← Chapters

အခန်း (၁၄၇၇-၁၄၈၂)

Vol. 94 Ch. 1477-1482

အခန်း (၁၄၇၇-၁၄၈၂)

Vol. 94 Ch. 1477-1482

အခန်း ၁၄၇၇ စိတ်၀င်စားစရာအကောင်းဆုံးအပိုင်း

လုံခြုံရေးလေးယောက်သည် အချိန်တိုအတွင်း လဲကျသွားသည်ကို တွေ့လိုက်ရသောအခါ ဧည့်သည်များသည် အလွန်အံ့ဩသွားကြသည်။

သူတို့သည် ထိခိုက်ကြမည် စိုးသဖြင့် ကုနင်းနှင့်ဝေးရာသို့ပင် ရှောင်လိုက်ကြသည်။

ထန်ပင်းစန် တော့ မအံ့ဩမိပါချေ။ သူသည် ထိုမိန်းကလေးကို အားနည်းသူမဟုတ်မည်မှန်း သိထားပြီး ဖြစ်သည်။

“ငါ့ရဲ့ ကိုယ်ရံတော်တွေကို ဖမ်းခိုင်းလိုက်။” သူသည် အမိန့်ထပ်ပေးလိုက်ပြန်သည်။ သူသည် ကုနင်းကို အမြန်ဆုံးဖမ်းချင်နေလေသည်။

ထန်ပင်းစန်သည် ကိုယ်ရံတော်များ ထားလေ့ရှိပြီး ထိုကိုယ်ရံတော်များသည်လည်း အရည်အချင်း ရှိသူများ ဖြစ်ကြသည်။ သူသည် မလိုအပ်ပဲ ထိုကိုယ်ရံတော်များကို ထုတ်သုံးတတ်သူ မဟုတ်ပေ။ ယခုတော့ ထုတ်သုံးရပြီ ဖြစ်သည်။

ချက်ချင်းပင် ကိုယ်ရံတော် ၁၀ ယောက်သည် ကုနင်းကို ဝိုင်းလိုက်ကြသည်။

ဘေးမှကြည့်နေသူများသည်လည်း တီးတိုးပြောနေကြပြီ ဖြစ်သည်။

“အဲဒီကိုယ်ရံတော်တွေကိုရော သူနိုင်လောက်မယ် ထင်လား။”

“ငါတော့ မထင်ဘူး သူတို့က ၁၀ ယောက်တောင်လေ။”

“ငါကတော့ သူ့ကို အတော်လေး အထင်ကြီးမိနေပြီဟေ့.. လုံခြုံရေးတွေကိုတောင် ခဏလေးအနိုင်ပိုင်းလိုက်တာ မယုံနိုင်စရာပဲ။”

“သူက ထန်မိသားစုရဲ့ သမီးကြီးဆိုတာ တကယ်ဟုတ်နေမလားပဲ။”

“မပြောတတ်ဘူး.. ဒါပေမယ့် ဖြစ်နိုင်ချေရှိတယ်တော့ထင်တယ်.. ထန်မိသားစုတွေရဲ့ မျက်နှာက သူ့ကိုမြင်တာနဲ့ ချက်ချင်းလန့်သွားကြတာကိုပဲ ကြည့်လေ။”

“ဟုတ်တယ် ထန်ယရှင်းဆိုပိုတောင် သိသာသေးတယ်။”

“ဥက္ကဌထန်က ဘာလို့ သူသက်သေပြပါမယ်ဆိုတာတောင် ခွင့်မပြုတာလဲ မသိဘူးနော်။”

“…”

ဧည့်သည်များအားလုံးသည် အမြင်ကျယ်သူများ ဖြစ်ကြသောကြောင့် တုံးအကြသူများ မဟုတ်ပေ။ ထို့ကြောင့် ထန်မိသားစုသည် တစ်ခုခုကို ဖုံးကွယ်နေကြောင်း၊ ကုနင်း၏ အပြောများတွင် သွေးပျက်နေကြောင်း သဘောပေါက်ကြလေသည်။

ကိုယ်ရံတော်များသည် ကုနင်းကို ဝိုင်းမိပြီးနောက် စတင်တိုက်ခိုက်လိုက်ကြသည်။ သို့သော် သူတို့သည် အရည်အချင်း ရှိသူများ ဖြစ်ကြသော်လည်း ကုနင်းကိုတော့ မယှဉ်နိုင်ကြပါချေ။

ကုနင်းသည် ပထမကိုယ်ရံတော်က သူမအား ထိုးမည့်ဟန်ပြင်လိုက်သောကြောင့် တစ်ချက်ပိတ်ကန် လိုက်သည်။ ထို့နောက် ချက်ချင်းပင် ဒုတိယတစ်ယောက်ကို ဆွဲလှဲလိုက်သည်။ အခြားကိုယ်ရံတော်များသည်လည်း မကြာမီပင် အတုံးအရုံးလဲပြိုကုန်ကြလေသည်။

ထိုရန်ပွဲသည် ထန်မိသားစုအတွက်တော့ မျက်နှာပျက်စရာ ဖြစ်နေသော်လည်း ဧည့်သည်များကတော့ စိတ်ပါ၀င်စားစွာ ရှုစားနေကြလေသည်။

မိန်းမငယ်လေးတစ်ယောက်နှင့် ‌အမျိုးသား ၁၀ ယောက်တို့၏ ရန်ပွဲဆိုသည်မျိုးမှာ ကြည့်ရခဲသည် မဟုတ်ပါလား။ ထို့အပြင် ဧည့်သည်တိုင်းသည် ထန်ပင်းစန်နှင့်တည့်သူများလည်း မဟုတ်ကြသောကြောင့် တချို့သည် သူအရှက်ကွဲနေသည်ကိုပင် ကြိတ်ကျေနပ်နေကြသည်။

မကြာမီပင် ကုနင်းသည် အားလုံးကို အနိုင်ပိုင်းလိုက်နိုင်ပြီး ကိုယ်ရံတော်များသည် ညည်းညူနေကြကာ မတ်တပ်ပင် မရပ်နိုင်တော့ချေ။

ဘေးမှကြည့်နေသူများလည်း လွန်စွာအံ့ဩနေကြသည်။

“ဘုရားရေ အံ့ဩစရာပဲ”

“သူတို့ကပဲ ညံ့တာလား.. သူကပဲ အရမ်းတော်နေတာလားပဲ”

“ကွန်ဖူးမာစတာထင်တယ်”

“ဖြစ်နိုင်တယ်”

“…”

သူတို့သည် ကုနင်းကို အားနည်းသူ မဟုတ်မှန်း သိသော်လည်း ထန်ပင်းစန်သည် သူ့ကိုယ်ရံတော်များ အသုံးမကျသည်ကို မြင်ပြီး အလွန်ဒေါသထွက်သွားသည်။

“ရဲခေါ်ကြစမ်း။” ထန်ပင်းစန် ထပ်အော်ပြောလိုက်ပြန်သည်။

ထို့ကြောင့် တစ်စုံတစ်ယောက်သည် ဖုန်းကိုထုတ်ကာ ရဲကို ခေါ်လိုက်သည်။

“ကောင်းတာပေါ့.. ကျွန်မလည်း ရဲတွေကို အပ်စရာတွေ ရှိတယ်” ကုနင်းက ပြောလိုက်သည်။

အခြားဧည့်သည်များသည် ကုနင်း၏ စကားကို အလွန်စိတ်၀င်စားသွားကြသည်။ သူတို့သည် ဆက်ဖြစ်လာမည့်အရာများကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။

ချီကျီယွဲ့ကတော့ သွေးပျက်သွားကာ ချက်ချင်းတားလိုက်သည်။ “ရဲမခေါ်နဲ့။” သူသည် ကုနင်း ထံတွင် USB ပါလာသည်ဟု ထင်သွား‌ခြင်းကြောင့် ဖြစ်သည်။

သူ၏ အမူအရာကြောင့် ဧည့်သည်များသည် ကုနင်းထံ၌ ထန်မိသားစု၏ လျှို့ဝှက်ချက်တစ်ခုခု ရှိမည်ကို သေချာသွားကြသည်။

“မစ္စထန်.. ရဲကို ပေးချင်တဲ့အရာက ဘာများဖြစ်မလဲ ပြောပြလို့ ရမလား။” သတင်းထောက်သည် အခွင့်အရေးကို လက်လွတ်မခံပဲ ကုနင်းကိုမေးလိုက်သည်။

