← Chapters

ထိုးချက်တစ်ချက်

Vol. 181 Ch. 2706

ထိုးချက်တစ်ချက်

Vol. 181 Ch. 2706

“အဲဒါဘယ်သူလဲကွ”

စင်မြင်၏ ဘေးပတ်လည်မှာ တမလွန်ဘုရင်များနှင့် ငရဲဘုရင်ပညာရှင်များစွာက အော်ငေါက်လိုက်ကြ၏။

ယခုအချိန်မှာ ညှင်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်မှာ စုဝေးရောက်​ရှိနေသောပညာရှင်များသည် မြင့်မြတ်သောအဆင့်အတန်းများနှင့်အတူ အမျိုးမျိုးသောငရဲများမှ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ကြသည်။

ယခုအချိန်မှာ ငရဲအရှင်ရှစ်ဦးသည် စစ်တပ်တစ်တပ်ကိုစုစည်းပြီး အရေးကြီးသောကိစ္စတစ်စုံတစ်ရာကို ဆွေးနွေးနေကြ၏။ ဤကဲ့သို့သောအခမ်းအနားတစ်ခုကို ဘယ်လိုလူက အတင်းအကျပ် ဝင်ရောက်လာရဲတာလဲ။

ဒါ့အပြင် သူတို့သည် လေထဲကနေပျံသန်းလာကြပြီး တမလွန်ဘုရင်များနှင့် ငရဲဘုရင်ပညာရှင်များ၏ ဦးခေါင်းအထက်မှာ ရောက်ရှိနေကြ၏။

ခေါင်းဆောင်ဖြစ်သူက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထား၏။

တစ်မူထူးခြားပြီး အေးစက်နက်ရှိုင်းနေသော သူ၏ မျက်လုံးများကလွဲလျှင် သူ၏ မျက်နှာကို မတွေ့မြင်ရပေ။

သူ၏ နောက်ဘက်မှာ ငရဲဘုရင်ပညာရှင်တစ်ဦးရှိနေ၏။

နောက်ထပ်လူတစ်ယောက်က ကျင့်ကြံမှုနယ်ပယ်မမြင့်မားသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမသည် တမလွန်ဗိုလ်တစ်ယောက်၏ အဆင့်ကိုပင် မရောက်ရှိသေးပေ။ သို့သော်လည်း သူမက အလွန်တရာချောမောလှပပြီး သူမမှာ ကြည့်ကောင်းတင့်တယ်သောသွင်ပြင်ရှိလေသည်။ သူမပေါ်ထွက်လာသည့်ခဏမှာပင် လူတိုင်းက ငေးမောမှင်တက်သွားကြ၏။

တမလွန်ဘုရင်ပညာရှင်များနှင့် ငရဲဘုရင်ပညာရှင်များက မော့ကြည့်လိုက်ကြ၏။

သူတို့၏ အကြည့်များက ချောမောလှပသော အမျိုးသမီးပေါ် ဆင်းသက်ရောက်ရှိသွားကြ၏။

စောစောက အော်ငေါက်ခဲ့သော တမလွန်ဘုရင်များနှင့် ငရဲဘုရင်ပညာရှင်တချို့ပင် ထိုအခိုက်အတန့်မှာ သူတို့၏ အမျက်ဒေါသကို ဆုံးရှုံးသွားပုံရပြီး ချောမောလှပသောအမျိုးသမီးကို မမှိတ်မသုန်စိုက်ကြည့်နေကြ၏။

ငရဲအရှင်ရှစ်ဦးက လှမ်းကြည့်ပြီး အမျိုးသမီးကို တွေ့မြင်သောအခါ သူတို့၏အကြည့်များက ဝင်းလက်သွားကြသည်။

ရုတ်တရက် ငရဲအရှင်ကန့်သတ်မဲ့စိမ်းစမ်းက ပြုံး၍ ​သူ၏ ဘေးပတ်လည်ကြည့်ရှုကာ ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါ အဲဒီမိန်းမကို လိုချင်တယ်... သူ့အတွက် ဘယ်သူကမှ ငါနဲ့ မတိုက်ခိုက်ကြဘူးမလား”

