← Chapters

ဘိုးဘေး ငါးယောက်

Vol. 37 Ch. 512

ဘိုးဘေး ငါးယောက်

Vol. 37 Ch. 512

" ဘယ်လိုဖြစ်ပြီးတော့... "

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ အကြီးအကဲ အံ့သြမှင်သက်သွားရတော့သည်။

သွေးနီရုပ်သေး၏ ခန္ဓာကိုယ်က မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ သေချာသိထားပါ၏။

တစ်နှစ်ကဆိုလျှင်.. သွေးနီရုပ်သေးတစ်ယောက်က အချုပ်အနှောင်မှ လွတ်သွားပြီး သောင်းကျန်းနေသဖြင့် သူတို့၏ ဂိုဏ်းချုပ်ကြီး မင်ဒုံကိုယ်တိုင် တစ်ရက်နှင့်တစ်ညတိတိ ရင်ဆိုင်တိုက်ခိုက်ပြီးမှသာ ထိုသွေးနီရုပ်သေးအား ပြန်ထိန်းချုပ်နိုင်ခဲ့ပါသည်။

သို့သော် သွေးနီရုပ်သေးမှာ ထိုတိုက်ပွဲတလျှောက်လုံးတွင် မဆိုစလောက် ဒဏ်ရာမျှသာ ရခဲ့ပါ၏။

ယခုတွင်မူ.. လောထျန်းက လက်ဗလာဖြင့် သွေးနီရုပ်သေး၏ လက်ကို ဆွဲဖြုတ်ခဲ့သတဲ့လား ။

သူ့အစွမ်းက မည်မျှကြောက်စရာကောင်းပါသနည်း။

ထိုစဥ်တွင် လောထျန်းမှာ သွေးနီရုပ်သေး၏ လက်ပြတ်မှ ထွက်လာသော အရောင်အဝါကိုကြည့်ရင်း မျက်လုံးများ အရောင်လက်သွားသည်။

" ငါ စိတ်ထင်နေတာ မဟုတ်ဘူးပဲ ။ ဒီသွေးနီရုပ်သေးရဲ့ အရောင်အဝါက သခင်ကြီး ယဲ့ထုံလင်းတို့ သုံးယောက်ရဲ့ အရောင်အဝါနဲ့ သွေးဆက်တစ်ဆက်တည်းပဲ "

လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" ဟင်... "

ထိုစဥ်တွင် ရုတ်တရက်... သွေးနီရုပ်သေး၏ လက်မှကျနေသော သွေးက မြေပေါ်သို့ ကျမသွားဘဲ သူ့လက်ထဲသို့ စီးလာသည်ကို လောထျန်း သတိထားမိလိုက်၏။

သူ့လက်မှ မှိန်ဖျော့ဖျော့ စိတ်စွမ်းအင်အလင်းတန်းတစ်ခုလည်း လင်းလက်လာသည်။

" ဒါ.... "

လောထျန်း အံ့အားသင့်သွားရတော့သည်။ ထို့နောက်တွင်မူ အတွေးတစ်ချက်ဖြင့် သူ့လက်ထဲမှ သွေးနီနတ်ဘုရားပုလဲလုံးကို ထုတ်လိုက်၏။

၎င်းပုလဲလုံးက သွေးနီရုပ်သေး၏ သွေးအစွမ်းကို စုပ်ယူနေသော အရာပင် ။

" အင်... ဒီဟာကို အဲ့လိုသုံးရတာလား "

လောထျန်း ထိုသို့ပြောရင်း သွေးနီနတ်ဘုရားပုလဲလုံးအား လက်ဖြင့်ယူလိုက်ပြီး ၎င်းအထဲသို့ စိတ်စွမ်းအင်များ ပို့လွှတ်လိုက်သည်။

ဝီ...

ချက်ချင်းမှာပင် သွေးနီနတ်ဘုရားပုလဲလုံးက အရောင်များ တလက်လက်တောက်လာ၏။

သူ့လက် အခြားတစ်ဖက်မှ သွေးနီရုပ်သေး၏ သွေးများကလည်း ပုလဲလုံးထဲသို့ အထိန်းအကွပ်မဲ့ စီးဝင်သွားသည်။

