← Chapters

ပြန်လည်မွေးဖွားခြင်း မန္တာန်

Vol. 37 Ch. 514

ပြန်လည်မွေးဖွားခြင်း မန္တာန်

Vol. 37 Ch. 514

မင်ဒုံ လေထဲ ပျံတက်ပြီးသည်နှင့် နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရှေ့သို့ ဦးတည်သွားလိုက်သည်။

ထိုစဥ် တဖက်ရှိ သွေးအိုင်အလယ်တွင် လောထျန်း ပေါ်လာ၏။

" ဟင်.. လူတွေ ဘယ်ရောက်သွားကြတာလဲ ။ ခုနကလေးတင် ဒီနားကနေ ထူးဆန်းတဲ့အရောင်အဝါ ရလိုက်ပါသေးတယ် "

သူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ထိုအချိန်မှာပင်..

ဝုန်း..

သူ့နားလေးမှ သွေးအိုင်က လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။

သွေးအိုင်တစ်ခုလုံးတွင်လည်း ထွင်းစာများပြည့်သွားပြီး ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့တစ်ခု ထွက်လာသည်။

လောထျန်း ခေတ္တမျှ အံ့အားသင့်နေပြီးမှ ရုတ်တရက် သဘောပေါက်သွား၏။

" အကာအကွယ်အစီအမံပါလား... မသေမျိုးအဆင့် အစီအမံတစ်ခုနဲ့တူတယ် ။ သေချာလေး လုပ်ထားတဲ့ပုံပဲ "

ဝီ. ...

လောထျန်း အသိပြန်မဝင်လာခင်မှာပင် သူ့ခြေထောက်အောက်၌ ထွင်းစာများ အရောင်လက်လာကြသည်။

ချက်ချင်းဆိုသလိုပင် ထူးဆန်းသောအစွမ်းတစ်ခုကလည်း သူ့အား လွှမ်းခြုံလာ၏။

" ဟင်... ဘယ်လိုလုပ်ပြီး... "

တစ်ချိန်တည်းမှာပင် အားတစ်ခုကလည်း သူ့စိတ်ဝိဥာဥ်အစွမ်းအား စတင်ဖိနှိပ်လာသည်ကို လောထျန်း သတိထားမိကာ အံ့အားသင့်သွားရသည်။

အချိန်တခဏ ကြာပြီးနောက်တွင်မူ သူ့စိတ်ဝိဥာဥ်အစွမ်း တစ်ဝက်ခန့်က ဖိနှိပ်ခံထားရလေပြီ ။

" ဒါ... "

လောထျန်း အနည်းငယ် တုန်လှုပ်သွားရပါ၏။

သူ့စိတ်ဝိဥာဥ်အစွမ်းအား ဖိနှိပ်နိုင်သည့် အစွမ်းမျိုး ပိုင်ဆိုင်သူကို သူ ယခုမှသာ ပထမဆုံးတွေ့ဖူးခြင်း မဟုတ်ပါလား။

ထို့နောက်တွင်မူ သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားပြီး သွေးအိုင်ကြီးအား ဖျက်ဆီးပစ်ရန် ပြင်လိုက်၏။

သို့သော်.. ထိုစဥ်မှာပင် သွေးအိုင်ထဲ၌ မကျေမနပ် ဖြစ်နေကြသော မရေမတွက်နိုင်သည့် စိတ်ဝိဥာဥ်များ ငိုယိုအော်ဟစ်နေကြသည်ကို သူ တွေ့လိုက်ရသည်။

၎င်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် လောထျန်း အကြမ်းဖျင်း နားလည်လိုက်ပါသည်။

