← Chapters

အခန်း (၁၅၀၁-၁၅၀၆)

Vol. 95 Ch. 1501-1506

အခန်း (၁၅၀၁-၁၅၀၆)

Vol. 95 Ch. 1501-1506

အခန်း ‌၁၅၀၁ ကွန်ဖူးပြိုင်ပွဲ

ကျင့်ကြံသူများအတွက် အဆင့်တက်ဖို့ဟာ ခက်ခဲပြီး အချိန်ကုန်တဲ့ အတွက်ကြောင့် မှော်ဆေးလုံးဟာ သူတို့ကို အကူအညီများစွာပေးနိုင်သည်။ ဒါပေမယ့်လည်း ကျင့်ကြံရေးလောကမှာ အဂ္ဂိရတ်ပညာရှင်တစ်ဦးသာရှိတဲ့အတွက် မှော်ဆေးလုံးတစ်ခုပြုလုပ်ရန် မလွယ်ကူပေ။

မှော်ဆေးတစ်လုံးကို အောင်အောင်မြင်မြင် ဖန်တီးထားရင်တောင် လူတိုင်းမရနိုင်ပါ။ သာမာန် ကျင့်ကြံသူများဟာ ကွန်ဖူးပြိုင်ပွဲမှာ ပါဝင်ခြင်းဖြင့်သာ ဆေးလုံးကို ရရှိရန် ကြိုးစားနိုင်သည်။

ထိပ်ဆုံးဆုသုံးခုမှာ အဆင့်အမျိုးမျိုးရှိသော မှော်ဆေးများဖြစ်သည်။

မှော်ဆေးလုံးအမျိုးအစားများမှာ ခြင်ဆီသန့်စင်ဆေးလုံး၊ ပြန်လည်ထူထောင်ရေးဆေးလုံး၊ စိတ်ဝိညာဉ်အားဖြည့်ဆေးလုံး၊ စွမ်းအင်သိုလှောင်ဆေးလုံး၊ ပြန်လည်မွေးဖွားမှုဆေးလုံး၊ စိတ်ဝိညာဉ်စုဆောင်းဆေးလုံး အစရှိသဖြင့် မှော်ဆေးလုံးအမျိုးအစားပေါင်းများစွာ ပါ၀င်သည်။ တခြား မှော်ဆေးအမျိုးအစားပေါင်းများစွာရှိပေမယ့်လည်း အဂ္ဂိရိတ်ပညာရှင်ရဲ့ စွမ်းရည်က အကန့်အသတ်ရှိတဲ့အတွက် အခြေခံ မှော်ဆေးလုံးတွေကိုသာ ဖန်တီးခဲ့သည်။

အဆင့်တက်ဖို့ လေ့ကျင့်နေတဲ့ ကျင့်ကြံသူတွေအတွက် အကျိုးသက်ရောက်မှုအရှိဆုံးနှင့်၊ အရေးအပါဆုံးမှော်ဆေးလုံးကတော့ စိတ်ဝိညာဉ်စုဆောင်းဆေးလုံး ဖြစ်သည်။

ကွန်ဖူးပြိုင်ပွဲရဲ့ အောင်နိုင်သူသာလျှင် စိတ်ဝိညာဉ်စုဆောင်းဆေးလုံးကို ရနိုင်မှာပင်။

ဒုတိယဆုအနေကတော့ စွမ်းအင်သိုလှောင်ဆေးလုံးဖြစ်ပြီးတတိယဆုအနေနဲ့ စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးဖြစ်သည်။

စွမ်းအင်သိုလှောင်ဆေးလုံးသည် ကျင့်ကြံသူအား သူ့နဂိုစွမ်းအားထက် ၁၀ရာခိုင်နှုန်းတိုးအောင် ပြုလုပ်ပေးနိုင်မှာ ဖြစ်သည်။

လွန်ခဲ့တဲ့ ၃ နှစ်က ပိုင်လီကျုံးယန်သည် ပြိုင်ပွဲမှာ အနိုင်ရပြီး စွမ်းအင်သိုလှောင်ဆေးလုံးကို ရရှိခဲ့သည်။

ဒါပေမယ့် သူကိုယ်တိုင်မယူပဲ သူ့အ‌‌ဖေကို ပေးလိုက်တဲ့အတွက်ကြောင့် ပိုင်လီကျုံးယန်ရဲ့ဖခင်က အခြေခံတည်ဆောက်ခြင်းကာလကို ကျော်ဖြတ်ကာ ကျင့်ကြံရေး လောကမှာ ရှားပါးတဲ့ ထိပ်တန်း ကျင့်ကြံသူ ဖြစ်လာခဲ့သည်။

ကျင့်ကြံသူ အများစုက အခြေခံတည်ဆောက်ခြင်းကာလကို မရောက်နိုင်ကြ‌ပေ။ အခုအချိန်မှာတော့ မှော်စွမ်းအင်ရရှိဖို့ ပိုခက်ခဲသထက် ခက်ခဲလာတဲ့အတွက် ကျင့်ကြံသူက မိမိကိုယ်ကိုယ်တိုးတက်အောင်လုပ်ဖို့ ခက်ခဲလာမည်ဖြစ်သည်။

အရင်တုန်းက ကျင့်ကြံရေး လောကမှာ ကြီးစိုးတဲ့ မိသားစုလေးခုက အကြီးတန်းအဖွဲ့၀င်တချို့သာလျှင် မှော်စွမ်းအင်ကို စုဆောင်းခွင့်ရှိသည်။

ပိုင်လီမိသားစု၏ ဘိုးဘေးဖြစ်သော ပိုင်လီချီဖုန်းက အင်အားကြီးမိသားစု‌လေးရဲ့ အကြီးတန်းအဖွဲ့ဝင်များကြားတွင် အဆင့်အမြင့်ဆုံးဖြစ်သည်။ ဒါကြောင့်ပဲ ပိုင်လီမိသားစုဟာ ကျင့်ကြံရေးကမ္ဘာက အခြားမိသားစုသုံးစုထက် ပိုမိုမြင့်မားတဲ့ရာထူးကို ရရှိခဲ့သည်။ ထို့အပြင် ပိုင်လီမိသားစုမှာ အခြားသော အင်အားကြီးမိသားစုများထက် ကျွမ်းကျင်သော ကျင့်ကြံသူပိုမိုများပြားသည်။

သုန်းဖန်းမိသားစုမှာ အကြီးတန်းအဖွဲ့ဝင်တစ်ဦးတည်းကသာ အခြေခံတည်ဆောက်ရေးကာလကို ကျော်ဖြတ်နိုင်ခဲ့သည်။ သုန်းဖန်းမိသားစုမှ မျိုးဆက်သစ် လူငယ်များအတွက်မူ ၎င်းတို့၏ ရွယ်တူများကြားတွင် ထူးချွန်သူ အများအပြား မရှိပေ။ ဒါ့ကြောင့် သုန်းဖန်းမိသားစုသည် ကျင့်ကြံရေးလောကတွင် အရေးပါသောရာထူးတစ်ခုရရှိရန် သူတို့၏ဘိုးဘေးကိုသာ မှီခိုအားထားခဲ့ရသည်။

သုန်းဖန်းကျီယွီသည် ကျင့်ကြံရေးလောကမှာ ပိုင်လီကျုံးယန်ပြီးရင် ဒုတိယထိပ်တန်းလူငယ် ကျင့်ကြံသူဖြစ်တဲ့အတွက်ကြောင့် သုန်းဖန်းမိသားစုက ပိုင်လီမိသားစုပြီးရင် ဒုတိယနေရာမှာရှိသည်။

ကျင့်ကြံရေးလောကရှိ ထိပ်တန်းအဖွဲ့ကို ထျန်းတောက်မန်ဟုခေါ်ပြီး ယင်းအဖွဲ့ထဲမှာ အခြေခံတည်ဆောက်ရေးအဆင့်တွင်ရောက်ရှိနေတဲ့ အကြီးတန်းကျင့်ကြံသူ ရှစ်ဦးရှိပြီး ဂျိဒန်အဆင့်ရောက်နေသူ သုံးဦးပါဝင်သည်။

ထျန်းတောက်မန်တွင် အဂ္ဂိရတ်ပညာရှင်ရှိတဲ့အတွက် ဆေးလုံးသခင်များစွာရှိကြပြီး အခြား ကျင့်ကြံသူများထက် မှော်ဆေးလုံးများကို ဦးစားပေးရကြသည်။ မှော်ဆေးများအပြင် သူတို့သည် အရည်အချင်းရှိပြီး သူ့တို့ကို သူတို့တိုးတက်စေရန်အတွက် အခကြေးငွေများစွာပေးကြသည်။

ဝူရွှမ်းဟွာ ပြိုင်ပွဲ အကြောင်းပြောလိုက်သည်နှင့် သုန်းဖန်းကျီယွီ၏မျက်နှာ အမူအရာက အလွန်လေးနက်သွားခဲ့သည်။ အကြောင်းမှာတော့ ထိုပြိုင်ပွဲသည် သူမအတွက် အလွန်အရေးကြီးသောကြောင့်ပင်။ သူမသည် ကျင့်ကြံခြင်းရဲ့ ကနဦးအဆင့်ဖြစ်သည့် ချီစုဆောင်းခြင်းကာလမှာ တစ်နှစ်နီးပါးကြာအောင် ပိတ်မိ‌နေခဲ့ပြီး ယင်းမှာ အလွန်ပုံမှန်ဖြစ်သော်လည်း သူမကတော့ဖြင့် ဆက်ပြီး သည်းခံနိုင်စွမ်းမရှိတော့ပေ။ ယခုအချိန်တွင် ခေတ်ကြီးသည် တဖြည်းဖြည်းတိုးတက်လာသလို မှော်စွမ်းအင်သည်လဲ ရှားပါးလာခဲ့သည်။

