← Chapters

ကြောက်မက်ဖွယ် ဘိုးဘေး

Vol. 37 Ch. 513

ကြောက်မက်ဖွယ် ဘိုးဘေး

Vol. 37 Ch. 513

" အယုတ်တမာကောင် မင်ဒုံ .. သေစမ်းကွာ ။ ရော့.. ထျန်းလုံဓားသိုင်း.. "

တာအိုသခင်ကြီး ထျန်းလုံက မင်ဒုံအား မြင်မြင်ချင်းမှာပင် ဓားဆွဲထုတ်၍ တိုက်ခိုက်လိုက်သည်။

ချွှင်..

ဓားစွမ်းအင်မှာလည်း နဂါးတစ်ကောင်လိုပင် မိုင်ထောင်ချီအကွာအဝေးထိ ပျံ့သွားသည်။

မင်ဒုံ မျက်ခုံးပင့်သွားပြီး ပြန်တိုက်ခိုက်ရန် ပြင်လိုက်၏။

သို့သော်.. ထိုစဥ် သူ့ကိုယ်ထဲမှ ဘိုးဘေး၂ ၏ အသံ ရုတ်တရက် ထွက်လာသည်။

" ဟေ့.. ငါ့တာဝန်ထားလိုက် "

သူ့စကားဆုံးသည်နှင့် သွေးနီရောင် အရောင်အဝါတစ်ခု စီးဆင်းလာ၏။

" သွေးနီ လက်ဝါး "

ထို့နောက်တွင်မူ.. သွေးနီရောင် ဧရာမလက်ဝါးကြီးတစ်ခုက သခင်ကြီးထျန်းလုံ၏ ဓားစွမ်းအင်အား ဖမ်းဆုပ်လာသည်။

ထိုလက်ဝါးကြီးကို ထိမိသည်နှင့် သခင်ကြီးထျန်းလုံ၏ ဓားအစွမ်းက ချက်ချင်း တိုက်စားခံလိုက်ရ၏။

" ဟင်... "

သခင်ကြီးထျန်းလုံ အံ့သြမှင်သက်သွားတော့သည်။

သူ မင်ဒုံအကြောင်း အနည်းငယ်သိထားပြီး ဖြစ်သော်လည်း ထိုသို့သော အစွမ်းမျိုးအား ထုတ်သုံးနိုင်သည်ကိုမူ မကြားဖူးခဲ့ပါ။

" အဆုံးအစမဲ့ ကောင်းကင်ဘုံအစွမ်း "

ထိုစဥ် တဖက်မှ ချင်းဝူချုံကလည်း အသံကျယ်ဖြင့် အော်၍ လက်နှစ်ဖက်လုံးသုံးပြီး တိုက်ခိုက်လာသည်။

ဝုန်း..

ချက်ချင်းမှာပင် ကြောက်မက်ဖွယ် လက်ဝါးအစွမ်းများက မင်ဒုံအား အဆက်မပြတ် တိုက်ခိုက်လာ၏။

" ဟင်.. ဒီကောင်က ဝူလျန်နန်းတော်ကလား ။ ငါ လုပ်လိုက်မယ်ကွာ.. "

ဘိုးဘေးသုံး၏ အသံထွက်လာသည်။

" ငါ့ရဲ့ ဘိုးဘေးစိတ်ဝိဥာဥ်ဓား ဘယ်မှာလဲ.. "

ချွှင်..

