← Chapters

အခန်း (၁၄၈၉-၁၄၉၄)

Vol. 95 Ch. 1489-1494

အခန်း (၁၄၈၉-၁၄၉၄)

Vol. 95 Ch. 1489-1494

အခန်း ၁၄၈၉ ယောင်္ကျားဝါဒီ

ရှန်ပိုင်ရှန်းသည် ယောင်္ကျားဝါဒီစိုးမိုးနေသူ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူပိုင်ဆိုင်သော အမျိုးသမီးသည် မည်မျှပင် အရှိန်အဝါကြီးသော မိသားစုမှ ဖြစ်ပါစေ သူ့စကားကို နားထောင်ရမည်ဟု အစွဲရှိနေသူ ဖြစ်သည်။ သို့သော် ရှုချင်ယင်းသည် သူပိုင်ဆိုင်သော အမျိုးသမီး မဟုတ်သောကြောင့် သူ၏ အလိုမကျမှုကို ထုတ်ဖော်၍ မရနိုင် ဖြစ်နေလေသည်။

“ပိုင်ရှန်း.. ရှင်ဘာလို့ သူ့ကို ယဉ်ကျေးပြနေတာလဲ.. သူက ဒီလောက် ရိုင်းနေတာကို။” လော့ရွှယ်ရှန်း မကျေမနပ် ပြောလိုက်သည်။

“ပါးစပ်ပိတ်ထား” ရှန်ပိုင်ရှန်းသည် လော့ရွှယ်ရှန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ သူသည် ဒေါသကို ပုံချချင်နေခြင်း ဖြစ်ပြီး လော့ရွှယ်ရှန်းအား သူနှင့် ရှုချင်ယင်းတို့ အဆင်မပြေ ဖြစ်ရခြင်းကို သူမကြောင့်ဟု အပြစ်တင်ချင်လေသည်။ သို့သော် ရှန်ပိုင်ရှန်းသည် လော့ရွှယ်ရှန်းကို အရံအနေနှင့်လည်း ထားထားသောကြောင့် ဒေါသကို မျိုသိပ်နေရသည်။

လော့ရွှယ်ရှန်း၏ မိသားစုသည် သာမာန်မိသားစုဖြစ်သော်လည်း ပြည်သူ့ကောလိပ်တွင် ရာထူးတစ်ခု ရှိထားသောကြောင့် သူ့ကို အကူအညီ ဖြစ်စေနိုင်သည်ပင်။ သို့သော် ရှန်ပိုင်ရှန်းသည် အရှိန်အဝါကြီးသော မိသားစုမှ အခြားမိန်းကလေးတစ်ယောက်နှင့် ထပ်တွေ့လျှင်လည်း လက်ထပ်နိုင်ဖို့ ကြိုးစားဦးမည် ဖြစ်သည်။

လော့ရွှယ်ရှန်းသည် ရှန်ပိုင်ရှန်းက သူမကို အော်လိုက်သောကြောင့် မကျေမနပ် ဖြစ်သွားသည်။

“ရှုချင်ယင်းရဲ့ မိသားစုက သာမာန်မဟုတ်ဘူး.. သူနဲ့ ဆက်ဆံရေးကောင်း ရထားရင် ငါတို့အတွက် အကျိုးအမြတ် အများကြီးရမှာ.. ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းမိဘတွေ အလုပ်ပြုတ်သွားအောင်တောင် သူလုပ်နိုင်စွမ်းရှိတယ် နားလည်လား။” ရှန်ပိုင်ရှန်းက ပြောလိုက်သည်။

လော့ရွှယ်ရှန်းသည် အလွန်အံ့အားသင့်သွားပြီး ရှန်ပိုင်ရှန်းကို ဘာမှ ပြန်မပြောရဲတော့ပါချေ။ ရှန်ပိုင်ရှန်းသည် ရှုချင်ယင်း မိသားစုနှင့် ပတ်သက်၍ အသေးစိတ် မပြောလိုက်သော်လည်း အတည်ပြောနေမှန်းတော့ သိလိုက်သည်။

သူမသည် ရှုချင်ယင်း မိသားစုကို သူမထက် ပိုနိမ့်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ တကယ်တော့ ရှုချင်ယင်းသည် လူအများ သတိထားမခံချင်သောကြောင့် တိတ်တဆိတ်လျှိုနေခဲ့ခြင်း ဖြစ်သည်။

“သူ့မိသားစုက ဘာမို့လို့လဲ။” လော့ရွှယ်ရှန်းက မေးလိုက်သည်။

“အခုတော့ မပြောပြနိုင်သေးဘူး.. ဒါပေမယ့် သူ့ကို သွားပြဿနာ မရှာတာကောင်းလိမ့်မယ်.. ငါလည်း သူနဲ့ ပြဿနာ မဖြစ်ချင်ဘူး.. အခုတော့ အထဲ၀င်ရအောင်။” ရှန်ပိုင်ရှန်းသည် ဘာမှပင် ဆက်မပြောချင်တော့ပါချေ။

သူတို့သည်လည်း စုန့်နန်၏ ဘားထဲသို့ ၀င်လိုက်ကြသည်။

လော့ရွှယ်ရှန်းသည် ရှန်ပိုင်ရှန်းသည်ပင် ရှုချင်ယင်း၏ မိသားစုကို ကြောက်ရသည်ဟု ပြောထားသောကြောင့် စိတ်မသက်မသာ ဖြစ်နေလေသည်။ ပိုဆိုးသည်မှာ ရှန်ပိုင်ရှန်းသည် ရှုချင်ယင်း၏ မိသားစုအကြောင်း သိထားသောကြောင့် သူမကို ရွေးချယ်တော့မည် မဟုတ်ခြင်းပင်။

ရှုချင်ယင်းသည် သူမထက် လှပြီး အမှန်ပင် ရှန်ပိုင်ရှန်း၏ အကြိုက်ဖြစ်ပေသည်။

ထို့ကြောင့် လော့ရွှယ်ရှန်းသည် စိုးရိမ်နေလေသည်။

ထိုဖြစ်စဉ်များ အစအဆုံးတွင် ရှန်ပိုင်ရှန်း၏ အခြား သူငယ်ချင်းများသည် ဆိတ်ဆိတ်ပင် နေနေကြသည်။

လော့ရွှယ်ရှန်းသည် ရှန်ပိုင်ရှန်းကို ကြိုက်နေကြောင်းကို အားလုံးသိကြသော်လည်း ရှန်ပိုင်ရှန်းသည် အမြင့်မှန်းသူ ဖြစ်သည်။ သို့သော် ရှုချင်ယင်းကတော့ ရှန်ပိုင်ရှန်းကို မကြိုက်ပါချေ။ သူတို့သည် မည်သို့မှ အကြောင်းဖန်လာစရာ အကြောင်း မရှိပေ။

ရှန်ပိုင်ရှန်း ၏ သူငယ်ချင်းများသည် သူ့အကြောင်းကို အသိကြဆုံး ဖြစ်သောကြောင့် သူ၏ အတ္တကို ကောင်းကောင်း သဘောပေါက်ကြလေသည်။

ရှုချင်ယင်းသည် ရှန်ပိုင်ရှန်းကို ပြန်မကြိုက်ခြင်းမှာ သူ၏ ရည်ရွယ်ချက်ကို သိထားသောကြောင့် ဖြစ်နိုင်သလို ရှန်ပိုင်ရှန်း၏ စိတ်ဓာတ်ကြောင့်လည်း ဖြစ်နိုင်ပေသည်။

…

အချိန်သည် စောနေဆဲ ဖြစ်သောကြောင့် ဘားထဲတွင် လူများများစားစား မရှိသေးပေ။ ထို့ကြောင့် ထန်ချင်းယန်သည် ခန်းမထဲတွင် စားပွဲတစ်ခုကို ဘိုကင် တင်ထားလိုက်သည်။

ရှန်ပိုင်ရှန်းသည် သူ့သူငယ်ချင်းများနှင့် ဘားထဲ၀င်လာသောအခါ ရှုချင်ယင်းကို အခြားယောင်္ကျားလေး နှစ်ယောက်နှင့် တွေ့လိုက်‌ရသောကြောင့် ဒေါသထပ်ထွက်သွားကာ စနိုးစနောင့်လည်း ဖြစ်သွားသည်။

သူသိသလောက်ဆိုလျှင် ရှုချင်ယင်းသည် တွဲနေသူမရှိသေးသော်လည်း သူမပုံစံ အနေအထားနှင့်ဆိုလျှင် အချိန်မရွေး ချစ်သူ ရနိုင်သည်ပင်။ ထို့ကြောင့် သူသည် ရှုချင်ယင်းတစ်ယောက် ရည်းစားမရခင် လက်ဦးမှု ရယူထားရပေမည်။