သူမသာ မှော်ဆေးလုံးကို ရနိုင်ခဲ့မယ်ဆိုရင် အ‌‌ခြေခံတည်ဆောက်ခြင်းရဲ့ နောက်ဆုံးအဆင့်သို့ တိုက်ရိုက်ရောက်ရှိနိုင်မည်ဖြစ်သည်။

သူမက ထိုကာလကို ကျော်ဖြတ်ပြီး ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိရန် ဆန္ဒရှိပေမယ့်လည်း အဲ့တာက မဖြစ်နိုင်လုနီးပါးပင်။

အရင်ပြိုင်‌ပွဲတွေကနေ ပထမဆုအနိုင်ရရှိသူက ပြိုင်ပွဲကို ထပ်မံမပြိုင်ရဘူးဆိုတာက ပြိုင်ပွဲကနေ ချမှတ်ထားတဲ့ စည်းမျဉ်းရှိတဲ့အတွက်ကြောင့်သုန်းဖန်းကျီယွီ ဒီနှစ်‌တော့ ပထမနေရာရနိုင်ဖို့ ယုံကြည်ချက်ရှိသည်။ အရင်တစ်ခေါက်ပြိုင်ပွဲတွင် ဒုတိယနေရာရရှိခဲ့ခြင်းကြောင့်လည်းပါသည်။ သို့ပေမယ့်လည်း သူမကို ကျော်လွန်နိုင်တဲ့သူရှိမလားဆိုတာကိုတော့ မပြောနိုင်သေးပေ။

လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ကျင့်ကြံသူတိုင်းက ကိုယ့်ကိုယ်ကိုယ် တိုးတက်ကောင်းမွန်လာအောင် ကြိုးစားအားထုတ်‌နေကြတဲ့အတွက် မထင်ထားတဲ့ အဖြစ်အပျက်ပေါင်းများစွာ ဖြစ်ပေါ်လာနိုင်သည်။ အဲ့ဒါကြောင့် သုန်းဖန်းကျီယွီသည်လည်း သေချာပြင်ဆင်ထားဖို့ လိုအပ်ပေသည်။

“ပိုင်လီကျုံးရွှယ်ကို ထပ်တွေ့မိသေးလား?” သုန်းဖန်းကျီယွီ ရုတ်တရက်မေးလိုက်သည်။

သူမသည် ပိုင်လီကျုံးရွှယ်က ကုနင်းကြောင့် လာတယ်လို့ ယုံကြည်တဲ့အတွက် ပိုင်လီမိသားစုက ကုနင်းထံမှ မှော်စွမ်းအင်ကို သူမထက်အရင် ရရှိသွားမည်ကို ကြောက်ရွံ‌နေခဲ့သည်။

အင်အားကြီးမိသားစုလေးခုက တစ်ဦးနှင့် တစ်ဦးရင်းနှီးသော ဆက်ဆံရေးမရှိသည့်အပြင် အချင်းချင်း ပြိုင်ဖက်များလည်း ဖြစ်သေးသည်။

“ဟင့်အင်း မ‌တွေ့တော့ဘူး။” ဝူရွှမ်းဟွာက ပြန်ဖြေလိုက်သည်။

ဝူရွှမ်းဟွာက ကံဆိုးစွာနဲ့ ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့ကို ထပ်မံမတွေ့ရတော့ပေ။ တကယ်တော့ ပိုင်လီကျုံးယန်နဲ့ ပိုင်လီကျုံးရွှယ်တို့ အတူတူ မကြာခဏ ပေါ်လာ‌လေ့ရှိပေမယ့် ဝူရွှမ်းဟွာကတော့ သူတို့ ပြန်မှ ရောက်သွားလေ့ရှိခြင်းသာဖြစ်သည်။

သူတို့လည်း မနက်ခင်းတိုင်းမှာ ပြေးလေ့ပြေးထရှိပေမယ့်လို့ မနေ့ညက ရာစုနှစ်မြို့တော်ကို မတော်တဆ ပြန်မလာနိုင်ခဲ့သည့်အတွက် ဝူရွှမ်းဟွာက သူတို့ကို ဒီမနက်တွင် မတွေ့ခဲ့ခြင်းဖြစ်သည်။

သုန်းဖန်းကျီယွီက၊ “ကောင်းပြီ၊ ကုနင်းကို ဆက်စုံစမ်းထား။ ငါကျင့်ကြံရေးလောကကို ခဏပြန်သွားရမယ်။ သတင်းရတာနဲ့ ငါ့ကိုဖုန်းဆက်လိုက်ပါ။”

ကျင့်ကြံရေးလောကသည် သေမျိုးလောကနှင့် လုံးဝမတူသည့်အတွက်ကြောင့်၊ သူမသည် ကျင့်ကြံရေးကမ္ဘာမှာ ဖုန်းအားသွင်းလို့ မရတဲ့အတွက် အားအပြည့်ရှိသော စမတ်ဖုန်းတစ်လုံးကိုသာ သူမနှင့်အတူ သယ်ဆောင်သွားနိုင်သည်။ ကမ္ဘာကူးပြောင်းတဲ့ နယ်နိမိတ် နေရာလွတ်ဟာ အကန့်အသတ်ရှိသောကြောင့် သူမနှင့်အတူ ပစ္စည်းသေးသေးလေးများသာ သယ်ဆောင်သွားနိုင်သည်။

“ပြသနာမရှိပါဘူး။” ဝူရွှမ်းဟွာ သဘောတူလိုက်သည်။

ဝူရွှမ်းဟွာသည် သုန်းဖန်းမိသားစုမှ အဖွဲ့ဝင်မဟုတ်သည့်အတွက် ပြိုင်ပွဲတွင် ပါဝင်မည်လည်းမဟုတ်တာကြောင့် လွတ်လွတ်လပ်လပ်နဲ့ သူသွားလိုတဲ့အချိန်တိုင်း သွားနိုင်ပေသည်။

ထို့နောက် သုန်းဖန်းကျီယွီလည်း ထွက်ခွာသွားတော့သည်။

***

အခန်း ၁၅၀၂ လိုချင်တာ မအောင်မြင်တဲ့အခါ ခြိမ်းခြောက္မှုများပါ၀င်လာကြပါသည်

ကုနင်း မြေအောက်ကားပါကင်မှာ ဓါတ်လှေကားစောင့်နေရင်းကနေ ကေကိုတွေ့လိုက်ရသည်။

“ဟိုင်း ဘော့စ် နည်းပညာကုမ္ပဏီတော်တော်များများက ကျွန်တော့်ကို ဆက်သွယ်ပြီး ကောဆုနည်းပညာကို လိုချင်တယ်လို့ပြောလာကြပေမယ့် သူတို့အားလုံးကို ငြင်းထားလိုက်တယ်။ တချို့ဆို ငါ့ကို ခြိမ်းတောင် ခြိမ်းခြောက်လိုက်သေးတယ်၊” ကေသည် ထိုခြိမ်းခြောက်မှုများကို အလေးအနက်မထားသောပုံစံဖြင့် ကုနင်းကို ပြုံးပင်ပြုံးပြလိုက်သည်။

ကုနင်းကြောင့် သူ့ကို ဘယ်သူကမှ ထိခိုက်အောင် မလုပ်နိုင်ဘူးလေ။

အဲ့အစား စီးပွားပြိုင်ဖက်များက ကုမ္ပဏီအား ထိခိုက်ဖို့အတွက် ကြိုးစားပါကလည်း သူတို့ရဲ့ မိုက်မဲသော ဆုံးဖြတ်ချက်အတွက် သူတို့ ပြင်ဆင်ထားရမည်သာဖြစ်သည်။ ကုနင်း၏ ကုမ္ပဏီများကို ဆန့်ကျင်ဖို့ ကြံစည်တဲ့ မည်သည့်ကုမ္ပဏီမှ အောင်မြင်ခဲ့ခြင်းမျိုးမရှိပေ။

ကုနင်း၏ကုမ္ပဏီဂုဏ်သိက္ခာကို ခဏတာမျှ ထိခိုက်စေနိုင်သော်လည်း နောက်ဆုံးတွင် မအောင်မြင်သေးဘဲ ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရသည်။

ကောဆုနည်းပညာသည် သေးငယ်သော စွန့်ဦးလုပ်ငန်းတစ်ခုမျှသာဖြစ်ပြီး ကုမ္ပဏီကို ကုနင်းမှ ထိန်းချုပ်ထားကြောင်း လူများစွာက မသိခဲ့ကြသောကြောင့် အရင်က လူ့အဖွဲ့အစည်းကို လွှမ်းမိုးမှုများစွာမရှိခဲ့ပေ။ သို့သော် ကောဆုနည်းပညာမှတီထွင်သည့် ပထမဆုံးဂိမ်းသည်ထွက်ရှိလာသည်နှင့်တပြိုင်နက်ထိပ်တန်းအွန်လိုင်းဂိမ်းဖြစ်လာတဲ့အတွက်ကြောင့် ထိုဂိမ်းဟာ ဂိမ်းနယ်ပယ်ရှိ ကုမ္ပဏီများထံမှအာရုံစူးစိုက္မှုများစွာကိုရရှိရန်အတွက် အထောက်အကူဖြစ်ခဲ့သည်။

"တကယ်လား?" ကုနင်းက သူမမျက်ခုံးကိုပင့်လိုက်တယ်။

ပြီးနောက် စိတ်မဆိုးဟန် ပြုံးလိုက်ကာ

"သူတို့က ရှင့်ကို ဘယ်လိုခြိမ်းခြောက်တာလဲ။"

“ရိုးရိုးရှင်းရှင်း‌လေးပါပဲ ‘ကောဆုနည်းပညာက သေးငယ်တဲ့ စွန့်ဦးလုပ်ငန်းတစ်ခုပဲလေ တောင့်တင်းတဲ့ ပံ့ပိုးကူညီမှုမရှိဘဲ တောက်ပတဲ့အနာဂတ်ကို ရရှိမှာမဟုတ်ဘူး၊ ငါတို့ဘက်က ပံ့ပိုးပေးဖို့ ဆန္ဒရှိပါတယ်’ပေါ့။” ဟု ကေက ခနဲ့တဲ့ လေသံနဲ့ ပြန်ပြောပြလိုက်သည်။