စကားပြောနေသကဲ့သို့ ဓားသံတစ်သံ မြည်လာပြီး တောင်လိုပုံနေသော အလောင်းများနှင့် သွေးအိုင်များမှ မသေမျိုးအစွမ်းများ စီးဆင်းလာ၏။

ထို့နောက်တွင်ကား ရှေးဟောင်းစိတ်ဝိဥာဥ်ဓား နှင့်အတူ မရေမတွက်နိုင်သော စိတ်ဝိဥာဥ်များ၏ မကျေမနပ် ဆဲဆိုအော်ဟစ်သံများ ပေါ်လာသည်။

ပြီးနောက်.. ရှေးဟောင်းစိတ်ဝိဥာဥ်ဓားက ခရမ်းရောင်အငွေ့လုံးကြီး တစ်ခုအဖြစ် ပြောင်းသွားသည်။

" ဓားတစ်လက်.. စိတ်ဝိဥာဥ်တစ်သောင်း.. စီးဆင်းစေ "

တတိယဘိုးဘေးက အော်ကာ ရှေးဟောင်းစိတ်ဝိဥာဥ်ဓားဖြင့် လွှဲခုတ်လိုက်သည်။ ချက်ချင်းမှာပင် အဆုံးမဲ့သော ဒေါသထွက်နေသည့် စိတ်ဝိဥာဥ်များက ဓားအစွမ်းအဖြစ် ပြောင်းသွားပြီး ချင်းဝူချုံ၏ လက်ဝါးအစွမ်းကို ချိုးဖျက်လာကြ၏။

ထိုမျှ မကသေးပါ..

အွတ်..

ဓားစွမ်းအင်များက တစထက်တစ ပိုတိုးလာပြီး ချင်းဝူချုံ၏ ခန္ဓာကိုယ်ကိုပင် တိုက်ခိုက်လာသည်။

" ဟင်... "

ချင်းဝူချုံ အံ့သြတုန်လှုပ်သွားရ၏။ သို့သော် ထိုအချိန်တွင် ချင်းဝူချုံမှာ သူ့ခန္ဓာကိုယ်အစစ်ထဲ မဟုတ်သဖြင့် ဓားအစွမ်းက သူ့အား ဒဏ်ရရအောင် မလုပ်လိုက်နိုင်ပါချေ။

သို့သော်.. ထိုသို့ တိုက်ခိုက်ခံရပြီး နောက်တွင်မူ သူ့ ကိုယ်ပွားပုံရိပ်၏ အစွမ်းက သိသိသာသာပင် ကျသွားခဲ့သည်။

" တော်တော်အစွမ်းထက်တဲ့ ဓားပါလား ။ ဘယ်လိုလုပ်ပြီး အဲ့လောက်အစွမ်းထက်နေရတာလဲ "

ချင်းဝူချုံ တုန်လှုပ်စွာ ဆိုလိုက်သည်။

ပုံမှန်ဆိုပါက.. ၎င်းမှာ သူ့ကိုယ်ပွားပုံရိပ်တစ်ခုသာ ဖြစ်သည့်တိုင် အစွမ်းအရာ၌ မင်ဒုံထက် လုံးဝ အစွမ်းမနိမ့်နေသင့်ပါချေ။

သို့သော် ယခုတွင်မူ သူနှင့် သခင်ကြီးထျန်းလုံတို့ နှစ်ယောက်ပေါင်း တိုက်ခိုက်နေသည့်ကြားမှ ဖိနှိပ်ခံနေရသတဲ့လား ။

" သခင်ကြီးချင်း ၊ သတိထားနော် ။ အခု မင်ဒုံရဲ့ကိုယ်ထဲမှာ တခြားတစ်ယောက်ရဲ့ စိတ်ဝိဥာဥ် ရှိနေတဲ့ပုံပဲ "

သခင်ကြီး ထျန်းလုံ ပြောလာသည်။

" စိတ်ဝိဥာဥ်.. ဟုတ်လား ။ အကြွင်းအကျန် စိတ်ဝိဥာဥ်လား ။ ဒါပေမယ့် အကြွင်းအကျန် စိတ်ဝိဥာဥ်က ဘာလို့ အဲ့လောက်အစွမ်းထက်နေရတာလဲ "

ချင်းဝူချုံ နားမလည်နိုင် ဖြစ်သွား၏။

သခင်ကြီးထျန်းလုံက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ဆက်ပြောသည်။

" ကြည့်ရတာ အကြွင်းအကျန် စိတ်ဝိဥာဥ် မဟုတ်ဘဲ.. ပြီးပြည့်စုံတဲ့ စိတ်ဝိဥာဥ်တစ်ခု ထင်တယ် "

" ဘယ်လို.... "

ချင်းဝူချုံ မှင်သက်သွားရသည်။

ပြီးပြည့်စုံတဲ့ စိတ်ဝိဥာဥ်တစ်ခု တဲ့လား..

