သွေးသူငယ်အိမ်
Vol. 181 Ch. 2711
သိုင်းတာအိုပင်မခန္ဓာသည် တစ်ခုခုကို စိုးရိမ်ပူပန်နေပြီး အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူကို တစ်ချိန်လုံး အသုံးမပြုခဲ့ပေ။
သို့သော်လည်း သူ၏ အစစ်အမှန်သိုင်းတာအိုခန္ဓာသည် ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်နှစ်ဦးကြောင့် ကြေမွသွားပြီး အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူက ပေါ်ထွက်လာခဲ့လေသည်။
သူ၏ အစစ်အမှန်သိုင်းတာအိုခန္ဓာသည် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူဆိုလည်း ဟုတ်လေသည်။
ဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်နှစ်ဦးက သူ၏ အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူကို ခြေမွှဖျက်ဆီးပစ်မှသာ သူတို့သည် သူ့ကို အမှန်တကယ် သတ်ဖြတ်နိုင်ပေမည်။
တကယ်တော့ သူ၏ အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူသည် စဦးကျွမ်းကျင်မှုမှာသာ ရှိသေးပြီး ငရဲအရှင်နှစ်ဦးကို ဆန့်ကျင်တိုက်ခိုက်နိုင်ခြင်း မရှိပေ။
ဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်များ၏ စွမ်းအားက တကယ့်ကို ကြောက်စရာကောင်းလွန်း၏။
ဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်နှစ်ဦး ပူးပေါင်းတိုက်ခိုက်လာသောအခါ သူတို့သည် သိုင်းပိုင်နက်နယ်မြေနယ်ပယ်သို့ တက်လှမ်းနေပြီဖြစ်သော အစစ်အမှန်သိုင်းတာအိုခန္ဓာကိုပင် ခြေမွှဖျက်ဆီးပစ်နိုင်ခဲ့၏။
အစစ်အမှန်သိုင်းတာအိုခန္ဓာမှာ သိုင်းတာအို၏ ဓမ္မတာအိုပါဝင်ရုံသာမက အဲဒီမှာ မရေမတွက်နိုင်သော ဓမ္မပညာရပ်များဖြင့် စုဖွဲ့ထားသည့် ပိုင်နက်နယ်မြေတစ်ခုလည်း ရှိလေသည်။
ထိုသို့ဆိုလျှင်တောင် သူသည် ဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်နှစ်ဦး၏ စွမ်းအားအပြည့် တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။
တကယ်တော့ သိုင်းတာအိုပင်မခန္ဓာ၏ ထိခိုက်ဒဏ်ရာများသည် ငရဲအရှင်နှစ်ဦး တွေးထင်ထားသလောက် ပြင်းထန်ခြင်းမရှိပေ။
အစစ်အမှန်သိုင်းတာအိုခန္ဓာက ကြေမွသွားပြီး အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူက ပေါ်ထွက်လာ၏။
စောစောက တိုက်ပွဲမှာ သူသည် ငရဲအရှင်ခြောက်ဦးကို ဆက်တိုက်သတ်ဖြတ်ခဲ့၏။
ငရဲအရှင်လေးဦး၏ ပကတိကောင်းကင်လိုဏ်ဂူလေးခုသည် သူ၏ သိုင်းတာအိုငရဲခန်းဖြင့် ဝါးမြိုခြင်းခံခဲ့ရ၏။
သိုင်းတာအိုငရဲခန်းသည် ပကတိကောင်းကင်လိုဏ်ဂူများကို ဝါးမြိုပြီးနောက် ကောင်းကင်လိုဏ်ဂူများ၏ စွမ်းအားနှင့် သူတို့ထဲမှာ ပြုစုပျိုးထောင်ထားသည့် ဓမ္မတာအိုများသည် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူထဲသို့ တလိပ်လိပ်တိုးဝင်လာခဲ့၏။