ဤသို့ဖြင့် သွေးနီရုပ်သေးမှာ တခဏအတွင်း ခြောက်ကပ်နေသော အလောင်းကောင်ကြီးအဖြစ် ပြောင်းသွားပြီး.... တိုက်ခတ်လာသော လေပြင်းတစ်ချက်နှင့်အတူ ပြာမှုန်များအဖြစ် ပြောင်းသွားကာ ကောင်းကင်နှင့်မြေကြီးကြား လွင့်ပါးပျောက်ကွယ်သွားတော့သည်။

လောထျန်းလက်ထဲရှိ နတ်ဘုရားသွေးနီပုလဲလုံးမှ နတ်ဘုရားအလင်းတန်းတစ်ခု တောက်ပစွာ လင်းလာ၏။

၎င်း၏ အစွမ်းမှာလည်း ယခင်ထက် များစွာပိုတိုးလာသယောင်ပင် ။

" အိုး.. အဲ့လိုလဲ ရတယ်လား "

လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကာ အခြား သွေးနီရုပ်သေးများအား ကြည့်လိုက်သည်။

" အဲ့လိုဆိုတော့လဲ... လာခဲ့ကြကွာ.. "

လောထျန်း အသံကျယ်ဖြင့် အော်ရယ်ပြီး သူ့လက်ထဲမှ နတ်ဘုရားသွေးနီပုလဲလုံးအား လေထဲသို့ မြှောက်လိုက်သည်။

ဝီ...

လေထဲရောက်သည်နှင့် ပုလဲလုံးမှ သွေးအလင်းတန်းလည်း ပိုပို၍ တောက်ပလာ၏။

တစ်ချိန်တည်းမှာပင် သွေးနီရုပ်သေးများ၏ ကိုယ်ထဲမှ သွေးများလည်း ဆက်တိုက် စုပ်ယူခံနေရကာ ၎င်းတို့၏ ဧရာမခန္ဓာကိုယ်များက သေးသည်ထက် ပိုသေးလာကြသည်။

ထိုကောင်များမှာ ထွက်ပြေးရန် အသည်းအသန် ကြိုးစားလိုက်ကြသေးသော်လည်း သွေးနီနတ်ဘုရားပုလဲလုံး၏ အချုပ်အနှောင်မှ လုံးဝ မလွတ်နိုင်ကြပါချေ။

" ဟင်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ လုံးဝ မဖြစ်နိုင်ဘူး ။ တစ်ယောက်ယောက် ငါ့ခေါင်းကို လာရိုက်လိုက်စမ်းပါကွာ "

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ အကြီးအကဲက ကျယ်လောင်စွာ အော်လိုက်သည်။

အနီးနားတွင်လည်း မိမိအသက်ကို ဂရုမစိုက်ဘဲ နတ်ဘုရားသွေးနီပုလဲလုံးအား တိုက်ခိုက်ရဲသူ အနည်းငယ်ရှိနေပါ၏။

သို့သော်..

ဝုန်း..

သူတို့၏ သိုင်းကွက်များမှာ နတ်ဘုရားသွေးနီပုလဲလုံးအား မည်သို့မှ မလုပ်နိုင်ဘဲ ပြန်ကန်ထွက်လာပြီး သူတို့ပေါ်တွင်သာ ပြန်ကျကာ.. နေရာ၌ သေသူသေ ၊ ဒဏ်ရာရသူရ ဖြစ်ကုန်ကြတော့သည်။

သူတို့ရှေ့တွင် ရှိနေသည့် နတ်ဘုရားသွေးနီပုလဲလုံးမှာ သူတို့အနေဖြင့် ခုခံနိုင်စွမ်း မရှိသော မူလမသေမျိုးလက်နက်တစ်ခုမှန်း သူတို့ မသိကြပါချေ။

ဝီ..

ဤသို့ဖြင့် မကြာမီမှာပင် နောက်ဆုံးသွေးအလင်းတန်း စုပ်ယူခြင်း ခံလိုက်ရပြီး နတ်ဘုရားသွေးနီပုလဲလုံးမှ လင်းလက်တောက်ပသော စိတ်စွမ်းအင်အလင်းတန်းတစ်ခု တိုးထွက်လာတော့၏။

၎င်းမှ ထွက်နေသည့် ဖိအားမှာလည်း ယခင်ထက်များစွာ ပိုအစွမ်းထက်နေလေပြီ ။

လောထျန်းက ၎င်းကိုကြည့်ကာ ခေါင်းအသာညိတ်လိုက်ပြီး လက်တစ်ဖက်ယမ်း၍ နတ်ဘုရားသွေးနီပုလဲလုံးအား ပြန်သိမ်းလိုက်သည်။

