ပျော့ပြောင်းသည့်လက်ဝါးသိုင်း
Vol. 1 Ch. 98
“ ခွပ် ခွပ် “
မြင်းတစ်စီးမှာ တောအုပ်ထဲရှိသစ်ပင်များအားကျော်ဖြတ်၍ လျှင်မြန်စွာပြေးလွှားနေသည် ။
မြင်းပေါ်ရှိလူငယ်မှာ အဖြူရောင်ဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားကာ သူ၏နောက်ကျောတွင်ဓားရှည်တစ်ချောင်းအားသိုင်းလွယ်ထားသည်။
သူ၏မျက်နှာမှာ တည်ကြည်ချောမောသော်လည်း ယခုအခါတွင် အနည်းငယ်မျက်မှောင်ကြုတ်လျက်ရှိကာ တစ်စုံတစ်ခုအားရှုပ်ထွေးစွာစဉ်းစားနေပုံပေါ်သည်။
လူငယ်မှာ ရုတ်တရက် သူ၏ရှေ့တွင်တိုက်ခိုက်နေကြသည့်လူများကြောင့် ရပ်တန့်လိုက်သည်။
ရှေ့တွင် ခွန်လွန်ဂိုဏ်း၏ဝတ်စုံနှင့်လူတစ်ယောက်အား လူလေးယောက်ခန့်မှဝိုင်းဝန်းတိုက်ခိုက်နေကြသည်။
သို့သော် ခွန်လွန်ဂိုဏ်းသားမှာ ရှုံးနိမ့်မည်ပုံမပြဘဲ သူ၏လက်ဝါးနှစ်ဖက်အားဝှေ့ယမ်းကာ ရယ်မော၍တိုက်ခိုက်နေသည်။ သူ၏ပုံစံမှာ ရှေ့မှလူလေးယောက်အား ပြိုင်ဘက်အဖြစ်သက်မှတ်ထားပုံမရပေ။
သူနှင့်ဆန့်ကျင့်ဘက်လူလေးယောက်မှာမူ သူတို့၏ခန္တာကိုယ်ထက်တွင် ဒဏ်ရာအသီးသီးရရှိထားကာ သူတို့ထဲမှတစ်ယောက်ဆိုလျှင် မျက်နှာတစ်ခြမ်းယောင်ကိုင်းနေသည်။
လေးယောက်တစ်ယောက်တိုက်ခိုက်ရခြင်းဖြစ်င်ေုလည်း သူတို့လေးယောက်မှာ ထိပ်တန်းအဆင့်သာရှိကြသောကြောင့် အဆင့်လွန်သိုင်းသမားဖြစ်သည့်ခွန်လွန်ဂိုဏ်းသားအား မနိုင်သည်မှာ အဆန်းမဟုတ်ပေ။
ထင်းရှိရောက်လာသည်နှင့် သူတို့၏မျက်ဝန်းများတောက်ပသွားကာ နောက်သို့အလျှင်အမြန်ဆုတ်လိုက်သည်။
ခွန်လွန်ဂိုဏ်းမှလူမှာလည်း သူတို့၏နောက်ကိုလိုက်လံတိုက်ခိုက်ခြင်းမရှိဘဲ စူးရှသည့်မျက်ဝန်းများဖြင့်ထင်းရှီအားတိုက်ခိုက်လိုက်သည်။
“ ညီလေး မင်းကသူ့ကိုပူညီပြီးတိုက်ခိုက်ပေးရင် မင်းကိုငါတို့စွန်းမျိုးနွယ်ကအကြွေးတစ်ခုတင်နေမှာ “
မျက်နှာတစ်ခြမ်းယောင်ကိုင်းနေသည့်လူမှ ထင်းရှီအားအော်ဟစ်ပြောဆိုလိုက်သည်။ သူ၏ပုံစံမှာ ထင်းရှီအား သိရှိနေပုံရသည်။
သူ၏နောက်မှလူသုံးယောက်မှာမူ တစ်စုံတစ်ရာဝင်ရောက်ပြောဆိုခြင်းမပြုပေ။ ထို့ကြောင့်လေးယောက်ထဲကတွင် ထိုလူမှာ ခေါင်းဆောင်ဖြစ်ပုံရသည်။
“ မဆိုးဘူး မင်းကငါ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်တယ် “
ခွန်လွန်ဂိုဏ်းမှလူမှာလည်း မျက်လုံးများအရောင်တောက်သွားကာ ထင်းရှီအား တိုက်ခိုက်လိုစိတ်ပြင်းပြစွာဖြင့်ကြည့်လိုက်သည်။
ထင်းရှီမှာမှာမူ သူတို့၏စကားများကြောင့် အနည်းငယ်အံ့အားသင့်သွားသည်။