အဲ့ဒီနည်းပညာကုမ္ပဏီကြီးများက သူတို့ကိုယ်သူတို့ ဂိမ်းနယ်ပယ်မှာ ဦးဆောင်သူ‌တွေလို့ ယုံကြည်နေကြသော်လည်း ကေ့ အမြင်ကတော့ မတူ‌ပေ။ သူတို့ထဲက ဘယ်သူကမှ ကုနင်းနဲ့ မယှဉ်နိုင်တာ သေချာသည်။ ကုနင်းမှာက သူတို့ထက် ယွမ်ငွေ ဘီလီယံပေါင်းများစွာ ပိုပိုင်ဆိုင်တယ်လေ။

ကေသာလျှင် ကုနင်း၏ကုမ္ပဏီများအားလုံးကို သိရှိသောကြောင့် သူမ အလွန်ချမ်းသာကြောင်း သူသိသည်။ သူမ၏ ကြွယ်ဝမှု အများစုသည် ကျောက်စိမ်း လက်ဝတ်ရတနာလုပ်ငန်းများမှရရှိလာခြင်းဖြစ်သည်။ ထန်မြို့ ရှိ သူမ၏ ကုမ္ပဏီများသည် ယွမ် ဆယ်ဘီလီယံကျော် တန်ဖိုးရှိသည်။ အဲ့ထဲကမှ ခိုကျီနှင့် JadeBeauty လက်ဝတ်ရတနာတို့မှာ အလွန်အမြတ်အစွန်းများတဲ့ လုပ်ငန်းများဖြစ်ကြသည်။

ချမ်းသာသူ အနည်းစုသာ JadeBeauty လက်ဝတ်ရတနာရဲ့ အမြဲတမ်း ဖောက်သည်များ ဖြစ်လာကြသော်လည်း သူတို့က လက်ဝတ်ရတနာအတွက်သာဆိုရင် တုံ့ဆိုင်းမှုမရှိဘဲ ငွေအမြောက်အမြား သုံးစွဲကြသူများဖြစ်ကြသည်။

ချမ်းသာသော အမျိုးသမီးတစ်ဦးတွင် လက်ဝတ်ရတနာအစုံအနည်းငယ်လောက် ရှိတတ်ကြသည်က ပုံမှန်ပင်။

JadeBeauty လက်ဝတ်ရတနာနှင့် နှိုင်းယှဉ်ရမယ်ဆိုရင် ခိုကျီသည် လူတန်းစားမရွေးပဲ အားလုံးမှာ ရေပန်းစားပြီး အမျိုးသမီးတွေ ဒါမှမဟုတ် မိန်းကလေး အများအပြားက ပုံမှန်ဖောက်သည်များဖြစ်လာကြသည်။ အမျိုးသမီးများက သူတို့ရဲ့အလှကို ထိန်းသိမ်းရာမှာ အလွန်ရက်ရောတဲ့အတွက် ပုံမှန်အမျိုးသမီးဖောက်သည်များကို ဆွဲဆောင်နိုင်ပြီး ငွေရှာရန်လွယ်ကူသည်။ ခိုကျီသည် အသစ်တည်ဆောက်ထားသော အမှတ်တံဆိပ်တစ်ခုဖြစ်ပေမယ့်လည်း ၎င်း၏အရည်အသွေး၊ ဘေးကင်းမှုနှင့် ကောင်းမွန်သောအကျိုးသက်ရောက္မှုများကြောင့် နာမည်ကောင်းရရှိထားပြီးဖြစ်သည်။

အချို့သော ချမ်းသာတဲ့ အမျိုးသမီးများသည် နာမည်ကြီး နိုင်ငံခြား အသားအရေထိန်းထုတ်ကုန် အမှတ်တံဆိပ်များကို ဝယ်ယူကြပါသော်လည်း ခိုကျီသည် ယခုအချိန်တွင် လူကြိုက်အများဆုံး ပြည်တွင်းအမှတ်တံဆိပ်ဖြစ်သည်။ အဲ့ဒီအတွက် မိန်းကလေးများ ဒါမှမဟုတ် အမျိုးသမီးများက ခိုကျီကို စမ်းသုံးချင်လာကြကာ အများစုမှာ အသုံးပြုပြီးနောက် နှစ်သက်သွားကြသည်။

ယခုအချိန်မှာ ခိုကျီသည် နိုင်ငံတကာ နာမည်ကြီးအမှတ်တံဆိပ်များစာရင်းတွင် မပါဝင်သေးသော်လည်း ထိုအခြေအနေသို့ရောက်ရှိရန် အချိန်ကြာတော့မည် မဟုတ်ပေ။

အခြားသော အသားအရေထိန်းအလှကုန် အမှတ်တံဆိပ်အချို့သည် ခိုကျီကဲ့သို့သော ပြင်းထန်သောပြိုင်ဖက်နှင့် ရင်ဆိုင်ဖို့ အတွက်ကြောက်ကြသည်။ ဒါကြောင့်ပဲ သူတို့က အင်တာနက်ပေါ်တွင် ခိုကျီအကြောင်း မကောင်းတဲ့မှတ်ချက်များ တမင်တကာ ချန်ထားခဲ့ကာ ခိုကျီကိုဝယ်ယူခြင်းမပြုရန် လူများကို တားဆီးရန် ကြိုးစားသော်လည်း ဤနည်းဗျူဟာသည် အလွန်အသုံးဝင်ခြင်းမရှိပေ။

ဒါဟာအစပဲရှိပါသေးတယ်၊ ခိုကျီဟာ အနာဂတ်မှာ ပိုမိုဆိုးရွားတဲ့ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်ဦးမည်။

ဒါပေမယ့် ကုနင်းက အဆင်သင့်ဖြစ်နေပြီမို့ လုံးဝမစိုးရိမ်ပါ။ ထို့အပြင် သူမရဲ့ ပစ္စည်းဥစ္စာများ ပိုမိုပိုင်ဆိုင်လာသည်နှင့်အမျှ သူမ၏လူမှုရေး အဆင့်အတန်းသည်လည်း မြင့်မားလာတဲ့အတွက် သူမအား ပျော့ညံ့တဲ့သူမဟုတ်ကြောင်း လူတွေ သိရှိစေပါတယ်။ သူမရဲ့ စီးပွားရေးအင်ပါယာကိုတည်ဆောက်ရန်နှင့်ချဲ့ထွင်ရန်အတွက် သူမမှာလုံလောက်တဲ့အရင်းအမြစ်‌တွေ၊ အဆက်အသွယ်တွေ အကူအညီပေးသူ‌တွေနှင့် အခြားအရာများစွာလည်း ရှိပါသေးသည်။

အဲ့တာကြောင့် သူမသာ ငြင်းဆိုပါက ကောဆုနည်းပညာကို ရောင်းချရန် ဘယ်သူမှ အတင်းအကျပ် တွန်းအားပေးနိုင်မည် မဟုတ်ပါ။ သူမ၏ကိုယ်ပိုင်ဩဇာလွှမ်းမိုးမှုအပြင် သူမရဲ့နောက်မှာလည်း ထန်မိသားစု၏ပံ့ပိုးမှုကရှိ‌နေသေးသည်။

ထန်မိသားစုက စီးပွားရေးနှင့် နိုင်ငံရေးတွင် အရေးပါသော နေရာမှာရှိတဲ့အတွက် ဘယ်လောက်ပဲ အောင်မြင်‌နေတဲ့ ကုမ္ပဏီဖြစ်ဖြစ် ထန်မိသားစုကိုတော့ ဆန့်ကျင်နိုင်ခြင်းရှိမှာမဟုတ်ပေ။

“လျစ်လျူရှုလိုက်။ သူတို့သာ ညစ်ပတ်တဲ့လှည့်ကွက်တွေ‌နဲ့ ကစားရဲရင်‌တော့ သူတို့လည်း ပြန်ပေးဆပ်ရမှာပေါ့။” ကုနင်း ထိုလူများအပေါ် သည်းခံနိုင်စွမ်းမရှိ‌တော့ပေ။

“ကောင်းပြီ။” ကေ၏အတွေးကလည်း သူမနှင့် ထပ်တူပင်။

“အိုး မူမိသားစုကရော ဘယ်လိုလဲ?”

ကုနင်း ရုတ်တရက်မေးလိုက်သည်။

မူမိသားစုဟာ ကေ၏ရန်သူဖြစ်တဲ့အတွက် ဂရုမစိုက်သင့်ဟု သူမထင်တာကြောင့် အချိန်အတော်အကြာ ဂရုမစိုက်ပဲနေခဲ့သည်။

“သူတို့ ပိုင်ဆိုင်သမျှအကုန်လုံး ဆုံးရှုံးသွားပြီ၊ လာမယ့်ရက်အနည်းငယ်အတွင်း ဒေဝါလီခံဖို့ ကြေညာနိုင်မှာ။”

မူမိသားစုက သူတို့ပိုင်ဆိုင်သမျှအရာအားလုံးကို ဆုံးရှုံးလိုက်ရတဲ့အတွက် သူကျေနပ်မိတယ်။ သူ့လက်စားချေမှု အောင်မြင်သရွေ့ သူ့ဘဝရဲ့ အနာဂတ်ကိုသာ ပိုအာရုံစူးစိုက်နိုင်ပေတော့မည်။

တကယ်တော့ မူမိသားစုအကျပ်အတည်းထဲ‌ရောက်သွားသည်နှင့် တပြိုင်နက် သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအားလုံးကလည်း စွန့်ပစ်လိုက်ကြသည်။

***

အခန်း ၁၅၀၃ ခ‌ဏလောက် လျှောက်လည်မလို့

တကယ်တော့ မူမိသားစုမှာ ညစ်ပတ်တဲ့လျှို့ဝှက်ချက်တွေသာမရှိရင် ကေ့အနေနှင့်လည်း အချိန်တိုလေးအတွင်းမှာပဲ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်ပေ။

မူရွှီရှင်း နေမကောင်းဖြစ်ပြီး အိပ်ရာထဲ လဲသွားပြီဖြစ်၍ သူလည်းသူ့မိသားစုကို ကယ်တင်ဖို့ ဘာမှမတတ်နိုင်တော့ပေ။

မူမိသားစုက ဒေဝါလီခံလိုက်ရပေမယ့်လည်း ကေရဲ့ ကျန်ရှိသေးတဲ့ ဂရုဏာစိတ်ကြောင့် အကြွေးတော့ များများစားစား မတင်လိုက်ပါ။

ကုနင်း သူမရုံးခန်းဆီကို သွားရင်းကနေ ဝူရွှမ်းဟွာဆီတစ်ချက်လှမ်းကြည့်လိုက်တော့ သုန်းဖန်းကျီယွီ မရှိတာကို သတိပြုမိလိုက်သည်။

အဲဒီနောက်မှာတော့ သူမဟာ သူမအလုပ်တွေကိုသာ ဆက်လုပ်နေလိုက်တော့သည်။

.....

