တာအိုခန္ဓာ ကြေမွသွားခြင်း
Vol. 181 Ch. 2710
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ နောက်ဘက်မှ လာသော ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းနှင့် ငရဲအရှင် ခါးသက်စိမ့်စမ်း၏ တိုက်ခိုက်မှုများကို လျစ်လျူရှုပြီး တောင်လောင်ပြင်းပြသော အကြည့်နှင့်အတူ ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်းကိုသာ စိုက်ကြည့်နေ၏။
သူတို့သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကနေ သူ့အနေဖြင့် မထိမခိုက် ရုန်းထွက်ဖို့က မဖြစ်နိုင်ပေ။
အခြေအနေ အလှည့်အပြောင်းကို ဖြစ်စေနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ အန္တရာယ်ကို စွန့်စားဖို့ပင်ဖြစ်သည်။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်းတာအိုခန္ဓာ၏ ခွန်အားကို ယုံကြည်ထားလေသည်။ သူသည် ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းနှင့် ငရဲအရှင် ခါးသက်စိမ့်စမ်း၏ တိုက်ခိုက်မှုတစ်ရပ်ကို ခုခံနိုင်မည်ဟု ယုံကြည်ထား၏။
ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်းကလည်း သိုင်းတာအိုပင်မခန္ဓာ၏ ကြမ်းကြုတ်ခက်ထန်မှုမှာ နောက်ဆုတ်သွားလိမ့်မည် မဟုတ်ပေ။
ပထမအချက်… သူသည် ဧကရာဇ်ရာဇ်တစ်ပိုင်းအဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး စိုးရွံ့တွန့်ဆုတ်နေစရာ မရှိပေ။
ဒုတိယအချက်… သိုင်းတာအိုပင်မခန္ဓာသည် သူ့ကို အသက်တစ်ရှိုက်စာအတွင်း သတ်ဖြတ်နိုင်မှသာ သူက ရှုံးနိမ့်ရပေလိမ့်မည်။
မဟုတ်ပါက အထီးကျန်သိုင်းသခင်က မသေဘူးဆိုလျှင်တောင် ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းနှင့် ငရဲအရှင် ခါးသက်စိမ့်စမ်းတို့၏ တိုက်ခိုက်မှုများ ဆင်းသက်လာပြီးနောက် သူက ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။
ထိုအချိန်မှာ သူက အခွင့်အလမ်းကို ချိန်ဆပြီး တန်ပြန်တိုက်ခိုက်ကာ ဤလူကို နေရာမှာပင် သတ်ဖြတ်နိုင်ပေဦးမည်။
ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်း၏ ဧရာမ ပုဆိန်နှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းခြင်း သို့မဟုတ် ခုခံခြင်းပင် မရှိပေ။ တကယ်ဆို သူက ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ပြီး ၎င်းနှင့် ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်း၏ ဦးခေါင်းကို ပစ်ရိုက်ဖို့သာ ရွေးချယ်လိုက်၏။
သူသည် မည်သည့်ထိန်ချန်မှုမှ မရှိဘဲ သူတို့၏ တိုက်ခိုက်မှုများမှာ သူ၏ တိုက်စစ်ကို အပြည့်အဝ ဖွင့်ထုတ်လိုက်လေသည်။
“တကယ့်ကို တဇောက်ကန်းပဲ”
ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်းက စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
အထီးကျန်သိုင်းသခင်သည် သူ့အသက်နှင့်ရင်းပြီး အဲဒါကို ပြုလုပ်နေသည်မှာ သိသာလေသည်။
