← Chapters

စွန်းမျိုးနွယ်စုအကြောင်း

Vol. 1 Ch. 91

စွန်းမျိုးနွယ်စုအကြောင်း

Vol. 1 Ch. 91

ရှောင်ရှောင်၏အလိုမကျသည့်လေသံကြောင့် ထင်းရှီလည်းပြုံးလျက် ခေါင်းယမ်းပြလိုက်သည်။

“ သူ့ကိုမကောင်းတဲ့လူလို့ပြောတာမဟုတ်ပါဘူး ။ ဒါပေမယ့် ကိုယ်မသိတဲ့အကြောင်းအရာတွေကို အများကြီးမထောက်ခံသင့်ဘူး။

တစ်ခါတစ်ရံမှာ မကောင်းတဲ့လုပ်ရပ်ဆိုတာ တစ်ဖက်ကဘယ်လိုသဘောထားလဲဆိုတာပိုပြီး အရေးပါတယ် “

ထင်းရှီ၏စကားကြောင့် သူမပို၍ရှုပ်ထွေးသွားသည် ။ ထို့နောက် နားမလည်နိုင်သည့်ပုံဖြင့်မေစလိုက်သည်။

“ ရှင်တစ်ခုခုကိုနားလည်မှူလွဲ‌နေတာလား “

ရှောင်ရှောင်၏မေးခွန်းကိုထင်းရှီခေါင်းယမ်းပြကာပြန်မဖြေခဲ့ပေ ။ ထိုကိစ္စမျိုးမှာ လူအများအပြားသိ၍ကောင်းသည့်ကိစ္စမျိုးမဟုတ်ပေ။

“ ငါတို့ကျန်းနန်ကိုရောက်တော့မယ် “

သူတို့စကားတပြောပြောဖြင့်မြင်းစီးလာသည်မှာ သူရဲကောင်းကွင်းပြင်နားသို့ပြန်ရောက်လာပြီဖြစ်သည်။

ထင်းရှီမှစကားလမ်းကြောင်းလွှဲလိုက်သည့်အတွက် ရှောင်ရှောင်လည်းသက်ပြင်းတစ်ချက်ချကာ ဘာမှမပြောတော့ပေ။

ထိုကိစ္စနှင့်ပတ်သတ်၍ သူမအနည်းငယ်မတင်မကျဖြစ်နေသော်လည်း ထင်းရှီမှ ဆက်ပြောလိုသည့်ဆန္ဒမရှိ၍ သူမလည်းအလိုက်တသိဖြင့် အစမဖော်တော့ပေ။

“ ရှောင်ရှောင် မင်းကျန်းနန်ကို အရင်ကရောက်ဖူးလား “

ထင်းရှီ၏မေးခွန်းကြောင့် ရှောင်ရှောင်မှပြုံးလိုက်မိသည်။ ထို့နောက် သူမ၏ဦးခေါင်းအားမော့ကာ ဂုဏ်ယူသည့်လေသံဖြင့်ပြောလိုက်သည်။

“ ဒီတစ်ခေါက်တော့ ရှင့်ရဲ့မေးခွန်းမှန်ကန်သွားပြီ ကျွန်မငယ်ငယ်ထဲက ကျွန်မဆရာနဲ့ တောင်ပေါ်မှာ အချိန်အတော်များများကုန်ဆုံးခဲ့ရပေမယ့် ကျန်းနန်ကို သုံးခေါင်ထက်မနည်းရောက်ဖူးတယ် ။

ရှင်ဘာမှစိတ်ပူမနေနဲ့ ပျော်လို့ရတဲ့နေရာတွေမှန်သမျှ ကျွန်မလိုက်ပို့ပေးမယ် “

ရှောင်ရှောင်၏ တာဝန်ယူလိုသည့်ဆန္ဒများပြည့်ဝနေသည့်လေသံကြောင့် ထင်းရှီလည်းပြုံးလိုက်မိပြန်သည်။ ထို့နောက် သူအနည်းငယ်စဉ်းစားကာမေးလိုက်သည်။

“ မင်းနဲ့ငါနဲ့က အရင်ကလည်းမသိကျွမ်းခဲ့ဘူး ။ ဒါပေမယ့် မင်းကငါ့ကိုခင်မင်ပြီးဘာလို့ဒီလောက်အထိကူညီခဲ့တာလဲ “

ထင်းရှီ၏မေးခွန်းကြောင့် ရှောင်ရှောင်လည်းချက်ခြင်းပြန်မဖြေနိုင်ဘဲငိုင်တွေသွားသည်။ ထို့နောက် ဖြေးညင်းစွာပြန်၍ဖြေလိုက်သည် ။