ရှန်ပိုင်ရှန်း၏ မိန်းကလေး သူငယ်ချင်းတစ်ယောက်သည် ရုတ်တရတ် “ဟိုမှာ ထိုင်နေတာ သခင်လေးထန်မလား.. သူက သခင်လေးထန်နဲ့ မိတ်ဆွေတွေဆိုရင် သူ့မိသားစုက တော်ရုံတော့ မဟုတ်ဘူးထင်တယ်။” ဟု ထပြောလိုက်သည်။

ထန်ချင်းယန်သည် သာမာန်မိသားစုမှ သူများနှင့်လည်း သူငယ်ချင်း ဖြစ်သော်လည်း သူ့သူငယ်ချင်း အများစုမှာ သူနှင့် အဆင့်အတန်း တူသူများ ဖြစ်သည်။

ရှန်ပိုင်ရှန်း၏ အခြားသူငယ်ချင်းများသည်လည်း အံ့ဩသွားကြသည်။

“သခင်လေးထန်.. သူကဘယ်သူလဲ။” လော့ရွှယ်ရှန်း က မေးလိုက်သည်။

“ထန်အဖွဲ့အစည်းရဲ့ အဓိကရှယ်ယာရှင်ပေါ့.. သူက ယွမ်ဘီလီယံနဲ့ ချီပြီး ချမ်းသာတယ်လေ။” မိန်းကလေးတစ်ယောက်က ၀င်ပြောလိုက်သည်။ သူသည်လည်း ထန်ချင်းယန်ကို ငယ်ရွယ်သော စီးပွားရေးလုပ်ငန်းရှင်ဖြစ်သောကြောင့် သဘောကျသော်လည်း ဘ၀ကပေးသည့် အသိစိတ်တော့ ရှိသည်ပင်။

ချမ်းသာသော သူဌေးတစ်ယောက်သည် ဆင်းရဲသော မိန်းကလေးတစ်ယောက်ကို လက်ထပ်သည့် အဖြစ်မျိုး ရှိသည်ဆိုသော်လည်း ကြုံတောင့်ကြုံခဲဖြစ်သည်။ ထိုမိန်းကလေးသည်လည်း တစ်ခုခုကတော့ ထူးခြားမြဲဖြစ်သည်။

ပြောလိုက်သော မိန်းကလေးသည် ထန်ချင်းယန်ကိုသူမ၏ ချမ်းသာသော မိတ်ဆွေတစ်ယောက်၏ ဖိတ်ခေါ်မှုဖြင့် အဆင့်မြင့်သူများ တွေ့ကြသော ပါတီပွဲတစ်ခုတွင် တွေ့ဖူးခြင်း ဖြစ်သည်။ သို့သော်သူမသည် သူတို့အနားသို့ ချဉ်းကပ်၍ပင် မရခဲ့ပါချေ။

ရှန်ပိုင်ရှန်းမှလွဲ၍ ကျန်သူအားလုံး အံ့ဩသွားကြလေသည်။

***

အခန်း ၁၄၉၀ နှလုံးသားအလိုကိုလိုက်ခြင်း

သူသည် ထန်အဖွဲ့အစည်းနှင့် သက်ဆိုင်နေသည်ဆိုပါက တကယ်ကိုပင် သာမာန် မဟုတ်သူ ဖြစ်သည်။

လော့ရွှယ်ရှန်းသည်လည်း ထန်ချင်းယန်သည် ထန်အဖွဲ့အစည်း၏ အဓိကရှယ်ယာရှင်မှန်း သိလိုက်ရသောအခါ အလွန် အံ့ဩသွားသည်။ သူမသည် ရှုချင်ယင်းကိုလည်း အလွန်ပင် မနာလို ဖြစ်မိလေသည်။ သူမသည်သာ ချမ်းသာသော မိသားစုမှ မွေးဖွားလာပါက ချမ်းသာသော အသိုင်းအဝိုင်းနှင့် မိတ်ဆွေ ဖြစ်နိုင်မည်ပင်။

လော့ရွှယ်ရှန်း၏မိသားစုသည် သာမာန်မိသားစုများထက်တော့ သာသော်လည်း ရှန်ပိုင်ရှန်းသည် စိတ်တိုင်းမကျသေးပါချေ။

လော့ရွှယ်ရှန်းသည်လည်း ရှန်ပိုင်ရှန်းကို သဘောကျခြင်းမှာ သူသည် အရည်အချင်းရှိသူ တစ်ဦးဖြစ်သလို သူ့မိသားစုကလည်း သာမာန်မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် ရှန်ပိုင်ရှန်း၏ မိသားစုသည် သာမာန်ဆိုလျှင်တောင် သူမသည် တန်းတန်းစွဲလောက် မဖြစ်လည်း ကြိုက်တော့ ကြိုက်ဦးမည်ပင်။

လူများသည် လက်တွေ့ကျသူများသာ ဖြစ်ကြသည်။

“သခင်လေးထန်နဲ့ သိတယ်ဆိုတိုင်း သူလည်း ချမ်းသာတယ်လို့တော့ ပြောလို့မရနိုင်ပါဘူး။” လော့ရွှယ်ရှန်း မနာလိုစွာ ပြောလိုက်သည်။

ရှန်ပိုင်ရှန်းသည် စိတ်တိုသွားပြီး အသံကိုနှိမ့်လိုက်ကာ “ဘယ်လိုပဲ ဖြစ်ဖြစ် သူ့မိသားစုက အရမ်း အရှိန်အဝါကြီးတာမို့လို့ ငါတို့က သူနဲ့ ယှဉ်လို့မရဘူးဆိုတာ သိထား။” ဟု ပြောလိုက်သည်။

မြို့တော်တွင် အလွန်ချမ်းသာသော မိသားစု များစွာ ရှိသောကြောင့် ရှုချင်ယင်း၏ မိသားစုသည် အထင်ကရ ရှုမိသားစု ဟုတ်မဟုတ် မသေချာနေခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူသည် မယုံနိုင် ဖြစ်နေလေသည်။

လော့ရွှယ်ရှန်းသည် ရှန်ပိုင်ရှန်းက ရှုချင်ယင်းဘက်က ပြောနေပြန်သောကြောင့် ဘာမှထပ်မပြောရဲတော့ပါချေ။ သူမသည် ရှုချင်ယင်းကို မနာလို ဖြစ်နေခြင်းသာ ဖြစ်သည်။

“အိုး ဒါနဲ့ ထန်မိသားစုနဲ့ ပတ်သတ်တဲ့ ကောလဟာလ တစ်ခုကြားခဲ့တယ်.. ထန်အဖွဲ့အစည်း ဥက္ကဌရဲ့ သမီးက ဒီနေ့ မင်္ဂလာဆောင်တာကို ထူးဆန်းတဲ့ မိန်းမတစ်ယောက်က သူတို့ရဲ့ အိပ်ယာပေါ်က ကိုယ်လုံးတီးပုံတွေနဲ့ ရောက်ချလာတယ်တဲ့.. သူတို့ နှစ်ယောက်လုံးက တခြားသူတွေနဲ့ ပျော်ပါးပြီး သစ္စာဖောက်နေခဲ့တာတဲ့။” ရှန်ပိုင်ရှန်း၏ ယောင်္ကျားလေး သူငယ်ချင်းတစ်ယောက်က ပြောလိုက်သည်။

“ငါလည်း အဲဒီသတင်းကြားလိုက်တယ်.. အဲဒီကောလဟာလက ထန်အဖွဲ့အစည်းကို အနည်းနဲ့ အများတော့ ထိခိုက်နိုင်တယ်ဆိုပေမယ့် သခင်လေးထန်ကိုတော့ မထိခိုက်နိုင်လောက်ပါဘူး။” အမျိုးသမီးတစ်ယောက်က ထန်ချင်းယန်ကို ကာကွယ်ပြောဆိုလိုက်သည်။

သူမသည် ထန်ချင်းယန်မှာ အခြားသော သူဌေးသူကြွယ်များနှင့် မတူပဲ ထူးခြားသည်ကို သိသောကြောင့် ထိုသို့ပြောလိုက်ခြင်း ဖြစ်သည်။

သူဌေးအများစုသည် မိန်းမများကို အ၀တ်အစားလဲသကဲ့သို့ ထည်လဲတွဲတတ်ကြသည်။ ထန်ချင်းယန်ကတော့ ယခုထိ လူလွတ်ဖြစ်ကာ မည်သည့်မိန်းကလေးနှင့်မျှ အရှုပ်အရှင်း မရှိပါချေ။

အချို့သော ချမ်းသာသည့် မိန်းကလေးများက လာကပ်လျှင်တောင် သူသည် ခပ်ကင်းကင်းနေခဲ့သူပင်။