“ဒီလောက်နှစ်တွေအများကြီးကြာလည်း မင်းက အရင်တိုင်းပါပဲလား”

ငရဲအရှင်ခါးသက်စိမ့်စမ်းက လှောင်ရယ်လိုက်၏။

ငရဲအရှင်ခုနှစ်ဦးသည် ငရဲအရှင်ကန့်သတ်မဲ့သိမ့်စမ်း၏ တုံ့ပြန်မှုမှာ အံ့အားသင့်သွားခြင်းမရှိကြပေ။

ငရဲအရှင်ကိုးဦးကြားမှာ ငရဲအရှင်ကန့်သတ်မဲ့စိမ့်စမ်းသည် တဏှာရာဂတပ်မက်မှုဖြင့် နာမည်ကြီးလေသည်။

ကန့်သတ်မဲ့စိမ့်စမ်းငရဲရှိ သူ၏ မောင်းမဆောင်မှာ ချောမောလှပသောအမျိုးသမီးတစ်သိန်းရှိလေသည်။

“အရှင်တို့... သတိထားကြပါ... သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက အထီးကျန်သိုင်းသခင်ဆိုတာပါပဲ”

ထိုစဥ်မှာပင် စင်မြင့်အောက်ဘက်လူအုပ်ကြားထဲမှ ငရဲဘုရင်တစ်ပါးက ကျယ်လောင်စွာသတိပေးလိုက်၏။

“ငရဲအရှင်ဆီးနှင်းစိမ့်စမ်းကိုသတ်ဖြတ်ပြီး ဆီးနှင်းစိမ့်စမ်းငရဲကို သိမ်းပိုက်ခဲ့သူက သူပဲ”

ဤနေရာတွင် ငရဲရှစ်ခုမှ ပညာရှင်များအပြင် ဆီးနှင်းစိမ့်စမ်းငရဲမှ ထွက်ပြေးလွတ်မြောက်လာသော ပညာရှင်တချို့လည်း ရောက်ရှိနေကြ၏။

ထိုငရဲဘုရင်က သူတို့ထဲမှတစ်ယောက်ဖြစ်၏။

ထိုအသံထွက်ပေါ်လာသည့်ခဏမှာပင် အဲဒါသည် ဝဲဂယက်တစ်ထောင်ကိုဖြစ်ပေါ်စေသော ကျောက်တုံးတစ်တုံးကဲ့သို့ လူအုပ်ကြားထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။

“ဘာလဲဟ... သူက အထီးကျန်သိုင်းသခင်လား”

“အဲဒီလူက ဒီနေရာကို ဘယ်လိုတောင် ရောက်လာရဲတာလဲ”

“သူက လူနှစ်ယောက်ပဲ ခေါ်လာတာလား... သူက တကယ့်ကို သေချင်နေတာပဲ”

ချက်ချင်းပင် လူအုပ်ကြားထဲမှ အုန်းအုန်းကျက်ကျက်အသံများ ထွက်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ငရဲအရှင်ရှစ်ဦး၏ အမူအရာများက ပြောင်းလဲသွားပြီး သိုင်းတာအိုပင်မခန္ဓာနှင့် အခြားနှစ်ယောက်အ​ပေါ် သူတို့၏ အကြည့်များက တဖြည်းဖြည်းပြောင်းလဲကာ တင်းမာခက်ထန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်ကြ၏။

သိုင်းတာအိုပင်မခန္ဓာက မည်သည့်ဖိအားကိုမှ မခံစားရသည့်အလား ပေါ့ပေါ့ပါးပါးပင်ရှိနေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်ကနေ လိုက်ပါလာသောထန်ခုန်းကတော့ သူသည် ငရဲဘုရင်ပညာရှင်တစ်ဦးဖြစ်သော်လည်း ဤမျှများပြားလှသော ငရဲဘုရင်များနှင့် တမလွန်ဘုရင်ပညာရှင်များ၏ လူအုပ်ကြီးနှင့် ရင်ဆိုင်ရချိန်မှာ သူက မကြုံစဖူးဖိအားတစ်ရပ်ကို ခံစားလာရဆဲဖြစ်၏။