ထန်ပင်းစန်သည် ကုနင်းကို ဖြေခွင့်မပေးဘဲ “ဒီနေ့ မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ပါပြီ.. တောင်းပန်ပါတယ်.. အားလုံးပဲ ပြန်လို့ရပါပြီ။” ဟု ဖြတ်ပြောလိုက်သည်။

မင်္ဂလာပွဲကို ဆက်လုပ်ဖို့ မဖြစ်နိုင်တော့သည် မဟုတ်ပါလား။ ထို့ကြောင့် ထန်ပင်းစန်သည် ဧည့်သည်များကို အမြန်ဆုံး ပြန်စေချင်နေလေသည်။

ဧည့်သည်အများစုသည် ထန်မိသားစုကို အားနာကြသောကြောင့် ထန်ပင်းစန်ကို အရှက်မရစေရန် ထွက်သွားပေးလိုက်ကြသည်။

သတင်းထောက်များသည်လည်း ပါပါရာဇီ မဟုတ်ကြသည့်အပြင် သူတို့တွင်လည်း စည်းမျဉ်းစည်းကမ်းများရှိသည်ဖို့ ပြန်ထွက်သွားဖို့ ပြင်လိုက်ကြသည်။

“ဒီနေ့အတွက် အကောင်းဆုံးအရာက အခုစမှာပါ.. မပြန်ကြပါနဲ့ဦး” ကုနင်း ရုတ်တရတ် ထပြောလိုက်သည်။

ထို့နောက်သူမသည် ကျောပိုးအိတ်ထဲမှ ဓာတ်ပုံများကို ထုတ်လိုက်ကာ လူအုပ်ဆီသို့ ပစ်လိုက်သည်။

ထန်ပင်းစန်နှင့် သူမိသားစုသည် ကြောက်လန့်တကြား တားဆီးလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

“ဒါဘာတွေလဲ”

“မသိဘူးလေ”

“ကြည့်ကြည့်ရအောင်”

“ဘုရားရေ”

လူများသည် ကုနင်း ပစ်လိုက်သော ဓာတ်ပုံများကို ကြည့်ပြီး အံ့ဩတုန်လှုပ်သွားကြသည်။

ထိုဓာတ်ပုံများသည် ထန်ယရှင်းနှင့် ချီကျီယွဲ့တို့ အခြား အမျိုးသား အမျိုးသမီးများနှင့် အိပ်စက်ပျော်ပါးနေကြသော ဓာတ်ပုံများဖြစ်သည်။ သူတို့မျက်နှာများကို ပုံတိုင်းတွင် သေချာမမြင်ရသော်လည်း သူတို့မှန်းတော့ သိသာနေလေသည်။

ထန်ယရှင်းသည် သူမအိပ်ခဲ့ဖူးသောသူများမှာ ဗီဒီယိုများ ရိုက်ထားလိမ့်မည်ဟု မထင်ခဲ့ပါချေ။

***

အခန်း ၁၄၇၈ ရွံစရာပဲ

ကုနင်းတွင် ဗီဒီယိုများလည်း ရှိထားလေသည်။

“အမလေး ဘုရားရေ”

“သတို့သားနဲ့ သတို့သမီးက တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်ထင်တာ”

“မယုံနိုင်စရာပဲ”

“နှစ်ယောက်လုံးက စာရိတ္တပျက်ပြားနေကြတာပဲ”

“ရွံဖို့ကောင်းလိုက်တာ”

“…”

အမျိုးသားများသည် အမျိုးသမီးများလောက် စိတ်ခံစားချက် မပြင်းပြကြသော်လည်း ဓာတ်ပုံများကိုတော့ သဘောတွေ့နေကြသည်။ အမျိုးသမီးများက‌တော့ စိတ်ပျက်ရွံရှာနေကြသည်။ သူတို့လည်း ကြုံဖူးသော အရာများ ‌ဆိုသော်ငြား လူကြားထဲ ချပြရန် မသင့်တော်သော ဓာတ်ပုံများ ဖြစ်နေသည် မဟုတ်ပါလား။

ထန်ချင်းယန် နှင့် ကျန်းယွေ့ချင်တို့လည်း ဓာတ်ပုံများကို ကောက်ကြည့်လိုက်ပြီး စိတ်ပျက်သွားကြသည်။

“အား ရွံစရာကြီး” ထိုသို့ပြောပြီး ကျန်းယွေ့ချင်သည် ဓာတ်ပုံများကို လွှင့်ပစ်လိုက်သည်။

ထန်ချင်းယန်သည် ကုနင်းတစ်ယောက် ချီကျီယွဲ့နှင့် ထန်ယရှင်း အပေါ် မည်သည့်အတွက်ကြောင့် ထိုသို့လုပ်နေမှန်း မသိပေ။ ကုနင်း ထိုပွဲသို့ မလာခင် ဓာတ်ပုံများကို ယူလာခြင်း ဖြစ်ကြောင်းကို သိလိုက်ရသောကြောင့် ထန်ချင်းယန်သည် စိတ်မသက်မသာ ဖြစ်နေလေသည်။ ကုနင်းသည် အရွယ်ရောက်ပြီးသူဖြစ်ပြီး ရည်းစားရှိသည်‌ဆိုသော်လည်း အနည်းငယ်တော့ ရှက်စရာကောင်းနေသည်ပင်။

တကယ်လည်း ကုနင်းသည် ဓာတ်ပုံများကို စရစဉ်က အံ့ဩပြီး နေရခက်သွားခဲ့သည်ပင်။ သူမသည်လည်း ထိုဓာတ်ပုံများကို မမြင်ချင်သော်လည်း သက်သေအဖြစ် ပရင့်ထုတ်ထားခဲ့ရသည်။

ပိုဆိုးသည်မှာ ထန်ယရှင်း၏ ဓာတ်ပုံများတွင် ပါ၀င်နေသည့် အမျိုးသားနှစ်ဦးမှာလည်း ထိုမင်္ဂလာပွဲသို့ ရောက်နေခြင်းပင်။ သူတို့သည် ဓာတ်ပုံထဲတွင် သူတို့ မျက်နှာများကို မြင်လိုက်ရသည့်အတွက် ထိတ်လန့်သွားကြသည်။

ထိုပုံများသည် ထန်ယရှင်း မသိအောင် ခိုးရိုက်ထားသည့် ဗီ‌ဒီယိုများမှ ပုံများ ဖြစ်နေသည်မဟုတ်ပါလား။

သူတို့သည် ထိုပုံများ မည်သို့မည်ပုံ ပြန့်သွားခြင်းကို နားမလည်နိုင်ဖြစ်နေလေသည်။ ထိုနှစ်ယောက်သည် ချက်ချင်းလှည့်ပြန်သွားချင်သော်လည်း ထိုသို့လုပ်မှ သတိထားမိကြသွားမှာကိုလည်း စိုးနေလေသည်။ ထို့ကြောင့်သူတို့သည် ခေါင်းများကို ငုံ့ထားကာ သတိမထားမိအောင် နေနေကြသည်။

“ပုံတွေကို မကြည့်ကြနဲ့။” ထန်ပင်းကျန်းသည် သူ့ကလေးများ၏လက်ထဲမှ ပုံများကို ဆွဲယူလိုက်သည်။

မင်္ဂလာပွဲသို့ ပါလာကြသော အချို့ကလေးငယ်များ၏ လက်ထဲတွင် မသင့်တော်သော ပုံများ ကိုင်ထားကြသောကြောင့် မိဘများသည် လိုက်တားဆီးနေကြသည်။ ထန်ပင်းကျန်းတို့သည်လည်း ထန်မိသားစု၀င်များ ဖြစ်သောကြောင့်အရှက်ကွဲနေကြလေသည်။

ထိုဓာတ်ပုံများသည် ထန်ပင်းစန်တို့ထံသို့ ပစ်လိုက်ခြင်း မဟုတ်သောကြောင့် သူတို့သည် မမြင်နေရသော်လည်း ဧည့်သည်များ၏ အမူအရာများကို ကြည့်ပြီး မကောင်းသည့်အရာမှန်းတော့ သိလိုက်ကြသည်။

သတင်းထောက်များသည်လည်း အလုပ်ရှုပ်သွားကြသည်။ သူတို့သည် ဆက်ဖြစ်မည့် အခြေအနေပေါ်မူတည်ပြီး ထိုသတင်းကို တင်သင့် မတင်သင့် ဆုံးဖြတ်ရမည် ဖြစ်သည်။