သူ၏ ထင်မြင်ချက်အရ သိုင်းတာအိုပင်မခန္ဓာသည် သူက သေခြင်းတရားကနေ မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သိရှိသွားလေပြီ။ ထို့ကြောင့်ပင် သူက ရူးရူးမိုက်မိုက်ပြုမူပြီး သူမသေခင် သူ့ကိုပါ အပါဆွဲခေါ်လိုခြင်းဖြစ်သည်။
အသက်တစ်သက်အတွက် အသက်တစ်သက်…
ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်းက မသေချင်ပေ။
သူသည် သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်ခြင်းခံရမည်ဆိုလျှင် ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းနှင့် ငရဲအရှင် ခါးသက်စိမ့်စမ်းတို့က နောက်ဆုံးမှာ အကျိုးအမြတ်ရရှိသူများ ဖြစ်လာပေလိမ့်မည်။
ဒါ့အပြင် လက်ရှိအခြေအနေမှာ သူတို့သုံးယောက်သည် သူတို့၏ ဧကရာဇ်ရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံမှုနယ်ပယ်များနှင့်အတူ အသာစီးရရှိထားကြသည်။ သူ့အနေဖြင့် အန္တရာယ်ကို စွန့်စားဖို့ မလိုအပ်ပေ။
ထိုအတွေးများ သူ့စိတ်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်း၏ အော်ရာက အားလျော့သွားလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏မျက်လုံးက ခရမ်းရောင်မီးတောက်နှစ်ခုဖြင့် တောက်လောင်လာခဲ့၏။
ထိုဟာကွက်က သိသာထင်ရှားမှု မရှိသလောက်နီးပါးပင်။
တစ်ယောက်ယောက်က အဲဒါကို အာရုံခံမိနိုင်မည်ဆိုလျှင်တောင် သူတို့အနေဖြင့် ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်းကို မယ်မယ်ရရ ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ဤကဲ့သို့သော အခွင့်အလမ်းတစ်ခုကို လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။
ရုတ်တရက် သူက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး အလွန်တရာကျယ်လောင်သော အသင်္ချေသက်ရှိများအသံကို ထုတ်ဖော်လိုက်၏။
“ဂါး…”
ချက်ချင်းပင် ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်း၏ နားထဲမှာ သန်းပေါင်းများစွာသော သက်ရှိများက အော်ဟစ်လိုက်သည့်အလားပင်။
ထိတွေ့ရိုက်ခတ်မှုက အရမ်းကိုသန်မာပြီး ရုတ်တရက်ဆန်လွန်း၏။
ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်းက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ နားထဲမှာ တစီစီမြည်လာ၏။ သူ၏ အသိစိတ်က ခဏမျှရပ်တန့်သွားပြီး သူ့လက်ထဲရှိ ဧရာမပုဆိန်က မဆိုစလောက် နှေးကွေးသွားလေသည်။
ပုံမှန်အချိန်မှာ ဤမျှအကွာအဝေး၌ ပကတိကောင်းကင်လိုဏ်ဂူ အင်မော်တယ်ဘုရင် ပညာရှင်တစ်ဦးပင်လျှင် သိုင်းတာအိုပင်မခန္ဓာ၏ အသင်္ချေသက်ရှိများ၏ ဟိန်းဟောက်သံကြောင့် သေဆုံးသွားရဖို့များလေ၏။
သို့သော်လည်း မည်သို့ပင်ဆိုစေ ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်းက ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။
တစ်ခဏချင်းမှာပင် သူက အသိစိတ်ပြန်ကပ်လာခဲ့၏။
ထိုစဉ်မှာပင် သူ၏ မျက်လုံးရှေ့မှာ အရိပ်တစ်ခုက ဆင်းသက်လာခဲ့ပြီဖြစ်သည်။
အဲဒါက အရမ်းကို မြန်ဆန်ပြီး သူ့အနေဖြင့် နောက်ဆုတ်ကာ ရှောင်တိမ်းဖို့က နောက်ကျသွားခဲ့လေပြီ။
ဖြောင်း..