တစ်နည်းအားဖြင့်ဆိုသော် သူသည် သူ၏ ပိုင်နက်နယ်မြေကို ကျင့်ကြံပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် အခြားသော ကောင်းကင်လိုဏ်ဂူများကို ဝါးမြိုရန် သူ၏ အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူကို ဆက်လက်၍ ထုတ်ဖော်စရာ မလိုတော့ပေ။
သိုင်းတာအိုငရဲခန်းကပင် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူကို ကြီးထွားစေရန် ကူညီပေးနိုင်ပြီဖြစ်သည်။
ထိုအခိုက်အတန့်မှာ မရေမတွက်နိုင်သော ဓမ္မပညာရပ်များအပြင် ငရဲအရှင်လေးဦး၏ ပကတိကောင်းကင်လိုဏ်ဂူများထဲမှ ကြီးမားသော အသက်ဓာတ်အားတစ်ခုလည်း ပါဝင်နေ၏။
အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူသည် ကြီးမားသော အသက်ဓာတ်အားကို စုပ်ယူသန့်စင်ရင်း သိုင်းတာအိုပင်မခန္ဓာ၏ ထိခိုက်ဒဏ်ရာများက လျင်မြန်စွာ သက်သာပျောက်ကင်းလာနေ၏။
ထိုစဉ်မှာပင် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူ၏ အနက်ပိုင်းထဲမှာ ရုတ်ရုတ်သဲသဲ အသံတစ်သံ ထွက်ပေါ်လာ၏။
တမလွန်ဘုံ ရတနာကြေးမုံ…
ထူးဆန်းသော ထိုဓမ္မရတနာသည် ဝိညာဉ်မီးအိမ်ဖြင့် အကင်ခံရပြီးနောက် အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
သို့သော်ယခု အစစ်အမှန်သိုင်းတာအိုခန္ဓာက ကြေမွပျက်စီးသွားပြီး သိပ်သည်းများပြားသော အမြုတေသွေးများက ပေါက်ကွဲထွက်ပေါ်ကာ အဲဒါကို တမလွန်ဘုံရတနာကြေးမုံက ဝါးမြိုလိုက်လေသည်။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ထွက်လာ၏။
တမလွန်ဘုံ ရတနာကြေးမုံသည် သူ၏ အမြုတေသွေးပမာဏများစွာကို ဝါးမြိုပြီးနောက် သူသည် ကြေးမုံနှင့် ဆက်သွယ်မှုတစ်ခု ရရှိသွားသည့်ပုံပင်။
အစကတော့ သူသည် ထိုရတနာကြေးမုံကို ဘယ်လိုထိန်းချုပ်ရမလဲ မသိခဲ့ပေ။
ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး တမလွန်ဘုံရတနာကြေးမုံက သူ၏ အသိစိတ်နောက်သို့ လိုက်ပါကာ အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူထဲကနေ ပစ်လွင့်ထွက်ပေါ်လာ၏။
ငရဲအရှင် ခါးသက်စိမ့်စမ်းသည် မလှမ်းမကမ်းတွင်ရှိသော ညိုမည်းနေသည့် ကောင်းကင်လိုဏ်ဂူကို ငေးကြည့်ကာ မဆင်မခြင်မတက်လှမ်းဘဲ သူ၏ မျက်လုံးများကို မှေးကျဉ်းထား၏။
ထိုညိုမည်းနေသော ကောင်းကင်လိုဏ်ဂူသည် သူ့အပေါ် မည်သည့်ခြိမ်းခြောက်မှု မရှိပေ။
သို့သော်လည်း ညိုမည်းနေသော ကောင်းကင်လိုဏ်ဂူ၏ အနက်ပိုင်းထဲတွင် သူ့ကို ရင်တလှပ်လှပ်ဖြစ်စေသည့် အလွန်တရာ ကြောက်စရာကောင်းသော တစ်စုံတစ်ရာ ရှိနေပုံရသည်။
ထိုခံစားချက်သည် ထင်ယောင်ထင်မှားတစ်ခုအလား ဖျတ်ခနဲပျောက်ကွယ်သွား၏။
သို့သော်လည်း ငရဲအရှင် ခါးသက်စိမ့်စမ်းက စိုးရိမ်ပူပန်နေဆဲဖြစ်၏။
သူသည် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တစ်လှမ်းလာပြီးကတည်းက ဤကဲ့သို့သော ရင်တလှပ်လှပ်ခံစားချက်မျိုးကို ဘယ်တုန်းကမှ မရရှိခဲ့ပေ။