သေသွားပြီးနောက် စိတ်ဝိဥာဥ်အပြည့်အစုံကို ဆက်ထိန်းသိမ်းထားနိုင်သူ မည်သူရှိပါသနည်း ။

" သူတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ ထူးဆန်းတဲ့ သိုင်းကျင့်စဥ်တွေကြောင့် ဖြစ်နိုင်တယ် ။ ဘာပဲဖြစ်ဖြစ် သတိထားပါ.. "

သခင်ကြီးထျန်းလုံ ဆက်ပြောလိုက်၏။

" ကောင်းပါပြီ "

ချင်းဝူချုံ ခေါင်းညိတ်လိုက်သည်။

ပြီးနောက် သူတို့နှစ်ယောက်လုံး မင်ဒုံအား တစ်ပြိုင်နက်တည်း ဖိနှိပ်လိုက်ကြ၏။

" ဟမ့်.. မင်းတို့က ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတယ်ပေါ့ "

မင်ဒုံက အေးစက်စက် နှာခေါင်းရှုံ့ကာ ဘယ်ဘက်လက်ကို ဝေ့ယမ်းလိုက်သည်။ ချက်ချင်းမှာပင် သူ့စိတ်ဝိဥာဥ်အစွမ်းက ဦးခေါင်းခွံကြီး တစ်ခုအဖြစ် ပြောင်းသွားပြီး မိစ္ဆာအရောင်အဝါတစ်ခု ထုတ်လွှတ်လာ၏။

ထို့နောက် အခြားလက်တစ်ဖက်ဖြင့် သွေးမှုန်တိမ်တိုက်ကြီး တစ်ခုကိုလည်း ထုတ်လွှတ်လိုက်ရာ .. အဆိပ်ငွေ့များ ထွက်လာပြီး တဖက်လူနှစ်ယောက်အား ထောင့်စုံမှ တိုက်ခိုက်လိုက်သည်။

" ဟီးဟီး.. ဘိုးဘေး ၂ ၊ အဲ့နှစ်ကောင်ကို ဒုက္ခိတ ဖြစ်သွားအောင် ဘယ်သူအရင်လုပ်နိုင်မလဲ ပြိုင်ကြ

ရအောင်လေ "

တတိယဘိုးဘေးက လှောင်သံဖြင့် ပြောလာ၏။

" ငါက မင်းကို ကြောက်မယ်များ ထင်နေလား "

ဒုတိယဘိုးဘေးကလည်း ပြန်တုန့်ပြန်သည်။

တခဏအတွင်းမှာပင် အရမ်းရောင် နှင့် သွေးနီရောင် အရောင်အဝါ နှစ်ခု မင်ဒုံနောက်မှ ထွက်လာ၏။

၎င်းထဲမှ တစ်ခုမှာ ရှေးဟောင်းစိတ်ဝိဥာဥ်ဓားကို ကိုင်ထားပြီး ကျန်တစ်ခုက သွေးနီရောင်လက်ဝါးကြီးအား ထိန်းချုပ်ကာ တဖက်လူနှစ်ယောက်အား ကိုယ်စီတိုက်ခိုက်လိုက်ကြတော့သည်။

ထိုတိုက်ပွဲကို အပြင်မှကြည့်လျှင် မင်ဒုံတစ်ယောက်တည်းက တဖက်လူနှစ်ယောက်အား တစ်ပြိုင်နက်တည်း တိုက်ခိုက်နေသည်ဟု ထင်စရာရှိပါသည်။