" ဒီစိတ်ဝိဥာဥ်တွေက ပြီးခဲ့တဲ့နှစ်တွေမှာ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက သတ်တာကိုခံခဲ့ရတဲ့ သူတွေနဲ့တူတယ်။ သေသွားတာအောင် စိတ်ဝိဥာဥ်က အေးအေးဆေးဆေး မနားရလောက်အောင်ထိ ကံဆိုးကြတာပဲ။ ဒီ စိတ်ဝိဥာဥ်တွေက သွေးအိုင်ထဲမှာ ချုပ်နှောင်ခံထားရပြီးတော့ စိတ်ဝိဥာဥ်အစီအမံကြီး တစ်ခုအဖြစ် ပေါင်းစည်းခံထားရတဲ့ပုံပဲ "

" သူတို့တွေက မတရား အသတ်ခံခဲ့ကြရတဲ့အပြင်.. စိတ်ဝိဥာဥ်ကိုလဲ ချုပ်နှောင်ခံထားကြရတော့ သူတို့ရဲ့ အမုန်းကလဲ ကြီးတော့မပေါ့ ။ နောက်.. သူတို့ရဲ့ စိတ်ဝိဥာဥ်တွေကလဲ အစီအမံကြောင့် စုစည်းခံထားရတာမို့ .. ကြောက်စရာကောင်းပြီး ယင်အစွမ်း များလွန်းတဲ့ နေရာတစ်ခု ဖြစ်လာတာ။ ဒီနေရာက လူတွေရဲ့ စိတ်ဝိဥာဥ်အစွမ်းကို ဖိနှိပ်နိုင်တော့ စိတ်ဝိဥာဥ်အစွမ်းကို လေ့ကျင့်ပေးသလိုဖြစ်ပြီး .. စိတ်ဝိဥာဥ်ကျင့်ကြံခြင်းအတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာတာပဲ "

လောထျန်း မျက်မှောင်အနည်းငယ်ကြုံ့ပြီး ခပ်မြန်မြန် တစ်ချက်ဝေ့ဝဲကြည့်လိုက်ရာ.. သွေးအိုင်ထဲ၌ မကျေမနပ် ဖြစ်နေကြသော စိတ်ဝိဥာဥ်များ ကုဋေထောင်ချီ ရှိနေကြသည်ကို တွေ့လိုက်ရ၏။

၎င်းက နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း မည်မျှရက်စက်ယုတ်မာသည်ကို ပြသနေသလိုပါပင် ။

" အင်းလေ... ကြိုးစားကြည့်တာပေါ့ "

လောထျန်း စိတ်မကောင်းဖြစ်သွားကာ ချက်ချင်း တင်ပျင်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် သူ့ အသိစိတ်အား အသိစိတ်ပင်လယ်ထဲ ပို့လွှတ်၍ ကောင်းကင်ဘုံ ပုံရိပ်ဖော်နည်းကို ခေါ်ယူလိုက်သည်။

ထုံရွှယ်အဆင့် ကောင်းကင်ဘုံ ပုံရိပ်ဖော်ကျင့်စဥ်တွင် ပါဝင်သည့် အဓိက သိုင်းကွက်မှာ စိတ်ဝိဥာဥ်များအား လွတ်မြောက်အောင် လုပ်ပေးရာတွင်သုံးသည့် " ကောင်းကင်ဘုံ မန္တာန် ဖြစ်ပါသည်။

လောထျန်းမှာ စစချင်းတွင် ထိုသိုင်းကွက်အား အသုံးမဝင်ဟု တွေးပြီး လေ့ကျင့်ရန် ပျင်းရိနေခဲ့ပါ၏။

သို့သော် ယခုတွင်မူ.. ထိုသိုင်းကွက်က အသုံးဝင်ဟန်ပင် ။

" ကဲ.. စလေ့ကျင့်လိုက်မယ်....... ပြီးသွားပြီ "

တခဏမျှ ကြာအပြီးမှာပင် လောထျန်း မျက်လုံးများ ပြန်ဖွင့်လိုက်သည်။

ဝီ..