ထို့ကြောင့် အချို့သူများသည် ထန်ချင်းယန်အား မိန်းမ မကြိုက်တတ်သူဟူ၍ပင် စော်ကားအပုတ်ချကြလေသည်။ သို့သော် မဖြစ်နိုင်သည့်အရာ ဖြစ်သောကြောင့် မည်သူမျှတော့ မယုံကြပါချေ။

“ငါကလည်း သခင်လေးထန်ကို ဘာမှမပြောပါဘူး.. ထန်အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ကောလဟာလကိုပဲ ပြောပြတာပါ.. အကဲပိုမနေစမ်းပါနဲ့။” သူသည်လည်း ထိုကောလဟာလသည် ထန်အဖွဲ့အစည်းကို များစွာ အကျိုးသက်ရောက်သွားမည်ဟု မထင်ပါချေ။

ထန်ယရှင်းသည်သာ ထိုသတင်း၏ အဓိကဇာတ်ဆောင် ဖြစ်နေသောကြောင့် ထန်ချင်းယန်မှာ အနေသာကြီးပင် ဖြစ်သည်။

…

ထန်ချင်းယန်သည် ရှုချင်ယင်း လာသည်ကို တွေ့သောအခါ စိတ်လှုပ်ရှားနေသော်လည်း သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းလိုက်သည်။

ရှုချင်ယင်းကတော့ ထန်ချင်းယန်၏ အတွေးများကို မသိသောကြောင့် သူ့ဘေးနားတွင်ပင် တန်းသွားထိုင်လိုက်သည်။ ထန်ချင်းယန် ရင်ခုန်သံများ မြန်နေလေသည်။

“ကုနင်း ဘယ်မှာလဲ။” ရှုချင်ယင်းက မေးလိုက်သည်။

“ဪ သူက ကိစ္စတစ်ခု ရှိလို့တဲ့.. ၁၀ နာရီမတိုင်ခင် ရောက်မယ်လို့တော့ ပြောတယ်။” ထန်ချင်းယန်က ပြောလိုက်သည်။

“ကောင်းပါတယ်” ရှုချင်ယင်းက ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။ ကုနင်းသည် အလုပ်များတတ်သူမှန်း သူမ သိသည်ပင်။

“ဘာလို့သောက်နေတာလဲ.. ဒဏ်ရာက ကျက်ခါစ ရှိသေးတာမလား။” ရှုချင်ယင်းသည် ထန်ချင်းယန် ရှေ့တွင် ရှိနေသော ခွက်ကိုကြည့်ကာ မကျေမနပ် ပြောလိုက်သည်။

ထန်ချင်းယန်သည် သူမကြောင့် ဒဏ်ရာရထားခြင်း ဖြစ်သောကြောင့် ရှုချင်ယင်းသည် သူ့အတွက် မကြာမကြာ ချက်ပြုတ်ပေးခဲ့သည်ပင်။

ကုနင်း၏ မှော်ဆေးလုံး အစွမ်းကြောင့်သာ ထန်ချင်းယန်သည် နှစ်ရက်အတွင်း ပြန်ကောင်းသွားခြင်း ဖြစ်သည်။ သို့သော် ရှုချင်ယင်းသည် မသိသောကြောင့် သူ့အတွက် ချက်ပြုတ်ပေးနေပြီး သူကလည်း ၀မ်းမြောက်၀မ်းသာ ငြိမ်နေခြင်းပင်။

ရှုချင်ယင်းသည် ဟင်းချက်တော်သူဖြစ်သောကြောင့် ထန်ချင်းယန်သည် သူမ၏ ဟင်းလျာများကို ကြိုက်စပြုနေပြီဖြစ်သည်။ ရှုချင်ယင်းသည်လည်း ထန်ချင်းယန်ကို ဂရုစိုက်ပေးလေရာ ထန်ချင်းယန်သည် သူမ အပေါ် မရိုးသားစိတ်များ ဖြစ်ပေါ်နေကြောင်း သူ့ကိုယ်သူ သတိထားမိနေခြင်းပင်။

သူတစ်ယောက်တည်း ရှိနေချိန်တွင် သူ့စိတ်သည် ရှုချင်ယင်း အကြောင်းသာ တွေးမိနေသည်လေ။

ကျန်းယွေ့ချင်သည် သူ၏ အမူအရာများ ပျက်နေသည်ကို သတိထားမိသောကြောင့် ရှုချင်ယင်းအပေါ် ထားသည့် စိတ်ကို မေးဖူးလေသည်။

ထန်ချင်းယန်သည် သူ့စိတ်သူ မသိခဲ့သောကြောင့် ဖြေရခက်နေခဲ့သည်။ သူသည် ရှုချင်ယင်း၏ ဂရုစိုက်ပေးမှုကို ကျေးဇူးတင်နေခြင်းလား၊ တကယ်ပင် ချစ်သွားခြင်းလား ဝေခွဲမရဖြစ်နေခဲ့သည်ပင်။ ထို့ကြောင့် ထိုမေးခွန်းကို မဖြေနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ထန်ချင်းယန်သည် သူနှင့် ရှုချင်ယင်းကြားတွင် အဆင့်အတန်းကွာနေသည်ဟု ခံစားနေရပြီး သူ့တွင်လည်း လက်စားချေမည့် အစီအစဉ် ရှိနေသည်ပင်။ ထို့ကြောင့်လည်း အချစ်ကို ဦးစားမပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ရှုချင်ယင်းကိုတော့ မေ့မရပါချေ။

ရှုချင်ယင်းကတော့ ထန်ချင်းယန်နှင့် ရှိနေသည့်အတွက် ပျော်ရွှင်နေပြီး ခဏခဏပင် တွေ့ချင်နေလေသည်။ သူမသည် ထန်ချင်းယန်ကို လေးစားသည့်စိတ်ရှိသော်လည်း ချစ်သည့်အဆင့်ထိတော့ မရောက်သေးပါချေ။ သို့သော် သူတို့နှစ်ယောက်လုံးသည် တဖြည်းဖြည်းနှင့် နှလုံးသား၏အလိုကိုသာ လိုက်တော့မည့် သဘော ရှိနေကြသည်။

ကျန်းယွေ့ချင်သည် အားလုံးကို သတိထားမိသော်လည်း ကြား၀င်ရှုပ်ပြီး အတင်းစေ့စပ်ပေးဖို့တော့ စိတ်ကူးမရှိပါချေ။

“ဘာမှမဖြစ်ပါဘူး.. ဒီနေ့ စိတ်တောင်ပျော်နေတော့ နည်းနည်းသောက်မလို့ပါ။” ထန်ချင်းယန်သည် သူ့ကို စိတ်ပူပေးသူ ရှိနေခြင်းကို အပျော်ကြီး ပျော်နေလေသည်။

***

အခန်း ၁၄၉၁ လူအမျိုးမျိုး စိတ်အထွေထွေ

တကယ်တော့ သူ့တွင် သူ့ကို ဂရုစိုက်ပေးသည့် သူငယ်ချင်းများစွာ ရှိသော်လည်း ရှုချင်ယင်းကတော့ သူ့အတွက် ထူးခြားလေသည်။

“ထန်မိသားစု သတင်းကြောင့်လား။” ရှုချင်ယင်းက မေးလိုက်သည်။ သူမသည်လည်း ထိုသတင်းကို ကြားထားပြီး ဖြစ်လေသည်။

ရှုချင်ယင်းသည် ထန်ချင်းယန်နှင့် ထန်မိသားစုကြားမှ ပဋိပက္ခများကို သိထားပြီး ဖြစ်သောကြောင့် သူမသည်လည်း မုန်းတီးလေသည်။

ရှုချင်ယင်းသည် ထိုအဖြစ်များကို မကျေမနပ် ဖြစ်ခဲ့ရသောကြောင့် ထန်မိသားစု သတင်းကြားသောအခါ ၀မ်းသာမိနေခြင်းပင်။

“ဟုတ်တယ်။” ထန်ချင်းယန်က ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။

“ရှင့်ကိုရော ထန်အဖွဲ့အစည်းကိုရော ထိခိုက်စရာတော့ မရှိဘူးမလား။” ရှုချင်ယင်းသည် စိုးရိမ်စိတ်ဖြင့် ထပ်မေးလိုက်သည်။ ထန်ချင်းယန်သည် ထန်အဖွဲ့အစည်း၏ အဓိကရှယ်ယာရှင် ဖြစ်နေသည် မဟုတ်ပါလား။

“မဖြစ်ပါဘူး.. ကျွန်တော် ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။” ထန်ချင်းယန်က ပြောလိုက်သည်။

“တော်သေးတာပေါ့။” ရှုချင်ယင်း စိတ်သက်သာရာ ရသွားသည်။ “ဒီနေ့ စိတ်ပျော်နေတာဆိုတော့ တပျော်တပါး သောက်ကြတာပေါ့။”