တကယ်တမ်းတွင် သူတို့ သတင်းအနေဖြင့် မတင်ပြလျှင်တောင် အင်တာနက်တွင် ပြန့်သွားတော့မည်ပင်။ ကုနင်းသည် ထန်မိသားစုကို လုံး၀ပင်မကြောက်ပါပေ။

မည်သို့ပင်ဆိုစေ ထန်ယရှင်းနှင့် ချီကျီယွဲ့တို့ကတော့ အရှက်ကွဲအကျိုးနည်း ဖြစ်သွားကြပြီပင်။

“မစ္စတာချီ ခင်ဗျ.. မစ္စထန်ကို လက်ထပ်ဖို့ စီစဉ်ထားပြီးမှ ဘာလို့ တခြားသူတွေနဲ့ ပျော်ပါးနေရတာပါလဲ။”

“ဓာတ်ပုံတွေအရ မစ္စတာချီက မစ္စထန်ကို တကယ်မချစ်ခဲ့တာပါလား.. ထန်မိသားစုကို ကိုယ့်ဘ၀အောင်မြင်မှုအတွက် အသုံးချချင်လို့ လက်ထပ်ခဲ့တာပါလား။”

သတင်းထောက်များသည် မေးခွန်းများကို တရစပ်မေးသောအခါ ချီကျီယွဲ့သည် မျက်နှာ ချက်ချင်းပျက်ယွင်းသွားသည်။ သူနှင့် အခြားအမျိုးသမီးများ ပျော်ပါးနေသည့်ပုံများ ပေါ်သွားခြင်း မဟုတ်ပါလား။ ထို့ကြောင့် သူသည် ထန်ယရှင်းနှင့် လက်ထပ်ဖို့ မဖြစ်နိုင်တော့ချေ။ တစ်ချိန်တည်းမှာပင် ထိုပုံများကို ကုနင်းတစ်ယောက် မည်သို့ရရှိထားကြောင်းကိုလည်း မတွေးတတ် ဖြစ်နေလေသည်။

ထန်ယရှင်းနှင့် ချီကျီယွဲ့တို့သည် အလွန်ပင် သွေးပျက်နေကြသည်။

ထန်ပင်းစန်သည်လည်း တည်ငြိမ်စွာ မနေနိုင်တော့ပါချေ။ သူသည် ဧည့်သည်တစ်ယောက်ဆီမှ ဓာတ်ပုံများကို ဆွဲယူကြည့်လိုက်ပြီး ဒေါသ‌ငယ်ထိပ် ရောက်သွားတော့သည်။

လူချမ်းသာတစ်ယောက်အနေဖြင့် အငယ်အနှောင်းထားခြင်းကို သူသည် နားလည်သော်လည်း ချီကျီယွဲ့သည် အခြားသူများ မသိအောင် သတိထားခဲ့သင့်သည်ပင်။

ထန်ယရှင်းနှင့် ကျီယီကျင်းတို့သည်လည်း ဓာတ်ပုံများကို တွေ့သွားကြသည်။ ထန်ယရှင်းသည် ချီကျီယွဲ့၏ သစ္စာဖောက်မှုကို မယုံနိုင်ဖြစ်နေခြင်းပင်။ သူမသည်လည်း သစ္စာမရှိသူ ဖြစ်ပါလျက်နှင့် လက်မခံနိုင်ခြင်း ဖြစ်သည်။

ထန်ယရှင်းသည် ပို၍ချမ်းသာသော်လည်း ချီကျီယွဲ့ကို တကယ်ချစ်၍ လက်ထပ်ခဲ့ခြင်းဖြစ်သည်။ သူမသည် ပို၍ ချမ်းသာသောကြောင့် ချီကျီယွဲ့ အနေဖြင့် လက်လှမ်းမမှီသော အရာများကိုလည်း လုပ်ပေးခဲ့လေသည်။ သူမကြောင့်သာ ချီကျီယွဲ့ သည် ယခုလို အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ကျီယီကျင်းသည် ဒေါသထွက်သွားပြီး ချီကျီယွဲ့ကို ပါးရိုက်လိုက်သည်။ ချီကျီယွဲ့သည် ကြောင်တက်တက်ဖြစ်နေဆဲမို့ ရှောင်ချိန်ပင် မရလိုက်ပါချေ။ သူသည် ရှောင်ချိန်ရလျှင်တောင် ရှောင်ရဲမည် မဟုတ်ပါချေ။

ဖြန်းခနဲ အသံကျယ်ကြီးနှင့်အတူ ချီကျီယွဲ့၏ မျက်နှာပေါ်သို့ လက်ဝါးတစ်ချက်ကျရောက်သွားသည်။

ကျီယီကျင်းသည် ဒေါသတကြီး အော်ဟစ်လျက် “ချီကျီယွဲ့ နင်ငါ့သမီးအပေါ် ဘယ်လိုတောင် လုပ်ရက်တာလဲ။”

ကျီယီကျင်းသည် ချီကျီယွဲ့၏ ပုံများကိုသာ တွေ့လိုက်ခြင်း ဖြစ်ပြီး သူ့သမီး၏ သုံးယောက်တွဲလုပ်နေပုံများကိုတော့ မတွေ့သေးပါချေ။

ယှဉ်ကြည့်မည်ဆိုလျှင် ထန်ယရှင်းသည် ချီကျီယွဲ့ထက်ပင် ပိုဆိုးလေသည်။

***

အခန်း ၁၄၇၉ သမီးလိမ္မာ

“မဒမ်ထန် ကျွန်မကတော့ ရှင့်ကို တစ်မူးပိုသာ သင့်နေတယ် မထင်ဘူး.. ရှင့်သမီးရဲ့ ဓာတ်ပုံတွေကိုလည်း ကြည့်လိုက်ပါဦး။” အမျိုးသမီးတစ်ယောက်သည် ကျီယီကျင်းကို ထန်ယရှင်းနှင့် အခြားအမျိုးသားနှစ်ယောက် ပျော်ပါးနေပုံများကို ပြလိုက်သည်။

ကျီယီကျင်းသည် သူ့သမီးက ယခုလို ဖြစ်နေခဲ့သောကြောင့် အခြားသူကို အပြစ်တင်ရမည့် အနေအထား မဟုတ်ပါချေ။

အမှန်တွင်လည်း ကျီယီကျင်းသည် သူမနောက်ကွယ်တွင် ထန်ယရှင်း လုပ်နေသော အရာများကို မသိပါချေ။ သူမသည် မိခင်တစ်ယောက်အနေဖြင့် သူမသမီးအကြောင်းကို သိတန်သလောက် သိသော်လည်း ထိုမျှလောက် ဆိုးဝါးမည်ဟုတော့ မထင်ခဲ့ပေ။ သူမသည် ကြက်သေသေနေလေသည်။

ထန်ယရှင်း၏ သုံးယောက်တွဲပုံများကို မြင်သူတိုင်းသည် အလွန်ပင် အံ့အားသင့်နေကြသည်။ သူတို့သည် ထန်ယရှင်းကို နူးညံ့ပြီး လိမ္မာရေးခြား ရှိသူဟု ထင်ထားကြခြင်း ဖြစ်သည်။ ထို့ကြောင့် ချမ်းသာသော မိသားစုမှမွေးဖွားလာပြီး ယခုလို လှပသော မိန်းကလေးသည် ထိုလုပ်ရပ်မျိုး လုပ်လိမ့်မည်ဟု မထင်ခဲ့ကြချေ။

ကျီယီကျင်းသည် မယုံနိုင်ဖြစ်နေပြီး ‌ဒေါသတကြီးပင် တုံ့ပြန်နေလေသည်။ “မဖြစ်နိုင်တာတွေ.. ငါ့သမီးက ဒီလို လုပ်စရာအကြောင်း မရှိဘူး။” သူမသည် ဒီထက်ပိုသေချာသော သက်သေပင် မရှိတော့သည်ကိုပင် ငြင်းဆန်နေသေးလေသည်။

ထန်ယရှင်းသည်လည်း ကြက်သေသေနေပြီး သူမကိုယ်သူမ မည်သို့ကာကွယ်ပြောဆိုရမှန်းပင် မသိတော့ပါချေ။