ချက်ချင်းမှာပင် သူ့စိတ်ဝိဥာဥ်အစွမ်းက အဆများစွာ တိုးလာပြီး သူ့အား ဖိနှိပ်နေခဲ့သည့် အစွမ်းမှာလည်း ရုတ်ချည်း ပျောက်ကွယ်သွားပါ၏။

" ကဲ... မကျေမနပ် ဖြစ်နေကြတဲ့ စိတ်ဝိဥာဥ်တွေနဲ့ လမ်းပျောက်နေတဲ့ ဝိဥာဥ်တို့ ... ဒီနေ့ ကျုပ်တို့ချင်း တွေ့ရတာ ကံတရားကြောင့်ပဲ။ အဲ့တော့.. ဒီနေ့ ကျုပ် ပြန်လည်မွေးဖွားခြင်း မန္တာန်ရွတ်တာကို နားထောင်ကြပါ။ ကျုပ် ခင်ဗျားတို့အားလုံးကို အရာအားလုံး ငြိမ်းချမ်းတဲ့ နိဗ္ဗာန်ဆီ ပို့ပေးပါ့မယ် "

လောထျန်းက ထိုသို့ပြောပြီးသည်နှင့် မျက်လုံးမှိတ်၍ မန္တာန်ကို စရွတ်လိုက်သည်။

လောထျန်း စရွတ်လိုက်သည်နှင့် သွေးအိုင်ထဲတွင် ချုပ်နှောင်ခံထားကြရသော စိတ်ဝိဥာဥ်များ၏ အော်ဟစ်ငိုကြွေးသံများ တမဟုတ်ချင်း ရပ်သွား၏။

သူတို့အားလုံး လောထျန်းအား တအံ့တသြ စိုက်ကြည့်လာကြသည်။

မန္တာန်သုံးကြောင်းမျှ ဆိုပြီးချိန်တွင်မူ...

ဝီ..

မကျေမနပ် ဖြစ်နေသော စိတ်ဝိဥာဥ်တစ်ကောင်၏ ကိုယ်ပေါ်မှ အမည်းရောင်အငွေ့များ လွင့်ပါးပျောက်ကွယ်သွားကာ.. အဖြူရောင် နတ်ဘုရားအလင်းတန်းတစ်ခု တိုးထွက်လာပြီး သွေးအိုင်ပေါ်သို့ တဖြည်းဖြည်း မျောလွင့်လာ၏။

ထို့နောက်တွင်မူ ၎င်းစိတ်ဝိဥာဥ်က လောထျန်းအား ကြည့်ကာ တလေးတစား ဦးညွှတ်အရိုအသေ ပေးလိုက်ပြီးနောက် .. အဖြူရောင်အလင်းတန်းအတိုင်း ကောင်းကင်ဘုံသို့ တက်ပြီး ပျောက်ကွယ်သွားတော့သည်။

ထို စိတ်ဝိဥာဥ်က မပျောက်ကွယ်သွားခင်တွင်လည်း လောထျန်းကိုယ်ပေါ်၌ မှိန်ဖျော့ဖျော့ အရောင်အဝါတစ်ခု ချန်ထားခဲ့သေး၏။

ဤသို့ဖြင့် မကြာမီမှာပင်.. မကျေမနပ် ဖြစ်နေကြသော စိတ်ဝိဥာဥ်များ တစ်ကောင်ပြီးတစ်ကောင် သန့်စင်ခံရကာ ကောင်းကင်ဘုံသို့ တက်သွားကြတော့သည်။

စိတ်ဝိဥာဥ်တစ်ကောင် ကောင်းကင်ဘုံသို့ တက်သွားတိုင်းလည်း လောထျန်းကိုယ်ပေါ်တွင် အမှတ်အသားတစ်ခု ကျန်ခဲ့ပါ၏။

ထိုအမှတ်အသားများက တဖြည်းဖြည်းချင်း ပေါင်းသွားကြပြီး နောက်ဆုံး... အဖြူရောင် အလင်းတန်းတစ်ခု ဖြစ်သွားကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ၎င်းအလင်းတန်းက လောထျန်းကိုလည်း လွှမ်းခြုံလာပါ၏။

