သာမန်မဟုတ်သည့်မိတ်ဆွေများ
Vol. 1 Ch. 92
“ ညီလေး မင်းရောက်လာသားပဲ “
တင်းဖန်းမှဝမ်းသာအားရပြောကာ ထင်းရှီအား သူ၏ကြဲ့ခိုင်သည့်ခန္တာကိုယ်ကြီးဖြင့်ဖတ်လိုက်သည်။
ထင်းရှီမှာ သူ၏တစ်ကိုယ်လုံးဖျစ်ညစ်ခံလိုက်ရပြီဟုတွေးလိုက်မိကာ အရိုးများပင်ကျိူးကုန်ပြီဟုထင်လိုင်သည် ။
အကယ်၍ သူ့နေရာတွင် သာမန်လူတစ်ဦးသာဆိုပါက မည်သို့မှတောင့်ခံနိုင်မည်မဟုတ်ပေ ။ ထင်းရှီလည်း တင်းဖန်း၏ခန္တာကိုယ်ခွန်အားမှာ လွန်စွာသန်မာကြောင်းသိလိုက်ရသည်။
ထို့နောက် တင်းဖန်းမှထင်းရှီအားလွတ်ပေးလိုက်ကာ ဝမ်းသာအားရနှုတ်ဆက်လိုက်သည် ။သူ၏ဘေးမှစီးတုမင်းလည်းပြုံး၍ ထင်းရှီအားနှုတ်ဆက်လိုက်သည် ။
‘ အရက်တစ်အိုးအားအတူသောက်သုံးခြင်းဖြင့် တစ်သက်တာအတွက်ကောင်းမွန်သည့်မိတိဆွေကောင်းများရရှိနိုင်သည် ‘
ဆိုသည့်စကားမှာမှန်ကန်လှသည် ။
သူတို့နှင့်တွေ့သည်မှာ အချိန်အနည်းငယ်သာရှိသော်လည်း ထင်းရှီမှ သူတို့၏စိတ်ရင်းအားကောင်းစွာအကဲခပ်မိကာ ယခု သွေးသောက်ညီအစ်ကိုများဖြစ်ပြီးကြပြီဖြစ်သည် ။
ရှောင်ရှောင်မှာမူ တိတ်ဆိတ်စွာရပ်နေကာ သူတို့သုံးယောက်အားအံ့သြလိုကြည့်လိုက်သည်။
ထင်းရှီပြောခဲ့သည့်မိတ်ဆွေများမှာ ထိုနှစ်ယောက်ဖြစ်ကြောင်းကိုလည်း သူမသိလိုက်သည်။ သို့သော် သူတို့ဤမျှအထိရင်းနှီးနေမည်ဟု သူမမထင်ထားခဲ့မိပေ ။
ကြံ့ခိုင်တောင့်တင်းသည့်အသက်သုံးဆယ်ကျော်လူတစ်ယောက် ၊ အနက်ရောင်မျက်လုံးများနှင့် သာမန်ဟုသာထင်ရသော်လည်းလျှို့ဝှက်သည့်လူငယ် နောက်ဆုံးတစ်ယောက်မှာ မိန်းကလေးတစ်ယောက်လိုပျော့နွဲ့သည့်လူငယ်တို့ဖြစ်သည်။
သူတို့သုံးဦးမှာ အပြင်ပန်းခန္တာကိုယ်သွင်ပြင်ခြင်းကွားခြားနေသည့်တိုင် အံ့ဩဖွယ်ကောင်းစွာ အဖွဲ့ကျနေသည်။
“ ဒုတိယအစ်ကို သူကဘယ်သူလဲ “
စီးတုမင်မှ ထင်းရှီ၏နောက်တွင်တိတ်ဆိတ်စွာရပ်နေသည့်ရှောင်ရှောင်အားသတိပြုမိလိုက်ကာာမေးလိုက်သည် ။
ထိုမိန်းကလေးမှာ သာမန်ရုပ်ရည်သာရှိသော်လည်း ခန္တာကိုယ်အချို့စားမှာ လွန်စွာလှပကာ သူပင်တခဏခန့်ငေးခနဲဖြစ်သွားသည်။
