← Chapters

နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်

Vol. 1 Ch. 99

နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်

Vol. 1 Ch. 99

လက်ရှိသိုင်းလောကတွင် အဆုံးစွန်ပျော့ပြောင်းသည့်သိုင်းပညာထဲတွင်အထင်ရှားဆုံးမှာ ထိုက်ကျိလက်ဝါးသိုင်းဖြစ်ကာ မာကျောမှုထဲတွင် ကျော်ကြားသည့်သိုင်းပညာမှာ လူသိများသည့်နဂါးနိုင်လက်ဝါးသိုင်းဖြစ်သည်။

ခွန်လွန်မှဂိုဏ်းသားအတော်များများမှာ ဓားပညာကိုလေ့လာကြသော်လည်း သူ၏ရှေ့မှခွန်လွန်ဂိုဏ်းသားမှာမူ ရင်ဆိုင်ရခက်ခဲသည့်လက်ဝါးသိုင်းတစ်မျိူးကို အသုံးပြုနေသည်။

ထင်းရှီမှာ ထိုက်ကျိလက်ဝါးသိုင်းနှင့်မရင်ဆိုင်ဖူး‌သော်လည်းထိုလက်ဝါးသိုင်းမှာ ထိုက်ကျိလက်ဝါးသိုင်းမဟုတ်သည်ကိုတော့ သူသိသည်။

သူ၏ရှေ့မှလူမှာ ခွန်လွန်ဂိုဏ်းမှ ရသေ့လက်ဝါးဖြစ်၍ သူ၏ဘွဲ့နာမည်အတိုင်း သူအသုံးပြုသည့်လက်ဝါးသိုင်းမှာ ရသေ့လက်ဝါးသိုင်းဖြစ်နိုင်သည်။

ထင်းရှီမှာ စိတ်ထဲတွင်အဆက်မပြက်တွေးတောနေသော်လည်း သူ၏တိုက်ခိုက်မှုများကအရှိန်လျော့မသွားပေ။

ထို့အတူ သူ၏ပြိုင်ဘက်ခွန်လွန်ဂိုဏ်းသားမှာလည်း ထူးဆန်းသည့်လက်ဝါးသိုင်းဖြင့်အချိန်ကြာမြင့်စွာတိုက်ခိုက်နေသည် ။

သူတို့၏တိုက်ပွဲမှာ အကြိတမအနယ်ဖြစ်နေကာ နှစ်ဦးစလုံး လက်ရည်ညီနေသည်ဟုပင်ပြော၍ရသည်။

ခွန်လွန်ဂိုဏ်းသားအားထင်းရှီမှာ ထိခိုက်ဒဏ်ရာရရှိအောင်မစွမ်းဆောင်နိုင်သကဲ့သို့ ခွန်လွန်ဂိုဏ်းသား၏လက်ဝါးချက်များမှာလည်း ထင်းရှီ၏အင်္ကျီစလေးကိုပင်ထိခိုက်အောင်မတိုက်နိုင်ပေ။

ယခုအချိန်အထိထင်းရှီတောင့်ခံနိုင်ခြင်းမှာ သူ၏လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကိုယ်ဖော့ပညာကြောင့်ဖြစ်သည် ။

သိုင်းလောကအတွင်းမှကိုယ်ဖော့ပညာအတော်များများမှာ တိုက်ခိုက်သည့်နေရာတွင်အထောက်အကူရသော်လည်း လုံးဝကြီးကူညီပေးနေသည်တော့မဟုတ်ပေ ။

ထင်းရှီအသုံးပြုနေသည့် လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကိုယ်ဖော့ပညာကား တိုက်ခိုက်သည့်နေရာတွင်ပါ ရှောင်တိမ်းသည့်ခြေလှမ်းကွက်များအဖြစ်အသုံးပြုနိုင်သည် ။

