နဂါးစိမ်းအမိန့်ပြား
Vol. 1 Ch. 100
အကယ်၍ သွမ့်ကျန်းမင်အားတိုက်ခိုက်လိုလျှင်လည်း အချိန်မကျသေးပေ ။
လက်ရှိသွမ့်ကျန်းမင်မှာ သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိနေပြီဟု သတင်းများထွက်ပေါ်နေသည့် ထို့အပြင် သူသွားရသည့်နေရာမှာ နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်ဖြစ်သည်။
ကျားရဲတွင်းထဲတွင် ကျားအားရန်စခြင်းသည်ကောင်းသည့်အကြံအစည်မဟုတ်ပေ။
ထို့အပြင်ရှောင်ကျန်းမင်မှာလည်း သူ့အား စကားအနည်းငယ်သာသွားပြောရန်ခိုင်းလိုက်ခြင်းဖြစ်သည် ။
ထင်းရှီ၏စိတ်များရှုပ်ထွေးနေကာ မည်သို့ပြုလုပ်ရမည်ကို သူကိုယ်တိုင်ပင် မသေချာပေ ။ထို့ကြောင့် သွမ့်ကျန်းမင်နှင့်တွေ့ပြီးမှ အခြေအနေကိုလိုက်၍လှုပ်ရှားရန်ဆုံးဖြတ်လိုက်သည်။
နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်ဝင်ပေါက်တွင် အသောင့်အကြပ်သိုင်းသမားလေးယောက်ရှိသည် ။ထိုသိုင်းသမားများမှာ ထိပ်တန်းအဆင့်သိုင်းသမားများဖြစ်ကြကာ ထိုအချက်အားကြည့်ကာ နဂါးစိမ်းဂိုဏ်း၏အင်အားကို ခန့်မှန်းနိုင်သည်။
သိုင်းလောကထဲရှိသိုင်းဂိုဏ်းအတော်များများတွင် ထိပ်တန်းအဆင့်သိုင်းသမားဆိုသည်မှာ အဆင့်မြင့်ဂိုဏ်းဝင်ဖြစ်သည်။
နဂါးစိမ်းဂိုဏ်းကဲ့သို့ အင်အားကြီးဂိုဏ်းမှသာ အစောင့်အကြပ်များသည်ပင် ထိပ်တန်းအဆင့်သိုင်းသမားများဖြစ်နိုင်သည်။
ထိုလူများမှာ ဝင်ပေါက်တွင်ရပ်လျက်တွေတွေကြီးငေးငိုင်နေသည့်ထင်းရှီအားနားမလည်သည့်အမူအယာဖြင့်ကြည့်လိုက်ကြသည်။
ထင်းရှီ၏ပုံစံမှာ အတွေးလွန်နေသလိုဖြစ်ကာ တခဏကြာမှသတိဝင်လာသည်။ ထို့နောက် သူ၏မြင်းအားဆွဲကာ နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်ထဲသို့ဝင်ရောက်သွားသည်။
အထဲတွင် ကျယ်ဝန်းလှသည့်ခြံဝန်းကြီးတစ်ခုနှင့် ကြီးမားသည့်အဆောက်အဦးကြီးကိုလည်းတွေ့ရသည် ။ ခြံဝန်းထဲတွင်မူ နဂါးစိမ်းဂိုဏ်းမှ သိုင်းသမားများ ဟိုဟိုသည်သည်သွားလာနေကြသည်။
“ နဂါးစိမ်းဂိုဏ်းဆိုတာဒါလား “