သို့သော် အမှန်တွင်မူ မင်ဒုံသာမက ၊ ဒုတိယဘိုးဘေး နှင့် တတိယဘိုးဘေးတို့ပါ ပါနေသေးရာ သုံးယောက် ၊ နှစ်ယောက် တိုက်ခိုက်နေခြင်းပင် ။

ဤသို့ဖြင့် တိုက်ပွဲစပြီး မကြာခင်မှာပင် ချင်းဝူချုံနှင့် သခင်ကြီးထျန်းလုံတို့ ဆက်ထိန်းမထားနိုင်ကြတော့ပါချေ။

" ​ချီး... ဒါ ဘာကောင်ကြီးလဲ "

ချင်းဝူချုံမှာ ခန္ဓာကိုယ်အစွမ်းချည်းသက်သက်ကိုသာ သုံး၍ ခုခံနေရရှာ၏။

" သူတို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှာ အဲ့လိုမျိုးတွေ ရှိထားမယ်လို့ ဘယ်ထင်မိမှာလဲကွာ "

သခင်ကြီးထျန်းလုံမှာလည်း အလွန်ပင်ပန်းနေလေပြီ ။

" ဟား ဟား... ဒါလား ထျန်းယွမ်ကမ္ဘာရဲ့ ထိပ်တန်း ကမ္ဘာပေါ်က မသေမျိုး... ။ ဒီလောက်လေးပဲ အစွမ်းရှိတာလား "

တတိယဘိုးဘေးက အသံကျယ်ကြီးဖြင့် လှောင်ရယ်လာသည်။

သို့သော်.. ထိုအချိန်မှာပင်..

" ဟမ့်.. အရူးကောင် ၊ မင်း မမြင်ဘူးလားကွ။ အဲ့နှစ်ယောက်လုံးက ကိုယ်ပွားပုံရိပ်တွေလေ ။ သူတို့ရဲ့ ခန္ဓာကိုယ်အစစ်တွေသာ ရောက်လာလို့ကတော့ မင်းတို့လို ခန္ဓာကိုယ်အခွံ မရသေးတဲ့ နှစ်ယောက်လုံး သူတို့နဲ့ ယှဥ်နိုင်မှာတောင် မဟုတ်ဘူး "

ထိုစဥ် ပထမဘိုးဘေးက ပြောလာ၏။

" ဘယ်လို.... "

သူ့စကားကြောင့် တတိယဘိုးဘေး အနည်းငယ် အံ့အားသင့်သွားဟန်တူသည်။

ဒုတိယဘိုးဘေးကမူ အေးအေးဆေးဆေးသာ ပြန်ပြော၏။

" ကျုပ် အဲ့ဒါကို သိတာ ကြာလှပြီ "

" မင်း... "

တတိယဘိုးဘေး အနည်းငယ် မကျေမချမ်း ဖြစ်သွားဟန်ပင် ။

ထိုအချိိန်တွင် ယီကျီမှာလည်း စိတ်မရှည်နိုင် ဖြစ်နေခဲ့လေပြီ ။

" ဘာမှ အသုံးမကျတဲ့ကောင်တွေ ။ ကိုယ်ပွားပုံရိပ်နှစ်ခုနဲ့တောင် ခက်ခက်ခဲခဲကြီး တိုက်ခိုက်နေကြရတာ ။ ဖယ်ကြစမ်း.. ဒီပွဲကို ငါ့တာဝန်ထားလိုက် "

ဝီ..

စကားဆုံးပြီးပြီးချင်းမှာပင် မင်ဒုံနောက်၌ ရွှေရောင်အရောင်အဝါတစ်ခု စုစည်းလာသည်။

တဖက်မှ သခင်ကြီးထျန်းလုံကလည်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ချင်းဝူချုံအား ပြောလိုက်၏။

" သခင်ကြီးချင်း ၊ သတိထားနော် ... "

ချင်းဝူချုံမှာလည်း တဖက်လူ၏ ပုံမှန်မဟုတ်သော အရောင်အဝါကို အာရုံခံမိကာ ခေါင်းညိတ်လိုက်သည်။