သုန်းဖန်းကျီယွီသည် ကျင့်ကြံရေးကမ္ဘာနှင့်‌ သေမျိုးဘုံကြား နယ်နိမိတ်ကို ရောက်သောအခါ အဲ့ဒီကနေ ထွက်လာသည့် ပိုင်လီကျုံးရွှယ်နှင့် တွေ့တော့သည်။

“ဟိုင်း ကျီယွီ အိမ်ပြန်မလို့လား။"

ပိုင်လီကျုံးရွှယ်သည် သုန်းဖန်းကျီယွီကို ပြုံးပြရင်း‌‌မေးလိုက်သည်။

အင်အားကြီးမိသားစုလေးခုသည် အမှန်တကယ်ပြိုင်ဖက်များဖြစ်‌ပေမယ့်လည်း၊ အပေါ်ယံမှာတော့ အချင်းချင်းကြင်ကြင်နာနာဆက်ဆံပြကြသေးသည်။

သုန်းဖန်းမိသားစုနှင့် ပိုင်လီမိသားစုတို့သည်လည်း လက်ထပ်ပေါင်းစည်းရန် ရည်ရွယ်ချက်ရှိပြီး ပိုင်လီကျုံးယန်နှင့် သုန်းဖန်းကျီယွီကို လက်ထပ်ရန် စီစဉ်ထားခဲ့သည်။ ပိုင်လီကျုံးယန်ကလည်း သုန်းဖန်းကျီယွီသည် အမှန်တကယ် လှပပြီး ကျင့်ကြံရေးလောကမှာ အကျွမ်းကျင်ဆုံး အမျိုးသမီး ကျင့်ကြံသူဖြစ်တာကြောင့် လက်ထပ်ပွဲကို သဘောတူခဲ့သည်။

ဒါပေမယ့် သုန်းဖန်းကျီယွီသည် သူ့ကိုလက်ထပ်ရန် ဆန္ဒမရှိပေ။ အခုချိန်မှာ ဒီကိစ္စကို ပြောဖို့ စောလွန်းသေးတယ်ဆိုပြီး အကြောင်းပြကာ ပိုင်လီကျုံးယန်ကို တစ်ချိန်လုံး ရှောင်နေခဲ့သည်။

ပိုင်လီကျုံးယန်သည် အလွန်ထူးချွန်သော လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း သူမ သူ့ကို မချစ်နိုင်ပေ။ အတိအကျပြောရလျှင် သုန်းဖန်းကျီယွီသည် ပိုင်လီကျုံးယန်ကို အနည်းငယ် မုန်းတီး‌စိတ်ပင်ရှိပါသေးသည်။

ပိုင်လီကျုံးရွှယ်ကိုတော့ဖြင့် သုန်းဖန်းကျီယွီ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသည်။

"ဟုတ်တယ် ဘယ်သွားမလို့လဲ။"

သုန်းဖန်းကျီယွီက မေးလိုက်သည်။

"ခနလောက် လျှောက်လည်မလို့။"

“ကွန်ဖူးပြိုင်ပွဲက နီးလာပြီ။ မင်းရဲ့ ကျင့်ကြံရေးမှာ ဘာလို့ အချိန်ပိုမပေးတာလဲ။"

သုန်းဖန်းကျီယွီက သူ့ညီမလေးကို ဆူနေသလိုမျိုး မေးလိုက်တယ်။

အဲဒါကိုကြားတော့ ပိုင်လီကျုံးရွှယ်က စိတ်မကောင်းဖြစ်‌‌နေဟန်နှင့်

"ဘာပဲဖြစ်ဖြစ် ကျွန်မ ထိပ်တန်း သုံးယောက်ထဲ ၀င်အောင် မစွမ်းဆောင်နိုင်ပါဘူး၊ ပြင်းပြင်းထန်ထန် လေ့ကျင့်‌နေရင်တောင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး။"

ပိုင်လီကျုံးရွှယ်သည် သုန်းဖန်းကျီယွီနဲ့ ဆက်ဆံရေး အဆင်ပြေတယ်ဆိုပေမယ့် အဲ့တာက သူမကို အကုန်‌ပြောပြမယ်လို့ မဆိုလိုပါဘူး။

"အခုရော ဘယ်မှာနေလဲ။" သုန်းဖန်းကျီယွီက မေးလိုက်သည်။

"အကိုကြီးက ညီမအတွက် ဟိုတယ်မှာ အခန်းတစ်ခန်းယူထားတယ် သူ့ကိုတွေ့ဖို့သွားတဲ့အခါ ကျရင်ပြောပြလိမ့်မယ်။"

ပိုင်လီကျုံးရွှယ်သည် ရာစုနှစ်မြို့တော်အကြောင်းကို လုံးဝမပြောပေ။

ထိုအချိန်မှာ ပိုင်လီကျုံးရွှယ်သည် သူမ၏လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း သုန်းဖန်းကျီယွီ နားလည်သွား‌တော့သည်။ ပိုင်လီကျုံးရွှယ်က ကုနင်း ကြောင့် သေမျိုးဘုံသို့သွားတယ်ဆိုတာကို သူသေချာပေါက်သိတာပေါ့။

"ကောင်းပြီ နောက်မှတွေ့ရအောင်!"

သုန်းဖန်းကျီယွီက နှုတ်ဆက်လိုက်သည်နှင့် "ဘိုင့်ဘိုင်" ပိုင်လီကျုံးရွှယ်လည်း ပြောပြီး ထွက်သွားခဲ့သည်။

သုန်းဖန်းကျီယွီသည် နယ်နိမိတ်တွင်ရပ်ပြီး ဝူရွှမ်းဟွာထံ မက်ဆေ့ချ်ပို့ရန် ဖုန်းကိုထုတ်ကာ ပိုင်လီကျုံးရွှယ်နဲ့‌တွေ့ခဲ့ကြောင်း ပြောပြလိုက်သည်။

....

ထန်ယရှင်းနှင့် ကျီယီယင်းတို့သည် ထိုညက တစ်ညလုံး အိပ်မပျော်နိုင်ပေ။ သူတို့အနားမှာ အစောင့်များရှိပေမယ့်လည်း ကြောက်နေကြတုန်းပါပဲ။ ကြေးစားလူမိုက်များသည် သာမန်ကိုယ်ရံတော်များထက် အလွန်သန်မာပြီး သာလွန်ကြောင်း သူတို့သိထားသော်လည်း မျက်လုံးမှိတ်ထားလိုက်သည်နှင့် အိပ်မက်ဆိုးများ ဆက်တိုက်မက်တော့သည်။

ထန်ယရှင်းက ထန်အိုက်နင်းဆီမှာညှဉ်းပန်းနှိပ်စက်ခံရတဲ့အချိန်မှာ ကျီယီယင်း က သတိလစ်သွားတဲ့အတွက် သူမက ထန်ယရှင်းထက်စာရင် စိတ်ပိုင်းဆိုင်ရာအခြေအနေ ပိုကောင်းနေပါသေးသည်။

ထန်ယရှင်းသည် ထိုနေ့ညမှစ၍ လုံးဝအနားမယူနိုင်တော့ပေ။

ချီကျီယွဲ့သည် တစ်မနက်လုံး မူးယစ်ဆေးအကြောင်းကို တွေးနေခဲ့ပြီး နောက်ဆုံးတွင် သူ့ဖုန်းကို ဖွင့်လိုက်ပါတော့သည်။

မက်ဆေ့ချ်ပေါင်း တစ်ရာကျော်နှင့် လွတ်သွားသော ဖုန်းခေါ်ဆိုမှု ဒါဇင်ပေါင်းများစွာသည် သူ့ဖုန်းထဲသို့ ဝင်လာပြီး အားလုံးက သူ့သူငယ်ချင်းများထံမှ ဖြစ်သည်။ ချီကျီယွဲ့က သူတို့ကို လျစ်လျူရှုပြီး လူတစ်ယောက်ကို တိုက်ရိုက်ခေါ်လိုက်သည်။

သူ ဆေးစွဲခဲ့ဖူးပြီး နောက်ပိုင်းမှာ အပြတ်ဖြတ်လိုက်နိုင်တဲ့ သူ့သူငယ်ချင်းကို ဖုန်းဆက်နေတာပင်။ ဆေးကိုဘယ်မှာဝယ်ရမှန်းကို ထိုသူငယ်ချင်းကတော့ သိပေမည်။

ချီကျီယွဲ့က အခုသူ့လက်ရှိ အခြေအနေကို ဘယ်လိုရှင်းပြရမယ်မှန်းသူမသိသော်လည်း အခု သူ့မှာ တခြားရွေးချယ်စရာလည်း မရှိ‌ပေ။