ရှုချင်ယင်းကို ဖန်ခွက်ကို ကိုင်လိုက်ပြီး ထန်ချင်းယန် ခွက်နှင့် တိုက်လိုက်သည်။ ထို့နောက် ကိုယ်စီမော့သောက်လိုက်ကြသည်။

ရှုချင်ယင်း ရောက်လာချိန်တွင် ထန်ချင်းယန်သည် အတော်အတန်သောက်ထားပြီး ဖြစ်သော်လည်း သူသည် သူမစကားကို နားထောင်ကာ နည်းနည်းလျှော့သောက်ဖို့ တွေးလိုက်သည်။

ကျန်းယွေ့ချင်ကတော့ သူတို့နှစ်ယောက်ကိုကြည့်ပြီး ကြည်နူးနေကာ မြန်မြန်တွဲစေချင်နေပြီပင်။

…

ရှန်ပိုင်ရှန်းသည် ရှုချင်ယင်းကိုသာ စိုက်ကြည့်နေသောကြောင့် လော့ရွှယ်ရှန်းသည် မပျော်မရွှင် ဖြစ်နေလေသည်။ သို့သော် ရှန်ပိုင်ရှန်း စိတ်ဆိုးမည်ကို စိုးသောကြောင့် ဘာမှ မပြောရဲပါချေ။

သူတို့သည် အနည်းငယ် မူးနေကြပြီး ပျင်းရိငြီးငွေ့နေကြသည်။ ရှန်ပိုင်ရှန်းနှင့် လော့ရွှယ်ရှန်းတို့သည်လည်း စိတ်မကြည်ကြသောကြောင့် သူငယ်ချင်းများသည် သူတို့ကို ထားခဲ့ကာ ဂိမ်းသွားဆော့လိုက်ကြသည်။

ည ၉ နာရီခွဲလောက်တွင် ကုနင်း ရောက်လာပြီး ထန်ချင်းယန်ထံသို့လျှောက်သွားလိုက်သည်။

လော့ရွှယ်ရှန်းသည် ကုနင်း ရောက်လာသည်နှင့် ချက်ချင်း သတိထားမိသွားပြီး အံ့ဩသွားသည်။ ကုနင်းသည် အင်တာနက်တွင် နာမည်ကြီးသူဖြစ်သောကြောင့် သူမ ကောင်းကောင်း သိသည်ပင်။ အတိအကျ ပြောရလျှင် သူမသည် ကုနင်း ဘက်တော်သားလည်း ဖြစ်သည်။ ကုနင်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်နေသူ ဖြစ်သောကြောင့် သူမ၏ အနာဂတ်ကလည်း လှပသူဖြစ်သောကြောင့် ကုနင်းကဲ့သို့ အောင်မြင်ချင်နေလေသည်။ သို့သော် ရှုချင်ယင်းသည် ကုနင်းနှင့်လည်း ရင်းနှီးနေသောအခါ လော့ရွှယ်ရှန်းသည် ရှုချင်ယင်းကို ပို၍ပင် မနာလို ဖြစ်သွားလေသည်။

ရှုချင်ယင်း စိတ်နှင့် လော့ရွှယ်ရှန်းသည် ကုနင်းကိုပင် မုန်းသွားသည်။ သူမ၏ မနာလိုစိတ်မှာ သူမအပေါ် အလွန်စိုးမိုးနေပြီ ဖြစ်သည်။

ကုနင်း ကတော့ မည်သူ့အမြင်ကိုမှ ဂရုမစိုက်ပါချေ။

“နင်းနင်း.. ထန်မိသားစုသတင်းအကြောင်း ကြားပြီးပြီလား” ရှုချင်ယင်းသည် ကုနင်း ထိုင်ထိုင်ချင်းပင် မေးလိုက်သည်။

“ဒါပေါ့။” ကုနင်း က ပြုံးပြီး ပြောလိုက်သည်။

သူမနှင့် ထန်ယရှင်းမှာ ရန်သူများဖြစ်ကြောင်းကို အားလုံးသိကြသည်ပင်။

ရှုချင်ယင်းသည် ကုနင်း၏ အပြုံးကို နားမလည်သော်လည်း ထန်ချင်းယန်ကတော့ နားလည်လေသည်။ ကုနင်း၏ လက်စားချေမှုပင် မဟုတ်ပါလား။

“ထန်ယရှင်းနဲ့ ချီကျီယွဲ့တို့က တကယ်စိတ်ပျက်စရာပဲ။” ရှုချင်ယင်း သည် စိတ်ပျက်စွာပြောလိုက်သည်။

“လူအမျိုးမျိုး စိတ်အထွေထွေပေါ့။” ကုနင်း ပြန်ပြောလိုက်သည်။

ကုနင်း ထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် သူမကို တစ်‌ယောက်ယောက် ကြည့်နေသလို အာရုံခံစားမိလိုက်သောကြောင့် ရှာဖွေကြည့်လိုက်သည်။

ကုနင်းသည် ရှုချင်ယင်းတစ်ယောက် ရှန်ပိုင်ရှန်း ရှိနေကြောင်းကို သိမသိ မသေချာသောကြောင့် ရှုချင်ယင်း စိတ်အနှောင့်အယှက် ဖြစ်အောင် ပြောမနေတော့ပါပေ။ ရှန်ပိုင်ရှန်းသည် သူ၏ သူငယ်ချင်းများနှင့် လာခြင်းဖြစ်သောကြောင့် တိုက်ဆိုင်မှု ဖြစ်နိုင်ပေမည်။

ကုနင်းသည် ရှန်ပိုင်ရှန်းကို အာရုံစိုက်မနေချင်တော့သောကြောင့် စတင်သောက်စားလိုက်ကြသည်။

ရှုချင်ယင်း ဂိမ်းတွင် ရှုံးသွားသောအခါ ထန်ချင်းယန် သည် သူမအစား သောက်ပေးမည်ဟု လုပ်သော်လည်း ရှုချင်ယင်း က သူ့ဒဏ်ရာပိုဆိုးသွားမည် စိုးသောကြောင့် မသောက်ခိုင်းပေ။

ရှုချင်ယင်း၏ ဂရုစိုက်ပေးမှုကို သူသည် စိတ်ဆိုးဖို့ဝေးစွ ပျော်ပင် ပျော်နေလေသည်။

သူတို့ကိုကြည့်ပြီး ကုနင်းသည် လိုက်ဖက်သည်ဟု တွေးနေမိသည်။ သို့သော် သူတို့သည် လူသိမခံလိုကြသည့်ပုံ ဖြစ်နေသောကြောင့် ကုနင်း ပြုံးသာပြုံးနေလေသည်။

ခဏကြာသောအခါ ကုနင်းသည် ရှုချင်ယင်းနှင့်အတူ သန့်စင်ခန်းသွားရင်း ရှန်ပိုင်ရှန်းကို တွေ့မိလားဟု မေးလိုက်သည်။

ရှုချင်ယင်းသည် ရှန်ပိုင်ရှန်းမှာ ဘားတွင် ရှိနေမှန်း မသိပေ။ ထို့နောက် ကုနင်းအား ဘားအပြင်ဘက်တွင် ဖြစ်ခဲ့သော ကိစ္စများကို ပြောပြလိုက်သည်။

…

ချီကျီယွဲ့သည် ဆေးဒဏ်ကို တစ်နာရီခန့်ကြာ ခံစားလိုက်ရပြီးနောက် ငြိမ်သက်တိတ်ဆိတ်သွားသည်။

ချန်ယွင်လင်သည်လည်း တစ်နာရီခန့်တွင် ပြန်နိုးလာသည်။ သူမနိုးလာသည်နှင့် အမည်းရောင်၀တ်စုံနှင့် သူကို ပြန်သတိရသွားပြီး ကြောက်လန့်တကြား မတ်တပ်ထရပ်လိုက်သည်။

ကုနင်းသည် ချန်ယွင်လင်ကို ကြိုးဖြည်ပေးထားပြီ ဖြစ်သောကြောင့် သူမသည် ကောင်းကောင်းလှုပ်ရှားနိုင်လေသည်။

သူမသည် ဘေးဘီဝဲယာကိုကြည့်လိုက်ရာ စာဖတ်ခန်းထဲတွင်သာ ရှိနေသေးသောကြောင့် သူမသည် ပစ်မှတ်မဟုတ်ကြောင်း သိလိုက်ရပြီး ချီကျီယွဲ့ကို စိတ်ပူသွားသည်။

ချန်ယွင်လင်သည် ထိတ်လန့်သွားပြီး အိပ်ခန်းဆီသို့ ပြေးသွားလိုက်သည်။ သူသည် အိပ်ခန်းထဲကို ကြည့်လိုက်ရင်း ကြက်သေသေသွားသည်။