ထင်းရှီလည်း စီးတုမင်၏စကားကြောင့်ရှောင်ရှောင်အားသတိရသွားသည်။ ထို့နောက် ရှောင်ရှောင်အားဆွဲခေါ်ကာ ရယ်ကျဲကျဲနှင့်မိတ်ဆက်ပေးလိုက်သည်။
“ သူကမိန်းကလေးရှောင်ရှောင်တဲ့ အစ်ကိုတို့နဲ့ခွဲသွားပြီးတော့ အလယ်ပိုင်းဒေသကိုရောက်အောင် သူနဲ့အတူလာခဲ့တာ ။ ကျုပ်တို့ကအတော်လေးရင်းနှီးတယ်လို့ပြောလို့ရတယ် “
ထင်းရှီ၏စကားကြောင့် သူ၏ညီနောင်များမှာ ရှောင်ရှောင်အား ခေါင်းအစခြေအဆုံးအကဲခပ်နေကြသည်။
သူတို့၏စူးစမ်းသည့်အကြည့်များကြောင့် ရှောင်ရှောင်မှာ။အနေရခက်သွားကာ ထင်းရှီ၏နောက်သိုပ မသိမသာဆုတ်လိုက်မိသည်။
ထင်းရှီမှာ သူမ၏အဖြစ်ကိုသတိပြုမိသွားကာ ချောင်းတစ်ချက်ဟန့်လိုက်သည်။ ထိုအခါမှ တင်းဖန်းနှင့်စီးတုမင်တို့မှာ ရှောင်ရှောင်အားစူးစမ်းနေခြင်းအားရပ်တန့်လိုက်ကြသည် ။
“ စိတ်မရှိပါနဲ့ ကျုပ်တို့က ဒုတိယအစ်ကိုရဲ့မိန်းကလေးကို ကြည့်ရှုနေတာပါ “
စီးတုမင်မှ ရှင်းပြသည့်လေသံဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့်ထင်းရှီမှာ တစ်စုံတစ်ခုလွဲချော်နေသည်ဟုသိလိုက်ကာ ရှောင်ရှောင်သည်လည်းမျက်နှာနီရဲသွားသည် ။
ထို့နောက် သူမအထစ်ထစ်အငေါ့ငေါ့ဖြင့်ဆိုလိုက်သည်။
“ မဟုတ် မဟုတ်ပါဘူး ကျွန်မတို့က “
သူမ၏စကားမဆုံးမီ တင်းဖန်မှ ပြုံးကာဖြန်ပြောလိုက်သည်။ သူ၏အပြုံးမှာ သူတို့၏အခြေအနေအားနားလည်ပါသည်ဆိုသည့်အပြုံးကြီးဖြစ်သည်။
“ ဘာမှစိတ်ပူမနေပါနဲ့ ငါတို့ကဘာမှမပြောပါဘူး ။ မင်းနဲ့ညီနှစ်နဲ့က တွေ့တာမကြာသေးတော့ငါတို့ကနည်းနည်းစိုးရိမ်စိတ်ရှိတာပါ ။
ဒါပေမယ့် ငါတိုဘအကဲခပ်ရသလောက်ကတော့ မင်းကမိန်းမကောင်းလေးတစ်ယောက်ပါ။ ငါတို့ညီနောင်နဲ့လိုက်ဖက်ပါတယ် “
တင်းဖန်း၏စကားက အခြေအနေအားပို၍ဆိုးရွားစေသည် ။ရှောင်ရှောင်မှာ တစ်စုံတစ်ရာပြောဆိုခြင်းမပြုတော့ပေ။ သူမ၏မျက်နှာသည်လည်း လုံးဝနီရဲသွားသည်။