တစ်ချိန်တည်းမှာပင် သူ့သူငယ်ချင်းက ထန်မိသားစုကို သူ့အခြေအနေအကြောင်း ပြောပြမှာကို စိုးရိမ်နေမိသည်။ ဒီတုန်လှုပ်ချောက်ချားစရာ အရှုပ်တော်ပုံ ပေါ်ပေါက်ပြီးနောက် သူ့သူငယ်ချင်းကို အားကိုးအားထားလို့ ရအုံးပါ့မလား။ သူ့မှာ ရင်းနှီးတဲ့သူငယ်ချင်းတွေမရှိလို့ အရမ်းသတိထား‌နေရသည်။

စက္ကန့်အနည်းငယ်ကြာအောင် စောင့်ပြီးနောက် သူ့သူငယ်ချင်းက ဖုန်းကိုင်လာသည်။

"ကျီယွဲ့ မင်းအခုဘယ်လိုနေနေလဲ။"

တကယ်တော့ ချီကျီယွဲ့ ရုတ်တရက်ပျောက်ကွယ်သွားတော့ သူ့ကိုရှာဖို့ကြိုးစားခဲ့ပေမယ့် သူဖုန်းခေါ်တာကို မဖြေကြားခဲ့ပေ။ ချီကျီယွဲ့၏ဖုန်းက အမြဲစက်ပိတ်ထားကာ သူတို့နှစ်ယောက်ဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေမဟုတ်ကြပေမယ့် သူငယ်ချင်းကောင်းအဆင့်တော့ ရှိကြသေးသည်။

"ဝမ်ကော ငါ မင်းရဲ့အကူအညီလိုနေတယ်။"

"ငါဘာလုပ်ပေးရမလဲ? ငါလည်း အကုန်ကူညီချင်ပေမယ့် တတ်နိုင်သလောက်တော့ ကူညီပေးပါမယ်။"

ချီကျီယွဲ့ လုံးဝကျေနပ်သွားတာ‌တော့မဟုတ်ဘဲ “အင်း ကိစ္စက...”

ထို့နောက် ဝမ်ကောကို အကြောင်းစုံ ပြောပြလိုက်ပြီး သူ့ကိုမူးယစ်ဆေးရရန် ကူညီပေးဖို့ တောင်းပန်လိုက်သည်။

***

အခန်း ၁၅၀၄ ပိုက်ဆံအတွက် နာကျင်ခြင်း?

အဲ့တာက ဝမ်ကောအတွက်တော့ ခက်ခဲတဲ့အရာမဟုတ်တဲ့အတွက်ကြောင့် သူသဘောတူလိုက်ပါသည်။ မူးယစ်ဆေးဝါးသည် မည်မျှအန္တရာယ်ရှိသည်ကို သူသိသော်လည်း ချီကျီယွဲ့၏အခြေအနေမှာ ကွဲပြားပြီး သူ့ကိုကူညီနိုင်မည်ဟု သူထင်မိသည်။

“ဝမ်ကော ငါ့ဖုန်းက တစ်ချိန်လုံး ပွင့်နေမှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီည ၈ နာရီမှာ မင်းကို ဖုန်းဆက်လိုက်မယ်။ မင်း နည်းနည်းပါးပါးရလာခဲ့တယ်ဆိုရင် ငါ့အတွက် ပစ္စည်းယူဖို့အတွက် လူစီစဉ်ပြီးတော့ ငွေကို မင်းကိုတိုက်ရိုက်ပေးခိုင်းလိုက်မယ်။” ဟု ချီကျီယွဲ့ ပြောလိုက်သည်။

သူအခုနေနေတဲ့နေရာကို သိသွားမှာဆိုးတဲ့အတွက် ဝမ်ကောကို လူကိုယ်တိုင်တွေ့မှာတော့ မဟုတ်ပေ။

ဝမ်ကောသည် နောက်ထပ်အသေးစိတ်အချက်အလက်များကို သိရှိလိုခြင်းမရှိတဲ့အတွက်ကြောင့် သူ့အကြောင်းကို ထပ်မံမမေးခဲ့ပေ။

ချီကျီယွဲ့သည် ဆေးအများအပြားလိုအပ်တာ မဟုတ်ဘဲ ၁၀ ကြိမ် သောက်ရန်အတွက်သာ လိုအပ်သောကြောင့် သူ့အတွက် ငွေအလုံအလောက်ပြင်ဆင်ရန် အလွန်လွယ်ကူ‌ပေသည်။

…

နေ့လည်တွင် ကုနင်းသည် ကောဝေ့ချောင်ဆီကနေ မက္ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။ စာထဲမှာ ကုဖန်းဟာ တရားဝင်ဝဘ်ဆိုဒ်နဲ့ Weibo အကောင့် ဖွင့်ထားပြီဖြစ်ကြောင်း သူမကို ပြောကြားခဲ့ပြီး ကုဖန်းရဲ့ အဓိက စတိုးဆိုင်ဖွင့်ပွဲကို သုံးရက်အတွင်း ကျင်းပတော့မယ်လို့ သတင်းကို ထုတ်ပြန်ထားသည်။

ကုဖန်းသည် အခုမှ စွန့်ဦးလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် ဖွင့်ပွဲအခမ်းအနားကို အလွန်ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားလုပ်မည်မဟုတ်ဘဲ ပြပွဲစင်မြင့်ပေါ်၌ လမ်းလျှောက်ရန် မော်ဒယ်အချို့ကိုသာ ငှားရမ်းထားခဲ့သည်။

ကုနင်းနှင့် ဆက်ဆံရေး‌ကောင်းမွန်‌သူများသည် ထိုကုမ္ပဏီက ကုနင်း၏ကုမ္ပဏီအသစ်တစ်ခုဖြစ်ကြောင်း သိထားတဲ့အတွက် ထိုနေ့တွင် သူမကို ဂုဏ်ပြုရန်လာရောကက်လာကြမည်ဖြစ်သည်။

ထို့ကြောင့် ဖွင့်ပွဲအခမ်းအနားကို အာရုံစိုက်မှုရရှိစေရန် မော်ဒယ်များ ရှာဖို့မလိုအပ်ဘဲ ထန်မိသားစု၏ မော်ဒယ်လ်ကုမ္ပဏီက ထိုကိစ္စအားဖြေရှင်းပေးမည်ဖြစ်သည်။

ဖုန့်ဟွာအင်တာတိန်းမန့်တွင် မော်ဒယ်များမရှိတဲ့အတွက် ဤအမှတ်တံဆိပ်အသစ်အတွကိ ကျော်ကြားမှုအချို့ရရှိပြီးတဲ့အခါကျရင်ပြောရေးဆိုခွင့်ရှိတဲ့သူတစ်ဦးကို သူ့ကုမ္ပဏီက အနုပညာရှင်တွေထဲကရွေးရန် ကုနင်း ဆုံးဖြတ်လိုက်သည်။

ကုနင်းသည် သတင်းကိုဖတ်ရန် Weibo သို့ ချက်ချင်းဝင်ရောက်လိုက်သည်။ သူမရဲ့ အကောင့်စာမျက်နှာကို ဖွင့်လိုက်သည်နှင့် သူမ၏ followers များထံမှ မက်ဆေ့ချ်များစွာကို တွေ့သော်လည်း သူတို့ကို သူမ စိတ်မဝင်စားပေ။

ကုဖန်း၏တရားဝင် Weibo အကောင့်ကို သူမတွေ့ရှိခဲ့ပြီး သူမရဲ့ပထမဆုံးပို့စ်ကို ပြန်လည်မတင်မီ ထိုအကောင့်ကို ဖော်လိုးလုပ်လိုက်သည်။

ကုဖန်း (တရားဝင်အကောင့်) - ကုနင်း ပိုင်ဆိုင်သည့် အခြားဖက်ရှင်အမှတ်တံဆိပ်ဖြစ်တဲ့ ကုဖန်းကို ယနေ့တွင် တရားဝင် တည်ထောင်လိုက်ပြီဖြစ်ပါတယ်။ ကျွန်ုပ်တို့တွင် အမျိုးသား၊ အမျိုးသမီးအဝတ်အစားများရှိပြီး ကျွန်ုပ်တို့၏ အဓိကစတိုးဆိုင်သည် ဖန်ရှင်းဈေးဝယ်စင်တာတွင် ယခုအပတ်စနေနေ့ နံနက် ၁၀ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ပါတယ်။ ပထမနေ့တွင် ဈေး၀ယ်သူများအား ၂၀% လျှော့စျေးရှိနိုင်မှာဖြစ်ပြီး ကံစမ်းမဲများလည်း ဖောက်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါဆုများကို JadeBeauty လက်ဝတ်ရတနာ နှင့် ခိုကျီ တို့မှ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဤစနေနေ့တွင် ကျွန်ုပ်တို့၏ပါတီတွင် သင်တို့အားလုံးပါဝင်ရန် ကြိုဆိုလျက်ရှိပါတယ်။

ထိုပို့စ်ကို ရုပ်ရည်ချောမောလှပသော လူငယ်တစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုကြော်ငြာတစ်ခုနဲ့ပါ တွဲတင်ထားလိုက်သည်။

ဇာတ်လမ်းထဲမှာ ယောက်ျား‌လေးနှင့်မိန်းမလေးသည် လမ်းပေါ်၌ လမ်းလျှောက်ကြရင်း အချင်းချင်း ပထမဆုံးအကြိမ် ဆုံတွေ့ကြသည်။ ပထမဆုံး အကြည့်နဲ့တင် တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားကာ ချိန်းတွေ့ကြပြီး နောက်ဆုံးတွင် လက်ထပ်လိုက်ကြတဲ့ ဇာတ်လမ်းလေးပင် ဇာတ်လမ်းအစမှအဆုံးထိ သူတို့နှစ်ယောက်လုံး ကုဖန်းမှ ဝတ်စုံများကိုသာ ဝတ်ဆင်ထားခဲ့ကြသည်။