ထန်ပင်းစန်သည်လည်း သူ၏ သမီးကို အံ့ဩစွာ ကြည့်လိုက်သည်။

ထန်ယရှင်း၏ လုပ်ရပ်သည် သူ့အတွက် လက်ခံချင်စရာ ကောင်းမနေပါပေ။ သို့သော် ငြင်းဆန်၍လည်း မရတော့သည်မို့ ရင်ဆိုင်‌ရတော့မည်ပင်။

ချီကျီယွဲ့သည်လည်း ဒေါသထွက်နေလေသည်။ တကယ်တော့ သူမသည်လည်း သူ့အပေါ် သစ္စာမရှိမှန်း သိသော်ငြား ထန်မိသားစု၀င်နှင့် လက်ထပ်ရဖို့အရေး မသိချင်ယောင် ဆောင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ထန်ယရှင်းသည် သူ့ထက်ပင် ပိုဆိုးနေသည် မဟုတ်ပါလား။

“ကိုယ့်ဟာကိုယ်သာ သေချာကြည့်လိုက်ပါဦး။” အမျိုးသမီးတစ်ယောက်သည် ကျီယီကျင်းထံ ဓာတ်ပုံများကို ‌ထိုးပေးလိုက်သည်။

ကျီယီကျင်းသည် မယုံနိုင်ဖြစ်နေသော်လည်း ဓာတ်ပုံများကို ယူကြည့်လိုက်သေးသည်။ ထန်ယရှင်း၏ မျက်နှာကို သူမလောက် သိမည့်သူ မရှိသောကြောင့် ငြင်းဆန်၍ မရနိုင်တော့ပါချေ။

သို့သော် ကျီယီကျင်းသည် ဓာတ်ပုံများကို မြင်ပြီးသည့်တိုင် လက်မခံနိုင်ဖြစ်နေလေသည်။ မည်သူမျှ မသိပါက ကောင်းမည် ဖြစ်သော်လည်း ယခုတော့ လူသိရှင်ကြား ဖြစ်သွားပြီပင်။

“မဒမ်ထန် ရှင့်မှာက သမီးလိမ္မာလေး ရထားတာလို့ ပြောပြောနေတော့ ရှင့်သမီးက ရှင့်ဆီကများ သင်ယူထားတာလား။” ကျီယီကျင်းကို သဘောမကျသော မိန်းမတစ်ယောက်သည် တမင်ပင် ခနဲ့ပြောလိုက်သည်။ သူမသည် ကျီယီကျင်း၏ ကောက်ကျစ်မှုများကို သိထား‌သောကြောင့် လှောင်ပြောလိုက်ခြင်းပင်။

ကျီယီကျင်း အလွန်ပင် ဒေါသထွက်သွားသည်။ သူမသည် ထိုအမျိုးသမီးမှာ သူမအား တမင်ခနဲ့မှန်း သိသော်လည်း ‌သူ့တို့အမှားပင် ဖြစ်နေသောကြောင့် ခံရခက်စွာ ဒေါသထွက်နေခြင်း ဖြစ်သည်။

“ဘာလို့ စိတ်ဆိုးနေတာလဲ.. ကျွန်မက နောက်လိုက်တာပါ။” သူမသည် ပြုံး၍ပင် ပြောနေလေသည်။

ထိုအချိန်တွင် သတင်းထောက်များသည် ထန်ယရှင်း ဆီသို့ ရောက်သွားပြန်ကာ “မစ္စထန် ခင်ဗျားတို့ နှစ်ယောက်လုံးက ဖောက်ပြန်ထားကြပြီး ဘာကြောင့်များ မင်္ဂလာဆောင်ဖြစ်သွားကြတာပါလဲ။”

သူတို့သည် အချင်းချင်း ချစ်ကြကြောင်းကို မည်သူမှ မယုံကြည်ကြတော့ပါချေ။ သူတို့သည် အချင်းချင်း လေးစားမှုရော သစ္စာစောင့်သိမှုပါ မရှိကြသူများဖြစ်သည်။

ထန်ယရှင်း ဘာမှမပြောနိုင်ခင်မှာပင် ထန်ပင်းစန် ည် သူမဆီသို့ ပြေးလာပြီး မျက်နှာကို ရိုက်ချလိုက်သည်။ ထန်ပင်းစန်သည် အရှက်တကွဲ အကျိုးနည်း ဖြစ်နေပြီ ဖြစ်သောကြောင့် ထန်ယရှင်းကို ဘာမှပင် မပြောစေချင်တော့ပေ။ သူမသည် မသင့်တော်သောအရာကို ထပ်ပြောမိပါက အခြေအနေ ပိုဆိုးသွားနိုင်မည် မဟုတ်ပါလား။

သူ၏ ရိုက်ချက်ကို သတင်းထောက်များသာမက ကျီယီကျင်းသည်ပင် ကြောက်လန့်သွားလေသည်။

သတင်းထောက်များသည် သူ၏ ဒေါသကို ရိပ်စားမိနေပြီ ဖြစ်သောကြောင့် ထန်ယရှင်းကို မေးခွန်းများ ထပ်မမေးတော့ပါပေ။

တကယ်တမ်းတွင် ထန်မိသားစု၏ အရှိန်အဝါကြောင့် သူတို့သည် များသောအားဖြင့် မကောင်းသည့် လျှို့ဝှက်ချက်များကို မဖော်ထုတ်ရဲကြပါပေ။ ထို့ကြောင့် ထန်ပင်းစန်၏ ရိုက်ချက်နောက်ပိုင်းတွင် သူတို့သည် တိတ်ဆိတ်သွားကြသည်။

ကျီယီကျင်းသည် ထန်ပင်းစန်အား “ဘာလုပ်တာလဲ” ဟု အော်ပြောလိုက်ကာ ထန်ယရှင်းဆီသို့ပြေးသွားရင်း သူမကို ကာကွယ်ပေးလိုက်သည်။

ထန်ယရှင်း၏လုပ်ရပ်သည် လက်ခံနိုင်စရာ မကောင်းသော်လည်း သူ၏ သမီးဖြစ်နေသည်‌လေ။ သူ့သမီးသည် ယောင်္ကျားဖြစ်သူကိုပါ သစ္စာဖောက်ခဲ့သော်လည်း သူမအတွက်တော့ ထိုကိစ္စသည် အရေးမကြီးတော့ပါချေ။

ထန်ပင်းစန်သည် သူ၏ မိန်းမဖြစ်သူ ကျီယီကျင်းသည် အခြားယောင်္ကျားများနှင့် ဖောက်ပြန်မည်ဆိုလျှင်လည်း သတ်ပစ်မည်ဖြစ်သည်။ သူသည် သူကိုယ်တိုင်က မည်မျှပင် ဖောက်ပြန်နေပါစေ သူ၏ မိန်းမသာ သစ္စာဖောက်မည် ဆိုလျှင်တော့ ခွင့်လွှတ်မည် မဟုတ်ချေ။ သူသည် တစ်ကိုယ်ကောင်းဆန်သူဖြစ်သည်။

“မင်းရဲ့ လိမ္မာတဲ့ သမီးလေးကိုကြည့်လေ.. သူ့လုပ်ရပ်ကိုပဲ ကြည့်ပါဦး။” ထန်ပင်းစန် ကျီယီကျင်းကို အော်ပြောလိုက်သည်။

သူသည် သူ့သမီး၏ ဘ၀ကိုလည်း အမှန်တော့ စိတ်မ၀င်စားပါချေ။ ထန်မိသားစု၏ အရှိန်အဝါ ကျဆင်းသွားမည်ကိုသာ စိတ်ပူနေခြင်းဖြစ်သည်။

ကျီယီကျင်းသည် သူမသမီးကို ကာကွယ်ချင်နေသော်လည်း ဘာမှမပြောသာပါပေ။ သူမသည် သူမသမီး လူပုံအလယ်တွင် အရှက်ခွဲခံရခြင်းကိုသာ ရင်နာနေတော့သည်။ သို့သော်သူမတို့၏ မကောင်းမှုများ ဆက်ပေါ်လာမည်စိုးသောကြောင့် ဆိတ်ဆိတ်သာ နေနေရလေသည်။

