ကြီးမားသော တိုက်ပွဲ
Vol. 181 Ch. 2707
အဲဒါက အရမ်းကို မြန်ဆန်ပြီး ရုတ်တရက်ဆန်လွန်းလေသည်။
မရေမတွက်နိုင်သော ငရဲပညာရှင်များဖြင့် ဝိုင်းပတ်ပိတ်ဆို့ခံထားရသည့် အခြေအနေအောက်မှာ သိုင်းတာအိုပင်မခန္ဓာသည် အရင်စတင်တိုက်ခိုက်ရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ဒါ့အပြင် သူသည် ငရဲအရှင်ရှစ်ပါးထဲမှာ တစ်ပါး၊ ငရဲအရှင် ကန့်သတ်မဲ့စိမ့်စမ်းကို စတင်တိုက်ခိုက်ခဲ့လေသည်။ သူတိုက်ခိုက်လိုက်သည့်ခဏမှာပင် အဲဒါသည် မည်သည့်ထိန်ချန်မှုမှ မရှိဘဲ သတ်ဖြတ်ကွက်တစ်ကွက် ဖြစ်နေသည်။
ညှဉ်းပန်းနှိပ်စက် စိမ့်စမ်းမြို့တော်တစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။
စောစောက ရယ်မောသံများနှင့် ဆူညံပွက်လောရိုက်နေသော အသံများက ထိုအခိုက်အတန့်မှာ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
ငရဲသက်ရှိအားလုံးသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်နေကြ၏။
ငရဲအရှင် ကန့်သတ်မဲ့ စိမ့်စမ်း၊ ငရဲအရှင် ရှစ်ပါးထဲမှ တစ်ပါး၊ ကန့်သတ်မဲ့ စိမ့်စမ်းငရဲကို နှစ်ပေါင်းသိန်းချီကြာအောင် အုပ်စိုးလာခဲ့သူ၊ ငရဲကမ္ဘာ၏ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်။
ဒါတောင် သူသည် ညှဉ်းပန်းနှိပ်စက် စိမ့်စမ်းမြို့တော်မှာ ဤကဲ့သို့ပင် သေဆုံးသွားရသည်။
သူ၏ ဦးခေါင်းသည် ထိုးချက်တစ်ချက်ဖြင့် ကြေမွသွားပြီး သူက တုံ့ပြန်တိုက်ခိုက်ဖို့ပင် မည်သည့်အခွင့်အရေးမှမရဘဲ သေဆုံးသွားရ၏။
အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
သူတို့သည် အဲဒါကို သူတို့၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့နေရလျှင်တောင် ငရဲသက်ရှိများစွာက အဲဒါကို မယုံကြည်နိုင်သေးပေ။
ငရဲအရှင် ကန့်သတ်မဲ့စိမ့်စမ်းက အရမ်းကို ပေါ့ဆခဲ့တာ ဖြစ်ရပေမည်။
ထိုအတွေးက ငရဲသက်ရှိများစွာ၏ စိတ်ထဲသို့ ဖျတ်ခနဲ ဝင်ရောက်လာ၏။
သို့သော်လည်း တကယ်တမ်းမှာ အခြားသော ငရဲအရှင် ခုနှစ်ဦးသည် စင်မြင့်ပေါ်မှာ ထိုင်နေပြီး အခင်းဖြစ်ပွားရာနှင့် ပိုမိုနီးကပ်ကာ ပို၍ရှင်းလင်းစွာ တွေ့မြင်ခဲ့ရ၏။
ငရဲအရှင် ကန့်သတ်မဲ့စိမ့်စမ်း၏ သေဆုံးမှုက ပေါ့ဆမှုကြောင့် မဟုတ်ပေ။
ငရဲအရှင် ကန့်သတ်မဲ့စိမ့်စမ်းသည် သိုင်းတာအိုပင်မခန္ဓာ တိုက်ခိုက်လာသည်ကို တွေ့မြင်သောအခါ သူက ခုခံမှု မရှိခဲ့သည် မဟုတ်ပေ။
သူသည် ရှောင်တိမ်း၍ ခုခံလိုခဲ့၏။
သို့သော်လည်း သူသည် ထိုသို့မပြုလုပ်နိုင်ခဲ့ဘဲ ထိုးချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရ၏။