အိပ်ခန်းထဲတွင် ပစ္စည်းများသည် ကျိုးပဲ့ပျက်စီးနေပြီး ရှုပ်ပွနေသည်။ ချီကျီယွဲ့ကတော့ အသက်မရှိတော့သည့် ပုံစံဖြင့် ကြမ်းပြင်တွင် လဲကျနေလေသည်။

ချန်ယွင်လင် သွေးပျက်ခြောက်ခြားသွားတော့သည်။

***

အခန်း ၁၄၉၂ အတင်းအကြပ် စေခိုင်းမှု

ချန်ယွင်လင် ထွက်ပြေသွားချင်လိုက်သော်လည်း ထွက်မပြေးပါချေ။ သူမသည် စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ချီကျီယွဲ့အနားသို့ ကပ်သွားလိုက်သည်။

သူမသည် အလွန်စိတ်လှုပ်ရှားနေပြီး တစ်ကိုယ်လုံး တုန်လှုပ်နေသည်။ သူမ အနီးသို့ ရောက်သွားသောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြတ်ရှဒဏ်ရာများနှင့် ထိခိုက်ထားမှု များစွာကို တွေ့လိုက်ရသည်။

ချန်ယွင်လင်သည် ချီကျီယွဲ့တစ်ယောက် သေမှန်း ရှင်မှန်း မသိသောကြောင့် အလွန်ထိတ်လန့်နေလေသည်။ သူမသည် စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင် ထိန်းလိုက်ပြီး အသက်ရှူသေးလားဆိုသည်ကို စမ်းသပ်ကြည့်လိုက်သည်။ ကံကောင်းစွာပင် ချီကျီယွဲ့သည် အသက်ရှူနေသေးသော်လည်း အလွန်ပင် အားနည်းနေလေသည်။

ချန်ယွင်လင်သည် ထန်မိသားစုမှာ ချီကျီယွဲ့ကို လိုက်နေဆဲမှန်း သိသော်လည်း ဆေးရုံတော့ အမြန်ဆုံး ပို့ရမည် ဖြစ်သည်။ သူမသည် သူ့ကို အသေမခံနိုင်ပါချေ။

မြို့တော်တွင် ဆေးရုံများစွာ ရှိသောကြောင့် ထန်မိသားစုသည် သူ့ကို လွယ်လွယ်ရှာနိုင်မည် မဟုတ်ဟု တွေးလိုက်သည်။ ထိုအတွေးနှင့် ချန်ယွင်လင်သည် ဆေးရုံကားခေါ်လိုက်သည်။

၁၀ မိနစ်ခန့်ကြာသောအခါ ဆေးရုံကားရောက်ပြီး ချန်ယွင်လင်သည် ချီကျီယွဲ့ကိုတင်သော ဆေးရုံနောက်သို့ လိုက်သွားလိုက်သည်။

ဆရာ၀န်သည် ချီကျီယွဲ့ကို စစ်ဆေးပြီး ဖြစ်သော်လည်း ချန်ယွင်လင်ကို ဘာမှ မပြောသေးပဲ ချီကျီယွဲ့နှင့် သူမတို့၏ ဆက်ဆံရေးကို အရင် မေးလိုက်သည်။

ချန်ယွင်လင်သည် ဆရာ၀န်အား သူမတို့သည် သူငယ်ချင်းများ ဖြစ်ကြောင်း ပြောလိုက်ပြီး ဆရာ၀န်က ချီကျီယွဲ့ ထိုဒဏ်ရာများ မည်သို့ရခဲ့ကြောင်းကို မေးလိုက်သည်။

ချန်ယွင်လင်က သူမအိမ်ထဲသို့ အမည်းရောင်၀တ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ၀င်လာပြီး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောလိုက်သည်။

ဆရာ၀န်ကတော့ သူမရှင်းပြချက်ကို သံသယဖြစ်နေလေသည်။ ချီကျီယွဲ့၏ စစ်ဆေးချက်အရ ဆေးအလွန်အကျွံသုံးထားကြောင်း ပေါ်လွင်နေသောကြောင့် ချီကျီယွဲ့သည် ဆေးအရှိန်ဖြင့် ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်ခြင်း ဖြစ်နိုင်လေသည်။

ထို့ကြောင့် ချန်ယွင်လင်သည် ချီကျီယွဲ့ကို ကာကွယ်ရန် ညာပြောလိုက်ခြင်း ဖြစ်နိုင်သလို ချီကျီယွဲ့ ဆေးအလွန်အကျွံသုံးထားကြောင်းကို မသိခြင်းလည်း ဖြစ်နိုင်လေသည်။

“အင်း.. မင်းရဲ့ သူငယ်ချင်းကတော့ ဆေးတွေအလွန်အကျွံ သုံးထားပြီးတော့ အဲဒီဆေးတွေ အရှိန်နဲ့ စိတ်ကယောင်ချောက်ခြားဖြစ်တာ၊ ထင်ယောင်ထင်မှား ဖြစ်တာ စသည်ဖြင့် လက္ခဏာတွေ ခံစားနေရတာပဲ.. မင်းသူငယ်ချင်းက တော်တော် အခြေအနေမကောင်းနေတော့ သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေက သူ့ဟာသူ ထင်ယောင်ထင်မှား ဖြစ်ပြီး ရထားတာတွေ ဖြစ်မယ်။” ဆရာ၀န်က ပြောလိုက်သည်။

“ဘ-ဘယ်လို.. သူက ဆေးသုံးတယ်။” ချန်ယွင်လင် အံ့အားသင့်နေလေသည်။ ချီကျီယွဲ့သည် ဆေးသုံးထားခြင်း ဖြစ်နေသည် မဟုတ်ပါလား။

“ယုံတောင် မယုံနိုင်ဘူး.. သေချာရဲ့လား..” ချန်ယွင်လင်သည် လက်မခံနိုင် ဖြစ်နေလေသည်။

ချန်ယွင်လင်၏ အမူအရာကိုကြည့်ပြီး ဆရာ၀န်သည် သူမ ချီကျီယွဲ့ ဆေးသုံးထားသည့်အကြောင်းကို မသိထားမှန်း ရိပ်စားမိလိုက်သည်။ “ဟုတ်ပါတယ် သူဆေးအလွန်အကျွံ သုံးထားတာပါ။”

ထိုအချက်သည် သေချာသော်လည်း ချန်ယွင်လင်သည် နားမလည်နိုင် ဖြစ်နေလေသည်။ သူမသည်လည်း မူးယစ်ဆေးများအကြောင်းကို သိထားသူဖြစ်သည်။ ထို့ကြောင့် ချီကျီယွဲ့မှာ ကိုယ်တိုင်ဆေးသုံးသည်ဟု မထင်ပဲ ထူးဆန်းသောအမျိုးသမီးက အတင်းအကြပ် လုပ်ခိုင်းသည်ဟု တွေးလိုက်မိသည်။

သူမသည် ရဲခေါ်ချင်နေသော်လည်း ချီကျီယွဲ့၏ အခြေအနေကြောင့် ခေါ်လို့လည်း မရပါချေ။

“သူအခုဘယ်လိုနေသေးလဲ။” ချန်ယွင်လင်က မေးလိုက်သည်။

“သူ့ဒ‌ဏ်ရာတွေက မပြင်းထန်ပေမယ့် ဆေးအလွန်အကျွံသုံးထားတော့ သူ့ကိုယ်တွင်းအင်္ဂါတွေတော့ တော်တော်လေး ထိခိုက်ထားတယ်.. သူက ဆေးတော်တော်သုံးထားပြီးပြီဆိုတော့ သတိရလာရင်လည်း ဆေးဒဏ်တော့ ခံရဦးမှာပဲ.. သူ့ခန္ဓာကိုယ်ကိုတော့ ဆရာတို့က ကုပေးနိုင်ပေမယ့် ဆေးဖြတ်ဖို့ကတော့ ကူညီပေးနိုင်မှာ မဟုတ်ဘူး။” ဆရာ၀န်ကပြောလိုက်သည်။

ဆရာ၀န်များသည် ဆေးသုံးခြင်းကို မကြိုက်ကြသော်လည်း ချီကျီယွဲ့၏ ကုသရေးတွင် လိုအပ်လာလျှင်တော့ အသုံးချရဦးမည်ပင်။ မဟုတ်လျှင် သူသည် စိတ်ထိန်းနိုင်မည် မဟုတ်ပေ။

“ကျွန်မဘာလုပ်ရမလဲ။” ချန်ယွင်လင် သည် ကူကယ်ရာမဲ့ ဖြစ်နေသည်။

“သူ့ဒဏ်ရာတွေကို အရင် ကုပေးရမယ် ပြီးရင်တော့ အဲဒီအတောအတွင်း သူစိတ်ငြိမ်အောင် ဆေးကိုတော့ သုံးရလိမ့်မယ်။” ဆရာ၀န်က ပြောလိုက်သည်။