သို့သော် သူမ၏စိတ်ထဲတွင် အနည်းငယ်ကျေနပ်နေသည်ဟုပြော၍ရသည် ။ထိုထူးဆန်းသောခံစားမှုကြောင့် သူမထိတ်လန့်သွားကာ အလျှင်အမြန်ဖျောက်ဖျက်ပစ်လိုက်ရသည်။
ထင်းရှီလည်း သူကြားဝင်မှဖြစ်တော့မည်ဖြစ်ကြောင်းသိလိုက်သည်။ ထိုအတိုင်းသာဆက်သွားနေပါက ရှောင်ရှောင်မှာ ရှက်ရွံ့သောကြောင့် ဤနေရာမှထွက်သွားနိုင်သည်။
“ မဟုတ်ဘူး မင်းတို့နားလည်မှုလွဲနေကြပြီ ။ ဒါကကျုပ်ရဲ့မိတ်ဆွေပါ ။ ကျုပ်ကသူနဲ့ရိုးရိုးသားသားဆက်ဆံရေးပဲရှိတာပါ “
သူ၏ဖြေရှင်းချက်ကြောင့် တင်းဖန်းနှင့်စီးတုမင်တို့မှာ အားတုံ့အားနာဖြစ်သွားကြသည်။ သူတို့နှစ်ယောက်မှ ရှောင်ရှောင်အားကြည့်ကာ တောင်းပန်းကားဆိုလိုက်သည် ။
“ ကျုပ်တို့်သိလို့ပြောဆိုခဲ့တာအတွက် မိန်းကလေးကခွင့်လွှတ်ပေးပါ “
ထို့နောက် သူတို့နှစ်ယောက် ထင်းရှီ၏ဘက်သို့လှည့်ကာကျိန်းမောင်းလိုက်ကြသည် ။
“ မင်းကဘာဖြစ်လို့စောစောစီးစီးသေချာပြောမထားတာလဲ “
“ အေးလေ ဒုတိယအစ်ကိုကသေချာပြောထားမှပေါ့ အခုအထင်လွဲစရာတွေဖြစ်ကုန်ပြီ “
သူတို့၏စကားများကြောင့်ထင်းရှီမှာ ဆွံ့အသွားရသည် ။ ရှောင်ရှောင်မှ သူတို့အားကြည့်ကာ မနေနိုင်ဘဲ တခစ်ခစ်ရယ်မောလိုက်မိသည်။
“ ကျွန်မရှင်တို့ကိုအပြစ်မတင်ပါဘူး။ နားလည်မှုလွဲသွားတာပဲ ။ ကျွန်နာမည်ကရှောင်ရှောင်ပါ ရှင်တို့ညီနောင်ထင်းရှီနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေလို့ပြောလို့ရတယ် “
သူမအမှန်လဲ စိတ်ဆိုးခြင်းမရှိပေ။ ထင်းရှီ၏မိတ်ဆွေများမှာ အနည်းငယ်ပျော်စရာကောင်းသည်ဟု သူမတွေးလိုက်မိသည်။
သို့သော် ထိုနှစ်ယောက်မှာ မြင်တွေ့ရသလောက် ရိုးရှင်းသူများမဟုတ်ကြောင်း သူမသိရှိသည်။
ထင်းရှီဆိုသည်လူငယ်မှာ ထူးဆန်းကယနားလာ်ရခက်သည့်အပြင် စူ၏မိတ်ဆွေများသည်လည်း သာမန်လူများမဟြတ်ကြသောကြောင့် ရှောင်ရှောင်မှာအနည်းငယ်အံ့ဩမိသည်။
သူမအားထိုနှစ်ယောက်မှသိမည်မဟုတ်သော်လည်း ထိုလူနှစ်ယောက်အား သူမသိသည် ။
ရှောင်ရှောင်မှ သူတို့အပေါ်စိတ်ကွက်ခြင်းမရှိသည်ကိုသိလိုက်ရသောကြောင့် တင်းဖန်းနှင့်စီးတုမင်တို့မှာ ပြုံးလိုက်မိကြသည်။ ထို့နောက် တင်းဖန်းမှစတင်မိတ်ဆက်လိုက်သည်။