လောထျန်း မန္တာန် ရွတ်ပြီးသွားသည့် အချိန်တွင်ကား ... သွေးအိုင်ထဲတွင် ချုပ်နှောင်ခံထားရသည့် စိတ်ဝိဥာဥ်များအားလုံး ပျောက်ကွယ်သွားခဲ့ကြလေပြီ ။

သူ့ကိုယ်ပေါ်တွင်လည်း ကောင်းကင်နှင့် မြေကြီးသို့တိုင် ထိနေသည့် အဖြူရောင်အလင်းတန်းတစ်ခု လွှမ်းခြုံနေတော့သည်။

ထိုအချိန်မှသာ လောထျန်း မျက်လုံးများ ပြန်ဖွင့်၍ ပြောင်ရှင်းနေသည့် သွေးအိုင်ကြီးကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

" အင်း.. အားလုံးကိုတော့ လွှတ်ပေးပြီးသွားပြီ ထင်တာပဲ ။ အင်... ငါ့ကိုယ်က ဘာလို့အရောင်လက်နေတာလဲ "

လောထျန်း သူ့ကိုယ်မှ ထွက်နေသည့် အလင်းတန်းအား တအံ့တသြ ပြန်ငုံ့ကြည့်လိုက်သည်။

" အဲ့ဒါ ဘာကြီးလဲ... "

သူ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် ကောင်းကင်ဘုံ ပုံရိပ်ဖော်ကျင့်စဥ်ကို ချက်ချင်းထုတ်၍ အဖြေရှာလိုက်၏။

" ကံတရားတဲ့လား... "

တခဏအကြာမှာပင် သူ့ကိုယ်မှ အဖြူရောင်အလင်းတန်း၏ အဓိပ္ပါယ်ကို သူ နားလည်လိုက်ရတော့သည်။

၎င်းမှာ ဒဏ္ဍာရီကျော် လျှို့ဝှက်ဆန်းကြယ် ကံတရားပါပင်..

သို့သော် ၎င်းက မည်သို့မည်ပုံ အသုံးဝင်သည်ကိုမူ သူ မသိသေးပါ။

" ထားလိုက်ပါလေ.. နောက်မှပဲ ဆက်ရှာတော့မယ်။ လောလောဆယ် အရေးကြီးဆုံးက နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း ပြဿနာကို ​အမြန်ဆုံးဖြေရှင်းဖို့ပဲ "

လောထျန်း ထိုသို့တွေးကာ သွေးအိုင်ထဲမှ ထွက်လိုက်သည်။

" သခင်လေး လောထျန်း... "

ထိုစဥ်တွင် သွေးအိုင်အပြင်ဘက်နားလေးမှ အားနည်းနေပုံရသည့် အသံတစ်သံ ရုတ်တရက် ထွက်လာ၏။

" ဟင်.... သခင်ကြီး ဘာဖြစ်သွားတာလဲ "

လောထျန်း တစ်ချက်ကြည့်ရုံဖြင့်ပင် အသံပိုင်ရှင်မှာ တာအိုသခင်ကြီး ထျန်းလုံဖြစ်ကြောင်း တွေ့လိုက်ရသည်။

သို့သော် ထိုအချိန်တွင် သခင်ကြီးထျန်းလုံမှာ ခြေများလက်များအားလုံး ကျိုးနေပြီး အခြေအနေ အလွန်ဆိုးနေဟန်ပါပင် ။

" ကျုပ်ရဲ့ ကိုယ်ပွားပုံရိပ်က ဆက်ပြီး တောင့်မခံနိုင်တော့ဘူးဗျ ။ ကျုပ်ကို လုပ်သွားတာ ဟို နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက ကောင်ရဲ့ လက်ချက်ပဲ "

သခင်ကြီးထျန်းလုံက ပြန်ပြော၏။

" နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက.. ဟုတ်လား ။ သူက သခင်ကြီးတို့ နှစ်ယောက်ကိုတောင် အနိုင်ယူနိုင်တယ်ပေါ့ "