“ကျွန်မမှာ ဆေးမရှိဘူး.. သူလည်း ကိုယ်တိုင်သုံးခဲ့တာ မဟုတ်ပါဘူး.. တစ်ယောက်ယောက်က အတင်းအကြပ်ကိုင်ပြီး လုပ်ခဲ့တာပါ။” ချန်ယွင်လင် က ပြောလိုက်သည်။

ဆရာ၀န်သည် ခေါင်းတညိတ်ညိတ်နှင့် စ‌ဉ်းစားလိုက်သည်။ အမှန်လည်း လူတစ်ယောက်သည် ထိုမျှလောက် ဆေးပမာဏကို တစ်ခါတည်း သုံးလိုက်စရာ အကြောင်းမရှိပါချေ။ အကယ်၍ ချီကျီယွဲ့သည် အကြပ်ကိုင်ခံခဲ့ရသည် ဆိုပါက အကြပ်ကိုင်သူသည် သူ့ကို သတ်ဖို့ ဆန္ဒရှိနေပေမည်။ ထိုသို့ဆိုလျှင်တော့ ချီကျီယွဲ့ အသက်ရှင်သည်ကပင် ကံကောင်း‌သည်ဟု ဆိုရပေမည်။

“သူ့မိသားစုက ဘယ်မှာလဲ။” ဆရာ၀န်က မေးလိုက်သည်။

“သူ့မှာ မိသားစု မရှိပါဘူး၊” ချန်ယွင်လင်က ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်တော့ သူနိုးလာတော့မှပဲ ဆုံးဖြတ်ခိုင်းရတော့မှာပေါ့။”

ချန်ယွင်လင်သည် ချီကျီယွဲ့၏ မိသားစု မဟုတ်သောကြောင့် သူမသည် ၀င်ဆုံးဖြတ်ပိုင်ခွင့် မရှိပါချေ။ ထို့ကြောင့် လူနာသည် ဆုံးဖြတ်နိုင်သည့် အခြေအနေ ရှိနေပါက ကိုယ်တိုင် ဆုံးဖြတ်နိုင်ပေသည်။

“ကောင်းပါပြီ။” ချန်ယွင်လင်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။

ချန်ယွင်လင်သည် ချီကျီယွဲ့အတွက် ဗီအိုင်ပီခန်းကို ယူထားပြီး ဆရာ၀န်နှင့် သူနာပြုများကို ချီကျီယွဲ့အကြောင်း လျှို့ဝှက်ပေးထားဖို့ မှာထားသည်။ သူမသည် သူ့ကို မည်သူမျှ ရှာမတွေ့စေချင်ပေ။

လူနာ၏ ကိုယ်ရေးကိုယ်တာကို လျှို့ဝှက်ပေးထားခြင်းသည် ဆရာ၀န်များ သူနာပြုများ၏ တာ၀န်ဖြစ်သောကြောင့် သူတို့သည်လည်း သဘောတူလိုက်ကြသည်။ သို့သော် ရဲများပါ၀င်လာလျှင်တော့ သူတို့လည်း ဘာမှတတ်နိုင်မည် မဟုတ်ပါချေ။

ချန်ယွင်လင်သည် ထန်မိသားစုကတော့ ရဲခေါ်မှာ မဟုတ်သည့်အကြောင်း သိလေသည်။ ချီကျီယွဲ့သည်လည်း ထန်မိသားစု၏ လျှို့ဝှက်ချက်များကို သိထားသည်လေ။

***

အခန်း ၁၄၉၃ Plan B

ရဲများကို အကူအညီတောင်းမရသောကြောင့် ထန်မိသားစုသည် ချီကျီယွဲ့ကို လွယ်လွယ်နှင့် ရှာမရ ဖြစ်နေလေသည်။

အကယ်၍ ထန်မိသားစုသည် ရဲများကို အကူအညီတောင်းခဲ့ပါက ရဲများသည် ချီကျီယွဲ့ကို အစွမ်းကုန် ကူညီကြမည်ပင်။

…

ည ၁၁ နာရီခွဲတွင် ကုနင်းသည် သူမသူငယ်ချင်းများနှင့်အတူ ပြန်လိုက်သည်။

ရှုချင်ယင်းသည် ရှန်ပိုင်ရှန်းကို ဘားထဲတွင် ရှိမှန်းသိလိုက်သော်လည်း ဂရုမစိုက်ပါချေ။ သူမအတွက် ရှန်ပိုင်ရှန်းသည် သူစိမ်းတစ်ယောက်ထက် မပိုပါပေ။

ကုနင်းသည် ထန်ချင်းယန်ကို ရှုချင်ယင်းအား လိုက်ပို့ပေးဖို့ ပြောလိုက်သည်။ သူမတွင် ကားမရှိသောကြောင့် မိန်းကလေးတစ်ယောက်တည်း ထိုအချိန်တွင် ပြန်ဖို့ မသင့်တော်ပါချေ။

ပါးထျန်းယန်သည် ထန်ချင်းယန်နှင့်အတူ ရှိနေသော်လည်း မသောက်ထားသောကြောင့် အိမ်ပြန်ပို့နိုင်လေသည်။ ကျန်းယွေ့ချင်ကတော့ ယောင်္ကျားလေး ဖြစ်သောကြောင့် အိမ်သို့ တစ်ယောက်တည်း ကားငှားပြန်နိုင်လေသည်။

…

ကုနင်းကတော့ အိမ်မပြန်သေးပဲ ထန်ယရှင်းရှိရာ ဆေးရုံသို့ သွားလိုက်သည်။ သူမသည် ချီကျီယွဲ့နှင့် စာရင်းရှင်းပြီး‌ဖြစ်သောကြောင့် ထန်ယရှင်းမှာ နောက်ထပ်ပစ်မှတ် ဖြစ်သည်။

…

ရှုချင်ယင်းသည် ဘားတွင် သူမသူငယ်ချင်းများနှင့် သောက်စားနေသောကြောင့် ရှန်ပိုင်ရှန်းသည် စိတ်မသက်မသာ ဖြစ်နေလေသည်။ ယခုတော့ သူမလည်း ပြန်သွားပြီမို့ သူလည်း ဆက်နေစရာ အကြောင်း မရှိတော့ပါချေ။ ထို့ကြောင့် ရှန်ပိုင်ရှန်းသည် သူ့သူငယ်ချင်းများထက် အရင် ပြန်သွားလိုက်သည်။

ရှန်ပိုင်ရှန်းသည် စားသောက်ထားသည်များ အားလုံးကို ငွေရှင်းထားပြီး ဖြစ်သောကြောင့် အရင်ပြန်လိုက်လည်း အဆင်ပြေသည်ပင်။ ထို့ကြောင့် သူ့သူငယ်ချင်းများကလည်း မတားကြပေ။ လော့ရွှယ်ရှန်းကတော့ ရှန်ပိုင်ရှန်းနောက်မှ လိုက်သွားလေသည်။

“သူတို့ကို သွားခိုင်းလိုက်ပါ.. ငါတို့ ဆက်နေလို့ ရသေးတာပဲ။” ရှန်ပိုင်ရှန်း နှင့် လော့ရွှယ်ရှန်း တို့ ထွက်သွားသောအခါ သူငယ်ချင်းများသည် သူတို့အကြောင်း ပြောရင်း ကျန်ခဲ့ကြသည်။

“ရှန်ပိုင်ရှန်းက မစ္စရှုကို ကြိုက်နေတာ ထင်တယ်.. မစ္စရှုကတော့ သူ့ကို မကြိုက်တဲ့ပုံပဲ။”

“ရှန်ပိုင်ရှန်းက အမြဲအမြင့်မှန်းနေတာပဲလေ.. ဒါပေမယ့် မစ္စရှု နဲ့ ကိစ္စကျတော့ သူက နည်းနည်း လွန်နေပြီ ထင်တာပဲ.. သူပဲ သာမာန်မိသားစုကထင်လို့ဆိုပြီး အပြတ်ငြင်းထားခဲ့တာလေ။”

“ရှန်ပိုင်ရှန်းက ထက်မြက်တဲ့သူဆိုတော့ အမြင့်မှန်းနိုင်တာ နားလည်လို့ ရပေမယ့် သူဒီလောက်တော့ ရဖို့ မဖြစ်နိုင်ဘူးထင်တယ်.. မစ္စရှုက သူ့ထက် အပုံကြီးသာနေတာလေ။”

“ဟုတ်တယ် မစ္စရှုကလည်း ငတုံးမှ မဟုတ်တာ.. သူ ရှန်ပိုင်ရှန်းကို လက်ခံနိုင်မယ်လို့ ငါတော့မထင်ဘူး။”

“ကဲပါ.. သူတို့အကြောင်း ပြောမနေပါနဲ့တော့.. ငါတို့ ကိစ္စလည်း မဟုတ်ဘူး။”

