အသိရခက်သည့်ရှောင်ရှောင်
Vol. 1 Ch. 93
“ ညီလေး မင်းသူနဲ့ဘယ်လိုသိခဲ့တာလဲ “
တင်းဖန်းမှထင်းရှီအားလေးနက်စွာကြည့်၍မေးလိုက်သည်။ စီးတုမင်လည်း ထိုမေးခွန်းအားစိတ်ဝင်စားနေသည် ။
သူတို့နှစ်ယောက်မှာ ပျော်ပျော်နေတတ်ကာ ပေါ့ပျက်ပျက်နေသူများဟုထင်ရသော်လည်း အမှန်က ပါးနပ်ကာ လူကဲခပ်ကောင်းကြသည် ။
ထို့ကြောင့်လည်း ထင်းရှီနှင့်စတွေ့ထဲက ထင်းရှီ၏စိတ်ဓာတ်အား လျှင်မြန်စွာအကဲခပ်မိကာ ပေါင်းသင်း၍ရခြင်းဖြစ်သည် ။
ထင်းရှီလည်း သူတို့၏စိုးရိမ်မှူကိုနားလည်သည် ။ထို့ကြောင့် သူနှင့်ရှောင်ရှောင်တို့ ကျင်းပိုမြို့၏မရှေ့ဘက်တွင်စတွေ့သည်မှစ၍ ပြောပြလိုက်သည်။
“ အင်း ဒီလိုဆိုရင် အဲဒီမိန်းကလေးက မကောင်းတဲ့ရည်ရွယ်ချက်တွေရှိပုံမပေါ်ပါဘူး ။။
ဒါပေမယ့်သူကနည်းနည်းတော့ထူးဆန်းတယ်လို့ငါထင်တယ် “
တင်းဖန်းမှ ခေါင်းတစ်ချက်ညိမ့်ကာပြောလိုက်သည်။ သူ၏စကားအား စီးတုမင်မှလည်းထောက်ခံလိုက်သည် ။
“ သူကသာမန်မိန်းကလေးတော့မဟုတ်ဘူး။ ပြီးတော့ ကျုပ်သူ့ကို တစ်နေရာရာမှာ မြင်ဖူးနေတယ်လို့ထင်တယ် ။ ဒါပေမယ့်ပြန်စဉ်းစားလို့မရဘူး “
စီးတုမင်မှလည်း သူ၏အမြင်ကိုဝင်ပြောလေသည် ။ထို့နောက်တွင် တင်းဖန်းနှင့်စီးတုမင်တို့မှာ ထင်းရှီအားစိုက်ကြည့်လိုက်ကြသည်
“ စောစောကမင်းပြောခဲ့တာ မြင်းမစီးတတ်ဘူးဟုတ်လား ဟားးဟားး “
“ အေးလေ ဒီလိုဆို ကျုပ်တို့စောင့်ခေါ်မှာပေါ့ အခုက မိန်းကလေးဆီကပြန်ပြီးမြင်းစီးသင်ရတယ်လို့ “
တင်းဖန်းတို့နှစ်ယောက်မှာ ထင်းရှီအား ပြိုင်တူပင်လှောင်ပြောင်ရယ်မောလိုက်ကြသည်။ ထင်းရှီလည်း အနည်းငယ်ရှက်ရွံ့သွားသော်လည်း သူတို့နှင့်ရော၍ ရယ်မောလိုက်သည်။
ထိုနှစ်ယောက်နှင့်အတူနေလျှင် သူ၏စိတ်များပျော်ရွှင်ကာ လွတ်လပ်နေသည်ဟု ခံစားမိလိုက်သည်။ သို့သော် သိုင်းလောကဆွေးနွေးပွဲပြီးနောက်တွင် သူတို့နှင့်လမ်းခွဲရပေဦးမည်။
သူထဲတွင် လုပ်စရာကိစ္စအများအပြားရှိနေသေးသည်။ သို့သော် လောလောဆယ်တော့ ထိုကိစ္စများအား ခေတ္တမေ့လျော့ထားလိုက်သည်။
“ ညီလေးလာ ငါတိုအဆောင်ထဲမှ အရက်အိုးတွေရှိတယ် စွန်းအိမ်တော်ကတယ်လဲဧည့်ဝတ်ကျေတာကိုး ငါတို့နှစ်ယောက်ရောက်နေတာသုံးရက်လောက်ရှိပြီ “
တင်းဖန်းမှပြောပြောဆိုဆိုဖြင့် ထင်းရှီအားဆွဲခေါ်သွားသည်။
သူတစ်ဦးတင်မကပေ စီးတုမင်မှလည်းတင်းဖန်းနှင့်ပူးပေါင်းကာ စီးတုမင်အားအလယ်မှညပ်၍ဆွဲခေါ်သွားကြသည်။
ထင်းရှီမှာ သူတို့နှစ်ဦး၏အလယ်တွင် ယက်ကန်ယက်ကန်နှင့်ပါသွားတော့သည်။ ယနေ့ညတော့ သူအမူးသောက်ပြီးမှအိပ်ရပေတော့မည်။