ကုဖန်း၏တရားဝင် Weibo အကောင့်သည် အသစ်ဖြစ်တဲ့အတွက် follower များစွာမရှိပေ။ ဒါပေမယ့် ကုနင်းက သူ့ရဲ့ပထမဆုံးပို့စ်ကို ပြန်တင်လိုက်တဲ့အတွက် သူမ၏ဖော်လိုဝါအများစုက ကုဖန်းကို သတိထားမိခဲ့ကြပြီး အချိန်ကြာလာသည်နှင့်အမျှ အင်တာနက်အသုံးပြုသူများ ပိုမြင်လာကြသည်။

ကုနင်းမှာ Weibo တွင်တရားဝင်အကောင့်တစ်ခုရှိထားသည့် ကုမ္ပဏီများစွာရှိကာ သူတို့တွေက ယခုပို့စ်ကိုမြင်သည်နှင့် သူတို့အကောင့်မှာ ပြန်လည်တင်ပေးခဲ့ကြသည်။

ထန်ရှောင်ရှောင်နှင့် အခြားသရုပ်ဆောင်များစွာကလည်း ဒီသတင်းကို ပြန်လည်တင်ပေးခဲ့ကြသည်။ သူတို့ရဲ့ ကျော်ကြားမှုနဲ့ ဩဇာလွှမ်းမိုးမှုတွေကြောင့် ဒီပို့စ်ဟာ Weibo မှာ နာရီပိုင်းအတွင်း အကျော်ကြားဆုံး အကြောင်းအရာတစ်ခု ဖြစ်လာခဲ့လေသည်။

ကုနင်း၏ ပရိသတ်အများအပြားကလည်း သတင်းကို ပြန်တင်ရာတွင်လည်း တက်ကြွစွာပါဝင်ပေးခဲ့ကြသည်။

"ဝိုး ကုနတ်ဘုရားမမှာ နောက်ထပ်ကုမ္ပဏီအသစ်တစ်ခုရှိနေပြီ!"

"သူမက အရမ်းတော်တယ်။"

"တံဆိပ်အသစ်ရဲ့ နာမည်ကို သဘောကျတယ်။"

"ကုနတ်ဘုရားမက ငါ့အဖေထက်ငယ်‌ပေမယ့် ငါ့‌အဖေထက်တောင် ပိုအောင်မြင်သေးတယ်။"

"သူက အရည်အချင်းရှိတဲ့ စီးပွားရေးသမားတစ်‌ယောက်ပဲ။"

"သူမလိုလူကို တစ်ခါမှ မတွေ့ဖူးဘူး။"

"သူမက တကယ်မယုံနိုင်စရာပဲ။"

"သူမက အရမ်းတော်တဲ့ တည်ထောင်သူပဲ ပြဿနာတွေကို အကောင်းဆုံး စီမံခန့်ခွဲပြီး ဖြေရှင်းနိုင်တယ်။"

"သူမက လောဘကြီးလိုက်တာ။"

“ဒီကြော်ငြာနဲ့ ဒီတံဆိပ်ကို ကြိုက်တယ်။ သူ့ရဲ့ဆိုင်ကို သွားကြည့်ဖြစ်မယ်ထင်တယ်။”

"ကံစမ်းမဲအတွက် စိတ်လှုပ်ရှားမိပါတယ်။"

“ဆုတွေက အရမ်းဈေးကြီးလို့ ဆုရဖို့မလွယ်‌ေလာက်ဘူး။”

“ငါ ဆုရနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

"ပထမဆုံးနေ့နဲ့တင် ဆိုင်မှာ လူစည်‌နေမှာ သေချာတယ်။"

“သေချာတာ‌ပေါ့ ကုဖန်းက ကုနတ်ဘုရားမရဲ့ ကုမ္ပဏီအသစ်ဖြစ်လို့ ငါဘာဘဲဖြစ်ဖြစ်သွားမှာ။"

“ကုနတ်ဘုရားမရော ပေါ်လာမှာလား"

"ငါ သူ့ကို အပြင်မှာ တွေ့ဖူးချင်သေးတယ်!"

“....”

အင်တာနက်အသုံးပြုသူအများအပြားက ကုနင်းအား မန်းရှင်းကာ ထိုနေ့တွင် သူမပေါ်လာမည်လားဟု မေးသော်လည်း ကုနင်းသည် နေ့လယ်စာစားရန် ထွက်သွားသောကြောင့် ၎င်းတို့၏ မက်ဆေ့ချ်များကို မတွေ့လိုက်ရပေ။

အပြုသဘောဆောင်သောမှတ်ချက္များနဲ့အတူ အဆိုးမြင်မှတ်ချက်များလည်းရှိပြီး အင်တာနက်အသုံးပြုသူအများအပြားက ကုဖန်းကို သဘောမကျကြပေ။

မတူညီသောလူများတွင် မတူညီသောအကြိုက်များ ရှိတဲ့အတွက် နားလည်နိုင်ပါသည်။ သို့သော်အချို့‌က ကုနင်းကို တိုက်ရိုက်တိုက်ခိုက်‌ကာ ကုနင်းရဲ့ပရိသတ်များကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။

"သူမက ကျောင်းသား မဟုတ်ဘူးလား? စာကျက်တာကိုပဲ ဘာလို့ အာရုံမစိုက်နိုင်ရတာလဲ။"

"သူမက ပိုက်ဆံမလောက်ဘူးလား။"

"သူမက ပိုက်ဆံပိုရဖို့အတွက် နာကျင်‌နေရတယ်။"

"လောဘကြီးလိုက်တာ။"

"အားလုံး ရူးနေကြပြီလား? ကျောင်းသူလေးဖြစ်ပေမဲ့လည်း တစ်ချိန်တည်းမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်နိုင်တာပဲ။”

“သူ့မက သူရဲ့အရည်အချင်းနဲ့ ဉာဏ်ပညာနဲ့ ငွေရှာတာ‌လေ ဘာမှားနေလို့လဲ?”

***

အခန်း ၁၅၀၅ ကျန်းမာရေးကို ဂရုစိုက်ပါ ကုနတ်ဘုရားမ

"ဘဝမှာ ကောင်း‌ကောင်းနေချင်ရင် ပိုက်ဆံရှာဖို့ မလိုဘူးလား?"

“ငွေကို မကြိုက်ကြတဲ့သူ မရှိဘူး ပြီးတော့ တစ်ယောက်ယောက်က ငွေရှာတာ အရမ်းကောင်း‌နေရင် အဲ့တာပြဿနာ မဟုတ်ဘူး‌လေ။”

"မှန်တယ်၊ ကုနင်းက သူ့ရွယ်တူတွေကြားမှာ ထူးထူးခြားခြားပါပဲ။ ဆယ်ကျော်သက်လူငယ်တိုင်းဟာ သူ့လောက် အောင်မြင်မှု မရနိုင်ဘူး။”

"သူတို့က ကုနတ်ဘုရားမကို မနာလိုလို့ထင်တယ်။"

"ကုနတ်ဘုရားမက ငါ့ရဲ့အိုင်‌ဒေါလ်ဖြစ်ပြီး သူ့ကို ဘယ်သူ့ကိုမှ အရှက်ခွဲဖို့ ငါခွင့်မပြုဘူး။"

“ဟိတ်တာတွေက ရွံစရာကောင်းတယ်!”

"ကုနတ်ဘုရားမကို မကြိုက်ဘူးဆိုရင်တောင် သူ့ကို တိုက်ခိုက်ပြီး ဆဲဆိုမနေပါနဲ့။"

"ဘာပဲဖြစ်ဖြစ် ငါကတော့ သူ့ဆီကနေ အများကြီး သင်ယူခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်လည်း တိုးတက်အောင် လုပ်နေပါတယ်။"

"ကုနတ်ဘုရားမမှာ ပရိတ်သတ်တွေ အများကြီးရှိတယ်၊ ဒါကြောင့် မင်းတို့ အပြောအဆိုကို ပိုသတိထားသင့်တယ်။"

“…”

ကုနင်း၏ သစ္စာရှိပရိသတ်များနှင့်ရင်ဆိုင်ရတဲ့အခါမှာတော့ ကုနင်းကိုမကြိုက်တဲ့သူများသည် တိတ်တဆိတ်သာ‌နေခဲ့ရသည်။

အင်တာနက်ပေါ်တွင် အချင်းချင်း အပြင်းအထန် ငြင်းခုံ‌ေနကြသော်လည်း ကုနင်း လုံးဝ သတိမထားမိပေ။

ကုနင်းရဲ့ပရိသတ်များက တောင်းပန်မှုကို ပြင်းပြင်းထန်ထန်တောင်းဆိုသောကြောင့် ဟိတ်တာ အများအပြားက ကုနင်းကို မန်းရှင်းကာ သူမအား Weibo တွင် တောင်းပန်ခဲ့ကြရသည်။

ကုနင်း သည် အစပိုင်းမှာ အဲ့တာကို သတိမထားမိခဲ့ပါ။ နောက်မှ ဟောင်ရန် သတိပြုမိသွားပြီး ကုနင်းကို သူတို့ရဲ့ WeChat Group မှာ မန်းရှင်းကာ ဖတ်ဖို့ ပြောခဲံသည်။

ကုနင်းသည် WeChat Group ထဲမှာ ပေါ်လာပြီး စကားပြောဆိုတာ ရှား‌ပေမယ့်လည်း သူမကို မန်းရှင်းလိုက်ပါက မက်ဆေ့ချ်အသစ်များကို သူမသတိပြုမိမည်ဖြစ်သည်။

ဟောင်ရန်: ဘော့စ်ကြီးရေ မင်းရဲ့ပရိသတ်တွေက အရမ်းရက်စက်တာပဲ ဒါပေမယ့် ငါကြိုက်တယ်။

"ငါတို့ ဘော့စ်ရဲ့ အပြစ်မှ မဟုတ်တာ၁."