ထင်းရှီမှာ အံ့ဩတကြီးပင့်သက်ရှိုက်မိသည်။ ခြံဝန်းထဲတွင် သိုင်းသမားအများအပြားတွေ့ရသလို အများစုမှာ ထိပ်တန်းအဆင့်များနှင့် အဆင့်လွန်သိုင်းသမားများဖြစ်ကြသည်။
ဤသည်က ဌာနချုပ်မှ အဓိကအင်အားစုဖြစ်သည်။ တိုင်းပြည်အနှံ့ပျံ့နှံ့နေသည့်နဂါးစိမ်းဂိုဏ်းခွဲများလည်းများစွာရှိနေသေးသည်။
နဂါးစိမ်းဂိုဏ်းမှမဟုတ်သည့်သိုင်းသမားအချို့ကိုလည်းတွေ့ရသည်။ ထိုလူများမှာ ထင်းရှီကဲ့သို့အကြောင်းရင်းအမျိူးမျိူးနှင့် လာသူများဖြစ်ကြသည်။
ထင်းရှီလည်း ခြံဝန်းထဲတွင်လှည့်ပတ်ကာအနည်းငယ်ကြည့်ရှူလိုက်သည်။ ထို့နောက် နဂါးစိမ်းဂိုဏ်း၏ဧည့်သည်လက်ခံသည့်နေရာသို့ လျှောက်လာလိုက်သည်။
သူ၏မြင်းကိုမူ သိုင်းသမားတစ်ယောက်မှ လာရောက်ယူဆောင်သွားပြီးဖြစ်သည်။
နဂါးစိမ်းဂိုဏ်း၏ပြင်ပဆက်ဆံရေးဌာနမှာ ခြံဝန်း၏လက်ယာလက်တွင်တည်ရှိသည်။
ပြင်ပဆက်ဆံရေးဌာနဆိုသည်မှာ နဂါးစိမ်းဂိုဏ်းသို့အကြောင်းအမျိူးမျိူးဖြင့်ရောက်လာသည့်လူများအားအဆင်ပြေစေရန်စီမံပေးရသည့်နေရာဖြသ်သည်။
ထင်းရှီလည်း နဂါးစိမ်းဂိုဏ်း၏အကွက်စေ့ပုံက်ိုကြိတ်၍ချီးကျူးလိုက်ရသည် ။
နဂါးစိမ်းဂိုဏ်းကြီးမှာ သူတို့ဆီလာသည့် လူအများအား သူတို့၏ကိစ္စအသီးသီးကို ရှုပ်ထွေးမှုမရှိေစရန် စီမံနိုင်သည် ။
ပထမစွန်းမျိုးနွယ် ၊ ဒုတိယနဂါးစိမ်းဂိုဏ်း ထင်းရှီလည်းသူရောက်ဖူးသည့်နေရာများအားစဉ်းစားကြည့်လိုက်သည် ။
သိုင်းလောကမှ ထိပ်တန်းအင်အားစုများမှာ သူမျှော်လင့်ထားသလိုမရိုးရှင်းကြောင်းကိုသိလိုက်သည်။ ထိုအင်အားစုများမှာ သူတို့၏ဂုဏ်သတင်းနှင့်ထိုက်တန်ပေသည်။
ထင်းရှီလည်း ပြင်ပဆက်ဆံရေးဌာနသို့ဝင်လိုက်သွားလိုက်သည် ။ ဌာနထဲတွင် သိုင်းသမားအနည်းငယ်နှင့်ဌာနမှလူများရှိနေသည်။
ထင်းရှီရောက်ရှိလာသည်နှင့် နဂါးစိမ်းဂိုဏ်းသားတစ်ယောက်မှကြိုဆိုလိုက်သည် ။
“ ဒီကမိတ်ဆွေကို ဘာကူညီပေးလို့ရမလဲမသိဘူး “
ထိုဂိုဏ်းသားမှထင်းရှီအား ယဉ်ကျေးသည့်လေသံဖြင့်မေးလိုက်သည် ။သူ၏စကားပြောပုံမှာ မောက်မာခြင်းမရှိသလို နှိမ့်ချခြင်းလည်းမရှိပေ။