“ ဟားဟား ငါဒီလိုလက်ရည်တူပြိုင်ဘက်နဲ့မတိုက်ခိုက်ရတာကြာပြီ ။ ထိပ်သီးဆယ်ယောက်ထဲကကောင်တွေကလည်း နေရာအနှံ့ရောက်နေတာ ။ ဒီနေ့တော့ငါကံကောင်းတာပဲ “

ခွန်လွန်ဂိုဏ်းမှလူမှာ အော်ဟစ်ရယ်မောလိုက်သည် ။သူ၏လေသံအရ ထင်းရှီအားရန်သူကဲ့သို့သဘောထားဘဲလက်ရည်တူပြိုင်ဘက်အဖြစ်သက်မှတ်ထားပုံရသည်။

ထိုလူ၏စိတ်ထားမှာ အနည်းငယ်ထူးဆန်းသည်ကိုတော့ဝန်ခံရပေမည်။ သူ၏ကိစ္စအားဝင်ရှုပ်သည့်ထင်းရှီအား မုန်းတီးခြင်းရှိပေ ။

ထိုအစား ထင်းရှီနှင့် သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်နေရသည်ကို ပျော်ရွှင်နေဟန်ရသည်။

“ တောင်နှင့်မြစ်အားပိုင်းဖြတ်ခြင်း “

ထင်းရှီမှာ လေပေါ်သို့ခုန်တတ်၍ အထီးကျန်ဓားသိုင်းထဲမှ အပြင်းထန်ဆုံးဓားကွက်ကိုသုံးလိုက်သည်။

သူ၏ဓားမှာဓားလှိုင်းများနှင့်အတူ အောက်ရှိခွန်လွန်ဂိုဏ်းမှလူ၏ခေါင်းပေါ်သို့တည့်မတ်စွာကျရောက်သွားသည်။

ထိုလူမှာ ထိုသိုင်းကွက်အား ရှောင်တိမ်းခြင်းမရှိဘဲ ထိတ်တိုက်ရင်ဆိုင်မည့်ပုံရသည်။ ရှောင်တိမ်းလျှင်လည်း လုံးဝလွတ်မြောက်မည်ဟု မည်သူမှတရားသေမပြောနိုင်ပေ ။

ထိတ်တိုက်ရင်ဆိုင်လျှင်သာ အနိုင်ရလျှင် ရနိုင်သည် ။အခွင့်အရေးမှာ တစ်ဝက်စီဖြစ်သည် ။

“ စင်ကြယ်ခြင်းလက်ဝါး “

ခွန်လွန်ဂိုဏ်းမှလူမှာ သူ၏လက်အားနောင်ထပ်တစ်ကြိမ်လှုပ်ရှားလိုက်သည် ။

ယခုတစ်ကြိမ်တွင် သူ၏လှုပ်ရှားမှုများမှာ နှေးကွေးကာ ရေစီးပမာငြင်သာလှသည်။ သို့သော်ထင်းရှီ၏သိုင်းကွက်မရောက်လာမီ သူ၏လက်ဝါးအားဆန့်ထုတ်လိုက်သည် ။

“ ဝုန်းး “

ပျော့ပြောင်းမှုနှင့်ပြင်းထန်မှု‌တို့တွေ့ဆုံကြကာနှစ်ဦးစလုံးနောက်ဆုတ်ပေးလိုက်ကြရသည်။

ထင်းရှီမှာ လေထဲမှအောက်ပြန်ကျလာကာ ခွန်လွန်ဂိုဏ်းမှလူလည်းနောက်သို့ခြေတစ်လှမ်းဆုတ်ပေးလိုက်ရသည် ။သို့သော် သူ၏ရင်ဘက်တွင် ဓားဒဏ်ရာတစ်ခုရှိနေသည်။

ခွန်လွန်ဂိုဏ်းသား၏မီးခိုးရောင်ဝတ်စုံမှာ ရင်ဘက်နေရာတွင်အနည်းငယ်စုတ်ပြဲသွားကာထိုနေရာမှ သွေးအနည်းငယ်စိမ့်ထွက်လာသည်။