“ ကျွန်မလဲမသိဘူ ။ ရှင်နဲ့ခရီးအတူသွားနေရာကနေစပြီး ရှင့်ကို သူငယ်ချင်းအရင်းအချာလိုခင်မင်သွားတာ ။ ပြီးတော့ ကျွန်မရဲ့ ပထမဦးဆုံး ယောင်္ကျားလေးမိတ်ဆွေက ရှင်ပဲ “

ရှောင်ရှောင်၏စကားကြောင့် ထင်းရှီလည်း သူမအားကြည့်လိုက်မိသည်။

“ အင်း မင်းက ငါ့ကိုများကြိတ်ပြီး ကြိုက်နေတာလားမသိဘူး ။ မိန်းကလေးတွေကပြောလို့တော့မရဘူး “

ထင်းရှီမှ သူမအားအနည်းငယ်စနောက်ကာ မြင်းအားအပြင်းစိုင်းနှင်လိုက်သည်။

သူ၏စကားကြောင့် ရှောင်ရှောင်မှတခဏခန့်ဆွံ့အသွားပြီး သူမ၏မျက်နှာပြင်တစ်ခုလုံးနီရဲသွားသည်။

သူမပြန်ကြည့်လိုက်သောအခါ ထင်းရှီမှာ အဝေးသို့ရောက်နေပြီဖြစ်သည်။ သူမလည်း အံကိုတင်းတင်းကြိတ်၍ သူမ၏ပတ္တမြားနက်ကိုအပြင်းနှင်လိုက်သည်။

“ ထင်းရှီ ရှင်ပြေးလို့မလွတ်ဘူး ကျွန်မရှင့်ကိုမိရင် ကောင်းကောင်းကြီးရိုက်ပစ်လိုက်မယ် “

သူမ၏ချိုလွင်သည့်အသံမှာ ထင်းရှီထံသို့လွင့်ပျံ့လာသည်။ ထင်းရှီလည်း တဟားဟားရယ်မော၍ သူမ၏လက်မှလွတ်ရန် သူ၏အရှိန်အားတိုးမြင့်လိုက်သည်။

လမ်းမှသိုင်းသမားအချို့မှာ သူတို့နှစ်ယောက်စနောက်ကျီစယ်နေသည်အား မလိုလားသည့်အကြည့်ဖြင့် ကျန်ရစ်ခဲ့ကြသည်။

ကျန်းနန်နယ် စီးမင်မြို့

စီးမင်မြို့မှာ အလယ်ပိုင်းဒေသ၏နတ်ပြည်ဟုကျော်ကြားလှသည့် ကျန်းနန်မြို့အနီးတွင်ရှိသည်။

ကျန်းနန်နယ်လောင်ကျော်ကြားခြင်းမရှိသော်ငြားလည်း သူ့နည်းသူ့ဟန်ဖြင့်နာမည်ကျော်ကြားသည်။

စီးမင်မြို့မှာ သေးငယ်သည့်မြို့လေးတစ်မြိုဖြစ်ကာ မြို့ထဲတွင် ထူးထူးခြားခြားလည်ပတ်စရာပင်မရှိပဲ အေးချမ်းလှသည်။

သို့သော် စီးမင်မြိုမှာ အတော်လေးနာမည်ကျော်ကြသည် ။အထူးသဖြင့်သိုင်းလောကသားအတော်များများမှာ စီးမင်မြို့အား သိရှိကြသည်။

အကြောင်းမှာ စီးမင်မြို့တွင် သိုင်းလောကမှနာမည်ကျော် စွန်းမျိုးနွယ်စုရှိနေသောကြောင့်ဖြစ်သည်။

စွန်းမျိုးနွယ်စုမှာ လက်ရှိသိုင်းလောကမှတ်တမ်းအားပြုစုသည့်မျိုးနွယ်ဖြစ်ကာ သူတို့၏မျိုးဆက်များကို သိုင်းလေယကမှတ်တမ်းကိုင်ဆောင်သူဟူ၍ အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့သည်။

သိုင်းလောကမှတ်တမ်းမှာ လက်ရှိသိုင်းလောကအတွင်းဖြစ်ပျက်နေသည့် ကျော်ကြားသည့်ဖြစ်ရပ်များသာမက လွန်ခဲ့သည့်နှစ်များစွာထဲကဖြစ်ရပ်များကိုပင် မှတ်တမ်းတင်ထားခဲ့သည်။

ထို့အပြင် သိုင်းပညာလွန်စွာထက်မြက်သည့်သိုင်းသမားများ ၊ လက်နက်ဆန်းများနှင့် ထူးခြားသည့်လးထူးလူဆန်းသိုင်းသမားများအကြောင်းကိုလည်း အလားတူမှတ်တမ်းတင်ထားသေးသည် ။

