လူအားလုံးအံ့ဩသွားခြင်း
Vol. 1 Ch. 94
ထိုလူများမှာ မည်သည့်အတွက်ကြောင့် အားလုံးအပြင်ဘက်သို့ထွက်လာကြသည်မသိပေ ။သို့သော် မကြာမီသူတို့၏အဖြေများရှင်းလင်းသွားသည်။
စွန်းအိမ်တော်၏ခြံဝန်းရှေ့သို့ မြင်းစီးသမာစတစ်စုရောင်လာကြသည်။ မြင်းပေါ်မှလူများမှာ အမျိုးသမီးများဖြစ်ကြကာစုစုပေါင်းလူငါးဆယ်ကျော်သည်။
သူတို့ကိုဦးဆောင်လာသူမှာ အသက်ခုနစ်ဆယ်ကျော်ရသေ့မကြီးတစ်ယောက်ဖြစ်သည်။
ထိုရသေ့မမှာ အသက်အနည်းငယ်ကြီးနေသော်လည်း ဖြူဖွေးသည့်အသားအရေကိုပိုင်ဆိုင်ထားကာ မျက်လုံးမျက်ဖန်ကောင်းလှသည်။
ယခုအချိန်တွက်အသက်ကြီးနေသော်ပြီဖြစ်သော်လည်း သူမငယ်စဉ်က ယောင်္ကျားသားများစွာစွဲလန်းခဲ့ရမည့် မိန်းမလှလေးတစ်ဦးဖြစ်ကြောင်းသိနိုင်သည်။
သို့သော် ထိုရသေ့မကြီးခြံဝန်းအတွင်းဝင်လာသည်နှင့် ခြံဝန်းထဲမှလူများမှာ တိတ်ဆိတ်သွားကြသည်။ ခြံဝန်း၏အပူချိန်ပင်အနည်းငယ်ထိုးကျသွားသည်ဟုထင်လိုက်မိသည်။
ဂိုဏ်းချုပ်များမှာ မည်သည့်အတွက်ထွက်လာကြခြင်းဖြစ်သည်ကို သူတို့သိလိုက်ကြသည်။ ထိုရသေ့မမှာ လက်ရှိအော့မေ့ဂိုဏ်းချုပ်ဖြစ်သည့် ကျောက်စိမ်းမျက်နှာ ဖုန့်ရှန်းယင်ဖြစ်သည်။
အော့မေ့ဂိုဏ်းမှာ အမျိုးသမီးဂိုဏ်းဝင်သီးသန့်သာလက်ခံကု လူဦးရေနှစ်ရာနီးနီးသာရှိ၍ ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲတွင် အင်အားအနည်းဆုံးဖြစ်သော်လည်း သိုင်းလောကဂိုဏ်းသီးဂိုဏ်းကြီးခြောက်ဂိုဏ်းထဲတွင်ပါဝင်နေသေးသည် ။
သို့သော် အော့မေ့ဂိုဏ်းမှာ ဂိုဏ်းတည်ထောင်လာသည်မှာနှစ်ရာကျော်နေပြီဖြစ်ကာ အမွေအနှစ်များစွာရှိသည်။ ထိုအချက်မှာ များပြားလှစွာသော ထိပ်တန်းအိမ်တော်များ ၊ မိသားစုများ ၊ ခြောက်ဂိုဏ်းစာရင်းဝင်နေသည့်အချက်ပင်ဖြစ်သည်။
သူတို့၏ဂိုဏ်းချုပ်ဖုန်းရှန်းယင်မှာလည်း ယခင်ဝူတန်းဂိုဏ်းချုပ်ဟောင်းနှင့် မျိုးဆက်တစ်ခုတည်းဖြစ်ကာ သူတို့အကြားတွင်ငယ်စဉ်ကရှုပ်ထွေးသည့်ပတ်သတ်မှာရှိခဲ့သည်ဟုလည်းဆိုကြသည်။
ထို့ကြောင့် လက်ရှိခြံဝန်းထဲသို့ရောက်နေကြသည့်သိုင်းသမားများထဲတွင် သူမမှာဝါအကြီးဆုံဖြစ်သည့်အတွက် သူမအားအားလုံးမှလေးစားမှုပြရခြင်းဖြစ်သည်။
အော့မေ့ဂိုဏ်းချုပ်ရသေ့မဖုန်းရှန်းယင်အား ကျောက်စိမ်းမျက်နှာရသေ့မဟုခေါ်ကြကာ အမြဲလိုလိုအေးစက်ကာခံစားချက်ကင်းမဲ့နေသည့်အသွင်ရှိသည်။
ထို့အပြင် လွန်ခဲ့သည့်နှစ်များထဲက သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ဖြစ်ကာ သိုင်းလောက၏ထိပ်ဆုံးတွင်ရပ်တည်နေသူများထဲမှတစ်ဦးဖြစ်သည်။