တဖက်ရှိ သွေးနီရုပ်သေးများမှာကား ​မြေပြင်သို့ အတုံးအရုံး လဲကျသွားပြီး ပြာမှုန့်များအဖြစ် ပြောင်းသွားကြတော့၏။

" ဒါ.... "

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ အကြီးအကဲ လုံးဝ ဆွံ့အမှင်သက်နေတော့သည်။

သွေးနီရုပ်သေးများပင် ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ.. သူတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှာလည်း ယနေ့ပင် အဆုံးသတ်ရတော့မည် ထင်ပါသည်။

" ထျဲ့ချူ ၊ ကျန်တဲ့ကိစ္စကို မင်းနဲ့ လွှဲထားခဲ့လို့ရလား "

ထိုစဥ် လောထျန်းက နျိုထျဲ့ချူဘက် လှည့်ကြည့်ပြီး မေး၏။

" ကိစ္စမရှိပါဘူး အကိုကြီး "

နျိုထျဲ့ချူက ဦးညွှတ်အရိုအသေပေးရင်း ပြန်ပြောသည်။

လောထျန်း ခေါင်းညိတ်၍ နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွား၏။

တဖက်... နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ တားမြစ်နယ်မြေတွင်ကား... သင်္ချိုင်းဂူကြီး တစ်ခု ရှိနေသည်။

ထိုနေရာတွင် အလောင်းများ တောင်လိုပုံနေပြီး သွေးများလည်း ပင်လယ်ကြီးလို ဖြစ်နေကာ များစွာသော အရိုးပုံကြီးများဖြင့် ကမ္ဘာပေါ်မှ ငရဲခန်းတစ်ခုလို ဖြစ်နေပါ၏။

ထိုသွေးအိုင်ထဲတွင်ကား ခေါင်းတလားကြီး ငါးခု ရှိနေပြီး သွေးအိုင်ထဲ နိမ့်ချည်မြင့်ချည် မျောနေကြသည်။

ထိုစဥ် သွေးအိုင်၏ အစွန်းတစ်ဖက်၌ မင်ဒုံတစ်ယောက် ရှိနေ၏။

" ဘိုးဘေးတို့ ... ကျုပ်တို့ဂိုဏ်းက ဒီနေ့ ဆိုးရွားလှတဲ့ ဒုက္ခကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ကျေးဇူးပြုပြီးတော့ ကျုပ်ကို ထွက်တွေ့ပေးပါဗျာ "

သူ ဦးညွှတ်အရိုအသေပေး၍ ဆိုလိုက်သည်။

မကြာမီမှာပင် သွေးအိုင်ထဲရှိ ငါးခုမြောက်ခေါင်းတလားဆီမှ ခပ်အက်အက်အသံတစ်သံ ထွက်လာ၏။

" ဘာကိစ္စရှိလို့လဲ "

မင်ဒုံက ခပ်မြန်မြန်ပင် ပြန်ဖြေသည်။

" ကျုပ်တို့ဂိုဏ်းက အခု အင်အားကြီးတဲ့ရန်သူနဲ့ ရင်ဆိုင်နေရပြီးတော့ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရတော့မလို ဖြစ်နေပါတယ်။ ကျုပ်တို့အနေနဲ့ ခုခံဖို့ ဘယ်လိုမှမဖြစ်နိုင်တာမို့ ကျေးဇူးပြုပြီးတော့ ဘိုးဘေးတို့ ကူညီပေးကြပါဦးဗျာ "

သူ့စကား ဆုံးဆုံးချင်းမှာပင် နံပါတ်၃ ခေါင်းတလားဆီမှ ခပ်မာမာအသံတစ်ခု ထပ်ထွက်လာ၏။

" မခုခံနိုင်ဘူး ဟုတ်လား... ။ ထျန်းမင်ကမ္ဘာက လာတိုက်ခိုက်နေတာလား.. "

" ထျန်းမင်ကမ္ဘာ မဟုတ်ပါဘူးဗျာ။ ကျုံ့ကျိုးဒေသက အင်အားကြီး မြင့်မြတ်နယ်မြေ အဖွဲ့သုံးခုကို ပေါင်းပြီးလာတဲ့ မြောက်ပိုင်းဒေသက ကောင်လေးတစ်ယောက်ကြောင့်ပါ "