ခွန်လွန်ဂိုဏ်းချုပ်ကြီးနှင့် အခြားဂိုဏ်းချုပ်များမှာ စွန်းအိမ်တော်တွင် မဟာမိတ်ဖွဲ့ရန်ဆွေးနွေးနေကြသည်။
ယခုခွန်လွန်ဂိုဏ်းမှလူနှင့်စွန်းမျိုးနွယ်မှလူများကား တိုက်ခိုက်နေကြပြန်သည်။ သူမည်သို့နားလည်ရမည်နည်း။
သို့သော် ဤသည်မှာ အဓိကအချက်မဟုတ်ပေ ။ သူ့အတွက် အရေးပါသည်ကားစွန်းမျိုးနွယ်မှလူ၏စကားဖြစ်သည်။
စွန်းမျိုးနွယ်မှ သူ့အားအကြွေးနစ်ခုတင်နေပါက သူလည်းအတွင်းအားစုပ်သိုင်း၏သတင်းကိုစုံစမ်းနိုင်မည်ဖြစ်သည်။
ယခင်သူသိုင်းလောကဆွေးနွေးပွဲပြီးလျှင် စွန်းမျိုးနွယ်မှစုံစမ်းရန်အကြံရှိသော်လည်း မထင်မှတ်ဘဲ မဟာမိတ်အဖွဲ့ဖွဲ့လိုက်ကာ စွန်းအိမ်တော်တွင် သိုင်းသမားအများအပြားရှိ၍ သူ၏အကြံအားလက်လျော့လိုက်ရသည်။
ယခု သူ၏အကြံအစည်အားအောင်မြင်ရန်ကောင်းကင်မှကူညီပေးနေပုံရသည် ။အခွင့်အရေးကား သူ၏ရှေ့သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာချေပြီ။
“ ကျုပ်သူ့ကိုတိုက်ခိုက်ပြီး ခင်ဗျားတို့လွတ်မြောက်အောင်အချိန်ဆွဲပေးလို့ရတယ် ။ဘယ်လိုလဲ “
သူ၏စကားကြောင့် စွန်းမျိုးနွယ်မှလူမှ ချက်ခြင်းလိုလိုခေါင်းညိမ့်လိုက်သည်။
“ ကောင်းတယ်။ ဒါပေမယ့်သူ့ရဲ့ရသေ့လက်ဝါးသိုင်းကိုသတိထားပါ သူကသိုင်းလောကထိပ်သီးစာရင်းမှာ နံပါတ်ငါးနေရာမှာရှိတယ် “
စွန်းမျိုးနွယ်မှလူ၏စကားကြောင့် ထင်းရှီလည်းခေါင်းညိမ့်ပြလိုက်သည်။ ယခင်ကရှောင်ရှောင့်ထံမှ သိုင်းလောကထိပ်သီးဆယ်ယောက်စာရင်းကို သူစိပြီးဖြစ်သည်။
သိုင်းလောကထိပ်သီးစာရင်းမှာ ဂိုဏ်းချုပ်များနှင့်သိုင်းဝိဇ္ဇာအဆင့်များမပါဝင်ဘဲ အဆင့်လွန်သိုင်းသမားများသာပါဝင်သည်။
အရှေ့ပိုင်းသိမ်းငှက်ညီနောင်မှာ လူငယ်မျိုးဆက်တွင် ထိပ်တန်းနေရာ၌ရှိသော်လည်း။ထိုစာရင်းတွင် ပါဝင်နိုင်ခြင်းမရှိပေ။
သိုင်းလောကလူငယ်မျိူးဆက်မှ ရှောင်လင်ဗုဒ္ဓလက်ဝါးက်ိုယ်တော်တစ်ဦးပင် သူ၏ချိုးဖျက်၍မရသည့်ခံစစ်ကြောင့်နံပါတ်ကိုးနေရာတွင်ရှိသည်။
ဤသည်အားကြည့်ကာ ထိပ်သီးဆယ်ယောက်စာရင်း၏နံပါတ်ငါးမှာ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိနိုင်သည်။
ထင်းရှီလည်းသူ၏မြင်းပေါ်မှဆင်းလိုက်ကာ ခွန်လွန်ဂိုဏ်းမှလူကိုကြည့်လိုက်သည် ။ ထို့နောက် သူ၏ဓားကိုဖြေးညင်းစွာဆွဲထုတ်လိုက်သည်။
ချွင်းထုံနှင့်တိုက်ခိုက်စဉ်က သူ၏ဓားအားနောက်မှထုတ်ခဲ့သည်။ သို့သော် သူ၏ရှေ့မှလူမှာ ချွင်းထုံထက် များစွာချိန်းခြောက်နိုင်စွမ်းရှိသည်။
“ သတိထားဟေ့ “
ခွန်လွန်ဂိုဏ်းမှလူမှာ သတိပေးစကားပြောကာထင်းရှီထံသို့ခုန်ဝင်လာသည်။