------------------------------------------
ဆွေးနွေးပွဲစတင်သည့်နေ့
သိုင်းဂိုဏ်းကြီးများမှကိုယ်စားလှယ်များနှင့်ဂိုဏ်းသားများတဖွဲဖွဲရောက်လာကြသည် ။
ဂိုဏ်းကြီးခြောက်ဂိုဏ်းမှမူ ရှောင်လင်ကျောင်းထိုင်နှင့် မည်သည့်နေရာသို့ရောက်နေမှန်းမသိသည့်သူတောင်းစားဂိုဏ်းချုပ်မှအပဂိုဏ်းကြီးလေးဂိုဏ်းမှဂိုဏ်းချုပ်များ လာမည်ဟုသတင်းထွက်ပေါ်နေသည်။
ထို့အတူ သိုင်းလောကတွင်ကျော်ကြားလှသည့်လူငယ်သိုင်းသမားများ ၊ ဇာတ်မြုပ်နေသည့်သိုင်းသမားအချို့နှင့် လှပသည့်သိုင်းသမလေးများလည်းရောက်ရှိလာကြသည် ။
သိုင်းလောကတွင် သိုင်းသမား ယောင်္ကျားဦးရေနှင့်မိန်းကလေးဦးရေမှာ အတော်လေးကွာဟကာ အထူးသဖြင့် လှပသည့်မိန်းကလေးသိုင်းသမားများမှာ ပို၍ရှားပါးသည် ။
ထို့ကြောင့်လူအများမှာ လှပသည့်မိန်းကလေးများရောက်လာတိုင်း အချင်းချင်တီးတိုးဝေဖန်ကာာမျက်စေ့အစာကျွေးနေကြသည်။
တင်းဖန်းနှင့်စီးတုမင်လည်းချွင်းချက်မဟုတ်ပေ ။သူတို့နှစ်ဦးမှာ ထောင့်တစ်နေရာတွင်ရပ်ကာ ဆွေးနွေးပွဲအားလာသည့် ချောမောလှအသည့်မိန်းကလေးများကို အကဲဖြတ်နေကြသည်။
သူတို့၏ဘေးတွင်ရှောင်ရှောင်နှင့်ထင်းရှီမှာ အေးအေးဆေးဆေးစကားပြောဆိုနေကြသည်။ အထူးသဖြင့် ရှောင်ရှောင်မှ ပြောသမားဖြစ်ကာ ထင်းရှီမှ အနီးရှိတိုင်တစ်တိုင်အားပျင်းရိစွာမှီကာ ဒိုင်ခံနားထောင်ပေးနေသည်။
ရှောင်ရှောင်မှ ထင်းရှီအားသိုင်းသမားအတော်များများအားညွန်ပြကာ သူတို့အကြောင်းကို ပြောပြပေးနေသည်။ ထိုလူများမှာ သိုင်းလောကမှ ဒိတ်ဒိတ်ကျဲသိုင်းသမားဖြစ်ကြသည်။
ထိုစဉ် စံအိမ်ဝင်ပေါက်မှ လူငယ်နှစ်ယောက်ရောက်လာသည်။ ထိုလူငယ်နှစ်ယောက်မှာ ဆန့်ကျင်ဘက်ဖြစ်သည့်အဖြူရောင်ဝတ်စုံနှင့်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည်။
“ အစ်ကိုကြီး ဟိုလူငယ်ကောဒီကိုလာမယ့်ထင်လား “
အနက်ရောင်ဝတ်စုံနှင့်လူငယ်မှတီးတိုးမေးလိုက်သည်။ ထိုအခါအဖြူရောင်ဝတ်စုံနှင့်လူမှာ ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက် စံအိမ်ခြံဝန်းအတွင်းဝင်လာကြသည်။
သိုင်းသမားအချို့မှာ ထိုလူငယ်နှစ်ယောက်အားတွေ့မြင်လိုက်ရပြီး အချင်းချင်းလက်ကုတ်ကာ တီးတိုးပြောဆိုနေကြသည်။
အချိန်များစွာမကြာမီ ခြံဝန်းထဲရှိသိုင်းသမားအတော်များများမှာ ထိုလူငယ်နှစ်ယောက်အား သတိထားမိသွားသည် ။