လောထျန်း အနည်းငယ် အံ့အားသင့်သွားသည်။

သခင်ကြီးထျန်းလုံက ခေါင်းညိတ်၍ ပြန်ပြော၏။

" ကျုပ်တို့တွေ အရူးလုပ်ခံလိုက်ရတာဗျ။ ဒီ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက လျှို့ဝှက်ချက်အကြီးကြီးတွေ ရှိတယ်။ သူတို့ရဲ့ ဟိုး လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်က ဘိုးဘေးကတောင် ခုထိ အသက်ရှင်နေတုန်းပဲ။ ကျုပ်တို့က အဲ့ဘိုးဘေးကြောင့် ဒဏ်ရာရခဲ့ကြတာ "

" လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်က.. ဟုတ်လား "

လောထျန်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

" ဟုတ်တယ်ဗျ ၊ အဲ့ကောင်ကြီးက လျှိူ့ဝှက်နည်းတစ်ခုခု သုံးထားတာနဲ့ တူတယ်။ သူ့ရဲ့ ခန္ဓာကိုယ် မရှိတော့ပေမယ့် သူ့ရဲ့ စိတ်ဝိဥာဥ်ကတော့ လုံးဝကြီး အကောင်းတိုင်း ရှိနေတုန်းပဲ။ ပြီးတော့ အဲ့လူရဲ့ စိတ်ဝိဥာဥ်အစွမ်းကလဲ ကြောက်စရာကောင်းလောက်အောင်ကို အစွမ်းထက်တယ်ဗျ။ သခင်ကြီး ချင်းနဲ့ ကျုပ်ရဲ့ ကိုယ်ပွားပုံရိပ်တွေတောင် သူ့သိုင်းကွက် တစ်ချက်တည်းနဲ့ ဒီအခြေအနေ ရောက်သွားခဲ့ရတာ "

" ကျုပ် ခန့်မှန်းထားတဲ့အတိုင်းဆိုရင်.. သူ့လက်ရှိ စိတ်ဝိဥာဥ်ပဲရှိတဲ့ အခြေအနေမှာတောင် ကျုပ်ရဲ့ ခန္ဓာကိုယ်အစစ်ထက် အားမနည်းနိုင်ဘူးဗျ။

တကယ်လို့ သူသာ အပိုင်သိမ်းဖို့ သင့်တော်တဲ့ ခန္ဓာကိုယ်တစ်ခုခု ရှာတွေ့သွားလို့ကတော့ ကျုပ်တို့တွေ ဒုက္ခကြီးကြီးရောက်ပြီ "

" ဒါ့ကြောင့်မို့ သခင်လေးလောထျန်းက ကျေးဇူးပြုပြီး သူ့ကို တားပေးပါဗျာ။ မဟုတ်ရင် အားလုံး အခြေအနေဆိုးကုန်လိမ့်မယ်ဗျ "

သခင်ကြီးထျန်းလုံက အံကြိတ်၍ ဆိုလိုက်သည်။

" ဘယ်လို... ခဏလေးဗျာ ၊ ကျုပ် ခုချက်ချင်း သွားလိုက်မယ် "

လောထျန်း စိုးရိမ်စိတ် ဖြစ်သွားကာ သူ့လူများရှိနေသည့် ဂိုဏ်းထဲတွင် တစ်ခုခု ဖြစ်နေပြီလား ဆိုသည်ကို တွေးပူမိသွားသည်။

ယခုအတိုင်းဆိုလျှင်.. အခြေအနေ မကောင်းပါချေ။

ဝှစ်..

ထို့နောက်တွင်မူ လောထျန်း နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွား၏။

တဖက်ရှိ.. နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း အဓိကခန်းမဆောင်ရှေ့၌..

ဝုန်း..