ထင်းရှီလည်း ထိုလူအား အသိအမှတ်ပြုသလိုခေါင်းတစ်ချက်ညိမ့်ကာပြောလိုက်သည်။
“ ကျုပ်မင်းတို့ရဲ့ဂိုဏ်းချုပ် သွမ့်ကျန်းမင်နဲ့တွေ့ချင်လို့ “
သူ၏စကားကြောင့် ထိုဂိုဏ်းသားမှာ အံ့အားသင့်သွားသည်။ သူ၏အနီးမှလူများသည်လည်း ထင်းရှီအား စိတ်ဝင်တစားကြည့်လိုက်ကြသည်။
အတန်ကြာမှ ထိုဂိုဏ်းသားမှ ပြုံးရယ်၍ပြောလိုက်သည်။
“ မိတ်ဆွေကနောက်နေတာထင်တယ် ကျုပ်တို့ရဲ့ဂိုဏ်းချုပ်ကို သိုင်းလောကထဲက ထိပ်သီးဆယ်ယောက်တောင် သူတို့အလိုရှိတိုင်းတွေ့လို့မရဘူး “
သူ၏လေသံမှာ ထင်းရှီနောက်ပြောင်နေသည်ဟုတွေးလိုက်ပုံရသည်။
ထိုစကားကြောင့် သူတို့အားအာရုံစိုက်နေကြသူများမှာ သဘောပေါက်သွားပုံရသည်။ ထိုလူများသည်လည် ထင်းရှီနောက်ပြောင်နေသည်ဟု ထင်မှတ်သွားကြသည်။
အကယ်၍နောက်ပြောင်ခြင်းမဟုတ်လျှင်လည်း ထင်းရှီကဲ့သို့လူငယ်လေးတစ်ယောက်မှာ နဂါးစိမ်းဂိုဏ်းချုပ်ကြီးနှင့် တွေ့ဆုံနိုင်ခြင်းမရှိပါချေ ။
“ သူကတကယ်လေကြီးတာပဲ ။ ဒီမှာလာပြီးနောက်ပြောင်နေသေးတယ် “
“ နဂါးစိမ်းဂိုဏ်းရဲ့ဌာနချုပ်ထဲမှလာပြီးနောက်ပြောင်နေတယ်ဆိုတော့ သူကသတ္တိမသေးဘူး “
ထိုလူများ၏အသံကြောင့် ထင်းရှီလည်း သူတို့အထင်အမြင်လွဲနေပြီဖြစ်ကြောင်းသိလိုက်သည်။
နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်ကိုတွေ့ဆိုနိုင်ခွင့်မှာ သူထင်ထားသည်ထက်ခက်ခဲနေပုံကသည်။ ထို့ကြောင့် သူလည်း ရှောင်ရှောင်ပေးထားခဲ့သည့် ကျောက်စိမ်းပြားလေးအား ထုတ်ပြလိုက်သည်။
“ ဒီကျောက်စိမ်းပြားနဲ့ဆိုရင်ရော နဂါးစိမ်းဂိုဏ်းချုပ်နဲ့တွေ့လို့ရပြီလား “
ထင်းရှီ၏လက်ထဲမှကျောက်စိမ်းပြားလေးကိုကြည့်ကာ ပတ်ဝန်းကျင်မှအသံများတိတ်သွားသလို နဂါးစိမ်းဂိုဏ်းသားမှာလည်း မျက်လုံးများပြူးကျယ်သွားသည် ။
နဂါးစိမ်းအမိန့်ပြားမှာ နဂါးစိမ်းဂိုဏ်းမှမိတ်ဆွေများဖြစ်ကြသည့် အလွန်အရေးကြီးသည့်လူများသာရရှိကြခြင်းဖြစ်သည်။