သို့‌သော် ထိုဒဏ်ရာမှာ အပေါ်ယံဒဏ်ရာဖြစ်ကာ သူ၏တိုက်ခိုက်နိုင်စွမ်းကို မထိခိုက်စေပေ။

“ ကောင်းတယ် ထပ်ပြီးတိုက်ကြတာပေါ့ “

သူ၏တိုက်ပွဲဝင်လိုစိတ်များမြင့်တတ်လာကာ ထပ်မံတိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။ ထို့နောက်ထင်းရှီထံသို့လျှင်မြန်စွာတိုးဝင်သွားကာ စတင်တိုက်ခိုက်လိုက်သည်။

“ လေနှင့်တိမ်အားဖမ်းယူခြင်း “

ယခုတစ်ကြိမ်တွင် သူ၏လက်နှစ်ဖက်မှာ သွတ်လတ်စွာလှုပ်ရှား၍ လက်ရိပ်များဖြစ်ပေါ်လာသည်။

ထိုအရိပ်များမှာ ထင်းရှိ၏လက်နှစ်ဖက်အားဦးတည်ထားကာအကယ်၍ ထိုလူ၏လက်ထဲတွင်သာဖမ်းဆုပ်ခံလိုက်ရပါကထင်းရှီ၏လက်မောင်းများကျိူးကြေသွားနိုင်သည်။

ထင်းရှီလည်း ယခုတွစ်ကြိမ်တွင်ခန္တာကိုယ်အားလျှင်မြန်စွာလှည့်၍ ခွန်လွန်ဂိုဏ်းသား၏လက်ဝါးကို ညာဘက်ခြေထောက်ဖြင့် ကန်လိုက်သည် ။

“ ဖြောင်းး.. “

ကျယ်လောင်သည့်အသံနှင့်အတူ ထင်းရှီ၏ခြေထောက်မှာ ထုံကျင်သွားသည်။ ထို့အတူသူ၏ခန္တာကိုယ်သာ်လည်းနောက်ဘက်သို့လွင့်သွားသည်။

သို့သော် ထင်းရှီမှာ နောက်သို့လွင့်သွားသည့်အရှိန်ကိုယူကာ အောက်ပြန်မဆင်းတော့ဘဲ မီးခိုးတန်းကဲ့သို့လျှင်မြန်စွာပြေးထွက်သွားသည်။

ယခုအချိန်လောက်ဆိုလျှင် စွန်းမျိုးနွယ်မှလူများပင်စီးမင်မြို့သို့ရောက်သွားလောက်ချေပြီ။ သူနှင့်တိုက်ခိုက်နေသည့်လူမှာ ထိုလူများအား စီးမင်မြို့အထိလိုက်လံတိုက်ခိုက်မည်မဟုတ်ပေ။

ထို့ကြောင့် သူလည်း အကျိုးမရှိတော့သည်တိုက်ပွဲအားဆက်လက်တိုက်ခိုက်မနေတော့ဘဲ ထိုလူတိုက်ခိုက်လိုက်သည့်ရှိန်နှင့်ပေါင်းစပ်ကာထွက်ပြေးသွားခြင်းဖြစ်သည်။

“ ငါတို့တိုက်ခိုက်နေတာမပြီးသေးဘူးကွ “

သူနှင့်တိုက်ခိုက်နေသည့်ခွန်လွန်ဂိုဏ်းမှလူမှာ ပထမတွင်ကြောင်အနေသော်လည်း မည်သည့်အရာများဖြစ်ပျက်နေသည်ကိုသိရှိသွားပြီးနောက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သူ၏မျက်စိထဲတွင်ထင်းရှီ၏အရိပ်သည်ပင်ပျောက်ကွယ်သွားပြီဖြစ်သည် ။ ထို့နောက်ထင်းရှီ၏နောက်သို့အလျှင်အမြန်ပြေးလိုက်သွားသည်။