သတိထားသည့်အနေဖြင့် ငရဲအရှင် ခါးသက်စိမ့်စမ်းက ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းနှင့်အတူ တိုက်ခိုက်ဖို့ မရွေးချယ်ခဲ့ပေ။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်း၏ ဧကရာဇ်တစ်ပိုင်းကျင့်ကြံမှုနှင့်အတူ သူ့အနေဖြင့် ကောင်းကင်လိုဏ်ဂူအသေးတစ်ခုကို ဖျက်ဆီးပစ်ဖို့က လွယ်ကူလေသည်။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းက အထီးကျန်သိုင်းသခင်ကို လုံးလုံးလျားလျား သတ်ဖြတ်နိုင်မည်ဆိုလျှင် သူ့ကို ငရဲအရှင်နေရာပေးဖို့က ကိစ္စမရှိပေ။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းသည် ရှေ့သို့တက်လှမ်းပြီး မလှမ်းမကမ်းမှာရှိသော ညိုမည်းနေသည့် ကောင်းကင်လိုဏ်ဂူကို စိုက်ကြည့်လိုက်၏။ သူက လှောင်ရယ်လိုက်ပြီး သူ၏ လက်ထဲရှိ နက်မှောင်နေသောဓားကို ဝှေ့ယမ်းကာ ညိုမည်းနေသော ကောင်းကင်လိုဏ်ဂူကို ပစ်ထိုးလိုက်၏။
ထိုစဉ်မှာပင် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူထဲကနေ အညိုရောင်အလင်းတစ်ခုက ရုတ်တရက် ပစ်လွင့်ထွက်ပေါ်လာပြီး ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်း၏ နက်မှောင်နေသော ဓားကို ပိတ်ဆို့တားဆီးလိုက်၏။
အဲဒါသည် အနည်းငယ် ရှေးကျပုံရသော အညိုရောင် ခပ်ဝိုင်းဝိုင်းကြေးမုံတစ်ချပ်ဖြစ်သည်။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်း၏ နက်မှောင်နေသောဓားက ရတနာကြေးမုံနှင့် ထိခတ်သောအခါ သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းက ဆတ်ခနဲတုန်ယင်သွား၏။
ရုတ်တရက် အက်ကွဲသွားသော အသံက နက်မှောင်နေသောဓားကနေ ထွက်ပေါ်လာ၏။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်း၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်သွား၏။
သေးငယ်သော အက်ကွဲကြောင်းများက နက်မှောင်နေသော ဓားပေါ်မှာ ပေါ်ထွက်လာပြီး တဖြည်းဖြည်း ဖြန့်ကြက်လာ၏။ တစ်ခဏချင်းမှာပင် အက်ကွဲကြောင်းများက ဓားတစ်ခုလုံးကို ပြည့်နှက်သွားလေသည်။
သူ၏ ဧကရာဇ်တစ်ပိုင်းအဆင့်လက်နက်က ကြေမွပျက်စီးသွား၏။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းသည် ဓားအောက်ရှိ အညိုရောင် ရတနာကြေးမုံကို အလိုလိုကြည့်နေ၏။
ရတနာကြေးမုံသည် ဖြည်းဖြည်းချင်း လွင့်မျောပြီး ကြေးမုံ၏ အလယ်မှာ ရုတ်တရက် နီညိုရောင်အလင်းတစ်ခု ပေါ်ထွက်လာလေသည်။ တစ်ဆက်တည်းမှာပင် ၎င်းက တဖြည်းဖြည်း ဖြန့်ကြက်သွားပြီး ကြေးမုံ၏ အလယ်မှာ ခပ်သွယ်သွယ် ကန့်လန့်ဖြတ်ပေါ်ထွက်လာ၏။
ကြေးမုံတစ်ခုလုံးသည် နက်မှောင်နေသော မျက်လုံးတစ်လုံးနှင့် တူနေ၏။