ယခုထိုလူငယ်မှာ နဂါးစိမ်းအမိန့်ပြားအားထုတ်ပြသည့်အတွက် ဂိုဏ်းချုပ်ဖြစ်သူသွမ့်ကျန်းမင်ကိုတွေ့ဆုံနိုင်သည့်အဆင့်အတန်းရှိသည်။
သို့သော် ယခုကိစ္စမှာ သူကိုင်တွယ်နိုင်သည့်ကိစ္စမဟုတ်သဖြင့် နဂါးစိမ်းဂိုဏ်းသားလည်း ထင်းရှိအားဦးညွတ်လိုက်သည်။
“ မိတ်ဆွေဒီနေရာမှာတခဏစောင့်နေပေးပါ ။ကျုပ်ရဲ့အကြီးအကဲကိုခေါ်ဆောင်လာပါ့မယ် “
ထိုဂိုဏ်းသား၏စကားကိုထင်းရှီလည်းနားလည်သောကြောင့် ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက်နဂါးစိမ်းဂိုဏ်းသားမှာ ဌာန၏အတွင်းဘက်သို့ဝင်ရောက်သွားသည်။
ထင်းရှီလည်း သူ၏ကျောက်စိမ်းပြားလေးအားလှည့်ပတ်ဆော့ကစားရင်းစောင့်နေလိုက်သည် ။ ဤကျောက်စိမ်းပြားလေးမရှိပါက သွမ့်ကျန်းမင်အားတွေ့ရန် သူခက်ခက်ခဲခဲကြိုးစားရမည်ဖြစ်သည်။
ထို့အတူ သူ့အားကျောက်စိမ်းပြားပေးလိုက်သည့်ရှောင်ရှောင်ကိုပါ သတိရစိတ်နှင့်အတူကျေးဇူးတင်စကားလည်းတီးတိုးဆိုလိုက်မိသည်။
“ မင်းရဲ့ဖခင်ကဘာပဲဖြစ်ဖြစ် မင်းကတော့ စိတ်သဘောထားကောင်းပါတယ် ။ ငါ့ရဲ့ဆက်ဆံပုံတွေက နည်းနည်းလွန်သွားတယ်ထင်တယ် “
ထွက်ခွာသွားသည့်နဂါးစိမ်းဂိုဏ်းသားမှာ ပြန်ရောက်လာကာ သူ၏နောက်မှအသက်လေးဆယ်အရွယ်လူတစ်ယောက်ပါလာသည်။
ထိုလူ၏ ရင်ဘက်နေရာတွင်ရှိသောသေးငယ်သည့်နဂါးပုံနှင့် တိမ်ပုံသဏ္ဍာန်လေးကြောင့် ဂိုဏ်းခွဲမှူးအဆင့်ရှိသူဖြစ်မှန်းသိလိုက်သည်။
ထိုဂိုဏ်းခွဲမှူးမှာ နဂါးစိမ်းဂိုဏ်း၏ ပြင်ပဆက်ဆံရေးဌာနအားတာဝန်ယူထားရသူဖြစ်သည်။
ဌာနတွင် နဂါးစိမ်းအမိန့်ပြားရောက်ရှိနေသည်ဆိုသောစကားကြောင့် သူအလျှင်အမြန်ရောက်လာခြင်းဖြစ်သည် ။
သို့သော် အပြင်ဘက်တွင် အံ့ဩနေဟန်ရသညမ့သိုင်းသမားအချို့နှင့် ကျောက်စိမ်းပြားတစ်ခုကိုလှည့်ပတ်ကစားနေသည့်လူငယ်တစ်ယောက်ကိုသူတွေ့လိုက်ရသည်။
ထိုလူငယ်မှအပ ထူးခြားသူဟူ၍ ဌာနထဲတွင်မရှိပေ လူငယ်မှာလည်း အသက်နှစ်ဆယ့်ငါးနှစ်ခန့်ပင်ရှိပေဦးမည် ။ထို့ကြောင့် သူလည်းအနည်းငယ်ကြောင်သွားကာ သူ့ကိုခေါ်လာသည့်ဂိုဏ်းသားအားကြည့်လိုက်သည်။
