန်ကြာမှ ချွင်းရှန်မှ အနည်းငယ်တုန်ယင်နေသည့်လေသံဖြင့်ပြောလိုက်သည်။
“ အစ်ကိုကြီး သူက “
ချွင်းရှန်၏စကားမဆုံးမီ ချွင်းဖုံမှခေါင်းညိမ့်ပြလိုက်သည် ။ ထို့နောက် ထင်းရှီတို့ထွက်ခွာသွားသည့်နေရာသို့ကြည့်ကာ ဖြေးညင်းစွာပြောလိုက်သည် ။
“ ဒါပေါ့ သူ့နဲ့ပတ်သတ်နေတဲ့လူကလွဲပြီး အခုလိုမျိုးနာမည်ကျော်ကြားမှုကို ဂရုမစိုက်ဘဲနဲ့ သူတို့ရဲ့ ဓားပညာကိုတိုးတက်စေလိုတဲ့စိတ်တစ်ခုပဲရှိမှာလဲ။
သိုင်းလောကထဲမှာ ခက်ခဲတဲ့ ပြိုင်ဘက်ကို ဓားသွေးကျောက်လိုအသုံးချပြီး သူတို့ရဲ့စွမ်းရည်ကိုထက်မြက်အောင်သွေးတဲ့လူဘယ်လောက်များများရှိလို့လဲ ။
သူက အဲဒီလူရဲ့တပည့်မဟုတ်ရင်တောင်သူနဲ့တစ်စုံတစ်ရာပတ်သတ်နေတဲ့လူဖြစ်ရမယ် “
ချွင်းထုံ၏စကားကြောင့် ချွင်းရှန်လည်း သက်ပြင်းမောတစ်ချက်အားမှုတ်ထုတ်လိုက်သည် ။
“ ကျွန်တော်တို့ သိမ်းငှက်လက်သည်းသိုင်းကိုအောင်မြင်ပြီးတော့ အဲဒီလူကိုပြန်အနိုင်ယူပြီး ဆရာ့ရဲ့ရှုံးကြွေးကိုဆပ်မယ်လို့စိတ်ကူးထားပေမယ့် ဘယ်သူကထင်မှလဲ အဲဒီလူရဲ့တပည့်ကိုတောင် ကျွန်တော်တို့ မယှဉ်နိုင်ခဲ့ဘူး “
ချွင်းရှန်၏စကားထဲတွင် အနည်းငယ်စိတ်ပျက်သည့်လေသံများပါဝင်နေသည်။ သူတို့မှာ အမှန်ပင်ကူကယ်ရာမဲ့နေသလိုခံစားနေရသည်။
“ ဘာပဲဖြစ်ဖြစ် ငါတို့ ဒီတစ်ခေါက်သိုင်းလောကဆွေးနွေးပွဲကိုသွားပြီးရင် ဆရာ့ဆီခွင့်ပန်ပြီး ငါတို့ရဲ့ဆရာဦးလေးကို လိုက်ရှာရမယ် ။ ဒါမှငါတို့ရဲ့သိုင်းပညာပိုပြီးတိုးတက်လာမှာ “
ချွင်းထုံမှ အနည်းငယ်စိတ်ဓာတ်ကျနေဟန်ရှိသည့်သူ၏ညီအားပုတ်ကာပြောလိုက်သညါ။ ထို့နောက် သူတို့နှစ်ယောက် စီးမင်မြို့ရှိရာသို့ဦးတည်၍ထွက်သွားလိုက်ကြသည် ။
“ ရှင့်ရဲ့သိုင်းပညာဒီလောက်ပောင်းလိမ့်မယ်လို့ထင်မထားဘူး ။ သိုင်းလောကလူငယ်မျိုးဆက်က ထိပ်တန်းနေရာမှာရှိတဲ့ အဖြူရောင်သိမ်းငှက်လိုလူမျိုးကိုတောင် အသာလေးအနိုင်ယူနိုင်တယ် “
ရှောင်ရှောင်၏ချီးကျူးစကားကြောင့် ထင်းရှီမှာ ပြုံးလိုက်သည်။ ထို့နောက် ရှောင်ရှောင်အားပြန်၍စနောက်လိုက်သည်။
“ မင်းလဲမဆိုးပါဘူး ။ သိုင်းပညာအကြောင်းအနည်းငယ်ပဲသိတယ်ဆိုပြီး အနက်ရောင်သိမ်းငှက်ချွင်းရှန်ကို လက်ရည်တူတိုက်နိုင်တယ် ။
တကယ်လို့ မင်းသာသိုင်းပညာကောင်းကောင်းကျွမ်းကျင်သွားရင် ဂိုဏ်းကြီးခြောက်ဂိုဏ်းကဂိုဏ်းချုပ်တွေကိုတော့အနိုင်ယူနိုင်မှာလားမသိဘူး “
ထင်းရှီ၏စနောက်သည့်စကားကြောင့် ရှောင်ရှောင်မှ သူမ၏ပါးစပ်မား လက်ဝါးလေးဖြင့်အုက်ကာရယ်မောလိုက်မိသည်။
သူမရယ်နေသည့်အချိန်တွင် လွတ်လပ်ပေါ့ပါးကာ ချစ်စရာကောင်းသည်ဟု ထင်းရှီတွေးလိုက်မိသည်။
“ ဒါနဲ့ ရှင်နဂါးစိမ်းဂိုဏ်းအကြောင်းကိုသိလား “