သူတို့နှစ်ဦးပျောက်ကွယ်သွားပြီး အချိန်အနည်းငယ်ကြာသောအခါ ထိုနေရာသို့ လူရိပ်တစ်ရိပ်ရောက်လာသည်။

ထိုလူရိပ်မှာ ထင်းရှီပင်ဖြစ်ကာ ခွန်လွန်ဂိုဏ်းမှ လးအား ‌ဆန့်ကျင်ဘက်အရပ်သို့မျှားခေါ်သွားပြီး မျက်‌ခြည်ဖျက်ကာ ပြန်လာခြင်းဖြစ်သည်။

ထို့နောက် မနီးမဝေးရှိသူ၏မြင်းအားပြန်၍ရှာကာ နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်တည်ရှိသည့်လုံဟိုင်မြို့ဆီသို့ဦးတည်၍သွားလိုက်သည် ။

လုံဟိုင်မြို့ လုံဟိုင်မြို့မှာ အလယ်ပိုင်းဒေသ၏လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်သည့်နေရာတွင်ရှိကာ အရှေ့ပိုင်းနှင့်ပို၍နီးသည်။

လုံဟိုင်မြို့မှာ မူလက သိုင်းလောကတွင်မထင်မရှားဖြစ်သော်လည်း လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်ကျော်မှစတင်၍ထင်ရှားလာသည်။

အတိအကျပြောရလျှင် လက်ရှိသိုင်းလောက၏အင်အားအကြီးဆုံးဂိုဏ်းကြီးဟုပြောရမည့်နဂါးစိမ်းဂိုဏ်းအခြေစိုက်ပြီးဖြစ်သည်။

နဂါးစိမ်းဂိုဏ်းကြီးမှာ သူ၏မျှတသည့်လုပ်ဆောင်ချက်များကြောင့်လည်းကောင်း ဂိုဏ်းထဲရှိခေါင်းဆောင်များ၏ဖြောင့်မက်မှုနှင့်တရားမျှတမှုတို့ကြောင့်လည်းကောင်း သိုင်းလောကထဲတွင် တစ်နေ့တစ်ခြားပို၍ကျော်ကြားလာသည် ။

ထို့အပြင် နဂါးစိမ်းဂိုဏ်း၏ သိုင်းလောငမှဆိုးသွမ်းသည့်လူများအတွက် အလိုအရှိဆုံးစာရင်း ၊ ဂိုဏ်းဝင်များ၏ဂိုဏ်းခွဲမှူးရွေးချယ်ပွဲတို့မှာ ထင်ရှားသည် ။

အလိုအရှိဆုံးစာရင်းမှာ သိုင်းလောကအတွင်းမှ ဆိုးရွားသည့်သိုင်းသမားများအား ဆုငွေထုတ်ထားခြင်းဖြစ်ကာ သူတို့၏အဆင့်အလိုက်မြင့်မားသည့်ဆုကြေးများရှိသည်။

ဂိုဏ်းခွဲမှူးရွှေးချယ်ပွဲမှုမူ ငါးနှစ်တစ်ကြိမ်ပြုလုပ်ကာ ဂိုဏ်းခွဲမှူးရွေးချယ်ပွဲတွင်အနိုင်ရသူများမှာ မိမိတို့၏ ဇာတိတွင် နဂါးစိမ်းဂိုဏ်းခွဲကိုတည်ထောင်နိုင်သည် ။

ထို့အပြင် အဆင့်မြင့်သိုင်းကျမ်းများနှင့်အခြားဆုကြေးများစွာလည်းရရှိသေးသည်။

နဂါးစိမ်းဂိုဏ်း၏ဂိုဏ်းခွဲမှူးရွေးချယ်ပွဲအား သိုင်းလောကသားများပါလာရောက်ကြည့်ရှုနိုင်ကာ ဂိုဏ်းခွဲမှူးအဖြစ်ရွေးချယ်ခံရသူများမှာ သိုင်းပညာကြောက်မက်ဖွယ်ကောင်းသည့်လူများဖြစ်ကြသည်။