ထို့နောက် လူငယ်၏လက်မှကျောက်စိမ်းပြားလေးအားသေချာစိုက်ကြည့်လိုက်ပြီး သူ၏စိတ်ထဲတွင် ‘ ဒိန်းခနဲ ‘ ဖြစ်သွားသည် ။
“ မိတ်ဆွေက ကျုပ်တို့ဂိုဏ်းချုပ်ကိုတွေ့လိုတဲ့လူလား “
ဂိုဏ်းခွဲမှူးမှလက်သီးနှစ်ဖက်အားဆုပ်၍အရိုအသေပြုရင်းမေးလိုက်သည်။
လုဝေလည်းပြန်၍နှုတ်ဆက်ကာဟုတ်မှန်ကြောင်းပြောလိုက်သည် ။ထိုအခါ ဂိုဏ်းခွဲမှူးမှာ အနည်းငယ်တိတ်ဆိတ်သွားသည် ။
“ ကျေးဇူးပြုပြီး အဲဒီအမိန့်ပြားကို အတုအစစ်တစ်ချက်လောက်စစ်ဆေးခွင့်ပြုမလား “
သူ၏လေသံမှာ အနည်းငယ်အခက်ကြုံနေရသည့်ပုံဖြစ်သည်။ ပုံမှန်ဆိုလျှင် နဂါးစိမ်းအမိန့်ပြအားကိုင်ဆောင်လာသူများမှာ ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များသာဖြစ်ကြသည် ။
ယခုလူငယ်၏အသက်အရွယ်မှာ ငယ်ရွယ်လွန်းနေသည်။ သို့သော် လူငယ်မှ လက်မခံလျှင်လည်း စူဘာမှမတတ်နိုင်ဘဲ ဂိုဏ်းချုပ်ဆီသို့လိုက်ပို့ရမည်သာဖြစ်သည် ။
သူမမျှော်လင့်ထားစွာ လူငယ်မှ အလွယ်တကူသဘောတူလိုက်သည် ။ထို့နောက်ကျောက်စိမ်းပြားအား သူ့လက်ထဲသို့ထည့်ပေးလိုက်သည်။
ဂိုဏ်းခွဲမှူးလည်း အနည်းငယ်ပွတ်သတ်ကြည့်လိုက်ပြီး ထိတ်လန့်တကြားဖြစ်သွားသည်။ ထို့နောက် မယုံကြည်နိုင်သည့်လေသံဖြင့်ပြောလိုက်သည်။
“ ဒါ ဒါက ရိုးရိုးအမိန့်ပြားမဟုတ်ဘူး သခင်မလေးရဲ့အမိန့်ပြား “
သူ၏အသံကြောင့် အခြေအနေအားစိတ်ဝင်တစားစောင့်ကြည့်နေကြသည့်သိုင်းသမားများမှာ အံ့ဩဆွံ့အကုန်ကြသည်။
“ ဒါကဘယ်လိုဖြစ်နိုင်မှာလဲ သူတို့သခင်မလေးက ပန်းနတ်သမီးလေ “
“ ပန်းနတ်သမီးဆီကပစ္စည်းက ဘယ်လိုလုပ်ပြီး သူ့ဆီကိုရောက်နေတာလဲ “
အချင်းချင်းပြောဆိုသံများဆူညံလာသည်။ ယခုတစ်ကြိမ်အံ့ဩမှုမှာ ထင်းရှီနဂါးစိမ်းအမိန့်ပြားအထုတ်လိုက်စဉ်ကထက်ပိုသည်။
ထင်းရှီလည်း ဂိုဏ်းခွဲမှူးအားစိုက်ကြည့်လိုက်သည် ။ ဂိုဏ်းခွဲမှူးမှာ အနည်းငယ်ကြောင်အနေပြီး သူ၏ကျောက်စိမ်းပြားကိုပြန်ပေးကာ အလျှင်အမြန်ပြောလိုက်သည် ။။
“ စိတ်မရှိပါနဲ့ မိတ်ဆွေ စိတ်မရှိပါနဲ့ “