← Chapters

တိုက်ခိုက်လို့မရဘူး ဆိုတော့လဲ ... မင်းကို ကယ်တင်ပေးမယ်

Vol. 37 Ch. 516

တိုက်ခိုက်လို့မရဘူး ဆိုတော့လဲ ... မင်းကို ကယ်တင်ပေးမယ်

Vol. 37 Ch. 516

" ဟင်..  မင်းက ဘယ်သူလဲ "

ရှန့်ဝူကျီ လောထျန်းအား မျက်မှောင်ကြုံ့၍ လှည့်ကြည့်လိုက်သည်။

လောထျန်း ပြန်မပြောနိုင်ခင်မှာပင် မင်ဒုံ၏ ကိုယ်ထဲရောက်နေသော ဘိုးဘေး၇ က ရုတ်တရက် ပြောလာ၏။

" ပထမဘိုးဘေးကြီး ၊ အဲ့ဒါ လောထျန်းပဲဗျ ။ အဲ့ကောင်ရဲ့ အစွမ်းက အရမ်းထူးဆန်းတယ် ။ သူက ကျုပ်အပိုင်သိမ်းထားတဲ့ ခန္ဓာကိုယ်ကိုပါ ဖျက်ဆီးပစ်ခဲ့တာ "

သို့သော် သူ့စကား ဆုံးဆုံးချင်းမှာပင် ဘိုးဘေး ၂ ၏ လှောင်သံ ထွက်လာသည်။

" မင်းက အဲ့လောက်အစွမ်းနိမ့်မှတော့ မင်းရဲ့ ခန္ဓာကိုယ် ဖျက်ဆီးခံရတာ ဘယ်ထူးဆန်းမလဲကွ။ အဲ့ဒါ တစ်ချက်တည်းနဲ့တော့ သူ့ကို အရမ်းအစွမ်းထက်တယ်လို့ ပြောလို့မရဘူးလေ "

ဘိုးဘေး ၇ မှာ မကျေမနပ် ဖြစ်သွားသော်လည်း..  ပြန်မငြင်းရဲသဖြင့် အံကြိတ်၍သာ ပါးစပ်ပိတ် နေလိုက်ရတော့သည်။

ထိုစဥ် တဖက်မှ ရှန့်ဝူကျီက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး မျက်မှောင်ကြုံ့ကာ မေးလာ၏။

" မင်းက လောထျန်းလား..  "

လောထျန်းက သူ့ကို တအံ့တသြကြည့်ကာ ပြန်ပြောသည်။

" ရွှေယွဲ့ချီ..  မင်းအသံက ဘာဖြစ်နေတာလဲ "

ထိုအချိန်တွင် ယောင်ချီ နတ်ဘုရားသခင်မကြီးက ဝင်ပြော၏။

" သခင်လေး လောထျန်း ၊ အဲ့လူက ရွှေယွဲ့ချီရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းထားတာ "

လောထျန်း လန့်သွားသည်။

" ဘယ်လို....  "

လောထျန်း ဖြစ်သွားသည့်ပုံကိုကြည့်ရင်း ရှန့်ဝူကျီက အသံကျယ်ဖြင့် ထရယ်၏။

" ဟုတ်တယ်ကွ..  ဒီခန္ဓာကိုယ်က အခု ငါ့အပိုင် ဖြစ်သွားပြီ ။ ငါ့ကို စကားပြောရင် ဒူးထောက်ပြီးပြောစမ်း "

သူ ပြောပြောဆိုဆိုပင် လက်တစ်ဖက်ဆန့်ထုတ်၍ လောထျန်းဆီသို့ လျှောက်သွားလိုက်သည်။

ဝီ..

အစွမ်းထက်သော စိတ်ဝိဥာဥ်အစွမ်းတစ်ခုက လောထျန်းအား တမဟုတ်ချင်း ရစ်ပတ်လာ၏။

၎င်းကိုမြင်သောအခါ အားလုံး ကျောရိုးထဲမှပင် ချမ်းစိမ့်သွားသလို ခံစားလိုက်ကြရသည်။

ထိုအကွက်မှာ အစောက ယောင်ချီ နတ်ဘုရားသခင်မကြီးအား ဖိနှိပ်ရန် သုံးသွားခဲ့သညိ့ အကွက်နှင့် အတူတူပါပင် ။

ယခု လောထျန်းသည်လည်း ဖိနှိပ်ခံရတော့မည်လား..  ။

လေပြင်းတစ်ချက် တစ်ချက် တိုက်ခတ်သွားသည် ။ ရှန့်ဝူကျီကား လေထဲတွင် လက်မြှောက်လျက်...