“ဘာလို့လဲ.. ဘာလို့ ဒီလိုဖြစ်ရတာလဲ။” ထန်ယရှင်းသည် သူမ၏ ပျက်စီးနေသော ပုံများပေါ်လာသည်ကို မယုံနိုင်ဖြစ်နေလေသည်။ သူမသည် လုံခြုံရေးတင်းကျပ်သော အခန်းများတွင်သာ ပျော်ပါးခဲ့ခြင်းဖြစ်သောကြောင့် ထိုသို့ဓာတ်ပုံများ ထွက်လာမည်ဟု လုံး၀မထင်ခဲ့ပါချေ။

***

အခန်း ၁၄၈၀ ပြင်ထားတဲ့ပုံတွေလား

“ဘာကို ဘာလို့ ဒီလိုဖြစ်ရတာလဲ ပြောနေတာလဲ.. နင့်လုပ်ရပ်တွေ နင်မသိဘူးလား။” ထန်ပင်းစန်သည် ထန်ယရှင်းကို ဒေါသတကြီး မေးလိုက်သည်။

ချီကျီယွဲ့သည် အလွန်စိတ်တိုနေသော်လည်း တကယ်တမ်းတွင် သူသည်လည်း ထိုကဲ့သို့ သူများကို အပြစ်တင်နိုင်သူ မဟုတ်ပါပေ။ သူသည်လည်း သစ္စာရှိသူ မဟုတ်သည်ပင်။ သူသည် ထိုကိစ္စများကို ဖြစ်‌စေသော မိန်းမကိုပဲ အပြစ်တင်ရတော့မည်ဖြစ်သည်။

ချီကျီယွဲ့သည် ကုနင်းကို စိုက်ကြည့်နေပြီး ဆွဲထိုးချင်နေသော်လည်း သူသည် အားနည်းသူဖြစ်သောကြောင့် မလုပ်ရဲပါပေ။ သူသည် မည်သို့ပင် လက်မခံနိုင်သည် ဖြစ်စေ ဘာမှမလုပ်နိုင်တော့ပေ။

ကုနင်းသည် သူမကို အံကြိတ်ကြည့်နေပြီး ဘာမှမလုပ်နိုင်သောသူ့ကို သဘောကျစွာကြည့်လိုက်သည်။

ထန်ယရှင်းကတော့ ချီကျီယွဲ့ကဲ့သို့ ငြိမ်ငြိမ်မနေနိုင်ပါပေ။ သူမသည် ကုနင်းကို သတ်ပစ်ချင်လောက်အောင် မုန်းနေပြီ ဖြစ်သည်။ ကုနင်းသည်သာ ထိုဓာတ်ပုံများကို ဧည့်သည်များဆီ မပစ်ပေါက်ခဲ့ပါလျှင် သူမ၏ လျှို့ဝှက်ချက်များကို တစ်သက်လုံး ထိန်းသိမ်းသွားနိုင်မည်ဖြစ်သည်။

ထိုအတွေးဖြင့် ထန်ယရှင်းသည် ကျီယီကျင်းကို တွန်းဖယ်လိုက်ကာ ကုနင်း ဆီသို့ ပြေးသွားတော့သည်။ “ငါနင့်ကို သတ်ပစ်မယ်။”

သို့သော် ထန်ယရှင်းသည်ရှည်လျား လေးလံသော သတို့သမီး၀တ်စုံကို ၀တ်ထားသောကြောင့် ခြေလှမ်းအနည်းငယ်လှမ်းပြီး လဲပြိုသွားလေသည်။

လူအများသည် တဟားဟားပွဲကျနေကြတော့သည်။ သို့သော် ထန်မိသားစု မျက်နှာနှင့် မျက်နှာပိုးသတ်လိုက်ကြသည်။

ဧည့်သည်အများစုသည် ထန်မိသားစုနှင့် စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း ပတ်သတ်နေရသောကြောင့် အမြင်ကြည်အောင်တော့ နေကြရလေသည်။

အခြေအနေများသည် ဆိုးဝါးနေပြီ ဖြစ်သောကြောင့် အချို့ဧည့်သည်များသည် ပြန်ချင်နေကြပြီ ဖြစ်သော်လည်း ထန်ပင်းစန်ကို နှုတ်မဆက်ရဲကြ ဖြစ်နေလေသည်။ ထို့ကြောင့် သူတို့သည် မတ်တပ်သာရပ်နေကြရင်း မင်္ဂလာပွဲ မြန်မြန်ပြီးဖို့သာ မျှော်လင့်နေကြလေသည်။

“ယရှင်း!” ကျီယီကျင်းသည် လန့်သွားပြီး ထန်ယရှင်းကို တွဲထူပေးလိုက်သည်။ ထို့နောက် ကုနင်းအား “နင်ဘာလုပ်တာလဲ။” ဟု မေးလိုက်သည်။

“ကျွန်မလုပ်ချင်တဲ့ အရာကိုပဲ လုပ်နေတာပါ။” ကုနင်းကလည်း ပြုံးရင်း ပြန်ဖြေလိုက်သည်။ တကယ်တော့ ကုနင်း လုပ်နေသော အရာများသည် အစပင် ရှိသေးလေသည်။

ကျီယီကျင်းသည် ဒေါသထွက်သွားပြီး ဘာပြောရမှန်းပင် မသိတော့ပါချေ။ ထိုမိန်းမသည် သူ့သမီး၏ မင်္ဂလာပွဲကို လာဖျက်ဆီးနေခြင်း မဟုတ်ပါလား။

ထန်ယရှင်းသည် ယခုချိန်မှစ၍ ပုံမှန်အတိုင်း နေနိုင်တော့မည် မဟုတ်ချေ။ သူမသည် ထန်အိုက်နင်းအတွက် ယခုလို လုပ်သည်ကို နားလည်သော်လည်း ထန်အိုက်နင်း သေသွားပြီးမှ ယခုလို လာလုပ်ခြင်းကို နားမလည်နိုင်ဖြစ်နေလေသည်။

အမှန်တွင် ထန်အိုက်နင်းသည် သေသွားသော်လည်း သူမ၏ စိတ်ဝိဉာဉ်က မသေသေးခြင်း ဖြစ်သည်။ သူတို့သည် ထန်အိုက်နင်းကို သတ်ထားသည့်အဖြစ်ကို ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။

ထန်ယရှင်းသည် လက်မခံနိုင်ဖြစ်နေရင်း အကြံတစ်ခုရသွားသည်။ “ဒီပုံတွေက အစစ်မဟုတ်ပါဘူး.. ပြင်ထားတာတွေပါ.. ကျွန်မ ဒါမျိုးတစ်ခါမှ မလုပ်ပါဘူး။”

သူမစကားကို ယုံသူတစ်၀က် သံသယ၀င်သူတစ်၀က် ဖြစ်သွားကြသည်။ သို့သော် မတည့်သူအတွက် ဓာတ်ပုံကို ပြင်ပြီး တိုက်ခိုက်ခြင်းသည် ပုံမှန်လုပ်နေကျ မဟုတ်ပါပေ။ ထို့အပြင် မင်္ဂလာပွဲမှာမှ ထိုကဲ့သို့ ဓာတ်ပုံများနှင့် လာပွဲရှာစရာ အကြောင်းလည်း မရှိပါ‌ချေ။

“ဟုတ်တယ် ဓာတ်ပုံတွေက ပြင်ထားတာပါ… သူက ယုတ်မာပြီး ကျွန်မတို့ ယရှင်းကို ချောက်ချတာပါ။” ကျီယီကျင်းကလည်း ထန်ယရှင်းဘက်မှ ချက်ချင်းကာပြောလိုက်သည်။

ထိုပုံများသည် ပြင်ထားသည်ဆိုသည်ကို လူအများယုံကြည်သွားကြလျှင် ထန်ယရှင်း အဆင်ပြေသွားမည် ဖြစ်သည်။

“ပြင်ထားတယ်ဟုတ်လား.. ထန်ယရှင်း နင်က ဓာတ်ပုံတွေတောင် မကြည့်ရသေးပဲနဲ့ ကြိုကာနေတာပါလား.. အခု ခြောက်ခြားနေပြီလား.. သွေးပျက်နေပြီမလား။” ကုနင်း ပြုံးပြီး ပြောလိုက်သည်။ “ဒါနဲ့ ငါ့မှာက ဗီဒီယိုလည်းရှိတယ်.. အဆင်ပြေတယ်ဆိုရင် အားလုံးရှေ့မှာ ဖွင့်ပြပေးလိုက်မယ်လေ။”