သူမ၏ပန်းသုံးပွင့်ဓားပညာနှင့် အကြင်နာမဲ့လက်ဝါးသိုင်းတို့မှာသိုင်းလောတွင်ကျော်ကြသည့်သိုင်းပညာများဖြစ်ကြသည်။
ဖုန်းရှန်းယင်မှာ ခြံဝန်းအတွင်းသို့ အေးဆေးစွာလျှောက်လာသည်။ သူမအားလမ်းတစ်လျှောက်မှလူများမှာ နေရာဖယ်ပေးလိုက်ကြကာ သူမအားမည်သူမှစေ့စေ့မကြည့်ဝံ့ကြပေ။
ဖုန်းရှန်းယင်မှာ ဂိုဏ်းချုပ်များ၏နေရာသို့ကြည့်ကာထိုနေရာသို့သွားရန်ပြင်လိုက်သည် ။ သို့သော် ခြံဝန်းထဲရှိသိုင်းသမားများကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး သူမ၏ခြေလှမ်းများပြောင်းလဲသွားသည်။
သူမ၏ဦးတည်ရာမှာ ခြံဝန်း၏ထောင့်အိမ်တော်နှင့်ကပ်နေသည့်နေရာဖြစ်ကာ ထိုနေရာတွင်မည်သည့်အတွက်ကြောင့်ရယ်မသိလူအနည်းငယ်သာရှိသည်။
သို့သော် ခြံဝန်းထဲရှိသိုင်းသမားများမှာ လွန်စွာအံ့အားသင့်နေကြသည်။ ထိုနေရာတွင် သိုင်းလောကလူငယ်မျိုးဆက်မှ နာမည်ကျော်အရှေ့ပိုင်းသိမ်းငှက်ညီနောင်ရှိနေသည်။
သူတို့အပြင် အသက်နှစ်ဆယ်ကျော်လူငယ်နှစ်ယောက် မိန်းကလေးတစ်ယောက်နှင့် အသက်သုံးဆယ်ကျော်လူရွယ်တစ်ယောက်လည်းရှိနေကြသည်။ ထိုလူစုမှာ အချင်းချင်းအသိအကျွမ်းများဖြစ်ပုံရသည်။
သို့သော် ထိုလူများမှာ သိုင်းလောကတွင်ကျော်ကြားသူများမဟုတ်ကြပေ။ ထိုနေရာတွင်ကျော်ကြားသူဟူ၍ အရှေ့ပိုင်းသိမ်းငှက်ညီနောင်သာရှိနေသည်။
သို့သော် သူတို့အနည်းငယ်စဉ်းစားပြီးနောက်ထိုအချက်မှာ ဖြစ်နိုင်ချေနည်းသည်ကိုသိလိုက်ရသည် ။
အရှေ့ပိုင်းသိမ်းငှက်ညီနောင်မှာ သိုင်းလောကလူငယ်မျိူးဆက်တွင်ထိပ်တန်းနေရာ၌ရပ်တည်နေသော်လည်း သူတို့မှာ ကျောက်စိမ်းမျက်နှာသေ့မအာရုံစိုက်ရလောက်သည်အထိမရှိပေ။
သူတို့၏ဆရာ အရှေ့ပိုင်းဓားသမားသည်ပင် ကျောက်စိမ်းမျက်နှာရသေ့မအားလေးလေးစားစားဆက်ဆံရသည်။
ထို့ကြောင့် မည်သည့်အတွက် ကျောက်စိမ်းမျက်နှာရသေ့မထိုနေရာသို့ဦးတည်သွားသည်ကို သူမသိပေ။
ကျောက်စိမ်းမျက်နှာရသေ့မမှာ ထင်းရှီ၏ရှေ့တွင်ရပ်တန့်သွားသည် ။ သူမ၏လမ်းရှိ တင်းဖန်းနှင့်စီးတုမင်တို့မှာ တည်ငြိမ်စွာမနေနိုင်ကြဘဲ ဘေးသို့ရှဲပေးလိုက်ကြရသည်။
ကျောက်စိမ်းမျက်နှာရသေ့မမှာ မည်သည့်အတွက်သူတို့အနားသို့ရောက်လာသည်ကို သူတို့မသိသော်လည်းထင်းရှီအားဦးတည်နေခြင်းဖြစ်သည်ကို သူတို့သိလိုက်ရသည် ။
တစ်ဆက်တည်း ကျောက်စိမ်းမျက်နှာရသေ့မအားထင်းရှီတစ်စုံတစ်ရာအပြစ်ပြုခဲ့မိမည်ကို သူတို့အနည်းငယ်ထိတ်လန့်မိသည်။