ငရဲဖိနှိမ်မီးဖိုက ပြင်းထန်စွာ ပစ်ကျလာပြီး အရိုးများကျိုးသံနှင့်အတူ ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်း၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။
ဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်ပင်လျှင် ဧကရာဇ်လက်နက် ငရဲဖိနှိမ်မီးဖိုကို မခုခံနိုင်ပေ။
ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်း၏ ဦးခေါင်းက ငရဲဖိနှိမ်မီးဖိုကြောင့် ကြေမွပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးသွားသည်။
ဖြစ်စဉ်တစ်ခုလုံးက တစ်ဒင်္ဂမှာ ဖြစ်ပွားခဲ့လေသည်။
ထိုတစ်ဒင်္ဂသည် ထိပ်သီးပညာရှင်များအကြား တိုက်ပွဲတစ်ခုမှာ အရာရာကို အဆုံးအဖြတ်ပေးနိုင်သည်။
သိုင်းတာအိုပင်မခန္ဓာက အသင်္ချေသက်ရှိများအသံကို ထုတ်ဖော်ပြီး ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ကာ ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်းကို သေသည့်တိုင်အောင် ပစ်ရိုက်ချလိုက်သည့်ခဏမှာပင် ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းနှင့် ငရဲအရှင် ခါးသက်စိမ့်စမ်းတို့၏ တိုက်ခိုက်မှုများကလည်း ဆင်းသက်လာခဲ့ပြီဖြစ်သည်။
ဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုမှာ သိုင်းတာအိုပင်မခန္ဓာသည် ငရဲအရှင် သိပ်သည်းလေးလံစိမ့်စမ်းကို မရမကသတ်ဖြတ်ဖို့အတွက် တန်ဖိုးတစ်ခုကို သေချာပေါက် ပေးဆပ်ရပေလိမ့်မည်။
ဧကရာဇ်တစ်ပိုင်းအဆင့် ကောင်းကင်လိုဏ်ဂူနှစ်ခုနှင့် မျိုးဆက်သွေးနယ်မြေနှစ်ခုက အစစ်အမှန်သိုင်းတာအိုခန္ဓာကို ထိခတ်သွားလေသည်။
ဖွီး…
သိုင်းတာအိုပင်မခန္ဓာက ဆတ်ခနဲတုန်ယင်သွားပြီး သွေးများစွာကို ထွေးထုတ်လိုက်ရ၏။
အစစ်အမှန်သိုင်းတာအိုခန္ဓာသည် ပေါက်ကွဲထွက်လုနီးပါးဖြစ်ပြီး သူ၏ အဝတ်အစားများက စုတ်ပြတ်သတ်သွား၏။ ကြောက်စရာကောင်းသော သွေးသံရဲရဲ ဒဏ်ချက်များက သူ့ခန္ဓာကိုယ်၏ မျက်နှာပြင်ပေါ်မှာ ပေါ်ထွက်လာပြီး ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှာ ရူးသွပ်စွာ လှည့်ပတ်နေဆဲဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုမီးဖိုနှင့် သိုင်းတာအိုနည်းစနစ်များကို အသုံးချပြီး ဤနှစ်များအားလုံးမှာ သူ၏ အစစ်အမှန်သိုင်းတာအိုပင်မခန္ဓာကို မီးဆေးထားခဲ့ခြင်းကြောင့် မဟုတ်လျှင် ထိုတိုက်ကွက်တစ်ကွက်က သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ဖို့ ကောင်းကောင်းလုံလောက်ပေလိမ့်မည်။
“သူက မသေသေးဘူးလား”
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းနှင့် ငရဲအရှင် ခါးသက်စိမ့်စမ်းတို့၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုအကြည့်တစ်ခု ပေါ်ထွက်လာကြ၏။
သူတို့နှစ်ယောက်ပင် သူ့နေရာမှာ ရှိနေမည်ဆိုလျှင် သူတို့သည် ဤကဲ့သို့ ကြောက်စရာကောင်းသော စွမ်းအားတစ်ရပ်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
