← Chapters

နှုတ်ဆက်ခြင်းလက်ဆောင်

Vol. 1 Ch. 97

နှုတ်ဆက်ခြင်းလက်ဆောင်

Vol. 1 Ch. 97

“ ကျုပ်တို့ဂိုဏ်းကြီးငါးဂိုဏ်းကတစ်ဂိုဏ်းကို ဂိုဏ်းသားငါးဆယ်ဆီလွှတ်လိမ့်မယ် ။ တေလေဂိုဏ်းကတော့ သတင်းစုဆောင်းရေးအတွက်တာဝန်ယူထားပြီး ဂိုဏ်းသားတစ်ရာပါဝင်မယ်။

ခင်ဗျားတို့ထဲမှာလဲ အဲဒီစစ်ဆင်ရေးကို ပါဝင်ချင်တဲ့လူတွေရှိရင် စာရင်းပေးလို့ရတယ်။ နောက်ပြီးတော့ခင်ဗျားတို့နဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကိုလည်း ဒီသတင်းကိုဖြန့်ဝေပေးလို့ရတယ်။

ဒါပေမယ့်တစ်ခုရှိတာက မဟာမိတ်အဖွဲ့ထဲကိုပါဝင်လာပြီးပြီဆိုရင်တော့ သူတစ်လူငါတစ်မင်း လုပ်နေလို့မရတော့ဘူး။ ကျုပ်တို့ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်အတိုင်းလုံးဝလိုက်နာရမယ်။

ကောင်းပြီလေ အဆုံးသတ်အနေနဲ့က ဒါပါပဲ။ မြစ်ဝါနဂါးဂိုဏ်းဆိုတဲ့ မကောင်းဆိုးရွားကိုဖျက်‌ဆီးပြီး မြစ်ဝါမြစ်ကိုသန့်စင်ပစ်လိုက်ရအောင် “

မာရှောင်ကျင်း၏စကားအဆုံးတွင် လူအများမှာ ဝမ်းမြောက်ဝမ်းသာနှင့် ဩဘာပေးလိုက်ကြသည်။

သူတို့ထဲမှအချို့မှာလည်း မြစ်ဝါနဂါးဂိုဏ်းနှင့်ရန်ငြိုးရန်စရှိသူများဖြစ်ကြသည်။ ထို့ကြောင့် မြစ်ဝါနဂါးဂိုဏ်းအားဖြိုခွဲမည့်အစီအစဉ်အားသူတို့ဝမ်းမြောက်ဝမ်းသာသဘောတူခဲ့ခြင်းဖြစ်သည် ။

ထို့နောက်တွင် သိုင်းလောကမှပထမတန်းစားဂိုဏ်းများ ၊ ထိပ်တန်းအင်အားစုများမှ မဟာမိတ်အဖွဲ့မားပူးပေါင်းမည်ဟုကြေညာခဲ့သည်။

တစ်ကိုယ်တော်သိုင်းသမားများမပါဝင်မီပင် ထိုအင်အားစုမှာ လူလေးရာကျော်သွားပြီဖြစ်သည်။

ထိုအင်အားမှာ မြစ်ဝါနဂါးဂိုဏ်းထက်များစွာလျော့နည်းသော်လည်း နယ်စားကြီးကျောက်ဖူ၏တပ်များနှင့်ပေါင်းလျှင် မြစ်ဝါနဂါးဂိုဏ်းကြီးအား ကောင်းစွာနှိမ်နင်းနိုင်စွမ်းရှိလေသည်။

“ ညီ‌လေး မင်းကော မဟာမိတ်အဖွဲ့ထဲကိုပါဦးမှာလား “

တင်းဖန်းမှငြိမ်သက်စွာရပ်နေသည့်ထင်းရှီအားမေးလိုက်သည် ။

သူ၏စကားကြောင့်ထင်းရှီမှ အတွေးလွန်နေဟန်ရှိသည့်ပုံစံမှပြန်၍သတိဝင်လာသည်။ ထို့နောက် ခေါင်းယမ်းပြလိုက်သည်။

“ ကျုပ်မဝင်တော့ဘူးအစ်ကိုကြီး ကျုပ်မှာ လုပ်စရာကိစ္စလေးတွေရှိသေးတယ်။ ဒါကြောင့် ကျုပ်တို့ဒီနေရာမှာပဲလမ်းခွဲတာပေါ့ “

ထင်းရှီ၏စကားကြောင့် တင်းဖန်းမှာ အနည်းငယ်အံ့အားသင့်သွားသည်။ ထို့နောက် ခေါင်းတစ်ချက်ညိမ့်ကာ ထင်းရှီအားပြောလိုက်သည်။