မင်္ဂလာပွဲတွင် သတို့သား သတို့သမီးတို့၏ မင်္ဂလာဓာတ်ပုံများကို ပြသရန် အသုံးပြုသည့် ပရိုဂျက်တာကြီး ရှိနေလေသည်။

ကုနင်းသည် ဗီဒီယိုကို မင်္ဂလာပွဲတွင် တိုက်ရိုက်ဖွင့်ပြဖို့ စဉ်းစားခဲ့သော်လည်း ချက်ချင်းပိတ်လိုက်နိုင်သောကြောင့် မလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကုနင်းသည် ပိုအဆင်ပြေသည့် ဓာတ်ပုံများကို သုံးခဲ့ခြင်း ဖြစ်သည်။

ထိုဓာတ်ပုံများသည် အမှန်လည်း အသုံး၀င်သွားခဲ့သည်ပင်။

ထန်ယရှင်း ဘာပြောရမှန်းပင် မသိတော့ပါချေ။

ထိုအချိန်တွင် သတင်းထောက်သည် ကုနင်းအား “မစ္စထန်.. ကိုယ့်ကိုကိုယ် ထန်မိသားစုရဲ့ သမီးကြီးလို့ ပြောထားခဲ့ပြီးတော့ ဘာလို့ ထန်ယရှင်း ရဲ့ မင်္ဂလာပွဲမှာမှ ဒီလို လုပ်ခဲ့ရတာပါလဲ” ဟု မေးလိုက်သည်။

သူတို့ ရန်ငြိုးရှိခဲ့သောကြောင့်ဟူသော အချက်ကတော့ သေချာသည်ပင်။

“ဘာလို့လဲဆိုတော့…” ကုနင်း ပြောတော့မည့်ဆဲ‌ဆဲတွင် ထန်ပင်းစန်က ဖြတ်ပြောလိုက်ကာ “ကဲပါ.. ဒီနေ့အဖို့တော့ ဒီလောက်ပဲပေါ့..ကျုပ်တို့ မိသားစု ကိစ္စကို ကျုပ်တို့ဘာသာ ဖြေရှင်းပါရစေ.. နောက်နေ့မှ ပွဲထပ်လုပ်ကြတာပေါ့။”

ထန်ပင်းစန်သည် ကုနင်းကို ဘာမှ ထပ်မပြောစေရဲတော့ပါပေ။

ထို့နောက် ထန်ပင်းစန်သည် သူ၏အတွင်းရေးမှူးကို ဧည့်သည်များအား ခေါ်ထုတ်သွားခိုင်းဖို့ ပြောလိုက်သည်။

ထန်ပင်းစန်က ထိုသို့ပြောနေသောကြောင့် ဧည့်သည်များလည်း ပြန်ကြလေသည်။

အချို့သောဧည့်သည်များသည် နဂိုတည်းမှ ပြန်ချင်နေကြသူများဖြစ်သောကြောင့် ထန်ပင်းစန် ပြောလိုက်သည်နှင့် ချက်ချင်းပင် လှည့်ထွက်သွားကြသည်။ တချို့ကတော့ ဆက်ကြည့်ချင်သေးကြသော်လည်း အားနာသမှုနှင့် ပြန်လိုက်ကြသည်။

ကုနင်းသည် ဒီတစ်ခါတွင်တော့ မတားတော့ပဲ အသံဖိုင်တစ်ခုကို စပီကာနှင့် ဖွင့်ပြလိုက်သည်။

“ကိုယ်လက်ထပ်ပြီးသွားရင်တောင် ကိုယ်တို့အတူရှိနေမှာပါ.. အမြဲတမ်းတော့ မတွေ့နိုင်ပေမယ့် …”

***

အခန်း ၁၄၈၁ ဟိုမိန်းမကို ပြန်ခေါ်လာကြ

ထိုအသံကို ကြားလိုက်သောအခါ ချီကျီယွဲ့သည် အလွန်တုန်လှုပ်သွားသည်။ သူညက ပြောခဲ့သော စကား‌ဖြစ်နေသည် မဟုတ်ပါလား။ ကုနင်းထံတွင် သူနှင့် အခြားမိန်းကလေးတို့ ပြောထားသည့် စကားသံများ ရှိနေသည်ပင်။

ချီကျီယွဲ့ပင်မကပဲ ထန်ပင်းစန်, ထန်ယရှင်းနှင့် ကျီယီကျင်းတို့သည်လည်း သူ့အသံမှန်း ချက်ချင်း သိလိုက်ကြသည်။ သူသည် ထန်ယရှင်းနှင့် မင်္ဂလာမဆောင်ခင် အခြား မိန်းကလေးတစ်ယောက်နှင့် ထိုစကားများ ပြောနေခြင်းပင်။

ဧည့်သည်များသည်လည်း ရပ်တန့်သွားကြသည်။

“စိတ်မပူပါနဲ့.. ကိုယ်က ထန်ယရှင်း မချစ်ဘူးလို့ ပြောခဲ့ပြီးပြီပဲ.. ကိုယ်သူ့ကို လက်ထပ်တာက ထန်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ရယူပြီး လက်စားချေဖို့…”

ထိုအချိန်တွင် အားလုံးသည် ချီကျီယွဲ့ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။

ချီကျီယွဲ့သည် ထန်ယရှင်းကို လက်ထပ်ခြင်းမှာ ထန်မိသားစု၏ ပိုင်ဆိုင်မှုများကို ရယူပြီး လက်စားချေရန် ဖြစ်နေသည် မဟုတ်ပါလား။ သူသည် ထန်ယရှင်းကို လုံး၀မချစ်ခဲ့ပါချေ။

ထန်ပင်းစန်နှင့် ထန်ယရှင်းတို့သည် ကြက်သေသေနေကြသည်။

ချီကျီယွဲ့သည် သတိပြန်၀င်ပြီးနောက် ကုနင်းဆီသို့ ပြေးသွားကာ စပီကာကို ဆွဲလုလိုက်သော်လည်း ကုနင်းသည် အလွယ်တကူပင် ရှောင်ရှားလိုက်သည်။

ချီကျီယွဲ့သည် သူမကို မတားနိုင်သောကြောင့် အသံများသည် စပီကာမှ ကျယ်လောင်စွာပင် ထွက်ပေါ်နေသည်။ “ပြီးသွားတာနဲ့ သူ့ကို ကွာရှင်းပြီး မင်းကို လက်ထပ်မှာပါ။”

ကုနင်းသည် ချီကျီယွဲ့ကို ပြုံးကြည့်လိုက်ရင်း စိတ်ဓာတ်ပြိုလဲနေပုံကို ရှုစားနေလိုက်သည်။

ချီကျီယွဲ့သည် ကုနင်းကို စိုက်ကြည့်နေပြီး အမှုန့်ပင် ကြိတ်ချင်နေလေသည်။ သူသည် တစ်ခုခုပြေးလုပ်လိုက်ချင်သော်လည်း ကုနင်းကို မနိုင်နိုင်မှန်း သိနေလေသည်။

“ချီကျီယွဲ့.. မင်း…” ထန်ပင်းစန်သည် ချီကျီယွဲ့ကို လက်ညိုးထိုးပြီး ဒေါသထွက်နေသောကြောင့် အသားများပင် တဆတ်ဆတ်တုန်နေလေသည်။

ထန်ပင်းစန်သည် ချီကျီယွဲ့ကို သူတို့မိသားစုအား မည်သည့်အတွက်ကြောင့် လက်စားချေချင်နေကြောင်းကို မေး‌ချင်နေသော်လည်း မမေးနိုင်ပေ။ ထန်ပင်းစန်သည် သူ့တွင် ရန်သူပေါများကြောင်းကို သိထားသောကြောင့် ထိုထဲတွင် ချီကျီယွဲ့လည်း အပါအ၀င်ဖြစ်နေကြောင်းကို မအံ့ဩမိတော့ပါချေ။

ထန်ယရှင်းသည် အသံများကို နားထောင်ပြီး ကြက်သေသေနေလေသည်။ သူမသည် ချီကျီယွဲ့မှာ သူမကို လက်ထပ်ပြီး တစ်ချိန်ချိန်တွင် ကွာရှင်း‌မည်ဟု မတွေးခဲ့မိပါချေ။