မည်သို့ပင်ဖြစ်စေ အခြေအနေအားစောင့်ကြည့်ကာ ထင်းရှီတစ်စုံတစ်ရာဖြစ်လျှင်တော့ သူတို့သေချာပေါက်ဝင်ပါမည်ဖြစ်သည်။
ထင်းရှီ၏ဘေးရှိအရှေ့ပိုင်းသိမ်းငှက်ညီနောင်လည်း အလားတူအံ့ဩနေကြသည်။
သို့သော် သူတို့မှာ ထင်းရှီ၏အကြောင်းအားအနည်းငယ်ရိပ်မိသည့်အတွက် မည်သည့်အရာများဖြစ်ပျက်နေမည်ကို သိလိုနေသည်။
တစ်ဆက်တည်းပင် ကျောက်စိမ်းမျက်နှာရသေ့မ ၏အေးစက်ကာခံစားချက်ကင်းမဲ့နေပုံရသည့်မျက်လုံးများမှာ ထင်းရှီအပေါ်သို့ စူးနစ်စွာကျရောက်လာသည်။
အမှန်စင်စစ် ကျောက်စိမ်းမျက်နှာရသေ့မမှာ သူမ၏အတွင်းအားများဖြင့် ထင်းရှီအားဖိအားပေးနေခြင်းဖြစ်သည်။
ထင်းရှီသည်လည်း အော့မေ့ဂိုဏ်းချုပ်ကျောက်စိမ်းမျက်နှာရသေ့မ၏အကြည့်များအား မျက်စိမလွှဲဘဲ ပြန်၍ရင်ဆိုင်လိုက်သည်။
သို့သော် သူ၏စိတ်ထဲတွင်တော့ အနည်းငယ်ထိတ်လန့်နေမိသည်။ ထိုအဖွားအိုဆီမှရရှိသည့်ခံစားချက်မှာ သူ့ကိုအနည်းငယ်စိုးထိတ်စေစည်။
ထို့အပြင် အဖွားအိုမှာ သိုင်းလောကအတွင်းသူဝင်ရောက်လာသည်မှစ၍ သူတွေ့ဖူးသည့်လူများအတွင်း အစွမ်းအထက်ဆုံးလူဖြစ်ကြောင်းသူသိလိုက်သည်။
အဖွားအို၏သိုင်းပညာမှာ ဓားစံအိမ်မှအကြီးအကဲများထက်ပင်အနည်းငယ်သာလွန်နိုင်သေးသည် ။သို့သော် အဖွားအိုမှာ သူ၏ဆရာထင်းချီယင် ၊ သိုးထိန်းကြီးနှင့် သူ၏ဆရာဖိုးဖိုးလောက်အစွမ်းမထက်သည်တော့ သေချာပေသည်။
ထို့အပြင်အဖွားအို၏ဦးတည်ရာမှာ သူ့ထံသို့မဟုတ်သည်ကိုတော့သူသိသည်။ သူ့ကိုအနည်းငယ်စူးစမ်းခြင်းမှာ ခရီးသွားဟန်လွဲဖြစ်နိုင်သည် ။
မည်သို့ပင်ဖြစ်စေ အော့မေ့ဂိုဏ်းချုပ် ကျောက်စိမ်းမျက်နှာရသေ့မ ဖြစ်စေကာမူ ထိုအဖွားအို၏အရှိန်အဝါများမှာ သူ့အားထိတ်လန့်သွားစေရန်မစွမ်းဆောင်နိုင်သေးပေ။
“ မင်းမဆိုးဘူး “
အဖွားအို၏နှုတ်မှစကားသံထွက်ပေါ်လာသည်။ သူ၏ရှေ့တွင်ပင်တည်တည်ငြိမ်ငြိမ်ရှိနေနိုင်သည့်လူငယ်မှာ အနည်းငယ်ချီးကျူးဖို့ကောင်းသည်။
ထင်းရှီခံစားနေရသည့် သူ့ကိုဖိအားပေးနေသည့်အငွေ့အသက်များလည်း ချက်ခြင်းပျောက်ကွယ်သွားသည်။
လူအများမှာ အံ့ဩသွားကြသည်။ ထိုလူငယ်မှာ ချောမောသောရုပ်ရည်နှင့် သိုင်းပညာမတတ်သည့်သာမန်ပုံစံသာဖြစ်သော်လည်း တစ်စုံတစ်ရာထူးခြားပုံရသည် ။
အရှေ့ပိုင်းသိမ်းငှက်ညီနောင်တို့မှထိုလူငယ်အားလေးစားသည့်အပြင် ကျောက်စိမ်းမျက်နှာရသေ့မမှချီးကျူးရသည့်လူငယ်မှာ သာမန်မဟုတ်နိုင်ပေ ။