"ပိုက်ဆံလိုချင်ရင် သူတို့ကိုယ်တိုင် ကြိုးစားရမယ်။"

"သူတို့က ချမ်းသာတာကို မနာလိုကြတာလေ!"

“…”

ကုနင်း၏ သူငယ်ချင်း အားလုံးကလည်း သူမကို ကာကွယ်ခဲ့ကြသည်။ တကယ်တော့ ကုနင်းမှာ သစ္စာရှိတဲ့ ပရိသတ်တွေ အများကြီးရှိတယ်ဆိုတာက ဆိုရှယ်မီဒီယာမှာ ဘယ်သူမှ အကြောင်းပြချက်မရှိဘဲ သူမရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်လာနိုင်မှာ မဟုတ်တဲ့အတွက် သူတို့လည်း သဘောကျကြသည်။

အကယ်၍ သူတို့သည်လည်း အင်တာနက်ပေါ်တွင် ထိုဟိတ်တာများနှင့် တွေ့ပါက၊ ကုနင်းအတွက် ငြင်းခုံရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။

ကုနင်းသည် Weibo သို့ ထပ်မံမဝင်မှီ WeChat Group ထဲမှာရှိတဲ့ မက်ဆေ့ချ်‌များကို ဖတ်လိုက်သည်။

ဟိတ်တာတွေဟာ ဘယ်လိုပဲ မုန်းတီးမုန်းတီး သူတို့ရဲ့ ထင်မြင်ချက်တွေကို သူမ ဂရုမစိုက်ပေ။ ကုနင်း နေနဲ့တော့ ဒါဟာ ကြီးကြီးမားမားကိစ္စလို့မထင်ပေမယ့် သူမရဲ့ပရိသတ်တွေ စိတ်အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်တာကြောင့် သူမ အားလုံးကို စာပြန်ခဲ့သည်။

“လူတိုင်းမှာ မတူညီတဲ့တန်ဖိုးတွေရှိတယ်ဆိုတာ နားလည်ပါတယ်။ ပြီးတော့ ဝေဖန်မှုတွေက အဓိပ္ပာယ်ရှိတယ်ဆိုရင် ကျွန်မစိတ်ဆိုးမှာမဟုတ်ပါဘူး။ ကျွန်မအပါအဝင် လူ‌တွေက အမှားလုပ်တတ်ကြပါတယ်။ ဒါပေမယ့် အခက်အခဲတွေကို ကျွန်မ,မကြောက်ဘူး။ ကျွန်မအောင်မြင်ခဲ့တာတွေအတွက် ကျွန်မကိုယ်ကျွန်မအရမ်းဂုဏ်ယူတယ်၊ ကျွန်မက ရပ်တန့်သွားမှာ မဟုတ်ပါဘူး။"

ကုနင်းသည် သူမကို မကြိုက်တဲ့သူ‌တွေကို သတိပေးတာ‌တော့မဟုတ်ပေမယ့်လည်း သူမ၏သဘောထားကို ရှင်းလင်းစွာပြောပြလိုက်သည်။ သူမသည် ယုတ်မာသူမဟုတ်သလို ကျိုးကြောင်းဆီလျော်သော ဝေဖန်မှုများကို လက်ခံလိုစိတ်ရှိသည်။ ထိုအရာတွေက သူမကိုယ်သူမ ပိုမိုတိုးတက်ကောင်းမွန်လာဖို့အတွက် အထောက်အပံ့များဖြစ်လာနိုင်သည်။

ကုနင်းက စိတ်မဆိုးဘဲ တောင်းပန်တာကို လက်ခံလိုက်တဲ့အခါ အာရုံစိုက်မှု လျော့သွားကြလေသည်။

ကုနင်းရဲ့ ပရိသတ်တွေက ဒီအခွင့်အ‌ရေးကို ဆုပ်ကိုင်ပြီး စနေနေ့ ဖွင့်ပွဲအခမ်းအနားမှာ သူမ‌ရောလာမှာလားလို့ မေးကြသည်။

တူညီတဲ့မေးခွန်းကိုပဲ လူများစွာက မေး‌နေတဲ့အတွက်‌ေကြာင့် ကုနင်းက နောက်ဆုံးမှာတော့ သူတို့ကို အဖြေပေးလိုက်သည်။

ကုနင်း - ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာလားလို့ လူတော်တော်များများက မေးကြပေမယ့် အခုအချိန်မှာတော့ မသေချာသေးပါဘူး။ အဲဒီနေ့ အချိန်ရရင် သွားမှာပါ။ မဟုတ်ရင် ကံမကောင်းစွာနဲ့ပဲ ကျွန်မလာဖြစ်လောက်မှာမဟုတ်ဘူး။

ကုနင်း၏ ဖြေကြားချက်ကို မြင်လိုက်ရတဲ့အတွက် အင်တာနက် အသုံးပြုသူ အများအပြား စိတ်လှုပ်ရှားခဲ့ကြသည်။

"ကုနတ်ဘုရားမက ပြန်ဖြေတယ်!"

“ကုနတ်ဘုရားမ မပေါ်လာရင် ငါစိတ်ပျက်လိမ့်မယ်။"

"ဘာပဲဖြစ်ဖြစ် ငါသွားမှာ ကုနတ်ဘုရားမကို ငါတွေ့နိုင်တာပဲ၊"

"ကုနတ်ဘုရားမ အရမ်းအလုပ်များနေတယ်။"

“သူ့မှာ ကုမ္ပဏီတွေ အများကြီးရှိတယ်။”

"ကုနတ်ဘုရားမ မင်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။"

"ကျန်းမာရေးက အရေးကြီးဆုံးပါ။"

"ဟုတ်တယ်၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ကုနတ်ဘုရားမ!"

"ငါတို့ မင်းကို ထာဝရထောက်ခံ‌နေမှာ!"

“…”

အင်တာနက်အသုံးပြုသူအများအပြားသည် ကုနင်း၏ကျန်းမာရေးကိုဂရုစိုက်သောကြောင့် ကုနင်းသည် မှတ်ချက်္များကိုဖတ်ရင်း ရင်ထဲထိမိခံစားခဲ့ရသည်။ အဲဒီနောက်မှာတော့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ကြောင်း နောက်ထပ်ပို့စ်တစ်ခု ပေးပို့ပေးလိုက်လေသည်။

***

အခန်း ၁၅၀၆ ကံမကောင်းတဲ့နေရာ?

ကုဖန်းသည် မကြာမီ Weibo တွင် အကျော်ကြားဆုံးအကြောင်းအရာဖြစ်လာပြီး အင်တာနက်အသုံးပြုသူအများစုက ၎င်းကို ထောက်ခံခဲ့ကြသည်။

အင်တာနက်အသုံးပြုသူအများစုသည် ကုနင်း၏ကျော်ကြားမှုကို သိနေကြပြီဖြစ်သောကြောင့် သူမ၏နာမည်သည် အကျော်ကြားဆုံးအကြောင်းအရာများစာရင်းတွင် နောက်တစ်ကြိမ်ပေါ်လာသည်ကိုမအံ့ဩပါ။ လွန်ခဲ့သည့်နှစ်ဝက်အတွင်းတွင် ကုနင်းသည် နာမည်ကြီးအနုပညာရှင်များထက်ပင် မကြာခဏဆိုသလို အကျော်ကြားဆုံးအကြောင်းအရာများစာရင်းတွင် နေရာတစ်ခုရရှိခဲ့ပြီး မနာလိုမှုများစွာဖြစ်ပေါ်စေခဲ့သည်။

သို့သော် မနာလိုမှုသည် အမုန်းတရားတွေဟုပြော၍မရပါ။

ကုနင်းသည် နာမည်ကြီး ‘နိုင်ငံ့သူရဲကောင်း’ ဖြစ်သောကြောင့် လူအများစုက သူမကို လေးစားကြသည်။

ကုနင်းသည် သူမ၏ မယုံနိုင်စရာ ကိုယ်ခံပညာနှင့် ရဲစွမ်းသတ္တိတို့ကြောင့် "နိုင်ငံ့သူရဲကောင်း" ဟူသော အမည်ပြောင်ကို ရရှိခဲ့သည်။

သူမသည် အနုပညာရှင်တစ်ယောက်ဆိုလျှင် သူမ၏ နာမည်သည် ထိပ်တန်းအကြောင်းအရာအားလုံးတွင် ပေါ်လာနိုင်သည်။ အနုပညာရှင်တစ်ယောက်ဟာ ကောလဟာလတွေ၊ အတင်းအဖျင်းတွေနဲ့ အမြဲထွက်လေ့ရှိသည်။ တကယ်တော့ သူမလောက်နာမည်ကြီးနိုင်တဲ့ တခြားစီးပွားရေးလုပ်ငန်းရှင်တွေ မရှိပေ။

ကုနင်းရဲ့နာမည်နဲ့ သူမရဲ့ အောင်မြင်မှုတွေကို ကြားဖူးသူတွေထဲမှာ တစ်ချို့က သူမကို တကယ်သဘောကျကြတယ် တချို့က သူ့ကို မနာလိုဖြစ်ကြပြီး တချို့ကတော့ သူမကို သိပ်ဂရုမစိုက်ကြဘူး။

မတူညီသောလူများသည် မတူညီသောစိတ်ဝင်စားမှုများရှိကြပြီး လူတိုင်းသည် ဖျော်ဖြေရေးသတင်းများကို အာရုံစိုက်ကြသည်မဟုတ်ပေ။

ဖျော်ဖြေရေးသတင်းထက် စီးပွားရေးနှင့် နိုင်ငံရေးကို ပိုနှစ်သက်သူများလည်း အများအပြားရှိသည်။

…

ကုဖန်းရဲ့ ပထမဆုံးဆိုင်ကို Bမြို့တွင်ဖွင့်လှစ်တော့မည်ဖြစ်ပြီး မကြာမီအချိန်အတွင်းမှာလည်း ‌ရုံးခွဲကို မြို့တော်တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။