လက်ရှိသိုင်းလောကမှတ်တမ်းကိုင်ဆောင်သူမှာ စွန်းမျိုးနွယ်စုမှာ စွန်းတာအိုဆိုသည့်လူဖြစ်ကာ စွန်းအိမ်တော်၏ဆက်ခံသူဖြစ်သည်။

နောက်ထပ်လေးငါးရင်နေလျှင်ရောက်ရှိမည့် သိုင်းလောကဆွေးနွေးပွဲကို စွန်းအိမ်တော်ရှိရာ စီးမင်မြိုတွင်ကျင်းပမည်ဖြစ်ကာ အနယ်နယ်အရပ်ရပ်မှသိုင်းလောကသားများမှာ စီးမင်မြို့သို့ဦးတည်၍လာရောက်နေကြသည်။

မြင်းနှစ်စီးမှာ စွန်းအိမ်တော်၏ရှေ့သို့ရောက်လာသည် ။ မြင်းစီးလာသူများမှာ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ချောမောသောလူငယ်တစ်ဦးနှင့် အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်သည်။

သူတို့နှစ်ဦးမှာ စွန်းအိမ်တော်၏ရှေ့သို့ရောက်သည်နှင့်မြင်းပေါ်မှဆင်းလိုက်ကြကာ မြင်းများကိုဆွဲ၍ အိမ်တော်အတွင်းဝင်လာကြသည်။

စွန်းအိမ်တော်မှာ ဒေသတွင်စီးပွားရေးလုပ်ငန်းအတော်များများပိုင်ဆိုင်ထားသည့်အတွက်ကြွယ်ဝသည့်အိမ်‌တော်တစ်ခုဖြစ်သည်။

သူတို့၏စံအိမ်ခြံဝန်းကြီးသည်ပင် သေးငယ်သည့်စီးမင်မြို့၏တွင်ငါးပုံတစ်ပုံနေရာယူထားသည်။ ခြံဝန်းထဲတွင် အဆောင်များစွာဆောက်လုပ်ထားကာ သိုင်းလောကသားအတော်များများကိုတွေ့ရသည်။

ထိုလူများသည်လည်း သိုင်းလောကဆွေးနွေးပွဲအားလာရောက်သည့်သိုင်းသမားများဖြစ်ကြသည်။

ခြံဝန်း၏အလယ်တွင်ကြီးမားသည့်စံအိမ်ကြီးတစ်လုံးရှိကာ ထိုစံအိမ်ကြီးမှာ စွန်းအိမ်တော်ဖြစ်သည် ။

ထို့အပြင် စံအိမ်၏ရှေ့၌ ကျယ်ဝန်းသည့်မြေကွက်လပ်လည်းရှိနေသေးသည် ။ထိုမြေကွက်လပ်အားဝိုင်းပတ်ထားကာ အဆောင်များဆောက်လုပ်ထားသည်။

ထင်းရှီနှင့်ရှောင်ရှောင်တို့ခြံဝန်းအတွင်းသို့ဝင်သွသည်နှင့် အစေခံတစ်‌ယောက်ရောက်လာကာ သူတို့၏မြင်းများကိာ ခြံဝန်းနောက်သို့ဆွဲသွားသည် ။

ထို့အပြင် ခြံဝန်းနောက်ဘက်တွင် မြင်းဇောင်းနှင့်ထွက်ပေါက်တစ်ခုရှိနေကာ သူတို့ပြန်လိုပါကအချိန်မရွေးပြန်နိုင်ကြောင်းကိုလည်း ရှင်းပြခဲ့သည် ။

“ ရှောင်ရှောင် ငါတို့ဒီမှာ လေးငါးရက်လောက်နေလို့ဖြစ်ပါ့မလား “

ထင်းရှီမှ ခြံဝန်းထဲရှိသိုင်းသမားအများအပြားအားကြည့်ကာ ထင်းရှီမှခပ်တိုးတိုးမေးလိုက်သည်။ သူ့အနေဖြင့် ဤမျှများပြားသည့်သိုင်းသမားများကိုမြင်တွေ့ရသည်မှာ ယခုပထမဦးဆုံးအကြိမ်ဖြစ်သည်။

ပထမတွင် သူတို့မြို့ထဲ၌တည်းခိုခန်းတစ်ခုခုတွင်နေရန်စဉ်းစားထားခဲ့ကြသော်လည်းမြို့ထဲရှိတည်းခိုခန်းများက သိုင်းသမားများနှင့်ပြည့်နှက်နေသည် ။

ထို့ကြောင့် သူတို့လည်း ရွေးချယ်စရာမရှိတော့ဘဲ စွန်းအိမ်တော်သို့တိုက်ရိုက်လာခဲ့ခြင်းဖြစ်သည်။