" စိတ်မပူပါနဲ့ ၊ ကျုပ် သဘောပေါက်ပါတယ် "

ထိုအချိန်မှာပင် ရွှေရောင်အရောင်အဝါထဲမှ ယီကျီက အေးစက်စက်ပြောလာ၏။

" ငါ အခုထိ ခန္ဓာကိုယ်အခွံ မရသေးတော့ စိတ်တိုင်းကျ လုပ်လို့မရသေးဘူး ။ မင်ဒုံ ၊ မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းကို ငါ့ကို ခဏငှားစမ်းကွာ "

သူ ထိုသို့ပြောနေစဥ်မှာပင် ရွှေရောင် အရောင်အဝါက မင်ဒုံလက်ထဲမှ ဦးခေါင်းခွံကြီးဆီသို့ စီးဝင်သွားသည်။

ထို့နောက်တွင်..

ဝီ..

စိတ်ဝိဥာဥ်အစွမ်းမှ အသွင်ပြောင်းထားသော ဦးခေါင်းခွံကြီးဆီမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် လင်းလာ၏။

ထို့နောက်... အသံကျယ်ကြီး တစ်သံနှင့်အတူ စိတ်ဝိဥာဥ်အစွမ်းက အဆရာချီ ပိုတိုးလာသည်။

" ဟင်... "

မင်ဒုံမှာ ၎င်းကိုကြည့်ရင်း အံ့သြမှင်သက်သွားရရှာသည်။

သူ့စိတ်ဝိဥာဥ်အစွမ်းမှာ ယခင်တည်းက အလွန်အစွမ်းထက်နေခဲ့ပြီးသား ဖြစ်ပါသည်။

သို့သော်... ယီကျီ၏ စိတ်ဝိဥာဥ်အစွမ်းက သူ့ထက် အဆပေါင်းများစွာ ပိုအစွမ်းထက်နေလိမ့်မည်ဟု သူ မထင်ခဲ့မိပါ။

" ဟေ့.. မင်ဒုံလေး ၊ အဲ့လောက် မအံ့သြသွားစမ်းပါနဲ့ကွာ။ ပထမဘိုးဘေးက နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ တည်ထောင်သူတစ်ယောက် ဖြစ်တဲ့အပြင်ကို နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ သမိုင်းမှာလဲ အစွမ်းအထက်ဆုံး စိတ်ဝိဥာဥ်ပညာရှင် တစ်ယောက်ပဲကွ။ အဲ့တုန်းကဆို သူက စိတ်ဝိဥာဥ်နဲ့ တာအိုအစွမ်းကို ရဖို့ နည်းနည်းလေးပဲ လိုတော့တာ။ ပြီးတော့ သခင်ကြီး သင်ပေးထားခဲ့တဲ့ သိုင်းကျင့်စဥ်တွေနဲ့သာ ပေါင်းလိုက်ရင်.. သူက ဒီနှစ်တွေထဲမှာ တာအိုအစွမ်းကို တရားဝင်မရခဲ့ရင်တောင် .. သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကတော့ အဲ့အဆင့်ကို ရောက်နေတာ သေချာတယ် "

" သူသာ ခန္ဓာကိုယ်အခွံ ရလိုက်တာနဲ့ စိတ်ဝိဥာဥ်နဲ့ တာအိုအစွမ်းကို ရသွားမှာပဲ။ အဲ့ကျရင် သူက ထျန်းယွမ်ကမ္ဘာမှာ စိတ်ဝိဥာဥ်နဲ့ တာအိုအစွမ်းကို ရသွား​တဲ့ ပထမဆုံးကျင့်ကြံသူ ဖြစ်သွားမှာ "

တတိယဘိုးဘေးက အပြုံးဖြင့် ဆိုလိုက်သည်။

သူ့စကားကို ကြားပြီးနောက် မင်ဒုံ ယခင်ထက်ပို အံ့သြတုန်လှုပ်သွားရပါ၏။

တဖက်မှ ယီကျီကမူ သူ့ကို လျစ်လျူရှုထားပြီး ဦးခေါင်းခွံကိုသာ တိုက်ရိုက်ထိန်းချုပ်၍ ချင်းဝူချုံနှင့် သခင်ကြီးထျန်းလုံတို့အား တိုက်ခိုက်လိုက်သည်။