“ ကောင်းပြီလေ မင်းမှာ လုပ်စရာကိစ္စတွေရှိတယ်ဆိုတော့လည်းမင်းကိုဆွဲမထားတော့ပါဘူး ။ဒါပေမယ့် ငါတို့ရဲ့ကိစ္စအသီးသီးပြီးတဲ့အခါ ငါတို့ညီနောင်သုံးယောက်နေရာအနှံ့လျှောက်သွားကြမယ် “

တင်းဖန်း၏စကားကြောင့် ထင်းရှီလည်းနွေးထွေးစွာပြုံးလိုက်မိသည်။ သူ၏ညီအစ်ကိုများမှာ ရင်းနှီးချိန်အနည်းငယ်သာရှိသော်လည်း ညီအစ်ကိုကောင်းများဟု သူခံစားလိုက်မိသည်။

“ ဒုတိယအစ်ကို မင်းဘယ်အချိန်မှာပဲဖြစ်ဖြစ်အလယ်ပိုင်းကစီးမင်မိသားစုကိုဝင်လာနိုင်တယ် ။ငါမရှိရင်လဲ မင်းကိုအမြဲတမ်းတံခါးဖွင့်ထားမှာပါ “

စီးတုမင်မှာလည်း ထင်းရှီအားမှာလိုက်သည်။ ယခုအချိန်တွင် စီးတုမင်အားစီးမင်မိသားစု၏အငယ်ဆုံးသားဖြစ်မှန်း သိပြီးဖြစ်ကြသည်။

ထို့နောက် ထင်းရှဖိလည်း သူ၏ညီနောင်နှစ်ယောက်အားဖတ်ကာ ထိုနေရာတွင်ပင်လမ်းခွဲလိုက်ကြသည် ။

အရှေ့ပိုင်းသိမ်းငှက်ညီနောင်မှာမူ တွေ့ဆုံပွဲပြီးထဲက ထင်းရှီအားနှုတ်ဆက်ကာ ပြန်ထွက်သွားပြီဖြစ်သည်။

သူတို့နှစ်ဦးမှာ မဟာမိတ်အဖွဲ့တွင်မပါဝင်ဘဲ အရှေ့ပိုင်းဒေသသို့ပြန်မည်ဖြစ်သည်။ ထို့နောက်တွင် သူတို့၏သိုင်းပညာကို ပို၍တိုးတက်မှုရှိစေရန်ကြိုစားလေ့ကျင့်ရမည်ဖြစ်သည်။

သူတို့နှစ်ဦးမှာ ယခင်ကသိုင်းလောကလူငယ်မျိုးဆက်တွင် ထိပ်တန်းနေရာ၌ရှိသည်ဟုတွေူခဲ့ကြသော်လည်း ထင်းရှီကဲ့သို့လူမျိုးနှင့်တွေ့လိုက်သည့်အခါမှ သူတို့၏သိုင်းပညာမှာ အနည်းငယ်နိမ့်ကျနေသည်ကိုသိလိုက်ရသည်။

ထို့ကြောင့်အရှေ့ပိုင်းသိုင်းလောကသို့ပြန်ကာ သူတို့၏သိုင်းပညာများပို၍တိုးတက်မှုရှိစေရန်လေ့ကျင့်ရမည်ဖြစ်သည်။

ထင်းရှီမှာ စံအိမ်ခြံဝန်းအပြင်သို့ထွက်မည်ပြုလိုက်သည် ။ သို့ သော်သူရှိရာဘက်သို့ အလျှင်အမြန်လာနေသည့်ပုံရိပ်လေးတစ်ခုကြောင့် ထင်းရှီ၏ခြေလှမ်းများရပ်တန့်သွားသည် ။

ထို့နောက် လွန်စွာလှပသည့်ပုံရိပ်လေးအားစိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။

သွမ့်ရှင်းရှောင်မှာ ထင်းရှီ၏အကြည့်ကြောင့် သူမ၏ခြေလှမ်းများရပ်တန့်သွားကာ အနည်းငယ်တွန့်ဆုတ်တွန့်ဆုတ်ဖြစ်သွားသည်။

သူတို့နှစ်ဦး၏ကြားတွင် ခြေလှမ်းအနည်းငယ်သာကွာဝေးသည်သို့သော်တစ်ဦးမှရှေ့သို့တိုးမလာဘဲ ငြိမ်သက်စွာရပ်လျက်တစ်ဦးနှင့်တစ်ဦးစိုက်ကြည့်နေကြသည် ။

သူတို့၏ပတ်ဝန်းကျင်တွင်လူအနည်းငယ်ရှိ၍သာတော်သေးသည်။ လူအများစုမှာ မဟာမိတ်အဖွဲ့တွင်ပါဝင်ရန်စာရင်းသွင်းထားပြီးဖြစ်ကာ မဟာမိတ်အဖွဲ့တွင်မပါဝင်သည့်လူအနည်းငယ်သာ ပြန်ထွက်သွားကြသည်။