ယခုနှစ်ပိုင်းတွင် နဂါးစိမ်းဂိုဏ်း၏ဂိုဏ်းခွဲမှူးရွေးချယ်ပွဲရှိ၍လည်း သိုင်းလောကသားများမှာ ထိုပွဲအားစောင့်ဆိုင်းနေကြသည်။

လုံဟိုင်မြို့ထဲတွင် ပြောစရာမလိုဘဲသိရှိထားကြသည်စည်းမျဉ်းတစ်ခုရှိသည်။ ဤသည်က မြို့ထဲတွင် သိုင်းလောကသားများတိုက်ခိုက်ခြင်းမပြုရန်ဖြစ်သည်။

သို့မဟုတ်ပါက နဂါးစိမ်းဂိုဏ်းမှထိပ်တန်းသိုင်းသမားများရောက်ရှိလာကြပေမည်။ ထို့ကြောင့်လည်း လုံဟိုင်မြို့မှာ သိုင်းလောကသားများစွာဝင်ထွက်သွားလာနေကြသော်လည်း ထူးထူးခြားခြားတိုက်ပွဲများကင်းမဲ့နေခြင်းဖြစ်သည်။

လုံဟိုင်မြို့ထဲသို့ လူငယ်တစ်ယောက်ဝင်ရောက်လာသည်။ ထိုလူငယ်မှာ မြင်းကိုလက်တွင်ဆွဲထားကာ အဖြူရောင်ဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားသည်။

သူ၏မျက်နှာမှာ တည်ကြည်ချောမောသော်လည်း ယခုအချိန်တွင် မျက်မှောင်ကြုတ်လျက်ရှိသည်။ထိုလူရိပ်မှာ လုံဟိုင်မြို့ထဲသို့ဝင်ရောက်လာသည့်ထင်းရှီပင်ဖြစ်သည်။

သူ့အတွက်ကံကောင်းသည်ကား လုံဟိုင်မြို့နှင့်စီးမင်မြို့မှာ ပြည်နယ်တစ်ခုသာခြားခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ရက်ကျော်ခရီးအပြင်းနှင်ပြီးနောက် လုံဟိုင်မြို့သို့ရောက်ရှိလာသည်။

ထင်းရှီမှာ မြို့ထဲတွင်အချိန်ကြာကြာမစုံစမ်းလိုက်ရပေ။ နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်အားလူတိုင်းသိရှိသည်။

ထို့ကြောင့် ထင်းရှီလည်း မြို့မြောက်ပိုင်းမှ နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်ရှိရာသို့ဦးတည်၍လာခဲ့သည်။

ထင်းရှီမှာ စိတ်ထဲတွင် အတွေးများစွာဖြင့် အသက်မပါသလိုလျှောက်လာမိသည်။ သူနဂါးစိမ်းဂိုဏ်း၏ဌာနချုပ်သို့ရောက်လျှင် နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်အားတွေ့ဆုံရမည်ဖြစ်သည်။

တွေ့ပြီးသည့်နောက်တွင်ကော သူမည်သည့်အရာကိုပြုလုပ်ရမည်နည်း ။ရှောင်ကျန်းမင်မှာကြားလိုက်သလို စကားအနည်းငယ်သာပြော၍ပြန်ခဲ့ရ‌မည်လော။

သို့မဟုတ်ပါက ‌ဒေါ်လေးကျိဟွာနှင့်ရှောင်ကျန်းမင်တို့အတွက် တာဝန်ရှိသည့်သွမ့်ကျန်းမင်အား တိုက်ခိုက်ရမည်လော ။

သူမဆုံးဖြတ်တတ်တော့ပေ။

All Chapters