ထိုအခိုက်အတန့်မှသာ ငရဲအရှင် ခုနစ်ဦးသည် သူတို့၏ အထင်မြင်သေးမှုကို လွှတ်ချပြီး သူတို့၏ အမူအရာများက တည်တံ့လာကြသည်။
“သတ်”
တစ်ချိန်တည်းနီးပါးမှာပင် ငရဲအရှင်လေးဦးက ရှေ့သို့ထွက်လာကြ၏။
ငရဲအရှင် ယင်စိမ့်စမ်း၊ ငရဲအရှင် နိမ့်ကျစိမ့်စမ်း၊ ငရဲအရှင် ကြည်လင်အေးမြစိမ့်စမ်းနှင့် ငရဲအရှင် အဝါရောင်စိမ့်စမ်းတို့က စွမ်းအားကြီးမားသော မျိုးဆက်သွေးနယ်မြေများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်ပြီး ဆူဇီမိုထံသို့ ပြေးဝင်သွားကြ၏။
ငရဲအရှင်လေးဦးသည် တမလွန်မျိုးနွယ်မှ ဆင်းသက်လာကြသော်လည်း သူတို့၏ အစစ်အမှန်ပုံစံများက မတူကြပေ။
သူတို့ကြားမှာ ငရဲအရှင် အဝါရောင်စိမ့်စမ်း၏ အစစ်အမှန်ပုံစံက နဂါးတစ်ကောင်၏ ပုံစံဖြစ်လေသည်။ သူက နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီး စင်မြင့်ထက်မှာ လှည့်ပတ်နေ၏။ သူ၏ ဧရာမနဂါးခန္ဓာက အဆုံးမဲ့စွမ်းပကားကို ဖြာထွက်ပေးပြီး သူ၏ လက်သည်းများက ထက်ရှနေကာ ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ဆူဇီမိုထံသို့ ပြေးဝင်လာခဲ့၏။
ငရဲအရှင် ကြည်လင်အေးမြစိမ့်စမ်းသည် ပေါ့ပါးဖျတ်လတ်သော ကျားသစ်တစ်ကောင်ဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာကို အဆက်မပြတ်လှည့်ပတ်ကာ တိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေ၏။
ငရဲအရှင် ယင်စိမ့်စမ်း၏ အစစ်အမှန်ပုံစံက လူသားများနှင့် အလွန်တရာ ဆင်တူလေသည်။ သို့သော်လည်း သူသည် ထွင်းဖောက်မတတ် ကြည်လင်နေပြီး တိုက်ပွဲမြေမှာ ပုန်းကွယ်ကာ သူ့ကို ခပ်ရေးရေးသာ မြင်နိုင်၏။
ငရဲအရှင် နိမ့်ကျစိမ့်စမ်းသည် ခြေတစ်ထောင် ဧရာမကင်းခြေများတစ်ကောင် ဖြစ်လေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို သံမဏိဖြင့် သွန်းလုပ်ထားပုံရပြီး ၎င်း၏ ခြေတစ်ထောင်က လျှောထိုးကာ စင်မြင့်၏ ကျောက်ဖြာပေါ်မှာ မီးပွားများကို အတန်းလိုက်ကျန်ရစ်ခဲ့စေ၏။
ငရဲအရှင် လေးဦးကြားမှာ ငရဲအရှင် နိမ့်ကျစိမ့်စမ်းက အရင်ဆုံးရောက်ရှိလာ၏။
ခြေတစ်ထောင်က တုန်လှုပ်စရာကောင်းသော အလျင်အဟုန်ဖြင့် လှုပ်ရှားပြီး သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့သို့ တစ်ခဏချင်းမှာပင် ရောက်ရှိလာ၏။ ဧရာမ ကင်းခြေများ ဦးမှင်များက လက်မောင်းလုံးလောက် တုတ်ခိုင်နေပြီး လေထုကို ဆုတ်ဖြဲကာ သံမဏိချိန်းကြိုးနှစ်ကြိုးကဲ့သို့ သိုင်းတာအိုပင်မခန္ဓာကို ရစ်ပတ်လိုက်လေသည်။
ငရဲအရှင် နိမ့်ကျစိမ့်စမ်းက ကျေနပ်သဘောကျသွား၏။