ထို့နောက် သူတို့လည်း ဆက်မပြောတော့ပဲ ဂိမ်းသာ ဆက်ဆော့လိုက်ကြသည်။

…

“ဟေး ပိုင်ရှန်း.. စောင့်ပါဦး.. ဘယ်သွားမလို့လဲ။” လော့ရွှယ်ရှန်းသည် ရှန်ပိုင်ရှန်းနောက်မှ လိုက်ခေါ်နေလိုက်သည်။

“အိမ်ပြန်တော့မလို့.. ဘာလို့ လိုက်လာတာလဲ။” ရှန်ပိုင်ရှန်း စိတ်မရှည်သော လေသံနှင့် ပြောလိုက်သည်။

လော့ရွှယ်ရှန်းသည် နှုတ်ခမ်းကိုသာ ဖိကိုက်ထားရင်း ရှန်ပိုင်ရှန်း စိတ်ဆိုးနေသောကြောင့် ဘာမှမပြောရဲတော့ပါချေ။

ရှန်ပိုင်ရှန်းကတော့ သူမဘာဖြစ်နေမှန်း သိသောကြောင့် “ငါ ရှုချင်ယင်းကို သွားတွေ့မယ် ထင်နေလို့လား။” ဟု မေးလိုက်သည်။

“ဟုတ်တယ်။” လော့ရွှယ်ရှန်း ခေါင်းငြိမ့်ရင်း ရိုးသားစွာပင် ဖြေလိုက်သည်။

“ဘာလို့ သွားရမှာလဲ.. သူငါ့ကို ဒီလောက် ရိုင်းနေတာကို.. ငါ့ကို အဲလောက်ထိ အောက်ကျနောက်ကျခံမယ် ထင်နေတာလား.. သူ့မိသားစုက ငါ့ထက်သာတယ်ဆိုတာကို သိပေမယ့် ငါသူ့ကိုလည်း မရရအောင် လိုက်ဖို့ စိတ်ကူး ရှိမနေဘူး။” ရှန်ပိုင်ရှန်းက ပြောလိုက်သည်။ သူသည် လော့ရွှယ်ရှန်းရှေ့တွင် တမင် သူ့စိတ်ကို ဖုံးကွယ်ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော် သူ၏ စိတ်ရင်းအမှန်ကို လူတိုင်း သိနေသောကြောင့် ထိုဟန်ဆောင်မှုသည် အရာမထင်ပါချေ။ သူသည် အခြားသူများအား သူ့ကိုယ်သူ အလွန်အထင်ကြီးနေသူဟု မထင်စေချင်သော်လည်း တကယ်တမ်းတွင် သူသည် သူတစ်ပါးချမ်းသာမှုကို ခုတုံးလုပ်ပြီး ကြီးပွားချင်နေသူ ဖြစ်သည်။ လော့ရွှယ်ရှန်း သည် သူ၏ Plan B ဖြစ်နေသောကြောင့် သူမကိုလည်း သူ့အပေါ် စိတ်မကွက်စေချင်ပေ။

လော့ရွှယ်ရှန်းကတော့ သူပြောသမျှစကားတိုင်းကို ယုံကြည်လေသည်။ တကယ်တမ်းတွင် သူမသည် ငတုံးတစ်ယောက် မဟုတ်သော်လည်း သူမချစ်သော ယောင်္ကျားဖြစ်သည့်အတွက် ယုံကြည်ချင်ခြင်း ဖြစ်သည်။

“ပိုင်ရှန်း.. အိမ်ပြန်လိုက်ပို့ပေးရမလား။” လော့ရွှယ်ရှန်းက မေးလိုက်သည်။

“မလိုပါဘူး.. ငါက ယောင်္ကျားလေး.. ငါ့ဘာသာငါ ပြန်နိုင်တယ်.. မင်းသူတို့နဲ့ မနေတော့ဘူးဆိုရင် မင်းလည်း ပြန်လိုက်တော့.. နောက်ကျတဲ့ အထိနေတာ မကောင်းဘူး။”

ထို့နောက် ရှန်ပိုင်ရှန်း သူမကို ထားခဲ့ပြီး ကားငှားသွားလိုက်သည်။ သူသည် အနည်းငယ် မူးနေပြီ ဖြစ်သောကြောင့် ကားမမောင်းနိုင်ပါချေ။

လော့ရွှယ်ရှန်းသည် ရှန်ပိုင်ရှန်းက သူမကို ထားသွားသောကြောင့် မကျေမနပ် ဖြစ်သွားသော်လည်း စိတ်လျှော့လိုက်သည်။ သူတို့သည် တွဲနေခြင်းလည်း မဟုတ်သောကြောင့် ရှန်ပိုင်ရှန်း သည် သူမကို ဂရုစိုက်ပေးရမည့် တာ၀န်လည်း မရှိပါချေ။ ထို့ကြောင့် ရှန်ပိုင်ရှန်း မရှိလျှင် သူမလည်း ပျင်းနေမည် ဖြစ်သောကြောင့် အိမ်ပြန်လိုက်သည်။

…

ကုနင်းသည် ဆေးရုံသို့ သွားသောအခါ သူမကို မည်သူမျှ မမှတ်မိအောင် သူနာပြု၀တ်စုံ၀တ်ထားပြီး နှာခေါင်းစည်း‌လည်း ထပ်ထားလိုက်သည်။

***

အခန်း ၁၄၉၄ ကူညီပေးပါ

ကုနင်း ရောက်သွားသောအခါ ၇ လွှာတွင်ရှိသော ထန်ယရှင်း၏ အခန်းရှိရာသို့ တန်းသွားလိုက်သည်။

အချိန်သည် ည ၁၂ နာရီကျော်နေပြီ ဖြစ်သောကြောင့် ဆေးရုံထဲတွင် လမ်းလျှောက်နေသူ အနည်းအကျဉ်းသာ ရှိလေသည်။

သို့သော် ကုနင်း ၇ လွှာသို့ သွားနေစဉ် လမ်းတွင် မတော်တဆမှု တစ်ခုဖြစ်သွားသည်။ ကုနင်းသည် ၇ လွှာရှိလျှောက်လမ်းတွင် လမ်းလျှောက်နေစဉ် ဗီအိုင်ပီခန်းတစ်ခုမှ တံခါးသည် ဆောင့်ပွင့်သွားပြီး လူနာ၀တ်စုံနှင့် အမျိုးသမီးတစ်ယောက်သည် သွေးရူးသွေးတန်း ပြေးထွက်သွားသည်။ ထိုအမျိုးသမီးသည် အသက်ကြီးနေပြီ ဖြစ်သော်လည်း ဘေးဘီကိုပင် ဂရုမစိုက်အားပဲ ပြေးနေရာ ကုနင်းနှင့်ပင် တိုက်မိမလို ဖြစ်သွားသည်။

ကုနင်းသည် ရပ်ပြီး ကြည့်လိုက်စဉ်တွင် ထိုအဖွားအိုသည် ရုတ်တရတ် ကုနင်းကို အကူအညီတောင်းလိုက်သည်။ “ကျေးဇူးပြုပြီး ကူညီပေးပါ.. တစ်ယောက်ယောက်က သတ်ဖို့ လုပ်နေတယ်။”

အဖွားအိုသည် အခန်းထဲသို့ ကြည့်ကာ ကြောက်လန့်တကြားပြောလိုက်သည်။ သူမကို သတ်နေသည့် သူသည် အခန်းထဲ၌ ရှိနေသည့်ပုံပင်။

ကုနင်း တွေဝေသွားသည်။ ထိုအချိန်တွင် အသက် ၃၀ ခန့်အရွယ် မိန်းမတစ်ဦးသည် အခန်းထဲမှ သွေးရူးသွေးတန်းပုံစံဖြင့် ထွက်လာပြန်သည်။

အဖွားအိုသည် သူမကို မြင်သည်နှင့် ကြောက်လန့်သွားကာ ကုနင်း အနောက်တွင် ပုန်းနေလိုက်သည်။ ကုနင်းသည် အခြေအနေများကိုတော့ နားမလည်သော်လည်း အဖွားအိုကိုတော့ ကာကွယ်ရမည်ဟု ခံစားမိလိုက်သည်။ အဖွားအိုသည် တကယ်ပင်ကြောက်နေခြင်း မဟုတ်ပါလား။

ထိုသတ်လတ်ပိုင်းအရွယ် မိန်းမ၏ မျက်လုံးထဲတွင် ဝေခွဲမရသည့် အကြည့်တစ်ခုရှိနေသည်ကို ကုနင်း ရိပ်စားမိလိုက်သည်။

“မိန်းကလေး.. တောင်းပန်ပါတယ်.. ကျွန်မအမေက နေ‌မကောင်း ဖြစ်နေတာပါ.. သူ့ကိုယ်သူ ဘာလုပ်နေမှန်းတောင် မသိပါဘူး။” သူမသည် ကုနင်းကိုရှင်းပြလိုက်ပြီး သူမကိုလည်း ဆေးရုံမှ သူနာပြုဟု ထင်နေလေသည်။