ငရဲရှိ မရေမတွက်နိုင်သောပညာရှင်များက တစ်ခုခုပြုလုပ်ဖို့ကို စိတ်အားထက်သန်နေကြ၏။

ငရဲအရှင်ရှစ်ဦးရှိနေခြင်းကြောင့်မဟုတ်လျှင် ငရဲပညာရှင်အုပ်စုသည် ရှေ့သို့ပြေးတက်ပြီး သူတို့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ပေလိမ့်မည်။

ကြင်ယာတော်ယု၏ မျက်လုံးအနက်ပိုင်းထဲတွင်လည်း ကြောက်ရွံ့မှုအငွေ့အသက်တစ်ခု ပေါ်ထွက်လာ၏။

ဤမြင်ကွင်းက တကယ့်ကိုကြောက်စရာကောင်းလွန်းသည်။

ဤနေရာမှာ စုဝေးရောက်ရှိနေသော ငရဲရှစ်ခုမှ မည်သည့်ပညာရှင်မဆို သူမထက် ပိုမိုသန်မာကြလေသည်။

ငရဲသက်ရှိတိုင်းသည် မနှိုင်းယှဥ်သာအောင် စွမ်းအားကြီးမားသောအော်ရာတစ်ခုကို ထုတ်ဖော်ထားကြ၏။

ဤမျှထိများပြားသော ငရဲဘုရင်ပညာရှင်များ အတူတကွစုဝေးထားခြင်းနှင့်အတူ သူတို့သည် လူတိုင်းကို ရင်တလှပ်လှပ်ခံစားသွားရစေနိုင်သည့် ကြောက်စရာကောင်းသောအော်ရာတစ်ခုကို ဖြစ်ပေါ်စေလာ၏။

ဤအော်ရာထဲသို့ ဝင်ရောက်လာသော မည်သည့်သက်ရှိမဆို အကြောက်တရားကို မလွဲမသွေခံစားရပေလိမ့်မည်။

ကြင်ယာတော်ယု၏ မျက်နှာက ပို၍ပင်ဖြူဖျော့လာခဲ့၏။

သို့သော်လည်း သူမသည် နောက်ဆုတ်ခြင်းမရှိဘဲ သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာ ထပ်ကြပ်မကွာလိုက်ပါလာ၏။

“အားလုံးပဲ... စိတ်လျှော့ကြ”

ငရဲအရှင်ညှင်းပန်းနှိပ်စက်စိမ့်စမ်းက သူ၏ လက်နှစ်ဖက်ကို လေထဲမှာဖိပြပြီး ညင်သာစွာပြုံးပြလိုက်၏။

“ဧည့်သည်တွေ ဒီကိုရောက်လာပြီဆိုမှတော့... ငါတို့က ငါတို့ရဲ့ရင်းနှီးဖော်ရွေမှုကို ပြပေးရမှာပေါ့”

“ဝိုး... ဝိုး...”

ငရဲဘုရင်များစွာက အေးစက်စက်အလင်းဖြင့်တောက်ပနေသော သူတို့၏ လက်နက်များကို ကိုင်မြှောက်ပြီး စိတ်အားတက်ကြွနေသောအမူအရာများဖြင့် ထူးဆန်းစွာအော်ဟစ်လိုက်ကြ၏။

ဤအပြင်လူက ဘာဖြစ်လာတော့မည်ကို သူတို့က တွေ့မြင်ရဖို့စောင့်မျှော်နေကြသည်။

တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာက ထန်ခုန်းနှင့်ကြင်ယာတော်ယုနှင့်အတူ စင်မြင့်ပေါ်သို့ ရောက်ရှိလာပြီး ငရဲအရှင်ဆီးနှင်းစိမ့်စမ်းအတွက် ပြင်ပေးထားသည့် လစ်လပ်နေသောထိုင်ခုံပေါ်သို့ ဆင်းသက်လိုက်လေသည်။

“မင်းက အချိန်မီရောက်လာတာပဲ”