ကျင့်ကြံမှုနယ်ပယ်တူမှ ပညာရှင်များပင်လျှင် သူ၏ ဦးမှင်နှစ်ခုကနေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုလှုပ်ရှားကွက်နှင့်အတူ သူက အသာစီးရရှိလာခဲ့ပြီဖြစ်သည်။
ငရဲအရှင် နိမ့်ကျစိမ့်စမ်းသည် သိုင်းတာအိုပင်မခန္ဓာက ချုပ်နှောင်ခံလိုက်ရသည်ကို တွေ့မြင်သောအခါ သူက ရှေ့သို့ အလောတကြီးတက်လှမ်းပြီး သူ၏ ဦးခေါင်းကိုမော့ကာ သူ၏ ဆိုးယုတ်ခက်ထန်သော သွားစွယ်များကို ထုတ်ဖော်ပြီး သိုင်းတာအိုပင်မခန္ဓာကို အပိုင်းပိုင်းကြိတ်ခြေကာ ဝါးမြိုလိုလေသည်။
ဝုန်း…
ထိုစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူက ဆတ်ခနဲတုန်ယင်သွား၏။ အစက သူ့ကို ရစ်ပတ်ထားသော ကင်းခြေများဦးမှင်များက ချက်ချင်းပင် ပြတ်တောက်သွားပြီး အပိုင်းပိုင်းကြေမွကာ မြေပြင်ပေါ်သို့ ပြန့်ကြဲကျဆင်းသွား၏။
ယခုတင် ရုန်းထွက်လာသော သိုင်းတာအိုပင်မခန္ဓာက သူ၏ ခြေထောက်ကို ရုတ်တရက်မြှောက်ပြီး ခြေတစ်ထောင်ကင်းခြေများကို ပြင်းထန်စွာ ဆောင့်နင်းချလိုက်၏။
ထိုကန်ချက်သည် မဟာအရိုင်းကမ္ဘာမှာ သားရဲဘုရင် ဆယ့်နှစ်ပါး၏ ဂမ္ဘီရကျင့်စဉ်မှ ကောင်းကင်ထယ်သွားခြေလှမ်း ဖြစ်လေသည်။
ငရဲအရှင် နိမ့်ကျစိမ့်စမ်းက တစ်စုံတစ်ရာ လွဲမှားနေသည်ကို နားလည်သွားသည့်အချိန်မှာ သူက ရှောင်တိမ်းလိုသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်၏။ သူက ဘယ်လိုပင် ရှောင်တိမ်းသည်ဖြစ်စေ သူသည် သိုင်းတာအိုပင်မခန္ဓာ၏ ကောင်းကင်ထယ်သွားခြေလှမ်းကနေ မလွတ်မြောက်နိုင်ပေ။
ခွမ်း…
သိုင်းတာအိုပင်မခန္ဓာ၏ ခြေဖဝါးက ဆောင့်နင်းချလိုက်ပြီး ငရဲအရှင်နိမ့်ကျစိမ့်စမ်း၏ ခန္ဓာကိုယ်က ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏။
ခြေတစ်ထောင်ကင်းခြေများ၏ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်ထွက်သွားပြီး ညှီစို့စို့သွေးများစွာက ပန်းထွက်လာ၏။
ခန္ဓာကိုယ်နှစ်ပိုင်းသည် စင်မြင့်ပေါ်မှာ အဆက်မပြတ်တွန့်လိမ်နေပြီး ငရဲအရှင် နိမ့်ကျစိမ့်စမ်း၏ စူးစူးဝါးဝါးအော်သံက ထွက်ပေါ်လာ၏။
သည့်ယခင်က ငရဲအရှင် နိမ့်ကျစိမ့်စမ်းက ခွန်အားကို ထိန်ချန်ထားခဲ့၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး အသက်အန္တရာယ်ရှိလာခဲ့လေသည်။ သူက ဆက်လက်၍ ထိန်ချန်မထားရဲတော့ဘဲ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်၏။
သူ၏ အောက်ဘက်မှာ တလိပ်လိပ်ထိုးတက်လာသော စိမ့်စမ်းရေများ၏ များပြားလှစွာသော ပမာဏက ပေါ်ထွက်လာပြီး အလောင်းတချို့က သိုင်းတာအိုပင်မခန္ဓာထံသို့ လွင့်မျောလာသည်ကို ခပ်ရေးရေးတွေ့မြင်နိုင်၏။