ထိုနှစ်ယောင်မှာ သိုင်းလောကအတွင် တဟုန်ထိုးနာမည်ကျော်ကြားလာသည့် လူငယ်မျိုးဆက်မှထပ်သီးများဖြစ်ကြသည့် အရှေ့ပိုင်းသိမ်းငှက်ညီနောင်ဖြစ်သည် ။
အဖြူရောင်သိမ်းငှက်ချွင်းထုံမှ ထောင့်တစ်နေရာတွင် ပျင်းရိပျင်းတွဲအမူအယာနှင့်တိုင်တစ်တိုင်အားမှီကာရပ်နေသည့်ထင်းရှီနှင့် သူ၏ဘေးမှရှောင်ရှောင်အားတွေ့လိုက်သည်။
ထို့နောက် ချွင်းရှန်အားခေါ်ကာထိုနေရာသို့ ဦးတည်၍သွားလိုက်ကြသည်။
သူတို့နှစ်ဦးမှာ ကျော်ကြားသူများဖြစ်သည့်အတွက် လူအတော်များများမှသူတို့အားသိကြသည်။ ထို့ကြောင့်လူအများမှာ သူတို့အားလမ်းဖယ်ပေးလိုက်ကြသည် ။
“ ကျုပ်တို့ဒီနေရာမှာနေလို့ရလား “
အနက်ရောင်သိမ်းငှက်ချွင်းရှန်မှလက်သီးဆုပ်ကာဂါရဝပြု၍မေးလိုက်သည်။ သူ၏စကားကြောင့် ထင်းရှီမှ ခေါင်းထောင်လာသည်။
အမှန်မှာ ထိုနှစ်ယောက်ခြံဝန်းအတွင်းသို့စဝင်လာထဲက သူသိရှိခဲ့ပြီးဖြစ်သည်။ ယခုလိုသူတို့နေရာသို့ဦးတည်လာမည်ဟုမထင်ခဲ့မိပေ။
သို့သော် တစ်ဖက်မှယဉ်ကျေးသည့်အမူအယာကြောင့် သူလည်းရိုင်းပြနေ၍မရပေ။
“ နေလို့ရပါတယ် ဒီနေရာက ကျုပ်တို့ပိုင်တာမှမဟုတ်တာ လွတ်လွတ်လပ်လပ်နေကြပါ “
ထင်းရှီမှ ပြန်၍အရိုအသေပေးကာပြောလိုက်သည်။ သူတို့၏စကားများကြောင့် ဘေးနားမှလူများမှာ အာရုံစိုက်လာကြကာ သူတို့၏နေရာနှင့် အနည်းငယ်ခွာသွားကြသည် ။
မည်သို့ပင်ဖြစ်စေ အရှေ့ပိုင်းသိမ်းငှက်ညီနောင်တို့မှာ ကျော်ကြားသူများဖြစ်သည့်အတွက် လေးစားမှုပြသည့်အနေဖြင့် သူတို့အနီးမှအနည်းငယ်ခွာပေးလိုက်ခြင်းဖြစ်သည်။
ထို့အတူ အရှေ့ပိုင်းသိမ်းငှက်ညီနောင်နှင့် ပုံမှန်လိုစကားပြောနေသည့်လူငယ်ကိုကြည့်လိုက်ကြသည်။
ထိုလူငယ်ကို သူတို့ယခင်ကမမြင်ဖူးသော်လည်း အရှေ့ပိုင်းသိမ်းငှက်ညီနောင်တို့၏လေးစားစည့်အမူအယာအရ ထိုလူငယ်မှာ သာမန်မဖြစ်နိုင်ပေ။
“ နဂါးစိမ်းဂိုဏ်းကလူတွေရောက်လာပြီ “
“ ဘာ နဂါးစိမ်းဂိုဏ်းကလူတွေလား “
လူအများမှာ အုတ်အုတ်ကျက်ကျက်ဖြစ်သွားကြသည်။ သူတို့မှာ နဂါးစိမ်းဂိုဏ်းမှလူများရောင်ရှိနေသည်ကိုသိသော်လည်း ယခု ခေါင်းဆောင်ပိုင်းများမှ လာရောက်ခြင်းဖြစ်သည်။
ခြံဝန်းထဲသို့ အစိမ်းရောင်ဝတ်စုံဝတ်လူများဝင်လာကြကာ စွန်းအိမ်တော်ဆီသို့ တိုက်ရိုက်လျှောက်သွားသည်။ ထိုအိမ်တော်ကြီးထဲတွင် ဂိုဏ်းအသီးစီးမှခေါင်းဆောင်များရှိနေသည်။
နဂါးစိမ်းဂိုဏ်းမှလူစုမှာ အယောက်နှစ်ဆယ်ကျော်သာရှိသော်လည်း အားလုံးမှာ အဆင့်လွန်သိုင်းအဆင့်ထက်အောက်ကျသူမပါဘဲ အဆင့်မြင့်ဂိုဏ်စခွဲမှူးများဖြစ်သည် ။