ထိုသို့ပြောပြီး သူမသည် အဖွားအိုလက်ကိုဆွဲကာ “အမေ့ကို ဘယ်သူမှ မသတ်ပါဘူး။” ဟု ပြောလိုက်သည်။

“မဟုတ်ဘူး.. မလိုက်ဘူး.. ငါနဲ့ ဝေးဝေးနေစမ်း။” အဖွားအိုသည် ကုနင်းကို ပြန်ဆွဲထားရင်း ထိုအမျိုးသမီးနှင့် အခန်းထဲပြန်လိုက်ဖို့ ငြင်းဆန်နေလေသည်။

ကုနင်းသည် ထိုအမျိုးသမီးကို တားလိုက်ပြီး “ရှင့်အမေက စိတ်ကျန်းမာရေး ချို့တဲ့နေတာဆိုရင် ကျွန်မကြည့်ပေးပါမယ်။” ဟု ပြောလိုက်သည်။

သူမတို့နှစ်ယောက်ကြားတွင် တစ်ခုခုရှိနေကြောင်း ရိပ်စားမိနေသည်ပင်။

“ရပါတယ်.. ကျွန်မအမေက အခန်းထဲမှာ ခဏနားနေလိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။” ထိုမိန်းမက ပြောလိုက်သည်။ သူမသည် ကုနင်းကို ၀င်မပါ‌စေချင်ပုံပင်။ အကယ်၍ ကုနင်းသာ ၀င်ပါခဲ့လျှင် အဖွားအိုက တစ်ခုခု ပြောလိုက်မည်ကို ကြောက်နေသည့်ပုံ ဖြစ်နေလေသည်။

“ကျွန်မက သူနာပြုပါ.. လူနာတွေကို စောင့်ရှောက်ဖို့ ကျွန်မမှာ တာ၀န်ရှိပါတယ်.. အခန်းထဲကို အတူသွားကြတာပေါ့။” ကုနင်းက ပြောလိုက်သည်။ သူမသည် ထိုအမျိုးသမီးကို မသင်္ကာ ဖြစ်နေခြင်းပင်။

ထိုအမျိုးသမီးသည်လည်း ဆက်ငြင်းနေလျှင် သံသယပို၀င်နိုင်သောကြောင့် လက်ခံလိုက်သည်။ သူမသည် ကုနင်းကို သူနာပြုအစစ်မဟုတ်မှန်းတော့ မသိပါချေ။

ထို့ကြောင့် သူမသည် နောက်ဆုံးတွင် သဘောတူလိုက်ရပြီး ကံဆိုးသော နေ့တစ်နေ့ ဖြစ်သွားလေသည်။

“အထဲကို အတူတူ ၀င်ရအောင်” ကုနင်းသည် အဖွားအိုကို နူးညံ့စွာပြောလိုက်သည်။

“မ၀င်ဘူး.. မ၀င်ဘူး..” အဖွားအိုသည် ခေါင်းကို ခါရမ်းကာ ငြင်းဆန်နေလေသည်။ ကုနင်း ထွက်သွားလျှင် သူမ အန္တရာယ်ပြန်ဖြစ်မည်ကို စိုးရိမ်နေပုံပင်။

“စိတ်အေးအေးထားပါ.. ကျွန်မရှိပါတယ်။” ကုနင်း သူမကို နှစ်သိမ့်ပေးလိုက်သည်။ အဖွားအိုသည် တစ်ချက်တွေဝေ သွားသော်လည်း ကုနင်းကိုသာ ယုံကြည်ဖို့ တွေးလိုက်သည်။

ထို့နောက် သူတို့ သုံးယောက်သည် အခန်းထဲသို့ လျှောက်လာပြီးနောက် ထိုအမျိုးသမီးသည် အခန်းတံခါးကို ချက်ချင်း ပိတ်လိုက်သည်။ သို့သော် ထိုသို့လုပ်လိုက်သော အချိန်တွင်ပင် ကုနင်းသည် ထိုမိန်းမကို သတိမေ့သွားအောင် ရိုက်ချလိုက်သည်။

အဖွားအိုသည် ကုနင်း၏ လှုပ်ရှားမှုကို ကြောင်အကာ ကြည့်နေလေသည်။

တစ်ချိန်တည်းမှာပင် ထိုအမျိုးသမီး သတိလစ်သွားသောကြောင့် စိတ်သက်သာရာ ရသွားသည်။

“အဖွား.. အဖွားကို ယုံပါတယ်.. သူ့ကို ခဏ သတိမေ့အောင် လုပ်ထားတာပါ.. ကျွန်မကိုလည်း ယုံကြည်ပေးပါ။” ကုနင်းသည် အဖွားအိုကို တည်ငြိမ်စွာပြောလိုက်သည်။

“ကောင်းပါပြီ” အဖွားအိုကလည်း ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။

ထို့နောက် ကုနင်းသည် ထိုအမျိုးသမီးကို အခြားအခန်းတစ်ခုထဲသို့ ရွှေ့လိုက်ပြီး အဖွားအို ဆီသို့ ပြန်လျှောက်လာကာ “ဘာဖြစ်လို့လဲ ပြောပြပေးလို့ရမလား။” ဟု‌မေးလိုက်သည်။

ကုနင်းသည် အဖွားအိုကို ယုံကြည်သောကြောင့် သူမကိုယ်တိုင် ပြောသည်ကို နားထောင်ချင်ခြင်း ဖြစ်သည်။ သို့သော် အဖွားအိုသည် လက်မခံနိုင် ကိစ္စတစ်ခုခုကို လုပ်ခဲ့ဖူးသူ ဖြစ်နေပါက ကုနင်းသည် ကူညီမည် မဟုတ်ချေ။

ထိုအမျိုးသမီးသည် အဖွားအို အမေဟု ခေါ်သောကြောင့် သူမသည် သမီးမဟုတ်ပါက ချွေးမ ဖြစ်နိုင်သည်။ သူတို့သည် မိသားစု၀င်များ ဖြစ်နေလျှင်တောင် တစ်ခုခုတော့ ရှိထားပေမည်။

အဖွားအိုသည် စတင်ငိုကြွေးရင်း ပြောလိုက်သည်။

“သူက အဖွားရဲ့ သမီးဆိုပေမယ့် မွေးစားသမီးပါ.. သူ့နာမည်က ရှန်းယီလီတဲ့.. သူက အဖွားရဲ့ ဆွေမျိုးမကင်းသူတွေထဲက တစ်ယောက်ရဲ့ သမီးပါ.. သူ့မိဘတွေက သူ့အသက် ၁၀ နှစ်မှာ ကားမတော်တဆမှုနဲ့ ဆုံးသွားပါပြီ.. အဖွားမိသားစုက ပိုချမ်းသာပြီး သားသမီးလည်း မရှိတော့ သူ့ကိုပဲ ကိုယ့်သားသမီးလို မွေးစားပျိုးထောင်ခဲ့တာပါ။”

“လွန်ခဲ့တဲ့ ၁၀ နှစ်က အဖွားအမျိုးသားက ကင်ဆာရောဂါနဲ့ ဆုံးသွားခဲ့တော့ အဖွားကပဲ မိသားစု စီးပွားရေးကို တစ်ယောက်တည်း ဦးဆောင်ခဲ့ပါတယ်.. အဖွား မတ်လေးရဲ့ မိသားစုက တစ်ခါတလေတော့ ကူညီပေမယ့် အဖွားက ကျောက်ကပ်ရောဂါ ဖြစ်လာတော့ အမွေလွှဲရမလို ဖြစ်လာတယ်.. အဖွားက မတ်လေး မိသားစုကို လက်လွှဲပြီး မိသားစုစီးပွားရေးကို ဆက်ဦးဆောင်ခိုင်းမလို့ပါ.. အဖွားရဲ့ မွေးစားသမီးကိုတော့ ရှယ်ယာ‌ရဲ့ ၁၀ ရာခိုင်နှုန်းကို ပေးမယ်ပေါ့။”

“ဒါပေမယ့် သူကတော့ လက်မခံနိုင်ခဲ့ဘူး.. သူ့စိတ်ထဲမှာ မိသားစုပိုင်စီးပွားရေးကို သူ့ကို လက်လွှဲမယ်ထင်ထားတာလေ.. အဲဒါကြောင့် သေတမ်းစာမရေးခင် အဖွားကို သတ်ဖို့ လုပ်နေတာပါ.. ဒါပေမယ့် အဖွားက သေတမ်းစာကို သူမသိအောင် ရေးထားပြီးပြီမို့လို့ အဖွားသေသွားရင်တောင် သူရမှာ မဟုတ်ပါဘူး။”

All Chapters