အသံကျယ် တစ်သံနှင့်အတူ ယောင်ချီနတ်ဘုရားသခင်မကြီး နောက်သို့ လွင့်ထွက်သွားကာ သွေးများ အန်သွားသည်။

" ခွေးမ... ငါ့ကို တားချင်သေးတယ်ပေါ့လေ "

မင်ဒုံက သူ့ရှေ့မှ နတ်ဘုရားသခင်မကြီးကို ကြည့်ရင်း လေသံမာမာဖြင့် အော်လိုက်၏။

" မင်ဒုံ... ရှင်.. ဘာတွေလုပ်နေတာလဲ "

ယောင်ချီ နတ်ဘုရားသခင်မကြီးက နှုတ်ခမ်းထောင့်တွင် ပေနေသော သွေးများကိုသုတ်ကာ အံကြိတ်၍ ပြန်မေးလိုက်သည်။

" ရွှေယွဲ့ချီကို ငါ့လက်ထဲထည့်ပြီး ငါ့သစ္စာခံလုပ်မယ်လို့ ကျိန်ပါ။ အဲ့ကျရင် မင်းအသက်ကိုရော ၊ မင်းတို့ယောင်ချီက လူတွေရဲ့ အသက်ကိုရော ချမ်းသာပေးမယ်။ မဟုတ်လို့ကတော့ မင်းတို့အားလုံး သေရမယ်သာမှတ် "

မင်ဒုံက အေးစက်စက်အသံဖြင့် ပြန်ပြော၏။

" အိမ်မက် မက်မနေနဲ့ "

နတ်ဘုရားသခင်မကြီးကလည်း ဒေါသတကြီး ပြန်အော်၏။

အစောပိုင်းလေးတွင် ယောင်ချီ နတ်ဘုရားသခင်မကြီးက အားလုံးကို ဦးဆောင်၍ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ အကြွင်းအကျန်စိတ်ဝိဥာဥ်များအား ရှင်းနေစဥ်၌ .. မင်ဒုံတစ်ယောက် ရုတ်တရက် ပေါ်လာခြင်းပါပင်။

သို့သော် ယောင်ချီ နတ်ဘုရားသခင်မကြီးအား သူ့အား သိပ်ဂရုမစိုက်ခဲ့ပါချေ။

အဘယ့်ကြောင့်ဆိုသော် မင်ဒုံ၏ အစွမ်းက သူမနှင့် တန်းတူလောက်သာ ရှိထားသည့်အတွက် သူမ သူ့အား အနိုင်မယူနိုင်စေကာမူ.. သခင်ကြီး ထျန်းလုံတို့ ရောက်လာကြသည်အထိ အချိန်ဆွဲထားနိုင်မည်

ဟု တွေးထားသောကြောင့် ဖြစ်သည်။

သို့သော်.. မျှော်လင့်မထားစွာပင် သူတို့နှစ်ယောက် စတိုက်ခိုက်လိုက်သည်နှင့် တစ်စုံတစ်ခု လွဲချော်နေခဲ့ပြီမှန်း သူမ သိလိုက်ရပါ၏။

မင်ဒုံ၏ ကိုယ်ထဲတွင် အစွမ်းထက်သော အားများ မြောက်များစွာပင် ရှိနေပြီး ထိုအား တစ်ခုချင်းစီတိုင်းကလည်း မင်ဒုံ၏ ကိုယ်ပိုင်အစွမ်းထက် ပိုအစွမ်းထက်ကြသည်ချည်းပင် ။

ဤသို့ဖြင့် အကြိမ်ရေအနည်းငယ်မျှ တိုက်ခိုက်အပြီးမှာပင် သူမ ဒဏ်ရာဆိုးရွားစွာ ရခဲ့ပါတော့၏။

" တော်စမ်း ၊ ငါ ယင်ကိုးသွယ်ခန္ဓာကိုယ်ကို တွေ့ပြီ "

ထိုစဥ် မင်ဒုံထံမှ ပထမဘိုးဘေး၏ အသံ ရုတ်တရက် ထွက်လာသည်။

ထို့နောက်တွင်မူ..

ဝီ..

မင်ဒုံ၏ ကိုယ်ထဲမှ ရွှေကောင်အငွေ့တစ်ခု ထွက်လာကာ ရွှေယွဲ့ချီဆီသို့ တဟုန်ထိုး တိုးဝင်သွားတော့၏။

All Chapters