ချင်းဝူချုံတို့နှစ်ယောက်မှာလည်း တစ်ချက်တည်းကြည့်ရုံဖြင့် ထိုသိုင်းကွက်၏ တမူထူးခြားသောအစွမ်းကို မြင်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်ကြသည်။

သို့သော်... သူတို့၏ ခြေထောက်များက မြေပြင်တွင် အမြစ်တွယ်ထားသကဲ့သို့ ဖြစ်နေပြီး မည်မျှပင် ကြိုးကြိုးစားစား ရုန်းကန်စေကာမူ လှုပ်မရသည်ကို သိလိုက်ရ၏။

" ဒါ... စိတ်ဝိဥာဥ် အချုပ်အနှောင်လား.. "

သူတို့နှစ်ယောက် အံ့အားသင့်သွားကြရပြန်သည်။

သူတို့ရှေ့မှ လူက မည်မျှအစွမ်းထက်ပါသနည်း။

ကြောက်မက်ဖွယ် သိုင်းကွက်ကြီးတစ်ခုကို ဖော်ဆောင်နေစဥ်မှာပင် စိတ်ဝိဥာဥ်အစွမ်းဖြင့် သူတို့ကို လှုပ်ရှားမရအောင် ချုပ်နှောင်ထားနိုင်သေးသတဲ့လား ။

ထိုသို့သော လူနှင့်သာ ယှဥ်ရပါက သူတို့၏ ခန္ဓာကိုယ်အစစ်များ ရောက်လာလျှင်ပင်.. နိုင်ချေက အလွန်ဆုံးမှ ငါးဆယ်ရာခိုင်နှုန်းသာ ရှိပေလိမ့်မည်။

ထို့နောက်တွင်မူ...

ဝုန်း..

ဦးခေါင်းခွံကြီးက တဖက်လူနှစ်ယောက်အား ရိုက်လိုက်တော့သည်။

ကိုယ်ပွားပုံရိပ် နှစ်ခုလုံး နောက်သို့ လွင့်ထွက်သွားကြ၏။

သခင်ကြီးထျန်းလုံ၏ ကိုယ်ပွားပုံရိပ်မှာ ခြေများလက်များ ထိခိုက်သွားခဲ့သလို..

ချင်းဝူချုံ၏ ကိုယ်ပွားပုံရိပ်မှာလည်း တမဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။

" ဟမ့်.... မင်းတို့က ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးကြတာပဲ။ ငါ အသံတိတ်ပြီး ငြိမ်နေခဲ့တာ နှစ်ပေါင်း တစ်သိန်းတောင် မပြည့်သေးတာကို.. ထျန်းယွမ်ကမ္ဘာက မင်းတို့အပိုင်လို့ ထင်နေတယ်ပေါ့ "

ပထမဘိုးဘေးက အေးစက်စက်ပြောလိုက်၏။

" ပထမဘိုးဘေးရဲ့ အစွမ်းကတော့ တကယ်ကို ပြိုင်ဘက်ကင်းပါပဲဗျာ "

တတိယဘိုးဘေးက ချီးကျူးစကား ဆိုလာသည်။

" အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ ။ မင်ဒုံ.. ငါ့အတွက် ခန္ဓာကိုယ်အစစ်ဆီကို ခေါ်သွားပေးစမ်း "

ပထမဘိုးဘေး ယီကျီက လေသံမာမာဖြင့် အော်လိုက်၏။

" ဟုတ်ကဲ့ပါ သခင်ကြီး "

မင်ဒုံမှာလည်း အနည်းငယ်မျှပင် အချိန်မဆွဲဝံ့ဘဲ လေထဲသို့ ချက်ချင်းပျံတက်လိုက်သည်။

All Chapters