တဖက်မှ လောထျန်းမှာမူ နေရာတွင်သာ ရပ်နေပြီး ရှန့်ဝူကျီအား မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်နေ၏။

" မင်း.. ဘာလုပ်နေတာလဲ "

လောထျန်း မေးလိုက်သည်။

" ဟင်....  "

ရှန့်ဝူကျီမှာ ထင်မထားသော မြင်ကွင်းကြောင့် အံ့သြမှင်သက်သွား၏။

ဘာတွေ ဖြစ်နေပါသနည်း..

သူ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး ဖိနှိပ်ခဲ့သည့်တိုင်..  တဖက်မှ ကောင်လေးက ဒူးထောက်မသွားဘူးတဲ့လား ။

" ငါ ဒီခန္ဓာကိုယ်နဲ့ သိပ်ပြီး အကျွမ်းတဝင်မရှိသေးလို့များ ဖြစ်နိုင်မလား ။ အင်း..  အဲ့လိုပဲ ဖြစ်ရမယ် ။ ဒီလိုဆိုတော့လဲ အစွမ်းထပ်ထည့်ရုံပေါ့ "

ရှန့်ဝူကျီ ထိုသို့တွေးကာ လက်ပြန်ရုတ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်တိုက်ခိုက်လိုက်သည်။

" ဒူးထောက်စမ်း..  "

နောက်ထပ် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး အနီးနားရှိ သစ်ပင်များမှ သစ်ရွက်ခြောက်များ ကြွေကျလာ၏။ လောထျန်းမှာကား ယခင်အတိုင်း သူ့အား အူကြောင်ကြောင်မျက်လုံးများဖြင့် ကြည့်လျက်...

" မင်း ဘာတွေလုပ်နေတာလဲ "

လောထျန်း ထပ်မေးလိုက်ပြန်သည်။

" ဟင်...  မဖြစ်နိုင်တာ..  "

ရှန့်ဝူကျီတစ်ယောက် လုံးဝ အံ့သြတုန်လှုပ်သွားရတော့သည်။

သူ့အစွမ်း၏ ၈၀ ရာခိုင်နှုန်းကို သုံးသွားခဲ့သည့်တိုင် တဖက်လူက ဘာမှမဖြစ်ဘူးတဲ့လား..

" ခဏနေဦး...  ဒါ....  "

ထိုအချိန်တွင် လောထျန်း၏ ကိုယ်ကို ဝန်းရံနေသည့် မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခုအား ရှန့်ဝူကျီ ရုတ်တရက် သတိထားမိသွား၏။

" အဲ့ဒါ  ကံတရားလား..  ။ သူ့မှာ အဲ့လိုကံတရားမျိုး တကယ်ကြီး ရှိနေတာလား။ သူ့ရဲ့ ကံတရားက ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကို ပိတ်ဆို့ထားနေတာများလား "

" ဒါပေမယ့်..  အဲ့လိုသာဆိုရင် ဒီကောင်လေး ကံဆိုးတာပဲ။ အဲ့လို အံ့မခန်း ကံတရားမျိုးက တခြားသူတွေအတွက်သာ ရှားချင်ရှားမယ်..  ငါ့အတွက်က ပုံမှန်ပဲလေ။ ငါ့လို အဘိုးကြီးက ကံတရားကို အကောင်းဆုံး ဘယ်လိုချိုးဖျက်ရမယ်ဆိုတာ ကောင်းကောင်းကြီး သိတာပေါ့။ ငါက ဒီကောင်လေးရဲ့ ရန်သူဖြစ်ဖို့ မွေးလာတာထင်ပါတယ် "

ရှန့်ဝူကျီ ထိုသို့တွေးကာ လက်နှစ်ဖက်ကို စုလိုက်သည်။

" ကောင်လေး ၊ မင်း ငါ့ကို ဒီလောက်အဆင့်ထိရောက်အောင် တွန်းအားပေးနိုင်မယ်လို့ မထင်ထားခဲ့မိဘူးကွာ "

သူ ပြောလိုက်သည်။

လောထျန်း မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

" ဘယ်လို..  ငါက ခုထိ ဘာမှမလုပ်ရသေးဘူးလေ။ မင်းကို ဘယ်တုန်းကဘယ်လို တွန်းအားပေးလိုက်မိလို့လဲ "