ငရဲအရှင်ယင်စိမ့်စမ်းက သွားဖြဲ၍ သူ၏ ထက်ရှသောသွားစွယ်များကို ထွက်ပေါ်လာစေ၏။

“ငါတို့တွေက ငရဲအရှင်အသစ်တစ်ပါးကို ရွေးချယ်ဖို့ ဆွေးနွေးနေကြတာ.. မင်းရောဝင်ပါချင်လား”

“စိတ်မဝင်စားဘူး”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။

ငရဲအရှင်ရှစ်ဦးသည် ခဏမျှမှင်တက်သွားပြီးနောက် အကြည့်ချင်းဖလှယ်ကာ ဟားတိုက်ရယ်မောလိုက်ကြ၏။

စင်အောက်ဘက်မှလူအုပ်ကြီးကလည်း လှောင်ပြောင်ရယ်မောလိုက်ကြ၏။

ငရဲပညာရှင်များစွာသည် ဖြစ်ပျက်လာတော့မည့်အရာကို နားမလည်သည့်သူတစ်ယောက်၏ ဟာသကို စောင့်ကြည့်နေရသည့်အလား သိုင်းတာအိုပင်မခန္ဓာကို ကြည့်နေကြ၏။

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ငရဲအရှင်ရှစ်ဦးပေါ်ကိုဖြတ်သန်းကျရောက်သွားလေသည်။ သူက လိုရင်းကို တန်းမေးလိုက်၏။

“ငါက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်သွားချင်တယ်... မင်းတို့မှာ အဖြေတစ်ခုခုရှိလား”

“ဟားဟားဟား”

ဒီတစ်ခေါက်မှာ ငရဲအရှင်ရှစ်ဦးက မပြောရသေးခင်မှာပင် ပိုမိုကျယ်လောင်သော ရယ်မောသံများက ထွက်ပေါ်လာ၏။

“အဲဒီလူက ခေါင်းရောကောင်းသေးရဲ့လား... သူက အလယ်အလတ်ကမ္ဘာတစ်ထောင်ကို ပြန်သွားချင်နေသေးတာလား”

“ဟေး... မျက်နှာဖုံးတပ်လူ အရင်ဆုံးဘယ်လိုရှင်သန်အောင်နေရမလဲ တွေးစမ်းပါ”

နောက်ထပ်လူတစ်ယောက်က ကျယ်လောင်စွာရယ်မောပြောဆိုလိုက်၏။

“ကျွတ်... ကျွတ်...”

“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက လူတွေရဲ့လေသံကို ကြည့်စမ်းပါဦး... သူတို့တွေက မေးခွန်းထုတ်နေတာလား အကူအညီတောင်းနေတာလား”

ငရဲအရှင်ရှစ်ဦးမှာလည်း မတူညီသောအမူအရာများရှိနေကြ၏။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာကိုကြည့်သော သူတို့၏ အကြည့်များက ဆင်တူနေကြ၏။

ငရဲအရှင်ရှစ်ဦး၏ မျက်လုံးထဲမှာ သိုင်းတာအိုပင်မခန္ဓာက သေလူတစ်ယောက်ဖြစ်နေလေပြီ။

ငရဲအရှင်ကန့်သတ်မဲ့စိမ့်စမ်း၏ အကြည့်က ကြင်ယာတော်ယုပေါ်မှာ တစ်ချိန်လုံးလိုလိုရစ်ဝဲနေ၏။

ထိုအခိုက်အတန့်မှာ ငရဲအရှင်ကန့်သတ်မဲ့စိမ့်စမ်းက ဆက်လက်၍မစောင့်ဆိုင်းနိုင်တော့ပေ။ သူက မတ်တတ်ထရပ်ပြီး သူ၏ လက်ကို ဝေ့ယမ်းပြလိုက်၏။

“ငါက အဲဒီလူကို မင်းတို့တွေအတွက်ထားလိုက်မယ်... ငါက ဒီအမျိုးသမီးကိုခေါ်ပြီး အရင်ဆုံးပျော်စရာရှာလိုက်ဦးမယ်”