ဖောက်ပြန်ခဲ့သော အဖြစ်ကပင် တော်သေးပေသည်။ သူမလည်း ဖောက်ပြန်ခဲ့သူမဟုတ်ပါလား။ အကယ်၍သာ သူသည် ထပ်မဖောက်ပြန်တော့ဖို့ ကတိပေးမည်ဆိုလျှင် သူမသည် ခွင့်လွှတ်ပေးပြီး ပျော်ရွှင်စွာ လက်ထပ်ဦးမည် ဖြစ်သည်။ သူတို့တွင် လက်ထပ်စာချုပ်လည်းရှိထားပြီး သူမသည်လည်း သူ့ကို တကယ်ချစ်သော်လည်း ယခုတော့ အရာအားလုံးပျက်စီးပြီပင်။

“ချီကျီယွဲ့.. လူယုတ်မာ.. ငါတို့ ယရှင်း ကို ဘယ်လို‌တောင်လုပ်ရက်ရတာလဲ။” ကျီယီကျင်းသည် ရူးမတတ်ဒေါသထွက်နေပြီး ချီကျီယွဲ့ကို ရိုက်နှက်နေလေသည်။

ချီကျီယွဲ့သည် ကျီယီကျင်းနှင့် ပြိုင်ရန်ဖြစ်ရန်ပင် အားမရှိတော့သလို ဖြစ်နေပြီး မရှောင်ဖြစ်တော့ပါချေ။

ကျီယီကျင်းသည် ချွန်ထက်သော လက်သည်းများနှင့်လည်း သူ့မျက်နှာကို ကုတ်နေသောကြောင့် နာကျင်ခံစားနေရလေသည်။ သူသည် ပြန်ရန်မဖြစ်ပဲ ရှောင်နေလိုက်သည်။

ထန်ယရှင်းသည် ဖြစ်လာသောအကြောင်းများကို လက်မခံနိုင်ဖြစ်နေပြီး လဲကျသွားတော့သည်။

“ယရှင်း!” ကျီယီကျင်းသည် ထန်ယရှင်းဆီသို့ ပြေးသွားပြီး ချီကျီယွဲ့ကို ထားခဲ့လိုက်သည်။

ထန်ပင်းစန်သည် ဒေါသထွက်နေသော်လည်း သူ၏ သမီးကိုတော့ ပစ်ထား၍ မရသောကြောင့် ဆေးရုံကား‌ကို ချက်ချင်းခေါ်လိုက်သည်။

ထို့နောက် အမိန့်ပေးလိုက်သည်။ “ချီကျီယွဲ့ကို အခုချက်ချင်း ဖမ်းပြီး မောင်းထုတ်လိုက်ကြ။” ချီကျီယွဲ့ တစ်ခုခု ပြောလာနိုင်သေးသည် မဟုတ်ပါလား။

သူသည် ချီကျီယွဲ့ကို လွှတ်ထားလို့လည်း မရတော့ပါချေ။ မည်သို့ပင် ဖြစ်စေ သူသည် ချီကျီယွဲ့ကို မယုံတော့ပါပေ။

သူသည် ချီကျီယွဲ့တစ်ယောက် သူတို့ ကုမ္ပဏီကို အကျိုးယုတ်စေရန် ဘာမှမလုပ်ထားမှန်း သိသော်လည်း ဂရုတော့စိုက်ရပေမည်။ သူသည် အခြေအနေများ ပိုဆိုးမည်စိုးသောကြောင့် ချီကျီယွဲ့ကိုလည်း မသတ်ရဲပါချေ။ သို့သော် သူသည် ချီကျီယွဲ့ကိုတော့ အသက်ရှိနေသေးသရွေ့ တစ်နည်းမဟုတ်တစ်နည်း ဒုက္ခပေးတော့မည်ပင်။

ကိုယ်ရံတော်နှစ်ယောက်သည် ချက်ချင်းပင် ချီကျီယွဲ့ကို ဖမ်းလိုက်ကြသည်။

ချီကျီယွဲ့သည် ယခုလို လျှို့ဝှက်ချက်များ ပေါ်ပြီးနောက် ထန်ပင်းစန်သာ သူ့ကိုဖမ်းမိလိုက်လျှင် အကြောင်းမလှနိုင်မည်ကို သိသောကြောင့် ထွက်ပြေးလိုက်သည်။

သူသာ ထွက်ပြေးနိုင်လျှင် ကံကောင်းနိုင်သေးသည် မဟုတ်ပါလား။

သာမာန်လူများနှင့် ယှဉ်လျှင် ချီကျီယွဲ့သည် တိုက်ရည်ခိုက်ရည် ရှိသောကြောင့် သူသည် လူအုပ်ကြားထဲတွင် ပုန်းကွယ်ပြီး ထွက်ပြေးလွတ်မြောက်သွားသည်။

ထိုနေရာတွင် ဧည့်သည်များစွာ ရှိနေသော်လည်း ထိုအရှုပ်ထုပ်များတွင် ၀င်မပါချင်သောကြောင့် ထန်ပင်းစန်ကို မည်သူမှ ကူမဖမ်းပေးကြပါချေ။ ကိုယ်ရံတော်များသည်လည်း မဆိုင်သော ဧည့်သည်များကို မထိခိုက်စေချင်သောကြောင့် ညင်သာစွာပင် လမ်းဖယ်နေရလေသည်။

ထန်ပင်းစန်သည် မကျေမနပ်ဖြစ်နေသော်လည်း ဧည့်သည်များကို အပြစ်တင်လို့မရပါချေ။

ကုနင်းသည်လည်း ချီကျီယွဲ့ကို ထွက်ပြေးလွတ်မြောက်စေချင်သောကြောင့် လိုက်မတားလိုက်ပါချေ။

သူမ၏ လာရခြင်း ရည်ရွယ်ချက်လည်း ပြည့်မြောက်သွားပြီမို့ သူမလည်း ပြန်ရတော့မည်ပင်။

ထန်ပင်းစန်သည် ချီကျီယွဲ့ကို လွတ်သွားပြီးနောက် ကုနင်းကိုပါ လိုက်ရှာကြည့်ရာ သူမလည်း ပျောက်သွားပြီ ဖြစ်သောကြောင့် ဒေါသထွက်သွားသည်။

သူသည် “ဟိုမိန်းမကို ပြန်ခေါ်လာခဲ့ကြစမ်း။” ဟု အော်ပြောလိုက်သော်လည်း အသုံးမ၀င်တော့ပါချေ။ ကုနင်းသည် ပျောက်ချင်းမလှ ပျောက်သွားပြီဖြစ်ပြီး သူမကို မည်သူမျှ မဖမ်းလိုက်နိုင်ပါချေ။

ထန်ပင်းစန်သည် သူမကို ဖမ်းရန် ခက်ခဲမည်ကို သိသော်လည်း အမြန်ဆုံးဖမ်းရမည် ဖြစ်သည်။ သူမကို မဖမ်းနိုင်ပါက သူ့မိသားစု သိက္ခာကို ထပ်ချနိုင်သေးမည် မဟုတ်ပါလား။

ချီကျီယွဲ့ကိုတော့ ထန်ပင်းစန်သည် အလွယ်ဖမ်းနိုင်မည်ဟု တွက်လိုက်သည်။ ကုနင်းလောက်ခက်ခဲနိုင်မည် မဟုတ်ချေ။

***

အခန်း ၁၄၈၂ အံ့ဩဖွယ် ကောလဟာလ

ထန်ပင်းစန်သည် ဧည့်သည်များကို နှုတ်ပင် မဆက်နိုင်တော့သောကြောင့် လက်အောက်ငယ်သားများကိုပင် ခိုင်းစေလိုက်ရသည်။

ထန်မိသားစုဝင်တစ်ယောက်အနေဖြင့် ထန်ချင်းယန်သည် မပြန်အားသေးပဲ ဆွေမျိုးများကို နှစ်သိမ့်ပေးနေရသည်။

“ငါ့ အိမ်မှာ ဒီညဂုဏ်ပြုပွဲ လုပ်ရအောင်။” စုန့်နန်သည် ထန်ချင်းယန်ကို မပြန်ခင် ပြောလိုက်သည်။

ထန်ချင်းယန်၏ အစီအစဉ်အတိုင်း မဖြစ်နေသေးသော်လည်း သူတို့သည် ထန်ပင်းစန် တစ်ယောက် လူပုံအလယ်တွင် အရှက်ရနေသည်ကို ပျော်ရွှင်နေကြသည်။