ထိုလူရပ်နေသည့်နေရာမှာ ထင်းရှီနှင့်အနည်းငယ်ကွာဝေးသော်လည်း ကိုယ်တစ်ချက်လှုပ်လိုက်ပြီးသည်နှင့် ချက်ခြင်းလိုလိုထင်းရှီအနားသို့ရောက်လာသည် ။
ထင်းရှီလည်း သူ၏ဓားအားဝေ့ယမ်းကာ ထိုလူအားတိုက်ခိုက်လိုက်သည် ။ သို့သော် ထင်းရှီ၏တိုက်ခိုင်မှုအားလွယ်ကူစွာရှောင်တိမ်းကာ သူ၏လက်ဝါးမှာ ဆက်လက်တိုးဝင်လာသည်။
“ ဝုန်းး “
ထင်းရှီရပ်နေသည့်နေရာတွင်အပေါက်ကြီးတစ်ခုဖြစ်ကျန်နေခဲ့သည်။ ထင်းရှီ၏ခန္တာကိုယ်မှာမူ ယခင်နေရာ၏ နောက်ခြေဆယ်လှမ်းအကွာတွင်ရောက်နေသည်။
သူ၏မျက်လုံးများကစုကြုံ့သွားကာ မျက်နှာလည်းလေးနက်လာသည်။ ပြိုင်ဘက်၏အတွင်းအားမှာ သူထက်မသာလျှင်ပင် သူ့အောက်လျော့နည်းမဘ်မဟုတ်ပေ။
ဘေးမှကြည့်နေကြသည့် စွန်းမျိုးနွယ်မှလူများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည် ။
သူတို့အကူအညီတောင်းခဲ့သည့်လူငယ်မှာ မမျှော်လင့်ထားဘဲ ကြောက်မက်ဖွယ်သိုင်းပညာရှင်တစ်ယောက်ဖြစ်နေသည်။
လူငယ်မှ ခွန်လွန်ဂိုဏ်းမှလူကို နိုင်မည်ဟုမမျှော်လင့်ထားသော်လည်း အကွက်အတော်များများ ခုခံနိုင်စွမ်းရှိပေမည် ။ထို့ကြောင့် သူတို့လွတ်မြောက်ရန်မှာ လွယ်ကူသွားလေပြီ။
“ ဒါဆိုရင် ကျုပ်တို့သွားပြီ ညီလေးအကူအညီလိုရင် စီးမင်မြို့က စွန်းမျိုးနွယ်ဆီကိုလာခဲ့ပါ “
မျက်နှာတစ်ခြမ်းယောင်ကိုင်းနေသူမှညလက်သီးဆုပ်၍ဂါရဝပြုလိုက်သည်။ ထို့နောက် သူ၏လူများနှင့်အတူ ထိုနေရာမှလျှင်မြန်စွာထွက်ခွာသွားသည်။
ခွန်လွန်ဂိုဏ်းသားမှာ ထိုလူများထွက်ခွာသွားသည်နှင့်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
သူ့အနေဖြင့် ထိုလူများအားသတ်ဖြတ်မည်မဟုတ်သော်လည်း စိတ်ကျေနပ်အောင်ရိုက်နှက်လိုသည်မဟုတ်လား ။
ထိုအချက်အား ထင်းရှီလည်းရိပ်မိသည်။ ထိုလူမှာ စွန်းမျိုးနွယ်မှလူများကိုတိုက်ခိုက်နေသော်လည်းသတိဖြတ်လိုသည့်ရည်ရွယ်ချက်မရှိကြောင်းသတိထားမိသည်။
ထို့ကြောင့် သူယခုကိစ္စတွင်ကြားဝင်ကာ စွမ်းမျိုးနွယ်ဆီမှ သူ့အပေါ်အကြွေးတစ်ခုတင်စေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ခွန်လွန်ဂိုဏ်းမှလူ၏မျက်နှာအားအကဲခပ်ကြည့်ကာ ထိုလူမှာ စွန်းမျိူးနွယ်မှလူများအား လိုက်လံဖမ်းဆီရန်ကြံစည်နေကြောင်းကိုသိသည်။
ယခုသူတို့ရောက်နေသည့်နေရာမှာ စွန်းအိမ်တော်တည်ရှိသည့်စီးမင်မြို့နှင့်မဝေးပေ။ ထို့ကြောင့် အချိန်အနည်းငယ်ကြာလျှင် ထိုလူများလွတ်မြောက်သွားနိုင်သည် ။