ထို့အပြင် ယခင်ရက်များကလည်းနဂါးစိမ်းဂိုဏ်းသား အယောင်ငါးဆယ်ကျော်ခြောက်ဆယ်ခန့်ရောက်ရှိနေကြပြီးဖြစ်သည်။
“ သူတို့ကို တိမ်တိုက်လက်ဝါးနဲ့ နဂါးဓားရှင်တို့ဦးဆောင်လာတာပဲ ။ အကြီးအကဲနှစ်ယောက်တောင်ပါလား ။ ဒီတစ်ခါတွေ့ဆုံပွဲကို နဂါးစိမ်းဂိုဏ်းကအလေးထားတာ သိသာနေတယ် “
လူအများမှာ ကျွတ်စီကျွတ်စီဖြင့်ပြောဆိုနေကြသည်။ သူတို့၏အကြည့်များမှာ နဂါးစိမ်းဂိုဏ်းမှလးများအားဦးဆောင်လာသည့်အဖိုးအိုနှစ်ယောက်ဆီသို့ရောက်ရှိနေသည်။
ထိုအဖိုးအိုများမှာ အသက်ခြောက်ဆယ်နားနီးပြီဖြစ်သော်လည်း ကြံ့ခိုင်တောင့်တင်းကြသေးသည် ။သူတို့၏စူးရှသည့်မျက်ဝန်းများမှာ အတွင်းအားပြည့်ဝသူများဖြစ်ကြောင်းသက်သေခံနေသည်။
ထိုအဖိုးအိုများမှာ နဂါးစိမ်းဂိုဏ်းမှ အကြီးအကဲခုနစ်ယောက်အနက်နှစ်ယောက်ဖြစ်ကာ သူတို့၏မျက်ဝန်းများမှာ လူအုပ်အတွင်း ဝေ့ကြည့်နေကြသည်။
“ ဒီအချိန်ဆိုသခင်မလေးရောက်သင့်နေပြီမဟုတ်လား “
တိမ်တိုက်လက်ဝါးအဖိုးအိုမှ မျက်မှောင်ကြုတ်ပာပြောလိုက်သည်။ သူ၏စကားကြောင့် နဂါးဓားရှင်လည်း သက်ပြင်းတစ်ချက်ချကာပြောလိုက်သည် ။
“ သူကဘယ်တုန်းကစည်းကမ်းတွေနဲ့ထိမ်းချုပ်တာကိုခံလို့လဲ ။ အခုလဲ ဂိုဏ်းချုပ်ငါတို့နဲ့အတူလိုက်သွားခိုင်းတာကိုဘယ်ရောက်နေလဲမသိဘူး “
ထို့နောက် သူတို့နှစ်ဦးမှာ အိမ်တော်အတွင်းသို့ဝင်သွားကြသည်။ သူတို့နှစ်ဦး၏အကြောင်းကိုလးအများမှာ ပြောဆိုလျှက်ကြဆဲပင်။
မကြာမီ စံအိမ်ကြီးအတွင်းမှ လူတစ်စုထွက်လာသည်။ ထိုလူများအားမြင်သည်နှင့် သိုင်းလောကသားများမှာ လွန်စွာတုန်လှုပ်သွားကြသည် ။
“ ဂိုဏ်းချုပ်ကြီးတွေပါလား “
“ ဘုရား ဘုရား ငါ့တသက်မှာ ဂိုဏ်းချုက်တွေကိုစုစုစည်းစည်းမြင်ဖူးပြီပဲ။
ရှောင်လင်ကျောင်းက လောဟန်အဆောင်မှူးဆရာတော်က ရွှမ်းချီ ၊ သူရဲ့နောက်က ဝူတန်းရဲ့လက်ရှိဂိုဏ်းချုပ် ကျန်းဟုန်းချင် ၊ ခွန်လွန်ဂိုဏ်းချုပ်ကြီး မာရှောင်ကျင်း ၊ ဝါဆန်းဂိုဏ်းချုပ် လျှပ်စီးဓားရှင် ချိုးရှင်းယင် “
သိုင်းသမားတစ်ယောက်မှ အံ့ဩစွာရေရွတ်လိုက်သည် ။ ဂိုဏ်းချုပ်များရောက်ရှိလာမည်ကို သူသိရှိသော်လည်း ယခုလိုအတော်များများစုံညီနေမည်ဟု သူမထင်ခဲ့ပေ
ထိုဂိုဏ်းချုပ်များမှာ ယခုလိုစုံစုံညီညီရှိရန်မဆိုထားနှင့် သိုင်းလောကအတွင်းတွေ့ရန်ပင်ခဲယဉ်းသည်။
ထို့အပြင် သူတို့၏နောက်တွင် သိုင်းလောကရှိ ထိပ်တန်းဂိုဏ်းအဖွဲ့များ၏ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များရှိကြသည်။