ရှန့်ဝူကျီ၏ မျက်နှာထက်တွင် လှောင်ပြုံး ပေါ်လာသည်။

" တခြားဘာမှ ထပ်ပြောမနေစမ်းပါနဲ့ ။ ဒီအကွက်နဲ့ဆို မင်းရဲ့ ကံတရားတော့ သွားပြီပေါ့ကွာ။ အမျက်သင့် စိတ်ဝိဥာဥ်တို့...  ထလာခဲ့ကြ "

သူ ပြောနေချိန်မှာပင် လက်ဖြင့် အစီအမံတစ်ခု လုပ်၍ပြီးသွားပြီး တားမြစ်နယ်မြေဘက်သို့ လက်လှမ်းလိုက်၏။

ပုံမှန်ဆိုလျှင် တခဏအတွင်း သွေးအိုင်အောက်ခြေမှ ဒေါသထွက်နေကြသော သိန်း၊သန်းချီ စိတ်ဝိဥာဥ်များ ရောက်လာသင့်ပေသည်။

သို့သော် သူ လက်ဆန့်ထုတ်ပြီး အချိန်အတန်ငယ် ကြာသွားသည်အထိ ဘာမှ ဖြစ်မလာခဲ့ပါ။

ထိုမြင်ကွင်းမှာ ရှက်လည်း ရှက်စရာပါပင် ။

ဘေးမှနေ၍ ထိုမြင်ကွင်းကို ကြည့်နေကြသော ယောင်ချီဂိုဏ်းသူ များစွာပင် တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာ လှမ်းကြည့်လိုက်ကြသည်။

" ရှန့်ဝူကျီက...  ပညာရှင်သခင်ကြီးတစ်ယောက် မဟုတ်ဘူးလား ။ အခု သူ ဘာလုပ်နေတာလဲ "

" ငါလဲ မသိဘူး ။ သူ့ကို ကြည့်ရတာ သိပ်ပြီးတော့ ပုံမှန်မဟုတ်တဲ့ပုံပဲ "

" ရှူး...  တိုးတိုးပြောဟဲ့ ။ အသက် တစ်သိန်းလောက် နေလာတဲ့သူက အခုလို ပြဿနာမျိုးဖြစ်တာ ဘယ်ဆန်းပါ့မလဲ "

အားလုံး၏ ပြောစကားများကို နားထောင်သော ရှန့်ဝူကျီ၏ မျက်နှာကြီး တစထက်တစ ပိုပိုပျက်လာ၏။

ထိုအချိန်တွင် သူ အလွန်လည်း အံ့သြတုန်လှုပ်နေရပါသည်။

ထိုအကွက်ကို သူ ယခင်သုံးခဲ့စဥ်က အလုပ်ဖြစ်ခဲ့ပြီး...  ယခု အဘယ့်ကြောင့် မရနေပါသနည်း ။

ထိုစဥ် တဖက်မှ လောထျန်းက စိတ်မရှည်နိုင်တော့ဟန်ဖြင့် ရှန့်ဝူကျီဆီသို့ လျှောက်လာ၏။

" မင်း ဘယ်လိုလှည့်ကွက်မျိုးတွေ လုပ်နေတယ်ဆိုတာ ငါ စိတ်မဝင်စားဘူး ။ အခုချက်ချင်း ရွှေယွဲ့ချီရဲ့ ခန္ဓာကိုယ်ထဲက ထွက်လိုက်ပါ "

သူ့စကားကို ကြားမှ ရှန့်ဝူကျီ အသိဝင်သွားကာ .. သူ့မျက်နှာထက်တွင် ယုတ်မာကောက်ကျစ်သည့် အပြုံးတစ်ခု ပေါ်လာသည်။

" ငါ မထွက်သွားဘူး ဆိုတော့ရော မင်းက ဘာလုပ်နိုင်မှာမို့လဲ ။ မင်းက ငါ့ကို တိုက်ခိုက်ချင်သေးတာလား "

" တစ်ခု မမေ့နဲ့ဦးနော် ကောင်လေး ။ အခု ငါက ဒီကောင်မလေးရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းပြီးတော့ သူ့ရဲ့ စိတ်ဝိဥာဥ်ကို ဖိနှိပ်ထားတာ။ မင်း ငါ့ကို တိုက်ခိုက်ရင် ဒီကောင်မလေးကို တိုက်ခိုက်သလိုပဲ ဖြစ်သွားမှာကွ "