ထို့နောက် ထင်းရှီလည်း ခွန်လွန်ဂိုဏ်းမှလူအားလက်ဦးမှုယူ၍တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။သို့မှသာ စွန်းမျိုးနွယ်မှလူများ ကောင်းစွာလွတ်မြောက်နိုင်မည်ဖြစ်သည်။
ထင်းရှီ၏ခန္တာကိုယ်မှာ မြားတစ်စင်းကဲ့သို့ပြေးထွက်သွားကာ ခွန်လွန်ဂိုဏ်းသားအားခုတ်ပိုင်းလိုက်သည်။
ယခုတိုက်ခိုက်မှုတွင် သူ၏အတွင်းအားများ များပြားစွာထည့်သွင်းထားသည့်အပြင် အရှိန်အဟုန်ဖြင့်တိုက်ခိုက်မှုကြောင့် ခွန်လွန်ဂိုဏ်းသားမှာ ထိတ်တိုက်ရင်ဆိုင်ပါကမလွယ်ကူပေ။
အကယ်၍ ရှောင်တိမ်းခြင်းမပြုဘဲထိတ်တိုက်ရင်ဆိုင်ပါက ဓားမှအားလှိုင်းဖြင့်ထိမိလျှင်ပင်အတွင်းဒဏ်ရာရသွားနိုင်သည် ။
“ ရသေ့လက်ဝါးသိုင်း ပျော့ပြောင်းသည့်လှုပ်ရှားမှု “
ထင်းရှီတွေးထင်ထားသည်နှင့်ဆန့်ကျင်စွာ။ခွန်လွန်ဂိုဏ်းသားမှာ ထင်းရှီ၏သိုင်းကွက်အားထိတ်တိုက်ရင်ဆိုင်လိုက်သည် ။
ထိုလူ၏လက်ဝါးနှစ်ဖက်မှာ ဖြေးညင်းစွာလှုပ်ရှား၍ ထင်းရှီထံသို့တွန်းပို့လိုက်သည်။
ထိုလက်ဝါးနှစ်ဖက်မှ အားလှိုင်းများထွက်ပေါ်လာကာ ထင်းရှီ၏ဓားလှိုင်းမှာပျက်စီးသွားသည်။ ထို့နောက်တွင်မူ ဓားကိုပေါ့ပါးရှောင်တိမ်းလိုက်သည် ။
ထင်းရှီလည်း မျက်လုံးများပြူးကျယ်သွားကာ ချက်ခြင်းဘေးဘက်သို့ရှောင်တိမ်းလိုက်သည်။ နူးညံ့သည့်အားလှိုင်းတစ်ခုမှာ သူ၏ရင်ဘက်ဘေူမှဖြတ်ပြေးသွားကာ သူ၏အင်္ကျီစများကိုပင် လွင့်သွားစေနိုင်သည်။
ထင်းရှီ၏စိတ်ထဲတွင် အနည်းငယ်ထိတ်လန့်သွားသည် ။စောစောကတိုက်ခိုက်မှုတွင် သူသာအနည်းငယ်ပေါ့လျော့မိပါက တစ်ဖက်လူ၏လက်အားချက်ထိမိနိုင်သည်။
တစ်ဆက်တည်းပင် ထိုလူ၏သိုင်းပညာကိုလည်း ချီးကျူးလိုက်မိသည်။ ခွန်လွန်ဂိုဏ်းမှလူ၏လက်ဝါးသိုင်းမှာ ပျော့ပြောင်းခြင်းကိုဦးစားပေးထားကာ နူးညံ့သည့်အားလှိုင်းများဖြင့်တိုက်ခိုက်ခြင်းဖြစ်သည်။
သူ၏ဓားမှအားလှိုင်းများမှာလည်း ထိုလူ၏လက်ဝါးသိုင်းကြောင့် ပျက်ပြယ်သွားခြင်းဖြစ်သည်။
သူ၏ဓားသိုင်းမှာ အဆင့်ကုန်အထိမအောင်မြင်သေးသလို သူ၏ဓားမှာလည်း လုံလောက်အောင်မြန်ဆန်မှုမရှိသေးပေ။
ထို့ကြောင့် ထိုလူ၏လက်ဝါးသိုင်းအားရင်ဆိုင်ရန် မာကျောမှုကိုအသားပေးထားသည့်သိုင်းပညာတစ်မျိုးလိုအပ်ကြောင်းကိုသူသိလိုက်သည်။
လောကတွင် မာကျောမှုနှင့်ပျော့ပြောင်းမှုမှာ တစ်ခုနှင့်တစ်ခုဆန့်ကျင်ဘက်ဖြစ်ကာ အဆုံးစွန်ပျော့ပြောင်းမှူက မာကျောမှုအားအနိုင်ရသလို အဆုံးစွန်မာကျောမှုကလည်း ပျော့ပြောင်းမှုအား အနိုင်ရနိုင်သည် ။
သို့သော် ယခု ထိုလူနှင့်ရင်ဆိုင်ရာတွင် သူအသာမရနိုင်ပေ။