ကုနင်းသည် ချန်စန်းယိ နှင့် ဆွေးနွေးရန် ၁၇ ထပ်သို့ တိုက်ရိုက်သွားခဲ့သည်။

Bမြို့တွင် သူမသည် ထန်မိသားစု၏ အကူအညီရှိသောကြောင့် ဆိုင်အတွက်ဖြေရှင်းရန် သူမအတွက် အလွန်လွယ်ကူပြီး မြန်ဆန်သည်။ သို့သော် မြို့တော်တွင် သူမကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သောကြောင့် တဖြည်းဖြည်းချင်း လုပ်ရသည်။ မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးတွင် သင့်လျော်သောဆိုင်တစ်ခုကို ရှာဖွေတွေ့ရှိပြီး အလှဆင်ရန်ပြင်ဆင်တော့မည်ဖြစ်သည်။ ငှားလို့သာရလျှင် ထိုဆိုင်ခန်းကို ပိုစောစော ရနိုင်‌လောက်သည်။ ယခင်ပိုင်ရှင်သည် ငွေများစွာလိုအပ်သောကြောင့် ဆိုင်ကို ငှားရမ်းမည့်အစား တစ်ခါထဲရောင်းချရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် သူရောင်းချင်တဲ့ဈေးက အများကြီးမြင့်ပြီး လူများများစားစား မတတ်နိုင်ပေ။

မြို့တော်ရှိ အိမ်ယာစျေးနှုန်းသည် အလွန်မြင့်မားနေပြီး စတုရန်းမီတာ သုံးရာကျယ်ဝန်းသော အိမ်ရာကြီးတစ်ခုလျှင် ယွမ်သန်းပေါင်း များစွာကုန်ကျသည်။

ကုနင်းက သူ့လုပ်ငန်းကို လည်ပတ်ရန်အတွက် ပိုတည်ငြိမ်ရန်လိုအပ်တာ‌ကြောင့် သူမသည် အဲ့တာကိုလည်း ရနိုင်မယ်လို့ မျှော်လင့်သည်။ ထို့ကြောင့် သူမ တတ်နိုင်လျှင် တတ်နိုင်သမျှ ဆိုင်များများဝယ်ထားသည်။

"တစ်ပတ်အတွင်း ပြီးပါတယ်။”ချန်စန်းယိက ပြောလိုက်သည်။

“ကောင်းတယ်။” ကုနင်း ခေါင်းညိတ်လိုက်သည်။

“ဘော့စ် ငါ ဟိုတယ်နဲ့ပတ်သက်တဲ့ တချို့ အချက်အလက်‌တွေကို စုပေးထားတယ်၊ အချိန်ရတဲ့အခါ ဖတ်လို့ရပါတယ်။" ချန်စန်းယိက ကုနင်းကို ဖိုင်ဖိုင်တွဲတစ်ခု ပေးလိုက်တယ်။

ကုနင်းက သဘောတူလိုက်ပြီး ယူထားလိုက်သည်။ ဟုန်ယွမ်ဆီမှ လွှဲပြောင်းရယူထားသော ကုမ္ပဏီများနှင့် ငွေရှာရန် လိုအပ်သောကြောင့် မြို့တော်တွင် မြေကောင်းများရှာဖွေရန် ချန်စန်းယိအား သူမပြောပြခဲ့သည်။ မြို့တော်တွင် သူမ၏ဟိုတယ်ခွဲဖွင့်ရန်လည်း စီစဉ်ထားသည်။

မြို့တော်ကဲ့သို့‌သော မြို့ကြီးတွင် ဟိုတယ်လုပ်ငန်းသည် အတော်အတန်အဆင့်မြင့်လာသောကြောင့် နေရာကောင်းရှာရန် သူတို့အတွက် မလွယ်ကူလှပေ။

ကြယ်ငါးပွင့်ဟိုတယ်ဖွင့်မှာဖြစ်တဲ့အတွက် တည်နေရာက အရမ်းအရေးကြီးတာမလို့ ချန်စန်းယိက နေရာကောင်းတွေကို ရှာနေတာကြာပါပြီ။

အကောင်းဆုံးရွေးချယ်စရာ‌ေနရာကအပြောင်းအရွှေ့လုပ်နေသည့် မြို့လယ်နှင့်နီးသော ဟိုတယ်တစ်ခုဖြစ်သည်။ အနည်းငယ်ဟောင်းသော်လည်း ငွေအလုံအလောက်ရှိသရွေ့ ပြန်လည်တည်ဆောက်လို့ရနိုင်သည်။ သို့သော်လည်း ဟိုတယ်သည် သေးငယ်ပြီး စတုရန်းမီတာ ငါးရာခန့်သာ ရှိသောကြောင့် ကြယ်ငါးပွင့်ဟိုတယ်ဖွင့်ရန်အတွက် မလုံလောက်ပါ။

မည်သို့ပင်ဆိုစေကာမူ ချန်စန်းယိသည် အကြောင်းပြချက်တစ်ခုအတွက်ကြောင့် ဒီနေရာက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ဟု ထင်ခဲ့သည်။ ဟိုတယ်က ကြီးကြီးမားမားမဟုတ်ပေမယ့် မကြာခင်မှာ ပြိုကျပျက်စီးသွားမယ့် လူနေအဆောက်အအုံဟောင်းတစ်ခုရှိတယ်။ ထိုအဆောင်အအုံ၌ တိုက်ခန်းတစ်ဝက်လောက်သာအပိုင်ပြီး အများစုမှာ အိမ်ငှားများ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့အားလုံးကို ရနိုင်ပါက ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး ဆောက်ရန်အတွက် လုံလုံလောက်လောက် ရှိသည်။

ပိုသေချာ‌စေရန်အတွက် ချန်စန်းယိက မြေယာနဲ့ သယံဇာတ ဝန်ကြီးဌာနရဲ့ အကြံဉာဏ်တောင်းခဲ့သည်။

ထိုလူနေအဆောက်အအုံဟောင်းရှိသော မြေကွက်သည် အစိုးရပိုင်ဖြစ်ပြီး ၎င်းတို့ကို ၀ယ်ယူပြီး ပြုပြင်ပြောင်းလဲနိုင်သော်လည်း တိုက်ခန်းပိုင်ရှင်များနှင့် လူချင်းတွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း သိရသည်။

ထို့နောက် မြေယာပိုင်ဆိုင်ခွင့်ရရှိရန် မြေနှင့် တိုက်ခန်းများကို အမည်ပေါက်ပြောင်းလဲရမည်ဖြစ်သည်။

ပုံမှန်အားဖြင့် မြေကွက်တစ်ကွက်တွင် နှစ်ပေါင်း ၇၀ ပိုင်ဆိုင်မှုရှိပြီး ဤအိမ်ရာသည် ၃၆ နှစ်ရှိပြီဖြစ်သောကြောင့် ၎င်းကိုဝယ်လျှင် ၃၄ နှစ်သာ ဆက်လက်အသုံးပြုနိုင်သည်။ နှစ် ၇၀ မှာ ထည့်ချင်ရင် ကျန် ၃၆ နှစ်အတွက် ပိုက်ဆံ ပိုပေးရမည်။ ထို့အပြင် တိုက်ခန်းပိုင်ရှင်များနှင့်လည်း ညှိနှိုင်းရန်လည်း လိုအပ်‌ပေသည်။

ဤလူနေအဆောက်အအုံသည် ဟောင်းသော်လည်း ငွေအမြောက်အမြားတန်ဖိုးရှိနေဆဲဖြစ်သည်။

ချန်စန်းယိ နောက်ထပ်တွေ့ရှိခဲ့သည့် ဒုတိယနေရာသည် အသစ်ပြုပြင်ထားသော စွန့်ပစ်မြေဖြစ်သော်လည်း အုတ်မြစ်မချမီအဆင့်တွင်ပင် တည်ဆောက်မှု ရပ်တန့်သွားခဲ့သည်။

ဤနေရာသည် စတုရန်းမီတာ လေးထောင်ကျော်ကျယ်ဝန်းပြီး ဈေးဝယ်စင်တာကြီးဖြစ်သင့်သည်။ ဟိုတယ်တစ်ခုအတွက် လုံလောက်နိုင်သော်လည်း စျေးဝယ်စင်တာအတွက်တော့ မကြီးမားပါ။ အရှေ့ဘက်ခရိုင်တွင် တည်ရှိသောကြောင့် တည်နေရာလည်း ကောင်းမွန်ပါသည်။

ကံမကောင်းစွာဖြင့် ၎င်း‌နေရာသည် ကံမကောင်းသည့်နေရာဟု ပြောကြသည်။

ဆောက်လုပ်မှုစတင်သောအခါ အလုပ်သမားများသည် ယင်းအထဲတွင် ခေါင်းတလားတစ်ခုပါရှိသည့် သင်္ချိုင်းတစ်ခုကို တူးဖော်ခဲ့ကြသည်။ ဖွင့်ကြည့်လိုက်တဲ့အခါ အထဲမှာ ချင်မင်းဆက်က အရာရှိဝတ်စုံနဲ့ ခြောက်ကပ်နေတဲ့ အလောင်းကို တွေ့လိုက်တယ်။ ယင်းနောက် ထိုရုပ်အလောင်းကို ပြတိုက်သို့ ပြောင်းရွှေ့ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ထူးဆန်းသည့်အရာများစွာ ဖြစ်ပျက်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သမားများစွာသည် တစ်ယောက်ပြီးတစ်ယောက် မတော်တဆမှု ဖြစ်ပွားခဲ့သည်။

အစပိုင်းတွင် အလုပ်သမားများသည် ထိုကိစ္စကို အလေးအနက်မထားသော်လည်း နောက်ဆုံးတွင် တစ်စုံတစ်ဦးသေဆုံးသွားသောကြောင့် ဤနေရာသည် သရဲခြောက်သည်ဟု ယုံကြည်လာကြသည်။ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများလည်း ရပ်တန့်သွားခဲ့သည်။

All Chapters