" တကယ်လို့ မင်းက ငါ့အသက်ကို ခြိမ်းခြောက်လာနိုင်ရင်တောင်...  ပထမဆုံး သေမယ့်သူက ဒီကောင်မလေးပဲဆိုတာ ငါ ကတိပေးလိုက်မယ် "

သူ့စကားကြောင့် အနီးနားတွင် ရှိနေကြသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။

" ဒါ...  တော်တော်ကောက်ကျစ်ယုတ်မာတာပဲ ။ အင်းလေ..  သူက နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ တည်ထောင်သူပဲ..  အဲ့လောက်တော့ ရှိမှာပေါ့ "

" ဟုတ်ပါ့ကွာ..  ဒီကမ္ဘာကြီးမှာ အဲ့လောက်အရှက်မဲ့တဲ့ လူမျိုး ရှိနေသေးတယ်ပေါ့ "

အားလုံးက ရှန့်ဝူကျီအား ရွံရှာအထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

လောထျန်းသည်ပင် မျက်မှောင်ကြုံ့နေပါ၏။

ရှန့်ဝူကျီက လောထျန်းကိုကြည့်ကာ လှောင်ပြုံးဖြင့် ဆက်ပြောသည်။

" ဘယ်လိုလဲ ကောင်လေး ၊ စိတ်ဒုက္ခရောက်သွားပြီလား ။ ဟားဟား..  အဲ့ဒါ ငါ့ကို အာခံလို့ ဖြစ်ရတာကွ။ အခုချက်ချင်း ဒူးထောက်လိုက်စမ်း.. ၊ မဟုတ်လို့ကတော့ ဒီကောင်မလေးရဲ့ စိတ်ဝိဥာဥ်ကို အရင်ဆုံးဖျက်ဆီးပစ်မယ် "

ရှန့်ဝူကျီမှာ လောထျန်းအား နိုင်ကွက်တွေ့ထားဟန်ဖြင့် အလွန်ကျေနပ်နေပုံပင် ။

" သခင်လေး လောထျန်း "

ယောင်ချီနတ်ဘုရားသခင်မကြီးမှာလည်း ထိုအချိန်တွင် အလွန်စိတ်ဓာတ်ကျကာ ကူကယ်ရာမဲ့ ဖြစ်နေရှာ၏။

ရှန့်ဝူကျီမှာ လက်ရှိတွင် ရွှေယွဲ့ချီ၏ ခန္ဓာကိုယ်အား အပိုင်သိမ်းထားပြီး သူကိုယ်တိုင် ထွက်လာလိုသည့် ဆန္ဒမရှိပါဘဲ မည်သူကမှ သူ့အား အတင်းထွက်လာခိုင်း၍ မရနိုင်ပါချေ။

သို့ဖြစ်ရာ..  လက်ရှိအခြေအနေမှာ သူမတို့အတွက် လမ်းဆုံး ဖြစ်နေလေပြီ ။

သို့သော်..  ထိုအချိန်တွင် မျက်မှောင်ကြုံ့ထား၍ ကွေးနေသော လောထျန်း၏ မျက်ခုံးများ ရုတ်တရက် ပြေလျော့သွားပြီး ပြောလာသည်။

" မင်းနာမည်က ရှန့်ဝူကျီနော်..  ဟုတ်တယ်မလား "

" ဟုတ်တယ်လေ..  "

ရှန့်ဝူကျီ၏ အသွင်မှာ အနည်းငယ် စိတ်မရှည်ဟန် ပေါက်လာသည်။

လောထျန်းက ခေါင်းညိတ်၍ စကားဆက်၏။

" မင်းပြောတာ မှန်တယ် ၊ လောလောဆယ်မှာ မင်းကိုတိုက်ခိုက်လို့ သိပ်အဆင်မပြေဘူး "

ရှန့်ဝူကျီ၏ မျက်နှာထက်တွင် လှောင်ပြုံး ပေါ်လာပြန်သည်။

လောထျန်းက စကားဆက်၏။

" အဲ့တော့လဲ မင်းကို ကယ်ပဲ ကယ်ပေးလိုက်မယ် "

" ဟင်....  "