သို့မဟုတ်ပါက သွမ့်ရှင်းရှောင်ကြောင့် လူစုလူဝေးကြီးဖြစ်သွားနိုင်သည်။

အချိန်အနည်းငယ်ကြာပြီးနောက် သွမ့်ရှင်းရှောင်မှထင်းရှီအားပြောလိုက်သည်။

“ ငါတမင်ဖုံးကွယ်ခဲ့တာမဟုတ်ပါဘူး။ ပြီးတော့ “

သွမ့်ရှင်းရှောင်၏စကားကြောင့် ထင်းရှီလည်း သူမအားကြည့်လိုက်ကာ သူမ၏စကားမဆုံးမီဖြတ်ပြောလိုက်သည်။

“ ပန်းနတ်သမီးက ကျုပ်လိုနိမ့်ကျတဲ့သိုင်းသမားလေးဆီကို ဘာကိစ္စအတွက်လာခဲ့တာလဲ “

ထင်းရှီ၏စကားအခြေအနေကြောင့်သွမ့်ရှင်းရှောင်မှာ ပျက်နှာကွက်ခနဲပျက်သွားသည်။ ထင်းရှီ၏လေသံမှာ စိမ်းကားလွန်းသည် ။

ထို့နောက် မည်သည့်အတွက်ကြောင့်မသိဘဲ သူမ၏ရင်ထဲတွင်ဝမ်းနည်း၍လာမိသည် ။ မျက်ဝန်းထဲတွင်လည်း မျက်ရည်ကြည်လေးများဖြင့်ပြည့်လာကာ ထင်းရှီအား စကားတစ်ခွန်းမှမဆိုဘဲကြည့်လိုက်သည်။

သမိုင်းတစ်လျှောက် ခေတ်အဆက်ဆက်တွင်မိန်းမတို့၏မျက်ရည်မှာ စွမ်းအားအကြီးဆုံးလက်နက်ဖြစ်သည်။

တိုက်ပွဲပေါင်းများစွာကိုအောင်နိုင်ခဲ့သည့် သူရဲကောင်းတစ်ဦးပင် သူ့ချစ်သူ၏မျက်ရည်စတစ်ပွင့်တွင် ဒူးထောက်သွားစေနိုင်သည်။

ယခုလည်း ထင်းရှီမှာ သူမ၏မျက်ဝန်းထဲတွင်ဝေ့သီလာသည့်မျက်ရည်စတို့ကြောင့် အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားကာဘာလုပ်၍ဘာကိုင်ရမှန်းပင်မသိတော့ပေ ။

ထို့နောက် ခ အနည်းငယ်စဉ်းစား၍ သက်ပြင်းတစ်ချက်ချကာပြောလိုက်သည်။

“ အမှန်အတိုင်းပြောရရင် ကျုပ်အခုနဂါးစိမ်းဂိုဏ်းရဲ့ဌာနချုပ်ကိုသွားမလို့ အဲဒီမှာ မင်းရဲ့ဖခင်သွမ့်ကျန်းမင်နဲ့ကိစ္စအချို့ရှင်းစရာရှိတယ် “

ထင်းရှီ၏စကားကြောင့် သွမ့်ရှင်းရှောင်မှာ မျက်နှာပျက်သွားကာ ထင်းရှီအားစိုးရိမ်တကြီးကြည့်လိုက်သည်။ ထို့နောက် အလျှင်အမြန်မေးလိုက်သည် ။

“ ရှင်က ကျွန်မဖေဖေနဲ့ ရန်ငြိုးရန်စတစ်စုံတစ်ခုရှိနေတာလား “

သူမ၏စိုးရိမ်တကြီးလေသံကြောင့် ထင်းရှီလည်း အသာပြုံးလိုက်သည်။

သွမ့်ရှင်းရှောင်မှာ သူမဖခင်နှင့် သူရန်သူများဖြစ်ကြမည်ကို စိုးရိမ်ခြင်းဖြစ်ကြောင်းသူသိသည်။ ထို့ကြောင့်သူမစိတ်မပူစေရန်ပြောလိုက်သည်။

“ မစိုးရိမ်ပါနဲ့ ကျုပ်ကသူနဲ့ရန်ငြိုးရန်စတစ်စုံတစ်ရာမရှိပါဘူး ။ဒါကြောင့် တိုက်ခိုက်ဖို့အတွက်သွားမှာမဟုတ်ဘူး “

သူ၏စကားကြောင့် သွမ့်ရှင်းရှောင်၏မျက်နှာမှာ အနည်းငယ်စိတ်သက်သာရာရသွားပုံရသည်။ ထို့နောက် အနည်းငယ်နွမ်းလျသည့်အမူအယာဖြင့်ထင်းရှီအားပြောလိုက်သည်။