တကယ်တော့ ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းနှင့် ငရဲအရှင် ခါးသက်စိမ့်စမ်းတို့သည် အလွန်တရာ လျင်မြန်စွာ တုံ့ပြန်ပြီး မဆိုင်းမတွ ဆုံးဖြတ်ချက်ချလိုက်ကြ၏။ သူတို့သည် သိုင်းတာအိုပင်မခန္ဓာကို မည်သည့်အသက်ရှူခွင့်မှ ပေးလိမ့်မည်မဟုတ်ပေ။
ဧကရာဇ်တစ်ပိုင်း ကောင်းကင်လိုဏ်ဂူနှစ်ခုနှင့် မျိုးဆက်သွေးနယ်မြေနှစ်ခု ဆင်းသက်လာအပြီး၌ သူတို့၏ ဧကရာဇ်တစ်ပိုင်းလက်နက်များကလည်း တစ်ချိန်တည်းမှာ ဆင်းသက်လာကြ၏။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းက သူ၏ လက်ထဲရှိ နက်မှောင်နေသော ဓားတစ်လက်ကို လွှဲယမ်းလိုက်၏။ ဓားနှောင့်ပေါ်တွင် ထက်ရှသော ဆူးထစ်များက ဧရာမ တောကောင်တစ်ကောင်၏ သွားစွယ်များကဲ့သို့ ပေါ်ထွက်လာ၏။
ငရဲအရှင် ခါးသက်စိမ့်စမ်းက ခြောက်သွေ့နေသော အဝါရောင်တောင်ဝှေးတစ်ချောင်းကို ဝှေ့ယမ်းပြီး လေထဲမှာ ခါးသက်စိမ့်စမ်းအော်ရာကို ပျံ့နှံ့လာစေ၏။
နက်မှောင်နေသော ဓားက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းချလိုက်၏။
အစစ်အမှန်သိုင်းတာအိုခန္ဓာသည် ယခုတင် လဲပြိုကျ၍ ပေါက်ကွဲထွက်တော့မည့်ဆဲဆဲဖြစ်၏။ ယခု ထိုခန္ဓာသည် ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်း၏ ဧကရာဇ်တစ်ပိုင်းအဆင့်လက်နက်ဖြင့် ခုတ်ပိုင်းခံလိုက်ရပြီး မခုခံနိုင်တော့ဘဲ နှစ်ပိုင်းပြတ်ကျသွား၏။
ခြောက်သွေ့နေသော အဝါရောင်တောင်ဝှေးက ရှေ့သို့ထိုးညွှန်လိုက်ပြီး ကြီးမားသော ဒီရေလှိုင်းလုံးတစ်လုံးက သိုင်းတာအိုပင်မခန္ဓာ၏ ကြွင်းကျန်ရစ်သော ခန္ဓာကိုယ်ကို ပစ်တိုက်ချလိုက်၏။
သိပ်သည်းပြင်းထန်ကြီးမားသော စွမ်းအားက အစစ်အမှန်သိုင်းတာအိုပင်မခန္ဓာကို အပိုင်းပိုင်းကြေမွစေပြီး သွေးမြူတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
ပြီးသွားလေပြီ။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းနှင့် ငရဲအရှင် ခါးသက်စိမ့်စမ်းတို့က ထိုသည်ကို တွေ့မြင်သည့်အခါမှာ စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်သည် သူတို့နှစ်ယောက်၏ စွမ်းအားအပြည့် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပြီး မသေဆုံးသေးသည်ကို တွေ့ရချိန်မှာ သူတို့သည် ရင်တထိတ်ထိတ်ခံစားခဲ့ရ၏။
ကံကောင်းထောက်မစွာဖြင့် ဤလူသည် ဒဏ်ရာအပြင်းအထန် ရရှိ၍ သူ၏ လမ်းဆုံးသို့ ရောက်ရှိနေခဲ့လေပြီ။
ထို့ကြောင့်ပင် သူသည် သူတို့၏ လက်နက်များဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရခြင်းဖြစ်သည်။
ထန်ခုန်း၏ မျက်လုံးထဲတွင် ပူဆွေးဝမ်းနည်းသော အကြည့်တစ်ခု ပေါ်ထွက်လာပြီးနောက် အဲဒီမှာ တည်ငြိမ်မှုသာလျှင် ကျန်ခဲ့လေသည်။
သူသည် ဤနေ့ကို မျှော်လင့်ထားပြီးသားဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားလေသည်။