ငရဲအရှင်ကန့်သတ်မဲ့စိမ့်စမ်းလျှောက်လှမ်းလာသည်ကို တွေ့မြင်သောအခါ ကြင်ယာတော်ယုက သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာ အလိုလိုပုန်းကွယ်လိုက်၏။

ငရဲအရှင်ကန့်သတ်မဲ့စိမ့်စမ်း၏ အကြည့်အောက်မှာ သူမသည် ဝတ်လစ်စားလစ်ဖြစ်နေသည့်အလား သက်တောင့်သက်သာမရှိမှုကို ခံစားနေရ၏။

ငရဲအရှင်ကန့်သတ်မဲ့စိမ့်စမ်းက ကြင်ယာတော်ယုရှိရာသို့ လျှောက်လှမ်းလာပြီး ဘေးမှာရှိသော သိုင်းတာအိုပင်မခန္ဓာကို လျစ်လျူရှုကာ သူမကို ဖမ်းဆွဲဖို့ လက်လှမ်းလိုက်၏။

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ကို မြှောက်လိုက်၏။

ငရဲအရှင်ကန့်သတ်မဲ့စိမ့်စမ်းသည် ဂရုမစိုက်သည့်ဟန်ရှိနေသော်လည်း သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက်တိုက်ခိုက်လာမည်ကိုစိုးပြီး သူ၏ စိတ်အာရုံအများစုက ထိုလူပေါ်မှာ ကျရောက်နေလေသည်။

ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုကို အာရုံခံမိသွားကာ ငရဲအရှင်ကန့်သတ်မဲ့စိမ့်စမ်းက အူမြူးအားရစွာပြုံးလိုက်၏။

အဲဒါက သူ၏ အစီအစဥ်ဖြစ်လေသည်။ အပေါ်ယံမှာကြည့်လျှင် သူသည် ကြင်ယာတော်ယုအတွက် ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော်လည်း တကယ်တမ်းမှာတော့ သူသည် သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်ဖို့အတွက် ဖိအားပေးလိုလေသည်။

ထိုသို့ဖြင့်သူသည် သိုင်းတာအိုပင်မခန္ဓာကို ချက်ချင်းသတ်ဖြတ်ပြီး ငရဲအရှင်အသစ်ဖြစ်လာနိုင်ပေမည်။

ထိုအတွေးများက ငရဲအရှင်ကန့်သတ်မဲ့စိမ့်စမ်း၏ စိတ်ထဲ ပေါ်ထွက်လာသည့်ခဏမှာပင် တစ်စုံတစ်ရာလွဲမှားနေသည်ကို သူက နားလည်သဘောပေါက်သွား၏။

သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်မှာ အလျင်အဟုန်နှင့်စွမ်းအားက အလွန်တရာကြီးမားလွန်း၏။

တကယ်ဆို အဲဒါသည် မရှောင်တိမ်းနိုင်၊ မခုခံနိုင်လောက်အောင် သို့မဟုတ် သူ့ကို ကြောက်ရွံ့မှုခံစားရစေအောင် စွမ်းအားကြီးမားလွန်းလေသည်။

“ဒါက ဘယ်လိုထိုးချက်မျိုးလဲ”

ငရဲကမ္ဘာမှာ ဤကဲ့သို့စွမ်းအားမျိုးက ဘယ်လိုလုပ်ပေါ်ထွက်လာတာလဲ။

ငရဲအရှင်ကန့်သတ်မဲ့စိမ့်စမ်း၏ အပြုံးက သူ၏ မျက်နှာပေါ်မှာ အေးခဲတောင့်တင့်သွား၏။

ဘန်း...

သိုင်းတာအိုပင်မခန္ဓာက ငရဲအရှင်ကန့်သတ်မဲ့စိမ့်စမ်း၏ ဦးခေါင်းကို သိပ်သည်းပြင်းထန်သောခွန်အားဖြင့် ပစ်ထိုးလိုက်ပြီး သူ၏ ဦးခေါင်းက ကြေမွကာ သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားလေသည်။

ငရဲအရှင်ကန့်သတ်မဲ့စိမ့်စမ်းက နေရာမှာပင် သေဆုံးသွားတော့သည်။

All Chapters