“ ကျွန်မ ဆရာနဲ့အတူလိုက်သွားရတော့မယ် ။နောက်ထပ်တစ်နှစ်နှစ်နှစ်အတွင်း သိုင်းလောကထဲကိုဆင်းနိုင်မှာမဟုတ်ဘူး “

သူမ၏စကားကြောင့် ထင်းရှီလည်းအနည်းငယ်အံ့ဩသွားသည် ။ခွဲခွာချိန်ကားရောက်လာပြီဖြသ်သည် ။

ယခင်က သူနဂါးစိမ်းဂိုဏ်းကိုသွားစဉ်ရှောင်ရှောင်ကိုပါ ခေါ်သွားရန်စိတ်ကူးထားခဲ့သော်လည်း သူမကားနဂါးစိမ်းဂိုဏ်းချုပ်၏သမီးဖြစ်ကာ ယခုလိုအခြေအနေများကြောင့် သူတစ်ဦးထဲသွားရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည် ။

ထိုသို့မဟုတ်လျှင်လည်း သူတို့နှစ်ယောက်မှာ ပြန်လည်ခွဲခွာရမည်ဖြစ်သည်။ ထို့ကြောင့် ထင်းရှီလည်း သူမအားနှုတ်ဆက်လိုက်သည်။

“ ကောင်းပါပြီ။ မင်းကိုကျုပ်ဒီနေရာကနေပဲနှုတ်ဆက်ပါတယ် ။ကျုပ်တို့ ကံမကုန်သေးရင်ပြန်ပြီး ဆုံတွေ့ကြတာပေါ့ “

ထင်းရှီမှ သူမအားအနည်းငယ်တုံ့ဆိုင်းနေသည့်အမူအယာဖြင့်ပြောလိုက်သည်။

ထို‌သို့ပြောလိုက်သော်လည်း သူတို့နှစ်ယောက်ပြန်တွေ့နိုင်မည်မဟုတ်တော့ဟု သူတွေးမိလိုက်သည် ။

သိုင်းလောကထဲမှကိစ္စများပြီးလျှင် သူဓားစံအိမ်သို့အမြန်ဆုံးပြန်ရမည်ဖြစ်သည်။ ထို့နောက် သူ‌သိုင်းလောကထဲသို့နောက်တစ်ကြိမ်လာခွင့်မရှိတော့ပေ ။

ထို့ကြောင့်လည်းသူတို့နှစ်ယောက်၏ခွဲခွာခြင်းမှာ ဤနေရာတွင်အဆုံးသတ်ဖြစ်နိုင်သည်။

သွမ့်ရှင်းရှောင်လည်း ထင်းရှီ၏စကားကြောင့် တခဏငေးငိုင်သွားသည် ။ ထို့နောက် နှုတ်ခမ်းအားကိုက်ကာ ကျောင်စိမ်းပြားတစ်ခုကို ထင်းရှီထံသို့ပစ်ပေးလိုက်သည်။

“ ကျွန်မဖေဖေက နဂါးစိမ်းဂိုဏ်းရဲ့ဌာနချုပ်မှာရှိတယ် ။ရှင်ဒီကျောက်စိမ်းပြားကိုပြလိုက်ရင် သူနဲ့လွယ်လွယ်ကူကူတွေ့နိုင်လိမ့်မယ် “

သွမ့်ရှင်းရှောင်မှ ထိုသို့ပြောရာနေရာမှချာခနဲလှည့်ထွက်သွားသည်။ သူမနောက်ဘက်သို့ တစ်ကြိမ်မှပင်လှည့်မကြည့်ပေ။

လုဝေလည်း အနည်းငယ်ကြောင်အသွားကာ သူ၏လက်ထဲမှ ကျောက်စိမ်းပြားအားပွတ်သပ်ကြည့်လိုက်သည်။

ကျောက်စိမ်းပြားမှာ ‌ကြည်လင်အေးမြနေကာ အပေါ်ဘက်တွင် လက်ရာမြောက်လှသည်ပနဂါးငယ်တစ်ကောင်၏ပုံထွင်းထားသည်။

သိုင်းလောကကထဲတွင်ထိုကျောက်စိမ်းပြားကိုနဂါးစိမ်းအမိန့်ဟုခေါ်ကာ ‌နဂါးစိမ်းဂိုဏ်း၏မိတ်ဆွေရင်းများသာပိုင်ဆိုင်ခွင့်ရခြင်းဖြစ်သည်။

လုဝေလည်း သက်ပြင်းတစ်ချက်ချကာထိုကျော်စိမ်းပြားအား သူ၏အင်္ကျီအတွင်းထည့်သိမ်းလိုက်သည်။ ထို့နောက် မြင်းဇောင်းထဲမှမြင်းအားယူကာ စံအိမ်ထဲမှဖြေးညင်းစွာထွက်သွားလိုက်သည်။

All Chapters