ထိုမျက်လုံးထဲမှာ သူငယ်အိမ်တစ်ခုကဲ့သို့ နီညိုရောင်အလင်းက ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းကို စိုက်ကြည့်နေ၏။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းနှင့် ငရဲအရှင် ခါးသက်စိမ့်စမ်းသည် ရတနာကြေးမုံကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်သည့်ခဏမှာပင် သူတို့၏ အမူအရာများက တုန်လှုပ်စွာ ပြောင်းလဲသွားပြီး သူတို့၏ မျက်လုံးများက အဆုံးမဲ့ ကြောက်ရွံ့မှုကို ထုတ်ဖော်ပြသလာကြ၏။
နီညိုရောင်အလင်းက ရတနာကြေးမုံပေါ်မှာ ပေါ်ထွက်လာသည့်အခါ ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းကို စိတ်ပျက်အားငယ်မှုက လွှမ်းခြုံလာခဲ့လေသည်။
လူတိုင်း၏ ရှေ့မှောက်မှာပင် ရတနာကြေးမုံပေါ်ရှိ နီညိုရောင်အလင်းက ရုတ်တရက် ပစ်လွင့်ထွက်ပေါ်ပြီး ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းပေါ်သို့ ဆင်းသက်သွားလေသည်။
ထို့နောက် ချက်ချင်းပင် ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းသည် သွေးရည်အိုင်တစ်ခုအဖြစ် ပြောင်းလဲပြီး ယဇ်ပူဇော်စင်မြင့်ပေါ်မှာ ဖိတ်စင်ပြန့်ကျဲသွား၏။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်း၏ အမြုတေစိတ်ဝိညာဉ်ကလည်း ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ နေရာမှာပင် ဖျက်ဆီးခံလိုက်ရ၏။
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်း.. ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်တစ်ဦးက နေရာမှာတင် သေဆုံးသွားရသည်။
ဒါ့အပြင် သူ၏ သေဆုံးပုံသည် အလွန်တရာ ချောက်ချားစရာကောင်းပြီး ထူးဆန်းနေသည်။
တစ်ခဏချင်းမှာပင် သူသည် မည်သည့်ခုခံနိုင်စွမ်းမှမရှိဘဲ သွေးရည်အိုင်တစ်အိုင်အဖြစ် ပြောင်းလဲသွားရ၏။
ဟာ…
ယဇ်ပူဇော်စင်မြင့်ပတ်လည်မှာ မရေမတွက်နိုင်သော ငရဲပညာရှင်များက ပင့်သက်ကိုရှိုက်ပြီး တုန်လှုပ်ချောက်ချားသွားကြ၏။
ဘာကြောင့်ရယ်မသိ အညိုရောင် ရတနာကြေးမုံကနေ ထုတ်ဖော်ထားသော အော်ရာသည် သူတို့ဝိညာဉ်များ၏ အနက်ပိုင်းထဲမှ အကြောက်တရားကို နိုးထလာစေသည့်ပုံပင်။
ရတနာကြေးမုံပေါ်မှာ ပေါ်ထွက်လာသည့် သွေးနီရောင် သူငယ်အိမ်သည် ငရဲသက်ရှိများစွာကို တုန်လှုပ်ချောက်ချားလာစေ၏။
ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်တစ်ဦးဖြစ်သော ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းပင်လျှင် သွေးနီရောင် သူငယ်အိမ်ဖြင့် စိုက်ကြည့်ခြင်းခံရသည့်အခါ နေရာမှာပင် သွေးရည်အိုင်တစ်အိုင်အဖြစ် ပြောင်းလဲသွားရ၏။ လက်ရှိ မည်သူကများ အဲဒါကို ခုခံနိုင်မှာလဲ။
“တမလွန်ဘုံ ရတနာကြေးမုံ”
ရုတ်တရက် ငရဲအရှင် ခါးသက်စိမ့်စမ်းက အော်ပြောလိုက်၏။
“အဲဒါက တမလွန်ဘုံ ရတနာကြေးမုံပဲ”
ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် ငရဲအရှင်ပညာရှင်များစွာ၏ မှတ်ဉာဏ်များထဲမှာ နှစ်ပေါင်းများစွာကြာအောင် ချိပ်ပိတ်ထားသည့် အကြောက်တရားတစ်ခုက နိုးထလာခဲ့လေသည်။
“နှုတ်ဆက်ပါတယ် ငရဲအရှင်”
“ငရဲအရှင် ပြန်လာပြီ”
ငရဲမှသက်ရှိများစွာက ထိတ်လန့်တကြားဖြစ်သွားပြီး ရတနာကြေးမုံရှိရာဘက်သို့ ဒူးထောက်ချကာ တတွတ်တွတ်ရေရွတ်နေကြ၏။
တကယ်တော့ သူတို့ထဲမှ ငရဲသက်ရှိများစွာသည် ထိတ်လန့်တကြားဖြစ်နေသော်လည်း သူတို့က ဝေခွဲမရ အမူအရာများနှင့်အတူ နေရာမှာပင် မတ်တတ်ရပ်နေကြဆဲဖြစ်၏။
ငရဲအရှင် ခါးသက်စိမ့်စမ်း၏ အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် တမလွန်ဘုံ ရတနာကြေးမုံက လေထဲမှာ ဖြည်းဖြည်းချင်း လည်ပတ်လာ၏။ ၎င်းပေါ်ရှိ သွေးရောင် သူငယ်အိမ်က ဖြည်းဖြည်းချင်းလှည့်ပတ်ပြီး နောက်ဆုံး ငရဲအရှင် ခါးသက်စိမ့်စမ်းပေါ်မှာ မမှိတ်မသုန် ကျရောက်သွားလေသည်။
“တမလွန်ဘုံမျက်လုံး”
ငရဲအရှင် ခါးသက်စိမ့်စမ်းက တမလွန်ဘုံ ရတနာကြေးမုံပေါ်ရှိ သွေးနီရောင်သူငယ်အိမ်ဖြင့် ပစ်မှတ်ထားခံရသောအခါ သူက တုန်လှုပ်ချောက်ချားသွား၏။ သူက ယဇ်ပူဇော်စင်မြင့်ပေါ်မှာ ဒူးထောက်ချပြီး ညိုမှိုူင်းရောင် ကောင်းကင်လိုဏ်ဂူရှိရာဘက်သို့ အော်ပြောလိုက်၏။
“ငရဲအရှင်… ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ”
ငရဲအရှင် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်း သတ်ဖြတ်ခံရပြီးနောက် တမလွန်ဘုံ ရတနာကြေးမုံပေါ်ရှိ သွေးနီရောင်သူငယ်အိမ်၏ အရောင်အဆင်းက သိသိသာသာ မှေးမှိန်သွား၏။
သို့သော်လည်း တမလွန်ဘုံရတနာကြေးမုံနှင့် ၎င်းအပေါ်မှာ ပေါ်ထွက်လာသော နီညိုရောင်အလင်းက ငရဲအရှင် ခါးသက်စိမ့်စမ်းနှင့် ငရဲသက်ရှိများစွာအပေါ် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေဆဲပင်။
ငရဲအရှင် ခါးသက်စိမ့်စမ်း၏ အပြုအမူကို တွေ့မြင်ရပြီးနောက် အစက တွေဝေတုံ့ဆိုင်းနေသော ငရဲပညာရှင်များသည် ဆက်လက်၍ မတုံ့ဆိုင်းရဲတော့ဘဲ မြေပြင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချလိုက်ကြ၏။
ခဏကြာပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်သည် သူ့လက်ထဲရှိ တမလွန်ဘုံ ရတနာကြေးမုံနှင့်အတူ ပြန်လည်ပေါ်ထွက်လာပြီဖြစ်သည်။
ထို့နောက် အလွန်တရာတုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုက ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်မှာ ပေါ်ထွက်လာ၏။
ယဇ်ပူဇော်စင်မြင့်ကို ဗဟိုပြုပြီး အထပ်အထပ် အဆက်မပြတ် ဝိုင်းပတ်ထားသော သိပ်သည်းများပြားလွန်းသည့် ငရဲသက်ရှိများသည် အဆက်မပြတ် ဒူးထောက်ချလိုက်ကြ၏။
ထိုငရဲသက်ရှိများသည် ညှဉ်းပန်းနှိပ်စက်စိမ့်စမ်းမြို့တော်ကို ကျော်လွန်ကာ ဖြန့်ကြက်နေရာယူထားပြီး မျက်စိတစ်ဆုံး အကုန်မမြင်နိုင်လောက်အောင် များပြားလွန်းလေသည်။