ရှောင်ရှောင်၏မေးခွန်းကြောင့် ထင်းရှီ၏မျက်နှာတည်ကြည်သွားသည်။ နဂါးစိမ်းဂိုဏ်းမှာ လက်ရှိသိုင်းလောကတွင် အင်အားအကြီးဆုံးဖြစ်၍ အများအကျိုးဆောင်ရွက်နေသော်လည်း ထင်းရှီမှာ တစ်စက်မှအထင်မကြီးပေ။
သူ၏စိတ်ထဲတွင် ဒေါ်လေးကျိဟွာနှင့် သူ၏အစ်ကိုကြီးရှောင်ကျန်းမင်တို့ကြောင့် နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်ကို အမြင်မကြည်ပေ ။
ထိုကိစ္စနှင့်ပတ်သတ်၍လည်း သူနဂါးစိမ်းဂိုဏ်း၏ဌာနချုပ်သို့အလည်တစ်ခေါက်သွားရပေဦးမည်။
သို့သော် သိုင်းလောကထဲရှိနဂါးစိမ်းဂိုဏ်း၏လုပ်ဆောင်ချက်များမှာ လွန်စွာကောင်းမွန်သည်ကိုတော့ သူဝန်ခံရပေမည်။
“ အင်း နဂါးစိမ်းဂိုဏ်းရဲ့လုပ်ဆောင်ချက်တွေက သိုင်းလောကကိုအကျိုးပြုနေတယ်လို့ပြောလို့ရမယ် “
ထင်းရှီ၏အဖြေကြောင့် ရှောင်ရှောင်မှာ ကျေနပ်သွားပုံပေါ်သည် ။ ထို့နောက် ထပ်ပြောလိုက်သည်။
“ နဂါးစိမ်းဂိုဏ်းမှာ အဆင့်မြင့်ဂိုဏ်းသားတွေနဲ့အဆင့်လွန်သိုင်းသမားတွေအများအပြားရှိတယ်။
သူတို့ရဲ့ဂိုဏ်းချုပ်သွမ့်ကျန်းမင်က သိုင်းဝိဇ္ဇာ အဆင့်ကိုရောက်နေပြီးတော့ အကြီးအကဲခုနစ်ယောက်က သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်သိုင်းသမားတွေ ။ သူတို့ရဲ့အင်အားက အတော်လေးကောင်းတယ်လို့ပြောရမယ် ။
ပြီးတော့ သိုင်းလောကအကျိုးကိုလည်းဆောင်ပေးနေတော့ ကောင်းမွန်တဲ့ အဖြူရောင်သိုင်းဂိုဏ်းတစ်ဂိုဏ်းပဲ “
ရှောင်ရှောင်၏စကားကြောင့် ထင်းရှီမှ ထူးဆန်းစွာပြုံးလိုက်သည် ။ထို့နောက် ရှောင်ရှောင်အား မေူလိုက်သည်။
“ ရှောင်ရှောင် သစ်ပင်တစ်ပင်မှာ သစ်မြစ်တွေသေဆုံးသွားရင် ပင်စည်နဲ့သစ်ရွက်တွေက အသက်ရှင်ဦးမယ်လို့ထင်သလား “
ထင်းရှီ၏မဆီမဆိုင်မေးခွန်းကြောင့် ရှောင်ရှောင်မှာ အနည်းငယ်ရှုပ်ထွေးသွားသည်။ သို့သော် သူမပြန်၍အဖြေပေးလိုက်သည်။
“ ဘယ်လိုလုပ်အသက်ရှင်နိုင်မှာလဲ အမြစ်တွေကက သစ်ပင်ရဲ့အသက်လို့ပြောလို့ရတာကို “
ရှောင်ရှောင်၏အဖြေကြောင့် ထင်းရှီလည်းခေါင်းညိမ့်လိုက်သည်။ ထို့နောက် ထပ်၍မေးလိုက်သည် ။
“ ဂိုဏ်းကြီးတစ်ဂိုဏ်းမှာ ဂိုဏ်းချုပ်ကသစ်မြစ်တွေ ၊ အကြီးအကဲတွေကပင်စည်နဲ့ ဂိုဏ်းသားတွေကို သစ်ရွက်တွေလို့သဘောထားလိုက်။
အရေးအကြီးဆုံးလူဖြစ်တဲ့ဂိုဏ်းချုပ်ကမကောင်းတဲ့လူဆိုရင် အဲဒီဂိုဏ်းက ဘယ်အချိန်အထိကောင်းနေနိုင်မှာလဲ “
ထင်းရှီ၏စကားကြောင့် ရှောင်ရှောင်မှာ တွေဝေသွားသည် ။ ထို့နောက် သူမသဘောပေါက်သွားကာမျက်မှောင်ကြုတ်လျက် ပြန်၍မေးလိုက်သည်။
“ ရှင်ကနဂါးစိမ်းဂိုဏ်းချုပ်ဖြစ်တဲ့ နဂါးစိမ်းဓားသမားသွမ့်ကျန်းမင်ကိုမကောင်းတဲ့လူလို့ပြောချင်တာလား “