“ ကျုပ်ရဲ့နာမည်ကတင်းဖန်းပါ အရှေ့တောင်ဘက်ဒေသက “
တင်းဖန်း၏မိတ်ဆက်စကားကြောင့် ရှောင်ရှောင်မှမျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် အနည်းငယ်စဉ်းစားကာမေးလိုက်သည်။
“ ရှင်က အရှေ့တောင်မြောက်ဒေသက တင်းအိမ်တော်ကလား “
ရှောင်ရှောင်၏မေးခွန်းကြောင့်အံ့အားသင့်ရသူမှာ တင်းဖန်းဖြစ်သည်။ လွန်ခဲ့သည့်သုံးနှစ်လုံးလုံးသူသိုင်းလောကထဲတွင် များစွာနေလေ့မရှိဘဲလှည့်လည်သွားလာနေခဲ့သည်။
သို့တိုင်အောင် သူ၏ရှေ့မှမိန်းကလေးမှာ သူ၏ဇာတ်မြစ်ကိုလွယ်ကူစွာခန့်မှန်းလိုက်နိုင်သည်။ ဤအဖြစ်က သူ့ကိုအနည်းငယ်အံ့ဩသွားစေသည်။
“ သိပ်ပြီးအံ့အားမသင့်ပါနဲ့ ရှင်ကကျွန်မတွေ့ဖူးတဲ့လူတစ်ယောက်နဲ့တူတယ်။ သူကအရှေ့မြောက်ပိုင်းဒေသကပဲ ။
အရှေ့မြောက်ပိုင်းမှာ နွားပေါက်တစ်ကောင်ကိုတောင် ခန္တ။ကိုယ်ခွန်အားသက်သက်နဲ့အလဲထိုးနိုင်တဲ့ ကြံ့ခိုင်သန်စွမ်းတဲ့တင်းမျိုးနွယ်ကလူတွေဘယ်နှစ်ယောက်ရှိလို့လဲ “
ရှောင်ရှောင်၏စကားကြောင့် တင်းဖန်းမှာ ခေါင်းတညိမ့်ညိမ့်ဖြင့်နားလည်သွားသည်။ ထို့နောက် စီးတုမင်မှမပြောမီ ရှောင်ရှောင်မှဦးစွာပြောလိုက်သည် ။
“ ဒီမှာလူရှေ့သူရှေ့ကိုထွက်လေ့မရှိတဲ့ စီးတုမိသားစုကအငယ်ဆုံးသားကိုတွေ့ရလိမ့်မယ်လို့ထင်မထားဘူး “
သူမ၏စကားကြောင့် စီးတုမင်လည်း တင်းဖန်း၏ပုံစံကဲ့သို့ဖြစ်သွားသည်။သူသည်လည်း သိုင်းလောကအတွင်းသို့ဆင်းလာသည့်အချိန်မှစ၍ တင်းဖန်းနှင့်အဖွဲ့ကျကာ နေရာအနှံ့သွားလာနေခြင်းဖြစ်သည်။
သူ့အားစီးတုမိသားစုမှဖြစ်ကြောင်း သိသူအလွန်နည်းပါးသည် ။ထို့နောက် ရှောင်ရှောင်အားကြည့်ကာ စိတ်ရှုပ်ထွေးစွာမေးလိုက်သည် ။
“ ကျုပ်ကိုရော မင်းကဘယ်လိုလုပ်သိတာလဲ “
စီးတုမင်၏စကားကြောင့် ရှောင်ရှောင်မှ သိမ်မွေ့စွာပြုံးလိုက်သည် ။ထို့နောက် ရယ်ကျဲကျဲလုပ်၍ပြောလိုက်သည်။
“ ကျွန်မတို့အရင်ကတစ်ခါဆုံဖူးပါတယ် “