မျိုးဆက်သွေးနယ်မြေ၊ ငရဲနိမ့်ကျစိမ့်စမ်း။
အခြားတစ်ဖက်မှာ ငရဲအရှင် အဝါရောင်စိမ့်စမ်း၊ ငရဲအရှင် ကြည်လင်အေးမြစိမ့်စမ်းနှင့် ငရဲအရှင် ယင်စိမ့်စမ်းတို့ကလည်း တွေဝေတုံ့ဆိုင်းမနေရဲဘဲ သူတို့၏ မျိုးဆက်သွေးနယ်မြေများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြ၏။
ငရဲအဝါရောင်စိမ့်စမ်း၊ ငရဲကြည်လင်အေးမြစိမ့်စမ်း၊ ငရဲအရှင် ယင်စိမ့်စမ်းနှင့် ငရဲနိမ့်ကျစိမ့်စမ်း။
မဟာစိမ့်စမ်းလေးခုက တစ်ချိန်တည်းမှာ တလိပ်လိပ်ထိုးတက်လာ၏။ ချက်ချင်းပင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်၏ စင်မြင့်ပေါ်မှာ စိမ့်စမ်းရေများသည် တလိပ်လိပ်ထိုးတက်လာပြီး အဘက်ဘက်ကို ဖြန့်ကြက်သွားလေသည်။ အဲဒါသည် အရာရာတိုင်းကို ဝါးမြိုပြီး ဆွဲယူနှစ်မြှုပ်ချင်သည့် ကြီးမားသော ဒီရေလှိုင်းလုံးများကို ဖြစ်ပေါ်လာစေသည့်အလားပင်။
တမလွန်မျိုးနွယ်မှာ သက်ရှိများသာလျှင် ဤကဲ့သို့သော မျိုးဆက်သွေးနယ်မြေများကို နှိုးဆော်စေနိုင်၏။
ဤငရဲအရှင်များအားလုံးသည် သူတို့၏ မျိုးဆက်သွေးနယ်မြေများကို အကန့်အသတ်ထိ ကျင့်ကြံထားသည့် ပုဂ္ဂိုလ်များဖြစ်ကြလေသည်။
မျိုးဆက်သွေးနယ်မြေတစ်ခုချင်းစီသည် သူတို့အပိုင်ငရဲမှ စိမ့်စမ်းရေများ၏ ဓမ္မတာအိုကို ထုတ်ဖော်ထားကြ၏။
အဲဒါသည် ငရဲကမ္ဘာ၏ အခြေခံအုတ်မြစ်လည်း ဖြစ်လေသည်။
ငရဲစိမ့်စမ်းနယ်မြေဖြစ်စဉ်လေးခု ထွက်ပေါ်လာသောအခါ တိုက်ပွဲက ပြီးဆုံးသွားပြီဟု ငရဲသက်ရှိများစွာက မှတ်ယူလိုက်ကြ၏။
ငရဲစိမ့်စမ်းနယ်မြေဖြစ်စဉ်လေးခု၏ ထိတွေ့ရိုက်ခတ်မှုမှာ ဘယ်သက်ရှိက ရှင်သန်နိုင်မှာလဲ။
ဝုန်း… ဝုန်း…
ထိုစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲကနေ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ပျောက်ကွယ်သွားပုံရပြီး ထိုနေရာမှာ လောင်ကျွမ်းနီရဲသော ဧရာမမီးဖိုတစ်လုံးက အစားထိုးဝင်ရောက်လာ၏။
ဒေါသူပုန်ထနေသော မီးတောက်များက မီးဖို၏ အတွင်းအပြင် လောင်ကျွမ်းနေပြီး လောင်မြိုက်ခြင်းအပူတစ်ခုကို ဖြာထုတ်ပေးနေ၏။
“တကယ့်ဟာသပဲ”
“သူက ငရဲစိမ့်စမ်းနယ်မြေဖြစ်စဉ်တွေကို ဆန့်ကျင်ဖို့ မီးအမျိုးအစား မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ချင်နေတာပဲ…. သူက တကယ့်ကို အရှက်ကွဲချင်နေတာပဲ”
မီးနှင့်ရေက ပေါင်းစည်းလို့မရနိုင်ပေ။