“ကောင်းပြီလေ။” ထန်ချင်းယန်ကလည်း သဘောတူလိုက်သည်။

ထန်ပင်းကျန်း မိသားစုကတော့ နေခဲ့လိုက်ကြသည်။

ထန်ပင်းကျန်းသည် ဧည့်သည်များပြန်သွားသောအခါ ထန်ပင်းစန်ဆီသို့လျှောက်သွားလိုက်ပြီး “ပင်းစန်.. စိတ်မပူပါနဲ့.. သူတို့ကို ရှာနိုင်မှာပါ” ဟု ပြောလိုက်သည်။

ထန်ပင်းကျန်းသည် ကုနင်းအကြောင်း ကောင်းကောင်း မသိသောကြောင့် ထန်မိသားစုသည် သူမနှင့် ချီကျီယွဲ့ကို လွယ်ကူစွာ ရှာနိုင်မည်ဟု ထင်နေခြင်းပင်။ သို့သော် ထန်ပင်းစန်ကတော့ ကုနင်းသည် သာမာန်မိန်းကလေး မဟုတ်သောကြောင့် လွယ်ကူမည် မဟုတ်မှန်း သိလေသည်။

ထန်ပင်းကျန်းသည် သူတိူ့၏ အရှုပ်ထုပ်များကိုလည်း မသိထားသောကြောင့် ထန်ပင်းစန်သည် ထွေထွေထူးထူး ရှင်းပြမနေတော့ပါချေ။

ထန်ပင်းစန်သည် အလွန်ဒေါသထွက်နေသော်လည်း ထန်ပင်းကျန်း ရှေ့တွင် ထုတ်မပြတော့ပဲ မိသားစု၀င်များကို စောပြန်ဖို့ ပြောလိုက်သည်။

ထန်ပင်းကျန်းသည်လည်း သူ့စကားကို နားထောင်လိုက်ပြီး သူ့မိသားစုနှင့် ပြန်သွားလိုက်သည်။ ထန်ချင်းယန်သည်လည်း ပြန်သွားလိုက်သည်။

…

ချီကျီယွဲ့သည် ကားပါကင်ဆီသို့ ပြေးသွားကာ သူ့ကားပေါ်တက်ပြီး မောင်းပြေးသွားသည်။

သူ့ကို လိုက်နေသော ကိုယ်ရံတော်များသည်လည်း ကားဖြင့် လိုက်နေကြသည်။

ကုနင်းကတော့ သူမထွက်သွားသည်ကို မည်သူမျှ သတိမထားမိလိုက်သောကြောင့် တက္ကစီသာ ငှားပြန်လိုက်သည်။

သူမ၏ လက်စားချေခြင်းသည် အစပင်ရှိသေးသော်လည်း သူမသည် စိတ်ကျေနပ်နေလေသည်။ သူမသည် ကေကို မက်ဆေ့ချ်ပို့လိုက်ပြီး ချီကျီယွဲ့ကို ခြေရာခံခိုင်းလိုက်သည်။

သူမသည် ချီကျီယွဲ့ နောက်ကိုတော့ မလိုက်သေးဖို့စဉ်းစားထားသော်လည်း သူရှိနေသောနေရာကို ကေ ရှာတွေ့ပြီးမှသာ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမသည် ထန်ယရှင်းကို ခေါ်သွားသော ဆေးရုံကို စုံစမ်းလိုက်သည်။

ကုနင်း သည် ကေအား ဓာတ်ပုံများကို အင်တာနက်တွင် တင်ဖို့ ပြောလိုက်သည်။ သတင်းထောက်များက တင်သည် ဖြစ်စေ၊ မတင်သည်ဖြစ်စေ သူမကတော့ သတင်းများကို ပြန့်အောင် လုပ်မည်ပင်။

ကေသည် အဆင့်မြင့် ဟက်ကာဖြစ်သောကြောင့် ထန်ပင်းစန်သည် သူ့ကို ရှာဖွေနိုင်မည် မဟုတ်ပါချေ။

သူတို့သည် သတင်းကို အကြီးကြီးဖြစ်အောင်လုပ်ရမည် ဖြစ်သောကြောင့် ကေသည် ပုံများကို အင်တာနက်တွင် ဒီတိုင်း မတင်လိုက်ပေ။ သူသည် ဆိုရှယ်မီဒီယာတွင် ဟော့အဖြစ်ဆုံး သတင်းတစ်ခုအဖြစ် ဖန်တီးရမည်ဖြစ်သည်။ အင်တာနက်သုံးသူများသည် ကောလဟာလများကို စိတ်၀င်စားကြသောကြောင့် ချက်ချင်းနာမည်ကြီးသွားမှာ အမှန်ပင်။

[သတင်းခေါင်းစဉ်: ထန်မိသားစု၏ မင်္ဂလာပွဲနှင့် ပတ်သက်၍ ကောလဟာလ ဖြစ်နေခြင်း။ သတို့သား သတို့သမီးတို့၏ အိပ်ယာထက်မှ ပုံရိပ်များ ပျံ့နှံ့လျက်ရှိ။]

ချီကျီယွဲ့နှင့် ထန်ယရှင်းတို့၏ အခြားသူများနှင့် ပျော်ပါးနေသော ဓာတ်ပုံများကို ထည့်ထားသော်လည်း အချို့နေရာများကိုတော့ ဝါးထား‌လိုက်သည်။ သတင်းခေါင်းစဉ်တွင်တော့ ချီကျီယွဲ့နှင့် ထန်ယရှင်း၏ ယနေ့ကျင်းပသော မင်္ဂလာပွဲအကြောင်းနှင့် စထားလိုက်သည်။

ထန်မိသားစုသည် အရှိန်အဝါကြီးသောကြောင့် နာမည်ကြီးများသည် ထိုသတင်းကို Weibo တွင် ပြန်တင် လိုက်ကြသည်။

ခဏတွင်းချင်းမှာပင် ထိုသတင်းသည် Weibo တွင် နာမည်အကြီးဆုံး ဖြစ်သွားသည်။ အင်တာနက်သုံးသူများသည် ထိုသတင်းကို အလွန်ပင် စိတ်၀င်စားနေကြသည်။

“အမလေး ဘုရားရေ”

“ရွံဖို့ကောင်းလိုက်တာ”

“ငါအခု အစားစားနေတာတောင် စားချင်စိတ်ပျောက်သွားတယ်။”

“သူတို့က ဖောက်ပြန်နေကြတာဆိုတော့ တကယ်မချစ်ကြဘူးပေါ့။”

“ဘာလို့များ လက်ထပ်ကြသေးလဲ။”

“ပိုက်ဆံကြောင့်ပဲ ဖြစ်မှာပေါ့။”

“သူတို့လောကကို နားကို မလည်နိုင်တော့ဘူး။”

“…”

သတင်းကို ဖတ်ပြီးနောက်တွင် အင်တာနက် သုံးသူများသည် ချီကျီယွဲ့၏ ရည်ရွယ်ချက်အကြောင်းကို ဝေဖန်နေကြသည်။

“ချီကျီယွဲ့က ထန်ယရှင်းကို ထန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို အပိုင်ကြံဖို့နဲ့ လက်စားချေဖို့ ယူတာပေါ့။”

“အရှက်မရှိလိုက်တာ။”

“တကယ်လူယုတ်မာပဲ.. ကိုယ့်လက်တွဲဖော်ကိုလည်း သစ္စာမရှိဘူး.. ဒါတောင် ထန်ယရှင်းက ယူချင်နေသေးတယ်”

“သူလည်း ဖောက်ပြန်တယ်ထင်တယ်။”

“သူတို့နှစ်ယောက်လုံး သစ္စာမရှိကြတာပေါ့။”

“အခုခေတ်မှာ သစ္စာရှိတဲ့သူ ရှားသွားပြီ။”

“…”

အင်တာနက်အသုံးပြုသူ အချို့ကတော့ “ထန်အိုက်နင်း” ကို သတိထားမိကြသည်။

“ဝိုး ထန်ပင်းစန် မှာနောက်သမီးတစ်ယောက် ရှိတာပဲ။”

“သူက သမီးကြီးဆိုရင် ဘာလို့ ထုတ်မပြတာလဲ မသိဘူး။”

“လူတိုင်းက ထန်ယရှင်းကို ထန်မိသားစုရဲ့ အမွေဆက်ခံသူလို့ပဲ သိထားကြတာ.. အခုတော့ ရှုပ်ကုန်ပြီ။”

All Chapters