မင်ဒုံ ပြန်ဖြေလိုက်သည်။

တဖက် ခေါင်းတလားများ ခေတ္တမျှ တိတ်သွားကြပြီးမှ .. အသံတစ်သံ ထွက်လာ၏။

" မြောက်ပိုင်းဒေသက ကောင်လေးတစ်ယောက်... ဟုတ်လား ။ မြောက်ပိုင်းဒေသ နတ်ဘုရားမြို့တော်က ဟိုကောင်လား "

" မဟုတ်ဘူးဗျ.. ။ အခုတစ်ယောက်က ကျုပ် အရင်တစ်ခါမှ မတွေ့ဖူးတဲ့သူပါ "

မင်ဒုံ ပြောလိုက်သည်။

" ဟမ့်.. မင်းက တော်တော်အသုံးမကျတဲ့ကောင်ပါလားကွ ။ ဒီလောက် လူနည်းနည်းလေးကိုတောင် ဘာတွေဘယ်လိုဖြစ်နေလဲ သိအောင်မလုပ်နိုင်ဘူး။ ငါတို့တွေ မင်းကို ဒီမျိုးဆက်ရဲ့ ဂိုဏ်းချုပ်ကြီးအဖြစ် ရွေးကိုမရွေးခဲ့သင့်ဘူး "

နံပါတ် ၂ သွေးနီခေါင်းတလားဆီမှ အသံထွက်လာသည်။

" ထားလိုက်ပါ... အဲ့ဒါတွေကို အခု ပြောနေတော့ရော ဘာထူးမှာလဲ ။ ပြဿနာကိုပဲ အရင်ဆုံး ရှင်းကြတာပေါ့ "

နံပါတ်၁ ခေါင်းတလားကလည်း ပြောလာ၏။

နံပါတ်၂ ခေါင်းတလားက အေးစက်စက် ဆက်ပြောသည်။

" ကောင်းပါပြီဗျာ.. ဒါဆို ဘိုးဘေးပြောသလိုပဲ လုပ်ကြတာပေါ့ ။ မင်ဒုံ ၊ မင်း ငါ့အတွက် ခန္ဓာကိုယ်အခွံ ရှာပြီးသွားပြီလား "

မင်ဒုံ၏ နဖူးပြင်တစ်ခုလုံး ဇောချွေးများ ရုတ်ချည်းပျံသွားတော့သည်။

" ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဂိုဏ်းထဲကလူတွေ သောင်းချီပြီးတော့ နတ်ဘုရားသွေးအစွမ်းကို ကျင့်ကြံခဲ့ကြပါတယ် နံပါတ်၂ ဘိုးဘေး ။ ဒါပေမယ့်.. စိတ်မကောင်းစွာနဲ့ပဲ ကျင့်ကြံခဲ့တဲ့သူတွေအားလုံးက နောက်ဆုံးမှာ သွေးနီရုပ်သေးအဖြစ်ကို ရောက်ခဲ့ကြပါတယ်။ အဲ့သိုင်းပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားတဲ့သူ ဘယ်သူမှ မရှိ... "

" ဘာပြောတယ်... "

ဘိုးဘေး၂ ၏ အသံထဲတွင် ဒေါသအရိပ်အငွေ့များ ရုတ်ချည်း ပါလာ၏။

" အောင်မြင်ဖို့ နီးစပ်တဲ့သူ တစ်ယောက်လေးတောင် မရှိဘူးလား "

သူ ထပ်မေးလိုက်သည်။

" ဟုတ်ကဲ့... မရှိပါဘူး.. "

မင်ဒုံက အသံတိုးတိုးဖြင့် ပြန်ဖြေ၏။

" ငါလိုချင်တဲ့ ဝိဥာဥ်တစ်သောင်း ခန္ဓာကိုယ်ရော ဘယ်မှာလဲ ။ ရှာတွေ့ပြီလား... "

ထိုစဥ် နံပါတ်၃ ခေါင်းတလားကလည်း မေးလာသည်။

" မတွေ့သေးပါဘူး... "

မင်ဒုံတစ်ယောက် နဖူးမှချွေးကို သုတ်လိုက်ရပြန်၏။

" အင်း.. ဒီတိုင်းဆို ယင်ကိုးသွယ်ခန္ဓာကိုယ်လဲ မရထားဘူး မဟုတ်လား "

နံပါတ်၁ ခေါင်းတလားက ထပ်ပြောလာသည်။

မင်ဒုံ အံကြိတ်၍ ပြန်ပြောလိုက်၏။

" ယင်ကိုးသွယ်ခန္ဓာကိုယ်ကို တွေ့ထားပါတယ် ဘိုးဘေး ။ ပြီးတော့ အဲ့ခန္ဓာကိုယ်ပိုင်ရှင်က အခုတောင် ဂိုဏ်းထဲကို ရောက်နေပါတယ် "

ဝုန်း..