ငရဲစိမ့်စမ်းနယ်မြေဖြစ်စဉ်ကိုးခုက ရေဓာတ်ပေါ်အခြေခံထားလေသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ စုဖွဲ့ထားသော နယ်မြေဖြစ်စဉ်က မီးဓာတ်ပေါ်မှာ အခြေခံထားလေသည်။
ငရဲသက်ရှိများစွာ၏ ရင်ထဲမှာ ငရဲ၏ စိမ့်စမ်းကိုးခုသည် သူတို့၏ သန့်စင်မွန်မြတ်သော စိမ့်စမ်းရေများဖြစ်ပြီး မည်သည့်မီးတောက်ကမှ သူတို့ကို မယှဉ်နိုင်ပေ။
အောက်ဘက်ရှိ ရုတ်ရုတ်သဲသဲအသံများက ထွက်ပေါ်လာသည့်ခဏမှာပင် လျင်မြန်စွာ စဲသွားပြီး နောက်ဆုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
မရေမတွက်နိုင်သော ငရဲသက်ရှိများ၏ ရှေ့မှောက်မှာပင် ဒေါသူပုန်ထနေသော မီးတောက်များနှင့်မီးဖိုက ငရဲစိမ့်စမ်းလေးခုကို လွှမ်းခြုံပြီး ငြိမ်းသေသည့် မည်သည့်လက္ခဏာမှ ပြသမလာပေ။
ဆန့်ကျင်ဘက်အနေဖြင့် အထဲမှာရှိသော မီးတောက်များက ပို၍ပင် ပြင်းထန်ကြမ်းတမ်းလာ၏။
စင်မြင့်ထက်မှ အပူချိန်ကလည်း မြင့်တက်လာလေသည်။
ငရဲစိမ့်စမ်းလေးခု၏ ရေများက ဒေါသူပုန်ထနေသော မီးတောက်များအောက်မှာ စတင်၍ အငွေ့တထောင်းထောင်းထလာလေသည်။
သိပ်မကြာခင် ရေပူပေါင်းများ ပေါ်ထွက်လာပြီး ဆူပွက်လာခဲ့၏။
ဟာ…
ငရဲစိမ့်စမ်းလေးခုက လောင်ကျွမ်းနေလေသည်။
ဒီလူ့မှာ ဘယ်လိုမျိုး မျိုးဆက်သွေး ရှိနေတာလဲ…
ယခုအချိန်ထိ မတိုက်ခိုက်ရသေးသော ငရဲအရှင်သုံးဦးက စင်မြင့်ပေါ်မှာ ရှိနေ၏။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်း၊ ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်းနှင့် ငရဲအရှင် ခါးသက်စိမ့်စမ်း။
အစကတော့ ငရဲအရှင်သုံးဦးသည် တိုက်ပွဲကို သိပ်ပြီးဂရုမစိုက်ဘဲ သူတို့၏ အမူအရာများက တည်ငြိမ်နေကြ၏။
သို့သော်လည်း ထိုသည်ကို တွေ့မြင်သောအခါ ငရဲအရှင်သုံးပါးက မျက်မှောင်ကြုတ်လိုက်၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဤကျင့်ကြံသူသည် သူတို့တွေးထင်ထားသည်ထက် ကိုင်တွယ်ရ ပိုမိုခက်ခဲမည့်ပုံရှိလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးနယ်မြေ၊ ကောင်းကင်နှင့်မြေကြီးမီးဖို။
သိုင်းတာအိုပင်မခန္ဓာ၏ အဆက်မပြတ်အသက်သွင်းမှုအောက်မှာ ကောင်းကင်နှင့်မြေကြီးမီးဖို၏ စွမ်းအားက ပို၍ပင် ပြင်းထန်ကြမ်းတမ်းလာ၏။
သိုင်းတာအိုပင်မခန္ဓာသည် သိုင်းပိုင်နက်နယ်မြေသို့ ဝင်ရောက်လာပြီးနောက် မျိုးဆက်သွေးနယ်မြေ၏ စွမ်းအားက ပိုမိုမြင့်မားသော အဆင့်တစ်ခုထိ မြင့်တက်လာခဲ့၏။
ရှဲ... ရှဲ...
မီးတောက်များက ပြင်းထန်ကြမ်းတမ်းစွာ လောင်ကျွမ်းနေ၏။
စိမ့်စမ်းလေးခုမှ ရေများသည် လောင်ကျွမ်းလာရုံသာမက သူတို့သည် စတင်၍ အငွေ့ပျံလာခဲ့လေပြီ။