သို့သော် ထိုလူငယ်မှာ သိုင်းလောကရှိကျော်ကြားသူများစာရင်းတွင်မပါဝင်သည့်အပြင် သူတို့ထဲမှအများစုမှယခုမှထိုလူငယ်အားမြင်ဖူးခြင်းဖြစ်သည်။
ထို့ကြောင့်လူငယ်မှာ သိုင်းလောကထဲသို့ယခုမှဝင်ရောက်လ ခြင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ လူငယ်မှာ ထူးခြားသူတစ်ဦးဖြစ်သည်ကိုတော့ ဝန်ခံရပေမည်။
သူတို့၏နေရာသို့သိုင်းသမားများစွာ၏အကြည့်များသာမက ဂိုဏ်းချုပ်များပင်အာရုံစိုက်လာကြသည်။
“ ရှောင်ရှောင် ငါနဲ့လိုက်ခဲ့တော့ ကစားချိန်ကုန်ပြီ “
ကျောက်စိမ်းမျက်နှာရသေ့မ၏နောက်ထပ်စကားက သူတို့အားတုန်လှုပ်သွားစေသည်။ သူမ၏စကားကြောင့် ထင်းရှီ၏နောက်တွင်ရပ်နေသည်ရှောင်ရှောင်မှာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ထွက်လာသည်။
“ ဟုတ်ကဲ့ပါဆရာ “
ရှောင်ရှောင်၏အဖြေကြောင့် ထင်းရှီမှာ အနည်းငယ်အံ့ဩသွားသည်။ အော့မေ့ဂိုဏ်းချုပ်မှာ ရှောင်ရှောင်အတွက်လာခဲ့ခြင်းဖြစ်ကြောင်းကိုတော့ သူမစဥ်းစားလိုက်မိပေ။
ခြံဝန်းအတွင်းသို့စုရုံးရောက်ရှိနေကြသည့်သိုင်းလောကသားများမှာ အလျှင်အမြန်တွေးတောလိုက်ကြသည်။
အော့မေ့ဂိုဏ်းချုပ်ထံတွင်တပည့်သုံးယောက်သာရှိသည်။ ပထမတပည့်နှင့်ဒုတိယတပည့်မှာ အသက်လေးဆယ်ကျော်အရွယ်များဖြစ်ကာ နောက်ဆုံးတပည့်အား လက်ခံအပြီးတွင်ကျောက်စိမ်းမျက်နှာရသေ့မမှ တပည့်လက်မခံတော့ကြောင်းကြေညာခဲ့သည်ဘ
ထိုသို့ဆိုလျှင် ထိုမိန်းကလေးမှာ .....
သူတို့အလုံးမတူညီသည့်အတွေးများဖြင့် တူညီသည့်အကြောင်းအရာအားစဉ်းစားနေကြစဉ် ရှောင်ရှောင်မှာ သူမ၏လက်ဖြင့်မျက်နှာအားပွတ်သပ်လိုက်သည် ။
ထိုအခါ ပြိုင်ဘက်ကင်းလှပသည့်မျက်နှာလေးတစ်ခုထွက်ပေါ်လာရသည်။
ဖြူဝင်းကြည်လင်သည့်အသားအရေ၊ ဇင်ယော်တောင်ကဲ့သို့မျက်ခုံးလေးနှစ်ဖက်နှင့်သူ၏အောက်ရှိ အရည်လဲ့နေသောမျက်ဝန်းလှလှလေးတို့မှာ ပုရိသတိုင်းကိုအရည်ပျော်စေရန်လုံလောက်သည်။
စတ်ဖန်မျက်ဝန်းလှလှလေး၏ အောက်တွင် ဖြောင့်စင်းနေသောနှာတံလေးနှင့် နီထွေးသောနှုတ်ခမ်းပါးတို့မှာ တစ်စုံတစ်ရာအားမျှော်လင့်နေသည့်ဟန်မျိုးဖြင့်အနည်းငယ်ပွင့်ဟနေသည်။
သူမ၏မျက်နှာလေးမှာ အသေးစိတ်ချယ်မှုန်းထားသော ပန်းပုရုပ်ကဲ့သို့ လွန်စွာလှပနေသည်။
ထိုမျက်နှာလေးကြောင့်လူအများမှာ တခဏခန့်ငေးငိုင်သွားကြပြီး သူတို့၏စိတ်ထဲတွင်တူညီသည့်အတွေးတစ်ခုထွက်ပေါ်လာသည်။
“ သိုင်းလောက၏အလှနတ်သမီး ပန်းနတ်သမီး သွမ့်ရှင်းရှောင် “