သူ့စကား ဆုံးသည်နှင့် သွေးအိုင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

" ဟား ဟား... ယင်ကိုးသွယ်ခန္ဓာကိုယ်ကို နောက်ဆုံးတော့ တွေ့ခဲ့ရပြီပေါ့ကွာ။ ကောင်းတယ်ကွာ.. သိပ်ကောင်းတယ်။ အခုက အကောင်းဆုံးအချိန် မဟုတ်ဘူးဆိုပေမယ့် မဆိုးဘူးကွ။ ဒီနေ့တော့ ငါ ကျင့်ကြံခြင်းအဆင့်တက်ပြီပေါ့ကွာ "

ပထမခေါင်းတလားထဲမှ ရယ်သံကျယ်ကြီး ထွက်လာသည်။

" ဂုဏ်ယူပါတယ် ဘိုးဘေးယီကျီ "

အခြား ခေါင်းတလားများကလည်း ဝမ်းမြောက်ဝမ်းသာ ဆိုလိုက်ကြသည်။

ပထမခေါင်းတလားထဲမှ ဘိုးဘေးက ဝမ်းသာဟန်ဖြင့် ဆက်ပြော၏။

" အားလုံး... ဒီနေ့ ငါနဲ့လိုက်ပြီး အပြင်ကလာတဲ့ ရန်သူတွေကို သွားမောင်းထုတ်ရအောင် "

ဝုန်း..

သူ့စကား ဆုံးသည်နှင့် အသံကျယ်တစ်သံနှင့်အတူ ပထမခေါင်းတလား ပွင့်သွားတော့သည်။ ထို့နောက် ၎င်းထဲမှ ရွှေရောင် အရောင်အဝါတစ်ခု ထွက်လာပြီး မင်ဒုံဆီသို့ ပျံသန်းသွား၏။

ဘုန်း... ဘုန်း... ဘုန်း... ဘုန်း..

ကျန်ခေါင်းတလား လေးခုကလည်း တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာကာ.. အထဲမှ မတူညီသော အရောင်အဝါလေးမျိုး ထွက်လာပြီး မင်ဒုံဆီသို့ တိုးဝင်သွားကြသည်။

ထို့နောက်တွင်မူ အရောင်အဝါ ငါးခုလုံး မင်ဒုံ၏ ကိုယ်ထဲသို့ ဝင်သွားကြပြီး...

မင်ဒုံ၏ မျက်နှာချက်ချင်း ပျက်သွားကာ အံကြိတ်ငြီးငြူးသံ ထွက်လာသည်။

" ဟားဟား.. ငါတို့ ငါးယောက်ရဲ့ စိတ်ဝိဥာဥ်ကို မင်းရဲ့ခန္ဓာကိုယ်က မပေါက်ကွဲဘဲ ခံနိုင်မယ်လို့ ထင်တောင်မထင်ထားမိဘူး။ မင်ဒုံ ၊ မင်းက မဆိုးဘူးပဲကွ "

ဘိုးဘေး ၂ က ရယ်ရင်း ဆို၏။

" ခုလို ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘိုးဘေး ၂ "

မင်ဒုံက မပြုံးချင်ဘဲ အတင်းပြုံးထားရပုံဖြင့် ပြန်ပြောသည်။

" အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေပဲ ငါ့ကို ယင်ကိုးသွယ်ခန္ဓာကိုယ်ဆီသာ ခေါ်သွားစမ်းပါ။ ငါ အဲ့ခန္ဓာကိုယ်ကို အခုပဲ ရချင်နေပြီ "

ပထမဘိုးဘေး ၊ ယီကျီက စိတ်မရှည်နိုင်ဟန်ဖြင့် ပြောလာ၏။

" ဟုတ်ကဲ့ပါ ဘိုးဘေး "

မင်ဒုံ ပြန်ပြောပြီး နောက်လှည့်ကာ တားမြစ်နယ်မြေထဲမှ ထွက်လာခဲ့လိုက်သည်။

ထိုအချိန်မှာပင်...

ဝုန်း... ဝုန်း...

တားမြစ်နယ်မြေ အပြင်ဘက်၌ လူနှစ်ယောက်က သူ့အား လမ်းပိတ်တားလာပါ၏။

All Chapters