သိုင်းတာအိုပင်မခန္ဓာ သေဆုံးသွားသည်နှင့် သူကလည်း ဤနေရာမှာ သေချာပေါက် မြှုပ်နှံခံရပေလိမ့်မည်။
ကြင်ရာတော်ယုသည် ဤမြင်ကွင်းကို ငေးငိုင်စွာ ကြည့်နေပြီး သူမ၏ စိတ်က ဗလာကျင်းနေ၏။
စင်မြင့်၏ ဘေးပတ်လည်မှာ ငရဲသက်ရှိများစွာသည် သူတို့၏ ငေးငိုင်ရာကနေ နောက်ဆုံးမှာ နိုးထလာပြီး တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်အားပေးလိုက်ကြ၏။
တကယ်တော့ ငရဲရှစ်ခု၏ ပညာရှင်များအကြားမှာ တွေဝေရှုပ်ထွေးနေသော အမူအရာများနှင့် ပညာရှင်များစွာ ရှိနေကြလေသည်။
ငရဲသည် ဤတိုက်ပွဲမှာ တကယ်ပင် အနိုင်ရခဲ့၏။
သို့သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဤအပြင်လူအတွက် သူတို့ ပေးဆပ်လိုက်ရသော တန်ဖိုးကလည်း အရမ်းကို ကြီးမားလေသည်။
ငရဲအရှင် ကိုးဦးထဲမှ နှစ်ဦးသာလျှင် အသက်ရှင်လျက် ကျန်ရစ်ခဲ့ပြီး ကျန်သူများအားလုံးက သေဆုံးသွားကြပြီဖြစ်သည်။
အဲဒါသည် ငရဲကိုးခုအတွက် အလွန်တရာကြီးမားသည့် ပျက်စီးထိခိုက်မှုတစ်ရပ်ဟု ဆိုနိုင်သည်။
စင်မြင့်၏ အောက်ဘက်ရှိ ငရဲသက်ရှိများက အဆက်မပြတ် အော်ဟစ်အားပေးနေကြ၏။
သို့သော်လည်း သိပ်မကြာခင် သူတို့၏ အော်ဟစ်သံများက တဖြည်းဖြည်းလျော့ကျလာခဲ့၏။
နောက်ဆုံးမှာ အသံများက လုံးဝကို တိတ်ဆိတ်ငြိမ်သက်သွား၏။
ငရဲသက်ရှိများအားလုံးသည် မျက်လုံးများ ပြူးကျယ်နေပြီး စင်မြင့်ထက်မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ ငေးကြည့်နေကြ၏။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းနှင့် ငရဲအရှင် ခါးသက်စိမ့်စမ်းတို့ကလည်း မူမမှန်မှုကို သတိထားမိနေပြီဖြစ်သည်။
အထီးကျန်သိုင်းသခင် စောစောက သေဆုံးသွားပြီးနောက် သူ၏ ကြေမွသွားသော ခန္ဓာကိုယ်က ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့၏။
သူသေဆုံးခဲ့သောနေရာမှာ ဧရာမ နက်မှောင်နေသော ကောင်းကင်လိုဏ်ဂူတစ်ခုက ပေါ်ထွက်လာ၏။
သို့သော်လည်း ထိုမှုန်မှိုင်းနေသော ကောင်းကင်လိုဏ်ဂူထဲမှာ အသက်ဓာတ်အားတစ်ခုက သိသိသာသာရှိနေ၏။
“ဒါက…”
“သူက မသေသေးဘူးလား”
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းနှင့် ငရဲအရှင် ခါးသက်စိမ့်စမ်းတို့က ကြောင်တိကြောင်တောင်ဖြစ်နေပြီး မလှမ်းမကမ်းရှိ နက်မှောင်နေသော ကောင်းကင်လိုဏ်ဂူကို မမှိတ်မသုန်စိုက်ကြည့်နေကြ၏။
ငရဲအရှင်နှစ်ပါး၏ အသိသညာနှင့်ပင်လျှင် သူတို့သည် ဖြစ်ပျက်နေသည့်အရာကို နားမလည်ကြပေ။
ကောင်းကင်လိုဏ်ဂူအသေးတစ်ခုလား…
ငရဲအရှင်နှစ်ဦးက အတည်ပြုပြီးနောက် စိတ်သက်သာရာရသွားကြ၏။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းက လှောင်ရယ်လိုက်၏။
“ကဲ တော်ပြီ… ဆက်ပြီး ဟန်ဆောင်မနေနဲ့တော့… မင်းက ကောင်းကင်လိုဏ်ဂူတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားတယ်ဆိုတော့ ဘာဖြစ်လဲ… ငါတို့က မင်းကို ထပ်ပြီးသတ်ဖြတ်ရုံပေါ့။”