သူမ၏စကားကြောင့် စီးတုမင်လည်းမျက်ခုံးနှစ်ဖက်အားစုကြုံကာ စဉ်းစားခန်းဝင်သွားသည်။
ရှောင်ရှောင်နှင့်မိတ်ဆက်ပေးပြီးနောက် တိတ်ဆိတ်ကုန်ကြည့် သူ၏ညီနောင်များအားကြည့်ကာ ထင်းရှီမှာ မနေနိုင်ဘဲရယ်မောလိုက်မိသည်။
“ မင်းကအကုန်လုံးကိုသိနေတာပါလား “
သူ၏စကားကြောင့်ရှောင်ရှောင်လည်းပြုံးလိုက်ပြန်သည်။ ထို့နောက် ပတ်ဝန်းကျင်အားဝေ့ကြည့်ကာပြောလိုက်သည် ။
“ အမှန်အတိုင်းပြောရရင် ဒီမှာရှိနေတဲ့လူတစ်ဝက်လောက်ကကျွန်မနဲ့သိတယ် “
သူမ၏စကားကြောင့် ထင်းရှီမှာ မျက်လုံးပြူးသွားည်။
စွန်းအိမ်တော်ထဲတွင် လူအများအပြားရောက်ရှိခြင်းမရှိသော်ငြားလက်ရှိရောက်နေသည်လူများကပင် မတူညီသည့်အဖွဲ့အစည်းများ တစ်ကိုယ်တော်သိုင်းသမားများ နှစ်ရာနီးနီးရှိသည် ။
“ မင်းနောက်နေတာမဟုတ်လား “
ထင်းရှီ၏မယုံကြည်နိုင်သည့်မေးခွန်းကြောင့်ရှောင်ရှောင်လည်းရယ်မောလိုက်ပြန်သည်။
“ ဟုတ်တာပေါ့ ကျွန်မနောက်နေတာ “
သူမ၏ စနောက်သည့်အဖြေကြောင့်ထင်းရှီပါရယ်မေ လိုက်သည်။ သို့သော် သူ၏စိတ်ထဲတွင် ထိုအဖြေမှာမှားသည်ဟုသိနေသည်။
“ ရှောင်ရှောင်မင်းရဲ့ပုံစံအမှန်ကဘာလဲ “
ထိုမေးခွန်းကိုတော့ သူ၏ရင်ထဲတွင်သာမေးလိုက်ခြင်းဖြစ်သည်။
“ ကျွန်မသွားတော့မယ် အော့မေ့ဂိုဏ်းမှာ ကျွန်မရဲ့မိတိဆွေတွေရှိတယ် ။ ရှင်ကရှင့်မိတ်ဆွေတွေနဲ့အတူနေမှာမဟုတ်လား “
ခြောက်ဂိုဏ်းမှလူများလည်းရောက်ရှိနေပြီဖြစ်သည်။ သို့သော် သူတို့၏ဂိုဏ်းချုပ်များကားရောက်မလာသေးပေ။
ရှောင်လင်မှဘုန်းကြီးများ ၊ အော့မေ့ဂိုဏ်းကဲ့သို့ မိန်းကလေးသီးသန့်ဂိုဏ်းများလည်းရှိသောကြောင့် သူတို့၏အဆောင်များကိုမူသီးသန့်စီစဉ်ထားကာ သာမန်အဆောင်များနှင့်ကွဲပြားသည်။
ရှောင်ရှောင်၏မေးခွန်းကြောင့် ထင်းရှီလည်း အနည်းငယ်စဉ်းစားကာခေါင်းညိမ့်ပြလိုက်သည် ။
“ ကောင်းပြီလေ နောက်ရက်ကျရင်တွေ့ကြတာပေါ့ “
ထင်းရှီမှ နှုတ်ဆက်စကားဆိုလိုက်သည်။ ထို့နောက်ရှောင်ရှောင်မှာ ထင်းရှီအားလက်ပြကာ လူအုပ်အတွင်းသို့တိုးဝင်သွားသည်။