သူ့စကားကြောင့် ရှန့်ဝူကျီတစ်ယောက် အံ့သြမှင်သက်သွားရှာသည်။

သူသည်သာမက ထိုနေရာတွင် ရှိနေသူများအားလုံးလည်း နားမလည်နိုင် ဖြစ်သွားကြ၏။

" သခင်လေးလောထျန်း ၊ အတင်းအားသုံးပြီး ပြုမူလိုက်ရင် အထဲမှာရှိနေတဲ့ ရွှေယွဲ့ချီ အန္တရာယ်နဲ့ ကြုံသွားနိုင်တယ်နော် "

ဘေးမှ ယောင်ချီနတ်ဘုရားသခင်မကြီးက သတိလှမ်းပေးလိုက်သည်။

သူမက လောထျန်း၏ " ကယ်တင်ပေးမည် " ဆိုသောစကားကို နားလည်မှုလွဲကာ လောထျန်းက ရှန့်ဝူကျီအား သတ်ပစ်တော့မည်ဟု ထင်သွားမှန်း အသိသာပင် ။

ရှန့်ဝူကျီကလည်း မျက်မှောင်ကြီး ကြုံ့၍ ပြော၏။

" ကောင်လေး... မင်းက အတင့်ရဲလှချည်လား "

လောထျန်းက နှုတ်ခမ်းကွေးသွားအောင် ပြုံးပြီး ပြန်ပြောလိုက်သည်။

" ငါက မင်းကို ဘာကြောက်စရာ ရှိလို့လဲ "

သူ ထိုသို့ပြောပြီးသည်နှင့် လက်ဝါးနှစ်ဖက်ကို စုလိုက်သည်။

ဝီ..

လောထျန်း၏ အပြုမူကြောင့် ရှန့်ဝူကျီ ၊ မင်ဒုံနှင့် အခြားသူများ ကြောက်လန့်တုန်လှုပ်သွားကြပြီး နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်မိသွားကြ၏။

လောထျန်းက လက်ဖြင့် အစီအမံတစ်ခု ပြုလုပ်ပြီး သူတို့ကို တိုက်ခိုက်လာတော့မည်ဟုသာ ထင်လိုက်ကြပါသည်။

သို့သော်...  ထိုအချိန်မှာပင် လောထျန်းက လက်ကိုစုပြီး မန္တာန်တစ်ခု ရွတ်ဖတ်လာသဖြင့် သူတို့အားလုံး အံ့သြမှင်သက်သွားရ၏။

လောထျန်းက အမှန်တကယ်လည်း မန္တာန်အား စိတ်နှစ်၍ အတည်ပေါက်ကြီး ရွတ်နေဟန်ပါပင်...

ထိုနေရာတွင် ရှိနေသူများအားလုံး သူ့ကိုကြည့်ရင်း မျက်နှာကိုယ်စီ ပျက်သွားကြသည်။

လောထျန်းပြောခဲ့သော ကယ်တင်ပေးမည် ဆိုသည့်စကားက..  မန္တာန်များကို ရွတ်ဖတ်ပြီး အမှန်တကယ် ကယ်တင်ပေးမည်ဆိုသည့် အဓိပ္ပါယ်တဲ့လား ။

သို့သော် လက်ရှိအခြေအနေတွင် မန္တာန်များကို ရွတ်ဖတ်ခြင်းက တဖက်လူအား အရှက်ရအောင် လုပ်သလို ဖြစ်ရုံကလွဲ၍ အခြားဘာအကျိုး ရပါမည်နည်း။

အားလုံးစိတ်ထဲ သံသယကိုယ်စီ ဝင်နေချိန်မှာပင်..

" ဟင်...  ငါ..  ဘာတွေဖြစ်နေတာလဲ "

မင်ဒုံ၏ ကိုယ်ထဲမှ ဘိုးဘေး ၇ ၏ အသံ ထွက်လာ၏။

" ဟင်..  ဘိုးဘေး ၇ ... ဘိုးဘေးက "

မင်ဒုံမှာလည်း သူ့ကိုကြည့်ပြီး အံ့အားသင့်သွားဟန် တူပါသည်။

ထို့နောက်တွင်မူ အမည်းရောင် အလင်းတန်းတစ်ခု ပေါ်လာကာ ဘိုးဘေး၇အား လွှမ်းခြုံလာ၏။

ပြီးနောက်တွင်ကား..  ၎င်းအမည်းရောင်အလင်းတန်းက ဘိုးဘေး၇ အား မင်ဒုံ၏ ကိုယ်ထဲမှဆွဲထုတ်ကာ မြေကြီးထဲသို့ ဦးတည်သွားတော့သည်။ 

All Chapters