စွန်းအိမ်တော်မှာ ယခုတစ်ကြိမ်သိုင်းလောကဆွေးနွေးပွဲအတွက် ထောင့်စေ့အောင်ပြင်ဆင်ထားကာ ဆွေးနွေးပွဲအားလာရောက်သည့်သိုင်းသမားများညအိပ်ညနေနေရန်အဆောင်များလည်းစီစည်ထားပြီးဖြစ်သည်။

တည်ငြိမ်သည့်ထင်းရှီပင်သူတို့၏စီမံမှုအား ကြိတ်၍ချီးကျူးလိုက်မိသေးသည် ။

“ စွန်းအိမ်တော်က အခြားအလုပ်တစ်ခုလည်းလုပ်သေးတယ် ။ အဲဒါက သတင်းရောင်းတာပဲ ။ သူတို့ရဲ့အဓိကဝင်ငွေက အလယ်ပိုင်းဒေသမှာဖြန့်ကျန့်ထားတဲ့စီးပွားရေးလုပ်ငန်းတွေကလို့ပြောလို့ရပေမယ့် သတင်းရောင်းတဲ့အလုပ်ကလည်း ဝင်ငွေတစ်စိတ်တစ်ပိုင်းရသေးတယ်။

သူတို့စံအိမ်ကသတင်းတွေက စိတ်ချရတယ်။ သူတို့စံအိမ်ကသတင်းကိုလိုချင်ရင် တန်ဖိုးချင်းတူညီတဲ့သတင်းတစ်ခုဒါမှမဟုတ် ရွှေငွေတွေနဲ့ဝယ်လို့ရတယ်။

လွန်ခဲ့တဲ့နှစ်တစ်ရာကျော်တုန်းကစွန်းအိမ်တော်စတင်တည်ထောင်ပြီး သူတို့ရဲ့ဘိုးဘေးက သိုင်းလောကမှတ်တမ်းကိုပြုစုခဲ့တယ်။

ပြီးတော့ သတင်းရောင်းချတဲ့အလုပ်ကိုလည်း အဲဒီအချိန်ထဲကစတင်ခဲ့တာ။ သူတို့မျိုးနွယ်စုမှာ သိုင်းထိပ်သီးတွေမရှိပေမယ့် နှစ်ရာကျော်လာတဲ့ မျိုးနွယ်စုကြီးအဖြစ်တည်တံ့ခဲ့တယ်။ “

ရှောင်ရှောင်၏စကားကြောင့် ထင်းရှီလည်း ခေါင်းတဆက်ဆက်ညိမ့်လိုက်မိသည်။ ထို့အပြင် စွန်းအိမ်တော်၏အလုပ်မှာလည်းမဆိုးလှဟု ခံစားမိလိုက်သည် ။

သိုင်းလောကထဲတွင် သိုင်းကျမ်းများ၊ ကတနာလက်နက်များအပြင်အရေးကြီးလှသည်တစ်ခုမှာ သတင်းအချက်အလက်ဖြစ်သည်။

“ သေးငယ်သည့်သတင်းလေးတစ်ခုက တိုက်ပွဲကြီးတစ်ခု၏အဖြေကိုပြောင်းလဲနိုင်သည် “

ထို့ကြောင့်ပင် ခေတ်အဆက်ဆက်တွင် သတင်အချက်အလက်များမှာအရေးပါသည့်နေရာတစ်ခုတွင်တည်ရှိနေခြင်းဖြစ်သည်။

“ ဟေ့ ညီလေး “

“ ဒုတိယအစ်ကို “

အဝေးဆီမှအော်ဟစ်သံနှင့်အတူ ကြံ့ခိုင်သည့်ပုံရိပ်တစ်ခုလျှောက်လာသည်။ ထိုလူရိပ်မှာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ တောင့်တင်းကြံ့ခိုင်လှသည်။

သူ၏ခါးတွင်ဓားတစ်လက်ကိုချိတ်ဆွဲထားပြီး သူ၏ဝင့်ထည်သောကိုယ်ဟန်မှာ ရှိန်လောက်းရာဖြစ်သည်။

သူ၏ဘေးတွင်ရုပ်ရည်ချောမောသည့် အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်ကပ်ပါလာသည်။

ထိုပုံရိပ်နှစ်ခုအားကြည့်ကာ ထင်းရှီ၏မျက်နှာထက်တွင် အပြုံးတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် သူပြန်၍လက်ဝှေ့ယမ်းပြလိုက်သည်။

ကျင်းပိုမြို့တွင် အရက်မူးမူးနှင့်သွေးသောက်ညီအစ်ကိုဖွဲ့ခဲ့ကြသည့် တင်းဖန်းနှင့်စီးတုမင်တို့ရောက်နေကြပြီဖြစ်သည်။

All Chapters